အခန်း (၅၄၂)
Vol. 34 Ch. 542
ဖှေး ပို၍ တွေးကြည့်လေလေ ပို၍ဖြစ်နိုင်လာလေလေဖြစ်၏။
မြေအောက်ပင်လယ်သည် အလွန်ပင်ကျယ်ပြန့်လှပြီး အကန့်သက်မရှိသကဲ့သို့ပင်။ အလွန်လည်းလျို့၀ှက်ဆန်းကျယ်လှသဖြင့် ထိုပင်လယ်တည်ရှိသည်ကို မည်သူမှမသိရှိကြပေ။ ရေသူမကဲ့သို့သောသတ္တ၀ါများနှင့် ပတ်သက်၍လည်းမှတ်တမ်းတစ်စုံတစ်ရာမရှိပေ။ မြို့တော်၀န်စံအိမ်တွင်ရှိသည့် စာကြည်တိုက်ထဲတွင်သာ ဖှေး ပုံတူပန်းချီကားတစ်ချက်ကို ရှာတွေ့ခဲ့သည်။ မြေအောက်ငင်လယ်အောက်တွင်ရှိနေသည့် အဆောက်ဦးများသည် ရှာဖွေမတွေ့ရသေးသည့် ဒဏာရီလာမြေနေရာတစ်ခုဖြစ်သည်မှာ ထင်ရှားလှသည်။ အကယ်၍ မီတာတစ်ထောင်ကျော်ခန့်မြင့်မားလှပြီး လူအများမသိကြသေးသည့် နတ်စင်ကြီးသည် ဤကမ္ဘာပေါ်တွင်ရှိနေသည်ဆိုပါက မြေအောက်ပင်လယ်သည် ထိုနတ်စင်တည်ရှိနေနိုင်သည့် နေရာအနည်းငယ်ထဲမှတစ်ခုအပါ၀င်ပေ။
“ဘာပဲဖြစ်နေနေ။ ငါအဲ့မြေအောက်ပင်လယ်ထဲကို ထပ်ဆင်းပြီးတော့။ ရနိုင်တဲ့သဲလွန်စကို ရှာကြည့်ရမယ်။”
သူထိုကဲ့သို့ ဆုံးဖြတ်ချက်ချပြီးသည့်အချိန်တွင် နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ထဲမှ ပြသသည့် ပုံရိပ်ကို ခေါင်းထဲတွင် မှတ်သားလိုက်သည်။ ထို့နောက်တွင် စာအုပ်အတွင်းသို့ စွမ်းအင်များစီး၀င်နေခြင်းကို ရပ်တန့်လိုက်သည့်အချိန်တွင် လေပေါ်တွင်ထင်ဟပ်နေသည့် ပုံရိပ်သည်လည်း ပျောက်ကွယ်သွားတော့၏။ စွမ်းအင်အရင်းမြစ်မရှိတော့သည့်အတွက် နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်သည်လည်း တောက်ပနေခြင်းမရှိတော့ပဲ သာမန်အမဲရောင်စာအုပ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။ အကယ်၍ လမ်းပေါ်တွင်သာပစ်ချထားပါက မည်သူမှပင် ကောက်ယူကြည့်ကြလိမ့်မည်မဟုတ်ပေ။
“ဆရာတို့ ဆရာမတို့တွေ ဒီစာအုပ်ကို သိမ်းထားပြီး ဆက်လေ့လာထားလိုက်ကြပါ...”
