← Chapters

အခန်း (၅၃၉)

Vol. 34 Ch. 539

အခန်း (၅၃၉)

Vol. 34 Ch. 539

“အန်ဂျယ်လာ ပြန်ကောင်းလာမယ်မလား အလတ်ဇန္ဒား...” အန်မာသည် ဖှေးအား မျက်ရည်၀ဲနေသည့် မျက်၀န်းများဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။ “နောက်ပြီး အယ်လီနာရော သူရော ပြန်ကောင်းလာမယ်မလား...”

ဖှေးသည် သူမ၏ ခေါင်းကို ပုတ်ကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ထို့နောက်တွင် အားတင်းပြုံးလိုက်ပြီး ပြောလိုက်၏။ “ငါ့ကိုယုံပေးပါ အန်မာ။ ငါအလတ်ဇန္ဒား မလုပ်နိုင်တဲ့အရာဆိုတာမရှိပါဘူး။ တကယ်လို့ နတ်ဘုရားတွေတောင် သူတို့ကိုယူသွားမယ်ဆိုရင်တောင် ငါက နတ်ဘုရားတွေစီကနေပြန်လုပြီးယူမယ်။ ငါတို့ပျော်ရွှင်စွာနေသွားကြမာကို ဘယ်အရာကမှ လာပြီးတားဆီးလို့မရဘူး...”

ဤကောင်မလေးသည် ငယ်ရွယ်ကာ ရယ်စရာကောင်းသည့်မျက်နှာကိုကြည့်ရင်းဖြင့် ဖှေး သူကမ္ဘာသို့ စတင်ရောက်လာခါစအချိန်ကိုပြန်လည်ကာစဥ်းစားလိုက်မိ၏။ ထိုစဥ်က အန်မာသည် သူ့အပေါ်တွင် အနည်းငယ်အေးစက်ခဲ့ပြီး သူ့ကိုအနည်းငယ်မုန်းတီးနေသယောင်ပင်။ သူမသည် အန်ဂျယ်လာနှင့်အတူ ဉာဏ်မရည်မမှီသေးသည့် အလတ်ဇန္ဒားကို စောင့်ရှောက်ကာ ချမ်းဘော့ဒ်ကဲ့သို့သော အေးစက်သည့်နေရာတွင်ရှင်သန်အောင်ကြိုးစားကာနေထိုင်ခဲ့သည်။ ဤကောင်မလေးအတွက် အန်ဂျယ်လာသည် အမတစ်ယောက်ကဲ့သို့ပင်။ အန်ဂျယ်လာမရှိပဲ အန်မာရှင်သန်နိုင်မည်မဟုတ်ပေ။ အချိန်အတန်ကြာ အန်ဂျယ်လာ၏ဘေးတွင်ရှိနေခဲ့ကာ ဖှေးအား တိတ်တစိတ်စောင့်ရှောက်ပေးလျှက်ရှိနေခဲ့သည့်အတွက် ဤကောင်မလေးအတော်ရင့်ကျက်လာခဲ့သည်ကို ဖှေးသတိထားလိုက်မိသည်။ သူမသည် ကလေးတစ်ယောက်ကဲ့သို့ ချစ်စရာကောင်းနေဆဲဖြစ်သော်လည်း သူမ၏ မျက်လုံးများသည် ကြည်လင်ရှင်းလင်းကာ ပို၍ ရဲရင့်နေ၏။

“ငါနင့်ကို ယုံပါတယ်အလတ်ဇန္ဒား...” အန်မာသည် ရဲရင့်သည့်အပြုံးတစ်ခုဖြင့် သူမမျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်၏။ သူမကျယ်လောင်စွာအော်ဟစ်လိုက်သည်။ “နင်အန်ဂျယ်လာကို ရအောင်ကယ်တင်မယ်ဆိုတာကို ငါယုံကြည်ပါတယ်။ နင်အန်ဂျယ်လာကို ထာ၀ရစောင့်ရှောက်ပေးမယ်လို့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ခံတပ်နံရံပေါ်မှာ င့ါကို ကတိပေးခဲ့တာပဲ။ နင်သူ့ကို အန္တရာယ် မဖြစ်စေရဘူးနော်...”

