အခန်း (၅၃၇)
Vol. 34 Ch. 537
လူတိုင်း ဖှေး ဤသိုင်းကွက်အောင်တွင် သေဆုံးတော့မည်ကို ကြည့်နေသည့်အချိန်တွင် ထိတ်လန့်ဖွယ်တစ်စုံတစ်ခုဖြစ်ပျက်သွား၏။
ကန္တာရထဲတွင် မုန်တိုင်းတစ်ခုတိုက်ခတ်လိုက်သကဲ့သို့ မြေဂုဏ်သတ္တိ မှော်စွမ်းအင်အရှိန်၀ါတစ်ခုထွက်ပေါ်လာ၏။ နေရာတစ်၀ိုက်တွင်ရှိနေသည့် မြေဂုဏ်သတ္တိ၀တ္တုများအားလုံးလေထဲသို့ လွှင့်ပျံကုန်ကြသည်။ အနီရောင်စွမ်းအင်မီးတောက်များသည် ကောင်းကင်ပေါ်တွင် တောက်ပနေသည့် နေမင်းကိုပင် ဖုန်းလွှမ်းသွားပြီး တိမ်တိုက်များစု၀ေးလာကြ၏။
လူတိုင်းမတုန့်ပြန်နိုင်သေးခင်မှာပင် ကြီးမားသည့် မှော်တောင်၀ှေးနှင့်တူသည့် ကြီးမားသည့် အ၀ါရောင်ထောက်တိုင်ပြီးတစ်ခုသည် တိမ်တိုက်များထဲမှ ထွက်ပေါ်လာ၏။
ဤမှောင်တောင်၀ှေးကြီးသည် သစ်ခြောက်ပင်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်နေပြီး လူတစ်ချို့ဆိုလျှင် ဤတောင်၀ှေးမှ အကိုင်းခတ်များကိုပါမြင်တွေ့နေရ၏။ မှော်ထွင်းစာများစွာသည် ဤမှော်တောင်၀ှေးကြီးကိုလှည့်လှည်နေကြပြီး ဤမှော်တောင်၀ှေးသည် ဖြေးညှင်းစွာရွေ့လျားနေသကဲ့သို့ပင်။ သို့သော် ထိုတောင်၀ှေးသည် ကြီးမားသည့်လက်ဖ၀ါးရာကြီးကို အချိန်မှီ တားဆီးလိုက်၏။
ဤအခိုက်တန့်တွင် လူများစွာသူတို့၏ မျက်လုံးများကို ပိတ်ထားလိုက်ကြသည်။
စွမ်းအားမြင့် သိုင်းကွက်နှစ်ခုတွေ့ဆုံလိုက်သည့်အချိန်တွင် စွမ်းအင်လှိုင်းများ၊ စွမ်းအားအကြွင်းကျန်များလွှင့်စင်ကာ ပေါက်ကွဲမှုများဖြစ်ပေါ်လာတော့မည်ဟု သူတို့ထင်သည့်အတွက်ပင်။
သို့သော် လေပြေတစ်ခုသာ သူတို့အား ဖြတ်သန်း၍ တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် မုန်တိုင်းကဲ့သို့သော စွမ်းအင်လှိုင်းများထွက်ပေါ်လာခြင်းမရှိပေ။
နှစ်ဖက်လုံးတွင်ရှိနေသည့် စစ်သည်များ၊ ခေါင်းဆောင်များ သူတို့၏ မျက်လုံးများကိုဖွင့်လိုက်ကြသည်။
