← Chapters

အခန်း (၅၄၆)

Vol. 35 Ch. 546

အခန်း (၅၄၆)

Vol. 35 Ch. 546

"ဟေး ဂျင်မီ မင်းကြားပြီးပြီလား ဘုရင်အလတ်ဇန္ဒားက နောက်ထပ်တိုက်ပွဲတစ်ခုကို အောင်နိုင်လိုက်ပြန်ပြီတဲ့။"

"ဟုတ်တာပေါ့။ ဘုရင်အလတ်ဇန္ဒား အလံနှစ်စုံမြို့ထဲမှာ ရှိနေသ၍တော့ ဂျက်အင်ပါယာက ခွေးသားတွေက ရှေ့ကို ဆက်တိုးလိ့ရနိုင်မှာမဟုတ်ဘူး။ အဲ့ဂျက်အင်ပါယာက ခွေးသားတွေက ဘုရင်အလတ်ဇန္ဒားက ကို စိတ်ဆိုးအောင်လုပ်လိုက်တော့ ခါကျတော့ ဘုရင် အလတ်ဇန္ဒားက နတ်ဘုရားတွေရဲ့အပြစ်ပေးခြင်းကို ဆင့်ခေါ်ပြီးတော့ ရန်သူသုံးသောင်းကို ဖျက်ဆီးပစ်လိုက်တာ။ ကျွန်တော့အကိုက လေးသည်တော်တစ်ယောက်လေ။ သူ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာတဲ့..."

"ဟုတ်လား။ အံံသြစရာတော့မရှိပါဘူး။ ဒီလိုအဆင့်မြင့်သိုင်းကွက်တွေကို အရှင်မင်းကြီးတစ်ယောက်ပဲအသုံးပြုနိုင်တာလေ။ အေး ဒါနဲ့ ငါတို့ကရော ဘယ်အချိန်မှာမြို့တော်ကို ခုခံကာကွယ်ရမယ့်တိုက်ပွဲမှာ ၀င်ပါခွင့်ရမှာလဲ။ ငါတို့လေ့ကျင့်နေခဲ့တာလဲ အတော်ကြာပြီလေ။ အခုချိန်မှာဆို ငါခံတပ်နံရံပေါ်ကို သွားပြီးတော့ အရှင်မင်းကြီးရဲ့ဘေးမှာ တိုက်ခိုက်ချင်နေပြီ။ အရှင်မင်းကြီးတိုက်ခိုက်တာကိုသာ တိုက်ပွဲမှာ မြင်တွေ့ခွင့်ရမယ်ဆိုရင်တော့ ငါသေပျော်ပါပြီကွာ..."

"ဟားဟား အေးဆေးပေါ့ကွာ။ ငါတို့တွေကလဲ အရံတပ်ဖွဲ့ထဲကလူတွေပဲ။ တစ်နေ့ကျရင် ငါတို့လဲ ရန်သူတွေကို တိုက်ခိုက်ခွင့်ရပါလိမ့်မယ်။ ငါကြားတာတော့ ဂျက်အင်ပါယာကလည်း စစ်အင်အားကို တိုးချဲ့နေတယ်ကြားတယ်..."

ဖှေး အရံတပ်ဖွဲ့ယူနီဖောင်းများ၀တ်ဆင်ထားသည့်လူငယ်များ၏ ဘေးမှ ဖြတ်လျှေက်သွားသည့်အချိန်တွင် ဤစကားသံများကို ကြားလိုက်ရခြင်းဖြစ်သည်။ ထိုလူငယ်များသည် တစ်ယောက်နှ့င်တစ်ယောက်စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြ၏။ သူတို့၏ အိုက်ဒေါဖြစ်သည့် ဘုရင်အလတ်ဇန္ဒား ဘေးမှဖြတ်လျှောက်သွားသည်ကိုပင် သူတို့သတိမထားမိလိုက်ကြပေ။ ဖှေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီးတွေးလိုက်မိသည်။ "တိုက်ပွဲများစွာပြီးသွားတာတောင် မြို့တော်ထဲက အခြေအနေက ငါထင်ထားတာထက်ပိုကောင်းနေတာပဲ။ မြို့နေတဲ့လူတွေက စစ်ပွဲကို မကြောက်ရွံ့ကြတော့ဘူး။ ဒါကကောင်းတဲ့အရာတစ်ခုပဲ။ အနည်းဆုံး ငါ့ရဲ့စစ်သည်တွေစိတ်ဓာတ်လဲပြိုလာမှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့။"

