← Chapters

ရန်သူများကို အလွယ်တကူချေမှုန်းခြင်း

Vol. 98 Ch. 1357

ရန်သူများကို အလွယ်တကူချေမှုန်းခြင်း

Vol. 98 Ch. 1357

အုပ်ချုပ်သူငရဲကမ္ဘာ၏ဆိုလိုရင်းကို စေဘယ်မိစ္ဆာကင်းမြီးကောက်က နားလည်သည်။ သူမက နတ်ဆိုးရှေးမှော်စုန်းကလန်၏အမွေဆက်ခံမှုကို ရရှိခဲ့သည်၊ ထို့ကြောင့် သူတို့က မိသားစုတစ်ပိုင်းဖြစ်သည်ဟု ထိုလူက နားလည်မှုလွဲနေပုံရသည်။

အဝေးမှ တစ်ကီလိုမီတာအကွာတွင် ရပ်လျက် မီးပွားဖြူအစစ်အမှန်ဘုရင်က အုပ်ချုပ်သူငရဲကမ္ဘာ၏စကားများကို ကြားပြီးနောက် ဒေါသထွက်ကာ အော်ပြော၏ “မင်းက ငါတို့ရဲ့ကိစ္စမှာ ဝင်ပါချင်တာ သေချာလား၊ အုပ်ချုပ်သူငရဲကမ္ဘာ။ ဒါဆို ငါ မင်းကို တစ်ခုပြောလိုက်မယ်။ မင်းက အမြန်ဆုံးပြန်မဆုတ်ဘူးဆိုရင် သူမနဲ့အတူ သေရလိမ့်မယ်”

“မင်း သိလား၊ လူပေါင်းများစွာက ငါ့ကို ခြိမ်းခြောက်ခဲ့တယ်၊ ဒါပေမယ့် သူတို့တစ်ယောက်မှ သူတို့ရဲ့ကြွားဝါမှုကို သဘောမပေါက်နိုင်ခဲ့ဘူး”အုပ်ချုပ်သူငရဲကမ္ဘာက အေးစက်စွာ ပြန်ဖြေသည် “မင်းက အရမ်းအားကောင်းတယ်လို့ ပြောကြတယ်၊ မီးပွားဖြူအစစ်အမှန်ဘုရင်။ ဒီနေ့ ငါ့ကို ဟုတ်လားမဟုတ်လားဆိုတာ ပြပေးစမ်းပါ။ မင်းက တကယ်ပဲ အားကောင်းသလား ဒါမှမဟုတ် ငါကပဲ အဆင့်ကျော်ပြီး မင်းကို အနိုင်ယူနိုင်မလားဆိုတာ ကြည့်ရတာပေါ့”

“သူ့ကို သတ်…”

အုပ်ချုပ်သူငရဲကမ္ဘာက သူတို့ကိစ္စ၌ အမှန်တကယ်ဝင်စွက်ဖက်ချင်သည်ကို မြင်ပြီး အချိန်ထပ်ဖြုန်းခြင်းက စေဘယ်မိစ္ဆာကင်းမြီးကောက်အား ကုသရန် အချိန်ပေးသလို ဖြစ်သည်ကို မီးပွားဖြူအစစ်အမှန်ဘုရင်က သဘောပေါက်၏။ သူ့ပုံရိပ်က လျှပ်စီးအလား ရွေ့လျားပြီး ထိုလူနှစ်ယောက်ဆီ ပြေးသွားကာ သူ၏မွေးရာပါအင်မော်တယ်ဓားကို ထုတ်လျက် သူတို့အား တိုက်ခိုက်လိုက်သည်။