ဖှေးသည် အာကာရာနှင့် ကိန်းတို့ကို ကြည့်ကာ သက်ပြင်းချရင်းဖြင့်ပြောလိုက်သည်။ သူသည် ဤစာအုပ်ကို သိမ်းထားရန်ပထမကတည်းက စီစဥ်ထားခဲ့ခြင်းမရှိပေ။ ဤစာအုပ်ထဲတွင် အဖိုးတန်အချက်လက်များစွာပါရှိသည့်အတွက်ကြောင့် သူ၏လက်ထဲတွင်သာ ထားရှိပါက တန်ဖိုးမဲ့သွားမည်ဖြစ်သောကြောင့်ပင်။ အာကာရာနှင့် ကိန်းတို့ကဲ့သို့သော် ဉာဏ်ပညာမြင့်မားသည့်လူများသည် ဤစာအုပ်ကိုကောင်းမွန်စွာအသုံးပြုနိုင်ပြီး တန်ဖိုးအစစ်မှန်ကိုအသုံးပြုနိုင်မည်ဖြစ်သောကြောင့်ပင်။
“ဟီးဟီးကောင်းတာပေါ့။ ကျေးဇူးပါ မဟာခေါင်းဆောင်ကြီး...” ကိန်းသည် နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ကို ပြန်လည်ကာ လေ့လာခွင့်ရရှိသည့်အတွက်ပျော်ရွှင်နေ၏။ ရုတ်တရက် သူတစ်စုံတစ်ခုအား သတိရလိုက်မိသည့်အတိုင်းပင် သူသည် ပတ်ပတ်လည်တွင်ရှိနေသည့် ခရမ်းရောင်ဖျော့ဖျော့တောက်ပနေသည့် စာလိုပ်လေးလိပ်ကို ထုပ်ယူကာ ဖှေးအားပေးလိုက်သည်။ သူသည် တန်ဖိုးကြီးသည့်အရာတစ်ခုကို လက်ဆောင်ပေးနေသကဲ့သို့ပင်။
“ဒါတွေက ဘာတွေလဲ...” ဖှေးမေးလိုက်၏။ ဤအရာများသည် မြို့ကူစာလိပ်များ၊ စစ်ဆေးခြင်းစာလိပ်များနှင့် မတူသည်ကို ဖှေးသတိထားလိုက်မိသည့်အတွက်ကြောင့်ပင်။
“ဒါတွေက ငါတို့ရဲ့ ကြိုးစားလေ့လာမှုတွေကနေ ရရှိလာတဲ့အသီးပွင့်တွေပေါ့။ ဒါတွေက ကြောက်စရာကောင်းတဲ့ အကျဥ်းချခြင်းမှော်စာလိပ်တွေပဲ။” ကိန်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ သူတို့သည် လျို့၀ှက်ကျောက်တုံးအခန်း၏ နံရံများပေါ်တွင်ရှိနေသည့် မှော်သင်္ကေတများနှင့် နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်ပတ်လည်တွင် ပျံ၀ဲနေကာ စာအုပ်အား ကာကွယ်ပေးထားသည့် မီးအိမ်များပေါ်မှ ထွင်းစာများ၊ အစီရင်များကို လေ့လာပြီးသည့်အချိန်တွင် သူတို့သည် တူညီသည့် နည်းလမ်းများကို ကိုးကားကာ ဤစာလိပ်များကို ဖန်တီးခဲ့ခြင်းပင်။ ဤစာလိပ်များ၏ စွမ်းအားများသည် ယခုအချိန်တွင် တည်ငြိမ်ခြင်းမရှိသေးသော်လည်း သူတို့၏ ချုပ်နှောင်ခြင်းစွမ်းရည်များမှာ ရူးလောက်ဖွယ်ပင်။ စာလိပ်တစ်လိပ်ခြင်းစီတိုင်းသည် အဆင့်မြင့်သိုင်းဆရာတစ်ယောက်ကို ဖမ်းချုပ်ထားနိုင်သည့် မှောင်မိုက်သည့် အာကာသအကျဥ်းထောင်တစ်ခုကို ဖန်တီးနိုင်စွမ်းမရှိ၏။
“ဟီးဟီး မစ်စတာဖှေးကိုယ်တိုင်အောက်အဲ့ထဲမှာ ပိတ်မိသွားမယ်ဆိုရင် တစ်ရက်အတွင်းမှာ ပြန်ထွက်နိုင်မှာမဟုတ်ဘူး...” အာကာရာနှင့် ကိန်းတို့သည် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်ကြ၏။
ဖှေးသည် ခေါင်းငြိမ့်လိုက်သော်လည်း သံသယဖြင့်မေးလိုက်သည်။ “ဒါဆို အမှောင်အကျဥ်းခန်က တစ်ရက်ပဲခံနိုင်တယ်ဆိုတဲ့သဘောလား...”
