← Chapters

အခန်း (၅၃၂)

Vol. 34 Ch. 532

အခန်း (၅၃၂)

Vol. 34 Ch. 532

“ဘုရင်အလတ်ဇန္ဒား...”

“ဘုရင်အလတ်ဇန္ဒား...”

“ဘုရင်အလတ်ဇန္ဒား...”

ဇီးနစ်မှလူများသည် ဖှေး၏ နာမည်ကို အော်ဟစ်ကာ အားပေးနေကြ၏။

သူတို့၏ ခန္ဓာကိုယ်ထဲတွင်ရှိသည့် သွေးများသည် မြင်နေရသည့်မြင်ကွင်းကြောင့် ဆူပွက်လာနေ၏။

၀ံပုလွေစွယ်တပ်ဖွဲ့၏ခေါင်းဆောင်သည် လအဆင့်သိုင်းဆရာတစ်ယောက်ကို အနိုင်ယူလိုက်၏။ ဤသည်မှာ ဒဏာရီတစ်ခုကဲ့သို့ပင်။ “ငါတို့ရဲ့တပ်ဖွဲ့ခေါင်းဆောင်က ဒီလအဆင့်သိုင်းဆရာထက်တောင် ပိုပြီးတော့အစွမ်းထက်နေတာလား...” ဤအတွေးတစ်ခုတည်းကပင် အလံနှစ်စုံမြို့တော်ထဲတွင်ရှိနေသည့် လူများစွာကို မူး၀ေစေ၏။ သူတို့သည် အလွန်ပင်စိတ်လှုပ်ရှားမိသဖြင့် သူတို့၏ခေါင်းထဲတွင် ဘာအတွေးမှ မရှီတော့ဘေ။ သူတို့သိသည့် တစ်ခုတည်းသောအရာမှာ ဖှေးအားမည်ကဲ့သို့ဆက်လက်၍ အားပေးရမည်ဆိုသည်ကိုပင်။ ဤသည်မှာ သူတို့၏ စိတ်ခံစားချက်များကို ဖောက်ခွဲနိုင်သည့်တစ်ခုတည်းသောနည်းလမ်းပင်။

တစ်ဖက်တွင် ဂျက်အင်ပါယာမှစစ်သည်များသည် တစ်ခါမှမကြုံဖူးလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျွမ်းကျင်သိုင်းဆရာများ၏ တိုက်ပွဲသည် သာမန်စစ်သည်များ၏ စိတ်ဓာတ်ခွန်အားကို လျှင်မြန်စွာပင် ပြောင်းလဲသွားစေနိုင်သည့်အတွက်ပင်။

ချမ်းဘော့ဒ်ဘုရင်သည် ကြယ်ကိုးလုံးအဆင့်စစ်သည်လေးယောက်နှင့် ဂျက်အင်ပါယာမှ လအဆင့်သိုင်းဆရာတစ်ယောက်ကို တစ်ပြိုင်တည်းဖြင့် အနိုင်ယူလိုက်သည်မှာ ထင်ရှားလှသည်။ ထိုအချက်သည် ဂျက်အင်ပါယာမှစစ်သည်များကို အလွန်မင်းထိတ်လန့်သွားစေ၏။ သူတို့၏ စိတ်ဓာတ်များသည် လျှင်မြန်စွာပင် ကျဆင်းလာနေလျှက်ရှိပြီး သူတို့၏ ယုံကြည်ချက်ကို နက်ရှိုင်းစွာပင် ကျဆင်းနေစေ၏။

ဂျက်အင်ပါယာ၏ အမိန့်ပေးအလံတိုင်အောက်တွင်ရပ်နေသည့် မင်းသားဖာရင်တန်သည်လည်း အလွန်မင်းထိတ်လန့်အံ့သြနေလျှက်ရှိသည်။

“ဘုရင်အလတ်ဇန္ဒားက လအဆင့်သိုင်းဆရာတစ်ယောက်ကို တောင်တိုက်ခိုက်နိုင်တာလား...” သူ၏ ဖှေးအပေါ်ထားရှိခဲ့သည့်အမြင်သည် လုံး၀ပင် ပြောင်းလဲသွား၏။ သူသည် ယခင်က ဖှေးအား သူ၏မဟာပြိုင်ဘက်တစ်ယောက်အနေဖြင့် သက်မှတ်ခဲ့သော်လည်း ဤသည်မှာ လျှော့တွက်ခဲ့မိခြင်းဖြစ်သည်မှာ ထင်ရှားလာ၏။

