← Chapters

“အန္တရာယ်ကြီးမားသည့် ကလေးငယ်”

Vol. 35 Ch. 547

“အန္တရာယ်ကြီးမားသည့် ကလေးငယ်”

Vol. 35 Ch. 547

ချက်ချင်းပင် အသတ်လတ်ပိုင်းအရွယ်လူအား နှိပ်ပေးနေသည့်ကလေးသည် တစ်ဖက်သို့လှည့်ကာ စစ်သည်များကို ကြည့်လိုက်၏။ သူ၏မျက်လုံများထဲတွင် အဖြူရောင်ရှိနေခြင်းမရှိပေ။ မျက်လုံးတစ်ခုလုံး မဟူရာတလင်းကျောက်များကဲ့သို့ပင် မဲနက်နေ၏။ ရှေ့ဆုံးမှသွားနေသည့် ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့၏ ခန္ဓာကိုယ်မျာအေးစက်သွား၏။ သေမင်း၏ စိုက်ကြည်ခြင်းကို ခံနေရသကဲ့သို့ချွေးပေါက်များသည် သူတို့၏ နဖူးမှ စီးကျလာတော့သည်။ သူတို့၏ လည်ပင်းများကို အပ်များဖြင့် ထိုးစိုက်ခံနေရသကဲ့သို့ ခံစားနေရပြီး အသက်ရှူရန်ပင် ခက်ခဲနေတော့၏။

အတော်လေး အန္တရာယ်ရှိတဲ့ ကလေးတစ်ယောက်ပဲ။

ထိုကလေး၏ အကြည့်တစ်ချက်ထဲကပင် ကျွမ်းကျင်စစ်သည်၂၀၀ကျော်ကို ချက်ချင်းပင် ကြောက်လန့်သွားစေပြီး သေခြင်းတရားနှင့် နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

အေးစက်သည့် လေညှင်းတစ်ခုတိုက်ခတ်သွား၏။

“အာသာ မင်းက ထပ်ပြီးတော့ ဆော့နေပြန်ပြီ။ ဒီဦးလေးတွေကို ကြောက်အောင်မလုပ်ပါနဲ့ သူတို့က မင်းကို စိုးရိမ်လို့ပြောခဲ့တာပါ။” ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့်အချိန်တွင် ၀ိုင်သောက်နေသည့် အသတ်လတ်ပိုင်းအရွယ်လူမှ ၀င်ပြောလိုက်၏။

သူ၏ အသံသည် စနှောက်နေသည်နှင့်တူသော်လည်း သူ၏ စကားလုံးများမှာ လုံလောက်၏။

ထိုကောင်လေးသည် တစ်ဖက်သို့ကြည့်လိုက်ပြီး အသက်လက်ပိုင်းအရွယ်လူအား သူ၏ သေးငယ်သောလက်များဖြင့် ဆက်လက်၍ နှိပ်နယ်ပေးနေတော့၏။ သူ၏မျက်နှာပေါ်တွင် ချစ်စဖွယ်အပြုံးတစ်ခု ပေါ်လာ၏။ သူနှိပ်နှယ်နေသည့်ပုံံကိုကြည့်ခြင်းဖြင့် သူသည်အကြိမ်ပေါင်းများစွာ လုပ်နေကျဖြစ်သည့်အတိုင်းပင်။

“ဟူး...”

ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့နှစ်ယောက်သည် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ကျော်လွှားလာနိုင်သကဲ့သို့ခံစားလိုက်ရ၏။

