← Chapters

အခန်း (၅၄၅)

Vol. 34 Ch. 545

အခန်း (၅၄၅)

Vol. 34 Ch. 545

“သေစမ်း ဘာလို့ အမြဲ ဒီလိုပဲဖြစ်နေရတာလဲ။ ငါကအောက်ခြေရောက်ဖို့မီတာ၅၀၀လောက်ပဲလိုတော့တာကို ငါအဆောက်ဦးတွေစီကို မရောက်နိုင်သေးဘူး။ ရေဖိအား က အတော်လေးမြင့်မားနေတယ်...”

မြေအာက်ပင်လယ်ထဲတွင် ဖှေးသည် သမုဒ္ဒရာအောက်ခြေတွင်ရှိနေသည့် ခမ်းနားလှပသည့် အဆောက်ဦးများကို ကြည့်ရင်းဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည် ပင်လယ်အောက်ခြေနှင့် နီးကပ်လာလေလေ ရေဖိအားသည် ပို၍ အားကောင်းလာလေလေဖြစ်၏။ သူတို့သော် ရေဖိအားများပြားလာမှုနုန်းသည် မမြင်နိုင်သည့် စွမ်းအားတစ်ခုပါ၀င်နေသကဲ့သို့ပင် ရူပဗေဒနိယာမများကို ချိုးဖောက်ကာ ပုံမှန်ထက်များစွာပင် အားကောင်းနေလျှက်ရှိ၏။ ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာက ပစ္စည်းတစ်ချို့ရှိနေသော်လည်း သူသည် လက်ရှိနေရာထိသာ ရောက်နိုင်ပြီး ရေအောက်သို့ နောက်ထပ်၁စင်တီမီတာခန့်ပင် ဆက်လက်ဆင်းသက်နိုင်ခြင်းမရှိပဲဖြစ်နေ၏။

ယခုအချိန်တွင် ဖှေးသည် သူ၏အောက်မီတာ၂၀၀ခန့်တွင် ကူးခတ်နေကြသည့် ရေသူမကဲ့သို့သော သတ္တ၀ါများကို ရှင်းလင်းစွာပင် မြင်နိုင်နေပြီဖြစ်သည်။ ထိုကဲ့သို့သော် သတ္တ၀ါများသည် များစွာရှိနေကြသော်လည်း ထိုတစ်ယောက်ခြင်းစီသည် များပြားလှသည့်စွမ်းအားများပါ၀င်နေ၏။ သူတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ကိုပင် လွယ်ကူစွာသတ်ဖြတ်ပစ်နိုင်သည့် မှော်အရှိန်၀ါများတောက်ပနေကြသည်။ သို့သော် ထိုသတ္တ၀ါများသည် လျို့၀ှက်သည့် စွမ်းအင်တစ်ခုဖြင့် ချုပ်နှောင်ထားခြင်းခံထားရသကဲ့သို့ပင်ဖြစ်နေပြီး သူတို့သည် ပင်လယ်အောက်ခြေမှ မီတာ၃၀၀ခန့်သို့ သွားရောက်နိုင်ခြင်းမရှိပေ။ သို့မဟုတ်ပါက ထိုသတ္တ၀ါများအားလုံးသည် ဖှေးထံသို့ ကူးခတ်လာကာ တိုက်ခိုက်ပါက ဖှေးချက်ချင်းပင် သေဆုံးသွားနိုင်၏။

လက်ရှိတွင် ဖှေးသည် ပင်လယ်အောက်ချေတွင်ရှိနေသည့် အဆောက်ဦးများကို သူ၏၀ိဉာဥ်စွမ်းအားကို အသုံးပြု၍ မြင်နိုင်နေရ၏။ သူ့အား ပျော်ရွှင်စေသည်မှာ အောက်ခြေတွင်ရှိနေသည့် အဆောက်ဦးများ၏ တည်ဆောက်ပုံမှာ နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ထဲတွင်ပါရှိသည့် ဒဏာရီလာမြေနှင့် တစ်ထပ်ထဲတူညီနေသည့်အတွက်ပင်။

“ငါကအတော်လေး အားနည်းနေသေးတဲ့ပုံပဲ။ ငါ သူပုန်စခန်းမြေပုံကို အိမ်မက်ဆိုးခက်ခဲမှုအဆင့်နဲ့အောက်မြင်သွားမှပဲ အောက်ခြေကို ရောက်နိုင်လိမ့်မည်ထင်တယ်...”

