← Chapters

အခန်း (၅၃၄)

Vol. 34 Ch. 534

အခန်း (၅၃၄)

Vol. 34 Ch. 534

ဖှေးသည် ဤဖိအားနှင့် ရင်ဆိုင်ရသည့် ပထမဆုံးလူတစ်ယောက်ပင်။ သူ့အပေါ်သို့ တောင်ကြီးတစ်လုံးပြုတ်ကျလာနေသလိုပင်။ သူ့ထံသို့ရောက်ရှိလာနေသည့် ဖိအားနှင့် ဖြေးဖြေးနှင့် တည်တည်ငြိမ်ငြိမ်ချည်းကပ်လာနေ၏။ ဤကဲသို့ခုခံ၍ မရနိုင်သည့် စွမ်းအားနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် မည်သူမဆိုမျှော်လင့်ချက်မဲ့သလိုခံစားရမည်ဖြစ်၏။

“ကြောက်စရာပဲ။ သူကဘယ်သူပါလိမ့်။ ဒီလူရဲ့စွမ်းအားတွေက ခါဆစ်အတွင်းအားအပြန်လည်ရှင်သန်ခြင်းသိုင်းကွက်အသုံးပြုတုန်းကထက်တောင်ပိုပြီးအစွမ်းထက်နေတယ်။ သူက အနည်းဆုံးအလယ်လတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့်လသစ်အဆင့်သိုင်းဆရာတစ်ယောက်ပဲ...”

ဖှေးသည် လယ်ဗယ်၉၉ လူရိုင်းဇာတ်ကောင်၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ သို့သော် အသုံးမ၀င်လှပေ။

အနီရောင်၀တ်ရုံနှင့်လူသည် သူ၏လက်ဖ၀ါးကို ညင်သာစွာဆန့်တန်းလိုက်သည့်အချိန်တွင် မမြင်နိုင်သည့် စွမ်းအားတစ်ခုသည် ဓားမုန်တိုင်းကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်၏။ ဖှေးသည် မြေပြင်ပေါ်တွင် ခိုင်မြဲစွာရပ်နေသော်လည်း သူ၏ ခန္ဓာကိုယ်သည် အနောက်သို့ တွန်းဆုတ်ခြင်းခံနေရ၏။ သူ၏ ခြေထောက်များသည် သဲများပေါ်တွင် လမ်းကြောင်းရာကြီးတစ်ခုချန်ထားနေခဲ့ပြီးမြင်ကွင်းသည် ထိတ်လန့်ဖွယ်ပင်။

“၀ှစ် ၀ှစ်...”

အယ်လီနာ၏ မျက်လုံးထဲတွင် အလင်းတန်းများထွက်ပေါ်လာပြီး လေးကြိုးတုန်ခါသံများကို ကြားလိုက်ရသည်။

သူမ၏ မှော်လေးအတွင်းမှ မှော်မြှားများကို ပစ်ခတ်လိုက်ပြီး မြှားတစ်ချောင်းခြင်းစီတိုင်းတွင် သူမ၏ စွမ်းအားများအပြည့်ပါ၀င်နေ၏။ မြှားတစ်ချောင်းခြင်းစီတိုင်းသည် ကြယ်ကိုးလုံးအဆင့်သိုင်းဆရာတစ်ယောက်ကို ဒဏ်ရာရစေရန်အတွက်လုံလောက်နေပြီး ရေခဲများသည် မြှားပျံသန်းရာလမ်းကြောင်းတွင်ဖြစ်ပေါ်နေလျှက်ရှိ၏။

သို့သော် ဤကဲ့သို့ စွမ်းအားမြင့်မြှားများကပင် မမြင်နိုင်သည့်လက်ဖ၀ါးအား ရပ်တန့်နိုင်ခြင်းမရှိပေ။

တကယ်တန်းတွင် မြှားများသည် လက်ဖ၀ါးအနီး၅မီတာကိုပင် ရောက်နိုင်ခြင်းမရှိပေ။ မှော်စွမ်းအင်များပါ၀င်နေသည့် မြှားများသည် အနီးသို့ရောက်ရှိလာသည့်အချိန်တွင် ပျောက်ကွယ်သွားကြ၏။

“ချွင် ချွင်”

“ချွင် ချွင် ချွင်..”

