← Chapters

"လအဆင့်သိုင်းဆရာတစ်ယောက်နှင့် တိုက်ခိုက်ခြင်း"

Vol. 34 Ch. 531

"လအဆင့်သိုင်းဆရာတစ်ယောက်နှင့် တိုက်ခိုက်ခြင်း"

Vol. 34 Ch. 531

ထိုစွမ်းအားကို အာရုံခံလိုက်မိသည့်အချိန်တွင် ဖှေး၏မျက်နှာအရောင်ပြောင်းလဲသွား၏။

နောက်အခိုက်တန့်တွင် လူတိုင်း၏ အမြင်အာရုံများ၀ေ၀ါးသွားပြီး အနီရောင်၀တ်ရုံ၀တ်ဆင်ထားသည့် ခန့်ညားသောလူငယ်တစ်ယောက်သည် စစ်မြေပြင်သို့ ရောက်ရှိလာတော့၏။ သူသည် အလံနှစ်စုံမြို့တော်အနီးသို့ ပို၍ပို၍ကပ်လာနေသည်နှင့်အမျှ ကြယ်သုံးလုံးအဆင့်စစ်သည်များကိုပင် သေစေနိုင်သည့်စွမ်းအားအကြွင်းကျန်များသည် ဤလူငယ်၏ အ၀တ်များကိုပင် လွှင့်ခါစေခြင်းမရှိပေ။

"ဟားဟား အမှိုက်သရိုက်တွေ သေကြစမ်းကွာ..."

ထိုလူငယ်သည် မာနထောင်လွှားစွာဖြင့် ရယ်မောလိုက်ပြီး သူ၏လက်ကောက်၀တ်ကို လှုပ်ရှားလိုက်သည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် တောက်ပသွားပြီး ခြေဆောင့်လိုက်သည့်အချိန်တွင် အနီရောင်စွမ်းအင်လှိုင်းများသည်လည်း အပြင်ဘက်သို့ ပျံသန်းသွားတော့၏။

ရုတ်တရက်ပင် စွမ်းအင်လှိုင်းများအတွင်းမှ ဓားသွားစွမ်းအင်ခြောက်ခုပျံသန်းလာ၏။

အာကာသကိုပင် နှစ်ခြမ်းပိုင်းပစ်နိုင်သည့်အနီရောင်ဓားသွားစွမ်းအင်များသည် လမ်းပါ့ဒ်၊ အယ်လီနာ၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ပီတာနှင့် တိုးရိစ်တို့ကို တိုက်ခိုက်လိုက်သည်။

"သေစမ်း ဆုတ်ခွာကြ..."

လမ်းပါ့ဒ်သည် အန္တရာယ်ကို ချက်ချင်းပင် အာရုံခံလိုက်မိပြီး အော်လိုက်၏။ သူတို့ထဲမှ မည်သူမှ ဤတိုက်ခိုက်မှုကို မကာကွယ်နိုင်သည်ကို သိရှိသည့်အတွက်ပင်။ ထို့ကြောင့် သူ၏ လျှပ်စစ်အတွင်းအားစွမ်းအင်များကို အမြင့်ဆုံးထုတ်လွှတ်လိုက်ပြီး ထိုဓားသွားစွမ်းအင်များထံသို့ ပြေး၀င်သွား၏။ သူသည် ကျန်ရှိနေသည့် ငါးယောက်လွတ်မြောက်နိုင်စေရန် အချိန်ဆွဲပေးလိုသည့်အတွက်ပင်။

"ဟားဟား သနားစရာကောင်းလိုက်တာ..." ထိုလူငယ်သည် လှောင်ပြောင်လိုသည့်ဟန်ဖြင့် ရယ်မောလိုက်၏။

သို့သော် ထိုအပြုံးသည် သူ၏မျက်နှာပေါ်မှ ရပ်တန့်သွားတော့၏။

ဓားသွားစွမ်းအင်ခြောက်ခုသည် သူမျှော်လင့်ထားသကဲ့သို့ ချမ်းဘော့ဒ်မှ သိုင်းဆရာခြောက်ယောက်ကို သေစေနိုင်ခြင်းမရှိသည့်အတွက်ပင်။

