← Chapters

အန္တိမအရှင်၏အမွေအနှစ်

Vol. 98 Ch. 1360

အန္တိမအရှင်၏အမွေအနှစ်

Vol. 98 Ch. 1360

ထိုစကားများကို ပြောပြီးနောက် ထန်ရှုက သူတို့ကို လစ်လျူရှုလိုက်ပြီး စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အတူ အပြင်ဘက်သို့ လျင်မြန်စွာ ဉီးတည်လိုက်သည်။ သို့သော် သူတို့က တံတား၏အခြားအဆုံးသို့ ရောက်မည့်ဆဲဆဲတွင် ပုံရိပ်ဆယ်ခုက ရုတ်ချည်းရွေ့လျားလာပြီး သူတို့၏လမ်းကြောင်းကို တားဆီးလိုက်သည်။

“မင်းတို့ရဲ့သိုလှောင်လက်စွပ်ကို ပေးပါ။ မဟုတ်ရင် ဒီနေ့က မင်းတို့နှစ်ယောက်ရဲ့သေနေ့ဖြစ်သွားရလိမ့်မယ်”နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က အေးစက်စွာ အော်ပြော၏။

ထန်ရှုက ပြုံးပြလိုက်သည် “စံအိမ်ထဲကို ပွင့်ပွင့်လင်းလင်း ဝင်သွားရဲမှတော့ အပြင်ဘက်က အရူးတွေကို ကျုပ်တို့က ကြောက်နေမယ်လို့ ထင်နေကြတာလား။ ခင်ဗျားတို့မှာ အရေအတွက်အဆတစ်ရာ၊ ခွန်အားအဆတစ်ရာရှိရင်တောင် ကျုပ်တို့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ကျုပ်ရဲ့အကြံဉာဏ်ကို နားထောင်ကြပါ၊ ကျုပ်တို့ကို ရန်မစပါနဲ့။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ကံကြမ္မာက သနားစရာကောင်းလိမ့်မယ်”

နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က အထင်သေးစွာဖြင့် စိုက်ကြည့်လျက် ပြောလိုက်၏ “ဟမ့်၊ ဒီလောက်များတဲ့လူတွေနဲ့ ရင်ဆိုင်ရရင် အန္တိမအရှင်တစ်ယောက်ကတောင် ဒီလောက်လေကြီးရဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းလို ကလေးတစ်ယောက်က အခုလို မောက်မာရဲတာပေါ့လေ။ အားလုံးပဲ၊ ဒီနှစ်ကောင်က သူတို့ရဲ့အကန့်အသတ်ကို မသိကြဘူးပဲ။ သူတို့ကို ဆုံးမပြီး ရတနာတွေကို အညီအမျှခွဲဝေယူလိုက်ကြရအောင်။ မင်းတို့တွေ ဘယ်လိုထင်လဲ”

“ပြဿနာမရှိဘူး…”

“သဘောတူတယ်…”

“ငါ အဆင်ပြေတယ်”

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်ကာ ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို သတ်ဖြတ်လိုစိတ်များနှင့် စိုက်ကြည့်လိုက်ကြ၏။ သို့သော် သူတို့ထဲကတစ်ယောက်မှ အရင်မတိုက်ခိုက်ကြပေ။ စံအိမ်ထဲသို့ အလွယ်တကူ ဝင်နိုင်ထွက်နိုင်သည့် လူနှစ်ယောက်နှင့် ပတ်သက်၍ သူတို့ အနည်းငယ်စိုးရိမ်သည်။

ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆယ်မီတာအကွာသို့ ချက်ချင်း ပြန်ဆုတ်သွား၏။ ထို့နောက် ထန်ရှုက နှာခေါင်းရှုပ်လိုက်သည် “တံတားပေါ်ကို လာကြလေ၊ ခင်ဗျားတို့နဲ့ ကျုပ် ကစားပေးပါ့မယ်။ လာပါ၊ ဒီနေရာကို လာကြစမ်းပါ၊ ခင်ဗျားတို့မှာ သတ္တိရှိရင် ကျုပ်တို့ကို လာတိုက်ခိုက်ကြပါ”

