← Chapters

အခန်း (၅၃၈)

Vol. 34 Ch. 538

အခန်း (၅၃၈)

Vol. 34 Ch. 538

Hail The King

အပိုင်း(၅၃၈)

အလံနှစ်စုံမြို့တော်ထဲမှ မြို့တော်၀န်၏ စံအိမ်ထဲတွင်ဖြစ်သည်။

ပင်မအဆောက်ဦးရှေ့တွင် ဖှေးသည် ဒေါသဖြစ်နေသည့်ပုံဖြင့် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေ၏။

သူသည် တစ်ခါတစ်ရံတွင် သူ၏လက်များကိုပွတ်နေပြီး တစ်ခါတစ်ရံတွင် လက်သီးဆုပ်နေလျှက်ရှိသည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုနေသည့် ဆန္ဒများရှိနေပြီး တစ်နာရီခန့်မှာပင် သူသည် နှစ်ပေါင်းတစ်ရာကျော်ခန့်အိုမင်းရင့်ရော်သွားသလိုပင်။

ဤအခိုက်တန့်တွင် အလံနှစ်စုံမြို့တော်ထဲမှ အဆင့်မြင့်အရာရှိများအားလုံးသည်လည်းဖှေးရှိနေသည့်ခြံ၀န်းထဲတွင်ရပ်နေကြ၏။ သူတို့၏မျက်နှာပေါ်တွင် စိုးရိမ်သည့်အမူယာများဖြင့် ဒေါသဖြစ်နေသည့် တပ်ဖွဲ့ခေါင်းဆောင်ကို ကြည့်ကာ သက်ပြင်းချလိုက်မိကြသည်။ သူတို့ဘာလုပ်ရမည်ကို မသိပဲဖြစ်နေ၏။

“မင်းတို့တွေ သက်ဆိုင်ရာနေရာကိုပဲ ပြန်ကြတော့ ဂျက်အင်ပါယာက လူတွေက အချိန်မရွေးထပ်ပြီးတော့ တိုက်ခိုက်လာနိုင်တယ်။” ဖှေးသူ၏လက်ကို၀ှေ့ရမ်းကာ လူတိုင်းကို ပြန်ကြရန်ပြောလိုက်သည်။

“အရှင်မင်းကြီး မစ်အယ်လီနာနဲ့ အရှင်မအန်ဂျယ်လာတို့က သေချာပေါက် ပြန်ကောင်းလာမှာပါ...” လူတိုင်းဒူးထောက်လိုက်ကာ သံပြိုင်ပြောလိုက်ကြ၏။ ထို့နောက်တွင် လျှင်မြန်စွာဆုတောင်းပေးလိုက်ကြပြီး တိတ်ဆိတ်စွာဖြင့် ထွက်သွားကြတော့၏။

ဗစ်တိုးရီးယားသည် လက်ရှိတွင် ဖှေး အန်ဂျယ်လာအတွက် ဒီဇိုင်းဆွဲထားပေးခဲ့သည့် တူညီသော၀တ်စုံကို ၀တ်နေလျှက်ရှိသည်။ ထို၀တ်စုံသည် ရိုးရှင်းပြီး သူမ၏ ဒူးများအထိဖုံးလွှမ်းထားသည့် ဂါ၀န်ပင်။ လုံလုံခြုံခြုံဖြစ်သော်လည်း ဤမင်းသမီးဗစ်တိုးရီးယား၏ ခန္ဓာကိုယ်အလှကို ကောင်းမွန်စွာပေါ်လွင်နေစေ၏။ သူမ၏ သွယ်လျသည့် ခါးသည် ဆွဲဆောင်မှုရှိလှသည်။

သူမ အဆောက်ဦးအတွင်းမှ ခေါင်းပြူထွက်လာ၏။

ဒေါသဖြစ်နေသည့်ဖှေးကို မြင်သည့်အချိန်တွင် ခနတာခန့်ရပ်တန့်သွားကာ ပြောလိုက်သည်။ “အရှင်မင်းကြီးအခု၀င်လာလို့ရပါပြီ...”

