အန္တိမဆေးဖော်စပ်နည်း
Vol. 98 Ch. 1361
ကီလိုမီတာတစ်သောင်းရှိသည့်ပင်လယ်ပြင်ဧရိယာက တည်ငြိမ်ကာ ငြိမ်းချမ်းပုံရသည်။ သို့သော် ထန်ရှုနှင့်ကြယ်မျက်ရည်တို့က သတိမပြတ်ပေ။ သူတို့က တောင်တန်းအစွန်းမှ မပြေးထွက်ဘဲ အရှိန်အဝါကို ထိန်းချုပ်ကာ တီးတိုးပြောရင်း ပင်လယ်အား စိုက်ကြည့်နေကြ၏။
ထို့နောက် လျင်မြန်စွာပင် ပုံရိပ်လေးခုက ကမ်းခြေပေါ်တွင် ထွက်ပေါ်လာသည်၊ သူတို့ထဲမှတစ်ယောက်က တောင်ဝှေးတစ်ချောင်းနှင့် လူအိုကြီးဖြစ်ပြီး သိပ်သည်းသောသေခြင်းချီက ဖြာထွက်နေလေသည်၊ သူက သက်တမ်းအဆုံးသို့ရောက်ရှိနေသောလက္ခဏာတစ်ခုပင်။ သူ့ဘေးနားရှိ အခြားသုံးယောက်တွင် ငွေရောင်ဆံပင်နှင့်အဘွားအိုတစ်ယောက်ကလွဲပြီး ကျန်နှစ်ယောက်က လူရွယ်များဖြစ်ကြသည်။
“တာလာလား”
ထန်ရှုနှင့်ကြယ်မျက်ရည်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးက လူအိုကြီးကို သိ၏။ တာလာက မန်ဒလာဂိုဏ်း၏အကြီးအကဲတစ်ယောက်ဖြစ်ပြီး အသက်အရွယ်အားဖြင့် နှစ်တစ်သောင်းခြောက်ထောင်ရှိကာ ကြယ်မျက်ရည်ထက် အများကြီးပိုကြီးသည်။
လွန်ခဲ့သောနှစ်ပေါင်းရှစ်ထောင်ခန့်က လူအိုကြီးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ချိုးဖြတ်ခဲ့သော်လည်း ယခုထိတိုင် အန္တိမအဆင့်သို့ မတက်လှမ်းနိုင်သေးပေ။
ကြယ်မျက်ရည်က တီးတိုးပြောသည် “တာလာက အကန့်အသတ်နဲ့ နီးကပ်နေပြီ၊ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်က သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲ။ ဒီအခွင့်အရေးကို ရပြီး ချိုးဖြတ်နိုင်မယ်ဆိုရင် သူ့သက်တမ်းက နှစ်ဆဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ကျရှုံးခဲ့ရင်တော့ သူ့အတွက် နှစ်ဘယ်လောက်မှ ကျန်တော့မှာ မဟုတ်ဘူး”
“ဟုတ်တယ်” ထန်ရှုက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ပြီး တာလာတို့အဖွဲ့အား စောင့်ကြည်နေခဲ့သည်၊ သူတို့လေးယောက်က ပင်လယ်ပြင်အထက်သို့ ပျံသန်းသွားပြီးနောက် ပျောက်ကွယ်သွား၏။