အလံနှစ်စုံမြို့တော်နှင့် မီတာ၄၀ခန့်ရှိသည့်နေရာတွင် အလံနှစ်စုံမြို့တော်အား ဖျက်ဆီးခါနီးဖြစ်နေသည့် အနီရောင်လက်ဖ၀ါးရာကြီးသည် ကြီးမားသည့် ထောက်တိုင်လုံးကြီးကဲ့သို့သော မှော်တောင်၀ှေးနှင် ၀င်တိုက်သွား၏။ စွမ်းအင်လှိုင်းများအပြင်သို့ ပြန့်နှံ့လာခြင်းမရှိပေ။ ထိုအစား တစ်ခုနှင့်တစ်ခု၀င်တိုက်အပြီးသည့်အချိန်တွင် ပုံရိပ်ယောင်နှစ်ခုကဲ့သို့ပင် ဖြေးညှင်းစွာပျောက်ကွယ်သွားကြ၏။ သူတို့သည် ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အတိုင်းပင်။
ဤအခိုက်တန့်တွင် သဘာ၀လွန်ဖြစ်ရပ်များအားလုံးပျောက်ကွယ်သွားပြီး နေမင်းသည် ကောင်းကင်ပေါ်တွင် ပြန်လည်တောက်ပလာ။
လေထဲတွင် မီးစွမ်းအင်နှင့် မှော်စွမ်းအင်အရှိန်၀ါများပြန့်နှံ့နေခြင်းမရှိပါက လူတိုင်းသည် သူတို့အိမ်မက်မက်နေကြသည်ဟုသာ ထင်မိကြမည်ဖြစ်သည်။
“နှင်းတောင် ဟာမစ်။ လူငယ်မျိုးဆက်တစ်ယောက်က ဘာလို့အနိုင်ကျင့်နေရတာလဲ...” အလံနှစ်စုံမြို့တော်အတွင်းမှ နက်ရှိုင်းသည့်အသံကြီးတစ်ခုထွက်ပေါ်လာ၏။ ဤခမ်းနားသည့်အသံကို စစ်မြေပြင်တွင် လူတိုင်းရှင်းလင်းပြတ်သားစွာကြားလိုက်ရသည်။
သူသည်လည်း အဆင့်မြင့်သိုင်းဆရာတစ်ယောက်ပင်။
ဤလူသည် အလံနှစ်စုံမြို့တော်ထဲတွင် ပုန်းအောင်းနေပြီး ယခင်က သူ့အား မည်သူမှ သတိထားမိခဲ့ခြင်းမရှိပေ။ ဤကဲ့သို့အရေးကြီးသည့်အချိန်တွင် ထိုလူသည် ပုန်းအောင်းနေရာမှ ထွက်လာပြီး ဖှေးနှင့် အလံနှစ်စုံမြို့တော်ကို ကယ်တင်ခဲ့ခြင်းပင်။
“ဟမ် ငါက သူ့ကို နည်းနည်းလောက်ပဲ သင်ခန်းစာပေးမလို့ပါ။ မဟာနှင်းတောင်က ပညာသင်တွေကို ဒီလိုအရှက်ခွဲလို့မရဘူး။” အနီရောင်၀တ်ရုံနှင့်လူသည် ပြန်ဖြေလိုက်၏။ စစ်မြေပြင်တွင်ရှိနေသည့် လူတိုင်း သူ၏အသံကိုလည်း ရှင်လင်းပြတ်သားစွာကြားလိုက်ရသည်။
“လူငယ်မျိုးဆက်တွေကို သူတို့ကိစ္စသူတို့ ရှင်းကြပါစေ။ ခင်ဗျား၀င်စွက်ဖက်စရာမလိုပါဘူး...” အလံနှစ်စုံမြို့ထဲအတွင်းမှ စွမ်းအားမြင့်မားပြီး ကြီးကျယ်ခမ်းနားသည့် အသံဆက်လက်၍ ထွက်ပေါ်လာပြန်သည်။
ခနတာတိတ်ဆိတ်သွားသည်။
အနီရောင်၀တ်စုံနှင့်လူ မည်ကဲ့သို့တွေးနေသည်ကို မည်သူမှ သိရှိခြင်းမရှိပေ။ အခိုက်တန့်တစ်ခုကြာခန့် အလံများလွှင့်ပျံသံတို့ကိုသာ ကြားနေရ၏။
တိတ်ဆိတ်မှုသည် ခြောက်ခြားဖွယ်ပင်။