“ဘယ်လိုလဲ သူတို့အဆင်ပြေရဲ့လား။ အာကာရာဘာပြောလဲ...” ဖှေးသည် ကယ်တင်ရှင်ကို မြင်လိုက်သကဲ့သို့ပင်။ ပြေးသွားကာ ဗစ်တိုးရီးယား၏လက်များကို ကိုင်ဆွဲလိုက်ပြိး မေးလိုက်သည်။

“အား နာလိုက်တာ...” ဗစ်တိုးရီးယားသည် မျက်ရည်များပင် ၀ိုင်းလာပြီး အော်ဟစ်လိုက်မိသည်။

ဘုရင်သည် အလွန်စွမ်းအားမြင့်မားသည့်အတွက်ကြောင့် ဗစ်တိုးရီးယား၏လက်ကို မထင်မှတ်ပဲ ခွန်အားဖြင့် အတင်းကိုင်ဆွဲလိုက်မိခြင်းပင်။

ဖှေးခနတာရပ်တန့်သွားသည်။ ထို့နောက်တွင် သူမျက်မှောင်ကြုံ့ကာ ဗစ်တိုးရီးယား၏လက်များကို လွှတ်ပေးလိုက်သည်။ ထို့နောက်တွင် ဘာမှမပြေပဲ အဆောက်ဦးထဲသို့ ပြေး၀င်သွားတော့၏။

ဗစ်တိုးရီးယားအလွန်ဒေါသဖြစ်သွားသည်။

“နင်က င့ါကို မတော်တရော်လဲလာထိသေးတယ်။ အဲ့တာဘယ်လိုအမူယာလဲ။ ဘာလို့မျက်မှောင်လာကြုံ့နေတာလဲ။ ငါနင့်ကို ဘာလုပ်လို့လဲ...” သူမသည် ထိုကဲ့သို့တွေးလိုက်မိပြီး တစ်ဖက်သို့လှည့်ကာဖှေး၏ ကြောပြင်ကို က ြည့်လိုက်သည်။

သူမသည် အနည်းငယ်ဒေါသဖြစ်နေပြီး ဖှေးကိုင်လိုက်သည့်သူမ၏ လက်များသည် အနည်းငယ်နာကျင်နေသော်လည်း သူမအနည်းငယ်ပီတိဖြစ်မိသည်။

“တကယ်လို့တစ်နေ့ကျရင် ယောက်ျားလေးတစ်ယောက်က ဒီဘုရင်အန်ဂျယ်လာနဲ့ အယ်လီနာတို့ကို ဆက်ဆံသလိုဆက်ဆံမယ်ဆိုရင် ငါသူ့ကို ချစ်မိသွားလောက်တယ်...” သူမတွေးလိုက်မိသည်။ “ဟုတ်တာပေါ့ အဲ့ယောက်ျားကလည်း ဒီဘုရင်လို စွမ်းအားမြင့်မားပြီး ရဲရင့်မှရမယ်။ မဟုတ်ပါဘူး သူက ဒီဘုရင်ထက်တောင်ပိုပြီးတော်နေမှရမယ်...”

သူမ၏ လိုအပ်ချက်များသည် အလွန်မြင့်မားနေသကဲ့သို့ပင်။

......

ပင်မအဆောက်ဦးထဲတွင်ဖြစ်သည်။

“ငါ သူတို့နှစ်ယောက်လုံးကို စစ်ဆေးကြည့်ပြီးပြီ။ သူတို့သတိလစ်သွားတာတဲ့အကြောင်းက အတူတူပါပဲ။ အသက်စွမ်းအင်နဲ့ ၀ိဉာဥ်စွမ်းအင်တွေကို အလွန်ကျွံအသုံးပြုလိုက်မိလို့ပါ။” သူတော်စဥ်မ အာကာရာသည် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “ဒါပေမယ့် လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး...”

“လက်ရှိမှာလား...” ဖှေးထိုစကားကို သတိထာလိုက်မိသည်။

“ဟုတ်တယ်။ သူတို့ခန္ဓာကိုယ်က အလုပ်လုပ်နေသေးပါတယ်။ ဒါမယ့် သူတို့သတိလစ်နေတဲ့အချိန်မှာ စားတာသောက်တာနဲ့ ကျန်တဲ့ကိစ္စတွေလုပ်လို့မရဘူး။ အဲ့တာကြောင့် အချိန်အတော်ကြာကြာသတိလစ်နေမယ်ဆိုရင် စိုးရိမ်စရာရှိလာနိုင်တယ်။ ဦးနောက်တဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်လာနိုင်တာပေါ့...” အာကာရာသည် ဖှေးတစ်ခါမှ မမြင်ဖူးသည့် လေးနက်သည့်အမူယာတစ်ခုဖြင်ပြောလိုက်၏။

