← Chapters

အခန်း (၅၅၁)

Vol. 35 Ch. 551

အခန်း (၅၅၁)

Vol. 35 Ch. 551

သူ၏အရှေ့တွင်ရှိနေသည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်သည် သူ၏ ဘုရားကျောင်းမှမဟုတ်သည်ကို ပယ်ရီဂရီနီသိရှိသည်။ သို့သော် သူအပေါ်ယံတွင် လေးစားမှုကို ပြသရဦးမည်ဖြစ်သည်။ အကယ်၍ သူသည် ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကို စော်ကားလိုက်မိပြီးနောက်ကွယ်တွင်ရှီနေသည့် အင်အားစုများကို ဒေါသဖြစ်စေမိပါက သူသည် ၀တ်ရုံနီ၀တ်သူတော်စင်တစ်ယောက်ဖြစ်နေစေကာမူ ဒုက္ခရောက်သွားမည်ဖြစ်၏။ မဟာဘုရားကျောင်းမြောက်ပိုင်းဒေသထဲတွင် ၀တ်ရုံနီ၀တ်သူတော်စင်အယောက်တစ်ရာရှိသော်လည်း ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်လေးယောက်ခန့်သာ ရှိသည့်အတွက်ပင်။

သူသည် ဖှေး၏အရူးလုပ်ခြင်းကို ခံလိုက်ရပြီး သူ၏အရှေ့တွင်ရှိနေသည့်ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်သည် မည်သည့်ဘုရားကျောင်းမှဖြစ်သည်နှင့် မည်သည့်အတွက်ကြောင့် တိုင်းပြည်တစ်ခု၏ ဘုရင်တစ်ပါးဖြစ်နေရသည်ကိုလည်း သူမသိချေ။

ဤကိစ္စသည် ဒဏာရီလာဂိတ်တံခါးကို ဖွင့်ရန်ကိစ္စနှင့်ဆက်ဆက်နေနိုင်သည်ကို သူရိပ်မိသော်လည်း အသက်ကြီးကာ ဉာဏ်များလှသည့် ပယ်ရီဂရနီသည် ဆက်လက်၍ မေးမြန်းလိုခြင်းမရှိတော့ပေ။ သူပို၍ သိရှိလေလေ ပို၍အန္တရာယ်များလာလေလေဖြစ်လာနိုင်သည့်အတွက်ပင်။ သူသည် ဘုရားကျောင်းများအင်အား ပြိုင်သည့်တိုက်ပွဲများကြားထဲတွင် မြေစာပင်မဖြစ်လိုသည့်အတွက်ပင်။

“မြို့ထဲမှာ ဘုရားကျောင်းတစ်ခုရှိပါတယ်။ ခင်ဗျားတို့သွားပြီးတော့ နားလို့ရတာပေါ့။ ဒါပေမယ့်...” ဖှေးခေါင်းငြိမ့်ကာ မာနထောင်လွှားနေသည့် မြင့်မြတ်သည့်သူရဲကောင်းများကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။ “ဒီလူတွေက ဘုရားသခင်ရဲ့ စည်းမျဥ်းတွေကို ချို့းဖောက်ခဲ့တာပဲ အဲ့တာကြောင့်မို့ အပြစ်ပေးသင့်တယ်....”

ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် မြင့်မြတ်သည့်သူရဲကောင်းများမှာ ထိတ်လန့်သွားကြ၏။

မဟာဘုရားကျောင်းမှ အပြစ်ပေးသည့်နည်းလမ်းများသည် ရက်စက်ကြမ်းကြုတ်ကာ နာကျင်စေသည့်အတွက်ပင်။ အကယ်၍ သံမဏိရုပ်တုတစ်ခုကို နှိပ်စက်စေကာမူ ရုပ်တုပင် အော်ဟစ်ကာ ငိုကြွေးမိမည်ဖြစ်သည်။ အကယ်၍ ဤဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်သည်သာ သူတို့အား အပြစ်ပေးလိုပါက သူတို့သည် ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်ရေးမရလိုက်ပဲ နာကျင်စွာသေဆုံးသွားနိုင်သည့်အတွက်ပင်။