မျက်လုံးသုံးလုံးကလန်ဝင်နှစ်ယောက်ကလည်း သူတို့၏လက်ထဲရှိ လှံရှည်များဖြင့် နှစ်ဆင့်သတ်ဖြတ်ခြင်းဝင်္ကပါကို ဖွဲ့စည်းလိုက်သည်။ လှံအရိပ်အလွှာတစ်ခုက ဥက္ကာပျံအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မီးပွားဖြူအစစ်အမှန်ဘုရင်ကို ဖြတ်ကျော်လျက် စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အုပ်ချုပ်သူငရဲကမ္ဘာတို့ကို တိုက်ခိုက်လိုက်သည်။

“ကောင်းကင်ပိုက်ကွန်…”

ကြီးမားသောရွှေရောင်ပိုက်ကွန်တစ်ခုက စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့် အုပ်ချုပ်သူငရဲကမ္ဘာတို့၏အရှေ့၌ ရုတ်ချည်း တားဆီးကာကွယ်လိုက်သည်။ သူတို့နှစ်ယောက်က ပြန်ဆုတ်သွားသောကြောင့် ဓားအရိပ်အလွှာများက သူတို့ပတ်လည်ရှိ နေရာလပ်ကို လွှမ်းခြုံသွား၏။ လျှပ်တစ်ပြက်အတွင်း ဓားအရိပ်များက မီးပွားဖြူအစစ်အမှန်ဘုရင်၏အရှေ့၌ နှစ်ခြမ်းခွဲလျက် ကြီးမားသောပိုက်ကွန်က ပုံစံအမျိုးမျိုးစတင်ပြောင်းလဲလာသည်။

သူတို့၏ပထမဆုံးအကြိမ်ပူးပေါင်းမှုဖြစ်သော်လည်း အုပ်ချုပ်သူငရဲကမ္ဘာနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က ကောင်းကောင်းပူးပေါင်းနိုင်သည်။ နှစ်ယောက်လုံးက တိုက်ခိုက်ရေးအတွေ့အကြုံများပြားသည့်စွမ်းအားရှင်များဖြစ်သောကြောင့် တစ်ယောက်က ခံစစ်ကို တာဝန်ယူကာ တစ်ယောက်က တိုက်စစ်ကို တာဝန်ယူထားသည်။ သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်၏အဆက်မပြတ်တိုက်ခိုက်မှုကို အမှန်တကယ် ကာကွယ်နိုင်လေ၏။

“ငါတို့နှစ်ယောက်က သူတို့ရဲ့ပြိုင်ဘက်တွေမဟုတ်ဘူး။ ထွက်ပြေးဖို့ နည်းလမ်းတစ်ခုရှာရမယ်”

အုပ်ချုပ်သူငရဲကမ္ဘာက သူ့အတွေးအား စေဘယ်မိစ္ဆာကင်းမြီးကောက်ထံ ပို့ဆောင်လိုက်သည်။

“ငါ သိတယ်”စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြန်ဖြေသည် “ငါက ဒဏ်ရာမရထားရင် သူတို့ထဲကတစ်ယောက်ကို တာဝန်ယူနိုင်တယ်၊ အနိုင်ရဖို့ အခွင့်အရေးလဲ ရှိတယ်။ ဒါပေမယ့် ငါ့ရဲ့ဒဏ်ရာက အတော်လေးပြင်းထန်ပြီး စွမ်းအားရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကိုပဲ ထုတ်ဖော်နိုင်တယ်၊ ဒီအတွက် သူတို့ကို အနိုင်ယူဖို့က ခက်ခဲလွန်းတယ်။ ပြီးတော့ ငါတို့က လျှို့ဝှက်နန်းတော်အထဲမှာ၊ အနီးနားက အနေအထားနဲ့ ပတ်သက်ပြီး ငါက မရင်းနှီးဘူး။ လွတ်မြောက်ဖို့အစီအစဉ်တစ်ခုကိုမှ ငါ စဉ်းစားလို့မရဘူး”