ဖှေးခေါင်းငြိမ့်ပြလိုက်သည်။

သူတစ်ဖက်သို့လှည့်လိုက်ပြီး နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းတို့ကို ညင်သာစွာပြောလိုက်သည်။ “ငါပြန်မရောက်ခင်အချိန်ထိ အန်မာနဲ့အတူတူ အန်ဂျယ်လာနဲ့ အယ်လီနာတို့ကို စောင့်ရှောက်ပေးပါ။ သူတော်စင်ဆရာမ အာကာရာမှာတာတွေကိုလည်း နားထောင်ပေးပါ...”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး အရှင်မအန်ဂျယ်လာနဲ့ မစ်အယ်လီနာတို့က ကျွန်မတို့ကို ညီအမတွေလိုဆက်ဆံခဲ့ပါ့တယ်။ ကျွန်မတို့ သူတို့နှစ်ယောက်ကိုအသေချာစောင့်ရှောက်ပေးမှာပါ...” ဖှေးစကားကိုကြားသည့်အချိန်တွင် သူတို့လေးယောက်လုံးသည်လည်း မျက်ရည်၀ဲနေသည့်မျက်လုံးများဖြင့် ပြန်ဖြေလိုက်ကြသည်။

ဤအစေခံကောင်မလေးလေးယောက်လုံးကို ဖှေးကယ်တင်ခဲ့ပြီး သူတို့သည် ကောင်မလေးနှစ်ယောက်နှင့်လဲ ခိုင်မြဲသည့် ဆက်ဆံရေးတစ်ခုရှိနေကြ၏။

“ကောင်းပြီး ကျေးဇူးပါ...”

ဖှေးခေါင်းငြိမ့်ကာ အဆောက်ဦးအတွင်းမှ ထွက်ခွာသွား၏။

သူလမ်းလျှောက်ထွက်သွားရင်းဖြင့် ဟူစကီအား လမ်းပါ့ဒ်နှင့် တိုးရိစ်တို့ကဲ့သို့သော ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများကို ခေါ်ရန်အမိန့်ပေးလိုက်သည်။

“ကျွန်တော်အလုပ်များဦးမယ် ဦးလေးလမ်းပါ့ဒ်။ ကျွန်တော်တို့လူတွေရဲ့အကူညီနဲ့အတူတူ ကျွန်တော်မရှိတုန်း ဒီအဆောက်ဦးကို စောင့်ရှောက်ပေးပါ။ ကျွန်တော့ ခွ့င်ပြုချက်မပါပဲနဲ့ ဘယ်သူမှ ဒီအဆောက်ဦးနဲ့ ဆယ်မီတာပတ်ပတ်လည်ကို ကပ်ခွင့်မရှိဘူး။ ဒီအမိန့်ကို နားမထောင်တဲ့လူ ဘယ်သူကိုမဆို နေရာတိုင်းမှာတင် သေဒဏ်ပေးရမယ်။

ဖှေးခနတာ စဥ်းစားပြီးသည့်အချိန်တွင် ပြောလိုက်၏။ “ပီတာ သူတော်စင်စစ်သည်နဲ့ ကျွမ်းကျင်စစ်သည်အယောက်၅၀၀လောက်ခေါ်ပြီး မြို့တော်၀င်စံအိမ်ရဲ့၀င်ပေါက်တွေအကုန်လုံးကို စောင့်ကြပ်ထားပါ။ ဘယ်သူ့ကိုမှ ၀င်မလာစေနဲ့...”

ပီတာသည် ခေါင်းငြိမ့်ပြလိုက်ပြီးဖှေးအမိန့်ကို နာခံလိုက်သည်။

“အရှင်မင်းကြီး အဲ့လျို့၀ှက်တဲ့မှော်ဆရာကရော...” လမ်းပါ့ဒ်သည် အနည်းငယ်တွန့်ဆုတ်ကာ ဖှေးအားပြောလိုက်သည်။

ထိုလျို့၀ှက်သည့် မှော်ဆရာသာ ၀င်ရောက်မကူညီခဲ့ပါက ဘုရင်သည် စစ်မြေပြင်တွင် သေဆုံးသွားခဲ့နိုင်၏။ အလံနှစ်စုံမြို့တော်လည်း ပြိုလဲပျက်စီးသွားနိုင်သည်။ အနီရောင်၀တ်ရုံနှင့်လူသည် အလွန်ပင်စွမ်းအားကြီးမားလွန်းလှပြီး လျို့၀ှက်သည့် မှော်ဆရာသည်လည်း စစ်ပွဲတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည့်စွမ်းအားမျိုးကို ပြသခဲ့သည်။ ကောင်းကင်ပေါ်မှကျဆင်းလာခဲ့သည့် တိုင်လုံးကြီးကဲ့သို့မှော်တောင်၀ှေးကြီးသည်လည်း အလွန်ပင်ကြီးကျယ်ခမ်းနားလှသည်။ မြို့တော်ထဲတွင်ရှိနေသည့် ထိုကဲ့သို့စွမ်းအားမြင့်မှော်ဆရာအား လျစ်လျူရှုထားခြင်းသည် ပြသနာတက်လာနိုင်သည့်အတွက်ပင်။