ပင်လယ်အောက်ခြေသို့ရောက်ရှိနိုင်ရန်အတွက် အကြိမ်ပေါင်းများစွာ ကျရှုံးပြီးသည့်အချိန်တွင် ဖှေးသည် သူ၏ စွမ်းအားများကို တိုးမြှင့်ရန်အတွက် အလံနှစ်စုံမြိုတော်သို့သာ ပြန်ရန်ဆုံးဖြတ်လိုက်၏။

ဖှေး မီတာ ၁၅၀၀ ခန့်ကူးခတ်ပြီးသည့်အချိန်တွင် အ၀ေးမှ စွမ်းအားမြင့်အတွင်းအားတစ်ခုထွက်ပေါ်လာပြီး နေရာတစ်၀ိုက်တွင် ပြန့်နှံ့သွား၏။ စွမ်းအားမြင့် သိုင်းဆရာတစ်ယောက်သည် ဤနေရာအား စစ်ဆေးနေခြင်းပင်။

“ဘာ ဒီနေရာမှာ တစ်ခြားလူတွေရှိနေတာလား...” ဖှေးထိတ်လန့်အံ့သြသွား၏။

သူသည် ခရမ်းရောင်စာလိပ်ထဲတွင်ပါရှိသည့် ၀ိဉာဥ်စွမ်းအားသိုင်းတစ်တစ်ချို့ကို သတိရလိုက်ပြီး သူ၏ ၀ိဉာဥ်စွမ်းအားများသည် သူ့အား ချက်ချင်းပင် လွှမ်းခြုံသွား၏။ သူ၏ ၀ိဉာဥ်စွမ်းအင်သည် ရေနှင့်ရောထွေးသွားကာ အတွင်းအားစွမ်းအင်ကို ချက်ချင်းပင် လှည့်စားလိုက်သည်။ ဖှေး၏ ဖြည်တည်မှုကို သတိထားမိခြင်းမရှိစေရန်အတွက် ဖုံးကာပေးလိုက်၏။

ဖှေးထိုအတွင်းအား စွမ်းအင်ပျောက်ကွယ်သွားသည့်အချိန်မှသာ အပေါ်သို့ ရေကူးကာ တက်လာခဲ့သည်။

“အဲ့အတွင်းအားကို ငါရင်းနှီးနေသလိုပဲ။ နေပါဦး ဒီလူ၏ ဟိုအနီရောင်၀တ်ရုံနဲ့လူပဲ။ သူကလည်း ဒီမြေအောက်ပင်လယ်နဲ့ ပတ်သက်တဲ့ လျို့၀ှက်ချက်ကို သိနေတာလား။ သေစမ်း သူသာ တကယ်လို့ အောက်ကိုအရင်ရောက်သွားမယ်ဆိုရင်...”

အခြေအနေသည် သူမလိုလားသည့် ဘက်သို့ ဦးတည်နေကြောင်းကို ရိပ်မိလိုက်၏။

သူသည် ရေတွင်းများအနီးသို့ရောက်သည့်အချိန်တွင် နောက်ထပ်စွမ်းအားမြင့်စွမ်းအင်တစ်ခုသည်လည်း ဖြန့်ကျက်ကာ ရေများကို စစ်ဆေးနေ၏။ ကြီးမားသည့် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင် ထိုလူသည်လည်း တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ပင်။

ဖှေး၏ မျက်နှာသည်အရောင်ပြောင်းလဲသွားပြီး ၀ိဉာဥ်စွမ်းအင်ကို အသုံးပြု၍ အမြန်ခြေရာဖျောက်လိုက်သည်။

၀ိဉာဥ်စွမ်းအားရှိခြင်းမှာ အလွန်ကောင်းမွန်လှသည်။ ထိုလူနှစ်ယောက်သည် ဖှေးထက်များစွာပို၍ စွမ်းအားမြင့်မားသော်လည်း ဖှေးအား သတိထားမိခြင်းမရှိကြပေ။