“လောလေဆယ်မှာတော့ အဲ့လိုပါပဲ။ ပစ်မှတ်ထားတဲ့လူက အားနည်းမယ်ဆိုရင် သူတို့ပိုပြီးအချိန်ကြာကြာအချုပ်ခံထားရနိုင်လောက်တယ်။ ပိုကောင်းတဲ့နည်းလမ်းတွေကိုလည်း ငါတို့တွေဆက်ပြီးလေ့လာနေပါတယ်။ အချိန်သာလုံလုံလောက်လောက်ရှိမယ်ဆိုရင် ငါတို့တွေ နေအဆင့်သိုင်းဆရာတွေကိုတောင် ချုပ်နှောင်ထားနိုင်လောက်တဲ့အဆင့်မြင့်မှော်စာလိပ်တွေကိုတောင် ဖန်တီးနိုင်လောက်တယ်။ ဒီစာလိပ်တွေကို အသုံးပြုရတာကလည်းလွယ်ပါတယ်။ မှော်စွမ်းအင်နည်းနည်းလောက်ထည့်လိုက်ပြီး ၀ိဉာဥ်စွမ်းအင်အနည်းငယ်သုံးပြီး ပစ်မှတ်ရှာလိုက်ရုံပဲလေ...” ဖှေး မှော်စာလိပ်များ၏ စွမ်းအားကိုသံသယဖြစ်နေသည်ကို မြင်ရသဖြင့် ကိန်းသည် သူ၏မျက်လုံးများကို ဖွင့်ကာ ချက်ချင်းပင်ရှင်းပြလိုက်သည်။
“ဘုရင်ခေါင်းငြိမ့်ပြလိုက်၏...”
ကိန်းနှင့် အကာရာတို့သည် ထိုမျှစွမ်းအားမြင့်မားခြင်းမရှိသော်လည်း သူတို့သည် သုတေသနနှင့် ပတ်သက်သည့်နေရာများတွင် ပါရမီရှင်များပင်။ သူတို့သည် ဖှေးအား ပစ္စည်းအသစ်များ၊ နည်းပညာအသစ်များကို အဆက်မပြတ်ဖန်တီးပေးနေလျှက်ရှိကြ၏။
“နည်းပညာဆိုတာကလည်း အရေးကြီးတဲ့အရာတစ်ခုပဲ...”
ဤသည်မှာ မြေကမ္ဘာပေါ်တွင် နာမည်ကြီးသည့် လူတစ်ယောက်ပြောခဲ့သည့်စကားတစ်ခုပင်ဖြစ်ပြီး ထိုစကားသည် လက်ရှိအခြေအနေနှင့်ကိုက်ညီနေ၏။ ဖှေး၏ သိပ္ပံပညာရှင်နှစ်ယောက်သည် ပြိုင်ဘက်ကင်းသည့်စစ်သည်တပ်ဖွဲ့တစ်ခုထက်ပင် ပို၍ အဖိုးတန်သည့်အတွက်ပင်။ မှော်ပညာအပေါ်အခြေခံထားသည့်လူနေမှုအဖွဲ့စည်းနှင့် နည်းပညာအပေါ်တွင် အခြေခံထားသည့်လူမှုအဖွဲ့စည်းတို့သည် တူညီနေသည်ဟု ဖှေးယူဆမိနေသည်။ မြေကမ္ဘာပေါ်တွင် နည်းပညာဖြင့် ဖန်တီးထားသည့် ပစ္စည်းများကို မှော်ပညာဖြင့်လည်း ပြန်လည်ဖန်တီးနိုင်သည့်အတွက်ပင်။ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် ဖှေးသည် အာကာရာနှင့် ကိန်းတို့ကို မှီခိုရမည်ဖြစ်သည်။
အရာအားလုံးကို စဥ်စားပြီးသည့်အချိန်တွင် ဖှေးအရင်လောက်စိုးရိမ်ခြင်းမရှိတော့ပေ။
“အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ...” ဖှေးသည် အာကာရာနှင့် ကိန်းတို့ကို ကျေးဇူးတင်စကားပြောလိုက်၏။
