← Chapters

အခန်း (၅၄၁)

Vol. 34 Ch. 541

အခန်း (၅၄၁)

Vol. 34 Ch. 541

“ငါထင်တာထက်စောသားပဲ နင်ဘေးလ်ကို သတ်ပြီးသွားပြီလား...” ကိန်းနှင့်အတူ တစ်စုံတစ်ခုကို လေ့လာနေသည့် အာကာရာသည်ဖှေးအားကြည့်ကာ မေးလိုက်၏။

“အမ်...” ဖှေးခေါင်းငြိမ့်လိုက်ပြီး မသန့်စင်သည့် ကမ္ဘာကျောက်တုံးကို ထုတ်ယူလိုက်သည်။

“ဒီကမ္ဘာက ခရီးသွားကဗျာဆရာတွေပြောတာ မှန်တဲ့ပုံပဲ။ ချစ်ခြင်းတရားဆိုတာက တကယ်ပဲ စစ်သည်တစ်ယောက်ရဲ့ ခွန်အားပဲ။ ဒါ...ဒါက ကမ္ဘာကျောက်တုံးလား။ ဘုရားရေ အတော်လေးလှပတဲ့အစိတ်ပိုင်းတစ်ခုပါလား။ ငါထင်ထားတာထက်တောင်ပိုပြီးလှပ်နေသေးတယ်။ ငရဲပြည်ရဲ့စွမ်းအားတွေကြောင့်သာ မညစ်နွမ်းသွားဘူးဆိုရင် ငါထင်ထားတာထက်တောင် ပိုလှနေဦးမယ်...” အာကာရာနှင့် ကိန်းတို့နှစ်ယောက်လုံး သူတို့လုပ်နေသည့် အလုပ်များထံမှ ထလာကာ အနီရောင်ကျောက်တုံးအား ကြည့်လိုက်ကြ၏။

ဖှေးသူတို့အား ကမ္ဘာကျောက်တုံးကမ်းပေးလိုက်သည်။

“ရတယ် ရတယ် ငါတို့ ဒီလိုခမ်းနားတဲ့အနုပညာလက်ရာကို မထိကိုင်ရဲပါဘူး...” သူတို့သည် ပူလောင်နေသည့် သံမဏိတစ်ခုကို မြင်လိုက်ရသည့်အတိုင်းပင်ခေါင်းများခါရမ်းပြီး၊ လက်များကို ၀ှေ့ရမ်းကာ ငြင်းဆန်လိုက်ကြသည်။ “အန္တရာယ်များလွန်းတယ်။ ငါတို့သာ ထိကိုင်လိုက်မယ်ဆိုရင် နတ်ဆိုးတွေအဖြစ်တောင်ပြောင်းလဲသွားနိုင်တယ်။ ကိုင်လို့ရတဲ့လူက ဘေးလ်ကိုသတ်ဖြတ်ခဲ့တဲ့ နင်တစ်ယောက်ပဲရှိမှာ။ ကျန်တဲ့လူတွေ ထိကိုင်မယ်ဆိုရင် ဒုက္ခရောက်သွားနိုင်တယ်...”

“ကောင်းပြီ ကျွန်တော်သိပါပြီ...” ဖှေးသည် ကမ္ဘာကျောက်တုံးအား သူ၏ ထားသိုရာအကန့်ထဲသို့ ပြန်ထည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ “ဆရာမတို့တွေ ကမ္ဘာကျောက်တုံးကို ပြန်လည်သန့်စင်နိုင်မယ့်နည်းလမ်းကို သိပြီလား...”

“ရတော့မှာပါ မစ်စတာဖှေး။ မစိုးရိမ်ပါနဲ့ ဒီလိုပုံအတိုင်းသာဆိုရင် ငါတို့တွေအချိန်လောက်ပါတယ်။ ခနစောင့်ပေးပါ...”