စက္ကန့်၀င်အတွင်းမှာပင် လက်သီးရာခြောက်ခုသည် အလံနှစ်စုံမြို့တော်နေရာမှ ပျံသန်းလာပြီး ထိုဓားသွားစွမ်းအင်ခြောက်ကို အား ၀င်တိုက်လိုက်၏။ ထိုစွမ်းအင်များသည် ဓားသွားစွမ်းအင်များကို ဖျက်စီးပြီးသည့်အချိန်တွင် ပေါင်းစည်းသွားကာ တိုနီအား ဆက်လိုက်တိုက်ခိုက်လိုက်၏။

"ဘယ်သူလဲ..." တိုနီဟု အမည်ရသည့် ထိုလူငယ်သည် အံ့သြသွား၏။

သူသည် အနောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ပြီး သူ၏လက်ကို ၀ှေ့ရမ်းလိုက်၏။ စတုရန်းပုံရှိသည့်အနီရောင်စွမ်းအင်အကာရံတစ်ခုထွက်ပေါ်လာပြီးသူ့အား ကာကွယ်ပေးလိုက်၏။

"ဖုန်း ဖုန်း..."

ပေါက်ကွဲသံများသည် ဆက်တိုက်ပင်ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများပျံ့နှံ့လာကာ ကန္တာရကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးတော့မည့်အတိုင်းပင်။ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများပေါ်လာပြီး တိုက်ခတ်နေသည့် လေညှင်းသည် လေမုန်တိုင်းတစ်ခုအဖြစ်သို့ပင်ပြောင်းလဲသွားတော့၏။

အခိုက်တန့်တစ်ခုကြာခန့် အော်ဟစ်အားပေးနေသံများရပ်တန့်သွား၏။

"မင်းင့ါကို မနိုင်ဘူး ပြန်တော့..." ခြေသံများထွက်ပေါ်လာပြီး အရပ်ရှည်ရှည်နှင့်လူတစ်ယောက်သည် သဲများအတွင်းမှ ထွက်ပေါ်လာ၏။

သူ၏ဘေးပတ်ပတ်လည်တွင် ဖုန်မှုန့်များရှိနေသော်လည်း မမြင်နိုင်သည့်စွမ်းအင်စက်ကွင်းတစ်ခုသည် သူ့၏ဘေးပတ်ပတ်လည်ကို ကာကွယ်ပေးထားသောကြောင့် သူ၏ အပြာရောင် ၀တ်ရုံသည် သန့်စင်နေဆဲပင်။ ထိုလူ၏ မျက်နှာပေါ်တွင် စိုးရိမ်သည့် အမူယာတစ်ခုရှိနေသော်လည်း သူသည်တိုနီအား ကြည့်နေခြင်းမဟုတ်ပဲ အ၀ေးတစ်နေရာမှ တောင်ကုန်းတစ်ခုအား ကြည့်နေ၏။

တိုနီသည် အံ့သြသွားသော်လည်း ချက်ချင်းပင် ဒေါသဖြစ်သွား၏။

ရန်သူ၏ အထင်သေးသည့်အသံနေအသံထားကိုကြားအပြီးတွင် တိုနီသည် ပြန်လည်ကာ ရယ်မောလိုက်သည်။ "ဟားဟား ချမ်းဘော့ဒ်ဘုရင်လို့ ပြောကြတဲ့အမှိုက်သရိုက်ကောင်က မင်းလား။ ကောင်းတာပဲ ငါမင်းကို ဇီးနစ်ကကောင်တွေရှေ့မှာ ခေါင်းဖြတ်ပြီးတော့ သူတို့ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပြမယ်။ ဖာရင်တန်ဆိုတဲ့ အမှိုက်ကောင်ကိုရော သူဘယ်လောက်အသုံးမကျဘူးဆိုတာ ပြပေးရတာပေါ့..."

တိုနီသည် ဖှေးအနားသို့ ပို၍ပို၍ကပ်လာသည်နှင့်အမျှ သူ၏ ရွှေရောင်ဆံပင်ရှည်များသည်လည်း လေထဲတွင် ပို၍ ပြင်းထန်စွာလွှင့်ပျံလာတော့၏။

"မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူးလို့ ငါပြောပြီးနေပြီပဲ..." ဖှေးသည် ဂရုမစိုက်ပဲ ပြောလိုက်၏။ "မင်းက လယ်ဗယ်၁အဆင့်နိမ့်လသစ်သိုင်းဆရာတစ်ယောက်ပဲ။ မင်းမသေချင်ဘူးဆိုရင် င့ါမျက်စိရှေ့ကနေထွက်သွားတော့..."