“အရှင့်သား စိတ်လျှော့ပါ။ ဒီသူရဲကောင်းတွေက ပင်ပန်းတဲ့တာ၀န်တွေကြောင့်မို့ စိတ်ခနလွတ်သွားလို့ပါ။ ဘုရားသခင်က လူသားတိုင်းကို ခွင့်လွှတ်ရမယ်လို့ပြောခဲ့တယ်လေ။ အဲ့တာကြောင့် ကျွန်တော်တို့ သူတို့ရဲ့တောင်းပန်ခြင်းကို လက်ခံလိုက်သင့်ပါတယ်။ ဒီသူရဲကောင်းတွေက သူတို့ရိုက်နှက်ခဲ့တဲ့ စစ်သည်တွေကို ရွှေဒင်္ဂါးတစ်ရာစီပေးပြီးတော့ လူမြင်ကွင်းမှာပဲ ပြန်လည်တောင်းပန်မယ်ဆိုရင်ရော။ အရှင်စိတ်ကျေနပ်လောက်ပါလား....” ပယ်ရီဂရီနီသည် ပြုံးကာ သူတော်စင်တစ်ချို့၏ အကူညီဖြင့် အရိုသေပေးကာ ပြောလိုက်၏။ “သူတို့က အောက်လမ်းဆရာ ဟေဆယ်-ဘန့်ခ်ကိုသတ်ဖို့အတွက် ဒီကိုရောက်လာကြတာလေ...”

“အောက်လမ်းဆရာ ဟေဆယ်-ဘန့်ခ် ဟုတ်လား....” ဖှေးတွေးလိုက်မိသည်။ သူသည် ထိုနာမည်ကို ကြားဖူးသလိုဖြစ်နေသည့်အတွက်ပင်။

ဟေဆယ်-ဘန့်ခ်သည် စာအုပ်များ၊ ပုံပြင်ပေါင်းများစွာတွင်ပါရှိနေ၏။ ထိုလူအား ဆိုး၀ါးသည့် မကောင်းဆိုး၀ါးတစ်ကောင်ကဲ့သို့ ဖော်ပြကြ၏။ သူသည် မဟာဘုရားကျောင်း၏ လူမျိုးတုန်းသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်အောက်လမ်းမှော်ဆရာအဖွဲ့စည်းမှ အသက်ရှင်လျှက် လွတ်မြောက်သွားနိုင်ခဲ့သည့်လူနည်းစုထဲမှတစ်ယောက်ပင်။ သူသည် အလွန်ပင် စွမ်းအားမြင့်မားသည်ဟု နာမည်ကြီး၏။ ကောလဟာလများအရဆိုလျှင် သူ့အား နေအဆင့်သခင်တစ်ယောက်ဟုပင် ဆိုကြ၏။ သူသည် နတ်ဆိုးနဂါးတစ်ကောင်ကိုပင် ဆင့်ခေါ်ထားပြီးတိုက်ပွဲထဲတွင် အလွန်ပြိုင်ဘက်ကင်းသည့်လူတစ်ယောက်ပင်။ လူနှင့် နဂါးပေါင်းစပ်ကာ တိုက်ခိုက်ခြင်းသည်အလွန်ပင်စွမ်းအားမြင့်မားပြီး သူတို့သွားသည့်နေရာတိုင်းတွင်ရှိသမျှသက်ရှိများအားလုံး အရိုးစုများအဖြစ်ပြောင်းလဲသွားကြမည်ဖြစ်၏။