ဖှေးခနတာစဥ်စားကြည့်လိုက်ပြီး သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ “မလိုပါဘူး။ သူက ငါတို့ကို ဒီနေ့ကူညီပေးခဲ့တာဆိုတော့ ရန်သူမဟုတ်ပဲ မိတ်ဆွေတစ်ယောက်ပဲဖြစ်ရမယ်။ သူ့လို သိုင်းဆရာကြီးတွေကို ငါတို့တွေသွားမနှောင့်ယှက်သင့်ဘူး။ အဲ့တာကြောင့် ဘာမှမဖြစ်ခဲ့သလိုပဲသဘောထားပြီးဆက်နေကြတာပေါ့။”

လူရိုင်းဇာတ်ကောင်၏ အသိအာရုံများသည် ဖှေးအား ထိုမှော်ဆရာသည် ရန်သူတစ်ယောက်မဟုတ်ကြောင်းကို ပြောနေလျှက်ရှိ၏။

သူသည် မြို့တော်၀န်စံအိမ်၏ ဘေးဘက်အဆောက်ဦးတစ်ခုထဲသို့၀င်လာခဲ့ပြီး ပေါ်တယ်တစ်ခုကို ဖွင့်လိုက်သည်။ သူသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်ရောက်ကာ ကမ္ဘာကျောက်တုံးကို အမြန်ဆုံးပိုင်ဆိုနိုင်ရန်အတွက် နောက်ဆုံးခေါင်းဆောင်ကြီးဘေးလ်ကို သတ်ဖြတ်တော့မည်ဖြစ်သည်။

......

ဒိုင်ယာဘလိုကမ္ဘာထဲတွင်ဖြစ်သည်။

ကမ္ဘာကျောက်တုံးအဆောက်ဦးသည် အေးရိတောင်ထိပ်တွင်တည်ရှိ၏။

ဖှေးကမ္ဘာကျောက်တုံးအဆောက်ဦး၏ ပထမထပ်ထဲသို့ ၀င်ရောက်သည့်အချိန်တွင် သူနှင့် အယ်လီနာတို့ ယခင်က သတ်ဖြတ်ခဲ့သည့် မကောင်းဆိုး၀ါးများသည် ပြန်လည်မွေးဖွားလာနေကြ၏။ နတ်ဆိုးစွမ်းအင်များသည် ဤကဲ့သို့ခမ်းနားလှသည့်နေရာကို စွန်းထင်းနေလျှက်ရှိရာ မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများသည် နေရာအနှံ့ပင်။

ဖှေးသည် ဟာရိုဂတ်တွင်ရှိသည့် NPCထံမှ ၀ယ်ယူခဲ့သည့် အကောင်းဆုံးချပ်၀တ်ကို ၀တ်ဆင်ထား၏။ ထိုချပ်၀တ်သည် လယ်ဗယ်၅ပစ္စည်းတစ်ခုသာဖြစ်သော်လည်း ကောင်းမွန်သည့် ခုခံနိုင်စွမ်းတစ်ခုပါရှိ၏။ ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များ ဓားနှစ်လက်ကိုကိုင်ဆောင်ထားခြင်းဖြင့် နန်းတော်ထဲတွင်ရှိသည့် မည်သည့်မကောင်းဆိုး၀ါးမှ ဖှေး၏ တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းမရှိပေ။

ဖှေးသည် ကောင်မလေးများကိုအမြန်ဆုံးကယ်တင်နိုင်ရန်အတွက် လိုအပ်နေသည့်အတွက် သူ၏မန်နာများကို ချွေတာခြင်းမရှိပဲ မန်နာဆေးပုလင်းများကို အဆက်မပြတ်မော့သောက်ကာ ဓားမုန်တိုင်းအစွမ်းကိုအဆက်မပြတ်အသုံးပြုနေ၏။

အခိုက်တန့်တစ်ခုကြာခန့် ဓားသွားစွမ်းအင်များသည် နေရာအနှံ့ပင် ပျံသန်းနေကြသည်။

လယ်ဗယ်၉၉လူရိုင်းဇာတ်ကောင်၏ စွမ်းအားများအောက်တွင် ဓားမုန်တိုင်းအစွမ်းကိုအကောင်းဆုံးအသုံးပြုထား၏။ ယခင်က မမြင်နိုင်ခြင်းမရှိခဲ့သည့် ဓားသွားစွမ်းအင်များသည် ယခုအချိန်တွင် ငွေရောင်အဖြစ်သို့ပြောင်းလဲသွားနိုင်ပြီး ဖှေး၏အရှေ့တွင်ရှိနေသည့် အရာမှန်သမျှကို ပိုင်းဖြတ်နေလျှက်ရှိသည်။