တံတားပေါ်မှာ တိုက်ခိုက်ရမှာလား။

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များ၏အသားအရောင်က ပြောင်းလဲသွားကာ သူတို့က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြသည်။

ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က သူတို့အားလုံးကို အထင်သေးစွာ တစ်ချက်ကြည့်ပြီးနောက် နေရာတွင်ပင် ချက်ချင်း တင်ပျဉ်ခွေကာ ထိုင်လိုက်ကြသည်။

အချိန်က ကုန်ဆုံးလာသည်။

တစ်နေကုန်ပြီးနောက် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို စိုက်ကြည့်နေရင်း ဆံဖြူလူအိုကြီး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက ထိုနှစ်ယောက်၏သေးငယ်သောလှုပ်ရှားမှုကိုပင် သေချာအာရုံစိုက်ခဲ့သည်။ သူတို့က ကျင့်ကြံခြင်း၌ နစ်မြုပ်နေသည်နှင့် တူပုံမရပေ၊ သူတို့က …

ထို့နောက် ချက်ချင်းလျှင်ပင် ဓားပျံတစ်ခုက သူ့လက်ထဲ၌ ထွက်ပေါ်လာပြီး ထန်ရှုထံ ပစ်လိုက်သည်။ ဓားပျံက ထန်ရှု၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီးနောက် ထိုခန္ဓာက မှိတ်တုတ်မှိတ်တုတ်လင်းလက်ကာ သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သို့သော် ဤအချိန်တွင် စေဘယ်မိစ္ဆာကင်းမြီးကောက်က မျက်လုံးဖွင့်ကာ ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များထံ ထူးဆန်းစွာ ပြုံးပြပြီးနောက် သူမ၏ခန္ဓာကိုယ်က ပြန့်ကျဲသွား၏။

“ချီးလိုပဲ…ဒါက သူတို့ရဲ့သွေးကိုယ်ပွားတွေပဲ။…ငါတို့ကို ဒီနှစ်ကောင်က လှည့်စားခဲ့တာပဲ…”ဆံဖြူလူအိုကြီးက ဒေါသတကြီး အော်လိုက်သည်။

အခြားသူများကလည်း ဒေါသထွက်ကာ ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့အား အပိုင်းပိုင်းဆုတ်ဖြဲနိုင်ရန် ဆုတောင်းလိုက်ကြတော့သည်။

ဤအချိန်တွင် ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က ထိုနေရာမှ ကီလိုမီတာသန်းအနည်းငယ်အကွာတွင် ရှိနေကြပြီး သစ်ပင်ကြီးတစ်ပင်အောက်၌ ပျော်ရွှင်စွာ ထိုင်လျက် ထန်ရှုကင်ထားသည့်အင်မော်တယ်သားရဲအသားအား စားသောက်နေကြ၏။

“အရသာက တကယ်ကောင်းတယ်၊ သခင်”

စေဘယ်မိစ္ဆာကင်းမြီးကောက်က အသားစားတိရစ္ဆာန်မျိုးနွယ်တစ်ခုပင်ဖြစ်သည်။ အကျဉ်းထောင်ပြိုင်ကွင်းတွင် ဖမ်းဆီးခံရပြီးနောက် သူမအတွက် အရသာရှိသောအသားအား စားသုံးနိုင်ရန် အခွင့်အလမ်းက ရှားပါးလှသည်။ ယခု ထန်ရှုကိုယ်တိုင်ချက်ပြုတ်ထားသည့်အသားကို စားသောက်ပြီးနောက် သူမ၏သခင်က မဆိုးလှဟု ရုတ်တရက် ခံစားမိလာသည်။