“နင်က အတော်ကံကောင်းတဲ့လူပါမစ်စတာဖှေး။ ဒီကောင်မလေးနှစ်ယောက်လုံးက နင့်အတွက်နဲ့ သူတို့အသက်စွမ်းအင်တွေကို လောင်ကျွမ်းပေးခဲ့ကြတာ။ နင်သူတို့ကို သတိရအောင်လုပ်ပေးနိုင်မယ့်် ကုသနည်းကို ရက်သုံးဆယ်အတွင်းမှာရှာနိုင်မှ ရမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရှင်အလံနှစ်စုံမြို့တော်ကို လာခဲ့မိတာကို နောက်တရနေမိမယ်...” သူမဆက်လက်ကာ သတိပေးလိုက်သည်။

ဖှေး သူ၏လက်သီးများကို ဆုပ်လိုက်သည်။ သူ၏လက်သည်းများအသားထဲသို့ စိုက်၀င်သွားသည်ကိုပင် သတိမထားလိုက်မခဲ့ချေ။ သူမော့ကြည့်ကာ ရိုးသွားစွာမေးလိုက်၏။ “ကျွန်တော်သူတို့ကို ဘယ်လိုကယ်လို့ရနိုင်မလဲ။ ကုသနည်းကိ ဆရာမသိတယ်မလား...”

“နည်းလမ်းနှစ်ခုရှိတယ်။ ပထမဆုံးအနေနဲ့ နင်ကသန့်စဥ်တဲ့၀ိဉာဥ်ကျောက်တုံးကို ရှာပြီးတော့အဲ့ ကျောက်တုံးထဲကစွမ်းအင်နဲ့ သူတို့ကို ပြန်သတိရအောင်လုပ်ပေးလို့ရတယ်။” အာကာရာခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။ “ဒါကတော့ ပိုလွယ်တဲ့နည်းလမ်းပေါ့။ ဒိုင်ယာဘလိုကမ္ဘာထဲက နတ်သားတစ်ပါးကသာ နင့်ကို ကူညီချင်နေမယ်ဆိုရင်လည်း ဒီကောင်မလေးနှစ်ယောက်ကို ကယ်တင်နိုင်လိမ့်မယ်...”

ဖှေးသည် အာကာရာ၏ စကားမှ ဒုတိယနည်းလမ်းကိုလျစ်လျူရှုလိုက်သည်။ ဒိုင်ယာဘလိုကမ္ဘာထဲမှ နတ်သားများသည် အသိဉာဏ်မရှိသည့် NPCဇာတ်ကောင်များသာဖြစ်သည့်အတွက်ကြောင့် သူတို့အား စကားပြောခြင်းနှင့် အကူညီတောင်ခြင်းတို့ကို ဆောင်ရွက်၍ မရနိုင်သောကြောင့်ပင်။ သူခေါင်းငြိမ့်ကာ မေးလိုက်သည်။ “၀ိဉာဥ်ကျောက်တုံးဟုတ်လား။ အဲ့တာကို ကျွန်တော်ဘယ်နေရာကနေရှာလို့ရနိုင်မလဲ...”

အာကာရာသည် ဖှေးအား တိတ်ဆိတ်စွာဖြင့် ခနတာခန့်ကြည့်လိုက်ပြီး ဖြေးညှင်းစွာပြောလိုက်သည်။ “ကျွန်မသာ သေချာမှတ်မိမယ်ဆိုရင် ၀ိဉာဥ်ကျောက်တုံးရဲ့ တခြားနာမည်က ကမ္ဘာကျောက်တုံးပဲ...”

“ကမ္ဘာကျောက်တုံးဟုတ်လား...” ဖှေး အံ့သြစွာဖြင့် အော်ဟစ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အမူယာတစ်ခုချက်ချင်းပေါ်လာ၏။

အကယ်၍ သူကမ္ဘာကျောက်တုံးကိုသာရရှိရန်လိုအပ်ပါက ဖြစ်နိုင်သည့်အတွက်ပင်။ သူသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်ပြီး နောက်ဆုံးခေါင်းဆောင်ကြီး ဘေးလ်ကိုသာ သတ်ဖြတ်ရန်လိုအပ်သည့်အတွက်ပင်။ သူသည် ထို့နောက်တွင် ကမ္ဘာကျောက်တုံးကို ရရှိမည်ဖြစ်သည်။