ဤမင်းသားသည် ထုံထိုင်းလာ၏။ သူသည် နဂါးတစ်ကောင်အား တိုက်ခိုက်ရန်အတွက် ကြိုးစားနေခဲ့မိသည့် ကြွက်တစ်ကောင်ကဲ့သို့ ခံစားနေရ၏။

“ကောင်းတယ်...” မဟာနှင်းတောင်တန်းမှ ပညာသင်တပည့်များ၏ ခေါင်းဆောင်ဖြစ်သူ မာဒေါ့တ်သည်လည်း အံ့သြသွား၏။ သူသည် အခြေအနေအား စကားလုံးတစ်လုံးထဲဖြင့်သာ မှတ်ချက်ပေးလိုက်၏။ သို့သော် သူဘာကို ဆိုလိုသည်ကို ဖာရင်တန်မသိချေ။

ဤမင်းသားသည် သူ၏ ထိတ်လန့်အံ့သြမှုကို ထိန်းချုပ်ကာ တောင်ထိပ်တွင်ရပ်နေသည့် သူ၏ဆရာကိုလှမ်းကြည့်လိုက်သည်။

ထိုမြူခိုးအလွှာသည် သူ့အား လွှမ်းခြုံနေဆဲပင်။ အလင်းများသည် ထိုမြူလွှာကို ဖြတ်ကျော်သည့်အချိန်တွင် ကွေးညွှတ်သွားသည့်အတိုင်းပင်။ မည်သူမှ ထိုလူမည်ကဲ့သို့ အမူယာဖြစ်နေသည်ကို မြင်နိုင်စွမ်းမရှိပေ။ သူမ၏ ဖြစ်တည်မှုသည် အမြဲတမ်းပင် တည်ငြိမ်နေလျှက်ရှိပြီး သူသည်နက်ရှိုင်းသည့် ပင်လယ်ပြင်တစ်ခုကဲ့သို့ပင်။ အောက်ခြေတွင်မည်ကဲ့သို့ဖြစ်နေသည်ကို မည်သူမှ မသိရှိနိုင်ပေ။

သို့သော် ယခုအချိန်တွင်မူ ထူးဆန်းသည့် အရာတစ်ခုကို ဖာရင်တန်အာရုံခံမိနေ၏။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်လုံးတွင် သူနှင့်၃ကြိမ်သာတွေ့ခဲ့ဖူးသည့် သူ၏ ဆရာသည် လက်ရှိတွင် စိတ်လှုပ်ရှားနေသကဲ့သို့ သူခံစားနေရ၏။

ဖာရင်တန်သည် သူ၏လက်ကို ၀ှေ့ရမ်းကာ ခေါင်းဆောင်များ စကားပြောဆူညံနေကြသည်ကို ဟန့်တားလိုက်သည်။ သူသည် အပြင်လူတစ်ယောက်ကဲ့သို့ပင် တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေ၏။

ချမ်းဘော့ဒ်ဘုရင်သည် သူ့အား များစွာအံ့သြစေခဲ့သော်လည်း ယနေ့တွင် ချမ်းဘော့ဒ်ဘုရင်၏ နောက်ဆုံးနေ့ဖြစ်လိမ့်မည်ဟု သူယုံကြည်နေ၏။ သူ၏ ဆရာကိုယ်တိုင်ပင် စစ်မြေပြင်သို့ ရောက်နေသည့်အတွက်ပင်။

ထိုအချိန်တွင် ဖာရင်တန်သည် နောက်ထပ်မေးခွန်းတစ်ခုကို စဥ်းစားလိုက်မိ၏။

“မဟာနှင်းတောင်ပေါ်ကနေ နှစ်နှစ်ဆယ်လုံးတစ်ခါမှ ဆင်းမလာတဲ့ ဆရာက ဘာလို့ ဒီနေ့မှ ဒီနေရာကို လာခဲ့ရတာလဲ။ သူရဲ့ အတော်ဆုံးတပည့်နှစ်ယောက် စီနီယာအကို မာဒေါ့တ်နဲ့ စီနီယာအကိုတိုနီတို့ကို ခေါ်ပြီးတော့တောင် ဒီနေရာကိုရောက်လာခဲ့တာပဲ....”

