← Chapters

အခန်း (၅၃၆)

Vol. 34 Ch. 536

အခန်း (၅၃၆)

Vol. 34 Ch. 536

မမြင်နိုင်သည့်လက်ကြီးသည် ဖှေးထံသို့ ဖြေးညှင်းစွာဖြင့် ချည်းကပ်လာနေ၏။

ကံကြမ္မာစက်၀န်းကဲ့သို့ပင် ဖြေးညှင်းစွာရွေ့လျားနေသော်လည်း ရပ်တန့်နိုင်ခြင်းမရှိပေ။ ဖျက်ဆီးနိုင်သည့် အင်အားစွမ်းအင်တစ်ခုနှ့င် ဖှေးထံသို့ ပို၍ပို၍နီးကပ်လာနေ၏။

အနီရောင်၀တ်ရုံနှင့်လူသည် ဖှေး၏ ယုံကြည်ချက်ကို ဖျက်ဆီးရန်အတွက် ဤနည်းလမ်းကိုအသုံးပြုနေကြောင်း ထင်ရှားလှ၏။ သူသည် အလံနှစ်စုံမြို့တော်၏ အားထားရာ ထောက်တိုင်ဖြစ်သည့်ဖှေးအား ဖျက်ဆီးရန်အတွက် ဤကဲ့သို့ ဖြေးညှင်းသော်လည်း ရက်စက်သည့်နည်းလမ်းကိုအသုံးပြုနေခြင်းပင်။

ဖှေးနောက်သို့ဆက်လက်ဆုတ်ခွာသွားသည်။ ယခုအချိန်တွင် သူသည် အလံနှစ်စုံမြို့တော်နှင့် ဆယ်မီတာခန့်သာ ကွာ၀ေးနေတော့၏။

သူ၏ ခြေထောက်နှစ်ဖက်သည် မီတာ၄၀၀ခန့်ပင်ရှည်လျားသည့် နက်ရှိုင်းသည့် တွင်းရာကြီးတစ်ခုထဲတွင် နစ်မြုတ်နေ၏။

သွေးများသည် သူ၏ခန္ဓာကိုယ်ပေါ်မှ အဆက်မပြတ်စီးကျလျှက်ရှိနေသည်။ ဤကဲ့သို့ကြီးမားသည့်ဖိအား၊ မမြင်နိုင်သည့် လက်ဖ၀ါးရာ၏ အဖျက်စွမ်းအားများ၊ ပြန်လည်သစ်လွင်ဆေးပုလင်း၏ ကုသခြင်းစွမ်းအင်များ၊ အယ်လီနာထံမှ စီး၀င်နေသည့် စွမ်းအင်များတို့၏ အောက်တွင် ဖှေး၏ခန္ဓာကိုယ်သည် ပျက်ဆီးလိုက်ကုသလိုက်ဖြစ်နေ၏။ လယ်ဗယ်၉၉လူရိုင်းဇာတ်ကောင်၏ မာကြောသည့် ခန္ဓာကိုယ်ကြောင့်သာမဟုတ်ပါက ကျန်ရှိနေသည့် ကြယ်အဆင့်စစ်သည်များဆိုလျှင်သေဆုံးသွားနိုင်လောက်ပြီဖြစ်၏။

ဤကဲ့သို့ဖြစ်သော်လည်း ဖှေးသည် ပြင်းထန်းစွာဒဏ်ရာရနေပြီဖြစ်သည့် အယ်လီနာအား သူ၏ အနောက်တွင် ဆက်လက်ကာကွယ်ကာ လက်ရာကြီးမှ ဖိအားများကို တစ်ယောက်ထည်းရင်ဆိုင်နေလျှက်ရှီသည်။

ဓားမုန်တိုင်းမှ ဓားသွားစွမ်းအင်များဖြင့် ဖန်တီးထားသည့် ငွေရောင်သံမဏိနဂါးများသည် ထိုလက်ကြီးကို အဆက်မပြတ်ဆက်လက်တိုက်ခိုက်နေလျှက်ရှိသည်။

တစ်ခုရှိသည်မှာ ဤတိုက်ခိုက်မှု၏ သက်ရောက်မှုမှာ တဖြည်းဖြည်း လျှော့နည်းလာနေခြင်းပင်။

ထိုလက်ရာတွင်းမှ စွမ်းအင်များသည် စက္ကန့်နှင့်အမျှပို၍မြင့်မားလာနေလျှက်ရှိသည်ကို လူတိုင်းအာရုံခံမိနေ၏။