ဖှေးအတွက် ဘေးလ်ကို သတ်ဖြတ်ရန်မှာ သိပ်မခက်ခဲလှပေ။

“နင်ဘာတွေးနေတယ်ဆိုတာကို ကျွန်မသိပါတယ် မစ်စတာဖှေး။ ဒါပေမယ့် ဒိုင်ယာဘလိုကမ္ဘာက ၀ိဉာဥ်ကျောက်တုံးမှာ ငရဲပြည်က စွမ်းအင်တွေ စွန်းထင်းနေတယ်။ နင်ယူလာနိုင်ခဲ့တယ်ဆိုရင်တောင် အဲ့ကျောက်တုံးကို ဒီတိုင်းတိုက်ရိုက်အသုံးချပြီး အန်ဂျယ်လာနဲ့ အယ်လီနာတို့ကို ကုသပေးတာက မသိသေးတဲ့ အန္တရာယ်တွေရှိလာနိုင်တယ်။ သူတို့ နတ်ဆိုးတွေအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်...” အာကာရာ ရုတ်တရက်ပြောလိုက်၏။

“ဒါဆို အဲ့၀ိဉာဥ်ကျောက်တုံးကို သန့်စဥ်တဲ့ နည်းလမ်းရှိတယ်မလား။” ဟဖှေးမေးလိုက်သည်။ သူ၏ မျှော်လင့်ချက်များသည် ခနတာခန့်ပျောက်ကွယ်သွား၏။

“နည်းလမ်းတစ်ခုတော့ရှိနိုင်တယ်။ ငါနဲ့ ကိန်းတို့က နင်မြို့တော်စိန့်ပီတာစဘာ့တ်အောက်မှာ တွေ့ခဲ့တဲ့ ကျောက်တုံးအခန်းထဲကနေ စိတ်၀င်စားစရာကောင်းတာတစ်ချို့ကို လေ့လာခဲ့မိတယ်။ ငါတို့လေ့လာခဲ့တာတွေသာ အလုပ်ဖြစ်မယ်ဆိုရင် ငါတို့ ကမ္ဘာကျောက်တုံးကို သန့်စဥ်နိုင်လိမ့်မယ်။” သူတော်စင် အာကာရာမှ ပြောလိုက်သည်။

“ဆရာမ ဘာတွေ ရှာတွေ့ခဲ့တာလဲ...” ဖှေးထက်မံ၍ စိတ်လှုပ်ရှားသွား၏။ သူသည် စိတ်ခံစားချက်အနိမ့်မြင့်အတက်ကျတို့ကို ခံစားနေရသည်။

“ငါတိုအဲ့အကြောင်းကို နောက်မှဆက်ပြောကြတာပေါ့။ အချိန်တိုအတွင်းမှာ ရှင်းပြဖို့ဆိုတာ ခက်လိမ့်မယ်။ နင်အရင်ကမ္ဘာကျောက်တုံးကို ရအောင်ယူဖို့လူတာပေါ့။ အချိန်သိပ်မရှိဘူးဆိုတာတော့ သတိထားပါ။” အာကာရာသည် မက်တပ်ရပ်လိုက်ပြီး သူမ၏ လက်ကိုမြှောက်လိုက်သည်။ အပြာရောင်ပေါ်တယ်တစ်ခုထွက်ပေါ်လာ၏။ “ငါကိန်းနဲ့ ရှာဖွေတွေ့ရှိမှုတွေကို စုစည်းဖို့လိုသေးတယ်။ မင်းသာ ကမ္ဘာကျောက်တုံးကို ရလာခဲ့ပြီဆိုရင် ငါတို့ကို လျို့၀ှက်ကျောက်တုံးအခန်းမှာ လာတွေ့လိုက်ပါ...”

သူမထိုကဲ့သို့ပြောအပြီးချိန်တွင် ပေါ်တယ်အတွင်းသို့၀င်ရောက်ကာ ပျောက်ကွယ်သွားတော့၏။

“ကမ္ဘာကျောက်တုံး ဟုတ်လား...” ဖှေးရေရွတ်လိုက်မိသည်။

ထို့နောက်တွင် အိပ်ရာအစွန်းသို့ ဖြေးညှင်းစွာဖြင့် လမ်းလျှောက်သွားကာ ကောင်မလေးနှစ်ယောက်၏ လှပသည့် မျက်နှာများကို ပွတ်သပ်လိုက်သည်။ ထို့နောက်တွင် သူ၏ စိတ်ထဲတွင် တိုင်တည်လိုက်၏။ “င့ါချစ်ရတဲ့လူတွေ နင်တို့နှစ်ယောက်လုံးက ငါ့အတွက် နင်တို့အသက်တွေကိုတောင စွန့်ပေးခဲ့တာပဲ။ အဲ့တာကြောင့် ဘယ်လိုပဲဖြစ်နေပါစေ။ ငါက ကမ္ဘာကျောက်တုံးကိုယူပြီးတော့ နင်တို့နှစ်ယောက်ကို ကယ်တင်ပေးပါ့မယ်။ ဘေးလ် သေဖို့ပြင်ထားတော့...”

All Chapters