သူ၏ ဆရာသည် သူ့အား စစ်ပွဲနိုင်အောင်ကူညီပေးရန်အတွက် ရောက်ရှိလာခဲ့သည်ဟုလည်း သူမထင်ပေ။

သူ့ဆရာ၏ မျက်လုံးထဲတွင် ဇီးနစ်အင်ပါယာနှင့် ဂျက်အင်ပါယာတို့ တိုက်ခိုက်နေသည့် တိုက်ပွဲသည် ကလေးကစားနေသကဲ့သို့ဖြစ်နေခြင်းကို သူသိရှိသည့်အတွက်ပင်။ဂျက်အင်ပါယာမှ လူများသည် နှစ်နှစ်ဆယ်ကြာ အရှက်ရခဲ့ပြီး ဤစစ်ပွဲသည် ဂျက်အင်ပါယာ၏အနာဂတ်အတွက် အလွန်အရေးကြီးသော်လည်း သူ့ဆရာသည် ၀င်ရောက်ကူညီရန်အတွက် လုံး၀ပင် စိတ်မပါခဲ့ပေ။

......

“မင်း ခွေးသား ငါမင်းကို အသေသတ်ပစ်မယ်။ အလံနှစ်စုံမြို့ထဲက ခွေးသားတွေကိုလည်းအကုန်သတ်ပစ်မယ်။ မင်းလည်ပင်းကိုလှီးပြီးတော့ မင်းချစ်တဲ့လူတွေရဲ့ သွေးတွေလောင်းထည့်ပစ်မယ်။” ယခင်က ခန့်ညားနေခဲ့သည့် တိုနီသည် ယခုအချိန်တွင် ကမူးရှူးထိုးဖြင့် အရူးတစ်ယောက်ကဲ့သို့ပင်။ သားရဲတစ်ကောင်ကဲ့သို့ပင် သူဟိန်းဟောက်လိုက်ပြီး သူ၏ သတ်ဖြတ်လိုသည့် ဆန္ဒကို ပြသကာ ဖှေးအနားသို့ ချည်းကပ်လာ၏။

ဖှေးသည် တိုနီကို လျစ်လှူရှုကာ သူ၏ဓားနှစ်လက်ကိုသာ ကြည့်နေ၏။

ဘုရင်သည် လအဆင့်သိုင်းဆရာများမည်ကဲ့သို့တိုက်ခိုက်ကြသည်ကို ကိုယ်တိုင်ကြုံတွေ့နေရခြင်းပင်။

ကောလဟာလများအရ သိုင်းဆရာတစ်ယောက်သည် လအဆင့်သို့ရောက်ရှိသွားသည့်အချိန်တွင်လုံး၀င်ပင် ပြောင်းလဲသွား၏။ အတွင်းအားစွမ်းအင်အရည်သွေးပြောင်းလဲသွားသည့်အပြင် အရိုးများ၊ ဆဲလ်များ၊ ခန္ဓာကိုယ်ထဲတွင်ရှိသည့် ကိုယ်တွင်းအင်္ဂါများသည်လည်း ပို၍သန်မာလာ၏။ စွမ်းအားသာ မြင့်မားလာသည်မဟုတ်ပေ။ အသက်စွမ်းအင်ပါ တိုးမြှင့်လာခြင်းပင်။

အေဇာရုတိုက်ပေါ်တွင်ရှိသည့် သာမန်လူများသည် နှစ်တစ်ရာ၀န်းကျင်သာ သက်တမ်းရှိကြသော်လည်း လအဆင့်သိုင်းဆရာများသည် တိုက်ပွဲထဲတွင် မကျဆုံးခဲ့ပါက နှစ်ပေါင်း၃၀၀ခန့်အသက်ရှင်နေနိုင်ကြ၏။

လအဆင့်သိုင်းဆရာတစ်ယောက်၏ ရိုးရှင်သည့် တိုက်ခိုက်မှုတစ်ချက်သည် ကြယ်အဆင့်သိုင်းဆရာတစ်ယောက်၏ အစွမ်းထက်ဆုံးသိုင်းကွက်တစ်ခုလောက်ပင် စွမ်းအားမြင့်မား၏။ လအဆင့်စစ်သည်များသည် အနီးကပ်တိုက်ခိုက်ခြင်းကိုသာ ပို၍ နှစ်သက်ကြသည်။ သို့သော် ကြယ်အဆင့်စစ်သည်များအ၀ေးမှ တိုက်ခိုက်လာပါကလည်း လျှင်မြန်စွာပင် ဖျက်ဆီးပစ်နိုင်၏။

ဖှေးသည် တိုနီနှင့် မိနစ်အနည်းငယ်ခန့်သာ တိုက်ခိုက်ခဲ့သော်လည်းအချက်လက်များစွာကို လေ့လာခဲ့မိသည်။

