အခန်း (၅၃၅)
Vol. 34 Ch. 535
အခြေအနေမှာ ခက်ခဲနေသော်လည်း ဖှေးမျှော်လင့်ချက်မမဲ့သေးပေ။
သူ၏ မျက်လုံးများသည် တောက်ပသည်ထက်ပိုမို၍တောက်ပလာ၏။
သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပင်ရှိနေသေးသည်။
ထိုကြီးမားသည့်လက်ကြီးသည် သူ့အား ဖိအားများစွာပေးနေပြီး သူ၏ အရိုးများကြွက်သားများသည် အဆက်မပြတ်ထိခိုက်နေလျှက်ရှိသော်လည်း သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ထူးခြားသည့် ပြောင်းလဲမှုများဖြစ်ပေါ်လာနေသည်ကို အာရုံခံမိနေပြီဖြစ်သည်။
သူသည် ထူးခြားပြီးဆန်းကြယ်သည့် တစ်စုံတစ်ခုအား နားလည်သဘောပေါက်လာသကဲ့သို့ ဖှေးခံစားနေရ၏။ အမှောင်ထဲတွင် အချိန်အတန်ကြာပိတ်မိနေခဲ့ပြီးမှ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ပင်။ ထိုအရာသည် အရေးကြီးသည့် အရာတစ်ခုဖြစ်ကြောင်း သူသိရှိလိုက်၏။
ထိုကြီးမားသည့် လက်ကြီးသည် နီးကပ်သည်ထက်ပို၍ နီးကပ်လာနေပြီး သူခံစားနေရသည့် ဖိအားသည်လည်း ပို၍ပို၍ပင် များပြားလာတော့သည်။
သရဖူကဲ့သို့သော လယ်ဗယ်၈ ဦးဆောင်းမှလွဲ၍ ဖှေး၏ မှော်၀င်ပစ္စည်းများအားလုံး ပျက်ဆီးကုန်ပြီးဖြစ်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး သူ၏ အရိုးများမှ ကျိုးကြေနေသည့် အသံများအဆက်မပြတ်ထွက်ပေါ်လာနေလျှက်ရှိသည်။ အားနည်းသည့် အရိုးတစ်ချို့ဆိုလျှင် ကျိုးကြေကုန်ပြီးဖြစ်၏။
အယ်လီနာ တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။
သူမသည် ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ဘုရားရှိခိုးနေသကဲ့သို့ လက်အုပ်ချီလိုက်သည်။ သူမ၏ ခြေထောက်အောက်တွင် ရွှေရောင်တိုက်ပွဲစက်ကွင်းတစ်ခုပေါ်လာပြီး စွမ်းအင်လှိုင်းများပြန့်နှံ့လာတော့၏။ သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုစိုက်ခြင်းမရှိပဲ သူမတွင် ကျန်ရှိနေသည့် စွမ်းအင်များအားလုံးကို ဤအစွမ်းထဲတွင်ပေါင်းထည့်လိုက်ပြီး ရွှေရောင်စွမ်းအင်များကို ဖှေး၏ ခန္ဓာကိုယ်ထဲသို့သာ စီး၀င်စေလိုက်သည်။
ပါလာဒင်ဇာတ်ကောင်၏ အစွမ်းကုသခြင်းပင်။
ဤကဲ့သို့ အန္တရာယ်များသည့် အခြေအနေတွင် အယ်လီနာသည် ဤအစွမ်းကိုအသုံးပြုကာ ဖှေးအား ကုသပေးနေခြင်းပင်။
သူမသည် ဖှေးအပေါ်ကိုသာ အာရုံစိုက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဒဏ်ရာများနှင့် အနီရောင်၀တ်ရုံနှင့်လူထံမှ ခံစားနေရသည့် ဖိအားဒဏ်တို့ကို လျစ်လျူရှုလိုက်၏။ လက်အုပ်ချီကာ မျက်လုံးများကို တင်းကြပ်စွာပိတ်ထားပြီး သူမချစ်ရသည့် လူတစ်ယောက်အတွက် ဆုတောင်းနေသကဲ့သို့ပင်။
ဖှေး၏ ခန္ဓာကိုယ်သည်ပြင်းထန်စွာဒဏ်ရာရရှိနေသော်လည်း သူ၏မျက်လုံးများသည် တောက်ပနေလျှက်ရှိဆဲပင်။ ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို မော့သောက်ကာ ဓားမုန်တိုင်းသိုင်းကွက်ကို အဆက်မပြတ်အသုံးပြုနေ၏။
......
