← Chapters

အခန်း (၅၄၃)

Vol. 34 Ch. 543

အခန်း (၅၄၃)

Vol. 34 Ch. 543

နေ၀င်ချိန်ဖြစ်ပြီး ဂျက်အင်ပါယာစခန်းထဲတွင် ရွက်ဖျင်တဲသစ်တစ်ချို့ရှိနေ၏။

ထိုတဲများထဲတွင် မဟာနှင်းတောင်မှ လူ၁၂ယောက်နေထိုင်နေကြ၏။ နှင်းတောင်သိုင်းဆရာဟူအမည်ရသည့်အနီရောင်၀တ်ရုံနှင့်လူ၊ လအဆင့်သိုင်းဆရာမို့ဒေါ့တ်နှင့် တိုနီတို့ပြင် ကြယ်ကိုလုံးအဆင့်သိုင်းဆရာလေးယောက်နှင့် ကြယ်ခုနှစ်လုံးအဆင့်အစွမ်းရှိသည့် အစေခံလေးယောက်တို့ရှိနေကြ၏။

စစ်ဘက်ဆိုင်ရာကိစ္စများကို စီစဥ်ခဲ့ပြီးသည့်နောက်တွင် မင်းသားဖာရင်တန်သည် သူ၏ဆရာကြီးကို နှုတ်ဆက်ရန်အတွက် ရွက်ဖျင်တဲအသ်စများထဲမှ အကြီးဆုံးတဲထံသို့ လာခဲ့လိုက်၏။

“ဆရာကြီး...” ဖာရင်တန်သည် မင်းသားတစ်ပါးဖြစ်သော်လည်း အနီရောင်၀တ်ရုံနှင်လူ၏အရှေ့တွင် အလွန်ပင်လေးစားမှုရှိပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လိုက်၏။

“ထပါ...” အနီရောင်၀တ်ရုံနှင့်လူသည် ခေါင်းငြိမ့်လိုက်၏။ ဤတစ်ကြိမ်တွင်မူ သူ၏မျက်နှာအား ဖုံးကွယ်နေခဲ့သည့် မြူလွှာမှာမရှိတော့ပဲ သူ၏မျက်နှာကို ပြသထား၏။ သူသည် အသက်၂၀ခန့်လူငယ်တစ်ယောက်နှင့်ပင် တူနေပြီး အတော်တန်ခန့်ညားသည့်ယောက်ျားတစ်ယောက်ပင်။ သူ၏မျက်ခုံးများကြားထဲတွင် အနီရောင်မှဲ့တစ်လုံးရှိနေသော်လည်း ထိုမှဲ့ကပင် သူ၏ခန်းနားသည့်အရှိန်၀ါကို ထက်မံဖြည့်စွက်ပေးနေလျှက်ရှိ၏။

ဖာရင်တန်သည် အနည်းငယ်ရှက်ရွံ့နေမိသည်။

သူလွန်ခဲ့သည့် တစ်နှစ်ခန့် မဟာနှင်းတောင်မှ ပြန်လာခဲ့သည့်အချိန်ကတည်းက သူသည် အန်စတာဒန်ထဲတွင် သူ၏အရှိန်၀ါကြီးထွားလာရေးတို့ကိုသာအာရုံစိုက်နေမိခဲ့သည်။ အားလပ်သည့်အချိန်တိုင်းတွင် စစ်သည်များကို ခေါင်းဆောင်ခြင်းနှင့် အင်ပါယာတစ်ခုကို စီမံခြင်းတို့နှင့်ပတ်သက်သည့်စာအုပ်များကိုသာ ဖတ်ရှုလေ့လာနေမိခဲ့သည့်အတွက် မဟာနှင်းတောင်တွင်ရှိခဲ့စဥ်ကလို ကျင့်စဥ်ကို ကောင်းမွန်စွာကျင့်ကြံနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူ၏ သိုင်းဆရာတစ်ယောက်အနေဖြင့် စွမ်းအားများမြင့်တတ်နှုန်းမှာ နှေးကွေးနေခဲ့၏။

သို့သော် လူတိုင်းထံတွင် မတူညီသည့် စိတ်၀င်စားမှုများရှိကြသည်။

ဖာရင်တန်သည် အတွင်းအားကျင့်စဥ်များလေ့ကျင့်ခြင်းကို ထိုမျှ စိတ်၀င်စားခြင်းမရှိပေ။ သူသည် ထို့ကြော့င် သူ၏ရွေးချယ်မှုကို နှောင်တရခြင်းမရှိပေ။

