← Chapters

အခန်း (၅၄၄)

Vol. 34 Ch. 544

အခန်း (၅၄၄)

Vol. 34 Ch. 544

“ဘာ...” ဤသတင်းသည် တဲအတွင်းတွင်ရှိနေသည့် တစ်ခြားလူသုံးယောက်လုံးကို ထိတ်လန့်အံ့သြသွားစေသည်။ သူတို့သည် အခိုက်တန့်တစ်ခုကြာခန့် ကောင်းကောင်းမွန်မွန်တွေးနိုင်စွမ်းမရှိတော့ပေ။

“မင်းတို့ကောင်တွေ ငါဘာပြောလဲဆိုတာကို မကြာခင်မှာသိပါလိမ့်မယ်။ နောက်သုံးရက်မှာ မင်းတို့တွေရဲ့အစွမ်းတွေကို အမြင့်ဆုံးရောက်နေအောင်ပြင်ဆင်ထားကြ။ နောက်သုံးရက်နေရင် မင်းတို့တွေကို ငါတစ်နေရာရာခေါ်သွားပေးမယ်။ ကောင်းပြီ ဒီနေ့တော့ ဒီလောက်ပါပဲ မင်းတို့ကောင်တွေပြန်လို့ရပြီ...” နှင်းတောင်သိုင်းဆရာကြီးသည် သူ၏ လက်များကို ၀ှေ့ရမ်းကာ မျက်လုံးမှိတ်လိုက်၏။

“ဟုတ်ကဲ့ပါဆရာကြီး...” သူတို့ သုံးယောက်လုံးအရိုသေပေးကာ တဲအတွင်းမှ ထွက်ခွာသွားကြ၏။

လအဆင့်စစ်သည်တစ်ယောက်အနေဖြင့် တိုနီသည် ယနေ့တွင် သူ၏ အစွမ်းများကို ထုတ်ဖော်ပြသလိုခဲ့သည်။ သို့သော် လက်တွေ့အဖြစ်မှန်မှာ သူ၏မျက်နှာအား ပိတ်ရိုက်လိုက်၏။ ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲတွင် မိုဒေါ့တ်နှင့် ဖာရင်တန်တို့ကဲ့သို့ ဂျက်အင်ပါယာသွေးများစီးဆင်းနေခြင်းမရှိပေ။ သူ နှာခေါင်းရှုံ့လိုက်ပြီးသည့်အချိန်တွင် တစ်ဖက်သို့လှည့်ကာ အေးစက်စွာဖြင့် ထွက်ခွာသွားတော့၏။

မဟာနှင်းတောင်၏ တပည့်ခေါင်းဆောင်ဖြစ်သူ မိုဒေါ့တ်သည် သူ၏ခေါင်းကိုသာ တိတ်ဆိတ်စွာဖြင့် ခါရမ်းလိုက်၏။

နှင်းတောင်မှ တစ်ခြားပညာသင်တပည့်များကဲ့သို့ပင် သူတို့၏ဆရာသည် တိုနီအား မည်သည့်အတွက်ကြောင့် ကောင်းကောင်းမွန်မွန်ဆက်ဆံနေခဲ့သည်ကို သူနားမလည်နိုင်ချေ။ တိုနီသည် အရည်ချင်းရှိသူတစ်ယောက်မဟုတ်ပဲ မာနလဲအလွန်ထောင်လွှားသည့် လူတစ်ယောက်ပင်။ သို့သော် နှင်းတောင်သိုင်းဆရာကြီးသည် အကုန်ကျများစွာခံကာ သူ၏အတွင်းအားများစွာကိုပင် အသုံးပြု၍ တိုနီအား လအဆင့်စစ်သည်တစ်ယောက်ဖြစ်လာစေရန်အတွက် မြေတောင်မြှောက်ပေးခဲ့သည်။ သူတို့၏ စိတ်ထဲတွင် တန်ဖိုးရှိဆေးပုလင်းများ၊ စာလိပ်များနှင့် မှောင်တလင်းကျောက်များကို ဖြုန်းတီးပစ်လိုက်ခြင်းဟုသာ မြင်မိကြ၏။

“ဂျူနီယာညီလေး လာမည့်သုံးရက်မှာ ဂရုစိုက်ပါ။ ဆရာကြီးက ဘာမှမပြောဘူးဆိုပေမယ့် ဒီကိစ္စကို ဂျက်အင်ပါယာ စစ်ဘက်ဆိုင်ရာဌာချုပ်ကိုလည်း သတင်းပို့ထားသင့်တယ်။” ဖာရင်တန်ကဲ့သို့ပင် စကားနည်းသည့် မိုဒေ့ါတ်သည်လည်း ဂျက်အင်ပါယာအား သစ္စာရှိသူတစ်ယောက်ဖြစ်ပြီး ဂျက်အင်ပါယာကို ဒေသတစ်ခုလုံးတွင် အလွှမ်းမိုးနိုင်ဆုံးအင်ပါယာတစ်ခုဖြစ်လာစေလို့သည့် လူတစ်ယောက်ပင်။ ထို့ကြောင့် သူပထမဆုံးတွေးမိသည့်အရာသည် ဂျက်အင်ပါယာအတွက် အကျိုးစီးပွားကိုပင်။