"မင်းကလား...ဟားဟားဆက်ပြီးဟန်ဆောင်မနေပါနဲ့..." ထိုလူသည် ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် မာနထောင်လွှားစွာဖြင့် ရယ်မောလိုက်၏။ "မင်းကရော ကြယ်အဆင့်သိုင်းဆရာလေးတစ်ယောက်ပဲ။ မင်းက လအဆင့်သိုင်းဆရာတစ်ယောက်ကို စိန်ခေါ်ရဲတယ်ပေါ့။ စမ်းကြည့်လိုက်လေ မင်းကို တစ်ချက်ထဲနဲ့ ကိုယ့်နေရာကိုယ်သိအောင်လုပ်ပြမယ်..."

ဖှေးပြုံးကာ သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။ သူသည် ချမ်းဘော့ဒ်မှ သိုင်းဆရာများကို ပြန်လည်ဆုတ်ခွာကြရန်အချက်ပြလိုက်ခြင်းပင်။

"အရှင်မင်းကြီး ဒီနေရာကို အရှင့်အတွက် ကာကွယ်ပေးဖို့ ကျွန်တော်တို့ကို နေခွင့်ပေးပါ..." ချမ်းဘော့ဒ်မှ သိုင်းဆရာများသည် ဖှေးထံသို့ လမ်းလျှောက်လာကာ ခွင့်တောင်းလိုက်၏။

သူတို့သည် အားနည်းကြသော်လည်း ဤအနီရောင်၀တ်ရုံနှင့်လူငယ်သည် သူတို့ထင်ထားသည်ထက်များစွာပို၍အစွမ်းထက်ကြောင်းကို ပြောနိုင်ကြ၏။ ထို့အပြင် ဤလူသည် လအဆင့်စစ်သည်တစ်ယောက်ဟုဘုရင်ပြောသည်ကို ကြားလိုက်သဖြင့် သူတို့သည် ဘုရင်အတွက်စိုးရိမ်နေကြ၏။ လအဆင့်စစ်သည်များကို မည်သည့်ကြယ်အဆင့်စစ်သည်မှ မယှဥ်နိုင်သောကြောင့်ပင်။

အယ်လီနာသည် သူမ၏ လေးကို တင်းကြပ်စွာဆုပ်ကိုင်ထားရင်းဖြင့် ဖှေး၏အနောက်တွင် တိတ်ဆိတ်စွာရပ်နေလျှက်ရှိသည်။

"ဘာလို့လဲ မင်းတို့ငါ့ကို မယုံဘူးလား။" ဖှေးပြုံးကာ ပြောလိုက်သည်။ "ပြန်ကြတော့ ဒီကောင်တွေက လူပျက်တွေပါကွာ..."

လမ်းပါ့ဒ်သည် ဖှေးအား ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင် ကျန်ရှိနေသည့် လူများကို ကြည့်ကာ ပြောလိုက်၏။ "သွားကြစို့..."

"အခုမှ သွားတော့မလို့လား။ နောက်ကျသွားပြီကွ ဟားဟား မဟာနှင်းတောင်က လူတွေကို တိုက်ခိုက်တဲ့လူမှန်သမျှ ဘယ်သူမှ ထွက်သွားလို့မရဘူး။ မင်းတို့လေးယောက် ဒီကောင်တွေကို ထွက်မသွားစေနဲ့..." တိုနီအမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ စီနီယာအကိုကြီး..."

