← Chapters

အခန်း (၅၅၀)

Vol. 35 Ch. 550

အခန်း (၅၅၀)

Vol. 35 Ch. 550

သူသည် ဤလူငယ်အား မည်ကဲ့သို့ နှိပ်စက်ရမည်ကို တွေးနေပြီး သူ၏ အပေါင်းဖော်များကို အချက်ပြရန်ကြံရွယ်နေသည့်အချိန်တွင် ရုတ်တရက်ရွှေရောင်အလင်းတန်းတစ်ခုတောက်ပသွားသည်ကို မြင်လိုက်ရ၏။ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွား၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်နေလျှက် မျက်အိမ်အတွင်းမှ ကျွတ်ကျတော့မတတ်ပင်။ ဘေးတွင် လှောင်ပြောင်ရယ်မောနေကြသည့် အပေါင်းဖော်များသည်လည်း ထိုကဲ့သို့ပင် တုန့်ပြန်နေကြ၏။

ရောက်ရှိလာသည့် လူငယ်၏ ခြေထောက်အောက်တွင် ရွှေရောင်တိုက်ပွဲသုံးစက်ကွင်းတစ်ခုရှိနေပြီး ရွှေရောင်မြင့်မြတ်သည့်စွမ်းအင်များသည် ပင်လယ်ထဲမှ ရေလှိုင်းများကဲ့သို့ပင် အပြင်သို့ ပြန့်လွှင့်နေ၏။

“ဘုရားရေ ဒီဟာက ရွှေရောင်မြင့်မြတ်သန့်စင်တဲ့ စွမ်းအားတွေပဲ...”

မြင့်မြတ်သန့်စင်သည့်စွမ်းအားများကို ကျင့်ကြံသည့် မဟာဘုရားကြောင်းမှ လူများသည် ဤကဲ့သို့ ထူးခြားသည့်စွမ်းအင်အား ပိုင်ဆိုင်ထားခြင်း၏ အဓိပ္ပါယ်ကို ကောင်းမွန်စွာ နားလည်သဘောပေါက်ကြသည်။

ဤသည်မှာ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များ၏ ထူးခြားသည့်အမှတ်သင်္ကေတပင်။ ထိုလူများသည် မဟာဘုရားကျောင်းအဖွဲ့စည်းထဲတွင် အရှိန်၀ါအကြီးဆုံးလူများဖြစ်ပြီး တောက်ပသည့် အနာဂတ်များကို ပိုင်ဆိုင်ထားကြသည်။ ဘုရားသခင်သည် ရွှေရောင်မြင့်မြတ်သန့်စင်သည့်အတွင်းအားပိုင်ဆိုင်သည့်လူများကို နှစ်သက်ပြီးသူတို့သည် နောင်တစ်ချိန်တွင် မဟာဘုရားကျောင်းခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖြစ်လာရန်အတွက် အခွင့်ရေးရှိလူများပင်။

ရွှေရောင်စွမ်းအင်များတောက်ပနေသည့်အချိန်တွင် နေရာတစ်ခုလုံးတွင် မြင့်မြတ်ကာ နူးညံ့သိမ်မွေ့သည့် စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ ကြာပွတ်ဖြင့် သေလုမြောပါး ရိုက်နှက်ခံခဲ့ရသည့် စစ်သည်များ ပြန်လည်သတိရကာ နိုးထလာကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသည့် စွမ်းအင်များစွာစီး၀င်နေသကဲ့သို့ ခံစားနေရ၏။ သူတို့၏ နာကျင်မှုများသည်လည်း ချက်ချင်းလိုလိုပင် ပျောက်ကွယ်သွား၏။ သူတို့၏မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင်မူ တစ်သက်လုံးတွင် မေ့နိုင်တော့မည်မဟုတ်သည့် အရပ်ရှည်ရှည်နှင့် ခန့်ညားသောလူငယ်တစ်ယောက်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရ၏။