"ဖာနန်ဒို..." ဖှေးရုတ်တရက် တစ်စုံတစ်ခုအကြောင်းကို စဥ်းစားလိုက်မိပြီး ပြောလိုက်၏။ "ဒါကို မှတ်ထားလိုက်။ ပီတာကို လိမ္မာပါးနပ်တဲ့စစ်သည်တစ်ရာနှစ်ရာလောက် ရွေးခိုင်းပြီး စစ်ပွဲတစ်ခုပြီးတိုင်းမှာ စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေကို မြို့နေလူထုသိအောင်ဖြန့်ဖို့ တာ၀န်ပေးလိုက်။ ဟုတ်တာပေါ့ သူတို့ကို သတင်းဆိုးတွေအစားသတင်းကောင်းတွေကိုပဲ ဦးစားပေးဖြန့်ခိုင်းပါ။ အဲ့နည်းနဲ့ပဲ ငါတို့တွေက ကောလဟာလတွေနဲ့ အကြောက်တရားတွေကို တားဆီးနိုင်လိမ့်မယ်..."

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး တိုးရီစ်သည် ဖှေးပြောသည့်အကြောင်းအရာများကို စာရွက်ပေါ်တွင် ချရေးလိုက်၏။

ဘုရင်၏ ပထမဆုံးကိုယ်ရံတော်တစ်ယောက်ဖြစ်သည့် တိုးရိစ်၏ နောက်ခံဇာတ်လမ်းသည်လည်း သာမန်နှင့်မတူပဲ ထူးခြားလှသည်။ သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ဖိဘုရားလောင်းကို မားမားမက်မက်ရပ်တည်ကာ ကာကွယ်ပေးခဲ့ပြီးသည့်နောက်တွင် ဤလူငယ်လေး၏ ဘ၀သည်ကြီးမားစွာဖြင့် ပြောင်းလဲလာခဲ့ခြင်းဖြစ်၏။ သူသည် ချမ်းဘော့ဒ်ဘုရင်၏ သဘောကျနှစ်သက်ခြင်းကို ခံခဲ့ရပြီး ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် အရှိန်၀ါအမြင့်ဆုံးလူနည်းစုများထဲမှ တစ်ယောက်ဖြစ်လာခဲ့၏။ အမှန်ပင် လက်ရှိအခြေအနေသို့ သူ၏ ကြိုးစားမှုကြောင့်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အောက်ခြေမှစတင်ခဲ့ရသည့် ကျန်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များကဲ့သို့ပင် တိုးရိစ်သည်လည်း မိမိကိုယ်မိမိအပေါ်တွင် စည်းကမ်းကြီးသူတစ်ယောက်ဖြစ်သည်။ သူသည် အချိန်များစွာ၊ ကြိုးစားမှုများစွာစိုက်ထုတ်၍ နေ့တိုင်းလေ့ကျင့်လာခဲ့သောကြောင့် လက်ရှိအချိန်တွင် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ဖြင့်ပင် ယှဥ်ပြိုင်ကာ တိုက်ခိုက်လာနိုင်နေပြီဖြစ်၏။