“ချွင် ချွင် ချွင် ချွင် ချွင်..”

ဇီးနစ်အင်ပါယာ၏ သောင်းနှင့်ချီသည့် စစ်သည်များသည် သူတို့၏လက်နက်များကို တီးခေါက်နေကြ၏။ ထိုတီးခေါက်နေသည့်အသံသည် စစ်ချီဒရမ်သံကဲ့သို့ပင်။ စစ်သည်များသည် သူတို့၏ခေါင်းဆောင်အား အားပေးနေကြခြင်းပင်။

လေထဲတွင် ထိုမမြင်နိုင်သည့်လက်ကြီးသည် ရှေ့သို့ ပျံသန်းလာနေပြီး ဖှေး၏ ဓားမုန်တိုင်းကို ဖျက်ဆီးပစ်လိုက်သည်။ ရှေ့သို့ တဖြည်းဖြည်းပျံသန်းလာနေသည်နှင့်အမျှ ဇီးနစ်ဘက်မှလူများကို ဖိအားများစွာပေးနေလျှက်ရှိ၏။

ဖှေး၏ ခန္ဓာကိုယ်သည် အနောက်သို့ တွန်းဆုတ်ခြင်းခံနေရ၏။

“ချွတ်...”

ဒိုင်ယာဘလိုမှ လယ်ဗယ်၆ပစ္စည်းများသည် တစ်ခုပြီးတစ်ခုကျိုးပဲ့ကုန်ကြ၏။

ဖှေး၏လက်ထဲတွင်ကိုင်ထားသည့် ဓားနှစ်လက်ပင် ကွေးညွတ်နေ၏။ သူတို့သည် အချိန်မရွေးကျိုးပဲ့သွားနိုင်သည့်အတိုင်းပင်။ ထိုအချိန်တွင် ဖှေး၏ မွေးညှင်းပေါက်တိုင်းမှလည်း သွေးများစိမ့်ထွက်လာနေ၏။ ချွေးများကဲ့သို့ပင် သွေးများသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အရာရာတိုင်းကို စွန်းထင်းသွားစေပြီး ခန္ဓာကိုယ်ပေါ်မှ သွေးများအဆက်မပြတ်စီးကျနေလျှက်ရှိ၏။

အယ်လီနာ၏ နှုတ်ခမ်းတွင်လည်း အနီရောင်သွးများစွန်းထင်းနေပြီး သူမ၏ ဖြူဖွေးသည့် အသားရေပေါ်တွင်အနီရောင်သွေးများဖြင့် ကြောက်မက်ဖွယ်ဖြစ်နေ၏။ သို့သော် အယ်လီနာသည် နောက်သို့ဆုတ်ခွာမည့်ပုံမရှိပဲ သူမ၏ မြှားများကို တစ်ခုပြီးတစ်ခုပစ်လွှတ်နေ၏။

“အား ဓားမုန်တိုင်း...”

ဖှေးသည် ကြုံး၀ါးကာ သူ၏ အစွမ်းထက်ဆုံးသိုင်းကွက်ကို ဆက်လက်၍ သုံးလိုက်သည်။ ဓားသွားစွမ်းအင်များသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ငွေရောင်နဂါးကြီးတစ်ကောင်နှင့်တူသည့် ဓားမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် ငွေရောင်နဂါးသည် မီတာတစ်ရာအ၀ေးတွင်ရှိနေသည့် လက်ကြီးထံသို့ ပျံသန်းသွား၏။

ငွေနဂါးသည် ကြီးမားသည့်လက်ကြီးနှင့် ထိတွေ့လိုက်သည့်အချိန်တွင် ခနတာခန့်သာ တားဆီးလိုက်နိုင်၏။ သုံးစက္ကန့်ခန့်ကြာသည့်အချိန်တွင် ဓားမုန်တိုင်းသည် ပျက်စီးသွားကာ ပျောက်ကွယ်သွားတော့၏။