အလံနှစ်စုံမြို့တော်ဘေးတွင် ဖှေး၏မျက်လုံးများသည် တောက်ပသည်ထက်ပို၍တောက်ပလာနေ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ထူးခြားသည့်ပြောင်းလဲမှုများဖြစ်ပေါ်လာသည်ကို သူအာရုံခံလိုက်မိသည့်အတွက်ပင်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာများအားလုံးသည် ယခုအချိန်တွင် ပျောက်ကင်းသွားပြီးဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် အသစ်ပြန်လည်မွေးဖွားသကဲ့သို့ပင် ပို၍သန်မာလာ၏။ တကယ်တန်းတွင် သူ၏ ခန္ဓာကိုယ်သည် သံမဏိသားဖြင့်ပြုလုပ်ထားသကဲ့သို့ပင် မာကြောကျစ်လစ်နေ၏။
မိနစ်၀တ်ခန့်ကြာသည့်အချိန်တွင် အနီရောင်၀တ်ရုံနှင်လူသည် တစ်ဖက်သို့လှည့်လိုက်ပြီး သူနှင့်သိပ်မ၀ေးသည့်နေရာတွင်ရှိနေသည့် ရွက်ဖျင်တဲများထံသို့ လမ်းလျှောက်သွားလိုက်၏။ သူ၏ မျက်နှာကို မည်သူမှ မြင်နိုင်ခြင်းမရှိသော်လည်း သူသည် တည်ငြိမ်နေမည်မဟုတ်ကြောင်းကို လူတိုင်းခန့်မှန်းမိကြသည်။
ဤအနီရောင်၀တ်ရုံနှင့်လူသည် အလံနှစ်စုံမြို့တော်အတွင်းမှ လျို့၀ှက်ထူးဆန်းသည့်သိုင်းဆရာကို အနည်းငယ်ကြောက်လန့်နေကြောင်းမှာ ထင်ရှားလှသည်။
သူတို့သည် ထိုသိုင်းဆရာနှင့်မတိုက်ခိုက်လိုသေးပုံရပြီး တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသကဲ့သို့ပင်။
သူတို့ဆရာ ဖာရင်တန်ပြင်ဆင်ပေးထားသည့် တဲအတွင်းသို့၀င်သွားသည့်အချိန်တွင် မိုဒေ့ါတ်နှင့်ဖာရင်တန်တို့သည် စိုးရိမ်သည့် မျက်လုံးများဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ရုတ်တရက်ထွက်ပေါ်လာသည့် လျို့၀ှက်ထူးဆန်းသောသိုင်းဆရာသည် ဂျက်အင်ပါယာမှ လူငယ်နှစ်ယောက်ကို ထိတ်လန့်အံ့သြသွားစေသည့်အတွက်ပင်။
“ဇီးနစ်ဘက်မှာ အဆင့်မြင့်မှော်ဆရာတစ်ယောက်ရှိနေတာပဲ။ သူက ဂျက်အင်ပါယာလမ်းကြောင်းပေါ်မှာ ကြီးမားတဲ့ အတားဆီးတစ်ခုပဲ...” ဖာရင်တန်တွေးလိုက်မိသည်။ သူသည် အလံနှစ်စုံမြို့တော်အား ယနေ့တွင် သိမ်းပိုက်ရန်စီစဥ်နေခဲ့သော်လည်း ယခုအချိန်တွင် ထိုအကြံစည်မှာ ဟာသတစ်ခုကဲ့သို့ပင်ဖြစ်နေ၏။
“င့ါအမိန့်ကိုပြောလိုက်ကြ။ စခန်းတွေကိုအနောက် ၁.၅ကီလိုမီတာလောက်ပြန်ဆုတ်ခွာလိုက်...” ဖာရင်တန်သည် သက်ပြင်းချကာ ယနေ့တိုက်ခိုက်မှုကိုအပြီးသက်လိုက်၏။