လွန်ခဲ့သည့်ရက်များတွင် တိုးရီစ်သည် ဆွေကြီးမျိုးကြီးများ၏ အပြုမူအနေထိုင်များကိုလည်း လေ့လာကြည့်နေခဲ့သည်။ ဤလူငယ်သည် ဖှေး၏ ကိုယ်ရံတော်တစ်ယောက်ဖြစ်သည့်အတွက် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကဲ့သို့ သန်မာမှုကို ပြနိုင်နိုင်ရုံဖြင့် မလုံလောက်သေးကြောင်းကို နားလည်သည့်အတွက်ပင်။ သူသည် ဖှေးအနောက်သို့ လိုက်နေရမည့်လူဖြစ်သဖြင့် သူ၏ အပြုမူများသည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ဖှေး၏ ပုံရိပ်ကိုလည်း ကိုယ်စားပြုမည်ဖြစ်သည်။ ဖှေးသည်သူ့အား တောင်းဆိုခဲ့ခြင်းမရှိသော်လည်း တိုးရိစ်သည်သည် စွမ်းအားနှင့် ဉာဏ်ပညာနှစ်ခုလုံးကို မြှင့်တင်နိုင်ရန်အတွက်ကြိုးစားနေမိခဲ့သည်။ အချိန်တိုအတွင်းမှာပင် ယခင်က အလွန်အားနည်းခဲ့သည့် ဤလူငယ်လေးသည် ယခုအချိန်တွင် ကြီးကျယ်မြင့်မြတ်ကာ စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ဖြစ်လာတော့မည်ဖြစ်သည်။

ဖှေးဘာမှမပြောသော်လည်း သူဤအရာအားလုံးကို သတိထားမိခဲ့သည်။

ဖှေးသည် ရိုးသားကာလေးစားမှုကြီးမားပြီး ရည်မှန်းချက်ထက်သန်ကာ သင်ယူလိုစိတ်မြင့်မားသည့်ဤလူငယ်ကို သဘောကျခဲ့သည်။

"နောက်ပြီဲးတော့ ဖာနမ်ဒို မင်းအနောက်ဘက်ဂိတ်တံခါးကို အခုသွားလိုက်ပြီးတော့ ဆွေကြီးမျိုးကြီးတွေကို မျှော်စင်ထဲမှာ စားပွဲသောက်ပွဲတစ်ခုစီစဥ်ထားဖို့ပြောထားလိုက်။ ငါတို့ ပြန်ရောက်လာတော့မယ့် စစ်သည်၃၀၀နဲ့အတူအောင်ပွဲခံရဦးမယ်လေ။" ဖှေးသည်တစ်ဖက်သို့လှည့်ကာ မှောင်မဲစပြုလာပြီဖြစ်သည့် ကောင်းကင်ကြီးကို ကြည့်ရင်းဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..."

......

"ဟားဟား ခေါင်းဆောင်အလတ်ဇန္ဒားကတော့ တကယ့်ကို ပါရမီရှင်ပဲနော် အန်ဒရူး။ သူက ဂျက်အင်ပါယာက သဲတစ္ဆေတွေရဲ့ ရိက္ခာပို့ဆောင်တဲ့လမ်းကြောင်းတွေကို ဘယ်လိုများသိခဲ့တာလဲမသိဘူး..." မျက်နှာပေါ်တွင် ထိတ်လန့်ဖွယ်အမာရွတ်တစ်ခုရှိနေသည့် ရစ်ဘရီသည် သူ၏ဘေးတွင်ရှိနေသည့် ရှိဗ်ချန်ကိုအား စိတ်လှုပ်ရှားနေသည့်မျက်နှာဖြင့် မေးလိုက်၏။ သူ၏ ချပ်၀တ်သည် သွေးများဖုန်မှုန့်များဖြင့် စွန်းထင်းနေလျှက်ရှိ၏။

