အခန်း (၅၄၈)
Vol. 35 Ch. 548
အလံနှစ်စုံမြို့အနောက်ဘက် ဂိတ်တံခါးပေါ်တွင်ရှိသည့် ခံတပ်မျှော်စင်ထဲတွင်ဖြစ်သည်။
အဆောက်ဦးတစ်ခုလုံးလင်းထိန်နေပြီး အထဲတွင်လူပေါင်းများစွာ ပျော်ရွှင်စွာဖြင့် စကားပြောနေကြ၏။
လွန်ခဲ့သည့် မိနစ်သုံးဆယ်ခန့်က ရစ်ဘရီနျင့် ရှိဗ်ချန်ကိုတို့သည် ရန်သူများ၏ ရိက္ခာလှည်းများကို ၀င်ရောက်စီးနင်းကာ မီးရှို့ဖျက်စီးခဲ့ကြပြီး မြို့တော်သို့စစ်သည်များနှင့်အတူ ပြန်လည်ကာရောက်ရှိလာနိုင်ခဲ့ကြသည်။ သူတို့အား ဘုရင်အလတ်ဇန္ဒားကိုယ်တိုင် မြို့ပြင်သို့ ထွက်ခါ ကြိုဆိုခဲ့ပြီး သူတို့၏ နာမည်နှင့် ပါတီပွဲတစ်ခုကျင်းပပေးနေခြင်းပင်။
ဖှေး လူတိုင်းအား ခနတာ တိတ်ဆိတ်ရန်အချက်ပြလိုက်ပြီး သူ၏ ၀ိုင်ခွက်ကို ကိုင်မြှောက်ကာအပြုံးတစ်ခုနှင့်ပြောလိုက်သည်။ “လူတိုင်းပဲ ခေါင်းဆောင် ရစ်ဘရီနဲ့ ခေါင်းဆောင်ရှိဗ်ချန်ကိုတို့က ရန်သူရဲ့နယ်မြေထဲထိ၀င်ပြီးတော့ ရိက္ခာတွေကို အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တယ်။ သူတို့က ဂျက်အင်ပါယာက စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ဖိချေခဲ့တာပဲ။ အဲ့တာကြောင့် စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်အမှတ်များစွာနဲ့ ထိုက်တန်တယ်။ ငါသူတို့တွေအတွက် ထိုက်တန်တဲ့ ဆုလာဘ်တွေရရှိအောင် ဇီးနစ်စစ်ဘက်ဆိုင်ရာ ဌာနချုပ်နဲ့ တော်၀င်မိသားစုစီကို ဒီသတင်းပို့ပေးသွားမှာပါ။ ဇီးနစ်အင်ပါယာက စစ်သည်၃၀၂ယောက်က ရန်သူရဲ့နယ်မြေထဲကို သတ္တိရှိရှိ၀င်ရောက်ပြီးတော့ ရန်သူ့ရိက္ခာတွေကို ဖျက်စီး၊ ရန်သူ့စစ်သည်တွေကိုသတ်ဖြတ်ခဲ့တဲ့သတင်းကို ဇီးနစ်အင်ပါယာရဲ့ သမိုင်းစာအုပ်တွေထဲမှာ ရေထိုးထားလိမ့်မယ်ဆိုတာကို ငါရဲရဲကြီးပြောရဲတယ်....”