အုပ်ချုပ်သူငရဲကမ္ဘာက စိတ်လေးသွားသည်။ လွန်ခဲ့သောရက်အနည်းငယ်က သူက ငရဲကိုးခုဓားမာစတာထံ စာပို့ခဲ့သည်။ သူနှင့် ပြန်ဆုံရန် ထိုလူက အနည်းဆုံးလဝက်လိုလိမ့်မည်ကို သိသည်။ထို့ကြောင့် ကပ်ဘေးကို ကိုယ်တိုင် ဖြေရှင်းရန် နည်းလမ်းတစ်ခုကိုသာ ရှာရပေမည်။

“သူတို့ကို လှည့်စားကြရအောင်”

အဖြေတစ်ခုကို စဉ်းစားမိပြီးနောက် အုပ်ချုပ်သူငရဲကမ္ဘာက အသံပို့လိုက်သည်။

“ဒါဆို ငါတို့ ဘယ်လိုလုပ်မှာလဲ”စေဘယ်မိစ္ဆာကင်းမြီးကောက်က မေးလိုက်သည်။

“ငါ့ရဲ့ကောင်းကင်ပိုက်ကွန်ကို ဖော်ထုတ်မယ်၊ ပြီးရင် မင်းနဲ့ငါက အသန်မာဆုံးတိုက်ကွက်တွေကို တစ်ပြိုက်နက်တည်း ထုတ်ဖော်မယ်”အုပ်ချုပ်သူငရဲကမ္ဘာက ပြောသည် “ငါတို့က သူတို့ကို ဒဏ်ရာမရစေနိုင်ဘူးဆိုရင်တောင် သူတို့က နောက်ဆုတ်ပြီး ခုခံရလိမ့်မယ်။ ဒါဆို ငါတို့ ထွက်ပြေးဖို့ အခွင့်အရေးရှိလာမယ်။ လျှို့ဝှက်နန်းတော်ထဲမှာ အန္တရာယ်တွေ အများကြီးရှိတယ်။ သူတို့က အားကောင်းတယ်ဆိုရင်တောင် ငါတို့နောက်ကို လိုက်မလားဆိုတာ စဉ်းစားဖို့ လိုတယ်။ ငါတို့နောက်ကို ကီလိုမီတာသန်းအနည်းငယ်ထိ လိုက်ပြီးရင် သူတို့က လက်လျော့လိုက်ဖို့ အခွင့်အရေးရှိတယ်”

“ကောင်းပြီ‌လေ၊ စမ်းကြည့်ရတာပေါ့”သူ့ရှင်းပြချက်ကို ကြားပြီးနောက် စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြန်ဖြေသည်။

ထို့နောက် ချက်ချင်းလျှင်ပင် အသန်မာဆုံးသတ်ဖြတ်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့နှစ်ယောက်၏မွေးရာပါလက်နက်များက တိုက်ကွက်ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် မီးပွားဖြူအစစ်အမှန်ဘုရင်တို့သုံးယောက်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ဝှစ်…

သို့သော် ထိုအခိုက်အတန့်တွင် သူတို့၏မြင်ကွင်းက ဝေဝါးသွားသလို သူတို့က ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့က ကမ္ဘာပေါ်ရှိ မယုံကြည်နိုင်စရာအကောင်းဆုံးအရာအား ကြည့်နေသလို သူတို့၏မျက်လုံးများက ပြူးကျယ်သွား၏။

ရွှမ်း…ရွှမ်း…ရွှမ်း…

သူက ပုံရိပ်ယောင်မှ လွတ်မြောက်သည့်အခိုက်တွင် ကြောက်စရာကောင်းသောတိုက်ခိုက်မှုတစ်ခုက သူ့မျက်လုံးရှေ့တည့်တည့်၌ လာနေပြီး ရှောင်တိမ်းရန် ခက်ခဲလှသည်ကို မီးပွားဖြူအစစ်အမှန်ဘုရင်က သတိပြုမိလိုက်သည်။ သူက သူ၏လက်နက်ကို ချက်ချင်း မြှောက်လိုက်၏။