“ဒါပေမယ့် သူ့ကို သူတော်စင်သူရဲကောင်းတစ်ယောက်က သတ်လိုက်ပြီမဟုတ်ဘူးလား။ သူက ဘာလို့ ဒီမှာ ရောက်နေရတာလဲ။ နောက်ပြီးတော့ လူသုံးဆယ်လောက်ပဲ ရှိတဲ့ အဖွဲ့က ဘယ်လိုလုပ်ပြီး ဟေဆယ်-ဘန့်ခ်လိုလူကို သတ်ဖြတ်နိုင်မှာလဲ။ အဲ့လူက သူတို့အားလုံးကို လက်တစ်ချောင်းထဲနဲ့တင်သတ်ပစ်လို့ရတယ်လေ။ ဒါမှမဟုတ်ရင် ဟေဆယ်-ဘန့်ဆိုတာ လုပ်ကြံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်များလား။ သူတို့က တစ်ခြားရည်ရွယ်ချက်နဲ့ ဒီကိုရောက်နေတာလဲဖြစ်နိုင်တာပဲ.....” ဖှေးပို၍ တွေးကြည့်လေလေ ဤပတ်၀န်းကျင်တွင် လျို့၀ှက်သည့်သိုင်းဆရာများစွာရောက်ရှိလာရခြင်းအကြောင်းနင့် ပို၍ ဆက်စပ်မိလာလေလေဖြစ်၏။ သူသည် ခေါင်းရှုပ်နေဆဲဖြစ်သော်လည်း မေးခွန်းများကို ဆက်လက်၍ မေးမြန်းခြင်းမရှိတော့ပေ။ ထိုအစား သူသည် နှာခေါင်းရှုံ့လျှက်သူ၏ လက်ကို၀ှေ့ရမ်းလိုက်သည်။ ပယ်ရီဂရီနီ၏ အကြံပြုချက်ကို သဘောတူသည်ဆိုရုံမျှ တူလိုက်ခြင်းပင်။

ဖှေး၏ ရိုင်းပြမှုကြောင့် ပယ်ရီဂရီနီမှာ ဒေါသဖြစ်သွားသော်လည်း ဤကဲ့သို့သော မာနထောင်လွှားသည့်အပြုမူမျိုးကြောင့် ဖှေးသည် အမှန်တကယ်ပင် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်သည်ဟု ယုံကြည်သွဦး၏။ သူသည် အနောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် ကြောက်လန့်နေကြသည့် မြင့်မြတ်သောသူရဲကောင်းများသည် သူတို့၏ ပိုက်ဆံအိပ်များထဲမှ ရွှေဒင်္ဂါးများကိုအမြန်ထုတ်ယူကာ သူတို့ကြောင့် ဒဏ်ရာရရှိသွားသည့်စစ်သည်များကို လေးလေးစားစားဖြင့် ပေးလိုက်ကြ၏။ သူတို့၏ စိတ်ထဲတွင် ဖြစ်ရပ်ဆိုးတစ်ခုအား ကျော်ဖြတ်လာနိုင်သကဲ့သို့ခံစားလိုက်ရသည်။ ထို့နောက်တွင်လှည်းနောက်သို့ ၀င်သွားကြကာ ဖှေးအားကြည့်ပင်မကြည့်ရဲကြတော့ပေ။

ပယ်ရီဂရီနီသည်ဖှေးအားကျေးဇူးတင်စကားပြောပြီးသည့်နောက်တွင်လှည်းအတွင်းသို့ ပြန်၀င်သွားလိုက်၏။ သို့သော် သူရထားလုံးထဲသို့ မ၀င်မှိအချိန်တွင် ဖှေးအား ရက်စက်ကြမ်းကြုတ်သည့်အကြည့်တစ်ခုဖြင့် ခနတာခန့်စိုက်ကြည့်လိုက်၏။ ထိုအကြည့်သည် ခနတာခန့်သာဖြစ်သောကြောင့် အများစုမှာ သတိမထားမိလိုက်ကြပေ။