“မင်းနားလည်တယ်ဆိုရင် ရပါပြီ ဟားဟား...” ကိန်းရယ်မောလိုက်၏။ “ဒါပေမယ့် ဒါကလည်း ငါတို့စိတ်၀င်စားတဲ့အရာမို့လို့လေ။ မှော်ပညာအသစ်သစ်တွေကို လေ့လာသင်ယူဖို့က င့ါဘ၀ရဲ့ရည်မှန်းချက်ပဲ။” ကိန်းပြောလိုက်၏။
အာကာရာသည်လည်း လိုက်ပါ၍ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်သားပဲ မစ်စတာဖှေး။ ချမ်းဘော့ဒ်တိုင်းပြည်ကို ပြန်လည်တည်ဆောက်ခြင်း ပထမအဆင့်က ပြီးမြောက်သွားပြီ။ ငါတို့ မင်းရဲ့ မူလအစီစဥ်ကို နတ်ဆိုးဘုရင်ရဲ့ အသိပညာများ စာအုပ်ထဲက အချက်လက်အသစ်တွေနဲ့ ပြန်ပြီးမွမ်းမံပေးထားတယ်။မင်းပြန်ရောက်တာနဲ့ အံ့သြသွားမှာပဲ...” ကိန်းသည် တစ်စုံတစ်ခုအားစဥ်စားလိုက်မိပြီးပြောလိုက်သည်။ သူဆောက်ရွက်ခဲ့သည့်အရာများအတွက် ဂုဏ်ယူနေမိလျှက်ရှိနေပြီး ဖှေးအား ထိုအရာကို မြင်တွေ့စေရန်အတွက် မစောင့်နိုင်တော့ချေ။
“ကျွန်တော်မကြာခင်မှာ ပြန်သွားတော့မှာပါ...” ဖှေးခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ သူသည် ရုတ်တရက် တစ်စုံတစ်ခုကိုပါစဥ်းစားလိုက်မိပြီး ဆက်ပြောလိုက်သည်။ “ကျွန်တော့မှာ အကြံတစ်ခုရှိတယ်...”
အာကာရာနှင့် ကိန်းတို့သည်ချက်ချင်းပင် အာရုံစိုက်လိုက်ကြပြီး အသက်ပင်အောင့်ထားလိုက်မိကြသည်။
ဖှေးအကြံရသည်ဟုပြောသည့်အချိန်တိုင်းတွင် သူတို့ တစ်ခါမှမကြားဖူးသေးပဲ စိတ်၀င်စားစရာကောင်းသည့် သည့်အကြောင်းရာတစ်ခုဖြစ်နေသည့်အတွက်ကြောင့်ပင်။ နည်းပညာအသစ်ဆန်းများကို နှစ်သက်သည့် အာကာရာနှင့် ကိန်းတို့အတွက် ဖှေး၏အကြံဉာဏ်များသည် စားပွဲသောက်ပွဲတစ်ခုကဲ့သို့ပင်။
“ကျွန်တော်တို့ သူပန်စခန်းမှာရှိသလို တယ်လီပေါ့ပေါ်တယ်တွေကို ဒီကမ္ဘာပေါ်မှာရော တည်ဆောက်လို့ရနိုင်မလား။ တယ်လီပေါ့တ်လုပ်တာက ဒိုင်ယာဘလိုကမ္ဘာမှာ အလုပ်လုပ်တယ်ဆိုတော့ ဒီမှာလည်းလုပ်လို့ရနိုင်လောက်တယ်လေ။ တကယ်လို့သာ ကျွန်တော်တို့ အဲ့အကြံဉာဏ်ကိုအကောင်ထည်ဖော်နိုင်မယ်ဆိုရင် ကျွန်တော့တပ်ဖွဲ့တွေက ခြေရာခံမိမှာကို စိုးရိမ်စရာမလိုပဲနဲ့ ဘယ်နေရာကိုမဆိုသွားနိုင်လိမ့်မယ်...”