အဆောက်ဦးထဲတွင် ကျယ်လောင်သည့် လက်ခုပ်သံများထွက်ပေါ်လာ၏။ လူတိုင်းပျော်ရွှင်စွာဖြင့် အော်ဟစ်အားပေးနေကြသည်။
ခနတာ ရပ်တန့်ပြီးချိန်တွင် ဖှေးဆက်ပြောလိုက်သည်။ “ဒီပထမတစ်ခွက်က ဒီစစ်ဆင်ရေးအတွက် အသက်ပေးသွားခဲ့ကြရတဲ့ ရဲဘော်၆၆ယောက်အတွက်ပါ။ သူတို့က အသက်နဲ့ရင်းပြီး သူတို့ရဲ့ ရဲစွမ်းသတ္တိကိုသက်သေပြသွားခဲ့ကြတာပဲ။ သူတို့က အလံနှစ်စုံမြို့တော်ထဲမှာရှိတဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးသွားခဲ့ကြတယ်။ သူတို့က ငါတို့အားလုံးရဲ့ သူရဲကောင်းတွေပါ။ သူတို့ရဲ့ ၀ိဉာဥ်တွေက အမိမြေကို ပြန်ရောက်လာနိုင်တယ်ဆိုပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ကတော့ ပြန်ရောက်မလာနိုင်တော့ဘူး။ အဲ့တာကြောင့် ငါတို့ရဲ့လေးစားမှုကို ပြသလိုက်ရအောင်...”
ဤစစ်ဆင်ရေးတွင်ပါ၀င်ခဲ့ကြသည့် စစ်သည်များအားလုံးသည် မျက်ရည်၀ိုင်းနေသည့် မျက်လုံးများဖြင့် သူတို့၏ ၀ိုင်ခွက်များကို ကိုင်ထားကြ၏။
တရားမျှတစွာဖြင့် ဒဏ်ပေးဆုပေးပြုလုပ်တတ်သည့် ခေါင်းဆောင်တစ်ယောက်၏ လက်အောက်တွင် တာ၀န်ထမ်းဆောင်ရရန်မှာ စစ်သည်တော်တစ်ယောက်၏ အိမ်မက်ပင်။ သာမန်စစ်သည်များသည် တပ်ဖွဲ့တစ်ခု၏ အောက်ခြေတွင်ရှိနေသောပြီး သူတို့အား လေးစားသည့်လူများစွာမရှိသော်လည်း သူတို့သည်လည်း အသိမှတ်ပြုခံလိုကြသည်။ သူတို့အတွက်များစွာလိုအပ်ခြင်းမရှိပေ။ သာမန်ချီးမွမ်းခြင်းတို့နှင့် သာမန်အပြုံးတစ်ခုကပင် သူတို့ဘ၀အတွက် အဓိပ္ပါယ်ရှိစေမည်ဖြစ်သည်။
စစ်သည်များသည် မျက်ရည်များစီးကျနေရင်းဖြင့် ၀ိုင်ခွက်ကို မော့သောက်လိုက်၏။
“ဒီဒုတိယတစ်ခွက်ကတော့ အသက်ရှင်လျှက် ပြန်လာနိုင်ခဲ့ကြတဲ့ စစ်သည် ၂၃၆ယောက်အတွက်ပါ။ မင်းတို့သွေးထွက်ခဲ့ရတာက အလကားမဖြစ်စေရပါဘူး။ မင်းတို့ရဲ့ အောင်မြင်မှုကိုလည်း မေ့လျှော့သွားကြမှာ မဟုတ်ပါဘူး။” ဖှေး ဂုဏ်ပြုလိုက်သည်။ “လူတိုင်းက စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်အမှတ်နဲ့ ရွှေဒင်္ဂါး၅၀ရရှိပါလိမ့်မယ်...”
စစ်သည်များသည်လည်း ဒုတိယမြောက်၀ိုင်ခွက်ကို မော့သောက်လိုက်ကြ၏။
“ဒီ တတိယတစ်ခွက်ကတော့....” ဖှေးခနတာ နားကာ ဆက်ပြောလိုက်သည်။ “ငါတို့အားလုံး မုန်းတီးတဲ့ ဒီစစ်ပွဲအတွက်ပေါ့။ မကြာခင်မှာပဲ အဆုံးသက်ပါလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ စစ်ပွဲကို ဘယ်သူမှ မနှစ်သက်ပါဘူး။ လူတစ်ချို့ကတော့ ရန်သူတွေကို သတ်ဖြတ်ပြီး ဂုဏ်ယူချင်ကြနိုင်ပေမယ့် ငါကတော့ အဲ့လိုကိုမနှစ်သက်ဘူး။ ငါ့ရဲ့စစ်သည်တွေကို အေးအေးချမ်းချမ်းဘ၀တစ်ခုကိုပဲ ချစ်ခင်ရတဲ့လူတွေနဲ့အတူ ဖြတ်သန်းစေချင်တယ်။ နောက်ပြီးတော့ စစ်ပွဲပြီးသွားရင် မင်းတို့နဲ့အတူ ထပ်ပြီးတော့ သောက်ခွင့်ရချင်သေးတယ်...”
ဖှေးထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် တတိယမြောက်၀ိုင်ခွက်ကို မော့သောက်လိုက်၏။
အဆောက်ဦးထဲတွင်ရှိသည့်အခြေအနေမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ သို့သော် ထိုတိတ်ဆိတ်မှုသည် မကောင်းသည့် တိတ်ဆိတ်မှုမျိုးမဟုတ်ပေ။ စစ်သည်များအားလုံးသည် အရပ်ရှည်ရှည်နှင့် ခန့်ညားသည့်လူတစ်ယောက်အားလေးစားသည့်မျက်လုံးများဖြင့် ၀ိုင်းကြည့်နေကြ၏။ ရစ်ဘရီနှင့် ရှိဗ်ချန်ကိုတို့ကဲ့သို့သော ခေါင်းဆောင်များပင် သူတို့၏ ၀ိုင်ခွက်ကို မော့သောက်အပြီးတွင် ဖှေးအား လေးစားစွာဖြင့် စိုက်ကြည့်နေမိကြ၏။
......
အဆောက်ဦးထဲတွင် လင်းထိန်နေပြီး ပျော်ရွှင်စွာစကားပြောဆိုနေသည့် အသံများဖြင့် ပြည့်နှက်နေဆဲပင်။
ဖှေး ခံတပ်မျှော်စင်အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့သည်။ စစ်မြေပြင်တွင် ရာထူးအကြီးဆုံးခေါင်းဆောင်ဖြစ်သည့်အတွက် သူရှိနေပါက သာမန်စစ်သည်များအနေကြပ်လိမ့်မည်ကို စိုးရိမ်သည့်အတွက်ပင်။ ထို့ကြောင့် စစ်သည်များကို လွတ်လွတ်လပ်လပ်ပျော်ပါးစေလိုသည့်အတွက်ပင်။
မျှော်စင်၏ အပြင်ဘက်တွင် သူ၏မျက်နှာအား ဖြတ်သန်းတိုက်ခတ်နေသည့် အေးစက်သည့်လေညှင်းကို ခံစားရင်းဖြင့်ခေါင်းထဲတွင် အတွေးပေါင်းများစွာရှိနေ၏။ သူပါတီထဲတွင်ပြောခဲ့သည့် စကားလုံးများအားလုံးသည် သူ၏နှလုံးသားထဲမှ လာသောစကားများပင်။
သူ၏အနောက်ဘက်တွင် ခြေသံများစွာကို ကြားလိုက်ရ၏။
“ဆာ ကျွန်တော်တို့ အပြန်လမ်းမှာ ထူးဆန်းတဲ့အရာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရလို့ အရှင့်ကို သတင်းပို့ဖို့ လိုတယ်ထင်လို့ပါ...” ရှိဗ်ချန်ကိုသည် ဖှေးနှင့်အတူ အဆောက်ဦးအပြင်သို့လိုက်လာကာာ လျှောက်တင်လိုက်သည်၊
သူသည်ဖှေးအား လူလတ်ပိုင်းအရွယ်မှော်ဆရာနှင့် ချစ်စရာကောင်းသည့်ပုံရှိသော်လည်း အန္တရာယ်ကြီးမားသည့် အာသာဟုအမည်ရသောကောင်လေးအကြာေင်းကို ပြောပြလိုက်၏။
“သူတို့နှစ်ယောက်က လက်ကို၀ှေ့ရမ်းလိုက်ရုံနဲ့ ပျောက်သွားကြတာလား။” ဖှေးမျက်မှောင်ကြုံ့ကာ မေးလိုက်၏။ “မင်းပြောတဲ့အတိုင်းဆိုရင် အဲ့လူက အနည်းဆုံးတော့ လအဆင့်ရှိတဲ့ သိုင်းဆရာတစ်ယောက်ပဲကွ။ နောက်ပြီးအဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးကလည်းအတော်အစွမ်းထက်လောက်တယ်။ သူ့ရဲ့မျက်လုံးတစ်ခုလုံးမဲနက်နေတယ်ဆိုတာကလည်း အတော်လေးထူးဆန်းတာပဲ...”