“အော် ဟုတ် ဟုတ်။ ကျွန်တော့ကို ယုံပါ စီနီယာအကို။ ကျွန်တော်အခုချက်ချင်းပဲ ကင်းထောက်တွေလွှတ်ပြီးတော့ အင်ပါယာကို သတင်းပို့ခိုင်းလိုက်ပါမယ်။” ဖာရင်တန်ပြန်ဖြေလိုက်သည်။ သူသည် တစ်ခြားတစ်စုံတစ်ခုအကြောင်းကို စဥ်းစားနေသကဲ့သို့ပင်။

သူသည် ဖြစ်ပျက်တော့မည့်အရာကို ခန့်မှန်းမိပြီးဖြစ်သည်။ ထိုအရာသည် မြေအောက်ပင်လယ်နှင့် ပင်လယ်အောက်တွင်ရှိနေသည့် အဆောက်ဦးများနှင့်ပတ်သက်နေကြောင်းကို သိရှိ၏။ ရေ၏ ထူးခြားသည့် ဖြစ်ရပ်များနှင့် အလီပြောသည့်အချက်လက်များကို ထောက်ထားပါက မြေအောက်ပင်လယ်ထဲတွင် ဒဏာရီလာမြေတစ်ခုရှိနေသည်မှာ ထင်ရှားလှသည်။ ထိုကဲ့သို့ဆိုပါက ဤသတင်းသည် ဒေသတစ်၀ိုက်တွင်ရှိနေသည့် သိုင်းဆရာကြီးများကို ဤနေရာသို့ လာရောက်အောင်ဆွဲဆောင်မည်ဖြစ်သည်။

ဖာရင်တန်သည် လက်ရှိကိစ္စကို သူတစ်ယောက်တည်းသာလျို့၀ှက်ထားပြီး ဖြေးညှင်းစွာလေ့လာရန်အတွက် ဆုံးဖြတ်ထားသော်လည်း ယခုအချိန်တွင် ထိုကဲ့သို့ဖြစ်နိုင်တော့သည့်ပုံမပေါ်ချေ။

ဖာရင်တန်ပြုလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူ၏ ဆရာဖြစ်သည့် နှင်းတောင်သိုင်းဆရာကြီးအား ဒဏာရီလာ မြေမှ အကျိုးမြတ်များရအောင် ကူညီပေးရန်သာဖြစ်၏။

မိုဒေ့ါနှုတ်ဆက်စကားပြောပြီးသည့်အချိန်တွင် ကျင့်ကြံရန်အတွက် သူ၏တဲအတွင်းသို့ပြန်သွားတော့၏။

တစ်ဖက်တွင်မင်းသားသည် စိတ်ဖိစီးမှုများစွာနှင့်အတူ သူ၏တဲအတွင်းသို့ လမ်းလျှောက်သွားလိုက်သည်။ “ဆရာကြီး မဟာနှင်းတောင်က အဆင့်မြင့်သိုင်းဆရာတွေအများကြီးခေါ်ပြီးတော့ ဒီနေရာကို ရောက်လာတာမထူးဆန်းတော့ပါဘူး။ သူ့ရဲ့ရည်ရွယ်ချက်က မြေအောက်ပင်လယ်ထဲမှာရှိနေတဲ့ ဒဏာရီလာမြေကို အပိုင်သိမ်းဖို့ပဲ။ ငါဒီနေ့အကူညီရလိုက်တာက ငါကံကောင်းခဲ့လို့ပါပဲ...” သူတွေးလိုက်မိ၏။

“အရှင့်သား သတင်းဆိုးတစ်ခုပါ...” ရုတ်တရက် ကင်းထောက်တစ်ခု မြင်းနှင့်အတူ ဒုန်းစိုင်း၀င်လာပြီး လျှောက်တင်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း င့ါကို ဘာဖြစ်ထားလဲသေချာပြောပြ။ မင်းက ဘာလို့ ဒီလောက်ပျာယာခတ်နေရတာလဲ...” ဖာရင်တန်သည် သူ၏ စစ်သည်များကို တန်ဖိုးထားတတ်သူတစ်ယောက်ဖြစ်သော်လည်း ယနေ့တွင် သူဒေါသဖြစ်နေ၏။ သူ၏ တပ်ဖွဲ့သည် ယနေ့တွင် အလံနှစ်စုံမြို့တော်အား သိမ်းပိုက်သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သဖြင့် သူ၏ သည်းခံနိုင်မှုနှုန်းများသည် သိသိသာသာကျဆင်းနေ၏။ ထို့ကြောင့် ဤကင်းထောက်သည် အော်ကြီးဟစ်ကျယ်ဖြင့် သတင်းဆိုးများကို အော်ဟစ်ပြေဆိုလိုက်ပါက စစ်သည်များ၏ ယုံကြည်ချက်ကို ပို၍ ပျက်စီးနိုင်သည့်အတွက်ပင်။