ဒဏ်ရာများကို ကုသခြင်းသည် မြင့်မြတ်သန့်စင်သည့်စွမ်းအားများကို အသုံးပြုရခြင်း၏ အဓိကအကြောင်းရင်းများထဲမှစတ်ခုပင်။ ကျန်ရှိနေသည့် အတွင်းအားစွမ်းအင်များသည် မြင့်မြတ်သန့်စင်သည့်စွမ်းအင်လောက် တစ်ခြားလူ၏ ဒဏ်ရာကို ကုသပေးနိင်ခြင်းမရှိသည့်အတွက်ပင်။

“ဆာ...ဘုရင်အလတ်ဇန္ဒား...” ပတ်၀န်းကျင်တွင်ရှိနေသည့် စစ်သည်များသည် ဖြစ်ပျက်နေသည်များကို သတိထားလိုက်မိပြီး ဒူးထောက်လိုက်ရင်းဖြင့် အော်ဟစ်လိုက်ကြ၏။

“အရှင်...အရှင်က...”

မဟာဘုရားကျောင်းမှ မြင်းစစ်သည်များသည်လည်း မြင်းများပေါ်မှခုန်ဆင်း၍ ဖှေးထံသို့ လမ်းလျှောက်လာကြ၏။ သူတို့သည် ဖှေး၏ သရုပ်မှန်ကို မသိရှိကြသေးသော်လည်း ယခုအချိန်တွင် ဖှေးအား ကြောက်ရွံ့ကာ လေးစားနေကြ၏။

“ဘုရားသခင်က လူတိုင်းအပေါ်မှာ မေတ္တာထားရမယ်လို့ မှာကြားခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်လိုက်တစ်ယောက်အနေတဲ့ ငါတို့တွေက ဒီအပြုမူကို လောကကြီးထဲမှ ပြန့်ပွားအောင်လုပ်ပေးရမယ်လေ။ လူတိုင်းဟာ ချစ်ခြင်းတရားနဲ့ ကြင်နာမှုတရားတွေကို ကိုယ်တိုင်ထိတွေ့ခံစားရမယ်။ ဒါပေမယ့် မြင့်မြတ်တဲ့သူရဲကောင်းတို့ မင်းတို့ဒီနေ့လုပ်ခဲ့တဲ့အပြုမူက ဘုရားသခင်ရဲ့ ဆန္ဒနဲ့ သွေဖယ်နေတယ်။ မင်းတို့ကောင်တွေက မဟာဘုရားကြောင်းကိုအရှက်ရအောင်လုပ်နေကြတာပဲ...” ဖှေးစစ်သည်များအား ကုသခြင်းအစွမ်းသုံးကာ ကုသပေးပြီးသည့်နောက်တွင် တစ်ဖက်သို့လှည့်ကာ သူဖတ်ရှုခဲ့ဖူးသည့် မဟာဘုရားကြောင်းမှ စာကြောင်းတစ်ခုဖြင့် မြင့်မြတ်သည့် သူရဲကောင်းများကို ဆူလိုက်၏။ သို့သော် မဟာဘုရားကျောင်းမှ သူရဲကောင်းများသည် ဖှေးနှင့် ယှဥ်ပြိုင်ကာ ငြင်းဆိုရဲခြင်းမရှိပေ။ ခေါင်းများကိုသာ ငုံ့ထားကြ၏။ ဖှေး၏ ရွှေရောင်မြင့်မြတ်သန့်စင်သည့်အတွင်းအားစွမ်းအင်များသည် သူတို့အား ဖိအားများစွာပေးနေသည့်အတွက်ပင်။