သဲတစ္ဆေဆိုသည်မှာ ဇီးနစ်အင်ပါယာမှ လူများ ဂျက်အင်ပါယာမှ လူများကို လှောင်ပြောင်ကာ ခေါ်ဆိုသည့် အသုံးနှုန်းတစ်ခုပင်။

"ဟားဟား ခင်ဗျားမေးသင့်တာက အရှင်မင်းကြီးမသိတာရော ရှိနိုင်သေးလားဆိုတာကိုလေ..." ရှိဗ်ချန်ကို ရယ်မောကာပြန်ဖြေလိုက်သည်။ ဤအခိုက်တန့်တွင် သူ၏အသွင်ပြင်မှာလည်း ရစ်ဘရီကဲ့သို့ပင် တကယ်တန်းတွင် တိုက်ပွဲထဲတွင် ပါ၀င်ကာတိုက်ခိုက်ထားသည့်လူတိုင်းလိုလိုပင် သွေးများဖြင့် စွန်းထင်းနေကြ၏။

"ဆိုးတာက ငါတို့ကောင်တွေက ရန်သူရဲ့ ရိက္ခာတစ်၀က်လောက်ကိုပဲ မီးရှို့နိုင်ခဲ့တာပဲ။ ငါတို့ရဲ့ ညီအကိုခြောက်ဆယ်လောက်လဲ ကျဆုံးသွားခဲ့တယ်လေ။ သူတို့ရဲ့အလောင်းတွေကိုတောင် ပြန်သယ်လာခွင့်မရခဲ့လိုက်ဘူး။ နေရာမှာတင် မီးရှို့ပြီးသဂြိုလ်ခဲ့လိုက်ရတယ်..." တိုက်ပွဲထဲတွင်ကျဆုံးသွားခဲ့သည့်စစ်သည်များအကြောင်းကို ပြန်ပြောသည့်အချိန်တွင် ရစ်ဘရီ၏ မျက်နှာပေါ်တွင် ၀မ်းနည်းခြင်းများထွက်ပေါ်လာ၏။

သူသည် ဤမစ်ရှင်တွင် ပါ၀င်မည့်စစ်သည်တစ်ယောက်ခြင်းစီတိုင်းကို ရွေးချယ်ခဲ့ပြီး ထိုစစ်သည်တိုင်းသည် အလံနှစ်စုံမြို့ထဲတွင် အကျွမ်းကျင်ဆုံးစစ်သည်များပင်။ သူသည် ထိုစစ်သည်များကို ဦးဆောင်ကာ ဂျက်အင်ပါယာ၏ ရိက္ခာပို့လမ်းကြောင်းတွင် တစ်နေ့နှ့င်တစ်ည ပုန်းအောင်းကာ စောင့်ဆိုင်းနေခဲ့သည်။ စစ်သည်နှစ်ယောက်သည် စောင့်ဆိုင်းနေရင်းဖြင့် အအေးဒဏ်ကြောင့် သေဆုံးသွားခဲ့သည်။ သူတို့သည် သေဆုံးသွားသည့်တိုင် ရန်သူသတိထားမိသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အသံတစ်သံမှ ထွက်ပေါ်စေခဲ့ခြင်းမရှိပေ။ ကျန်ရှိနေသည့် စစ်သည်ခြောက်ဆယ့်လေးယောက်ခန့်သည် တိုက်ပွဲထဲတွင် ကျဆုံးသွားခဲ့၏။ ရန်သူများ၏ ရိက္ခာလည်းများကို အောက်မြင်စွာ မီးရှို့နိုင်ရန်အတွက် စစ်သည်တော်တော်များများသည် ရန်သူများ၏ ဓားများကို သူတို့၏ ခန္ဓာကိုယ်များဖြင့် ကာရံထားခဲ့ကြရ၏။