ဖှေးထိုကဲ့သို့မေးပြီးသည့်အချိန်တွင် အာကာရာနှင့်ကိန်းတို့သည် သူတို့၏အလုပ်များကို ပြန်လည်ဆောင်ရွက်လိုက်ကြ၏။ သူတို့နှစ်ယောက်သည် နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ကိုလေ့လာနေကြသည်ကို ဖှေးတွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံးသည် လေပေါ်တွင် လွှင့်ပျံနေသည့် ကျောက်တုံးမီးအိမ်များတွင်ပါရှိသည့် သော့များကို ဖွင့်နိုင်သွားပြီး နတ်ဆိုးဘုရင်၏ စာအုပ်ကိုပင် ယူဆောင်နိုင်ပြီးနေပြီဖြစ်၏။

ဤအခိုက်တန့်တွင် သူတို့နှစ်ယောက်လုံးသည် စာအုပ်ထဲတွင်သာ စိတ်ရောက်နေကြ၏။

ဖှေးသည် သူခံစားနေရသည့် စိုးရိမ်မှုကိုသာ ချုပ်တီးပြီးအတတ်နိုင်ဆုံးစိတ်ရှည်စွာဖြင့် စောင့်နေရ၏။

ဤလျို့၀ှက်သည့်ကျောက်တုံးအခန်းကို မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် သွေးစွန်းဂိုဏ်း၏ ဌာနချုပ်မြေအောက်ခန်းထဲတွင် အမှတ်မထင်ရှာတွေ့ခဲ့ခြင်းပင်။ နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်အပြင် လက်ထဲတွင်ကြီးမားသည့် ပုဆိန်ကြီးတစ်လက်ကို ကိုင်ထားသည့် ရွှေရောင်အရိုးစုတစ်ခုလည်းမရှိနေ၏။

ဖှေးသည် တစ်ဖက်သို့လှည့်ကာ သာမန်လူသားအရွယ်စားထက်ပို၍ သေးငယ်သည့် ထိုအရိုးစုကိုကြည့်လိုက်ပြီး ဤအရိုးစုသည် အသက်ရှိခဲ့စဥ်က အလွန်စွမ်းအားမြင့်မားသည့် သတ္တ၀ါတစ်ကောင်ဖြစ်ခဲ့သည်ကို သိလိုက်၏။ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာအကြာက သေဆုံးသွားခဲ့ပြီး အသာများပင်မရှိတော့ပေ။ ကျန်ရှိနေသည့် အရိုးများကပင် ဖှေးအားအလွန်အန္တရာယ်ရှိသည့် ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိ၏။

ဖှေးဤအရိုးစုကို ပထမဆုံးမြင်ခဲ့သည့်အချိန်က ဤအရိုးစုသည် အသက်ရှင်ခဲ့စဥ်က လအဆင့်စစ်သည်တစ်ဦးဖြစ်သည်ဟု ခန့်မှန်းခဲ့မိသော်လည်း ယခုအချိန်တွင် သူမှားသွားကြောင်းကို သတိထးလိုက်မိ၏။

သူသည် လယ်ဗယ်၉၉လူရိုင်းဇာတ်ကောင်တစ်ယောက်အနေဖြင့် ထိုအရိုးစုအနီးသို့ကပ်နိုင်ရန်အတွက် ထက်မံကြိုးစားကြည့်သော်လည်း လုပ်နိုင်ခြင်းမရှိသေးပေ။ သူသည် ဤအရိုးစုအနီး ငါးမီတာသို့ကပ်သွားပါက အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့မည့်အတိုင်းပင်။

ဖှေးပို၍စွမ်းအားမြင့်မားလာလေလေ ဤအရိုးစုသည်လည်း သူ၏မျက်လုံးထဲတွင် ပို၍စွမ်းအားမြင့်မားလာလေလေဖြစ်၏။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ လူတစ်ယောက်သည်လည်း စောင့်ဆိုင်းနေရသည်ကို စိတ်မရှည်ဖြစ်လာတော့၏။ ထို့ကြောင့် ဖှေးသည် ရက်ကာ၏ လက်အိပ်များကို ၀တ်ဆင်လိုက်ပြီး အရိုးစုအနီးသို့သူ၏လက်များကို ကပ်ကြည့်လိုက်၏။ ချက်ချင်းပင်အက်ကွဲသံများထွက်ပေါ်လာပြီး တစ်ခနအတွင်းမှာပင် လက်အိပ်တစ်ခုလုံးပျက်ဆီးသွားတော့မည့်အတိုင်းပင်။