ခေါင်းဆောင်များ၊ စစ်သည်များသည် ဤဆုံးဖြတ်ချက်ကို လုံး၀ပင် သံသယ၀င်ခြင်းမရှိကြပေ။ ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများသည် သူတို့အဆင့်ထက်များစွာပင် ကျော်လွန်နေသည့်အတွက်ပင်။ သူတို့သည် ရက်စက်ကာ အကြောက်တရားကင်းမဲ့ကြသော်လည်း သူတို့အင်အားဖြင့် အရှေ့တွင်ရှိနေသည့် မြို့တော်ကိုမသိမ်းပိုက်နိုင်သေးကြောင်းသိသည့်အတွက်ပင်။
ကျယ်လောင်နှက်ရှိုင်းသည့် ကျွဲချိုသံကြီးတစ်ခုထွက်ပေါ်လာပြီး ဂျက်အင်ပါယာမှစစ်သည်များသည် ပင်လယ်ကမ်းခြေမှ ရေလှိုင်းများကဲ့သို့ပင်အနောက်သို့ ဆုတ်ခွာလာကြတော့၏။ စစ်မြေပြင်တွင် သူတို့ရဲဘော်များ၏ ရုပ်အလောင်းများကိုကောက်ယူရန်အတွက် ဂျက်အင်ပါယာမှစစ်သည်တစ်ချို့သာ ကျန်ရှိခဲ့၏။
“သူတို့နောက်ဆုတ်သွားကြပြီ။ ဂျက်အင်ပါယာက ကျူးကျော်သူတွေ ဆုတ်ခွာသွားကြပြီ...”
ခံတပ်နံရံပေါ်တွင် တစ်စုံတစ်ယောက်စတင်ကာအော်ဟစ်လိုက်ရာ ကျန်ရှိနေသည့်လူများကာ လိုက်ပါအော်ဟစ်ကာ အားပေးလိုက်ကြ၏။
ဇီးနစ်အင်ပါယာမှ စစ်သည်တိုင်းသည် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ကျော်ဖြတ်နိုင်သွားသကဲ့သို့ခံစားလိုက်ရ၏။
ဖြစ်ခဲ့သည့်ဖြစ်ရပ်များသည် သူတို့နားလည်နိုင်သည်ထက်ကျော်လွန်နေ၏။ သူတို့ဘ၀တွင် ဤကဲ့သို့ဖြစ်ရပ်များကို တစ်ခါမှမြင်တွေ့ဖူးခဲ့ခြင်းမရှိပေ။ ချမ်းဘော့ဒ်ဘုရင်၏ မယိမ်းယိုင်နိုင်သည့် စိတ်နေစိတ်ထား။ မြို့တော်သို့ ခုခံ၍မရနိုင်သည့်စွမ်းအားမျိုးဖြင့် ပျံသန်းလာခဲ့သည့်အနီရောင်စွမ်းအင်လက်ဖ၀ါးကြီး၊ ကောင်းကင်ပေါ်မှ ပေါ်လာခဲ့သည့် တိုင်လုံးအရွယ်စားရှိသည့် မှော်တောင်၀ှေးကြီးတို့မှာ သာမန်စစ်သည်များ၏ မျက်လုံးထဲတွင် ထိတ်လန့်အံ့သြဖွယ်ပင်။
“၀ှစ် ၀ှစ်...”
အတွင်းအားစွမ်းအင်မီးတောက်များပေါ်ပေါက်လာပြီး သိုင်းဆရာများစွာသည် မီတာ၂၀၀ခန့်မြင့်မားသည့် ခံတပ်နံရံပေါ်မှ ခုန်ဆင်းသွားကြကာ။ သွေးများဖြင့် ဖုံးလွှမ်းနေသည့်ဖှေးထံသို့ ပြေးသွားကြ၏။
“အဖွဲ့ခေါင်းဆောင်အဆင်ပြေရဲ့လား...”
“အရှင်မင်းကြီး ကျွန်တော်တို့ရောက်လာပါပြီ...”