ဤကြယ်ကိုးလုံးအဆင့်သိုင်းဆရာလေးယောက်သည် အနီရောင်၀တ်ရုံနှင့် လူငယ်ကို ကြောက်လန့်ကြသည်မှာ ထင်ရှားလှသည်။ သူတို့သည် ချက်ချင်းပင် လေပေါ်သို့ ခုန်တက်ကာ ချမ်းဘော့ဒ်မှ သိုင်းဆရာများထံသို့ ပြေးသွားကြတော့၏။

ဖှေး၏ မျက်နှာအမူယာသည် အေးစက်သွားပြီး သူ၏ပခုံးကို ညင်သာစွာလှုပ်ရှားလိုက်သည်။ လက်သီးရာလေးခုသည် ကြယ်ကိုးလုံးအဆင့်စစ်သည်လေးယောက်ထံသို့ ပျံသန်းထွက်ခွာသွားတော့၏။

"မင်းရဲ့ပြိုင်ဘက်က ငါကွ ဟားဟား..."

တိုနီ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အမူယာတစ်ခုပေါ်လာပြီး ဖှေးထံသို့ပြေး၀င်သွား၏။ သူ၏ ခန္ဓာကိုယ်တွင် အနီရောင်စွမ်းအင်မီးတောက်များလွှမ်းခြုံထားရင်းဖြင့် ဖှေး၏လည်ပင်းအား သူ၏လက်ဖြင့် တိုက်ခိုက်လိုက်၏။

"လစ်စမ်းကွာ..."

ဖှေး၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်တစ်ခုပေါ်လာပြီး တိုနီ၏ရင်ဘက်အား ထိုးနှက်လိုက်၏။ သူ့ထံသို့လာနေသည့် တိုက်ခိုက်မှုကိုလုံး၀ပင် ဂရုမစိုက်ပဲလျစ်လျှူရှုထားလိုက်၏။

တိုနီသည် မိမိကိုယ်မိမိကာကွယ်ရန်လိုအပ်လာသဖြင့် သူ၏တိုက်ခိုက်မှုပုံစံအား ခုခံမှုပုံစံအဖြစ်သို့ပြောင်းလဲလိုက်၏။

"ဖုန်း..."

ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများထွက်ပေါ်လာတော့သည်။

ဖုန်မှုန့်များသည် လေထဲသို့ပျံ၀ဲကုန်တော့၏။

လူတစ်ယောက်သည် လက်ရှိနေရာတွင်သာ တောင်တစ်လုံးကဲ့သို့ မားမားမက်မက်ရပ်နေလျှက်ရှိပြီး ကျန်ရှိနေသည့် လူတစ်ယောက်သည် အနောက်သို့ လွှင့်ထွက်သွားတော့၏။

အနောက်သို့ လွှင့်ထွက်သွားသည့်လူမှာ တိုနီပင်။

ထိတ်လန့်သွားသည့်အမူယာတစ်ခုနှင့်အတူ သူအော်ဟစလိုက်သည်။ "ဒါဘယ်လို လုပ်ဖြစ်နိုင်မှာလဲ။ မင်းက ကြယ်အဆင့်စစ်သည်တစ်ယောက်ပဲလေ..."

ဖှေးသူပြောနေသည်ကို လျစ်လျူရှုလိုက်ပြီးအောက်သို့ အတွင်းအားဖြင့်ဖိချလိုက်ရာ ဖုန်မှုန့်များအားလုံး ငြိမ်သက်သွားတော့၏။

သူ၏ပခုံးကို ညင်သာစွာလှုပ်ရှားလိုက်သည့်အချိန်တွင် လက်သီးရာလေးခုပျံသန်းသွားပြီး ကြယ်ကိုးလုံးအဆင့်သိုင်းဆရာလေးယောက်ကို တိုက်ခိုက်လိုက်၏။

"ဖုန်း...."

ထိုကြယ်ကိုးလုံးအဆင့်စစ်သည်လေးယောက်သည် အနောက်သို့လွှင့်ထွက်သွား၏။ သူတို့သည် ချက်ချင်းပင် သွေးများအန်ထွက်လာကြပြီး တိုက်ခိုက်နိုင်စွမ်းကိုးဆယ်ရာခိုင်နှုန်းခန့်ဆုံးရှုံးသွားတော့၏။ သူတို့ မြေပြင်ပေါ်သို့ ပြန်လည်ကာ ပြုတ်ကျသွားသည့်အချိန်တွက် ဆက်လက်ရပ်နေနိုင်ခြင်းပင်မရှိတော့ပေ။