“အတော်အန္တရာယ်များတာပဲ။ ဒါက သေပြီးနေတဲ့ အရိုးစုပဲရှိသေးတာကို ဒီခံစားချက်က ဒီလူအသက်ရှင်ခဲ့စဥ်က လအဆင့်ထက်တောင်ကျော်ခဲ့လို့ပဲ။ နေအဆင့်သခင်တစ်ယောက်ထက်တောင်ပိုပြီးစွမ်းအားမြင့်မားနေနိုင်တယ်။”

ဘုရင်သည် ထိတ်လန့်အံ့သြသွား၏။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ဖှေးသည်လည်း ပို၍စွမ်းအားမြင့်မားလာပြီး ဖှေး၏ ဤတိုက်အပေါ်နားလည်မှုမှာလည်း ပို၍မြင့်မားလာသည်။ သူသည် ဤအရိုးစု၏ စွမ်းအားအဆင့်ကို ပို၍ရှင်းလင်းစွာခန့်မှန်းမိလာ၏။ တကယ်တန်းတွင် သူသည် အရိုးစု၏ လက်ထဲတွင်ရှိနေသည့် ရွှေရောင်ပုဆိန်သည် နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုဖြစ်ကြောင်းကို ခန့်မှန်းမိ၏။ ဖှေး ထိုလက်နက်ကို အမှန်တကယ်ပင် လိုချင်နေမိသည်။

မေးခွန်းထုတ်စရာပင် မလိုပေ။ ဖှေးသည် ဤရွှေရောင်ပုဆိန်ကိုသာလက်နက်ကိုသာပိုင်ဆိုင်ထားပါက ယနေ့တွင်တွေ့ခဲ့သည့် အနီရောင်၀တ်ရုံနှင့်လူကိုပင် လွယ်ကူစွာသတ်ဖြတ်နိုင်လောက်၏။

သို့သော် ရွှေရောင်အရိုးစုထံမှ ထွက်ပေါ်လာနေသည့်ခံစားချက်များသည် အလွန်ပင် အန္တရာယ်များလှသည်။ ထို့ကြောင့် လက်ရှိတွင် သူထိုရွှေရောင်ပုဆိန်အား ရရှိနိုင်ဦးမည်မဟုတ်ပေ။

သူသည် ရပ်နေပြီး ပုဆိန်အား အ၀ေးမှငေးနေရန်ကာ တက်နိုင်၏။

“ငါသာ စွမ်းအားမြင့်မားလာပြီဆိုရင် ဒီပုဆိန်ကိုသေချာပေါက်ယူမယ်...”

ဘုရင်သည် တွေးလိုက်မိပြီး ပို၍ပင် စိတ်၀င်စားလာတော့၏။ “ဒီလိုစွမ်းအားမြင့်မားတဲ့လူတစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီအခန်းကျင်းလေးထဲမှာတစ်ယောက်ထဲ သေဆုံးခဲ့တာလဲ။ တစ်စုံတစ်ယောက်က ဒီအရိုးစုကို အတော်လေးဒဏ်ရာပြင်းထန်သွားအောင် တိုက်ခိုက်ခဲ့တဲ့ပုံပဲ။ အဲ့လူကရော ဘယ်လောက်တောင်စွမ်းအားမြင့်မားနေမလဲ။ သူတို့က လူတွေရော ဖြစ်နိုင်ရဲ့လား...”

“ဘုရားရေ ပြီးပြီဟ ဟားဟား နောက်ဆုံးတော့ မစ်စတာဖှေး ဒါကိုလာကြည့်ပါဦး...” အာကာရာနှင့်ကိန်းတို့သည် ရူးသွပ်စွာဖြင့် ထအော်ကာ သူတို့၏လက်များကို ၀ှေ့ရမ်းလိုက်ကြသည်။ သူတို့သည် တိုက်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အတိုင်းပင်။

သူတို့အားလုံးပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

“ငါတို့ နည်းလမ်းတစ်ခုကို တွေ့သွားပြီ...”