ပီတာ၊ ဒရော့ဂ်ဘာနှင့် ရစ်ဘရီတို့သည် ဖှေးအားတွဲရန်အတွက် ပြေးလာကြခြင်းပင်။
ဤအခိုက်တန့်တွင် ညင်သာသည့်အက်ကွဲသံလေးတစ်ခုထွက်ပေါ်လာသည်။ သွေးများဖြင့် ဖုန်းလွှမ်းနေသည့်ဖှေးသည် ရုတ်တရက်သူ၏လက်မောင်းကိုလှုပ်ရှားလိုက်ရာ ခြောက်သွေ့နေသည့်သွေးများသည်အက်ကွဲသကာအောက်သို့ကွာကျကုန်ပြီး စွမ်းအားမြင့်မားသည့် ခန္ဓာကိုယ်ကို ဖော်ထုတ်ပြသလိုက်သည်။
မီးတောက်တစ်ခုတောက်ပပြီးသွားသည့်အချိန်တွင် မှော်ချပ်၀တ်တစ်စုံသည် ဖှေး၏ခန္ဓာကိုယ်ပေါ်သို့ရောက်ရှိလာ၏။
သူ၏အသားရေသည် ချောမွေ့ကာ စွမ်းအားပြည့်၀နေသည့်ပုံပေါက်နေသောကြောင့် အသစ်ပြန်လည်ကာ မွေးဖွားလာခဲ့သလို့ပင်။
“ငါ့ကိုမစိုးရိမ်ပါနဲ့ င့ါအမိန့်ကိုပြောလိုက်ကြ။ စစ်သည်တွေကို ငါတို့လူတွေရဲ့အလောင်းကို ကောက်ဖို့အတွက် ထွက်လာကြလို့ပြောလိုက်...”
ဖှေး၏ လက်ရှိအခြေအနေသည် လူများစွာကို စိတ်အေးသွားစေ၏။ ဖှေးပြင်းထန်စွာဒဏ်ရာရရှိနေခဲ့စဥ်က အလံနှစ်စုံမြို့တော်မှ လူတိုင်းသည် သူတို့ကမ္ဘာကြီးပျက်စီးနေသကဲ့သို့ ခံစားခဲ့ရ၏။ ယခုအချိန်တွင် ဖှေးအဆင့်ပြေနေသည့်ပုံပေါက်သဖြင့် သူတို့၏ခေါင်းများလည်းကြည်လင်သွားကြ၏။ ခေါင်းဆောင်များသည် ဖှေး၏အမိန့်အား ကြေကြလိုက်ပြီးစစ်သည်များသည် ခံတပ်နံရံများပေါ်မှ ကြိုးများဖြင့် တွယ်ဆင်းလာကာ သူတို့ရဲဘော်များ၏အလောင်းများကို စတင်ကောက်ယူကြတော့သည်။
ဤသည်မှာ စစ်ပွဲတစ်ခု၏ အငြိမ်းချမ်းဆုံးအချိန်ဟု ဆိုနိုင်၏။
နှစ်ဖက်လုံးမှ ရာနှင့်ချီသည့်စစ်သည်များသည် ရောထွေးကာ စစ်မြေပြင်ထဲတွင် သူတို့ရဲဘော်များ၏အလောင်းများကိုရှာဖွေနေကြသည်။ ရန်သူများနှင့် အကြည့်ခြင်းဆုံမိသည့်အချိန်တွင်လည်း သူတို့၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများမရှိကြသေးပေ။ အလောင်းကောက်နေသည့်အချိန်တွင် တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်ခြင်းမရှိပဲ ယာယီငြိမ်းချမ်းရေးယူထားကြသည်မှာ အေဇာရုတိုက်၏ ရှေးကျသည့် ထုံးတန်းစဥ်လာတစ်ခုပင်။
ဖှေးသည် အယ်လီနာထံသို့ လမ်းလျှောက်သွားလိုက်သည်။ သူ အယ်လီနာ၏ ပခုံးကို ထိလိုက်လျှင် ထိလိုက်ခြင်းပင် ကြီးမားသည့်ဖိအားနှင့်ရင်ဆိုင်နေရသည့်အချိန်တွင်လုံး၀ပင် နောက်ဆုတ်မသွားခဲ့သည့် အယ်လီနာသည် ရုတ်တရက် လဲကျသွား၏။ ဖှေး ထိတ်လန့်သွားပြီး အယ်လီနာအား အမြန်ပွေ့ဖက်ကာ မှေးမိန်နေသည့် အသက်စွမ်းအင်ကိုအာရုံခံလိုက်မိသည်။