ထိုလူနှစ်ယောက်သည် သိုင်းဆရာများဖြစ်ကြသည်ကို ကြိုတင်ကာ ခန့်မှန်းမိပြီးဖြစ်သော်လည်း ဤကလေးငယ်အား ဤမျှ အန္တရာယ်ကြီးမားလောက်မည်ဟု ထင်မထားခဲ့မိသည့်အတွက်ပင်။ ဂျက်အင်ပါယာမှ ရက်စက်ကြမ်းကြုတ်သည့် ရန်သူများကိုပင် မကြောက်ရွံ့ခဲ့သည့် ဇီးနစ်အင်ပါယာမှစစ်သည်များသည် ဤ အာသာဟုအမည်ရသည့် ကလေးကိုကြည့်ရုံဖြင့်ပင် ထိတ်လန့်နေခဲ့ကြရ၏။ နတ်ဆိုးတစ်ယောက်ကဲ့သို့ပင် ထိုကောင်လေးသည် သူတို့၏ ဦးနောက်များထဲသို့ဖောက်၀င်ကာ အတွေးများကို ဖတ်နိုင်နေသည့်အတိုင်းပင်။ ထိုကောင်လေး၏ ရုပ်သွင်သည် ချစ်စဖွယ်ကောင်းနေဆဲဖြစ်သော်လည်း စစ်သည်များ၏ စိတ်ထဲတွင် ချစ်စဖွယ်ကောင်းတော့ခြင်းမရှိပေ။

“ဘာနေနေအာသာရာ မင်း သူတို့ကိုကြောက်အောင်လုပ်လိုက်တာပဲ။ ငါတို့ နေရာပြောင်းကြတာပေါ့...”

အသတ်လတ်ပိုင်းအရွယ်လူသည် စိတ်ပျက်သွားပုံရ၏။ သူ၏ ၀ိုင်အိတ်ကြီးကို ပြန်သိမ်းကာ ခေါင်းကိုခါရမ်းလိုက်သည်။ သူ၏လက်ကို ၀ှေ့ရမ်းပြီးသည့်အချိန်တွင် အမဲရောင်မီးတောက်ကြီးတစ်ခုပေါ်လာပြီး ထိုလူနှစ်ယောက်သည် သဲတောင်ကုန်းပေါ်မှ ပျောက်ကွယ်သွားတော့၏။ ခြေရာလက်ရာများကျန်ရှိခဲ့ခြင်းမရှိသည့်အတွက် သူတို့နှစ်ယောက်ဘယ်ရောက်သွားသည်ကို မည်သူမှသိရှိခြင်းမရှိကြပေ။

သဲတောင်ကုန်းပေါ်မှ ဇီးနစ်စစ်သည်များ ထိတ်လန့်သွားကြ၏။ သူတို့အားလုံး အိမ်မက်ဆိုးမက်နေသကဲ့သို့ ခံစားလိုက်ရသည်။

“အမြန်လုပ်ကြ။ အမြန်သွားကြမယ်...နေလဲ၀င်နေပြီ ဘုရင်အလတ်ဇန္ဒားက ငါတို့ကို စောင့်နေတယ်။ သတိထားပြီးတော့ မြန်မြန်ခရီးဆက်ကြ။” ရှိဗ်ချန်ကိုသည် သူ၏ခေါင်းကို ခါရမ်းကာ စိတ်ကိုထိန်းလိုက်ပြီး စစ်သည်များကို ဆက်လက်ချီတပ်ကြရန်အမိန့်ပေးလိုက်၏။

......

တစ်ချိန်တည်းမှာပင် မဟာဘုရားကျောင်းမှ တပ်ဖွဲ့တစ်ခုသည် အလံနှစ်စုံမြို့တော်နှင့် သုံးကီလိုမီတာခန့် ကွာ၀ေးသည့် ဘုရားကျောင်းပျက်တစ်ခုထဲတွင်ရှိနေကြသည်။

ခေါင်းဆောင်နေသည့်လူမှာ တစ်ကိုယ်လုံးရှုံတွနေသည့် အသားရေများနှင့်အဖိုးကြီးတစ်ယောက်ပင်။ သူ၏မျက်လုံးများသည် မှုန်မှိုင်းနေပြီး သူ၏ မျက်နှာသည်လည်း အိုမင်းရွတ်တွနေ၏။ သူသည် အနီရောင်အစွန်းများပါရှိသည့် တိုက်ပွဲသုံး၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားသည်။ သူ၏ ဆံပင်များမှာ အဖြူရောင်ဖြစ်နေသော်လည်း သေချာဖီးထားပြီး အချွန်ငါးခုပါရှိသည့် သရဖူတစ်ခုကို ၀တ်ဆင်ထား၏။ သူ၏လက်ထဲတွင်လည်း ရွှေရောင်ကြိမ်လုံးတစ်ခုကို ကိုင်ထားသည်။ ထိုကြိမ်လုံးသည် ကြီးမားသည့် လက်၀ါးကပ်တိုင်ကြီးတစ်ခုကဲ့သို့ပင်။