“ဒါက...” ဖှေးစိတ်လှုပ်ရှားစွာဖြင့် ပြေးသွားလိုက်၏။

အာကာရာနှင့်ကိန်းတို့သည် နတ်ဆိုးဘုရင်၏ အသိဉာဏ်များစာအုပ်ပေါ်တွင်ရှိနေသည့် မှော်အစီရင်ကိုအသက်သွင်းနိုင်သွားသည့်ပုံပင်။ စာအုပ်၏ နောက်ဆုံးစာမျက်နှာမှ အစိမ်းပြာရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ပုံရိ့ပ်တစ်ခုကို လေထုထဲတွင် ထင်ဟပ်စေလိုက်သည်။ ထိုပုံရိပ်သည် နတ်စင်တစ်ခုနှင့်တူသည့်ရှေးကျသည့် အဆောက်ဦးတစ်ခု၏ ပုံရိပ်တစ်ခုပင်။ ထိုအဆောက်ဦးသည် မီတာ၁၀၀၀ခန့်ပင်ရှည်လျား၏။ ခြုံငုံကြည့်ပါက ရှည်လျားသည့် တိုင်လုံးကြီးတစ်ခုနှင့်ပင်တူနေပြီး လူသားတို့တည်ဆောက်နိုင်သည့် အရာတစ်ခုမဟုတ်ပေ။ ဤတိုင်လုံးကြီး၏ ပတ်ပတ်လည်တွင် မီတာ၁၀၀ခန့်မြင့်မားသည့် အစိမ်းရောင်ရုပ်တု ၁၈ခု၀န်းရံနေကြ၏။ တစ်နည်းအားဖြင့် ထိုရုပ်တုများသည် ဖှေးအား ရင်းနှီးသည့် ခံစားချက်တစ်ခုကို ပေးနေ၏။

ဖှေး၏ခေါင်းထဲတွင် အလင်းတန်းတစ်ခုပေါ်လာပြီး ထိုရုပ်တုများရင်းနှီးသလိုခံစားနေရခြင်း၏ အကြောင်းရင်းကို သိရှိလိုက်၏။

သူတစ်ဖက်သို့လှည့်ကာ ရွှေရောင်အရိုးစုကိုကြည့်လိုက်ပြီး ရုပ်တု၁၈ခုသည် လူရုပ်တုများမဟုတ်ပဲ ဤရွှေရောင်အရိုးစု၏ အမျိုးနွယ်များ၏ ရုပ်တုများဖြစ်ကြောင်းကိုသိလိုက်၏။ သူတို့၏ အရွယ်စားများကို ကြည့်ခြင်းအားဖြင့် ခရီးသွားကဗျာဆရာများ၏ ပုံပြင်များထဲတွင်သာ ရှိသည့် လူပုမျိုးနွယ်များပင်။

ဤရွှေရောင်အရိုးစုသည်လည်း အသက်ရှင်ခဲ့စဥ်က လူပုတစ်ယောက်ပင်။

သူသည် စွမ်းအားမြင့်မားသည့် လူပုမျိုးနွယ်တစ်ယောက်ပင်။

ဖှေးသည် စိတ်ကိုထိန်းလိုက်ပြီး နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်ထံမှ ထွက်ပေါ်လာနေသည့် ပုံရိပ်ကို ဆက်လက်ပြီး သတိထားကြည့်လိုက်မိသည်။ ထိုပုံရိပ်သည် နတ်စင်၏ တည်နေရာနှင့် လမ်းကြောင်းတို့ကို ပြသနေသည့်အတွက်ပင်။ ထိုနေရာကသာ ကမ္ဘာကျောက်တုံးအား သန့်စင်နိုင်သည့်တစ်ခုတည်းသောနေရာဖြစ်သည့်အတွက်ပင်။