အား…

သို့သော် သူ့လက်က တန်းကာ ပြတ်သွားသည်။

စိတ်တန်ခိုးစွမ်းအားအရ မျက်လုံးသုံးလုံးကလန်ဝင်နှစ်ယောက်က မီးပွားဖြူအစစ်အမှန်ဘုရင်လောက် မသန်မာကြပေ။ တိုက်ခိုက်မှုများက သူတို့ထံ ရောက်ရှိလာသည့်တိုင်အောင် သူတို့က ဘာတစ်ခုမှ သိပုံမရဘဲ အင်မော်တယ်လက်နက်နှစ်ခုက သူတို့အား တိုက်ရိုက်သတ်ဖြတ်သွားလေသည်။

“ချီးပဲ…”

နာကျင်မှုကို တောင့်ခံရင်း မီးပွားဖြူအစစ်အမှန်ဘုရင်က ဒေါသတကြီး ဆဲဆိုလိုက်သည်။ မျက်လုံးသုံးလုံးကလန်ဝင်နှစ်ယောက်၏အင်မော်တယ်စိတ်ဝိညာဉ်များကို လျင်မြန်စွာ စုဆောင်းပြီးနောက် သူက ထွက်ပြေးသွား၏။

“ဘာဖြစ်နေတာလဲ”

ရုတ်တရက်ပြောင်းလဲမှုကြောင့် စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အုပ်ချုပ်သူငရဲကမ္ဘာတို့က အသင့်မပြင်ဆင်ထားနိုင်ပေ။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏၊ ထွက်ပြေးသွားသောမီးပွားဖြူအစစ်အမှန်ဘုရင်၏နောက်ကျောကို ကြည့်လိုက်၏၊ ထို့နောက် မျက်လုံးသုံးလုံးကလန်ဝင်နှစ်ယောက်၏ခန္ဓာကိုယ်များကို ကြည့်လိုက်ကြသည်။ အံ့ဩတုန်လှုပ်မှုကြောင့် သူတို့က ခဏလောက် စကားမပြောနိုင်ပေ။

ဘာလဲ၊ ဘယ်လိုလဲ၊ ဘယ်အချိန်က သူတို့ရဲ့တိုက်ခိုက်မှုတွေက ဒီလောက်အားကောင်းခဲ့ရတာလဲ။ ဘယ်လိုလုပ်ပြီး သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကို အလွယ်တကူ သတ်ဖြတ်နိုင်ရတာလဲ။

ပတ်ဝန်းကျင်ရှိ တိုက်ပွဲကို တိတ်တဆိတ်စောင့်ကြည့်နေသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။ သူတို့က တကယ်ကို မမျှော်လင့်ထားပေ။

ဝီ…

ထန်ရှု၏ပုံရိပ်က သူတို့အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ချောမောခန့်ညားသောမျက်နှာပေါ်ရှိ တည်ငြိမ်သောအပြုံးနှင့်အတူ ထန်ရှုက မျက်လုံးသုံးလုံးကလန်ဝင်သုံးယောက်၏အကြွင်းအကျန်များမှသိုလှောင်လက်စွပ်နှစ်ခုကို ယူကာ သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက လက်သီးဆုပ်လျက် နှုတ်ဆက်၏ “ငါတို့တွေ ထပ်တွေ့ကြပြန်ပြီပေါ့၊ အုပ်ချုပ်သူငရဲကမ္ဘာ”

ထိုလူက ထန်ရှုကို ထူးဆန်းစွာ စိုက်ကြည့်လျက် ခေါင်းညိတ်ပြလိုက်သည် “မင်းနဲ့ ဒီနေရာမှာ တွေ့ဆုံလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး…မဟာထန်ကောင်းကင်ဘုံဧကရာဇ်”

“ကံကြမ္မာက ဆန်းကြယ်တယ်။ ငါတို့က ဒီနေရာမှာ တွေ့စေခဲ့တာပဲ”ထန်ရှုက ပြုံးပြလိုက်၏ “ပြီးတော့ ငါ့ကို ကူညီဖို့ မင်းရဲ့လက်ကို ဆန့်ထုတ်ပေးတဲ့အတွက် အုပ်ချုပ်သူငရဲကမ္ဘာကို ကျေးဇူးတင်ပါတယ်”