ထိုအဖိုးကြီးသည် လမ်းလျှောက်နေရင်းဖြင့် ယိမ်းယိုင်နေလျှက်ရှိသည်။ သူသည် အချိန်မရွေးပင် လဲကျသွားတော့မည့်အတိုင်းပင်။ သို့သော် သူသည် အဖွဲ့၏အလည်တွင် လမ််းလျှောက်နေလျှက်ရှိ၏။ မဟာဘုရားကျောင်းအထိန်းမှတ်ဖြစ်သည့် ငွေရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် မြင့်မြတ်သောသူရဲကောင်းများသည် ထိုအဖိုးကြီးကိုခြံရံကာ ကာကွယ်ပေးနေကြ၏။

အဆိုပါမြင့်မြတ်သောသူရဲကောင်းများအားလုံးသည် စွမ်းအားမြင့်သည့် ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိကြသည်။ ထိုခံစားချက်သည် မြင့်မြတ်သောစွမ်းအားများအတိုင်းတာတစ်ခုသို့ရောက်ရှိသွားသည့်အချိန်တွင် ဖြစ်ပေါ်လာလေ့ရှိသည့် ခံစားချက်ပင်။

ထိုမြင့်မြတ်သောသူရဲကောင်များအပြင် ၀တ်ရုံများ၀တ်ဆင်ထားသည့် သူတော်စင်များလဲရှိနေကြ၏။ မြင့်မြတ်သောစွမ်းအားများကို ခြံရံထားသောကြောင့် သူတို့သည် တိုက်ခတ်နေသည့် သဲမုန်တိုင်းကို ကာဆီးနိုင်ထားကြ၏။

ထိုအဖွဲ့သည့် အလွန်စွမ်းအားမြင့်မားသည်မှာ သိသာထင်ရှားလှပြီး ကျွမ်းကျင်စစ်သည်အင်အား တစ်သောင်းခန့်ကိုပင် လွယ်ကူစွာရင်ဆိုင်နိုင်စွမ်းရှိ၏။

“အဲ့နတ်ဆိုးရဲ့ ခံစားချက်မရှိတော့ဘူး...” ငယ်ရွယ်သည့် သူတော်စင်တစ်ယောက်သည် ရုတ်တရက်မျက်မှောင်ကြုံ့ကာ သူ၏ဘေးတွင်ရှိနေသည့် အပေါင်းဖော်သူတော်စင်တစ်ယောက်ကိုပြောလိုက်၏။ “ငါ အောက်လမ်းဆရာ ဟေဆယ်-ဘန့်ခ်ရဲ့ ယုတ်ညံ့တဲ့စွမ်းအားတွေကို အာရုံခံလို့မရတော့ဘူး။ သူက ဒီကမ္ဘာထဲကနေ ပျောက်ကွယ်သွားတဲ့ပုံပဲ...”

“အဲ့ခွေးသားကတော့ ငါတို့ကို ဒီကန္တာရထဲကို သေချာမြှားခေါ်လာခဲ့တာပဲ။ သူ့ကို ဖမ်းမိလို့ကတော့ လက်၀ါးကပ်တိုင်မှာ ကြိုးချည်ပြီးမသေမချင်းမီးရှို့သတ်ပစ်လိုက်မယ်...” လူလတ်ပိုင်းအရွယ်သူတော်စင်တစ်ယောက်မှ ကျိမ်ဆဲလိုက်သည်။

“ငါတို့ကောင်တွေ သူတို့ကို ဒီတစ်ကြိမ်မှာတော့ အမိအရဖမ်းနိုင်မှရမယ်။ ဒီလိုအောက်လမ်းဆရာ ခွေးသားက မဟာဘုရားကျောင်းလက်အောက်ကနေ လွတ်မြောက်သွားတယ်ဆိုတာမဖြစ်သင့်တဲ့အရာတစ်ခုပဲ...”

“ငါတို့သူ့ကို နှိတ်စပ်ပြီးတော့ တန်ရာတန်ကြေးပြန်ပေးရအောင်လုပ်မှရမယ်...”