“မစ်စတာဖှေး ဒီစာအုပ်ဖော်ပြချက်အရဆိုရင် ငါတို့ ဒီ ဒဏာရီလာနတ်စင်ကို ရှာနိုင်မယ်ဆိုရင် အဲ့က စွမ်းအားနဲ့ ကမ္ဘာကျောက်တုံးကိုလည်း သန့်စင်နိုင်လိမ့်မယ်။” ကိန်းပြောလိုက်သည်။ ဤအဖိုးကြီးသည် ယခင်ရက်များတွင် ပြင်းပြင်ထန်ထန်အလုပ်ကြိုးစားနေခဲ့သော်လည်း တက်တက်ကြွကြွရှိနေဆဲပင်။ ရှုပ်ပွေနေသည့် ဆံပင်များမုတ်ဆိတ်များနှင့် သူပြောလိုက်၏။ “ဒါကအတော်လေးမှော်ဆန်တာပဲ။ ဒီလိုအရာက ဒီကမ္ဘာပေါ်မှာရှိနေသေးတာလား...”

ဖှေးမျက်မှောင်ကြုံ့ကာ ၀င်မေးလိုက်သည်။ “ခနလောက် ဒီနတ်စင်က ဘယ်မှာရှိတယ်ဆိုတာကို ကျွန်တော့်ကို ပြောပြလို့ရနိုင်မလား...”

“အမ်...ဒါက ငါတို့လဲမသိဘူးကွ။ မသိသေးတာပေါ့...” အာကာရာနှင့်ကိန်းတို့သည် ရှက်သွားကြ၏။ သူတို့၏မျက်နှာများနီရဲကုန်ကြပြီး သူတို့၏ခေါင်းများကို နိမ့်လိုက်ကြသည်။

ဖှေးဆွံ့အသွား၏။

အခိုက်တန့်တစ်ခုကြာခန့် ဖှေးသူ့အားမျှော်လင့်ချက်များစွာပေးခဲ့သည့်အတွက် သူတို့နှစ်ယောက်အားထကန်ချင်စိတ်ပင်ပေါက်သွား၏။

သူသည် မဟာခေါင်းဆောင်ကြီး၏ ဒေါသကို အာရုံခံလိုက်မိသည့်အတွက်ဖြစ်ပေလိမ့်မည် ကိန်းဆက်ပြောလိုက်၏။ “မစ်စတာဖှေး ဒါကကျွန်တော်တို့သိသမျှထဲမှာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကမ္ဘာကျောက်တုံးက အရွယ်စားသေးငယ်တယ်ဆိုပေမယ့် အဲ့ကောင်က ဒိုင်ယာဘလိုကမ္ဘာရဲ့အရင်းမြစ်တစ်ခုပဲ။ ဒိုင်ယာဘလိုကမ္ဘာကို လည်ပတ်အောင်ဆောင်ရွက်ပေးတဲ့ဟာပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒီကောင်ကို သန့်စင်ချင်တယ်ဆိုရင်မြင့်မြတ်တဲ့စွမ်းအင်များစွာလိုအပ်လိမ့်မယ်။ အဲ့စွမ်းအင်တွေက ဒီနတ်စင်မှာပဲရှိတယ်လို့ နတ်ဆိုးဘုရင်ရဲ့ အသိပညာများစာအုပ်ထဲမှာ ဖော်ပြထားတယ်...”

“ဟုတ်တယ် ဒီနတ်စင်ထဲကပုံအတိုင်းဆိုရင် ဒီနတ်စင်က အနည်းဆုံးမီတာ၁၀၀၀လောက်တော့မြင့်မားတယ်လေ။ အဲ့လိုခမ်းနားတဲ့အဆောက်ဦးတစ်ခုက ဒီကမ္ယာပေါ်မှာလည်း နာမည်ကြီးမှာပေါ့။ အဲ့တာကြောင့်ရှာဖွေရတာမခက်ခဲလောက်ပါဘူး။ မှတ်တမ်းတွေရှိရင်ရှိမှာပေါ့။” အာကာရာသည် အခြေအနေကို ဖှေးအားရှင်းပြလိုက်သည်။