စွမ်းအားမြင့်မကောင်းဆိုး၀ါးများ ဖှေးအရှေ့သို့ပြေး၀င်လာသည့်အချိန်တွင် ကောက်ရိတ်သမားများ၏ အရှေ့တွင်ရှိနေသည့် ကောက်ပင်များကဲ့သို့ပင် သတ်ဖြတ်ခြင်းခံလိုက်ရ၏။

ဒေါသဖြစ်နေသည့် ဘုရင်၏ ရှေ့တွင် ထိုနတ်ဆိုးများသည် အနိုင်ရရှိနိုင်ချေမရှိကြပေ။

နာရီ၀တ်ခန့်ပင် မကြာလိုက်ပဲ ဖှေးသည် ကမ္ဘာကျောက်တုံးအဆောက်အုံ၏ တတိယထပ်ဖြစ်သော ဖျက်စီးခြင်းပုလ္လင်သို့ရောက်ရှိလာ၏။

ဤသည်မှာ နောက်ဆုံးခေါင်းဆောင်ကြီးဘေးလ်တည်ရှိသည့်နေရာပင်။

အရိုးများသွေးများဖြင့် ပြုလုပ်ထားသည့် နတ်စင်ကြီးတစ်ခုပေါ်တွင် ရေဘ၀ဲနှင့်ပင့်ကူတို့ ရောစပ်ထားသည်နှင့်တူသည့် နောက်ဆုံးခေါင်းဆောက်ဦးဘေးလ်ရှိနေ၏။ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် မီတာ၂၀ခန့်ပင်မြင့်မားပြီး သူ၏ ကြောက်မက်ဖွယ်ပါးစပ်ကြီးကို ဖွင့်လိုက်ကာ ရယ်မောလိုက်သည်။ သူ၏ဘေးတွင်အနီရောင်သွေးစွမ်းအင်များအဆက်မပြတ်စီးကျလျှက်ရှိနေသည့် အပေါက်တစ်ခုရှိနေ၏။ ထိုရေတံခွန်သည် သေခြင်းတရား၏ ရေတံခွန်ကဲ့သို့ပင်။

သို့သော် ဤသည်မှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်သေးကြောင်းကို ဖှေးသိရှိ၏။ ဘေးလ်အစစ်မှန်မဟုတ်သေးပေ။

ဖှေးအရင်ဘ၀ ဂိမ်းကစားခဲ့ဖူးသည့် မှတ်ဉာဏ်များအရ ဘေးလ်ရယ်လိုက်သည့်အချိန်တိုင်းတွင် အနီရောင်မီးတောက်များသည် ဘေးလ်၏ ပါးစပ်အတွင်းမှ ထွက်လာမည်ဖြစ်သည်။

ဤသည်မှာ မကောင်းဆိုး၀ါးများကို ဆင့်ခေါ်သည့်နည်းလမ်းတစ်ခုပင်။

မီးတောက်များ မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အချိန်တိုင်းတွင် ထိုမီးတောက်များသည် နတ်ဆိုးများအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်၏။

မကောင်းဆိုး၀ါးမျိုးစုံရောက်ရှိလာကြ၏။ သူပုန်စခန်းနှင့် ဟာရိုဂတ်တို့ကဲ့သို့သော မြေပုံများမှ မကောင်းဆိုး၀ါးများရောက်ရှိလာကြပြီးဖှေးထံသို့ ထူထပ်သည့် ချပ်၀တ်များ၊ ချွန်ထက်သည့် လက်နက်များဖြင့် ပြေး၀င်လာကြ၏။

သို့သော် ဘုရင်သည် သူတို့ထက်ပင် များစွာပို၍ ရူးသွပ်၏။

“ဓားမုန်တိုင်း ချွင် ချွင် ချွင်...”