ပင်လယ်အား ဆယ့်ငါးမိနစ်ကြာ စိုက်ကြည့်ရင်း ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး သူက ရုတ်တရက် ပြော၏ “ဒီလျှို့ဝှက်နန်းတော်နဲ့ ပတ်သက်ပြီး အများကြီး ငါ သိထားပေမယ့် ဒါက ဒီနေရာကို လာတာ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ၊ ဒါကြောင့် အနေအထားကို ကောင်းကောင်းနားမလည်သေးဘူး။ ပင်လယ်ထဲကို ဝင်ပြီးရင် ဝင်္ကပါအသစ်တစ်ခုကို ရှာဖွေရမယ့်ပုံပဲ။ သွားကြရအောင်။ ဝင်ပြီးရင် နောက်ထပ်မြင်ကွင်းတစ်ခုကို မြင်တွေ့ရနိုင်တယ်”
“သိပြီ”ကြယ်မျက်ရည်က ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်က ကမ်းစပ်တွင် ထွက်ပေါ်လာပြီး ထန်ရှုက စိတ်ဝိညာဉ်အာရုံကို အရှေ့သို့ ဖြန့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက ကြယ်မျက်ရည်၏လက်ကို ဆုပ်ကိုင်ကာ စွမ်းအားအကာအကွယ်တစ်ခုကို လျင်မြန်စွာ ဖြတ်ကျော်သွား၏။ ထို့နောက် နောက်ထပ်ကမ္ဘာတစ်ခုက သူတို့အရှေ့၌ ထွက်ပေါ်လာသည်။
၎င်းက တည်ငြိမ်သောပင်လယ်တစ်ခုဖြစ်သော်ငြား မရေမတွက်နိုင်သောလျှပ်စီးများက ကောင်းကင်မှ မကြာခဏ ကျဆင်းလျက် ပင်လယ်မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များက အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။
ပင်လယ်မျက်နှာပြင်အထက်တွင် တံခါးကိုးစင်းရှိသည်။ တစ်ခုစီက မီတာတစ်ရာကျယ်ပြီး ပင်လယ်နက်၏အောက်ခြေထိတိုင် ဆက်သွယ်ထားသည်။ လှေကားပုံသဏ္ဍာန်တံတားက အပေါ်သို့ ဆက်သွယ်ထားသည်။ သူတို့၏အမြင်အာရုံနှင့်ပင် ထန်ရှုနှင့်ကြယ်မျက်ရည်တို့က ထိုတံတားများ၏အဆုံးသတ်ကို မမြင်နိုင်ပေ။
ရွှေအင်မော်တယ်များနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက ရောက်ရှိနေကြပြီး တံတားအဆုံး၌ ရပ်နေကြသေး၏။ ရှေ့သို့ တစ်လှမ်းချင်းစီ တက်လာရင်း သူတို့လည်း တံတားပေါ်ရှိ ရွှေအင်မော်တယ်များနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကိုးရာနီးပါး၏နောက်ကျောများကို မြင်တွေ့ရ၏။
“ဒါက လောကတံတားတစ်ခုပဲ”
ယခုလို မြင်ကွင်းကို မြင်ပြီး ထန်ရှုက သက်ပြင်းချလိုက်သည်။ ဤနေရာလပ်ကို ပြုလုပ်ခဲ့သည့်အစီအရင်ဝင်္ကပါတစ်ခုလုံး၏အကြောင်းအရာအရ အနေအထားတစ်ခုလုံးကို သူက အလုံးစုံသိသည်။ ဒါက စမ်းသပ်ချက်တစ်ခုဖြစ်သည်ကို သိ၏၊ အတိအကျဆိုလျှင် အမွေအနှစ်ကို လက်ခံရန် ဖြတ်ကျော်ရမည့်ဒုတိယစမ်းသပ်ချက်ဖြစ်၏။ တစ်စုံတစ်ယောက်က ဤလောကတံတားကို ဖြတ်ကျော်နိုင်လျှင် ထိုလူက ကျွန်းပေါ်သို့ ဝင်ရောက်ရန် အခွင့်အရေးရှိပြီး အရက်မူးအင်မော်တယ်နန်းတော်ထဲသို့ ဝင်နိုင်ပေလိမ့်မည်။