ဖှေးဘာမှမပြောချေ။

သူသိသလောက်အရဆိုပါက ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့နတ်စင်ရှိနေသည်ကို သူမကြားဖူးသည့်အတွက်ပင်။ အခိုက်တန့်တစ်ခုကြာခန့်ဘုရင်သည် ဤတိုက်ပေါ်တွင်ရှိသည့် ပုံပြင်များ ဒဏာရီများကို စိတ်၀င်စားခဲ့မိသည့်အတွက် များစွာလေ့လာခဲ့ဖူးသည်။ သို့သော် ထိုထဲတွင် ဤနတ်စင်နှင့်ပတ်သက်သည့်အကြောင်းရာများကို သတိထားမိခြင်းမရှိခဲပေ။

ဤနတ်စင်အား ရှာဖွေရန်မှာပင်လယ်ပြင်ထဲတွင် အပ်တစ်ချောင်းရှာနေသကဲ့သို့သာဖြစ်နေမည်ဖြစ်ပြီး မဖြစ်နိုင်သလောက်ပင်။ သူသည် သုံးလအတွင်းတွင် မဆိုစေကာမူ တစ်သက်လုံးပင် ရှာတွေ့ချင်မှ တွေ့နိုင်မည်ဖြစ်၏။

သို့သော် ဖှေးသည် သူစိတ်အေးအေးထားမှရမည်ကိုသိရှိလိုက်သည်။ သူစိတ်ထိန်းလိုက်ပြီးသည့်အချိန်တွင် လေထဲတွင်ရှိနေသည့် ပုံရိပ်အား ဂရုစိုက်ကြည့်လိုက်၏။ သူ၏ရှေ့တွင်ရှိနေသည့် ပုံရိပ်ကသာလျှင် သူ့အား တစ်ခုတည်းသောပေးနေသည့် သဲလွန်စတစ်ခုဖြစ်သည့်အတွက်ပင်။ ထို့ကြောင့် သူသည် ဂရုတစိုက်လေ့လာကြည့်ရှုရမည်ဖြစ်သည်။

သူသုံးမိနစ်ကြာခန့်အသေးစိတ်ထပ်ခါထပ်ခါကြည့်ရှုပြီးသည့်အချိန်တွင် အရေးကြီးသည့် သဲလွန်စတစ်ခုကို သတိထားလိုက်မိ၏။

“ဒီ...ရသေူမလို သတ်တဝါက....”

ဖှေး၏နှလုံးခုန်သံများမြန်ဆန်သွားပြီး သူ၏ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါလာတော့သည်။

နတ်စင်ပတ်ပတ်လည်တွင် သေးငယ်သည့် အမဲရောင်သတ္တ၀ါများလွှင့်မြောလျှက်ရှိနေသည်ကို ဘုရင်သတိထားမိသွားသည့်အတွက်ပင်။ ထိုသတ္တ၀ါများသည် အလွန်မြန်ဆန်စွာ စီးဆင်းနေကြသော်လည်း အမဲရောင်ပုံရိပ်ယောင်များပင်ချန်ထားခဲ့သည်။ ဖှေးသည် ဤသတ္တ၀ါများကို ယခင်က သတိထားမိခဲ့ခြင်းမရှိသော်လည်း ပုံရိပ်အား အလွန်အာရုံစူးစိုက်ကြည့်ပြီးသည့်နောက်တွင် ရေသူမကဲ့သို့ သတ္တ၀ါများအလွန်လျှင်မြန်စွာကူးခတ်နေကြသည်ကို ပုံရိပ်ထဲတွင် မြင်လိုက်ရ၏။

သူသည်ချက်ချင်းပင် အလံနှစ်စုံမြို့တော်အောက်တွင်ရှိသည့် မြေအောက်ပင်လယ်၏ အောက်ခြေတွင် သူမြင်ခဲ့ရသည့် အဆောက်ဦးများနှင့် ရေသူမကဲ့သို့သော သတ္တ၀ါများကို ဆက်စက်မိသွားသည်။

“ဒီ နတ်စင်က မြေအောက်ပင်လယ်ထဲမှာရှိနေတာများလား....”

All Chapters