စွမ်းအား ကွာခြားမှုမှာ အလွန်ပင်ကြီးမားလွန်းလှသည်။

ဖှေးသည်ဆုတ်ခွာရတော့မည်ဖြစ်သည် သူနှင့် အလံနှစ်စုံမြို့နှင့် မီတာ၂၀၀ခန့်အနီးတွင်ရောက်နေ၏။

သူသည်သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏မျက်လုံးများသည် တောက်ပနေဆဲပင်။ တွန့်ဆုတ်ခြင်းမရှိပဲ သူသည် အယ်လီနာအား သူ၏အနောက်တွင်ထားကာ ကာကွယ်ပေးလိုက်ပြီး ဓားမုန်တိုင်းအစွမ်းကို ဆက်လက်အသုံးပြုလိုက်သည်။

ဤသည်မှာ ဒိုင်ယာဘလိုမ္ဘာမှ အစွမ်းများ၏ အားသာချက်တစ်ခုပင်။ မန်နာစွမ်းအင်လုံလောက်ပါက ဖှေးသည် အစွမ်းများကို စောင့်စရာမလိုပဲ ဆက်တိုက်အသုံးပြုနိုင်၏။

“ငွေရောင်နဂါးတစ်ကောင်...”

“ငွေရောင်နဂါးနှစ်ကောင်...”

“ငွေရောင်နဂါးသုံးကောင်...”

“ငွေရောင်နဂါးဆယ်ကောင်...”

ဖှေးသည် ကြုံး၀ါးရင်းဖြင့် ဤသိုင်းကွက်ကို အကြိမ်ပေါင်းများစွာအသုံးပြုနေလျှက်ရှိသည်။ အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ဖှေး၏ ဓားမုန်တိုင်းသိုင်းကွက်အပေါ်နားလည်မှုမှာလည်းပို၍ ပို၍ပင် ကောင်းမွန်လာ၏။ ဓားသွားစွမ်းအင်များသည် ပို၍ပင် ခိုင်မာလာပြီး ဓားသွားစွမ်းအင်များပေါင်းစပ်ကာ ဖန်တီးထားသည့် ငွေရောင်သတ္တုနဂါးသည် ပို၍ပင် အသက်၀င်လာနေ၏။

ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်အံ့သြသွားစနေသည်။

ဂျက်အင်ပါယာမှ စစ်သည်များအားလုံး၀န်းရံထားသည့် သဲတောင်ကုန်းပေါ်တွင် ဖာရင်တန်နှင့် မာဒေ့ါတ်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်လုံးထဲတွင် ထိတ်လန့်အံ့သြမှုများကို အပြန်လှန်မြင်တွေ့နေရ၏။

မာဒေါ့တ်သည် ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်နေတတ်သည့်လူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင် ထိတ်လန့်အံ့သြနေ၏။ သူသည် ကြယ်အဆင့်သိုင်းဆရာတစ်ယောက် ဤမျှစွမ်းအားမြင့်မားနေသည်ကို တစ်ခါမှမတွေ့ဖူးခဲ့သည့်အတွက်ပင်။ “ဒီချမ်းဘော့ဒ်ဘုရင်က ဒီစွမ်းအားမြင့်တဲ့သိုင်းကွက်ကို ဆက်တိုက်သုံးနိုင်နေပြီးတော့ ဒီသိုင်းကွက်ရဲ့ စွမ်းအားကလည်းတစ်ခါထက်တစ်ခါပိုပြီး မြင့်လာတာပဲ...။ တစ်ခြားလူတွေသာဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်က မကြာခင်ကတည်းက ပျက်စီးသွားပြီးလောက်ပြီ။ ငါသူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး...” သူတွေးလိုက်မိ၏။