“ကျွန်တော်လဲအဲ့လိုထင်ပါတယ်။ ဒါပေမယ့် သူတို့ကအတော်လေးထူးဆန်းတယ်။ မြို့နဲအတော်လေးနီးတဲ့နေရာမှာ ရှိနေကြပါတယ်။ သူတို့က မကောင်းတဲ့လူတွေဖြစ်တဲ့ပုံမရပေမယ့် ကျွန်တော်တို့သတိတော့ထားသင့်တယ်ထင်တယ်...” ရှိဗ်ချန်ကိုသည် ဂရုတစိုက်ဖြင့် အကြံပေးလိုက်၏။
“ဒီအဆင့်ရှိတဲ့ သိုင်းဆရာတွေက အင်ပါယာနှစ်ခုက စစ်ပွဲတွေကို အကြောင်းမဲ့၀င်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ နောက်ပြီးတော့ ငါတို့ဘယ်လောက်ပဲသတိထားထား အဲ့လိုအဆင့်ရှိတဲ့ဆရာတစ်ယောက်နဲ့ ရင်ဆိုင်ရရင် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလေ။ သူတို့က စွမ်းအားမြင့်မားနေလွန်းတယ်...” ဖှေးသည် ဤလူနှစ်ယောက်အား သူမြေအောက်ပင်လယ်ထဲတွင် အာရုံခံခဲ့မိသည့် သိုင်းဆရာများနှင့် ဆက်ဆက်မိသွားပြီဖြစ်သည်။
“ငါရေအောက်မှာ အာရုံခံမိခဲ့တဲ့ စွမ်းအင်တွေထဲမှာ သူတို့နှစ်ယောက်လဲပါနေနိုင်တယ်...” အနီးနားတစ်၀ိုက်တွင် စွမ်းအားမြင့်သိုင်းဆရာများစွာ စုပြုံရောက်ရှိနေကြသည့်အတွက် ကြီးမားသည့် ကိစ္စကြီးတစ်ခုဖြစ်ပျက်တော့မည်ဟု ဘုရင်အာရုံခံမိနေ၏။
“ဒါပေမယ့် ငါတို့ ဘာဖြစ်တယ်ဆိုတာကိုတော့ သိဖို့လိုသေးတယ်။ စစ်သည်တွေကို အဲ့လူနှစ်ယောက်ကို အနီးနားမှာ ထပ်တွေ့မိရင်ချက်ချင်းသတင်းပို့ဖို့မှာထားလိုက်ပါ....” ဖှေး ခနတာစဥ်းစားပြီးသည့်အချိန်တွင် အမိန့်ပေးလိုက်၏။
ရှိဗ်ချန်ကိုသည် ခေါင်းငြိမ့်လိုက်ပြီး အခြေအနေကို နားလည်လိုက်၏။
သူသည် အလွန်အားနည်းနေသေးကြောင်းကို ဘုရင်နားလည်လိုက်သည်။
သူ၏လက်ရှိဦးစားပေးရည်မှန်းချက်မှာ သူ၏ စွမ်းအားများကို မြှင့်တင်နိုင်ရန်ဖြစ်သည်။ စွမ်းအားကြီးသည့် လူများသာလျှင် စကားပြောခွင့်ရှိသောကြောင့်ပင်။ အကယ်၍ ဖှေးသည်သာလုံလုံလောက်လောက်စွမ်းအားကြီးမားပါက သူသည် သူ၏ဘေးပတ်ပတ်လည်တွင်ရှိသည့် အန္တရာယ်များအားလုံးကို ရှင်းထုတ်နိုင်သည့်အတွက်ပင်။