“အဲကို သွားကြရအောင်”
ထန်ရှုက ကြယ်မျက်ရည်၏လက်ကို ထိကာ တာလာအနီးနား၌ ထွက်ပေါ်လာသည်။ လူအိုကြီးဘေးနားရှိ လူသုံးယောက်က သူ့အား သတိထားနေသည်ကို သိသော်လည်း သူက လစ်လျူရှုလျက် ပြုံးကာ မေးလိုက်၏ “အကြီးအကဲစီနီယာ၊ ဒီနေရာက အနေအထားနဲ့ ပတ်သက်ပြီး မေးလို့ရမလား။ ဘာလို့ ဒီနေရာမှာ လူတိုင်းက စုဝေးနေတာလဲ။ ပြီးတော့ ဘာလို့ တံတားပေါ်မှာ လူတွေက ဖြည်းဖြည်းချင်း လျှောက်နေကြပြီး တိုက်ရိုက်မပျံသန်းတာလဲ”
တာလာက ထန်ရှုကို အံ့အားသင့်သောအကြည့်နှင့် ကြည့်လိုက်သည်။ သို့သော် ထန်ရှုကို အပြစ်မတင်ဘဲ သူက ပြုံးကာ ရှင်းပြ၏ “လျှို့ဝှက်နန်းတော်တစ်ခုလုံးမှာ တိုကင်ပေါင်းကိုးသောင်းရှိတယ်၊ အဲဒါကို ရတဲ့ဘယ်သူမဆို ဒီကို လာနိုင်တယ်။ ဒီတံတားရဲ့အဆုံးမှာ အရက်မူးအင်မော်တယ်နန်းတော်တည်ရှိတယ်။ ဒီနေရာလပ်အလားအလာစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးမှ အရက်မူးအင်မော်တယ်နန်းတော်ကို ရောက်ရှိပြီး အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်လိမ့်မယ်”
ထန်ရှုက အံ့အားသင့်ကြောင်း ရည်ရွယ်ချက်ရှိရှိလုပ်ပြလိုက်သည် “အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်က ဒီနေရာမှာလား။ ဒါဆို အခြားနေရာတွေက…”
“အခြားနေရာတွေက အရက်မူးအင်မော်တယ်ချန်ထားခဲ့တဲ့ပထမဆုံးစမ်းသပ်ချက်ပဲ”တာလာက ပြုံးကာ ပြော၏ “အခြားနေရာတွေမှာ အသက်ရှင်နိုင်မှပဲ မင်းက တိုကင်ပြီး ရပြီး ဒီနေရာကို လာနိုင်တယ်။ ဒါပေမယ့် ဒီမိတ်ဆွေလေးက တကယ်တော်တာပဲ။ တိုကင်ရဲ့လမ်းညွှန်မှုမရှိဘဲ မင်းက ဒီနေရာကို ရောက်လာခဲ့တာပဲ။ ဒီနေရာမှာ မိတ်ဆွေလေးက ကံကောင်းမှုတစ်ခုကို ရရှိသွားနိုင်တယ်”
“မင်းက ဟာသလုပ်နေတာပဲ၊ အကြီးအကဲစီနီယာ”ထန်ရှုက ပြော၏ “ငါက အပျော်သက်သက်ဝင်လာခဲ့တာပါ။ ပြီးတော့ ဒီနေရာကိုလာတာ ရတနာတွေကို အမဲလိုက်ဖို့ပါပဲ။ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရဖို့ကိုတော့ ငါက စိတ်မဝင်စားပါဘူး”