သို့သော် ထန်ရှုပြောခဲ့သည့်ရန်သူဂိုဏ်းလေးဂိုဏ်းကို သတိရပြီးနောက် သူမက အရိုးထဲထိတိုင် အေးစိမ့်သွားပြန်သည်။

“ဝိုး…ကောင်းလိုက်တဲ့အနံ့…”

ပုံရိပ်တစ်ခုက အမဝေးမှ လျင်မြန်စွာ ရွေ့လျားလာပြီး မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်အရှေ့သို့ ရောက်ရှိလာသည်။ သို့သော် သူတို့တစ်ယောက်က အလန့်တကြား မဖြစ်သွားဘဲ ပြုံးပြလိုက်ကြ၏။

“နောက်ကျတယ်”ထန်ရှုက ပြုံးကာ ကြယ်မျက်ရည်ကို ကြည့်လိုက်သည်၊ သူမခန္ဓာကိုယ်က ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေလေ၏။

“လမ်းမှာ ပြဿနာအချို့ တွေ့ခဲ့တာ။ ကြောက်စရာပေမယ့် အန္တရာယ်တော့ မများပါဘူး”ကြယ်မျက်ရည်က ခါးသီးစွာ ပြန်ဖြေသည် “ဒါနဲ့ အဲဒီနှစ်ကောင်က မကြာခင် ဒီနေရာကို ရောက်လာလိမ့်မယ်”

“မင်းတို့က ဘာပြဿနာတွေ တွေ့ခဲ့တာလဲ”ထန်ရှုက မေး၏။

“အသင်္ချေဓားဂိုဏ်းရဲ့လူတချို့နဲ့ တွေ့ခဲ့တယ်၊ ဒါကြောင့် သူတို့ကို ငါ သတ်ခဲ့တယ်”ကြယ်မျက်ရည်က ပြောလိုက်သည် “အနီးနားမှာ အဲဂိုဏ်းရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ရှိမယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဟူး”

“ဒါဆို သူတို့ဘယ်လောက်ထိ သတ်ခဲ့လဲ”ထန်ရှုက ပြုံးလျက် မေးလိုက်သည်။

“ရွှေအင်မော်တယ်ခြောက်ယောက်ခန့်လောက်ရှိမယ်”ကြယ်မျက်ရည်က ပြောသည် “ဒါပေမယ့် အဲဒီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်လဲ မလွယ်လောက်ဘူး”

“ဒါ အရမ်းကောင်းတယ်”ထန်ရှုက လက်မထောင်ကာ ပြောလိုက်၏ “မင်းက သူတို့ကို ပိုသတ်လေလေ၊ ငါ ပိုပျော်လေပဲ။ ဒါနဲ့ အနားယူ၊ တစ်ခုခုစားပြီး အားပြန်ဖြည့်လိုက်ပါ။ အဲနှစ်ကောင်ရောက်လာရင် ငါတို့‌တွေ အဖွဲ့ဖွဲ့ပြီး ရတနာတွေကို အမဲလိုက်ကြမယ်။ ဒါ ဟုတ်တယ်။ နောက်ကျရင် မင်းတို့ကို ငါ နေရာတစ်ခုဆီ ခေါ်သွားမယ်”

“ဟမ်”ကြယ်မျက်ရည်က အံ့ဩလျက် မေးလိုက်သည် “ဘယ်နေရာလဲ”

“အရင်အားဖြည့်လိုက်ပါ။ နောက်ကျရင် သိပါလိမ့်မယ်”ထန်ရှုက ဆန်းကြယ်စွာ ပြုံးလျက် ပြန်ဖြေ၏။

နှစ်ရက်ကြာပြီးနောက် သနားစဖွယ်အသွင်အပြင်များနှင့် ထိုအကောင်နှစ်ကောင်က ရောက်ရှိလာသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးက သွေးများဖြင့် ဖုံးလွှမ်းနေပြီး ခရမ်းရနံ့ဆေးတစ်လုံးစီ သောက်လျက် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အားပြန်ဖြည့်လိုက်ကြ၏။

