အခန်း (၅၄၀)
Vol. 34 Ch. 540
ဖျက်စီးခြင်းပုလ္လင်အခန်းထဲတွင်ပေါ်လာခဲ့သည့် ဘေးလ်သည် ပုံရိပ်ယောင်တစ်ခုသာဖြစ်ပြီး ဘေးလ်အစစ်မှန်သည် ဤအခန်းထဲတွင်ရှိနေခြင်းပင်။
“ဟားဟားဟား မိုက်မဲတဲ့လူသား။ မင်းရဲ့ခရီးစဥ်က ဒီနေရာမှာတင်ရပ်တန့်သွားပြီ။ မင်းရဲ့အရသာရှိတဲ့အရိုးတွေ၊ အသားတွေနဲ့ ၀ိဉာဥ်တွေကို င့ါကိုပေးလိုက်စမ်း။ ငါအရသာရှိတဲ့အရာတစ်ခုကို အာရုံခံမိနေတယ်။ မင်းရဲ့သွေးတွေကို သောက်ပြီးတော့ င့ါရဲ့စစ်သည်တစ်ယောက်အဖြစ်ဖန်ဆင်းပေးလိုက်မယ်။ မင်းလဲ ထာ၀ရအသက်ရှင်နိုင်တာပေ့ါ။ ဟားဟားဟား...”
ဘေးလ်အစစ်မှန်သည် ရူးသွပ်စွာရယ်မောရင်းဖြင့် ပေါ်ထွက်လာ၏။
“မင်းအမေကို ထာ၀ရအသက်ရှင်ပါလား။ င့ါကို မင်းအသက်နဲ့ ကမ္ဘာကျောက်တုံးပေးလိုက်စမ်း။ ငါ့မိန်းမကို ကယ်တင်ရဦးမယ်။ ဓားမုန်တိုင်း...”
ဖှေးသည် မန်နာဆေးပုလင်းတစ်လုံးကို မော့သောက်ရင်းဖြင့် လေပေါ်သို့ ခုန်တက်သွား၏။
“ဖုန်း...”
ဓားစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် လေဗွေတစ်ခုသည် ဘေးလ်အားတိုက်ခိုက်လိုက်ပြီး ဘေးလ်၏ သွေး၅ရာခိုင်းနှုန်းခန့်ကို ချွေယူသွား၏။
ဖှေး ဤအရာကို မြင်သည့်အချိန်တွင် ပို၍ယုံကြည်ချက်ရှိလာ၏။
ကြမ်းတမ်းသည့် တိုက်ပွဲမှာ စတင်လာတော့၏။
သို့သော် အဖြစ်မှန်မှာ ဖှေးမျှော်မှန်းထားသည်ထက်ပို၍ ရက်စက်လှသည်။ ဘေးလ်ထံတွင် ဒိုင်ယာဘလိုကမ္ဘာမှ ခေါင်းဆောင်ကြီးများမရှိသည့် အသိဉာဏ်များကို ပိုင်ဆိုင်ထား၏။ သူသည် မီးစွမ်းအင်ဂုဏ်သတ္တိစွမ်းအင်များနှင့် မီးစွမ်းအင်မှော်စွမ်းအင်များကိုအသုံးပြုနိုင်၏။ သူ၏အစွမ်းများအားလုံးသည် ဆက်တိုက်အသုံးပြုနိုင်သည့်အစွမ်းများဖြစ်သောကြောင့်ဖှေးအတွက်ရှောင်ရှားရန်ခက်ခဲနေ၏။ သူထိခိုက်မိသွားသည့်အချိန်တွင် သူ၏ အမြန်နှုန်းများလျှော့ကျလာကာ ပို၍ပင်ထိခိုက်မိသွားသည်။ ဖှေး ဘေးလ်၏သွေးအတော်များများကို ကုန်ဆုံးအောင်တိုက်ခိုက်ပြီးသည့်အချိန်တွင်လည်း ထိုခေါင်းဆောင်ကြီးသည် တယ်လီပေါ့တ်အစွမ်းကိုအသုံးပြု၍ ရှောင်ရှားကာ မိမိကိုယ်မိမိပြန်လည် ကုသရင်းဖြင့် ဖှေးအား တန်ပြန်တိုက်ခိုက်နေလျှက်ရှိသည်။
နာရီ၀က်ခန့်ကြာသည့်အချိန်တွင် ဖှေးသည် ဒိုင်ယာဘလိုအလယ်လတ်ခက်ခဲမှုအဆင့်တွင်ရှိသည့် စွမ်းအားအမြင့်ဆုံးခေါင်းဆောင်ကြီးကို အောင်နိုင်သွား၏။
“ဖုန်း...”