တာလာက အနည်းငယ် အံ့အားသင့်သွားသည်။ သူက အသက်ရှင်လာသည်မှာ နှစ်များစွာရှိပြီဖြစ်သောကြောင့် တစ်စုံတစ်ယောက်က အမှန်ပြောနေသလားဆိုသည်ကို ခွဲခြားနိုင်သည်။ သို့သော် သူ့ရှေ့ရှိလူငယ်က ဤကိစ္စနှင့် ပတ်သက်၍ လုံးဝစိတ်မဝင်စားသည်ဟု သူက ပြောနိုင်သည်။ ဒါက သူမမျှော်လင့်ထားသောအရာတစ်ခုပင်၊ ထို့ကြောင့် သူက ထန်ရှုကို ဂရုတစိုက်လေ့လာကာ မေးလိုက်၏ “မင်းရဲ့နာမည်က ဘာလဲ၊ မိတ်ဆွေလေး”
“မဟာထန်ကောင်းကင်ဘုံဧကရာဇ်”ထန်ရှုက ပြုံးလျက် မေးလိုက်သည်။
“…”
တာလာက ထန်ရှုကို ရယ်ရမလားငိုရမလားမသိသောအမူအရာနှင့် စိုက်ကြည့်လိုက်သည်။ သူက ဤကောင်လေးအပေါ် အမြင်ကောင်းရှိသည်၊ သို့သော် ဒင်းက ငယ်ငယ်ရွယ်ရွယ်နှင့် သူ့ကိုယ်သူ ကောင်းကင်ဘုံဧကရာဇ်ဟု ကြွေးကြော်ရဲသည်။ သူက ထန်ရှု၏ကျင့်ကြံခြင်းအဆင့်ကို မဆုံးဖြတ်နိုင်သော်လည်း သူ့ခန့်မှန်းချက်အရ ဤကောင်လေးက အများဆုံးရွှေအင်မော်တယ်တစ်ယောက်သာ ဖြစ်လောက်ပေမည်။
သို့သော် ဤနေရာသို့ လာသော သူ့ရည်ရွယ်ချက်က အရက်မူးအင်မော်တယ်၏အမွေအနှစ်ကို ရရှိရန်ဖြစ်၏။ ထို့ကြောင့် ထန်ရှုအား စိတ်ဝင်စားသော်လည်း သူက တံတားပေါ်သို့ အာရုံပြောင်းလိုက်သည်။
“မာစတာ၊ အစိမ်းရောင်ငှက်ပုတီးဂိုဏ်းက ပြိုင်ဘက်ကင်းပါရမီရှင်အချို့ရှိပုံပဲ”တာလာဘေးနားရှိသက်လတ်ပိုင်းလူက ရုတ်တရက် အံ့အားသင့်စွာ ပြော၏ “အဲဒီရွှေအင်မော်တယ်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကိုးရာထဲမှာ သူက ပထမနေရာကို သိမ်းပိုက်နိုင်လောက်တယ်။ ဒုတိယနေရာကတစ်ယောက်ကလဲ မီတာတစ်ရာအကွာမှာ ရှိတယ်။ သူတို့က ဒီတတိယအသုတ်ရဲ့ထိပ်ဆုံးသုံးနေရာကို ရနိုင်လောက်တယ်”
“တကယ်ပါပဲ”တာလာက ခေါင်းညိတ်ကာ ပြောလိုက်သည် “သူ့ရဲ့ပါရမီအရ သူက မသေခဲ့ရင် ပြီးပြည့်စုံခြင်းရွှေအငမော်တယ်အဆင့်ကို တက်လှမ်းဖို့က သူ့အတွက် လွယ်ကူပါလိမ့်မယ်၊ ဒါပေမယ့် သူက အန္တိမဆင့်ကို ချိုးဖြတ်နိုင်မလားဆိုတာတော့ ပြောဖို့ခက်တယ်။ ဒါပေမယ့် ဒုတိယနေရာက ကောင်းကင်ဘုံဖလီရာဘိမ်းသူက အစစ်အမှန်ဘုရင်ကလဲ တော်ပါတယ်။ သူက အဲဒီအစိမ်းရောင်ငှက်ပုတီးဂိုဏ်းရဲ့ပြိုင်ဘက်ကင်းပါရမီရှင်လောက် မတောက်ပပေမယ့် သူက အားကောင်းတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်နေတုန်းပဲ။ ငါ သိသလောက်ဆိုရင် ပြီးခဲ့တဲ့ထောင်စုနှစ်ကမှ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ခဲ့တာပဲ”