လမ်းတွင် သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အချို့နှင့် တွေ့ခဲ့သည်၊ သူတို့၏သိုလှောင်လက်စွပ်များကိုပင် ထိုလူများက လုယူသွားခဲ့ကြ၏။ သူတို့က ခရမ်းရနံ့ဆေးလုံးတို့ကို လက်စွပ်ထဲ၌ မထည့်ထားဘဲ ခါးပတ်ထဲ၌ ထည့်ထားသည်မှာ ကံကောင်းသွားသည်၊ မဟုတ်လျှင် သောက်စရာဆေးလုံးပင် ကျန်တော့မည်မဟုတ်ပေ။

“ကျွတ်၊ ကျွတ်…”

သူတို့နှစ်ယောက်၏သနားစရာကောင်းသောအသွင်အပြင်များကို မြင်ပြီး ထန်ရှုက သက်ပြင်းအနည်းငယ်ချလိုက်သည်။ ထို့နောက် သူက အင်မော်တယ်သလင်းကျောက်နှစ်ခုယူထုတ်ကာ သူတို့လက်ထဲသို့ ထည့်ပေးပြီးနောက် ပြောလိုက်၏ “မင်းတို့ကိုယ်မင်းတို့ ကုသပြီး သလင်းကျောက်အဆီအနှစ်ထဲက အင်မော်တယ်စွမ်းအားတွေကို အမြန်ဆုံး စုပ်ယူပါ။ ကီလိုမီတာဆယ်သန်းလောက်ကို ငါတို့တွေ သွားဖို့ ရှိတယ်၊ ငြိမ်းချမ်းတဲ့ခရီးတစ်ခုတော့ မဟုတ်ဘူးပေါ့”

ကီလိုမီတာဆယ်သန်းလောက်ကို ထပ်သွားမှာလား။

ဤသည်ကို ကြားပြီးနောက် ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က အနည်းငယ်တုန်လှုပ်သွား၏။

နေ့တစ်ဝက်ကြာပြီးနောက် သူက သားရဲတစ်ကောင်၏အသားကို ချက်ပြုတ်ပြီးသွားသောအခါ ထန်ရှုက ကိုယ့်နဖူးကိုယ်ရိုက်လျက် ငိုရမလားရယ်ရမလားမသိသောအမူအရာနှင့် ပြောလိုက်၏ “အာ၊ ငါ တကယ်အူကြောင်ကြောင်ပဲ။ သူတို့ကို ပြန်အားဖြည့်ဖို့ ပြောခဲ့တယ်။ သူတို့အနေနဲ့ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲ ဝင်ပြီး လုပ်တာ ပိုကောင်းတယ်။ ကောင်လေးတွေ၊ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို မြန်မြန်ဝင်လိုက်”

‘ကောင်းပါပြီ”

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က ကောင်းကင်ဘုံစံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် စေဘယ်မိစ္ဆာကင်းမြီးကောက်ကိုလည်း စံအိမ်ထဲသို့ ဝင်ရန် ထန်ရှုက အမိန့်ပေးခဲ့သည်၊ ထို့နောက် သူနှင့်ကြယ်မျက်ရည်တို့က သားရဲပေါင်တစ်ပေါင်ကို ယူကာ ကိုင်ဝါးရင်း ခရီးစတင်ထွက်၏။

“ဒါနဲ့ ဒီနှစ်ကောင်က ဒေါ်လေးရဲ့သရုပ်မှန်ကို ရှာတွေ့ခဲ့လား၊ ဒေါ်လေးကြယ်မျက်ရည်”ထန်ရှုက ပြုံးကာ မေးလိုက်၏။

“မတွေ့ဘူး၊ အခုထိ မတွေ့သေးဘူး”ကြယ်မျက်ရည်က ခေါင်းခါယမ်းကာ ပြုံးလိုက်၏ “သူတို့ရဲ့လက်ရှိခွန်အားနဲ့ ငါ့ရဲ့သရုပ်မှန်ကို ရှာတွေ့ဖို့က မဖြစ်နိုင်ပါဘူး”