ဘေးလ်၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပစ်လဲသွားပြီးအော်ဟစ်ကာ သေဆုံးသွားတော့၏။
ဘေးလ်သေဆုံးသွားသည့်အချိန်တွင် အလောင်းထံမှ ပန်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကမ္ဘာကျောက်တုံးအခန်းတစ်ခုလုံးကို လင်းထိန်သွားစေ၏။ ထို့နောက်တွင် နေရာတစ်ခုလုံးပြိုကျတော့မည့်အတိုင်းပင် မြေပြင်မှာ တုန်ခါလာတော့၏။ မျက်နှာကျက်မှ ကြီးမားသည့်ကျောက်တုံးကြီးများပြိုကျလာပြီး နောက်ဆုံးနေ့ရက်တစ်ခုကဲ့သို့ပင်။
ဘေးလ်၏ ရုပ်အလောင်းပတ်ပတ်လည်တွင် အရောင်သွေးမျိုးစုံရှိသည့်အလင်းရောင်များတောက်ပနေကြသည်။
အလောင်းပတ်ပတ်လည်တွင် အနည်းဆုံးရွှေဒင်္ဂါးတစ်သောင်းခန့်လဲရှိနေ၏။
ဖှေးသူ၏အရှေ့တွင်ရှိနေသည့် Tပုံသဏာန်လျှောက်လမ်းအတွင်းသို့သာ လမ်းလျှောက်သွားလိုက်ပြီး ခေါင်းဆောင်ကြီးဘေးလ်ထံမှရရှိလာသည့် ဆုလာဘ်များကို တစ်ချက်ပင်ကြည့်ခြင်းမရှိပေ။
ကမ္ဘာကျောက်တုံးအခန်းထဲတွင်ရှိသည့် Tပုံသဏန်လျှောက်လမ်းသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် အလျို့၀ှက်ဆုံးတည်ဆောက်ခြင်းတစ်ခုပင်။ ထိုလျှောက်လမ်းတစ်ခုလုံးသည် နတ္တိနေရာတွင်တည်ရှိနေခြင်းပင်။ ဘေးနံရံများနှင့် အောက်ခြေများသည် မဲမှောင်နေ၏။ ဤနေရာအား အဆုံးမဲ့သည့် အာကာသတစ်ခုထဲတွင်တည်ဆောက်ထားသည့်အတိုင်းပင်။ လျှောက်လမ်း၏ဘေးပတ်ပတ်လည်တွင် ရှေးကျသည့် ကျောက်ရုပ်များရှိနေပြီး ရုပ်တုတစ်ခုနှင့်တစ်ခုအား သွေးများစွန်းထင်းနေသည့် သံမဏိကြိုးများနှင့်သွယ်ဆက်ထား၏။
ဖှေးသည် လျှောက်လမ်းလိုဏ်ဂူ၏ အဆုံးသို့ရောက်ရှိလာသည်။
ကြမ်းတမ်းသည့် ကျောက်စားပွဲတစ်ခုပေါ်တွင် ဘုရင်သည် ကမ္ဘာကျောက်တုံးအား တွေ့လိုက်မိ၏။
သူတော်စင်အာကာရာ၏ ဖော်ပြချက်အရသန့်စင်သည့်ကမ္ဘာကျောက်တုံးသည် ကောင်းကင်ကဲ့သို့ပင် အပြာရောင်သန်းနေပြီး တလင်းကျောက်တစ်ခုကဲ့သို့ပင် တောက်ပနေမည်ဖြစ်သည်။ ထို့အပြင် ဆယ်စင်တီမီတာခန့်ရှည်လျားကာ လေးစင်တီမီတာခန့်ကျယ်၀န်းသည့် ဘဲဥပုံသဏာန်ရှိရမည်ဖြစ်သည်။