လူရိုင်းဇာတ်ကောင်အနေဖြင့် သူ၏ခန္ဓာကိုယ်သည် လအဆင့်သိုင်းဆရာတစ်ယောက်၏ ခန္ဓာကိုယ်ထက်ပင် ပို၍အကြမ်းခံသည်ကိုလည်း ဘုရင်သတိထားလိုက်မိ၏။ ပို၍မာကြောသည့် ခန္ဓာကိုယ်၏ သက်ရောက်မှုကြောင့် သူသည် လအဆင့်သိုင်းဆရာတစ်ယောက်၏ တိုက်ခိုက်မှုများကို တိုက်ရိုက်ပင် ရင်ဆိုင်နိုင်၏။၊ သူ၏ ရန်သူများပင် တိုက်ခိုက်ရာမှ တန်ပြန်အားကြောင့်ပင် ပြန်လည်ဒဏ်ရာရရှိသွားနိုင်၏။

ဖှေးသည် သူ၏ ကျွမ်းကျင်မှုဆိုင်ရာအမှတ်တစ်ချို့ကို ဓားကျွမ်းကျင်မှုထဲသို့ အသုံးပြုပြီးချိန်တွင် ဓားများအပေါ်နားလည်မှုမှာ နောက်အဆင့်တစ်ခုသို့ရောက်ရှိလာခဲ့၏။ သူထံတွင် စနစ်ကျသည့် ဓားကွက်များမရှိသေးသော်လည်း သူ၏တိုက်ခိုက်မှုများသည် ခန့်မှန်းရခက်နေ၏။ ဤသည်မှာ လအဆင့်သိုင်းဆရာတစ်ယောက်၏ မျက်လုံးထဲတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သေချာသည့် အချက်တစ်ခုမှာ ဖှေးသည် လသစ်အဆင့်လယ်ဗယ်၅အောက်မှ လအဆင့်သိုင်းဆရာများကို စိုးမိုးစွာဖြင့် အနိုင်ယူနိုင်ပြီဆိုသည့်အချက်ပင်။ သူသည် လက်ရှိတွင်လအဆင့်သို့မရောက်ရှိသေးသော်လည်း သူ၏ လယ်ဗယ်၉၉လူရိုင်းဇာတ်ကောင်မှာ အလွန်ပင်အစွမ်းထက်လွန်းလှ၏။

တိုနီသည် လယ်ဗယ်၁လသစ်အဆင့်သိုင်းဆရာတစ်ယောက်သာဖြစ်သည့်အတွက် ဖှေးသည် သူ့အား လွယ်ကူစွာပင် ကစားနိုင်၏။

ထို့အပြင် ဤမဟာနှင်းတောင်မှ လူငယ်သည် လျို့၀ှက်သည့်ဆေးပုလင်းများကို သောက်သုံးကာ လအဆင့်သို့ရောက်ခါစသိုင်းဆရာတစ်ယောက်ဖြစ်သည်ကိုလည်း ဖှေးရိပ်မိလိုက်သည်။ ဤလူငယ်၏ အခြေခံအုတ်မြစ်မှာအလွန်ပင် အားနည်းနေသေး၏။ ထို့ကြောင့်သူသည် ကျွမ်းကျင်လအဆင့်စစ်သည်တစ်ယောက်မဟုတ်သေးပေ။ ဤကဲ့သို့အခြေအနေမျိုးတွင် ဖှေးအား စိန်ခေါ်ခြင်းသည် မိမိကိုယ်မိမိသတ်သေနေသကဲ့သို့ပင်။

“ဖုန်း...”

သူတို့ထက်မံ၍ တိုက်ခိုက်လိုက်ကြသည်။

ဤတစ်ကြိမ်တွင်မူ ဖှေးသူ၏ စွမ်းအားများကို ထိန်းချုပ်ထားခြင်းမရှိပေ။

“ခုန်ကျော်တိုက်ခိုက်ခြင်း...”

ရှေးကျသည့်လူရိုင်းမျိုးနွယ် ခေါလစ်၏အစွမ်းဖြစ်သည့် ခုန်ကျော်တိုက်ခိုက်ခြင်းကို ဤကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အနေဖြင့် ထုတ်သုံးလိုက်၏။ ဖှေးနှင့် သူ၏ဓားနှစ်လက်သည် တစ်သားတည်းဖြစ်သွားပြီး အလွန်စွမ်းအားမြင့်မားသည့် သိုင်းကွက်ကို အသုံးပြုလိုက်၏။

တိုနီ၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားတော့၏။

သူ၏ လက်ဆွဲတော်လက်နက်များကို ကိုင်မြောက်ပြီး ဖှေး၏ သိုင်းကွက်ကို ကာကွယ်ရန်ကိုသာ တတ်နိုင်လိုက်၏။