“သူတို့က ငါတို့နဲ့အတူ ရှိနေချိန်မှာ ဒေါ်လေးရဲ့အမှတ်အသားနတ်ဘုရားစွမ်းရည်တွေကို မဖော်ထုတ်ဖို့ မှတ်ထားပါ။ ငါ့မှာ ပညာရပ်အချို့ရှိတယ်၊ ဒေါ်လေးက သူတို့ကို သင်ယူလို့ရတယ်။ ဒီလျှို့ဝှက်နန်းတော်ထဲမှာ ငါတို့ရဲ့ရန်သူတွေအများကြီးရှိတယ်၊ ဒါကြောင့် ငါတို့ရဲ့မစ်ရှင်က ရတနာတွေကို အမဲလိုက်တာနဲ့ သူတို့ကို သတ်ဖြတ်တာပဲ”

ထန်ရှုထံမှ ပညာရပ်စာလိပ်အချို့ကို ယူကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းပြီးနောက် ကြယ်မျက်ရည်က အလေးအနက်ထားလျက် ပြောလိုက်၏ “အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်၊ အသင်္ချေဓားဂိုဏ်းနဲ့ အဆိပ်တစ်ရာဂိုဏ်းတို့က သူတို့ရဲ့စွမ်းအားရှင်အမြောက်အများကို လျှို့ဝှက်နန်းတော်ဆီ စေလွှတ်ခဲ့ကြတယ်၊ ဒါကြောင့် ငါတို့တွေ ပိုသတိထားတာ ကောင်းတယ်”

“မစိုးရိမ်ပါနဲ့၊ ဒေါ်လေးကြယ်မျက်ရည်။ ငါ သိပါတယ်”ထန်ရှုက ခေါင်းညိတ်လိုက်၏။

နှစ်ဝက်ကြာပြီးနောက်။

လမ်းတစ်လျှောက်တွင် ထန်ရှုနှင့်ကြယ်မျက်ရည်တို့က လူအချို့ကို သတ်ကာ ရတနာများကို ရရှိခဲ့ကြသည်။ လွန်ခဲ့သောခြောက်လအတွင်း သူတို့က အတွင်းတော်ဆေးဂိုဏ်းမှ ရွှေအင်မော်တယ်ဆယ့်ခြောက်ယောက်နှင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်၊ ထာဝရနန်းတော်မှ ရွှေအင်မော်တယ်သုံးဆယ့်ခုနှစ်ယောက်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်၊ အသင်္ချေဓားဂိုဏ်းမှ ရွှေအင်မော်တယ်ရှစ်ယောက်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်၊ အဆိပ်တစ်ရာဂိုဏ်းမှ ရွှေအင်မော်တယ်ခြောက်ယောက်တို့ကို သတ်ဖြတ်ခဲ့သည်။

“ကြယ်သမုဒ္ဒရာက အရှေ့မှာပဲ”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လျက် သူ့မှတ်ဉာဏ်မှ တစ်စုံတစ်ခုကို တိုးတိုးပြောပြလိုက်သည်။

လက်ရှိတွင် သူနှင့်ကြယ်မျက်ရည်တို့က တောင်တန်းတစ်ခု၏အစွန်အဖျားတွင် ရှိနေကြသည်။ သူတို့က လှိုင်းလေထန်သောပင်လယ်တစ်ခုကို မြင်နေရပြီး ရေမျက်နှာအထက်ရှိ အင်မော်တယ်သားရဲအချို့ကိုလည်း မြင်တွေ့နေရ၏။