သို့သော် ဖှေး၏ မျက်စိအရှေ့တွင်ရှိနေသည့် ကမ္ဘာကျောက်တုံးသည် ထင်ရှားစွာပင် ညစ်နွမ်းနေ၏။
ပုံသဏာန်မှာပြောင်းလဲခြင်းမရှိသော်လည်း အရောင်မှာ ယခုအချိန်တွင်အနီရောင်ဖြစ်နေကာ မကောင်းပဲ အေးစက်သည့် ခံစားချက်များကို ပေးနေလျှက်ရှိ၏။ ဖှေး ကမ္ဘာကျောက်တုံးကို တစ်ချက်ကြည့်လိုက်သည့်အချိန်တွင် မကောင်းသည့်အတွေးများစွာသည် ဖှေး၏ခေါင်းထဲသို့၀င်ရောက်လာပြီး သူသည် နတ်ဆိုးတစ်ယောက်ဖြစ်လာတော့မည်သကဲ့သို့ပင် ခံစားလိုက်ရ၏။
ဖှေးစိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။
သို့သော် သူသည် ထိုကမ္ဘာကျောက်တုံးအားအိတ်ထဲသို့ထည့်ကာ အာကာရာပြန်လည်သန့်စင်အောင်ပြုလုပ်နိုင်မည်ဟူ၍သာ မျှော်လင့်လိုက်၏။
ဤအခိုက်တန့်တွင် အပြာရောင်ပေါ်တယ်တစ်ခုသည် ဖှေး၏ဘေးတွင်ပေါ်လာ၏။
နတ်သားတိုင်ရယ်သည် ပေါ်တယ်အတွင်းမှ လမ်းလျှောက်ထွက်လာသည်။
“ကောင်းတယ်။ နောက်ဆုံးမှာ ဘေးလ်လဲသေသွားပြီ။ ဂုဏ်သရေရှိတဲ့ သူရဲကောင်းဖှေး မင်းက မင်းရဲ့ရဲစွမ်းသတ္တိနဲ့စွမ်းအားတွေကို မင်းလုပ်ရပ်တွေနဲ့ သက်သေပြခဲ့တာပဲ။ မင်းက ကမ္ဘာကြီးတစ်ခုလုံးရဲ့ မကောင်းမှုအရင်းမြစ်တွေကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒါပေမယ့် ကမ္ဘာကျောက်တုံးက ညစ်နွမ်းနေပြီ။ မင်းဖျက်ဆီးပစ်ရမယ် သူရဲကောင်း။ ကမ္ဘာကြီးတစ်ခုလုံး ထာ၀ရငြိမ်းချမ်းနေဖို့အတွက် မင်းအဲ့တာကို ဖျက်ဆီးပစ်မှရမယ်...” တိုင်ရယ်ပြောလိုက်၏။
ဤနတ်သားသည် မြင့်မြတ်သည့် ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီး သူ၏ အနောက်တွင်ရှိနေသည့် ရေဘ၀ဲလက်များကဲ့သို့သော စွမ်းအင်များတွင် ခုခံ၍မရနိုင်ကာ မြင့်မြတ်သည့်စွမ်းအင်များစွာပါ၀င်နေ၏။
သူဖှေးအားစိုက်ကြည့်လိုက်သည့်အချိန်တွင် သူသည် နတ်ဆိုးများ၏ တရားစီရင်ခြင်းကို ခံနေရသကဲ့သို့ခံစားလိုက်ရသည်။ ဤနတ်သားသည် သူ၏အဖြေကိုစောင့်နေသကဲ့သို့ခံစားလိုက်ရသည်။ ငြင်းဆန်လိုက်ပါက ထိုနတ်သားသည် သူ့အား သတ်ဖြတ်တော့မည့်အတိုင်းပင်။