အကယ်၍ ဖှေးသည်သာ တစ်ခြားအစီစဥ်များရှိမနေပါက ဤမဟာဘုရားကျောင်းမှ သူရဲကောင်းများကို သတ်ဖြတ်ပစ်မိလိမ့်မည်ဖြစ်သည်။ ဘုရင်သည် တစ်ဖက်သားအား အနိုင်ကျင့်တတ်သည့်လူများကို ရွံရှာသည့်အတွက်ပင်။ အထူးသဖြင့် တိုက်ပေါ်တွင် အရှိန်၀ါကြီးသဖြင့် အနိုင်ကျင့်ဗိုလ်ကျလေ့ရှိသည့်မဟာဘုရားကျောင်းမှ လူများကိုပင်။ မဟာဘုရားကျောင်းမှ သူတော်စင်ဘေးလ်ကိုပင် အန်ဂျယ်လာအား ဖမ်းယူရန်ကြိုးစားခဲ့စဥ်က ဖှေးအောက်လမ်းဆရာဇာတ်ကောင်၏ အစွမ်းများကို အသုံးပြု၍ သူတော်စင်ဘေးလ်အား ကောင်းကင်ဘုံသို့အရောက်ပို့ဆောင်ပေးခဲ့ဖူး၏။

“အမ် မဟုတ်ပါဘူး ကျွန်တော်တို့တွေ...”

ဤအခိုက်တန့်တွင် လေပေါ်တွင် ပျံ၀ဲနေသည့် မှော်ရထားလုံးသည် မြေပြင်ပေါ်သို့ ဖြေးညှင်းစွာဖြင့် ဆင်းသက်လာ၏။ ထို့နောက်တွင် သူတော်စင်တစ်ယောက်သည် ရထားလုံးတံခါးကို ရိုသေလေးစားစွာဖြင့် ဖွင့်လိုက်သည်။ ထိုသူတော်စင်သည် ရထားလုံးအတွင်းမှ အဖိုးကြီးတစ်ယောက်အား ရထားလုံးပေါ်မှ ဆင်းနိုင်ရန်အတွက် ကူညီလိုက်၏။

“ဟမ် ဒီအဖိုးကြီးက ၀တ်ရုံနီ၀တ်သူတော်စင် ဒီကွန်-ပယ်ရီဂရီနီပဲဖြစ်ရမယ်။ သူကအတော်လေး အရှိန်၀ါကြီးမားမယ့်လူပဲ။ အချိန်မရွေးကောက်ပြီးသေသွားနိုင်တဲ့ပုံပေါက်နေပေမယ့် သူ့ကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကတော့ ကြောက်စရာပဲ။ ဒီအဖွဲ့ထဲမှာရှိတဲ့လူ လူတိုင်းထက်ကို သာလွန်နေတယ်။ သူက လအဆင့်စစ်သည်တစ်ယောက်ဖြစ်နေတာအတော်လေးကြာနေပြီထင်တယ်....” ဖှေးဘာမှ မပြောသော်လည်း ပို၍ သတိထားလိုက်၏။

“အဟွတ် အဟွတ် အဟွတ် မင်းတို့တွေ ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ် အရှင့်သားကို မတောင်းပန်သေးပဲ ဘာလုပ်နေကြတာလဲ။ မင်းတို့ကောင်တွေ တကယ်ပဲ တိုင်မှာမီးရှို့ပြီးတော့ ကွပ်မျက်ခံချင်နေတာလား။” ထိုအဖိုးကြီးသည် ချောင်းဆိုးကာ သူ၏ တပည့်များကို ဆူလိုက်၏။ သူစကားပြောနေသည့်အချိန်မှာပင် သူ၏ရင်ဘက်သည် သေတော့မည့်အတိုင်း ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေ၏။ သို့သော် သူ၏ အသံသည် ကျယ်လောင်ကာ ရှင်းလင်းပြတ်သားနေသည်။ မြင့်မြတ်သည့် သူရဲကောင်းများကို ဒေါသဖြင့် စိုက်ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးထောင့်တစ်နေရာတွင် အလင်းတန်းတစ်ခုတောက်ပသွား၏။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ဖှေးအား အပြုံးတစ်ခုနှင့်အတူပြောလိုက်၏။ “အရှင့်သားက ဘယ်ဘုရားကျောင်းကလဲဆိုတာ သိခွင့်ရမလား။ ဒီလို၀ေးလှံခေါင်ဖျားတဲ့ မြို့တစ်မြို့မှာ အရှင်က ဘာလို့လာရောက်ပြီးလေ့ကျင့်နေရတာလဲ...”