အလံနှစ်စုံမြို့တော်ထဲတွင်ဖြစ်သည်။
မြို့တော်၀န်စံအိမ်၏ ခြံ၀န်းထဲတွင်ရှိသည့်လှပသည့် ဥယျာဥ်တစ်ခုထဲတွင်
“အား င့ါနှလုံးသားတွေအောင့်နေသလိုပဲ။ ဒီခံစားချက်က ဘာဖြစ်တာလဲ။ မဟုတ်မှ လွဲရော အလတ်ဇန္ဒားများ...” အန်မာနှင့် အတူ ဘလတ်ကီအား ရေချိုးပေးနေသည့် သူမမျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး ဖှေးရှိရာအရပ်ထံသို့ကြည့်လိုက်၏။ သူမ၏ တန်ဖိုးထားသည့် တစ်စုံတစ်ခုသည် သူမထံမှ ဖြေးညှင်းစွာထွက်သွားနေသကဲ့သို့ သူမသည် အလွန်စိုးရိမ်သည့် ခံစားချက်တစ်ခုကို ခံစားနေရလျှက်ရှိ၏။
“နင်အဆင်ပြေရဲ့လား အန်ဂျယ်လာ...” အန်မာသည် အန်ဂျယ်လာအား သတိထားမိလိုက်သဖြင့် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ငါခံတပ်နံရံပေါ်ကို သွားမှဖြစ်မယ်။ ငါအနောက်ဘက် ဂိတ်တံခါးကို သွားမှဖြစ်မယ်။ အလတ်ဇန္ဒားကို ငါသွားကြည့်ဖို့လိုတယ်...” အန်ဂျယ်လာသည် တစ်ခါမှမကြုံဖူးသေးသည့် ကြောက်လန့်ခြင်းတစ်မျိုးကိုခံစားလိုက်ရပြီး ဘလက်ကီ၏ ကြောပြင်ပေါ်သို့ ခုန်တက်လိုက်သည်။ သူမသည် ဘလက်ကီ၏ နားနားသို့ တစ်စုံတစ်ရာကပ်ပြောလိုက်၏။ နေရောင်အောက်တွင် အိပ်စက်နေသည့် ဘလက်ကီသည် သူ၏ မျက်လုံးများကိုဖွင့်လိုက်ပြီး ရုတ်တရက် နံရံများကို ခုန်ကျော်ကာ အနောက်ဘတ်ဂိတ်တံခါးထံသို့ ပြေးသွားတော့၏။
အန်ဂျယ်လာ၏ အဖြူရောင်၀တ်ရုံသည် လေထဲတွင် လွှင့်ပျံနေလျှက်ရှိသည်။
“င့ါကို စောင့်နေပါ အလတ်ဇန္ဒား...” ကောင်မလေးသည် စိုးရိမ်သည့် မျက်လုံးများဖြင့် ဘလက်ကီ၏ ကြောပေါ်တွင် လိုက်ပါလာ၏။ လေထဲတွင် လွှင့်ပျံနေသည့် သူမ၏ ဆံပင်များကိုပင် ပြန်လည်ပြုပြင်ခြင်းမရှိပေ။
ဤအခိုက်တန့်တွင် အန်မာ၏ မျက်နှာပေါ်တွင်လည်း တစ်စုံတစ်ခုကို သဘောပေါက်လိုက်သကဲ့သို့ စိုးရိမ်သည့် အမူယာတစ်ခုပေါ်လာ၏။
ဘလက်ကီသည် အလွန်လျှင်မြန်လှသည်။ လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ပင်။ လမ်းပေါ်တွင် အဆောက်ဦးများရုပ်တုများကို ဖြတ်ကျော်ကာ လျှင်မြန်စွာပြေးလွှားနေလျှက်ရှိ၏၊ သူတစ်ခါခုန်လိုက်သည့် အချိန်တိုင်းတွင်အရှေ့သို့ မီျတာလေးဆယ်ခန့်ရောက်ရှိသွားမည်ဖြစ်သည်။
သို့သော် သူ၏ ကြောပေါ်တွင် လိုက်ပါစီးနှင်းလာနေသည့် ကောင်မလေးသည် ခရီးကြမ်းဒဏ်ကို ခံဏားရခြင်းမရှိပေ။