သို့သော် ဘုရင်သည် သူ၏ နှုတ်ခမ်းများကိုသာ ကွေးကောက်လိုက်ပြီးဘာမှပြန်လည်ဖြေကြားခြင်းမပြုပေ။
အရိုးသားဆုံးပြောရပါက ဖှေးသည် အရာအားလုံး၏နောက်ကွယ်မှ သမိုင်းကြောင်းများကို သိရှိပြီးသည့်အချိန်တွင် ဤနတ်သားကို ကြည့်မရခဲ့ပေ။ နတ်ဘုရားများနှင့် နတ်ဆိုးများ၏ စစ်ပွဲသည် ကောင်းကင်ဘုံနှင့် ငရဲတို့အချိန်ဖြုန်းရန်အတွက် ဆော့ကစားနေခဲ့သည့် ကစားပွဲတစ်ခုကဲ့သို့ပင်။ လူသားများခံစားခဲ့ရသည့် နာကျင်မှုများသည် နတ်ဘုရားများနှင့် နတ်ဆိုးများအတွက် ကစားပွဲတစ်ခုကဲ့သို့သာဖြစ်၏။
ကောင်းကင်ဘုံနှင့် ငရဲပြည်နှစ်ခုလုံးသည် တရားမျှတခြင်းကို ကိုယ်စားမပြုကြပေ။ နတ်ဆိုးများနှင့် နတ်ဘုရားများအားလုံးသည် ရက်စက်ကာ ကိုယ်ခြင်းစာတရားကင်းမဲ့သည့် သတ္တ၀ါများပင်။
ဖှေးတစ်ဖက်သို့လှည့်ကာ တိုင်ရယ်အား ဘာမှ ပြန်လည်ဖြေကြားခြင်းမရှိပေ။
“ဟမ် အစိမ်းရောင်ပစ္စည်းတစ်ခုပါလား...” ဖှေးသည် ဘေးလ်၏ ရုပ်အလောင်းထံသို့ လမ်းလျှောက်သွားလိုက်ကာ အစိမ်းရောင်တောက်ပနေသည့် ပစ္စည်းတစ်ခုကို မြင်လိုက်ရ၏။ သူစစ်ဆေးခြင်းစာလိပ်နှင့်စစ်ဆေးပြီးသည့်အချိန်တွင် ဤအစိမ်းရောင်ချပ်၀တ်၏ သရုပ်မှန်အချက်လက်များကို သိလိုက်ရ၏။
“ဒါက မသေမျိုးဘုရင်ရဲ့ ၀ိဉာဥ်အချုပ်နှောင်မြင့်မြတ်သောချပ်၀တ်ပဲ...” ဖှေး၏ အသံပင်တုန်ခါနေ၏။
ဖှေးသည် ဤကဲ့သို့ နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုကို ရလိမ့်မည်ဟုထင်မထားသည့်အတွက်ပင်။ ဤသည်မှာ မသေမျိုးဘုရင်ဟူသည့် စုံလိုက်ပစ္စည်းများထဲမှ တစ်ခုပင်။ ဖှေးသည် ဤပစ္စည်းအစိတ်ပိုင်းကို ရလိုက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။
ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဇာတ်ကောင်၇ကောင်လုံးသည် ကိုယ်ပိုင် အစိမ်းရောင်အဆင့်မြင့်စုံလိုက်ပစ္စည်းများ အသီးသီးရှိနေကြ၏။