ငါက ဓားကို ဆွဲထုတ်ရုံပဲလေ၊ ငါက သူ့ကို ကူညီခဲ့တယ်လို့ ပြောတာလား။ အုပ်ချုပ်သူငရဲကမ္ဘာက တုန်လှုပ်သွား၏။

“သခင်”

ထန်ရှုအား မြင်တွေ့သည့်အခိုက်တွင် ထိုလူသုံးယောက်က မူမမှန်ဖြစ်သွားသည့်အကြောင်းရင်းကို စေဘယ်မိစ္ဆာကင်းမြီးကောက်က နားလည်လိုက်သည်။ ထိုလူသုံးယောက်ဖြစ်ပျက်ခဲ့သည်များကား သူမ၏သခင်မဟာထန်ကောင်းကင်ဘုံဧကရာဇ်၏လက်ချက်ဖြစ်သည်မှာ လုံးဝေသေချာသည်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် သူမအား တစ်ချက်ကြည့်ကာ‌ ပြောလိုက်သည် “ငါ အချိန်မီရောက်လာတာ ကံကောင်းတယ်၊ မဟုတ်ရင် မင်းအတွက် အန္တရာယ်ကနေ လွတ်မြောက်ဖို့က လွယ်ကူမှာ မဟုတ်ဘူး”

“သခင်လား…”

ဤအခိုက်အတန့်တွင် အုပ်ချုပ်သူငရဲကမ္ဘာက မယုံကြည်နိုင်ဖြစ်သွားပြီး သူ့မျက်လုံးက ခေါင်းလောင်းတစ်လုံးထက် ပိုကြီးလာကာ ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို စိုက်ကြည့်လိုက်၏။ အမျိုးသမီးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က ဤအားနည်းသောမဟာထန်ကောင်းကင်ဘုံဧကရာဇ်အား သခင်အဖြစ် ခေါ်ဆိုလိမ့်မည်ဟု သူက မထင်ထားပေ။

ဘာကြီးလဲ။ ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ။

ပတ်ဝန်းကျင်ရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကလည်း အလားတူမယုံကြည်နိုင်ဖြစ်နေကြသည်။ ထန်ရှုထံမှ အားကောင်းသောအရှိန်အဝါတစ်ခုကိုမှ သူတို့က အာရုံမခံမိပေ။ ထို့ပြင် စေဘယ်မိစ္ဆာကင်းမြီးကောက်မှ သခင်အဖြစ် ခေါ်ဆိုခဲ့သော ဆန်းကြယ်သည့်လူငယ်က ကပ်ဘေးဖြတ်ကျော်ခဲ့သည်မှာ မကြာလောက်သေးမှန်း သိသာ၏။ သူက လျှို့ဝှက်မှော်ပညာရပ်တချို့အား‌ လေ့ကျင့်ထားသည့်ဆိုလျှင်ပင် အများဆုံးမြေအင်မော်တယ်အဆင့်သာ ရှိပေလိမ့်မည်။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး သူက စေဘယ်မိစ္ဆာကင်းမြီးကောက်လို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရဲ့သခင်ဖြစ်ရတာလဲ။

‘ဒီအကောင်က ဘယ်သူလဲ။ စေဘယ်မိစ္ဆာကင်းမြီးကောက်လို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကတောင် သူ့ကို နာခံရတာလား။ လွန်ခဲ့တဲ့နှစ်ထောင်အနည်းငယ်က အန္တိမအရှင်တစ်ယောက်ကတောင် သူမကို နာခံအောင် မလုပ်နိုင်ခဲ့ဘူးလေ…”