“ဒီနေရာလဲ အန္တရာယ်တွေ အများကြီးပဲလား”ကြယ်မျက်ရည်က မေးလိုက်သည်။

“အန္တရာယ်တွေတော့ သေချာပေါက် ရှိတယ်၊ ဒါပေမယ့် အခြားနေရာတွေလို အတားအဆီးတွေ၊ အစီအရင်တွေ မရှိဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ရှင်းပြ၏ “အန္တရာယ်က အခြားအင်မော်တယ်တွေဆီကပဲ။ အခု ငါတို့ပန်းတိုင်ရဲ့ကီလိုမီတာတစ်သောင်းအကွာကို ရောက်နေတယ်။ ငါတို့က ပင်လယ်ထဲကို ဝင်နိုင်သရွေ့ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ် ချန်ထားတဲ့ကျွန်းပေါ်ကို သွားနိုင်လိမ့်မယ်”

ကြယ်မျက်ရည်က အားတင်းပြုံးလိုက်သည် “မင်း သိလား၊ မင်းက သူ့ရဲ့အမွေအနှစ်ကို ဆက်ခံလို့မရဘူးလို့ အရက်မူးအင်မော်တယ်အန္တိမအရှင်က ပြောခဲ့တယ်၊ ဒါပေမယ့် ငါတို့က ဒီနေရာကို လာခဲ့သေးတယ်။ မင်း ကသိကအောက်နည်းနည်းမဖြစ်ဘူးလား”

“မဖြစ်ပါဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ငါ့ရဲ့အဆင့်အတန်းအရ သူက ငါ့ကို သူ့ရဲ့အမွေအနှစ်ကို ဆက်မခံစေချင်ဘူး။ ဒါပေမယ့် အခြားတစ်ယောက်ကို ပေးတာကိုတော့ မတားမြစ်ခဲ့ပါဘူး။ ပြောရရင် သူ့ရဲ့အမွေအနှစ်ကို လက်ခံဖို့ အခြားတစ်ယောက်ကို ခေါ်လာခွင့်မပြုဘူးလို့ သူက မပြောခဲ့ပါဘူး”

“မင်းက ငါ့ကို အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို လက်ခံစေချင်တာလား”ကြယ်မျက်ရည်က တုန်လှုပ်သွားသည်။

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒေါ်လေးကို ဒီအမွေအနှစ်ကို လက်ခံစေချင်တယ်။ ပြီးတော့ သူ့ရဲ့အမွေအနှစ်ကို ရပြီးရင် မကြာခင်မှာ ဒေါ်လေးက အန္တိမအရှင်အဆင့်ကို တက်လှမ်းနိုင်မယ်လို့ ငါ ပြောရဲတယ်။ အန္တိမအရှင်အဆင့်ကို ချိုးဖြတ်တဲ့အချိန်က မြင့်မြတ်ငှက်ဂိုဏ်းကို ဒေါ်လေး ပြန်ရမယ့်အချိန်ပဲ”

“ဟမ်”ကြယ်မျက်ရည်က အံ့ဩသွား၏ “အရင်ကတော့ မင်းက ငါ့ကို မပြန်စေချင်ဘူးမလား”

“ဘာလို့လဲဆိုတော့ အရင်က လုံလောက်တဲ့ခွန်အားမရှိလို့လေ၊ ဒါကြောင့် ငါက မပြန်စေချင်တာ”ထန်ရှုက ပြော၏ “ဒါပေမယ့် ဒေါ်လေးက အန္တိမအရှင်အဆင့်ကို တက်လှမ်းနိုင်ရင် ပြဿနာမရှိတော့ပါဘူး။ ပြီးတော့ ငါ့အသက်ရှင်နေသေးတယ်ဆိုတာကိုလဲ ငါ့အဖေကို ပြောပြစေချင်တယ်”

ခဏစဉ်းစားပြီးနောက် ကြယ်မျက်ရည်က ခေါင်းညိတ်လိုက်သည် “မစိုးရိမ်ပါနဲ့၊ သူတစ်ယောက်တည်းကိုပဲ ငါ ပြောပြပါမယ်။ မင်းရဲ့အစီအစဉ်တွေကိုလဲ ငါ ပြောပြလိုက်မယ်”

All Chapters