မစ်ရှင်တွင် ကျရှုံးသွားခဲ့ကြသည့် စစ်သည်များအကြောင်းကို ပြန်လည်ကာ စဥ်းစားမိသည့်အချိန်တွင် ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့သည် စိတ်လှုပ်ရှားခြင်းမရှိကြတော့ပေ။ အကယ်၍ ကျရှုံးသွားခဲ့ကြသည့် သူတို့၏ ရဲဘော်များကိုသာ ပြန်လည်ခေါ်ယူနိုင်မည်ဆိုပါက သူတို့ရရှိခဲ့သည့်စစ်ပွဲစွမ်းဆောင်မှုဆိုင်ရာ ရမှတ်များကိုပင် စတေးခံကြမည်ဖြစ်သည်။ သို့သော် စစ်ပွဲတစ်ခုတွင် မည်သည့်ရန်သူမှ သူတို့အား ညှာတာနေမည်မဟုတ်ပေ။

"ငါတို့တွေ ဂျက်အင်ပါယာက စစ်သည်တွေရဲ့ စခန်းနဲ့အတော်လေးနီးလာပြီ။ သတိထားကြတော့။ နေ၀င်တာနဲ့ ငါတို့တွေ တိတ်တိတ်လေးဖြတ်သွားကြမယ်။ ဘုရင်အလတ်ဇန္ဒားက တစ်ခြားဘက်မှာ ငါတို့ကို ကူညီပေးဖို့စောင့်နေလိမ့်မယ်။" ရစ်ဘရီသည် သူ၏လက်ထောက်ကို အမိန့်ပေးလိုက်၏။

"ခေါင်းဆောင် ကြည့်ဦး ဟိုမှာ လူနှစ်ယောက်..." စစ်သည်တစ်ယောက်သည် ရုတ်တရက်ပြောလိုက်၏။

ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့ နှစ်ယောက်လုံးသည် ထိုစစ်သည် ညွှန်ပြနေသည့် နေရာသို့ကြည့်လိုက်သည့်အချိန်တွင် သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွား၏။

မီတာခြောက်ဆယ်ခန့်မြင့်မားသည့် သဲတောင်ကုန်းတစ်ခုပေါ်တွင် လူနှစ်ယောက်သည် တိတ်ဆိတ်စွာဖြင့် ထိုင်နေကြ၏။ သူတို့ထဲမှတစ်ယောက်သည် အသက်၃၀ထဲတွင်ရှိပုံရသည့် အသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပင်။ သူသည် အဖြူရောင်မှော်ဆရာ၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားသည့်အတွက် မှော်ဆရာတစ်ယောက်ဖြစ်သည့်ပုံပင်။ သူ၏မျက်နှာကို ကောင်းမွန်စွာမြင်နိုင်ခြင်းမရှိသော်လည်း ထူးခြားသည့်လူတစ်ယောက်ဖြစ်ကြောင်းမှာ ထင်ရှားနေ၏။ ဤအခိုက်တန့်တွင် သူ၏လက်ထဲတွင်ကြီးမားသည့် ၀ိုအိတ်ကြီးတစ်လုံးရှိနေပြီး မော့သောက်နေ၏။ သူ၏ဘေးတွင် ကိုးနှစ်ခန့်အရွယ်သာရှိသေးသည့်ကလေးတစ်ယောက်ရှိနေ၏။ ထိုကလေး၏ ရွှေရောင်ဆံပင်ရှည်များသည် နေရောင်အောက်တွင် တောက်ပနေ၏။ သူသည် စစ်သည် ချပ်၀တ်တစ်စုံကို ၀တ်ဆင်ထား၏။ ဤအခိုက်တန့်တွင် သူသည် အသက်လတ်ပိုင်းအရွယ်လူအား နှိပ်ပေးနေလျှက်ရှိပြီး ထိုကလေးငယ်သည် ချစ်စရာပင်။

ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများကို အပြန်လှန်မြင်လိုက်ရ၏။