‘ဒီလိုအကောင်တစ်ကောင်က အင်မော်တယ်ကမ္ဘာမှာ ဘယ်အချိန်တုန်းက ထွက်ပေါ်လာခဲ့တာလဲ။ စေဘယ်မိစ္ဆာကင်းမြီးကောက်က သူ့ကို သခင်လို့ ခေါ်ရလောက်အောင် သူ့မှာ ဘာစွမ်းရည်တွေ ရှိလို့လဲ”

“သူက ဂိုဏ်းကြီးတစ်ခုရဲ့မျိုးဆက်တစ်ယောက်များလား။ ဒါပေမယ့် အဲလိုဆိုရင်တောင် သူက အားနည်းလွန်းတယ်၊ သူအနေနဲ့ စေဘယ်မိစ္ဆာကင်းမြီးကောက်ကို အညံ့ခံအောင် လုပ်ဖို့က မထိုက်တန်ပါဘူး။ ဒီနေရာမှာ ဘာဖြစ်နေတာလဲဟ”

“ဒီနောက်ကွယ်မှာ ထူးခြားတဲ့အခြေအနေတွေ ရှိရမယ်။ ဒီလူငယ်က ထင်သလောက် မရိုးရှင်းဘူးလို့ ငါ ယုံကြည်တယ်။ ဒီဆန်းကြယ်တဲ့လူငယ်က မီးပွားဖြူအစစ်အမှန်ဘုရင်တို့ အလွယ်တကူရှုံးနိမ့်သွားရတဲ့အကြောင်းရင်းများဖြစ်နေမလား”

“ဒီကောင်က အတိအကျဘယ်သူလဲ”

“…”

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက သူနှင့်ပတ်သက်၍ ပြောနေသည်ကို ထန်ရှုက မကြားနိုင်ပေ။ သူက အုပ်ချုပ်သူငရဲကမ္ဘာ၏ထုံထိုင်းသောအမူအရာကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် “ဒါနဲ့ ဒါက စကားပြောဖို့ နေရာကောင်းတစ်ခုမဟုတ်ဘူး၊ အုပ်ချုပ်သူငရဲကမ္ဘာ။ ဒီနေရာက အရင်ထွက်သွားပြီးမှ သောက်ကြမယ်ဆိုရင် ဘယ်လိုလဲ”

အုပ်ချုပ်သူငရဲကမ္ဘာက ထန်ရှုအား စိတ်ထဲ၌ သတိထားလိုက်သည်။ သို့သော် ခဏတုံ့ဆိုင်းပြီးနောက် သူက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြော၏ “ဒါက ကျုပ်စိတ်ထဲမှာ ဖြစ်ပေါ်လာတာနဲ့ အတိအကျပဲ။ ကျေးဇူးပြုပြီး ရှေ့က သွားပါ”

“ကောင်းပါပြီ…”ထန်ရှုက အနည်းငယ်ပြုံးလိုက်ပြီး စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အတူ ပျံသန်းသွား၏။

ပတ်ဝန်းကျင်ရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်မှ သူတို့ကို တားဆီးရန် မကြိုးစားခဲ့ပေ။ စေဘယ်မိစ္ဆာကင်းမြီးကောက်၏ပိုင်ဆိုင်မှုကို လုယက်ချင်သော်လည်း သူတို့က မီးပွားဖြူအစစ်အမှန်ဘုရင်တို့အဖွဲ့၏အဖြစ်ဆိုးကို မြင်တွေ့ခဲ့သည်။ သူတို့နှစ်ယောက်နှင့်ထိုဆန်းကြယ်သောလူငယ်တို့အား ဤနေရာတွင် ထိန်းထားရန် သူတို့တွင် စွမ်းရည်ရှိသည်ဟု မထင်ကြပေ။