ဖှေးမြေပေါ်သို့ ပြန်ရောက်သည့်အချိန်တွင် စိတ်ညစ်နေ၏။

ထိုစွမ်းအားမြင့်လူနှစ်ယောက်အပြင် ဖှေးသည် မြေအောက်ပင်လယ်ထဲတွင် ဆယ်မိနစ်အတွင်းမှာပင် စွမ်းအားမြင့်အရှိန်၀ါခြောက်ခုကို အာရုံခံခဲ့မိသည်။ ထိုအရာများသည် အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များပင်။ ဤနေရာတစ်၀ိုက်တွင် အနည်းဆုံး စွမ်းအားမြင့်မားသည့်လအဆင့်စစ်သည်ရှစ်ယောက်ခန့်ရှိနေသည်ဟူသည့် သဘောပင်။ သူတို့အားလုံးသည် တစ်စုံတစ်ခုအား ရှာဖွေနေခြင်းဖြစ်ပြီး တစ်စုံတစ်အား စိုးရိမ်နေကြကာ သတိကြီးကြီးထားနေကြ၏။

လျို့၀ှက်သည့် ၀ိဉာဥ်စွမ်းအားကျင့်စဥ်ကြောင့်ဖှေးသည် ထိုစွမ်းအားမြင့်စွမ်းအင်ခြောက်ခုကို အာရုံခံခဲ့မိသည်။ သို့သော် သူ့အား မည်သူမှ သတိထားခဲ့မခြင်းမရှိပေ။ သို့သော် သူသည် အခြေအနေအား ခနတာခန့်လေ့လာကြည်ပြီးသည့်နောက်တွင် ထိုလူများသည်တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးစွာသိနေကြသည်ကို သတိထားလိုက်မိ၏။ သူတို့၏ အတွင်းအားစွမ်းအင်များသည်တစ်ခုနှင့်တစ်ခု ထိတွေ့ဖိသည့်အချိန်တွင် ရှောင်ဖယ်သွားကြပြီး တိုက်ခိုက်ခြင်းမရှိသည့်အတွက်ပင်။

သူတို့သည် မဟာမိတ်များမဟုတ်သော်လည်း ဘုံသဘောတူညီချက်တစ်ခုကို လိုက်နာနေသကဲ့သို့ပင်။

“နေပါဦး ဘာတွေဖြစ်ကုန်တာလဲ...” ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

စွမ်းအင်တစ်ခုခြင်းစီတိုင်းသည် စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ကို ကိုယ်စားပြုနေ၏။ အနီရောင်၀တ်ရုံနှင့်လူနှင့် အလံနှစ်စုံမြို့တော်ထဲတွင် နေထိုင်သည့် လျို့၀ှက်သည့် မှော်ဆရာမှလွဲ၍ ဖှေးကျန်ရှိနေသည့် လအဆင့်စစ်သည်များကို တစ်ခါမှ တွေ့ခဲ့ဖူးခြင်းမရှိပေ။ သို့သော် သူတို့အားလုံးသည် အလံနှစ်စုံမြို့တော်ထဲတွင် ပုန်းအောင်းနေကြသည်ကို ဖှေးရိပ်မိသွား၏။ သူတို့သည် အချိန်တစ်ခုကို စောင့်ဆိုင်နေကြခြင်းပင်။

“အရေးးကြီးတဲ့အရာတစ်ခုဖြစ်တော့မယ့်ပုံပဲ။ အဲ့အရာက မြေအောက်ပင်လယ်နဲ့ ပဲ ဆက်စက်နေလိမ့်မယ်...” ဖှေးတွေးလိုက်မိသည်။

ထိုလူများအားလုံးသည် အလွန်စွမ်းအားမြင့်မားကြပြီး သူတို့တစ်ယောက်ခြင်းစီတိုင်းသည် အနီရောင်၀တ်ရုံနှင့်လူနှင့် လျို့၀ှက်သည့်မှော်ဆရာတို့နှင့် ယှဥ်နိုင်သည်အထိ စွမ်းအားမြင့်မားကြသည်။ သူသည် သူတို့ထဲမှ တစ်ယောက်ကိုပင် အနိုင်ယူနိုင်ခြင်းမရှိသည့်အတွက် လက်ရှိတွင် သူ၏ စွမ်းအားများကို မြှင့်တင်ရန်ကသာလျှင် အရေးကြီးသည့်အရာတစ်ခုပင်။

ဖှေးသူ၏ လူရိုင်းဇာတ်ကောင်ကိုသာ အာရုံစိုက်ရန်အတွက် ဆုံးဖြတ်လိုက်သည်။ သြူသည် ဒိုင်ယာဘလိုကမ္ဘာ ပုံမှန်ခက်ခဲမှုအဆင့်တွင်ရှိသည့် အလုပ်များအားလုံးပြီးမြောက်သွားသော်လည်း လအဆင့်သို့မရောက်သေးပေ။ သူသည်တစ်စုံတစ်ခုကို လိုအပ်နေပုံရ၏။