“ဟားဟားဟားဟားဟား...”ဘုရင်၏ ကျယ်လောင်သည့် ရယ်သံသည် စစ်မြေပြင်တွင် ပဲ့တင်သွား၏။

ရုတ်တရက်ပင် ကျယ်ပြန့်ကာ မြင့်မြတ်သည့်စွမ်းအင်တစ်ခုသည် ခံတပ်နံရံပေါ်မှ ပျ့ဿန်းလာ၏။ ထိုစွမ်းအင်သည် အလွန်စွမ်းအားမြင့်မားလှပြီး ရှေးကျသည့် ခံစားချက်တစ်ခုရှိနေရာ နတ်ဘုရားတစ်ပါး လူ့လောကထဲသို့ ဆင်းသက်လာနေသကဲ့သို့ပင်။ တောက်ပသည့် နူးညံသည့် စွမ်းအင်များသည် ခံတပ်နံရံပေါ်မှကျဆင်းလာနေကာ ဖှေး၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွား၏။

“ဒါက....” ဖှေးထိုစွမ်းအင်ကို အာရုံခံလိုက်မိသည်။

ထိုစွမ်းအင်သည် အလွန်နွေးထွေလှပြီး ချစ်ရသူတစ်ယောက်ပွေ့ဖက်လိုက်သကဲ့သို့ပင်။ ဤစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားပြီး သူ၏ခန္ဓာကိုယ်မှ ခံစားနေရသည့် နာကျင်မှုများအားလုံးပျောက်ကွယ်သွား၏။ အတွင်းအားစွမ်းအင်များနှင့် မှော်စွမ်းအင်များနှင့် မတူညီပဲ ဤစွမ်းအင်သည် အကန့်သက်တစ်ခုရှိနေသော်လည်း ပို၍အရည်သွေးမြင့်မားသည်။ ဤစွမ်းအင်အရည်သွေးမှာ သူ့ထံသို့ ပျံသန်းလာနေသည့် လက်ရာကြီးထက်ပင် ပို၍ကောင်းမွန်နေသည်ကို ဖှေးခံစားလိုက်မိသည်။

ဤအခိုက်တန့်တွင် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် မျိုးစေ့တစ်ခုသည် ကြီးထွားကာဖူးဖွင့်လာနေသကဲ့သို့ပင်။

ဤစွမ်းအင်၏ အစွမ်းကြောင့် အခြေအနေသည်မမျှော်လင့်ထားပဲပြောင်းလဲသွားတော့၏။ ၀က်တစ်ကောင်သည် မြင့်မြတ်သည့် နဂါးတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အတိုင်းပင်။ ဖှေးအား စိုးမိုးနေသည့် ကြီးမားသည့်လက်ဖ၀ါးရာကြီးသည် တွန့်ဆုတ်သွားကာ ရှေ့သို့ ဆက်လက်ရွေ့လျားလာခြင်းမရှိတော့ပေ။

......

အလံနှစ်စုံမြို့တော်၏ ခံတပ်နံရံပေါ်တွင် လူတိုင်းအံ့သြနေလျှက်ရှိကြသည်။

ခံတပ်နံရံပေါ်မှ ကျဆင်းလာပြီး ဖှေး၏ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားသည့် ငွေရောင်စွမ်းအင်သည် အတွင်းအားနှင့် မှော်စွမ်းအင်လုံး၀မရှိသည့် အန်ဂျယ်လာထံမှဖြစ်သောကြောင့်ပင်။

အလင်းရောင်သည် အနည်းငယ်မှေးမှိန်နေသော်လည်း ခမ်းနားကြီးကျယ်ကာ ခုခံ၍မရနိုင်ပေ။ နတ်ဘုရားတစ်ပါးရောက်ရှိလာသကဲ့သို့ပင် ကြောက်မက်ဖွယ်ဖိအားတစ်ခုထွက်ပေါ်လာပြီး လူတိုင်းသည် သူမအား ဒူးထောက်ကာ ကိုးကွယ်ချင်စိတ်များပေါ်ပေါက်လာ၏။ လူတိုင်းသူတို့၏ ခေါင်းများကို ငုံ့ထားလိုက်ကြသည်။ ဤအဖြူရောင်၀တ်ရုံနှင့်ကောင်မလေးကို ကြည့်မိပါက နတ်ဘုရားများကို စော်ကားလိုက်မိသကဲ့သို့ အပြစ်မကင်းသလိုခံစားမိသည့်အတွက်ပင်။