“ဒီအဖိုးကြီးက င့ါနောက်ကြောင်းကို စုံစမ်းဖို့လုပ်နေတာပဲ...”

ဖှေးသူ၏ စိတ်ထဲတွင် တွေးလိုက်မိ၏။

ပါလာဒင်ဇာတ်ကောင်၏ အစွမ်းများကို အသုံးပြု၍ ချမ်းဘော့ဒ်တွင်ရှိသည့် သူတော်စင်ဇိုလာအား လှည့်စားပြီးသည့်ချိန်တွင် ဖှေးသည် ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်ဟူသော ဇာတ်ရုပ်၏ တန်ဖိုးကို သဘောပေါက်လာခဲ့၏။ မဟာဘုရားကျောင်းနှင့်ပတ်သက်သည့် စာအုပ်တစ်ချို့အား ဖတ်ပြီးသည့်အချိန်တွင်လည်း သူ၏ခြေထောက်အောက်တွင် ရွှေရောင်တိုက်ပွဲသုံးစက်ကွင်းရှိနေရခြင်း၏ အဓိပ္ပါယ်ကိုလည်း နားလည်လာ၏၊ ထို့ကြောင့် သူသည် ပါလာဒင်ဇာတ်ကောင်အဖြစ်ပြောင်းလဲကာ ဆက်လက်လိမ်ညာနေရန်အတွက် ကြံစည်နေခြင်းပင်။

ဤဇာတ်ရုပ်သည် တစ်ချို့အခြေအနေများတွင် အလွန်အရေးကြီးသည်ကိုဘုရင်သိရှိ၏။ ထို့ကြောင့် လိမ်ညာခြင်းကို မည်ကဲ့သို့ ယုတ္တိရှိအောင်ပြုရမည်ကို ဖှေးစဥ်းစားကြည့်နေ၏။ ဖှေးထံတွင် အကြံများစွာရှိနေသော်လည်း အလုံခြုံဆုံးဖြစ်မည့်အကြံစည်ကို ရွေးချယ်လိုက်သည်။ ဆက်လက်လျို့၀ှက်ထားရန်ဖြစ်သည်။

ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်ဟူသည့် သရုပ်သည် လျို့၀ှက်ချက်တစ်ခုပင်။ မြင့်မြတ်သည့်စွမ်းအားကိုအသုံံးပြုသည့်အချိန်တွင် ရွှေရောင်တိုက်ပွဲသုံးစက်ကွင်းပေါ်ထွက်လာတတ်သည်ဟူသည့်အချက်မှလွဲ၍ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များ၏ ကိုယ်ရေးကိုယ်တာအချက်လက်များကို မြင့်မြတ်သောတောင်ဖြစ်သည် ၀ေလုတောင်ထိပ်တွင်ထားရှိပြီး ထိုအချက်လက်များကို ပုပ်ရဟန်းမင်းကြီးနှင့် အဆင့်မြင့်သူတော်စင်များ၊ မြင့်မြတ်သောသူရဲကောင်းများ စသည့်လူနည်းစုသာသိရှိကြ၏။ မဟာဘုရားကျောင်းမှလူများသာလျှင် ရွှေရောင်အတွင်းအားစွမ်းအင်များကို ပိုင်ဆိုင်နိုင်ပြီး ထိုအတွင်းအားစွမ်းအင်ကိုအပြင်လူများလိုက်လံတုပ၍ မရချေ။ ထို့ကြောင့် မဟာဘုရားကျောင်းသည် ရွှေရောင်အတွင်းအားစွမ်းအင်ပိုင်ဆိုင်ထားသည့်လူများကို အကြွင်းမဲ့ယုံကြည်သည်ဟုဆိုနိုင်၏။