“ဟုတ်ပါတယ်၊ အတိအကျပြောရရင် လွန်ခဲ့တဲ့ရှစ်ရာစုနှစ်လောက်ကပါ”တောင့်တင်းသန်မာသောလူငယ်က ခေါင်းညိတ်သည် “အဲဒီရွှေအင်မော်တယ်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကိုးရာထဲမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေရဲ့အရေအတွက်က တစ်ရာ့နှစ်ဆယ်ရှိတယ်၊ ဒါပေမယ့် ကောင်းကင်ဘုံဖလီရာဘိမ်းအစစ်အမှန်ဘုရင်က ပါရမီအသန်မာဆုံးဆိုတာ သေချာတယ်။ ဒါပေမယ့် သူက ဘယ်ဂိုဏ်းကိုမှ သစ္စာမခံခဲ့ဘူး၊ သူ့ကိုယ်ပိုင်အားထုတ်မှုနဲ့ပဲ ကျင့်ကြံခဲ့တယ်၊ ဒါက အင်မော်တယ်ကျင့်ကြံခြင်းလမ်းကြောင်းမှာ လုပ်ဖို့ ခက်ခဲတဲ့အရာပဲ”
တာလာက ခါးသိးစွာ ပြုံးလျက် ပြန်ဖြေသည် “အတိတ်မှာ ငါ့မှာ နောက်ခံမရှိဘူး၊ ငါ့ရဲ့ကိုယ်ပိုင်အားထုတ်မှုနဲ့ပဲ ကျင့်ကြံခဲ့မယ်ဆိုရင် အခုချိန်မှာ အန္တိမအဆင့်ကို ချိုးဖြတ်ပြီးဖြစ်နေလောက်တယ်၊ မဟုတ်ဘူးလား”
သူတို့ဘေးနားတွင် ရပ်ရင်း ထန်ရှုက နားထောင်နေသည်၊ ဤလူအိုကြီးတာလာအပေါ် သူက အနည်းငယ်မလေးစားဘဲ မနေနိုင်ပေ။ တာလာပြောခဲ့သောစကား၏မှန်ကန်မှုကို သူက ရှင်းလင်းစွာ သိသည်။ ကျင့်ကြံခြင်းလမ်းကြောင်းတွင် ချောမွေ့ခဲ့သော အင်မော်တယ်များက အောင်မြင်မှုကြီးကြီးမားမားရရန် ခက်ခဲသည်။ အင်မော်တယ်ကျင့်ကြံခြင်းလမ်းကြောင်းက ကောင်းကင်ဘုံတာအိုကို နားလည်ရန် အားထုတ်ကာ သွေးခင်းလမ်းကို ဖြတ်သန်းရင်း ဆင်းရဲဒုက္ခအတိနှင့် လမ်းကြောင်းတစ်ခုပင်ဖြစ်သည်။ သို့မှသာ အန္တိမအရှင်အဆင့်သို့ ရောက်ရှိနိုင်ပေမည်။
သက်ပြင်းတစ်ချက်ရှိုက်လျက် ထန်ရှုက ဆေးဖော်စပ်နည်းရေးထားသည့်ကျောက်စိမ်းစာရွက်တစ်ခုကို လျင်မြန်စွာ ယူထုတ်ကာ တာလာထံ လျှို့ဝှက်ပေးလိုက်သည်။