သူသည် မြို့တော်အတွင်းတွင်ရှိသည့် ရေတွင်းတစ်ခုမှတဆင့် မြေအောက်ပင်လယ်မှ ပြန်တက်လာခဲ့ပြီးသည့်နောက်တွင် အန်ဂျယ်လာနှင့် အယ်လီနာတို့ကို ကြည့်ရန်အတွက် မြို့တော်၀န်၏ စံအိမ်သို့ လမ်းလျှောက်လာခဲ့သည်။

အိပ်ယာထဲတွင် လဲလျောင်းနေကြသည့် အမျိုးသမီးနှစ်ယောက်ကို မြင်သည့်အချိန်တွင် ဖှေးသည် ရောထွေးနေသည့် ခံစားချက်များကို ခံစားလိုက်ရ၏။ သူသည် တစ်ချိန်တည်းမှာပင် ပီတိဖြစ်၊ စိုးရိမ်ကာ ဒေါသဖြစ်နေ၏။

“ငါကမ္ဘာကျောက်တုံးကို သန့်စင်ပြီးတော့ သူတို့ကိုကယ်တင်ပြီးရင် အနီရောင်၀တ်ရုံနဲ့လူကို သူလုပ်ခဲ့တဲ့အရာအတွက် ပေးဆပ်ရအောင်ပြန်လုပ်ရမယ်။ သူက နာကျင်မှုရဲ့ အဆတစ်ရာကို ပြန်ပြီး ခံစားစေရမယ်။” ဖှေးတွေးလိုက်၏။ သူ ထိုလူအကြောင်းကို တွေးလိုက်မိသည့်အချိန်တိုင်းတွင် ဒေါသဖြစ်သွားရ၏။ သူအေဇာရုတိုက်သို့ရောက်စဥ်ကတည်းက ဖှေးသည် အရာရာတိုင်းလိုလိုတွင် အနိုင်ရရှိခဲ့ပြီး မည်သူကမှ သူ့အား ဆုံးရှုံးအောင်မလုပ်ဖူးသေးပေ။ ဒေါသသည် သူ၏မျက်နှာပေါ်တွင် ပေါ်ထွက်နေခြင်းမရှိသော်လည်း သူ၏ စိတ်ထဲတွင် ဆူပွတ်နေ၏။ ထိုဒေါသများသည် ပေါက်ကွဲလာရန်အတွက် အချိန်ကောင်းတစ်ခုကို စောင့်ဆိုင်းနေကြခြင်းပင်။

ဖှေးမြို့တော်၀န်စံအိမ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီးသည့်နောက်တွင် တိုးရီစ်နှင့်အတူ မြို့တော်အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့်မျှော်စင်ထံသို့ လမ်းလျှောက်လာခဲ့လိုက်သည်။

မှောင်နေပြီဖြစ်ပြီး နေမင်းကြီးသည် မိုးကုတ်စက်၀ိုင်းအောက်သို့ ၀င်ရောက်ကာ ပျောက်ကွယ်တေ့မည်ဖြစ်သည်။

နေခင်းဘက်တိုက်ပွဲပြီးသည့်အချိန်တွင် တိတ်ဆိတ်တည်ငြိမ်မှုမှာ ပို၍ပင် တန်ဖိုးမြင့်မားလာသကဲ့သို့ပင်။ ကံကောင်းစွာပင် မြို့တော်ထဲတွင်နေထိုင်ကြသည့်မြို့သူမြို့သားများသည် ဤကဲ့သို့သော ဘ၀မျိုးနှင့်အသားကျနေကြပြီဖြစ်သောကြောင့် လမ်းပေါ်တွင် တစ်ယောက်နှင့်တစ်ယောက်စကားပြောနေကြသည့်လူတစ်ချို့ရှိနေဆဲပင်။ သူတို့ထဲမှအများစုသည် နေခင်းတွင်ဖြစ်ပေါ်ခဲ့သည့်တိုက်ပွဲအကြောင်းကို မသိကြပဲ သူတို့သိသည့်တစ်ခုတည်းသောအရာမှာ ဘုရင်အလတ်ဇန္ဒားသည် ဂျက်အင်ပါယာမှ ကျူးကျော်လာသူများကို ထက်မံ၍ အနိုင်ယူလိုက်ပြီဆိုသည်ကိုပင်။

All Chapters