အနီရောင်အတွင်းအားစွမ်းအင်များသည် မီးတောက်တစ်ခုကဲ့သို့ပင် လောင်ကျွမ်းလာပြီးတိုနီသူ၏လက်များကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ထူးဆန်းသည့် ဖြစ်စဥ်တစ်ခုဖြစ်ပျက်သွားတော့၏။ အနီရောင်ဓားရှည်နှစ်လက်သည် သူ၏လက်ထဲတွင် ဖြေးညှင်းစွာပေါ်ထွက်လာပြီး သူသည် ထိုဓားရှည်နှစ်လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထား၏။

ဓားနှစ်လက်သည် ထူးဆန်းသည့် ပုံသဏာန်များရှိနေကြ၏။ ဓားကိုယ်များသည် စက်၀ိုင်းပုံကဲ့သို့ပင် စွမ်းအားမြင့်မားသည့်မှော်အစီရင်များစွာ ရေးထိုးထား၏။ အနီရောင်အလင်းတန်းတစ်ခုသည် ဓားသွားများထံမှ တောက်ပလာပြီး ရှေးကျသည့် အရှိန်၀ါတစ်ခုထွက်ပေါ်လာ၏။ ထိုဓားများသည် အာကာသကို အလွန်တကူပင်ပိုင်းဖြတ်နိုင်ပြီး လူသား၀ိဉာဥ်များကို စားသုံးနိုင်သည့်အတိုင်းပင်။

ထိုဓားနှစ်လက်သည် လအဆင့်စစ်သည်များအသုံးပြုသည့် လက်စွဲတော်လက်နက်များကပင်။

တိုနီသည် လက်စွဲတော်လက်နက်ဖြင့် ကျင့်ကြံသည့် လအဆင့်စစ်သည်တစ်ယောက်၏ လမ်းကြောင်းကို ရွေးချယ်ခဲ့ပုံရ၏။ ထိုလမ်းကြောင်းသည် သားရဲ၀ိဉာဥ်ကျင့်စဥ်များ၊ တစ်ခြားကျင့်စဥ်များထက်ပို၍ သာလွန်သည့် ကျင့်စဥ်လမ်းကြောင်းတစ်ခုပင်။

ဤအခိုက်တန့်တွင် လမ်းပါ့ဒ် တစ်ခြားချမ်းဘော့ဒ်မှ သိုင်းဆရာများသည် အလံနှစ်စုံမြို့တော်ခံတပ်နံရံပေါ်သို့ ပြန်လည်ကာရောက်ရှိသွားကြပြီဖြစ်သည်။

အယ်လီနာတစ်ယောက်သာ ဖှေး၏အနောက်တွင် ရပ်လျှက်ရှီနေပြီး အခြေအနေအား လေ့လာနေ၏။ သူမ၏ အနီရောင်ချပ်၀တ်သည် မီးတောက်တစ်ခုကဲ့သို့ပင်ဖြစ်ပြီးအသက်ရှူမှားလောက်သည်အထိလှပ၏။ သို့သော် သူမသည် ဖှေးအားကြည့်နေခြင်းမဟုတ်ပေ။ သူမသည် ဂျက်အင်ပါယာမှ သောင်းနှင့်ချီသည့် စစ်သည်များ၀န်းရံထားသည့် အ၀ေးတစ်နေရာတွင်ရှိသော သဲတောင်ကုန်းတစ်ခုပေါ်သို့ လှမ်းကြည့်နေခြင်းပင်။ ထိုနေရာတွင် သူမအား ဖိအားများစွာပေးနေသည့် စွမ်းအားမြင့်ဖြစ်တည်မှုတစ်ခုရှိနေသည့်အတွက်ပင်။

ဖှေးတစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီး လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည်။

ငွေရောင်အလင်းတန်းတစ်ခုတောက်ပသွားသည်နှင့်အတူ ဓားများနှင့်တူသည့် လက်နက်နှစ်ခုသည် သူ၏လက်အတွင်းသို့ရောက်ရှိလာတော့၏။ ဓားသွားမှရောင်ပြန်ဟပ်နေသည့် နေရောင်ခြည်သည် အေးစက်နေပြီးဓားနှစ်လက်သည် ညင်သာစွာတေးဆိုနေသည့်အတိုင်းပင်။