“ဘယ်လီနာ ဘာတွေဖြစ်ကုန်တာလဲ။ သတိထားပါဦး...” အကြောက်တရားသည် ဖှေး၏နှလုံးသားထဲသို့စတင်ကာ ကိန်းအောင်းသွား၏။
သူသည် ပြန်လည်သစ်လွင်ဆေးပုလင်း အမြန်ထုတ်ယူလိုက်ပြီး အယ်လီနာ၏ ပါးစပ်အတွင်းသို့ လောင်းထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူပါလာဒင်ဇာတ်ကောင်အဖြစ်လဲပြောင်းလဲလိုက်၏။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်စွမ်းအင်မီးတောက်များတောက်လောင်လာပြီး အယ်လီနာ၏ ခန္ဓာကိုယ်အတွင်းသို့စီး၀င်သွား၏။ ဖှေးသည် ကုသခြင်းအစွမ်းကိုအသုံးပြုလိုက်ပြီး သူ၏ခြေထောက်အောက်တွင် ရွှေရောင်တိုက်ပွဲစက်ကွင်းတစ်ခုထွက်ပေါ်လာတော့သည်။
ဤအခိုက်တန့်တွင် ခံတပ်နံရံပေါ်တွင်လည်း အာမေဍိတ်သံများထွက်ပေါ်လာ၏။
“အရှင်မ သတိထားပါဦး...”
“အန်ဂျယ်လာ...”
“အရှင်မင်းကြီး အရှင်မ အန်ဂျယ်လာ သတိလစ်သွားပြီ....”
ဖှေးထက်မံ၍ ထိတ်လန့်သွားရ၏။ သူလူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲကာ ခုန်ကျော်ခြင်းအစွမ်းဖြင့် အယ်လီနာအား ပွေ့ဖက်ကာ ခံတပ်နံရံပေါ်သို့ ခုန်တက်သွား၏။
အန်ဂျယ်လာကို မြင်သည့်အချိန်တွင် သူ၏မျက်လုံးများပြူးကျယ်သွား၏။
အန်ဂျယ်လာ၏ အဖြူရောင်၀တ်စုံသည် သူမနှုတ်ခမ်းမှ စီးကျလာနေသည့် သွေးများဖြင့် စွန်းထင်းနေပြီး သူမမျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေသည့်အတွက်ပင်။ ဤအခိုက်တန့်တွင် သူမကို လမ်းပါ့ဒ်မှ ပွေ့ဖက်ထားပြီး သူမ၏အသက်ရှူနှုန်းသည် အားနည်းနေ၏။
“ဘာတွေဖြစ်ကုန်တာလဲ။ အန်ဂျယ်လာက ဘယ်လိုလုပ်ပြီးဒီကိုရောက်နေရတာလဲ။ ဘယ်လိုဒဏ်ရာရသွားတာလဲ...” ဖှေးအော်ဟစ်လိုက်သည်။ သူသည် ပြောင်းလဲမှုများကိုခံစားနေရသည့်အချိန်တွင် ခံတပ်နံရံပေါ်တွင် ဘာဖြစ်နေသည်ကို မသိရှိသည့်အတွက် လျို့၀ှက်ဆန်းကြယ်သည့် စွမ်းအင်သည် အန်ဂျယ်လာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်ကိုလည်း မသိသေးပေ။
“အမြန်လုပ်အလတ်ဇန္ဒား။ အန်ဂျယ်လာကို အမြန်ကယ်ပါ။ ကျန်တဲ့ကိစ္စတွေကို ငါတို့နောက်မှ ဆက်ပြောကြတာပေါ့...” လမ်းပါ့ဒ်သည် သူ၏မျက်နှာပေါ်တွင် စိုးရိမ်သည့်အမူယာတစ်ခုဖြင့် ပြောလိုက်၏။