ဖှေးသည် ဤကိစ္စအားစဥ်စားနေမိခဲသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ ဂျက်အင်ပါယာစစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ပြီးသည့်အချိန်တွင်ဖြစ်၏။ သူသည် ဤအကြံစည်အား အမြန်ဆုံးအကောင်ထည်ဖော်သင့်သည်ဟု စဥ်စားမိလာသည်။ ခရီးရှည်လတယ်လီပေါ့တ်ခြင်းများကိုလည်း အပြင်ကမ္ဘာတွင် ဆောင်ရွက်နိုင်ပါက ထိုပေါ်တယ်များသည် ဖှေး၏လျို့၀ှက်လက်နက်များထဲမှ တစ်ခုဖြစ်လာမည်ဖြစ်သောကြောင့်ပင်။ သူ၏ တပ်ဖွဲ့များသည်လည်း အလံနှစ်စုံမြို့တော်နှင့် ရှေးဟောင်းမြို့တော်တို့အား စိတ်ကြိုက်သွားလာနိုင်မည်ဖြစ်ပြီး ဂျက်အင်ပါယာမှစစ်သည်များသည်မြို့နှစ်ခုလုံးကို ၀န်းရံထားစေကာမူအစာရိက္ခာသယ်ယူပို့ဆောင်ရသည်မှာလည်း လွယ်ကူသွားမည်ဖြစ်၏။
“ဒါက ဒိုင်ယာဘလိုကမ္ဘာထဲမှာရှိတဲ့ ပေါ်တယ်တွေအကုန်လုံးက ဟိုးအရင်ကတည်းက စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေဖန်တီးခဲ့တာပဲ။ ငါတို့က ဒီတိုင်းဆက်ပြီးအသုံးပြုနေတာပေါ့။ အဲ့ပေါ်တယ်တွေကို တည်ဆောက်ထားတဲ့ သီအိရီတွေ နည်းပညာတွေက အတော်လေးရှေးကျပြီးတော့ ရှုပ်ထွေးလွန်းတယ်။ မှတ်တမ်းတွေလဲ လုံလုံလောက်လောက်မရှိတော့ ပြန်လည်ဖန်တီးဖို့ကအတော်လေးခက်ခဲလိမ့်မယ်...” ကိန်းပြောလိုက်၏။
မကြာမှီတွင် သူ၏ မုတ်ဆိပ်များကို ပွတ်သပ်ကာ ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ငါတို့ ဒီနတ်ဆိုးဘုရင်၏ အသိဉာဏ်များစာအုပ်ထဲမှာ စိတ်၀င်စားစရာကောင်းတဲ့အရာတော်တော်များများကို ရှာတွေ့ခဲ့တယ်။ တကယ်လို့ ငါတို့သာ နတ်ဆိုးဘုရင်၏ ခွန်အားလို့ခေါ်တဲ့ နောက်ထပ်စာအုပ်တစ်အုပ်ကို ရှာတွေ့မယ်ဆိုရင် ပေါ်တယ်တွေကို ၈၀ရာခိုင်နှုန်းလောက် ပြန်လည် ဖန်တီးနိုင်လောက်တယ်...”
“ကောင်းပြီ ကျွန်တော်သိပါပြီ။” ဖှေးခေါင်းငြိမ့်လိုက်သည်။ သူဤနှစ်ယောက်နှင့် အချိန်အနည်းငယ်ခန့် စကားပြောပြီးသည့်အချိန်တွက် ကျောက်တုံးအခန်းထဲမှ ထွက်လာခဲ့တော့သည်။
သူသည် မြေအောက်ပင်လယ်သို့ ပြန်သွားကာ အောက်ခြေတွင်ရှိနေသည့် အဆောက်ဦးများထံသို့ သွားနိုင်ရန်အတွက် ထက်မံကြိုးစားကြည်ရမည်ဖြစ်သည်။ နတ်စင်ကိုရှာပြီး ကမ္ဘာကျောက်တုံးကို သန့်စင်ရန်ကသာလျှင် သူချစ်ရသည့်လူများကို ကယ်တင်နိုင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့်အတွက်ကြောင့်ပင်။