လူရိုင်းဇာတ်ကောင်အနေဖြင့် ဖှေးရရှိနိုင်သည့် စုံလိုက်ပစ္စည်းများမှာ မသေမျိုးဘုရင်ပစ္စည်းများပင်။ ထိုပစ္စည်းများသည် လူရိုင်းမျိုးနွယ်၏ ဖခင်ကြီးဖြစ်သည့် ဘူးလ်-ခရေးတို့သက်ရှိထင်ရှားရှိစဥ်က အသုံးပြုခဲ့သည့်ပစ္စည်းများပင်။ ဘူး-ခရေးတို့စ်အား မသေမျိုးဘုရင်ဟု သက်ရှိထင်ရှားရှိစဥ်က တင်စားခေါ်၀ေါ်ခဲ့ကြပြီး သူအသုံးပြုခဲ့သည့် ပစ္စည်းများသည်လည်း မသေမျိုးဘုရင်ဟူသည့် နာမည်ကိုဆက်ခံနေခဲ့ခြင်းပင်။
ထိုပစ္စည်းများထဲတွင် ဦးဆောင်း၊ တူတစ်လက်၊ ချပ်၀တ်တစ်စုံ၊ ခါးပတ်၊ လက်အိပ်များနှင့် ဖိနပ်များအပါ၀င် ပစ္စည်းခြောက်ခုရှိ၏။ ထိုပစ္စည်းခြောက်ခုလုံးကို ပြိုင်တူတပ်ဆင်အသုံးပြုပါကရရှိမည့်စွမ်းအားများသည် ရူးလောက်ဖွယ်ပင်။ ဖှေးယခင်ဘ၀က ဒိုင်ယာဘလိုဂိမ်းကစားခဲ့စဥ်ကလည်း ဤပစ္စည်းခြောက်ခုလုံးကိုရရှိရန်မှာ အလွန်ခက်ခဲလှ၏။
ဖှေးယခုတွင်ရရှိလိုက်သည့် ပစ္စည်းသည် ထိုပစ္စည်းများထဲမှ ချပ်၀တ်အစိတ်ပိုင်းပင်။ မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင် မြင့်မြတ်သော ချပ်၀တ်ပင်။ ဒီဇိုင်းမှာအတော်မိုက်လှပြီး အရောင်သွေးမှာလည်း တောက်ပနေ၏။ ဤချပ်၀တ်တစ်ခုထဲကပင် ဖှေးခန္ဓာကိုယ်၏ ၆၀ရာခိုင်နှုန်းခန့်ကို ကာကွယ်ထား၏။
ထို့အပြင် ချပ်၀တ်ဒီဇိုင်းသည် အလွန်ပင်အနုပညာဆန်လှ၏။
ဖှေးသည် စိတ်လှုပ်ရှားလွန်းလှသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ခါနေ၏။
တွန့်ဆုတ်ခြင်းမရှိပဲ သူလက်ရှိတွင် ၀တ်ဆင်နေသည့် ရွှေဒင်္ဂါးတစ်သိန်းအကုန်ခံကာ၀ယ်ထားရသည့် ချပ်၀တ်ကို လွှင့်ပစ်လိုက်ပြီး မသေမျိုးဘုရင်၏ ချပ်၀တ်ကို ၀တ်ဆင်ကြည့်လိုက်သည်။
သူသည်ချက်ချင်းပင် တစ်ခါမှမကြုံဖူးသေးသည့်စွမ်းအားများကို ခံစားလိုက်ရ၏။
ပေါ့ပေါ့ပါးပါးရှိခြင်း၊ သက်တောင့်သက်သာရှိခြင်း၊ စွမ်းအားပြည့်၀ခြင်း၊ လုံခြုံမှုရှိခြင်း၊ လှပခြင်း...