ဘလတ်ကီလမ်းမပေါ်တွင်ဖြတ်ပြေးနေသည့် မြင်ကွင်းကြောင့် မြို့တော်ထဲတွင် အုန်းအုန်းကြွကြွဖြစ်သွား၏။
လမ်းမပေါ်တွင် အသားညိုညိုနှင့်လူတစ်ယောက်သည် လှပသည့်ကောင်မလေးတစ်ယောက်နှင့်အတူ လမ်းလျှေက်နေလျှက်ရှိသည်။ ထိုလူသည် တစ်စုံတစ်ခုကိုအာရုံခံလိုက်မိသည့်အတွက် အပေါ်သို့ မော့ကြည့်လိုက်သည်။ သူ့အား ဖြတ်ပြေးသွားသည့် မဟူရာမုန်တိုင်းကို မြင်တွေ့လိုက်ရသည့်အတွက် အော်ဟစ်လိုက်၏။ “ဒါက ဒါက ဘုရင်အလတ်ဇန္ဒားရဲ့ စီးတော်သားရဲကောင်ကြီးပဲ။ အပေါ်က အဖြူရောင်၀တ်ရုံနဲ့ မိန်းမလှလေးကရော ဘယ်သူလဲမသိဘူး...”
သူမအား စက္ကန့်အနည်းငယ်ခန့်သာမြင်တွေ့လိုက်ရသော်လည်း သူမ၏ အလှတရားကြောင့် မင်သက်မိသွားသည်။
ဘုရင်အလတ်ဇန္ဒားတွင် ဉာဏ်ရည်မြင့်မားသည့် အမဲရောင်မှော်သားရဲကြီးတစ်ကောင်ရှိသည်ကို မြို့ထဲမှ လူတိုင်းသိရှိကြ၏။
ထိုလူ၏ ဘေးတွင်ရှိနေသည့် ကောင်မလေးသည် ရုတ်တရက် သူမ၏ နှလုံးသားကို ဖိလိုက်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ နားမလည်နိုင်သည့် အမူယာဖြင့် ထိုယောက်ျားကို လက်ကို လမ်းဆွဲလိုက်ကာ မေးလိုက်သည်။ “ငါ့ရဲ့ နှလုံးအောင့်နေတယ် အီမိုင်းလ်။ ငါကအဲ့ကောင်မလေးရဲ့ စိုးရိမ်စိတ်တွေကို တနည်းနည်းနဲ့အာရုံခံမိနေတဲ့ပုံပဲ။”
“တိုက်ပွဲစနေပြီလေ...” အသားမဲမဲနှ့င်လူသည် ကောင်မလေး၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။ “ဂျက်စီကာ ဆိုရိုကုန်သွယ်ရေးအဖွဲ့စီကို နင့်ပါနင်ပဲသွားလိုက်တော့။ ဘုရင်အလတ်ဇန္ဒားရဲ့ သက်တော်စောင့်တစ်ယောက်အနေနဲ့ သူ့ကို ကာကွယ်ဖို့ ငါသူ့ဘေးမှာ ရှိနေမှဖြစ်မယ်...”
ထိုကဲ့သို့ပြောအပြီးတွင် မြို့တော်အနောက်ဘက်ဂိတ်တံခါးထံသို့ ပြေးသွားတော့၏။
“အီမိုင်းလ်...အကို ဂရုစိုက်ဦးနော်...” ဂျက်စီကာမှ အော်ဟစ်လိုက်၏။
သူ့ညီမသည်သူ့အား အကိုဟု ပထမဆုံးအနေဖြင့် ခေါ်သည်ကို ကြားလိုက်ရသည့်အတွက် အီမိုင်းလ်သည် တောက်ပစွာပြုံးလိုက်ပြီး လက်ပြကာ အနောက်ဘက်ဂိတ်တံခါးထံသို့ ဆက်လက်ပြေးသွားတော့၏။
......
“ဘယ်သူလဲကွ။ ခွင့်ပြုချက်မပါပဲ တပ်ဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်ပေးနေရာကို ၀င်လာရဲတယ်ပေါ့...”