“အန်ဂျယ်လာ...” ရှုပ်ထွေးသည့် ခံစားချက်တစ်ခုသည် လမ်းပါ့ဒ်၏ မျက်နှာပေါ်တွင်ပေါ်လာ၏။

သူသည် အန်ဂျယ်လာ၏ ခန္ဓာကိုယ်ထဲမှ စီးထွက်လာနေသည့် ငွေရောင်အလင်းတန်းများကို ကြည့်ရင်းဖြင့် ဤကောင်မလေးသည် သူနှင့်ရင်းနှီးသော်လည်း ထူးဆန်းနေသလို ခံစားနေရ၏။ လွန်ခဲ့သည့်နှစ်နှစ်ဆယ်မှ အဖြစ်ပျက်များသည် သူ၏ခေါင်းထဲသို့ ပြန်လည်ကာ စီး၀င်လာနေလျှက်ရှိ၏။ သူ၏ ရှေ့တွင်ရှိနေသည့် ကောင်မလေးသည် နတ်သမီးတစ်ပါးကဲ့သို့ပင်။ လွန်ခဲ့သည့်နှစ်ဆယ့်ခြောက်နှစ်က သူနှင့်သိခဲ့ဖူးသည့် ကောင်မလေးတစ်ယောက်ကဲ့သို့ပင်။

ချမ်းဘော့ဒ်ဘုရင်မ၏ ပတ်ပတ်လည်တွင်ရှိနေသည့်လူတိုင်းဒူးထောက်လိုက်ကြ၏။

......

“ဒါက ဘယ်လို။ နတ်ဘုရားတွေရဲ့စွမ်းအားလား...”

သဲတောင်ကုန်းထိပ်တွင် ရပ်နေသည့် အနီရောင်၀တ်ရုံနှင့်လူသည် အံ့သြစွာဖြင့် အော်ဟစ်လိုက်၏။ သူ၏ အေးစက်ကာ တည်တည်ငြိမ်ငြိမ်နေတတ်သည့် ပုံရိပ်သည် ပျက်စီးသွားတော့၏။

သူတို့ဆရာနောက်တွင်ရပ်နေကြသည့် မာဒေ့ါတ်နှင့် ဖာရင်တန်တို့သည်လည်း ခံတပ်နံရံပေါ်မှ ထွက်ပေါ်လာနေသည့်ငွေရောင်အလင်းတန်းကြောင့် အံ့သြသွားကြသည်။ သို့သော် သူတို့ဆရာ၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏နှလုံးသားကို တူဖြင့်အထုခံလိုက်ရသကဲ့သို့ပင်။ ပါးစပ်အဟောင်းသားဖြင့် သူတို့၏အမူယာများသည်လည်း ထူးဆန်းနေ၏။ ပထမဆုံးအနေဖြင့် သူတို့၏ ဆရာဤကဲ့သို့ပြုမူနေသည်ကို မြင်တွေ့ဖူးခြင်းပင်။ ချမ်းဘော့ဒ်ဘုရင် ဓားသွားစွမ်းအင်များစွာကိုအသုံးပြုပြီး သံမဏိနဂါးများကို ဖန်တီးခဲ့စဥ်ကပင် သူတို့၏ ဆရာသည် ဤမျှ အံ့သြခြင်းမပြုခဲ့ပေ။

“နတ်ဘုရားစွမ်းအင်ဟုတ်လား။ မဟုတ်မှလွဲရော နတ်ဘုရားတစ်ပါးပုန်းအောင်းနေတာလား။” ဖာရင်တန်နှင့် မိုဒေါ့တ်တို့သည် သူတို့ကြားလိုက်ရသည်ကိုပင် မယုံနိုင်ဖြစ်သွား၏။