ဂျက်အင်ပါယာစစ်မြေပြင်သည် အလွန်ပင် ဗရမ်းပတာဖြစ်နေလျှက်ရှိသည်။ အလံနှစ်စုံမြို့တော်မှ လွဲ၍ ကျန်ရှိနေသည့်ဒေသများအားလုံးကို ဂျက်အင်ပါယာမှ လူများထိန်းချုပ်ထား၏။ ထိုကြောင့် ဤလူနှစ်ယောက်ထွက်ပေါ်လာခြင်းသည် ပတ်၀န်းကျင်တွင် ထူးဆန်းသည့်အရာတစ်ခုပင်။ ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့နှစ်ယောက်လုံး ပတ်၀န်းကျင်တွင် တိုက်ခတ်နေလျှက်ရှိသည့် သဲမုန်တိုင်းသည် ထိုလူနှစ်ယောက်အနီးသို့မရောက်ရှိနိုင်သည်ကို သတိထားမိလိုက်သည်။ မမြင်နိုင်သည့် စွမ်းအင်တစ်ခုသည်သူတို့နှစ်ယောက်ကို ကာရံပေးထားသည့်အတိုင်းပင်။

"သိုင်းဆရာတွေပဲ..." ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့နှစ်ယောက်လုံးထိတ်လန့်သွားကြ၏။

ထိုလူနှစ်ယောက်သည် သူတို့တပ်ဖွဲ့ကို အာရုံစိုက်ခြင်းမရှိသည်ကို တွေ့လိုက်ရသဖြင့် ရစ်ဘရီအနည်းငယ်စိတ်အေးသွား၏။ သိုင်းဆရာတော်တော်များများသည် အနှောင့်ယှဥ်ခံရခြင်းကို မကြိုက်သည်ကို ရစ်ဘရီသိသောကြောင့် သူ၏ စစ်သည်များကို ဆူညံသံများမပြုလုပ်ကြရန်အမိန့်ပေးလိုက်သည်။ ထို့နောက်တွင် အလံနှစ်စုံမြို့တော်ထံသို့ ဆက်လက်ထွက်ခွာလာခဲ့၏။

အသတ်လတ်ပိုင်းအရွယ်လူနှင့် ကလေးငယ်တို့ ရှိနေသည့်သဲတောင်ကုန်းသည် လမ်းပေါ်တွင်ရှိနေသည့်အတွက် ဇီးနစ်အင်ပါယာမှ စစ်သည်များနှင့် ထိုလူနှစ်ယောက်၏ အကွာ၀ေးမှာလည်း ပို၍ပို၍ နီးကပ်လာခဲ့၏။

တဖြည်းဖြည်းခြင်းဖြင့် ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့သည် ထိုလူနှစ်ယောက်၏ မျက်နှာများကို ကောင်းမွန်စွာမြင်တွေ့လိုက်ရ၏။ အသတ်လတ်ပိုင်းအရွယ်လူသည် ခန့်ညားသည့်လူတစ်ယောက်မဟုတ်ပေ။ သူ၏ဘေးတွင်ရှိနေသည့်ကလေးငယ်မှာမူ အလွန်ပင်ချစ်စရာကောင်းလှသည်။ သူ၏ နီရဲနေသည့်ပါးများသည် အရုပ်တစ်ရုပ်ကဲ့သို့ပင်ဖြစ်နေ၏။

"ဟေး ဂရုစိုက်ဦးနော် ဒီပတ်၀န်းကျင်မှာ စစ်ပွဲတစ်ခုဖြစ်နေတယ်..." ကလေးငယ်မှာ အလွန်ချစ်စရာကောင်းနေသောကြောင့် ဇီးနစ်အင်ပါယာမှ စစ်သည်တစ်ယောက်သည် မထိန်းနိုင်တော့ပဲ သတိပေးလိုက်မိ၏။

"ဟာ သေစမ်း..." ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့၏ မျက်နှာများသည်အရောင်ပြောင်းလဲသွားတော့၏။

All Chapters