ထိုလက်နက်များသည် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ မန်နေဂျာအေဘရာ သူ့အား လက်ဆောင်ပေးခဲ့သည့်လက်နက်များပင်။

ဖှေးထိုနေ့က နက်ရှိုင်းသည့် ဤလက်နက်များကို ကိုင်ခဲ့စဥ်က နက်ရှိုင်းသည့် ခံစားချက်တစ်ခုကို ခံစားခဲ့ရသည့်အချိန်တွင် ဘာဖြစ်နေသည်ကို သဘောမပေါက်ခဲ့ပေ။ သို့သော် ယနေ့တွင် တိုနီသူ၏လက်ဆွဲတော်လက်နက်များကို ထုတ်ကိုင်လိုက်သည့်အချိန်တွင်မှ သူ၏ထူးဆန်းသည့် ပုံသဏာန်ရှိသော လက်နက်နှစ်ခုသည်လည်း လက်စွဲတော်လက်နက်များဖြစ်ကြောင်းသဘောပေါက်လာခဲ့၏။

လေဗွေတစ်ခုချက်ချင်းပင်ဖြစ်ပေါ်လာ၏။

ချက်ချင်းပင် သူတို့ နှစ်ယောက်လုံးပျောက်ကွယ်သွားပြီး မီးပွားစများသည် ကောင်းကင်ပေါ်တွင် မီးရှူးမီးပန်းများကဲ့သို့ ပေါ်ထွက်လာတော့၏။ လူများ အံ့သြနေသည့်အချိန်မှာပင် သတ္တုခြင်းရိုက်ခတ်သည့်အသံများကို ကြားလိုက်ရတော့၏။

"ချွင် ချွင် ချွင်..."

ကျွမ်းကျင်သိုင်းဆရာနှစ်ယောက်သည်တစ်ယောက်နှင့်တစ်ယောက် အကြိတ်အနယ်တိုက်ခိုက်နေကြ၏။

သူတို့၏ တိုက်ခိုက်မှုနှုန်းသည် အသံထက်ပင် မြန်ဆန်နေသည့်အတွက် သူတို့သည် စက္ကန့်အနည်းငယ်အတွင်းမှာပင် တစ်ယောက်နှင့်တစ်ယောက် အကြိမ်တစ်ထောက်ခန့်တိုက်ခိုက်ပြီးဖြစ်သည်။ သို့သော် တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသည့် ဆူညံသံများကို မီးပွားစများထွက်ပေါ်လာပြီးသည့်အချိန်မှ ကြားနေရ၏။

လအဆင့်စစ်သည်များတိုက်ခိုက်သည်မှာ ကြယ်အဆင့်စစ်သည်များနှင့် မတူချေ။

သိုင်းဆရာတစ်ယောက်သည် လအဆင့်သို့ရောက်ရှိသွားသည့်အချိန်တွင် သူတို့၏ အတွင်းအားစွမ်းအင်သည်လည်း အရည်သွေးပြောင်းလဲသွား၏။ ကြယ်အဆင့်စစ်သည်များအသုံးပြုသည့် တောက်ပသည့် သိုင်းကွက်များနှင့်မတူပဲ လအဆင့်စစ်သည်များအသုံးပြုသည့်သိုင်းကွက်များသည် များစွာပို၍ ရိုးရှင်းသည်။ အတွင်းအားစွမ်းအင်သည် အငွေ့မှ အရည်အဖြစ်သို့ပြောင်းလဲသွားသည့်အတွက် အတွင်းအားစီးကြောက်များထဲတွင် ထိရောက်မှုရှိစွာစီးဆင်းနိုင်ပြီး ကိုယ်တွင်းအင်္ဂါများကိုလည်း ကာကွယ်ပေးကာ ပို၍ ထိန်းချုပ်ရလွယ်ကူမည်ဖြစ်၏။

လအဆင့်စစ်သည်တစ်ယောက်သည် အသေအကြေတိုက်ခိုက်နေသည် ဆိုစေကာမူ သူတို့၏အတွင်းအားစွမ်းအင်အနည်းငယ်ကိုမှ ဖြုန်းတီးမိမည်မဟုတ်ပေ။