ဘလတ်ကီသည် အန်ဂျယ်လာအား အနောက်ဘက်ဂိတ်တံခါးကို သယ်ဆောင်သွားသည့်အချိန်တွင် စစ်သည်များနှင့်ခေါင်းဆောင်များ သတိထားမိသွားပြီး မေးမြန်းလိုက်သည်။ သူတို့အများစုမှာ အန်ဂျယ်လာအား မမြင်ဖူးကြသေးသဖြင့် ဖှေးအား သူတို့၏ သစ္စာရှိမှုကို ပြသလိုနေသည့် ဆွေကြီးမျိုးကြီးတစ်ချို့သည် အစောင့်များအား တားဆီးရန်အမိန့်ပေးလိုက်သည်။ ရုတ်တရက်ပင် ဘလတ်ကီနှင့် အန်ဂျယ်လာတို့ကို ရပ်တန့်ရန်အတွက် စစ်သည်များစွာလေထဲသို့ ခုန်တက်လာကြ၏။
“မင်းတို့ကောင်တွေအရှင်မကို ရန်ပြုရဲတယ်ပေ့ါ...” ဤအရာကို ဒရော့ဂ်ဘာမြင်လိုက်မိပြီး ဒေါသဖြင့် အော်ဟစလိုက်သည်။ သူ၏ ကျယ်လောင်သည့် အော်ဟစ်သံသည် လေထဲတွင်ရှိနေသည့် စစ်သည်များစွာကို ထိတ်လန့်သွားစေ၏။
ဆွေကြီးမျိုးကြီးများနှင့် သူတို့၏ ကိုယ်ရံတော်များ ထိတ်လန့်သွားကြသည်။ ဒရော့ဂ်ဘာသည် ဘုရင်အလတ်ဇန္ဒား၏ လူတစ်ယောက်ဖြစ်သည်ကို သူတို့ သိရှိကြပြီး “အရှင်မ”ဟူသည့် စကားလုံးအရ အမဲရောင်နတ်ဆိုးသားရဲကောင်ကြီး၏ ကြောပြင်ပေါ်တွင် လိုက်ပါလာသည့်ကောင်မလေးသည်လည်း ဘုရင်အလတ်ဇန္ဒား၏ ဇနီးတော်ဖြစ်မည်ကို သိသွားကြ၏။ သူတို့အားလုံး ဒူးထောက်ကာ တောင်းပန်လိုက်ကြ၏။
ဘလတ်ကီသည် ခံတပ်နံရံပေါ်တွင် ရိုသေစွာဖြင့် လဲလျောင်းပေးလိုက်သည်။
အန်ဂျယ်လာသည် ဆွေကြီးမျိုးကြီးများကို တစ်ချက်ပင် မကြည့်အားပဲ ခံတပ်နံရံအစွန်းသို့သာ စိုးရိမ်သည့် အမူယာတစ်ခုဖြင့် ပြေးသွားလိုက်၏။
သူမသည် ၀ရန်းတစ်ခုအား ကိုက်လိုက်ပြီး သွေးများဖုံးလွှမ်းလျှက် ကြုံး၀ါးကာတိုက်ခိုက်နေသည့် ဖှေးအား ချက်ချင်းလိုလိုပင် မြင်လိုက်ရ၏။ အန်ဂျယ်လာ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖက်ဖြူယော်ဖြစ်သွားတော့၏။
စစ်မြေပြင်တွင်ရှိနေသည့်လူသည် သွေးများဖြင့် ဖုံးလွှမ်းနေသောကြောင့် သူ၏မျက်နှာကို ကောင်းမွန်စွာမြင်နိုင်ခြင်းမရှိသော်လည်း ထိုလူသည် ဖှေးဖြစ်ကြောင်းကို အန်ဂျယ်လာသိ၏။
မကြာမှီတွင် ဤကောင်မလေးသည် ဖှေးအား အစွမ်းကုန်ကုသပေးနေသည့် အယ်လီနာကိုပါမြင်တွေ့လိုက်ရသည့်အချိန်တွင် သူမ၏ မျက်လုံးများသည် အနည်းငယ်မှေးမှိန်သွား၏။
ဤအခိုက်တန့်တွင် သူမသည် အယ်လီနာအား များစွာပင် မနာလိုဖြစ်မိနေ၏။
သူသည်လည်း အယ်လီနာကဲ့သို့ သူမချစ်ရသည့်လူ၏ဘေးတွင်ရှိနေနိုင်ရန်အတွက်ချက်ချင်းပင် ခုန်ဆင်းသွားလို၏။ သူမသည် အောက်တွင်သေဆုံးသွားမည်ဆိုစေကာမူ သူမတွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော် သူမ၏ အသိစိတ်သည် သူမအား တားဆီးလိုက်၏။ သူသည် ဖှေးအားလုံး၀ပင် ကူညီနိုင်မည်မဟုတ်သည်ကို သိရှိသည့်အတွက်ပင်။ သူမအောက်သို့ ဆင်းသွားပါက ဖှေးအတွက် ပို၍ပင် ခက်ခဲသွားစေနိုင်၏၊ ပထမဆုံးအနေဖြင့် အယ်လီနာသည် အတွင်းအားကျင့်စဥ်များ၊ မှော်ကျင့်စဥ်များကို မကျင့်ကြံခဲ့မိသည့်အတွက် နောင်တရမိနေ၏။
“မစိုးရိမ်ပါနဲ့ အန်ဂျယ်လာ။ သူ့ကို ယုံကြည်ပေးလိုက်ပါ...”