သို့သော် ဖှေးသည် ပါလာဒင်ဇာတ်ကောင်၏ အစွမ်းများကိုအသုံးပြု၍ ဤဟာကွက်မှ တဆင့်ထိုးဖောက်ကာ မဟာဘုရားကျောင်းမှလူများကို လှည့်စားခဲ့ခြင်းပင်။

၀တ်ရုံနီသူတော်စင်ဖှေးအား ထိုမေးခွန်းမေးသည့်အချိန်တွင် ဖှေးမျက်မှောင်ကြုံ့လိုက်ပြီး မာနထောင်လွှားသည့်လေသံဖြင့် ပြန်ဖြေလိုက်၏။

အဖြေကို ကြားလိုက်ရသည့်အချိန်တွင် ပယ်လီဂရီနီ၏ အမူယာသည် ခနတာခန့်အေးခဲသွား၏။

သို့သော် ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင် ဤအဖိုးကြီးသည် ပြုံးကာ ပြန်ဖြေလိုက်၏။ “အော် ကျွန်တော်သိပါပြီ အရှင့်သားက စစ်ဆင်ရေးတစ်ခုလုပ်နေတာကိုး။ ကျွန်တော်တို့ကလည်း မြို့ထဲမှာအချိန်အတိုင်းတာတစ်ခုထိနေဖို့လိုလို့ပါ ကျွန်တော်တို့ကို ကျေူးဇူးပြုပြီးတော့ စိတ်မရှိပါနဲ့နော်...”

တကယ်တန်းတွင် ဤအဖိုးကြီးသည် ဖှေးအား အမှန်တကယ်ပင် ယုံကြည်သွားခြင်းဖြစ်၏။ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ခြင်းစီတိုင်းသည် မဟာဘုရားကျောင်းထဲတွင်ရှိသည့် အရှိန်၀ါကြီးမားသည့်လူတစ်ယောက်သို့မဟုတ် လူများစွာဖြင့် ဆက်နွယ်နေကာ အဖွဲ့စည်းများစွာနှင့်လည်း ဆက်နွယ်နေသည့်အတွက်ပင်။ မဟာဘုရားကျောင်းသည် လူအများထင်ထားသကဲ့သို့ တင်းကြပ်ကာ စည်းစနစ်ကျသည့်အဖွဲ့စည်းတစ်ခုမဟုတ်ပေ။ မဟာဘုရားကျောင်းသည် တိုက်တစ်ခုလုံးတွင် ပြန့်နှံ့နေသည့်အတွက် ဘုန်းတော်ကြီးတစ်ယောက်ခြင်းစီတိုင်းသည် သူတို့သက်ဆိုင်ရာဒေသများစွာအာဏာရှိကြ၏။ မဟာဘုရားကျောင်းထဲတွင် ဂိုဏ်းခွဲများ၊ အဖွဲ့စည်းများစွာလည်းရှိနေကြသည်။ ထိုကဲ့သို့ ဂိုဏ်းခွဲများ၊ အဖွဲ့စည်းများကို ဘုရားကျောင်းဟုခေါ်ကြ၏။ အင်အားကြီးသည့် ဘုရားကျောင်းများသည် သူတို့ထောက်ခံရန်အတွက် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များထဲမှ တစ်ယောက်ကိုရွှေးချယ်လေ့ရှိကြသည်။ အကယ်၍ သူတို့ ထောက်ခံပေးသည့် ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်ပုပ်ရဟန်းမင်းကြီးဖြစ်သွားပါက သူတို့သည် ကျန်ရှိနေသည့် ဘုရားကျောင်းများကို နောက်ထပ်နှစ်နှစ်ဆယ်ကာ ဖိနှိပ်လွှမ်းမိုးခွင့်ရရှိသွားမည်ဖြစ်သည်။

All Chapters