အနီရောင်၀တ်ရုံနှင့်လူသည် သူတစ်ယောက်တည်းသာ ကြားနိုင်သည့်အသံဖြင့် ရေရွတ်လိုက်၏။ “စိတ်၀င်စားစရာပဲ မသေမျိုးတစ်ယောက်ဖြစ်နေပြီးတော့ နတ်ဘုရားတွေပဲ ထိန်းချုပ်နိုင်တဲ့စွမ်းအားကို ဆင့်ခေါ်နို်ငတာပဲ။ ဒီကောင်မလေးက ဘယ်သူလဲ။ မဟုတ်မှလွဲရော...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ သူမဆင့်ခေါ်နိုင်တဲ့စွမ်းအားပမာနမှာ အကန့်သက်တစ်ခုရှိနေတာ ကံဆိုးတာပဲ။ သူင့ါကိုယှဥ်နိုင်မှာမဟုတ်ဘူး။ တကယ်လို့သာ သူမပိုပြီးတော့ အစွမ်းထက်လာမယ်ဆိုရင် ငါ့ကိုဒုက္ခပေးလာနိုင်တယ်။ ကောင်းတယ် အဲ့လိုဖြစ်မလာနိုင်အောင် အဲ့ကောင်မလေးကို အခုပဲသတ်လိုက်တာပေါ့...”

စိတ်ဆုံးဖြတ်ပြီးချိန်တွင် အနီရောင်၀တ်ရုံနှင့်လူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။

သို့သော် သူ၏ ခြေတစ်လှမ်းကြောင့် ပတ်၀န်းကျင်တစ်ခုလုံးပင် ပြောင်းလဲသွား၏။

သူနှင့် မီတာ၁၀၀၀ခန့်အကွာ၀ေးတွင်ရှိနေသည့် လက်ရာကြီးပေါ်တွင် အနီရောင်မီးတောက်များတောက်ပလာကာ ရှေ့သို့ ချက်ချင်းပင်ဆက်လက်ပျံသန်းသွားတော့သည်။ ယခင်ကနှင့်မတူသည်မှာ ဤအနီရောင်၀တ်ရုံနှင့်လူသည် အန်ဂျယ်လာနှင့် တစ်ခြားလူများရှိနေသည့်အလံနှစ်စုံမြို့တော်၏ ခံတပ်နံရံကြီးကို အမြန်ဆန်ဆုံးဖျက်စီးပစ်ချင်နေသကဲ့သို့ပင်။

ဖှေး၏ ခံစားချက်များခါးသီးသွားပြီး သူ၏မျက်နှာသည် အရောင်ပြောင်းသွား၏။

သူ၏ခန္ဓာကိုယ်ထဲတွင်အပြောင်းလဲများဖြစ်ပေါ်လာနေပြီး သူသည် လယ်ဗယ်များမြင့်တတ်လာနေလျှက်ရှိသည်။ ကျင့်စဥ်လမ်းကြောင်းတစ်ခုသည် ဖှေး၏ခေါင်းထဲတွင် ဖြေးညှင်းစွာဖြင့် ပေါ်လာနေပြီး ဖှေး၏ ခန္ဓာကိုယ်ထဲတွင် လျှင်မြန်စွာထူထပ်လာနေသကဲ့သို့ပင်။ ဖှေးတောလစ်နှင့် ကောလစ်တို့ကို အနိုင်ယူခဲ့စဥ်က ရရှိခဲ့သည့် သူ၏ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်နေနေခဲ့သည့်ရွှေရောင်စွမ်းအင်များသည်လည်း ဖှေး၏အရိုးများကြွက်သားများထဲ့သို့ စတင်ကာ စီး၀င်လာနေ၏။ ဤအပြောင်းလဲများ ဖြစ်ပေါ်နေသည့်အချိန်တွင် ဖှေးသူ၏ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်ခြင်းမရှိပေ။ ဖှေးဒိုင်ယာဘလိုကမ္ဘာထဲသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရန်အတွက် ပေါ်တယ်ကိုပင် ဆင့်ခေါ်နိုင်ခြင်းမရှိပေ။

ထိုကြီးမားသည့် လက်ဖ၀ါးရာကြီးသည် သူ့ထံသို့ အညှာတာကင်းမဲ့စွာဖြင့် ပျံသန်းလာနေ၏။

အန်ဂျယ်လာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသည့် ရှေးကျသည့် ငွေရောင်စွမ်းအင်များပင် ထိုလက်ဖ၀ါးသိုင်းကွက်ကို တားဆီးနိုင်ခြင်းမရှိတော့ပေ။ ငွေရောင်စွမ်းအင်များစတင်၍ မှေးမိန်လာပြီး အန်ဂျယ်လာ၏ နှုတ်ခမ်းမှ သွေးများစီးကျလာနေ၏။

ဤအခိုက်တန့်တွင် အခြေအနေသည် အလွန့်အလွန်ပင် အန္တရာယ်ကြီးမားလာနေတော့သည်။

All Chapters