ဖှေးအပြုံးတစ်ခုဖြင့် ဘုရားကျောင်းတည်ရှိသည့် အရပ်ထံသို့လှန်းကြည့်နေ၏။ သူသည် ထိုအကြည့်ကို သတိထားလိုက်မိသည့် တစ်ယောက်ထဲသောလူပင်။ သို့သော် မဟာဘုရားကျောင်းမှလူများသည် ယခုအချိန်တွင် မြို့ထဲသို့ရောက်ရှနေပြီဖြစ်သောကြောင့် ဖှေး၏လက်ခုပ်ထဲမှ ရေများဖြစ်နေပြီဖြစ်သည်။ သူ့ထံတွင် အောက်လမ်းဆရာဇာတ်ကောင်ရှိနေ၏။ အောက်လမ်းဆရာ၏ မရဏစွမ်းအားများသည် မဟာဘုရားကျောင်းမှလူများအတွက် အားနည်းချက်ပင်။ ဤ၀တ်ရုံနီ၀တ်သူတော်စင်အဖိုးကြီးသည် မစ်စတာကာကာနှင့်အတူပါလာခဲ့သည့် သူတော်စင်ဘေးထက်များစွာပို၍ စွမ်းအားမြင့်မားသော်လည်း ဖှေး၏ အစွမ်းများသည်လည်းလွန်ခဲ့သည့်ရက်ပိုင်းတွင် သိသိသာသာ တိုးပွားလာခဲ့၏။

“ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ ဆာ...”

မဟာဘုရားကျောင်းမှ အဖွဲ့ထွက်ခွာသွားပြီးသည့်အချိန်တွင် အနောက်ဘက်ဂိတ်တံခါး၀န်းကျင်တွင်ရှိနေသည့်စစ်သည်များဒူးထောက်ကာ ဖှေးအား ကျေးဇူးတင်စကားပြောလိုက်ကြသည်။ အခြေအနေသည် သူတို့အတွက်များစွာအန္တရာယ်များနေခဲ့သည်။ သူတို့အတွက် သေမင်းနှုတ်ခမ်း၀တွင် လမ်းလျှောက်နေရသကဲ့သို့ပင်။ မဟာဘုရားကျောင်းမှလူများသည် လူများ၏ အသက်ကို ဂရုမစိုက်ပဲသတ်ဖြတ်တတ်သည့် အတွက်ပင်။

ဖှေးသည် သူတို့အသက်များကို ကယ်တင်ခဲ့သည်ဆိုသည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။

ဤအခိုက်တန့်တွင် သူတို့သည် ဖှေးအား နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကြည့်နေကြ၏။

“ခေါင်းဆောင်က ငါတို့အတွက်နဲ့ မဟာဘုရားကျောင်းက အဖွဲ့၀င်တွေကိုတောင် ပြန်ပြီးတော့ ရင်ဆိုင်ရဲတာပဲ။ နောက်ပြီး အဲ့လူတွေကလည်း သူ့ကို ကြောက်နေကြတာပဲ။...” ထိုစစ်သည်များသည် ဖှေးအား နတ်ဘုရားတစ်ပါးကို ကိုးကွယ်နေသကဲ့သို့ ကြည့်လိုက်ရင်းဖြင့်တွေးလိုက်မိသည်။

ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် ရှိဗ်ချန်ကိုပင် ဖှေးအား အလွန်မင်းလေးစားနေမိသည်။

သူသည် မြို့တော်စိန့်ပီတာစဘာ့တ်မှ ပြိုင်ပွဲတွင် ဖှေးအားရှုံးနိမ့်ခဲ့စဥ်ကတည်းက ဖှေးအားလေးစားခဲ့သည်။ သိုင်းပညာတောင်ပေါ်တွင် အိုက်ဟိုဗင်အင်ပါယာမှ လအဆင့်သိုင်းဆရာ ကွန်စတာကာတာနှင့် ယှဥ်ပြိုင်တိုက်ခိုက်နေခဲ့သည့်ဖှေးအားမြင်တွေ့ရသည့်အချိန်တွင် ပို၍ပင်လေးစားလာခဲ့မိသည်။ ထို့ကြောင့်သူသည် တစ်ခြားစွမ်းအားမြင့်မားသည့်အဖွဲ့စည်းများ၏ လာရောက်စည်းရုန်းခြင်းကို ငြင်းဆန်ကာ ဖှေး၏ ၀ံပုလွေစွယ်တပ်ဖွဲ့ကိုသာ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ဖှေး၏ အနီးတွင်ရှိနေခဲ့သည့်လွန်ခဲ့သည့် ရက်ပိုင်းတွင် သူသည် ဖှေး၏ အစွမ်းများ၊ အရည်ချင်းများကြောင့် ထပ်ခါထပ်ခါပင် အံ့သြနေခဲ့ရသည်။ သူသည်ဖှေးတွင်ရှိနေသည့် ကဒ်များအားလုံးကို မြင်တွေ့ဖူးပြီဟုထင်သော်လည်း သူမှားနေကြောင်းကို သတိထားမိလိုက်သည်။