စသည့် စကားလုံးများကိုဖှေး၏ခေါင်းထဲတွင် တွေးလိုက်မိ၏။ ဤသည်မှာ သံမဏိချပ်၀တ်တစ်ခုဖြစ်သော်လည်း အလေးချိန်လုံး၀မရှိပေ။ ဖှေး၀တ်ဆင်လိုက်သည့်အချိန်တွင် ပိုးသား၀တ်စုံတစ်ခုကို ၀တ်ဆင်နေရသကဲ့သို့သာ ခံစားရ၏။ လက်ရှိတွင် ဖှေး၏လည်ပင်းအောက်တွင်ရှိနေသည့် ခန္ဓာကိုယ်အစိတ်ပိုင်းများအားလုံးကို ဤနတ်ဘုရားကဲ့သို့သော ချပ်၀တ်မှ ကာကွယ်ပေးထား၏။ ချပ်၀တ်သည် အသက်၀င်နေသကဲ့သို့ပင် ဖှေး ခန္ဓာကိုယ်နှင့်ကိုက်ညီအောင် ချိန်ညှိလိုက်၏။
ဤအခိုက်တန့်တွင် ဘုရင်သည် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူသည် တစ်နည်းအားဖြင့် ဘူးလ်-ခရေးတို့စ်နှ့င်ပင် တူနေ၏။
ချပ်၀တ်ကို ၀တ်ဆင်ထားသည့်အတွက်ကြောင့်ဖှေးသည် ဤချပ်၀တ်၏ ဂုဏ်သတ္တိများကို မြင်တွေ့နေရ၏။
“ခုခံခြင်း ၉၉၉ အကြမ်းခံနိုင်မှု ၁၀၀၊ ၀တ်ဆင်ရန်လိုအပ်သည့် ခွန်အား ၂၉၀၊ လိုအပ်သည့် လယ်ဗယ်၊ ၇၈၊ တိုက်ခိုက်ခံရသည့်အချိန်တွင် မီးအစွမ်းရရှိနိုင်ချေ၊ ၅၀ရာခိုင်နှုန်း၊ အဆိပ်အားခုခံနိုင်ခြင်း ၆၀၀၊ လူရိုင်းဇာတ်ကောင်၏ တိုက်ခိုက်နိုင်စွမ်းများကို တိုးမြှင့်ပေးခြင်း ၂။
ဖှေးသည် အနီရောင်၀တ်ရုံနှင့် လူနှင့် တိုက်ခိုက်ခဲ့စဥ်ကသာ ဤချပ်၀တ်ကို၀တ်ဆင်ခဲ့ပါက သူသည် ထိုမျှ ခုခံနိုင်စွမ်းကင်းမဲ့ကာ ဒဏ်ရာများစွာရရှိခဲ့လိမ့်မည်မဟုတ်ပေ။
“င့ါမှာ အစိတ်ပိုင်းတစ်ခုပဲရှိသေးတာ အတော်ဆိုးတာပဲ။ ငါသာ ကျန်တဲ့ မသေမျိုးဘုရင် စုံလိုက်ပစ္စည်းငါးခုကိုသာရအောင်ရှာနိုင်မယ်ဆိုရင် ဟီးဟီး...” ဘုရင် ရယ်လိုက်မိသည်။ ဤရည်မှန်းချက်သည် ဖြစ်နိုင်ရန်အလွန်ခက်ခဲလှသည့်အတွက် အိမ်မက်မက်ရန်သာတက်နိုင်ကြောင်းကိုလည်း ဘုရင်သိရှိ၏။
ဖှေး ဤချပ်၀တ်ကို ၀တ်ဆင်ပြီးချိန်တွင် သူ၏ တိုက်ခိုက်နိုင်စွမ်းများသည်လည်းများစွာမြင့်တက်လာပြီး ကျန်ရှိနေသည့် ဆုလာဘ်များကို စစ်ဆေးကြည့်လိုက်သည်။
အစိမ်းရောင်စုံလိုက်ပစ္စည်းတစ်ခုအပြင် အဆင့်၆ရှားပါးပစ္စည်းနှစ်ခုလည်းရှိနေ၏။ တစ်ခုသည် မုန်တိုင်းဖိနပ်ဟုခေါ်သည့် ဖိနပ်တစ်စုံပင်။ ထိဖိနပ်တွင် မြန်ဆန်ခြင်း +၂၀၊ ရေခဲကြယ်ပွင့်အစွမ်းအသုံးပြုနိုင်စွမ်းလဲပါရှိ။ ကျန်ရှိနေသည့် ရွှေရောင်ပစ်ခတ်နိုင်သည့် လက်နက်တစ်ခုဖြစ်ပြီး ထိခိုက်နိုင်စွမ်း ၉၉ ပါရှိ၏။