အဝေးရှိ ကီလိုမီတာသန်းအနည်းငယ်အကွာတွင်။

ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အုပ်ချုပ်သူငရဲကမ္ဘာတို့အား ချိုင့်ဝှမ်းတစ်ခုသို့ ခေါ်ဆောင်လာသည်၊ ထို့နောက် စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို လေ့လာပြီး ပတ်ဝန်းကျင်ရှိ ကီလိုမီတာတစ်ရာအကွာတွင် တစ်ယောက်မှ မရှိသည်ကို သိလိုက်၏။ သူက အသံလုံအစီအရင်တစ်ခုကို လျင်မြန်စွာ ခင်းကျင်းပြီးနောက် ပြုံးလိုက်၏ “အုပ်ချုပ်သူငရဲကမ္ဘာ၊ ကျေးဇူးပြုပြီး လာပါ”

ထိုလူက ထန်ရှုကို နက်ရှိုင်းသောအကြည့်ဖြင့် ကြည့်လိုက်သည်၊ ထို့နောက် ထန်ရှုဘေးနားတွင် ရိုသေလေးစားစွာ ရပ်နေသော စေဘယ်မိစ္ဆာကင်းမြီးကောက်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက ကျောက်တုံးကြီးတစ်တုံးပေါ်တွင် တင်ပျဉ်ခွေကာ ထိုင်ချလိုက်သည်။

ထန်ရှုက အင်မော်တယ်ဝိုင်အနည်းငယ်ကို ယူထုတ်ကာ ခွက်နှစ်ခွက်ထဲသို့ ထည့်သည်။ တစ်ခွက်ကို အုပ်ချုပ်သူငရဲကမ္ဘာထံ ပေးပြီးနောက် သူက ပြုံးလိုက်၏ “ကျုပ်တို့ကို ကူညီပေးတဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်၊ အုပ်ချုပ်သူငရဲကမ္ဘာ။ မဟုတ်ရင် ကျုပ်ရဲ့ငယ်သားက ဒီနေ့မှာပဲ အဆုံးသတ်သွားရလိမ့်မယ်”

အုပ်ချုပ်သူငရဲကမ္ဘာက ထန်ရှုကို စိုက်ကြည့်လျက် မေးလိုက်သည် “ငါ့ရဲ့မေးခွန်းတစ်ခုကို မင်းကို ဖြေစေချင်တယ်”

“အဲဒီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်က ဘယ်လိုဖြစ်သွားသလဲဆိုတာ မေးချင်ရင်တော့ ကျေးဇူးပြုပြီး မမေးပါနဲ့”ထန်ရှုက ပြုံးကာ ပြန်ပြော၏ “အဲလိုလုပ်ခဲ့တာ ကျုပ်ဆိုတာတော့ ပြောပြနိုင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်ခဲ့သလဲဆိုတာကတော့ ကျုပ်ရဲ့လျှို့ဝှက်ချက်တစ်ခုပဲ”

“မင်းရဲ့လျှို့ဝှက်ချက်ဆိုမှတော့ ငါ မမေးတော့ပါဘူး”အုပ်ချုပ်သူငရဲကမ္ဘာက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ဒါနဲ့ စေဘယ်မိစ္ဆာကင်းမြီးကောက်နဲ့ငါက ဆက်နွယ်မှုအချို့ရှိတယ်။ သူမက ငါ့ကို အဖြေတစ်ခုပေးနိုင်မလားဆိုတာ ငါ သိချင်တယ်”

“အဲဒီထိပ်တန်းအဆင့်ရှေးမှော်စုန်းအသုံးအဆောင်ပစ္စည်းနဲ့ ပတ်သက်တယ်ဆိုရင်တော့ ငါ့ကို တစ်ယောက်ယောက်ပေးခဲ့တာလို့ ပြောနိုင်တယ်”စေဘယ်မိစ္ဆာကင်းမြီးကောက် ပြော၏ “ပြီးတော့ ငါက နတ်ဆိုးရှေးမှော်စုန်းကလန်ရဲ့အမွေအနှစ်ကို ရခဲ့သလားဆိုတာကို သိချင်တယ်ဆိုရင်တော့ ငါက မရခဲ့ဘူးပဲ”

All Chapters