လူအများ၏ အပေါ်တွင်သာနေထိုင်ခဲ့ကြသည့် သူတော်စင်များမြင့်မြတ်သောသူရဲကောင်းများသည် သူတို့၏ ရန်သူ၏ လှည့်စားခြင်းခံခဲ့ရသည်ကို သတိထားမိပြီးချိန်တွင် ဆက်လက်သည်းခံနိုင်စွမ်းမရှိကြတော့ပေ။ ထို့ကြောင့် သူတို့သည် ဤဟေဆယ်-ဘန့်ခ်ဟု အမည်ရသည့်အောက်လမ်းဆရာကို နှိပ်စက်ရန်အတွက် မစောင့်နိုင်ကြတော့ပေ။

“အဟွတ်...အဟွတ်...” ကျိမ်စာတိုက်ဆဲဆိုသံများကို ကြားလိုက်ရသည့်အချိန်တွင် ရွေရောင်လက်၀ါးကပ်တိုင်ပုံ တောင်၀ှေးကို ကိုင်ထားသည့် သူတော်စင်အဖိုးကြီးသည် ပြင်းထန်စွာချောင်းဆိုးလိုက်၏။ သူသည် လေတိုက်လိုက်သည်ဖြင့်ပင် သေဆုံးသွားတော့မည့်အတိုင်းပင်။ သို့သော် သူ၏ အားနည်းသည့် ချောင်းဆိုးသံသည် မြင့်မြတ်သော သူရဲကောင်းများ၊ သူတော်စင်များကို ချက်ချင်းပင် ပါးစပ်ပိတ်သွားစေလိုက်၏။ သူတို့အားလုံး သူစကားပြောတော့မည်ကို ရိုသေလေးစားစွာဖြင့် စောင့်ဆိုင်းနေကြ၏။

အဖိုးကြီးသည် သူ၏နှုတ်ခမ်းများကို လက်ကိုင်ပ၀ါတစ်ခုဖြင့် သုတ်လိုက်ပြီး အားနည်းသည့်လေသံဖြင့် ပြောလိုက်၏။ “ဘုရားသခင် မိန့်ကြားခဲ့တာရှိတယ်။ မြင့်မြတ်တဲ့ အလင်းရောင်အောက်ကနေ ဘယ်နတ်ဆိုးမှ ပုန်းအောင်းနေနိုင်စွမ်းမရှိဘူးတဲ့။ ငါတို့တွေက နတ်ဘုရားရဲ့ ကျေးကျွံတွေက။ ငါတို့တွေက ဘုရားသခင်ရဲ့အလင်းရောင်တွေကို ဖြန့်ကျက်ဖို့အတွက် တိုက်တစ်ခုလုံးကို ခရီးထွက်နေကြတာ။ နတ်ဆိုးရဲ့လက်အောက်ကို ကျရောက်သွားတဲ့လူတွေကို နိုးပြီးတော့ အသိတရားရအောင်အပြစ်ပေးရမှာက ငါတို့ရဲ့တာ၀န်ပဲ။ အဲ့လိုဆိုပေမယ့် ငါတို့က ကြမ်းတမ်းရက်စက်ခြင်းတွေကို ကြေငြာပေးနေရမှာမဟုတ်ဘူး....”

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ အရှင်မှန်ပါတယ် မစ်စတာ ပယ်လီဂရီနီ။ ကျွန်တော်တို့က ဘုရားသခင်ရဲ့ အဆိုဆုံးမတွေကို လွဲမှားစွာယူဆသွားမိနေခဲ့ပါတယ်။” ဤအဖိုးကြီးပတ်ပတ်လည်တွင်ရှိနေသည့် သူတော်စင်များသည် ခေါင်းငြိမ့်ကာ သူတို့၏ မှားယွန်းသည့်အပြုမူအတွက် တောင်းပန်လိုက်ကြ၏။