နွေးထွေးသည့် လက်တစ်ဖက်သည် အန်ဂျယ်လာ၏ ပခုံးကို ပုတ်လိုက်ပြီး အန်ဂျယ်လာ၏ တင်းမာနေသည့် နှလုံးသားသည်လည်း အနည်းငယ်သက်သာသွား၏။ အန်ဂျယ်လာအား စိတ်အေးအောင်လုပ်နိုင်သည့် တစ်ယောက်ထဲသောလူမှာ ဖရန့်ခ်-လမ်းပါ့ဒ်ပင်။
“ဦးလေးလမ်းပါ့ဒ်...” အန်ဂျယ်လာရေရွတ်လိုက်သည်။
“သူ့ကို ယုံလိုက်ပါအန်ဂျယ်လာ။ အလတ်ဇန္ဒားကို ဘယ်သူမှ အနိုင်မယူနိုင်ပါဘူး။ သူက ချမ်းဘော့ဒ်ဘုရင်ပဲ။ သူက တစ်နေ့နေ့မှာ ကမ္ဘာကြီးရဲ့ဘုရင်တစ်ပါးဖြစ်လာလိမ့်မယ်...” လမ်းပါ့ဒ်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။
အန်ဂျယ်လာခေါင်းငြိမ့်ပြလိုက်သည်။
သူမသည် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး လက်အုပ်ချီအကာ မျက်လုံးများမှိတ်လိုက်ပြီး စတင်၍ ဆုတောင်းတော့၏။
စစ်သည်များ၏ ဆူညံသံများ၊ ဓားမုန်တိုင်း၏ အသံများနှင့် လေထဲတွင်လွှင့်ပျံနေသည့် အလံများ၏ အသံတို့မှာ တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွား၏။ အန်ဂျယ်လာကြားနိုင်သည့် တစ်ခုတည်းသောအရာမှာ သူမ၏ အသံနှင့် သူမ၏ ၀ိဉာဥ်မှ တိုင်တည်နေသည့် “အလတ်ဇန္ဒား နင်နိုင်နိုင်ပါတယ်။ နင်နိုင်လိမ့်မယ်...”
လေညှင်းသည် သူမ၏ အနက်ရောင်ဆံပင်များနှင့် အဖြူရောင်၀တ်ရုံတို့ကို လွှင့်ပျံနေစေလျှက်ရှိရာ ဤမြင်ကွင်းသည်လှပ၏။
ခံတပ်နံရံပေါ်တွင်ရှိနေသည့် လူတိုင်းသည် ဤကောင်မလေးကိုကြည့်ကာ တွေးလိုက်မိသည်။ “တပ်ဖွဲ့ခေါင်းဆောင် ဘုရင်အလတ်ဇန္ဒားမှာ ဒီလောက်ကျက်သရေရှိပြီးလှပတဲ့ ဇနီးတစ်ယောက်ရှိနေတာပဲ။ ဒီနတ်သမီးလိုကောင်မလေးကို ပိုင်ဆိုင်ဖို့ထိုက်တန်တဲ့တစ်ယောက်ထဲသောလူက ဘုရင်အလတ်န္ဒားပဲရှိမယ်....”