ဘုရင် ကြုံး၀ါးလိုက်သည့်အချိန်တိုင်းတွင် သူ၏အသံသည် မကောင်းဆိုး၀ါးများ၏ အော်ဟစ်သံများကို လွှမ်းခြုံသွား၏။ ငွေရောင်ဓားသွားမုန်တိုင်းများသည် နန်းတော်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွား၏။ တိုက်စားနိုင်သည့် ဂုဏ်သတ္တိရှိသည့် မကောင်းဆိုး၀ါးများ၏ သွေးများသည် ရေကန်ကဲ့သို့ပင် အိုင်လာပြီး မကောင်းဆိုး၀ါးများသည် သူတို့၏ သွေးများထဲတွင် ပြန်လည်ကာ သေဆုံးနေကြ၏။

နောက်ဆုံးတွင် ဘေးလ်၏ ဆင့်ခေါ်နိုင်နှုန်းမှာ ဖှေးသတ်ဖြတ်နိုင်နှုန်းလောက် မမြန်ဆန်တော့ပေ။

ဖှေး သူ၏ ခန္ဓာကိုယ်ထဲသို့ အတွေ့ကြုံအမှတ်များစွာစီး၀င်နေသည်ကိုလည်း ခံစားနေရပြီး နွေးထွေးသည့်စွမ်းအင်တစ်ခုကို ခံစားနေရသည်။ ပုံမှန်အားဖြင့် ဆိုပါက ဤကဲ့သို့အတွေ့ကြုံအမှတ်များသုည် ဖှေး၏လူရိုင်းဇာတ်ကောင်ကို လယ်ဗယ်မြှင့်တင်ပေးမည်ဖြစ်၏။ သို့သော် ဤယခုအချိန်တွင်မူ ဖှေးအတွေ့ကြုံအမှတ်မည်မျှပင် ရစေကာမူ သူ၏လယ်ဗယ်သည် ဆက်လက်ပြောင်းလဲခြင်းမရှိတော့ပေ။

တစ်နာရီခန့်ကြာပြီးသည့်အချိန်တွင် နတ်စင်ပေါ်တွင်ရယ်မောနေသည့် ဘေးလ်၏ ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားပြီး မကောင်းဆိုး၀ါးများကို ဆင့်ခေါ်နေခြင်းအား ရပ်တန့်လိုက်၏။

ဖှေး မကောင်းဆိုး၀ါးများအားလုံးကို သတ်ဖြတ်ပြီးသည့်အချိန်တွင် သူသည် ဘေးလ်၏ နတ်စင်တစ်ခုနှင့်တူသည့် ပုလ္လင်အား နင်းကာ သွေးရေတံခွန်နှင့်တူသည့် ပေါ်တယ်အတွင်းသို့ တွန့်ဆုတ်ခြင်းမရှိပဲ ၀င်လာခဲ့၏။

စက္ကန့်အနည်း၍ယ်ခန့်ကြာသည့်အချိန်တွင် ဖှေးသူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အခန်းသစ်တစ်ခုကို မြင်လိုက်ရ၏။

ကမ္ဘာကျောက်တုန်းအခန်းသည် ကမ္ဘာကျောက်တုံး အဆောက်ဦးနှင့်အလွန်ကွဲပြားလှသည်။ ပို၍ သေးငယ်ကာ ပို၍ မှောင်မိုက်လှ၏။

ကမ္ဘာကျောက်တုံးအခန်းထဲတွင်ရှိသည့် နံရံများသည် ရှေးကျသည့်အရိပ်ယောင်ရှိပြီး ဖုန်မှုန့်များတင်ကျန်နေ၏။ မျက်နှာကျက်မှ ကျောက်ပြားများသည်လည်း အက်ကွဲကာ အောက်သို့ ကွာကျနေကြ၏။ ကြမ်းပြင်များမှာလည်း အက်ကွြနေ၏။ ဤနေရာသည် အချိန်မရွေးပြိုလဲတော့မည့် သင်္ချိုင်းဂူတစ်ခုကဲ့သို့ပင်။

ငရဲပြည်၏ စွမ်းအားများကြောင့်ဖြစ်ပေလိမ့်မည် ဤနေရာသည် အလွန်မှောင်မိုက်နေ၏။ လေထဲတွင်လည်း ထူထပ်သည့် မြူစိုင်တစ်ခုရှိနေသည့်အတွက်ကြောင့်ဖှေးကောင်းမွန်စွာမြင်နိုင်ခြင်းမရှိပေ။ သေစေနိုင်ကာ အဆိပ်ရှိသည့် လေထုတစ်ခုသည်လည်း ဖှေး၏ ပတ်ပတ်လည်တွင်စီးဆင်းနေ၏။

ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာ၏နောက်ဆုံးတိုက်ပွဲဖြစ်မည့်နေရာပင်။ ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာ၏အဆုံးသက်ပင်။

All Chapters