ဤအခိုက်တန့်တွင် အ၀ေးတစ်နေရာမှ မြင်းခွာသံများကို ကြားလိုက်ရသည်။
အမှောင်ထဲတွင် မီးတုတ်များမှ အလင်းရောင်တစ်ချို့ကို မြင်နေရပြီး သူတို့သည် အလံနှစ်စုံမြို့တော်ထံသို့ ချီတပလာနေကြခြင်းပင်။ ဖှေးသည် သူ၏ ၀ိဉာဥ္စ်စွမ်းအားများကို ချက်ချင်းပင် ဖြန့်ကျက်လိုက်ပြီး လာရောက်နေသည့်လူများကို မြင်လိုက်ရသည်။ လူသုံးဆယ်ကျော်ခန့်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဂျက်အင်ပါယာမှစခန်းများကို အခက်ခဲမရှိဖြတ်ကျော်လာနိုင်သည်မှာ အံ့သြဖွယ်ပင်။ ဂျက်အင်ပါယာမှ စစ်သည်များကပင် သူတို့၏ လှည်းများကို ရွေ့ကာ ထိုလူများဖြတ်သန်းနိုင်ရန်အတွက် လမ်းတစ်ခုဖန်တီးပေးနေရ၏။
ရှိဗ်ချန်ကို၏ အမူယာသည်လည်း လေးနက်သွား၏ သူ၏ပတ်ပတ်လည်တွင်ရှိနေသည့် စစ်သည်များကို သတိအနေထားရှိရန်အတွက် အချက်ပြလိုက်သည်။
ဤတပ်ဖွဲ့အား စောင့်ကြည့်နေရင်းဖြင့် လူတိုင်းစိတ်လှုပ်ရှားနေကြ၏။
ထိုတပ်ဖွဲ့ပို၍ နီးကပ်လာသည့်အချိန်တွင် တပ်ဖွဲ့ထဲတွင် မဟာဘုရားကျောင်းသင်္ကေတအလံတိုင်များပါရှိသည်ကို ဖှေးသတိထားမိလိုက်၏။
မြင်းပေါ်တွင်လိုက်ပါစီးနင်းနေကြသည့် မြင့်မြတ်သောသူရဲကောင်းများသည်လည်း မဟာဘုရားကျောင်းသင်္ကေတဖြစ်သည့် ငွေရောင်ချပ်၀တ်များကို ၀တ်ဆင်ထားသည်။ ထို့အပြင် ဤတပ်ဖွဲ့ထဲတွင် သူတော်စင်များစွာလည်း ပါရှိနေ၏။ ထိုလူများအားလုံး၏နောက်တွင် လေပေါ်၀ဲပျံနေသည့် ရထားလုံးတစ်ခုလည်းရှိနေသည်။ ထိုလူများအားလုံးသည် စွမ်းအားမြင့်မားသည့်လူများဖြစ်သော်လည်း ဖှေး၏မျက်လုံးများသည် ထိုမှော်ရထားလုံးထံသို့သာ ကျရောက်နေ၏။ ရထားလုံးထဲမှ လူသည် ထွက်ပေါ်လာခြင်းပင်မရှိပေ။ သို့သော် ဘုရင်သည် ထိုလူထံမှ ဖော်ပြ၍ မရနိုင်သည့်အန္တရာယ်အရှိန်၀ါများကို ခံစားနေရ၏။