“စီနီယာအကိုက ချမ်းဘော့ဒ်ဘုရင်ကို ယှဥ်နိုင်မှာမဟုတ်ဘူးလို့ ဆရာကြီးပြောခဲ့တာ မဆန်းတော့ပါဘူး။ သူက ဒီလောက်တောင်အစွမ်းထက်နေတာပဲ...” ဖာရင်တန်သည် ဖှေးထံမှရရှိသည့် အံ့သြမှုများကြောင့် ထုံကျင်နေသလိုပင် ခံစားနေရ၏။

သူတို့ဆရာ၏ မျက်နှာပေါ်မှ အမူယာကို သူတို့ မြင်နိုင်ခြင်းမရှိသော်လည်း “ဟမ်..” သူသည် အသံသူတို့ဆရာထံမှ ထွက်ပေါ်လာသည်ကို ဖာရင်တန်နှင့် မာဒေါ့တ်တို့နှစ်ယောက်လုံးရှင်းလင်းစွာကြားလိုက်ရ၏။

အလံနှစ်စုံမြို့တော်၏ ခံတပ်နံရံပေါ်တွင်ဖြစ်သည်။

ပီတာ၊ တိုးရိစ်၊ ဒရော့ဂ်ဘာနှင့် ကျန်ရှိနေသည့် ကြယ်အဆင့်သိုင်းဆရာများအားလုံးသည် အော်ဟစ်ကာ ဖှေးအား အလွန်အန္တရာယ်များသည့်အခြေအနေတွင်ရှိနေသည်ကို မြင်နေရသည့်အတွက် ကူညီလိုနေကြ၏။

“ရပ်လိုက်ကြ ဘယ်သူမှ မလာခဲ့ကြနဲ့။ လာတဲ့လူတိုင်းကို သစ္စာဖောက်မှုနဲ့အပြစ်ပေးမယ်။” ဖှေးသည် ခံတပ်နံရံပေါ်တွင်ဖြစ်နေသည်ကို ရိပ်မိသွားသောကြောင့် အော်ဟစ်ကာ လူတိုင်းကို တားဆီးလိုက်၏။

သူ့ထံသို့ ပျံသန်းလာနေသည့် မီတာ၁၀၀မှ လက်ကြီးသည် အလွန်ပင်စွမ်းအားမြင့်မားလွန်းလှသည်။ ဇီးနစ်အင်ပါယာမှ သိုင်းဆရာများအားလုံးသူ့အား ကူညီမည်ဆိုလျှင်တောင် သူတို့သည် ကူညီရန်အခွင့်ရေးမရသေးခင်မှာပင် သူတို့သည် အသားစများအဖြစ်ပြောင်းလဲသွားနိုင်၏။

“အယ်လီနာ မြို့ထဲကို ပြန်တော့...” ဖှေးသည် ဓားမုန်တိုင်းအစွမ်းကို အသုံးပြုရင်းဖြင့် သွေးများဖြင့် စိုရွဲနေသည့် အယ်လီအား ပြောလိုက်၏။

သူ့အား ပြန်လည်တုန့်ပြန်သည်မှာ လေးကြိုးသံများသာပင်ဖြစ်၏။

ရေခဲမြှားများကို မီတာ၅၀ခန့်အကွာတွင်ရှိနေသည့် လက်ကြီးထံသို့ ဆက်တိုက်ပစ်လွှတ်နေ၏။

ဖှေးသည် ခါသီးစွာဖြင့် ပြုံးလိုက်ပြီးဘာမှ ထပ်မပြောတော့ပေ။

အယ်လီနာအား မည်မျှပင် အန္တရာယ်များစေကာမူ အတူတကွရင်ဆိုင်မည်ဟု ကတိပေးထားခဲ့သည်ကို ပြန်လည်ကာ သတိရလိုက်မိသည်။ အယ်လီနာသည် ယခင်က ဖှေး၏ မည်သည့်အမိန့်ကိုမဆိုနားထောင်ခဲ့သော်လည်း ဤအမိန့်ကိုမူ နားထောင်မည်မဟုတ်ပေ။

All Chapters