ထို့ကြောင့် လအဆင့်စစ်သည်များတိုက်ခိုက်ခြင်းသည် သာမန်စစ်သည်များတိုက်ခိုက်နေသကဲ့သို့ပင်။ သူတို့၏ သိုင်းကွက်များသည် ရိုးရှင်း၏။ သို့သော် ထိုတိုက်ခိုက်မှုများထဲတွင်ပါ၀င်သည့် အဖျက်စွမ်းအားများမှာ သာမန်လူများစိတ်ကူးယဥ္န်နိုင်သည်ထက်များစွာသာလွန်နေ၏။

သတ္တုခြင်းရိုက်ခတ်သည့်အသံများထွက်ပေါ်လာနေပြီး မီးပွားစများကို မြင်နေရသော်လည်း သိုင်းဆရာနှစ်ယောက်မည်သည့်နေရာတွင်ရှိနေသည်ကိုမူ မည်သူမှ မြင်နိုင်ခြင်းမရှိပေ။

ငါးမိနစ်ခန့်ကြာသည့်အချိန်တွင် ဆူညံသံများငြိမ်သက်သွဦး၏။ သိုင်းဆရာနှစ်ယောက်လဲမြေပေါ်သို့ ပြန်လည်ကာ ဆင်းသက်လာကြသည်။

ဖှေးရယ်မောကာ သူ၏လက်နက်များကို ပွတ်သပ်လိုက်သည်။ သူများစွာပျော်ရွှင်ခဲ့သည့်ပုံပင်။ ထူးဆန်းသည့်ပုံရှိသည့် ဓားနှစ်လက်သည်လည်း အချိန်ကြာစွာအိပ်နေခဲ့ရာမှ နိုးထလာသကဲ့သို့ ပျော်ရွှင်သည့် ဆူညံသံများပြုလုပ်နေလျှက်ရှိကြသည်။ ဤတိုက်ပွဲတွင် ဖှေးသည် လအဆင့်စစ်သည်များမည်ကဲ့သို့သူတို့၏အတွင်းအားစွမ်းအင်များအသုံးပြုကာ တိုက်ခိုက်သည်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ပြီး သူ၏ခေါင်းထဲတွင်ရှိနေသည့် မေးခွန်းများစွာလည်းရှင်းလင်းသွား၏။

သူ၏ပခုံးတွင် အ၀တ်အနည်းငယ်ပြဲနေရုံမှအပ သူသည် ဒဏ်ရာတစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိပေ။

တစ်ဖက်တွင် လအဆင့်သိုင်းဆရာတိုနီသည် ထိတ်လန့်သွား၏။ သူ၏လက်တွင် သွေးကြောများထောင်နေပြီး သူ၏လက်မောင်းများသည် ထိန်းချုပ်၍မရနိုင်အောင် တုန်ခါနေ၏။ လက်များမှ သွေးများစီးကျနေလျှက်ရှိပြီး သူ၏အနီရောင်၀တ်ရုံတွင် အပေါက်များစွာဖြင့် ပြည့်နှက်နေ၏။ သူသည် ဒဏ်ရာရရှိခြင်းမရှိသော်လည် သူ၏ ၀တ်ရုံအခြေမှ လက်ရှိတိုက်ပွဲအခြေအနေကို ဖော်ပြနေ၏။

အကယ်၍ သူ၏ရန်သူသာ သူ့အား မညှာတာခဲ့ပါက သူသည် ပြင်းထန်စွာဒဏ်ရာရရှိသွားနိုင်ကြောင်းကို တိုနီပြောနိုင်၏။

သို့သော် ဤကဲ့သို့ သက်ညှာခြင်းသည် သူ့အား အကြီးမားဆုံးစော်ကားနေသကဲ့သို့ပင်။ ရန်သူ၏ ရယ်မောသံကို သူခံရခက်နေ၏။ သူ၏ နားစည်အား ထိုးနေသည့် အပ်များကဲ့သို့ပင်။ ထိုရယ်သံသည် သူ၏ မိမိကိုယ်မိမိယုံကြည်မှု၊ အထင်ကြီးမှုတို့ကို ဖျက်စီးနေလျှက်ရှိ၏။

All Chapters