ခုခံ၍မရနိုင်သည့်စွမ်းအင်တစ်ခုသည် သူ၏လက်နက်များမှ တဆင့်ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားသည်ကို ချက်ချင်းပင် ခံစားလိုက်မိပြီး သူ၏ လအဆင့်အတွင်းအားစွမ်းအင်များသည် စက္ကူတစ်ရွက်ကဲ့သို့ပင် ဆုတ်ပြဲသွားတော့၏။

“ဖွီး အား...” သူသည် သဲအိတ်တစ်လုံးကဲ့သို့ပင် အနောက်သို့လွှင့်ထွက်သွားပြီး ပြန်လည်ပြုတ်ကျသည့်အချိန်တွင် သွေးများအန်ထွက်လာတော့၏။ သူယုံနိုင်ခြင်းမရှိပေ။

ဖှေးချက်ချင်းပင် အနောက်သို့ပြေးလိုက်ကာ သူ၏ ဓားများကို တိုနီ၏ လည်ပင်းပေါ်သို့ တင်လိုက်၏။

ဓားသွားများမှ ရောင်ပြန်ဟပ်သည့်အလင်းတန်းများသည် တိုနီ၏ မျက်နှာပေါ်တွင်တောက်ပသွားပြီး ဤမာနထောင်လွှားသည့် လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းပင် ကြက်သီးမွှေးညင်းများထလာတော့၏။

“မင်း ဟားဟား ဟားဟားဟား မင်းက င့ါကို သတ်ရဲလို့လား...” ရူးသွပ်မှုများသည် သူ၏ မျက်လုံးများထဲတွင်ပေါ်လာပြီး သူစတင်ကာရယ်မောလိုက်၏။

ဖှေးမျက်မှောင်ကြုံ့လိုက်သည်။ သို့သော် သူခုတ်ပိုင်းခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် ဤအခိုက်တန့်တွင် ၀ေ၀ါးသည့်အရှိန်၀ါတစ်ခုသည်သူ့အား ပစ်မှတ်ထားနေသည့်အတွက်ပင်။ သူသည် ဂျက်အင်ပါယာ၏ အမိန့်ပေးအလံတိုင်အောက်တွင် ရပ်နေသည့်လူ၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ခံစားနေရ၏။ နဂါးကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ သူ၏ ၀ိဉာင်ပင် ထိန်းချုပ်၍မရနိုင်အောင် တုန်လှုပ်လျှက်ရှိနေသည်ကို သူခံစားနေရ၏?။

အကယ်၍ သူ တိုနီအား သတ်ဖြတ်လိုက်ပါက ကြောက်စရာကောင်းသည့်သိုင်းကွက်တစ်ခုနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်ကိုလည်း သူအာရုံခံလိုက်မိသည်။ သူ ထိုသိုင်းကွက်ကိုလက်ရှိတွင်ခုခံနိုင်ဦးမည်မဟုတ်သေးပေ။

သူသည် လက်ရှိတွင် တိုနီအား သတ်ဖြတ်ချင်စေကာမူ သတ်ဖြတ်နိုင်ဦးမည်မဟုတ်ပေ။ အလံအောက်တွင် ရပ်နေသည့်လူမှာ အလွန်ပင်စွမ်းအားမြင့်မားလှ၏။

ခနတာရပ်တန့်ပြီးချိန်တွင် ဖှေးပြုံးလိုက်သည်။

“ဖုန်း...”

ဖှေးသည် ဓားရိုးဖြင့် တိုနီ၏မျက်နှာကို ပိတ်ရိုက်လိုက်ရာ တိုနီသည်ချက်ချင်းပင် သတိလစ်မေ့မျောသွားတော့၏။

ထို့နောက်တွင် သူ့အားဆွဲခေါ်ကာ သေမတတ်ပင်ကြောက်လန့်နေကြသည့် မဟာနှင်းတောင်မှ ကြယ်ကိုးလုံးအဆင့်သိုင်းဆရာလေးယောက်ထံသို့ ပစ်ပေးလိုက်၏။ ထို့နောက်တွင် ထိုသိုင်းဆရာလေးယောက်သည် တိုနီအား သယ်ဆောင်ကာ ဂျက်အင်ပါယာစခန်းထံသို့ ပြန်သွားတော့၏။

ထို့နောက်တွင် ဖှေးသည် သူ၏ဓားများကို အောက်ချကာ ပြုံးလိုက်ပြီး အမိန့်ပေးအလံအောက်တွင်ရပ်နေသည့် ကြောက်မက်ဖွယ်သိုင်းဆရာအား ကြည့်လိုက်၏။

All Chapters