သူသည် မှားယွင်းသွားကြောင်းကို သိသည့်အချိန်တွင် ကင်းထောက်စစ်သည်သည် ပါးစပ်ပိတ်ကာ မြင်းပေါ်မှအမြန်ခုန်ဆင်းလိုက်၏။

“ဘာဖြစ်လို့လဲ...” ဖာရင်တန်သည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် သူ၏အတွင်းအားစွမ်းအင်များသည် အပြင်သို့ ပြန့်နှံ့သွားပြီး အပြင်ဘက်သို့ အသံပြန့်နှံ့နိုင်ခြင်းမရှိသည့် စွမ်းအင်အကာရံတစ်ခုကို ဖန်တီးလိုက်၏။

“ဟုတ်ကဲ့ပါအရှင့်သား ကျွန်တော်တို့ရဲ့အစာရိက္ခာတွေ။ ဇီးနစ်အင်ပါယာတပ်ဖွဲ့တွေက ကျွန်တော်တို့ရဲ့ ရိက္ခာသယ်ဆောင်လာတဲ့တပ်ဖွဲ့ကို ၀င်စီးလိုက်ပါတယ်။ တပ်ဖွဲ့ကို ခေါင်းဆောင်လာတဲ့ ခေါင်းဆောင် ဒီးန်လဲသေသွားပါပြီး ကျွန်တော်တို့ရဲ့ ရိက္ခာလှည်းတစ်ရာကျော်လောက်လဲ မီးလောင်သွဦးပါတယ်...” ထိုကင်းထောက်သည် တုန်ယင်သည့်အသံဖြင့် ပြောလိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။

“ဘာ...ဘယ်လို...” ဖာရင်တန်၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။

သူ၏စခန်းထဲတွင်ရှိနေသည့် အစာရိက္ခာတော်တော်များများသည် ဘုရင်အလတ်ဇန္ဒားကြောင့် မီးလောင်ပျက်ဆီးသွားပြီဖြစ်သောကြောင့် သူတို့တွင်လက်ကျန်ရှိနေသည့် အစာရိက္ခာများသည်တစ်ရက်စာခန့်သာ လုံလောက်တော့၏။ စခန်းသို့သယ်ဆောင်လာနေသည့် အစာရိက္ခာများသည် အသက်နှင့်ပင်ရင်းနိုင်သည့် ရတနာများပင်။ ထို့အပြင် ရိက္ခာပို့သည့် လမ်းကြောင်းများကိုလည်း စစ်ဘက်ဆိုင်ရာဌာနတွင်အထူးလျို့၀ှက်ထားခဲ့၏။

“ဒီလမ်းကြောင်းတွေအကြောင်းကို လူအနည်းငယ်ပဲသိတာပါ။ ဇီးနစ်အင်ပါယာက ဒီလမ်းကြောင်းကို ဘယ်လိုလုပ်ပြီးသိသွားတာလဲ...” ဖာရင်တန် မျှော်လင့်ချက်မဲ့စွာဖြင့် စဥ်းစားလိုက်မိ၏။

“သေစမ်း ဒါက အလတ်ဇန္ဒားဆိုတဲ့ကောင်ရဲ့လက်ချက်ပဲဖြစ်ရမယ်...”

ဖာရင်တန်သည် သူ၏ နှလုံးသားတစ်ခုလုံးအေးစက်သွားသဖြင့် ရေခဲသေတ္တာထဲတွင်ရောက်နေသလိုခံစားလိုက်ရ၏။ အစာရေစာလုံလုံလောက်လောက်မရှိပါက ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းသည် ကန္တာရထဲတွင် ငတ်ပျက်ကာ သေဆုံးသွားနိုင်သည့်အတွက်ကြောင့်ပင်။

ဤအခိုက်တန့်တွင် နောက်ထပ်ကင်းထောက်တစ်ချို့သည်လည်း မင်းသားဖာရင်တန်ထံသို့ ပြေးလာနေလျှက်ရှိသည်။ သူတို့၏အမြန်နှုန်းသည် ဖာရင်တန်၏အရှေ့တွင်ရှိနေသည့် ကင်းထောက်ထက်ပင် ပို၍ မြန်ဆန်နေ၏။ သူတို့ မင်းသားအနီးသို့ရောက်လျှင်ရောက်ခြင်းပင် မြင်းပေါ်မှခုန်ဆင်းကာ လျှောက်တင်လိုက်ကြသည်။ “အရှ့င်သား ဇီးနစ်အင်ပါယာက မြင်းတပ်ဖွဲ့တွေက ကျွန်တော်တို့ သဲကျားတပ်ဖွဲ့တွေကို ခြုံခိုတိုက်လိုက်ကြပါတယ်။ ခေါင်းဆောင်ကန်ဒိုနဲ့ စစ်သည်၇၀၀၀လဲကျဆုံးကုန်ပါပြီ။ ခေါင်းဆောင်အဲဒို့စ်နဲ့ ကျန်ရှိနေတဲ့စစ်သည်တွေကတော့ ပြန်လာနေကြပါတယ်...”

“အား...” ဖာရင်တန်သည် အော်ဟစ်ကာ ထိုနေရာမှပင် သတိလစ်မေ့မျောသွားတော့၏။

All Chapters