“ဟမ်”တာလာက ခေါင်းလှည့်ကာ ထန်ရှုကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အနည်းငယ်အံ့အားသင့်မှုတစ်ခုရှိသည်၊ သို့သော် ထန်ရှုက သူ့ကို မကြည့်ဘဲ တံတားပေါ်တွင် စမ်းသပ်နေသော အင်မော်တယ်ကိုးရာအား အာရုံစိုက်နေသည်ကို တွေ့လိုက်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် သူက ကျောက်စိမ်းစာရွက်ထဲသို့ သူ့အသိစိတ်အမျှင်တစ်ခုကို ထည့်သွင်းလိုက်၏။
ဒါက…
တုန်လှုပ်လျက် သူ့မျက်လုံးများက တောက်ပသွားသည်။ သူက ကျောက်စိမ်းစာရွက်ကို သိုလှောင်လက်စွပ်ထဲသို့ ကမန်းကတန်းထည့်ကာ ထန်ရှုထံ အသံပို့လိုက်၏ “ကျေးဇူးတင်ပါတယ်၊ အင်မော်တယ်မိတ်ဆွေ”
“ကျုပ်တို့ကို ကံကြမ္မာက ဒီနေရာမှာ တွေ့ဆုံစေခဲ့တာပဲ၊ ဒါကြောင့် ကျေးဇူးတင်ဖို့ မလိုပါဘူး”ထန်ရှုက အသံပို့လျက် ပြန်ဖြေသည်။
ထန်ရှုအား နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် တာလာက တံတားပေါ်ရှိ အင်မော်တယ်များထံ အကြည့်ပြောင်းလိုက်၏။ သို့သော် သူ၏တုန်လှုပ်မှုက မပျောက်သေးပေ။
ဒါက အန္တိမအဆင့်ကို ချိုးဖြတ်ရာတွင် အခွင့်အရေးသုံးဆယ်ရာခိုင်နှုန်းတိုးစေသည့် အန္တိမဆေးဖော်စပ်နည်းတစ်ခုဖြစ်သည်။ အခွင့်အရေးသုံးဆယ်ရာခိုင်နှုန်းတိုးခြင်းက ဘယ်လိုအရာမျိုးဖြစ်သည်ကို လူတိုင်းက သိကြပေသည်။
အစကတော့ ငါ့မှာ သုံးဆယ်ရာခိုင်နှုန်းပဲ အာမခံချက်ရှိတယ်။ ဒါပေမယ့် အန္တိမဆေးဖော်စပ်နည်းနဲ့ဆိုရင် အန္တိမအဆင့်ကို တက်လှမ်းနိုင်မယ့်အခွင့်အရေးက ခြောက်ဆယ်ရာခိုင်နှုန်းတိုးလာလိမ့်မယ်။ ခြောက်ဆယ်ရာခိုင်နှုန်းက ငါ့ရဲ့အကန့်အသတ်ဆိုပေမယ့် ချိုးဖြတ်ဖို့အတွက် လုံလောက်တယ်။ ငါက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို မရခဲ့ရင်တောင် ကြီးမားတဲ့အခွင့်အလမ်းတစ်ခုကို ရရှိခဲ့တယ်လို့ ပြောလို့ရတယ်။
ဒါကို ပြောရရင် ဒီကျေးဇူးက ကြီးမားလွန်းလှပါတယ်။
သူက အတိအကျဘယ်သူလဲ။
လူငယ်၏သရုပ်မှန်ကို မေးချင်သော်လည်း လူငယ်က ပြောပြရန် ရည်ရွယ်ချက်မရှိသည်ကို တာလာက ပြောနိုင်သည်။ ဒီကျေးဇူးကို နှလုံးသားထဲမှာ ထွင်းထုထားရမှာပဲ၊ နောင်တစ်ချိန် ပြန်ဆပ်နိုင်လောက်မှာပါ။
“တစ်ခုခုမှားနေလို့လား၊ မာစတာ”တောင့်တင်းသန်မာသောလူက တာလာ၏ထူးခြားသောအမူအရာကို မြင်ပြီး ချက်ချင်းမေးလိုက်သည်။
“မရှိပါဘူး၊ ဘာမှမဖြစ်ပါဘူး”တာလာက ခေါင်းခါယမ်းလိုက်သည်။