“အင်ပါယာအရှင်သခင် ဖူဂျီက မင်းကို နှင်းတောင်ကနေမြို့တော်အန်စတာဒန်ကို ပြန်လွှတ်ဖို့အမိန့်ပေးတော့ ငါသိပ်ပြီး သဘောတူခဲ့ဘူး။ င့ါမှာရှိတဲ့ တပည့်၁၂ယောက်ထဲမှာ မင်းကအရည်ချင်းအရှိဆုံးမို့လေ။ မင်းက နှစ်တစ်ရာမှာတောင်တစ်ခါပေါ်ထွက်လာဖို့ခဲယဥ်းတဲ့ ပါရမီရှင်တစ်ယောက်လို့တောင်ပြောလို့ရတယ်။ တကယ်လို့မင်းသာအတွင်းအားကျင့်စဥ်တစ်ခုထဲကိုပဲ အာရုံစိုက်ပြီးလေ့ကျင့်မယ်ဆိုရင် နှစ်သုံးဆယ်အတွင်းမှာ လအဆင့်သိုင်းဆရာတစ်ယောက်သေချာပေါက်ဖြစ်လာနိုင်ပါတယ်။ နှစ်တစ်ရာအတွင်းမှာဆို မင်းက နေအဆင့်သခင်တစ်ယောက်တောင်ဖြစ်လာနိုင်တယ်လို့ ငါအာမခံရဲတယ်။ မင်းရဲ့ မြို့တော်ထဲက အုပ်ချုပ်ရေးတာ၀န်တွေက မင်းရဲ့အရည်ချင်းကို ဖြုန်းတီးနေသလိုဖြစ်တာပေါ့။ မင်းခမည်းတော်ခေါ်တုန်းက မင်းနှင်းတောင်ကနေထွက်ခွာသွားခဲ့တာ အတော်ဆိုးတာပဲကွာ။ မင်းမဟာနှင်းတောင်ကနေပြန်သွားတုန်းက ကြယ်အဆင့်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်လေ။ မင်းရဲ့အရည်ချင်းနဲ့ဆိုရင် မင်းကအခုချိန်မှာ ကြယ်ကိုးလုံးအဆင့်ကို ရောက်နေသင့်ပြီ။ ဒါပေမယ့် မင်းက ကြယ်ရှစ်လုံးအဆင့်မှာပဲ ရှိနေသေးတာပဲ။ ငါအတော်စိတ်ပျက်မိတယ်...”

ဤအခိုက်တန့်တွင် နှင်းတောင်သိုင်းဆရာကြီးသည် ရန်သူများကို သတ်ဖြတ်ချင်နေသည့် ရက်စက်ကြမ်းကြုတ်သည့် သိုင်းဆရာတစ်ယောက်မဟုတ်ပဲ တင်းကြပ်သည့် ဆရာတစ်ယောကနှင့် ဂရုစိုက်တတ်သည့် အဖိုးတစ်ယောက်ကဲ့သို့ပင်။

ဖှေးအား ယနေ့တွင် ရှုံးနိမ့်ခဲ့သည့် မိုဒေါ့တ်နှင့် တိုနီတို့သည်လည်းတဲအတွင်းတွင်ရှိနေကြသည်။ အနီရောင်၀တ်ရုံနှင့်လူသည် ဖာရင်တန်အား သူ၏ တပည်များထဲတွင် အရည်ချင်းအရှိဆုံးဟုပြောသည်ကို ကြားသည့်အချိန်တွင် တိုနီ၏ မျက်နှာပေါ်တွင် မနာလိုသည့်အမူယာတစ်ခုပေါ်လာခဲ့၏။ ထိုအမူယာကို နှင်းတောင်သိုင်းဆရာမြင်လိုက်သော်လည်း ဘာမှပြောခြင်းမရှိပေ။ သို့သော် သူ၏မျက်လုံးများထဲတွင် စိတ်ပျက်ကာအကူညီမဲ့သည့်အရိပ်ယောင်များရှိနေ၏။

အနီရောင်၀တ်ရုံနှင့်လူပြောသည်ကို ဖာရင်တန်ကြားသ့်အချိန်တွင် သူ၏ အပြစ်မကင်းသည့်အမူယာမှာ ပို၍ပင်ထင်ရှားလာတော့သည်။ သူသည် လေးစားစွာဖြင့် ဒူးထောက်ကာ ပြောလိုက်သည်။ “ဆရာ့ကို စိတ်ပျက်စေခဲ့တာ ကျွန်တော့အမှားပါဆရာ။ ကျွန်တော့ကိုအပြစ်ပေးပါ...”