ထိုအရာများပြင် ရက်ကာ၏ လက်ဖ၀ါးများဟုခေါ်သည့် အဆင့်၈ပစ္စည်းတစ်ခုလည်းပါရှိသည်။ ထိုပစ္စည်း၏ ဂုဏ်သတ္တိများမှာ ခုခံခြင်း +၉၉၊ အကြမ်းခံနိုင်စွမ်း ၈၉၊ ထိုးဖောက်နိုင်စွမ်း +၂၅ရာခိုင်နှုန်း၊ ရေခဲအစွမ်းကို တိုးမြှင့်ပေးခြင်း စသည်တို့ပါရှိသည်။ ခြုံငုံ၍ပြောရပါက ဤပစ္စသည်းသည် အတော်တန်ကောင်းမွန်သည့် သံမဏိလက်အိပ်တစ်စုံပင်။
အလယ်လတ်ခက်ခဲမှုအဆင့်၏ နောက်ဆုံးခေါင်းဆောင်ကြီးဖှေးသည် သာမန်မကောင်းဆိုး၀ါးများထံမှ မရရှိနိုင်သည့် ပစ္စည်းများကို လက်ဆောင်ပေးသွားခဲ့၏။ ယနေ့တွင် ဖှေးအနီရောင်၀တ်ရုံဖြင့်လူနှင့်တိုက်ခိုက်ခဲ့စဥ်ကပစ္စည်းများစွာဆုံးရှုံးသွားခဲ့သော်လည်း ယခုအချိန်တွင် သူလိုအပ်သည့် ပစ္စည်းအားလုံးနီးပါကို ပြန်လည်ရရှိလိုက်၏။
သူသည် ချက်ချင်းပင် မုန်တိုင်းဖိနပ်နှင့် ရက်ကာ၏လက်ဖ၀ါးများပစ္စည်းတို့ကို တပ်ဆင်လိုက်သည်။ သို့သော် သူသည် ပစ်ခတ်သည့်လက်နက်ကိုအသုံးပြုရသည်အားမနှစ်သက်သည့်အတွက်ကြောင့် ထိုလက်နက်အား အသုံးပြုခြင်းမရှိပေ။ သူ၏ ထားသိုရာအကန့်ထဲတွင်သာ သိမ်းဆည်းထားလိုက်ပြီး မြို့ထဲတွင်ရှိသည့် NPCများထံသို့သာ ပြန်လည်ရောင်းချရန်စဥ်းစားလိုက်သည်။
ထို့နောက်တွင် မြို့ပြောင်းစာလိပ်တစ်ခုကို အသုံးပြုကာ ဟာရိုဂတ်သို့ပြန်ရန်ပြင်လိုက်၏။
“လူသား မင်းညစ်နွမ်းနေတဲ့ ကမ္ဘာကျောက်တုံးကို ဖျက်ဆီးပစ်ရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကမ္ယာကြီးတစ်ခုလုံးပျက်ဆီးသွားလိမ့်မယ်။ မင်းလဲ နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားနိုင်တယ်။ မင်းဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး....”
ဖှေးပေါ်တယ်အတွင်းသို့ မ၀င်ခင်အချိန်တွင် နတ်သားတိုင်ရယ်၏ အော်ဟစ်သံများသည် ကမ္ဘာကျောက်တုံးအခန်းထဲတွင် ဟိန်းကာ ကျန်ခဲ့၏။ တစ်နည်းအားဖြင့် ဖှေးသည် ဤအသိဉာဏ်မရှိသည့် NPC၏အသံထဲတွင် ဒေါသဖြစ်နေသည့်အရိပ်ယောင်တစ်ချို့ပါနေသည်ဟုခံစားမိနေ၏။ အသိဉာဏ်မရှိသည့် ကွန်ပျူတာဇာတ်ကောင်များသည် ရုတ်တရက်စိတ်ခံစားချက်များရရှိလာနေသကဲ့သို့ပင်။
“ငါစိတ်ထင်နေလို့နေမှာပါ...”
ဖှေး ဟာရိုဂတ်သို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် သူမလိုအပ်သည့် ပစ္စည်းများအားလုံးကို NPCအန်ယာထံသို့ရောက်ချလိုက်သည်။ ထို့နောက်တွင် တွန့်ဆုတ်နေခြင်းမရှိပဲ သူပုန်စခန်းသို့ပြန်ကာ သူကြိုတင်ကာ ဖန်တီးထားခဲ့သည့် ပေါ်တယ်ကိုအသုံးပြုပြီး အာကာသတစ်နေရာတွင်ရှိနေသည့် လျို့၀ှက်သောကျောက်တုံးအခန်းထဲသို့၀င်လာခဲ့တော့၏။