သူတော်စင်အဖိုးကြီးသည် ခေါင်းငြိမ့်လိုက်ပြီး တုန်ရီနေသောသူ၏ ဘယ်လက်ကို မြှောက်လိုက်သည်။ ရုတ်တရက် လေပါ်တွင် ငွေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဖြူဖွေးသည့် အလင်းလုံးတစ်ခုသည် သူ၏လက်ထဲတွင်ပေါ်လာတော့၏။ ဤအခိုက်တန့်တွင် အဖိုးကြီး၏ အားနည်းချိနဲ့သည့် ခန္ဓာကိုယ်မှ စွမ်းအားမြင့်ခံစားချက်တစ်ခုထွက်ပေါ်လာနေလျှက်ရှိ၏။ ငွေရောင်အလင်းများတောကပ်နေသည်နှင့် အမျှ အလင်းလုံးပေါ်တွင် ရေလှိုင်းကဲ့သို့ လှိုင်းများထွက်ပေါ်လာ၏။ မကြာမှီတွင် ကြည်လင်ပြတ်သားသည့် ပုံရိပ်များထွက်ပေါ်လာတော့သည်။ ထိုပုံရိပ်ထဲတွင် လူနှစ်ယောက်ပါရှိနေ၏။ ထိုလူနှစ်ယောက်သည် လူလတ်ပိုင်းအရွယ်လျို့၀ှက်သည့် မှော်ဆရာနှင့် အာသာဟုအမည်ရသည့် ကောင်လေးတစ်ယောက်၏ ပုံရိပ်များပင်။

“သူတို့က ကန္တာရထဲမှာပဲ ရှိနေသေးတာပဲ။ အန်း လေတိုက်နှုန်းကိုကြည့်ပြီး ကောက်ချက်ချရမယ်ဆိုရင် သူတို့က ဇီးနစ်အင်ပါယာရဲ့ အလံနှစ်စုံမြို့တော်အနီးကိုရောက်နေကြတာပဲ။ နတ်ဆိုးမှော်ဆရာလဲ ဒီမှာရှိတဲ့။ နတ်ဆိုးနဂါးလဲ ဒီမှာရှိနေတယ်။ သူတို့နှစ်ယောက်လုံး ဘုရားသခင်ရဲ့ အပြစ်ပေးမှုကနေထွက်ပြေးနိုင်မှာမဟုတ်ဘူး။ ဒီညတော့ ငါတို့အဖွဲ့အလံနှစ်စုံမြို့တော်ထဲ၀င်ပြီးတော့ အနားယူကြတာပေါ့။ ဒဏာရီလာဂိတ်တံခါးက လာမယ့်သုံးရက်ဆိုဖွင့်တော့မယ်။ သိုင်းဆရာတော်တော်များများလဲ ဒီနေရာမှာ စုစည်းနေကြတယ်။ မဟာဘုရားကျောင်းကလည်း ဒီနေရာကို သိုင်းဆရာတွေ ပိုပြီးတော့ စေလွှတ်နေတယ်။ အဲ့တာကြောင့်လဲ အောက်လမ်းဆရာ ဟေဆယ်-ဘန့်ခ်က ဒီကိုရောက်နေတာပဲ။ သူက ဒီအခွင့်ရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ငါတို့တွေ ဒဏာရီလာနန်းတော်ထဲကို ၀င်တဲ့အချိန်ကျရင် သူ့ကို သတ်ဖို့ကြိုးစားကြည့်ရမှာပေါ့....”

သူတော်စင်အဖိုးကြီးသည် ငွေရောင်အလင်းလုံးကို ကြည့်ကာ ဆုံးဖြတ်လိုက်၏။

“ဟုတ်ကဲ့ပါ မစ်စတာ ပယ်လီဂရနီ...”

တပ်ဖွဲ့ထဲတွင်ရှိနေသည့်လူတိုင်းသည် ဤအဖိုးကြီး၏ စကားကို နားထောင်ကြ၏။ သူတို့အား အားလုံးမြင်းများပေါ်သို့ ခုန်တက်လိုက်ကြပြီး ငွေရောင်ချပ်၀တ်၀တ်ဆင်ထားသည့် မြင့်မြတ်သောသူရဲကောင်းတစ်ယောက်သည် ဤအဖိုးကြီးကို တွဲကာ မှော်ရထားလုံးပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက်တွင် သူတို့သည် အလံနှစ်စုံမြို့တော်တည်ရှိရာအရပ်ထံသို့ထွက်ခွာသွားကြတော့၏။

All Chapters