နှင်းတောင်သိုင်းဆရာသည် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်၏။ “မင်းရဲ့ ရည်မှန်းချက်က အသန်မာဆုံးသိုင်းဆရာတစ်ယောက်ဖြစ်လာဖို့မဟုတ်ဘူးဆိုရင် ငါကမင်းကိုအပြစ်ပေးစရာမလိုပါဘူး။ ဒါပေမယ့် မင်းကို တစ်ခုအကြံပေးချင်တယ်။ အသန်မာဆုံးသိုင်းဆရာတွေကပဲ အရာအားလုံးကို ထိန်းချုပ်ထားကြတယ်။ အင်ပါယာအရှင်သခင်ယရှင်း ဒီဒေသတစ်ခုလုံးမှာရှိတဲ့ အင်ပါယာတွေအကုန်လုံးကို အနိုင်ယူသိမ်းပိုက်ခဲ့တုန်းက သူက နိုင်ငံရေးပညာတွေ၊ စစ်ရေးဗျူဟာတွေ၊ သူ့ရဲ့စစ်အင်အားနဲ့ ဇီးနစ်အင်ပါယာရဲ့လူအင်အားကိုအဓိကအသုံးပြုခဲ့တာမဟုတ်ဘူး။ သူ့ရဲ့ကြီးမားတဲ့ ကိုယ်ပိုင်စွမ်းအားတွေကိုပဲ အားထားခဲ့တာ။ မင်းအဖေ ပြိုလဲခါနီးဖြစ်နေတဲ့ ဂျက်အင်ပါကိုပြန်လည်တည်ထောင်ပြီး အင်အားကြီးအင်ပါယာတွေထဲက တစ်ခုအနေနဲ့ တည်ထောင်ခဲ့တုန်းကလည်း သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကို အားကိုးခဲ့တာပဲ။ မင်းအနီးနားက အင်ပါယာတွေကိုကြည့်မယ်ဆိုရင်လည်း အင်ပါယာအရှင်သခင်တွေရဲ့ ကိုယ်ပိုင်အစွမ်းကအရေးပါတာကို မင်းတွေ့ရလိမ့်မယ်။ အဲ့အတွက်ကြောင့် မင်းက ဂျက်အင်ပါယာရဲ့ အင်ပါယာအရှင်သခင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မင်း အတွင်းအား ကျင့်စဥ်ကျင့်ကြံတာကိုလည်း အာရုံစိုက်မှရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းအဖေစီကနေ ထီးနန်းဆက်ခံတဲ့အချိန်ကျရင် မင်းရဲ့အားနည်းမှုကြောင့် ဂျက်အင်ပါယာကလည်း ပိုပြီးအားနည်းလာလိမ့်မယ်...”

ဤသည်မှာ ဖာရင်တန်သည် ပထမဆုံးအနေဖြင့် သူ့ဆရာ၏ ဆုံးမစကားကို ကြားဖူးခြင်းပင်။ သူသည် ပီတိဖြစ်သလို အပြစ်မကင်းသလိုလဲခံစားလိုက်ရ၏။

နှင်းတောင်သိုင်းဆရာပြောခဲ့သည့်အရာများသည် သူ့အတွက် အသစ်ဆန်းများပင်။ သူသည် ထိုကဲ့သို့ စဥ်စားခဲ့ဖူးခြင်းမရှိပေ။ သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများမှလည်း သူ့အား ထိုကဲ့သို့အကြံပေးခဲ့ဖူးခြင်းမရှိပေ။ တကယ်တန်းတွင် သူ့ဆရာ၏ ဆုံးမစကားများသည် လူအများလက်ခံထားသည့် အချက်လက်များနှင့်မတူညီပဲကွဲလွဲနေ၏။ သို့သော် သူ၏ ဆရာပြောသည့် ဥပမာများကို ပြန်လည်ကာ စဥ်းစားပြီးသည့်အချိန်တွင် သူ့ဆရာမှန်ကန်ကြောင်း သိလိုက်၏။ စွမ်းအားမြင့်မားသည့်လူများကသာလျှင် ကမ္ဘာကြီးကို ပို၍ ထိုးဖောက်ကာ မြင်နိင်ပုံရ၏။

“ကျွန်တော် ကျွန်တော်နားလည်ပါပြီ...” ဖာရင်တန်သည် အရိုသေပေးကာ သူ၏ ဆရာကို ကျေးဇူးတင်လိုက်သည်။

ဖာရင်တန်၏ အမူယာကို တစ်ချက်အကဲခတ်ပြီးသည့်အချိန်တွင် အနီရောင်၀တ်ရုံနှင့်လူသည် သက်ပျင်းချလိုက်၏။ “မင်းတကယ်ပြုပြင်မယ်လို့ပဲ ငါမျှော်လင့်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ကျင့်ကြံခြင်းကသာ အရာရာပဲ...”

သူထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် အကြောင်းရာပြောင်းလဲကာ မေးလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်က ဘာလဲကွ။ င့ါကို ပြောပြစမ်း အဲ့လိုမကောင်းဆိုး၀ါးတစ်ကောင်က ဘယ်အချိန်က ဇီးနစ်မှာ ပေါ်ထွက်လာခဲ့တာလဲ။ လွန်ခဲ့တဲ့နှစ်တွေမှာ ငါသူ့နာမည်ကို မကြားဖူးခဲ့ပါဘူး...”

“ဟုတ်ကဲ့ပါ ဆရာ။ ချမ်းဘော့ဒ်ဘုရင် နာမည်ကြီးလာတာမကြာသေးပါဘူး။ ကျွန်တော်ရရှိထားတဲ့အချက်လက်တွေအရဆိုရင် ဒီလူရဲ့ သမိုင်းကြောင်းကလည်း ဒဏာရီတစ်ခုလိုပါပဲ...” ဖာရင်တန်သည် အလေးနက်ထားကာ အနီရောင်၀တ်ရုံနှင့်လူကို သူသိသမျှပြောပြလိုက်၏။ ထို့နောက်တွင် နောက်ဆုံးအနေဖြင့် သူထည့်ပြောလိုက်၏။ “အဲ့လူက သူ့ရဲ့စွမ်းအားအစစ်မှန်ကို လျို့၀ှက်ထားတဲ့နေရာမှာ အတော်လေးတော်တဲ့လူပဲ။ လူတိုင်းက သူ့ကို ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်လို့ ယူဆထားပေမယ့် ဒီနေ့ဖြစ်ခဲ့တဲ့အတိုင်းဆိုရင် သူက ကြယ်ကိုးလုံးအမြင့်ဆုံးအဆင့်မှာရှိနေတဲ့ သိုင်းဆရာတစ်ယောက်ပဲ။ သူက စွမ်းအားတွေကို ထပ်ပြီးလျို့၀ှက်ထားသေးလားဆိုတာလည်း မသေချာပါဘူး...”

“မင်းဆိုလိုတာက ချမ်းဘော့ဒ်ဘုရင်က အသက်၁၈မပြည့်ခင်ထိ ကျပ်မပြည့်တဲ့လူတစ်ယောက်ဖြစ်ခဲ့တာလား။ သူကတိုင်းပြည်ကိုတောင် မထိန်းချုပ်နိုင်ပဲ ကျင့်စဥ်နဲ့ပတ်သက်ပြီးတော့လဲ တစ်ခုမှမသိခဲ့ဘူးပေါ့။” နှင်းတောင်သိုင်းဆရာ၏ မျက်လုံးများထဲတွင် အလင်းရောင်များလင်းလတ်လာပြီး တစ်စုံတစ်ခုကိုစဥ်းစားလိုက်မိသည်။

“ကျွန်တော်ရတဲ့အချက်လက်တွေအရဆိုရင်တော့ အဲ့လိုပါပဲ...” ဖာရင်တန်ကိုယ်တိုင်သည်လည်း ဤသည်ကို ယုံကြည်နိုင်ခြင်းမရှိပေ။

“ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ...” တိုနီနှင့် မိုဒေါ့တ်တို့နှစ်ယောက်လုံးအော်ဟစ်လိုက်ကြသည်။

“ငါခန့်မှန်းကြည့်ရသလောက်ဆိုရင် ဒီလူက သူ့ရဲ့စွမ်းအားတွေကို လျို့၀ှက်ထားတယ်ဆိုတာမဖြစ်နိုင်လောက်ဘူး။ သူ့ရဲ့စွမ်းအားတွေက ရူးလောက်နဲ့နှုန်းနဲ့ တိုးပွားလာနေတာပဲဖြစ်ရမယ်။ မင်းရဲ့အချက်လက်တွေ မမှန်ကန်ဖြစ်နေရတာက အချိန်ကြာသွားလို့ပဲ။ မင်းပြောတဲ့အတိုင်းဆို သူက အရင်က အချက်လက်တွေထဲမှာ ကြယ်ခြောက်လုံးအဆင့်တစ်ယောက်ဆိုပေမယ့် အခုဆို မင်းရဲ့ ကြယ်ကိုးလုံးအဆင့်စီနီယာအကိုလေးယောက်လုံးနဲ့ လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်တဲ့ တိုနီကိုတောင် လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်တာပဲ။ လသစ်အဆင့်၅ထက်နိမ့်တဲ့သိုင်းဆရာတွေက သူ့ကို မနိုင်နိုင်ဘူးထင်တယ်...” နှင်းတောင်သိုင်းဆရာ၏ မျက်လုံးများထဲတွင် အလင်းရောင်များလင်းလတ်သွား၏။ သူဘာတွေးနေသည်ကို မည်သူမှ မသိကြပေ။

“အဲ့လိုဆိုရင် ဆရာကြီးဘာလို့ သူ့ကို ဒီနေ့မသတ်ခဲ့တာလဲ။ တိုနီ၏ မနာလိုကာ ဒေါသဖြစ်နေသည့် မျက်နှာအမူယာသည် သူ၏ ခန့်ညားသည့်မျက်နှာကို ပျက်ဆီးသွားစေ၏။ ဖာရင်တန်သည် အလတ်ဇန္ဒား၏ နာမည်ကိုစတင်ပြောနေကတည်းက နေမသာထိုင်မသာဖြစ်နေခဲ့သည်။ နှင်းတောင်သိုင်းဆရာသည် ဖှေးအားမှက်ချက်ပေးနေသည်ကို ကြားရသည့်အချိန်တွင် သူ၏ မနာလိုစိတ်များကို ထိန်းနိုင်ခြင်းမရှိတော့ပေ။

“မင်းသူ့ကို ကိုယ်တိုင်အနိုင်ယူရမယ်လို့ ငါပြောပြီးပြီပဲ။ ငါက သူ့ကိုဒီနေ့သင်ခန်းစာပဲပေးလိုက်တာပါ...” အနီရောင်၀တ်ရုံနှင့်လူမှ ဆူလိုက်သည်။

ထို့နောက်တွင် သူပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ “ဒါပေမယ့် င့ါရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ဒီနေ့ပြန်ဆုံရမယ်လို့တော့ ထင်မထားခဲ့ဘူး။”

“မိတ်ဆွေဟောင်းတစ်ယောက်လား။ ဆရာ အလံနှစ်စုံမြို့တော်ထဲက လျို့၀ှက်ထူးဆန်းတဲ့ မှော်ဆရာကိုဆိုလိုတာလား။ သူက ဆရာ့ရဲ့ မိတ်ဆွေလား...” ဖာရင်တန်မေးလိုက်သည်။

အနီရောင်၀တ်ရုံနှင့်လူ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ဟုတ်တယ် အဲ့တာသူပဲ။ နှစ်တွေတောင် အတော်ကြာနေပေါ့။ လူတော်တော်များများက သူ သေသွားပြီလို့ ထင်နေကြပေမယ့် တွေ့ရတဲ့ပုံအရတော့ သူကအတော်လေးကျန်းကျန်းမာမာရှိနေသေးတာပဲ။ ငါတို့အတွက် အတိတ်ကအကြောင်းတွေကို ရှင်းလင်းရမယ့်အချိန်ပေါ့ကွာ...”

ရုတ်တရက် နှင်းတောင်သိုင်းဆရာ၏ မျက်နှာအမူယာသည် လေးနက်သွားပြီး ဖာရင်တန်အား ပြောလိုက်သည်။ “မင်းမြို့တော်ကို နောက်သုံးရက်လောက် မသိမ်းပိုက်သေးနဲ့ဦး။ ငါမမှားဘူးဆိုရင် သိုင်းဆရာတွေတစ်ယောက်ပြီးတစ်ယောက်နောက်သုံးရက်အတွင်းမှာ ဒီနေရာကိုရောက်လာနိုင်တယ်။ မင်းအဖေ အင်ပါယာအရှင်သခင်ဖူဂျီတောင်ရောက်လာနိုင်လောက်တယ်။ ဇီးနစ်ထဲမှာရှိနေတဲ့ အရှိန်၀ါကြီးတဲ့လူတွေနဲ့ တစ်ခြားအင်ပါယာတွေက အရှိန်၀ါကြီးတဲ့လူတွေလဲ လာလိမ့်မယ်။ ဟားဟား အဲ့အချိန်ကျရင်တော့ ဒီကန္တာရကြီးက ပိုပြီးတော့ စိတ်၀င်စားစရာကောင်းလာတော့မှာပေါ့...”

All Chapters