သူသည်ချမ်းဘော့ဒ်ဘုရင်အား ပို၍ပို၍နားလည်နိုင်ရန်အတွက် ခက်ခဲလာသကဲ့သို့ ခံစားနေရ၏။

“ခေတ်ပျက်ထဲကိုရောက်လာနိုင်ပြီ အင်ပါယာက ဒီမုန်တိုင်းဒဏ်ကို ခံနိုင်ပါတော့မလား။ လူတိုင်းက ရည်မှန်းချက်အသစ်တွေကိုပဲ ရှာဖွေနေကြတယ်။ ငါ့အတွက်လည်း ရွေးချယ်မှုအသစ်ကို လုပ်ရမယ့်အချိန်ပဲလား။ ဘုရင်အလတ်ဇန္ဒား အရှင်က မဟာဘုရားကျောင်းကလူတွေကိုတောင် အမိန့်ပေးနိုင်တာပဲ။ အရှင်က ကျွန်တော့ရဲ့ ၁၀၀ရာခိုင်နှုန်းသစ္စာခံခြင်းနဲ့ ထိုက်တန်တဲ့လူတစ်ယောက်များလား...” ရှိဗ်ချန်ကိုသည် လက်သီးဆုပ်လျှက် တွေးလိုက်မိသည်။

သူ့ထံတွင် စိတ်နှစ်မျိုးဖြစ်နေပြီ တစ်ခါတစ်ရံတွင် ထုံထိုင်းသလိုဖြစ်နတတ်သော်လည်း သူသည် မိုက်မဲသည့်လူတစ်ယောက်မဟုတ်ပေ။ သူသည် စကားနည်းကာ လေ့လာသုံးသပ်မှုအားကောင်းပြီးအကောင်းဆုံးဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်လူတစ်ယောက်ပင်။

“ဘုရားကျောင်းကို သေချာစောင့်ကြည့်နေ။ သူတို့တွေ လှုပ်ရှားတာနဲ့ င့ါကို ပြန်သတင်းပို့။ သူတို့က ဒီကို တကယ်ပဲ ဟေဆယ်-ဘန့်ခ်ကို သတ်ဖို့ရောက်လာကြတာလား ဒါမှမဟုတ်ရင် တစ်ခြားရည်ရွယ်ချက်ရှိသေးလားဆိုတာကို ငါသိချင်တယ်...” ဖှေး ခံတပ်နံရံပေါ်သို့ လမ်းလျှောက်တက်သွားကာ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...” သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အတိုင်းပင် ရှိဗ်ချန်ကိုသည် လေးစားစွာဖြင့် ပြန်ဖြေလိုက်၏။

“ဟမ်...” ရှိဗ်ချန်ကို သူ့အား ခေါ်ပုံခေါ်နည်းပြောင်းလဲသွားသည်ကို ဖှေးသတိထားလိုက်မိသည်။ သူတစ်ဖက်သို့လှည့်ကာ ရှိဗ်ချန်ကိုအား ကြည့်လိုက်၏။ ထို့နောက်တွင် ပြုံးကာ “ကောင်းပြီလေ...” ဟု ခေါင်းငြိမ့်လိုက်သည်။

All Chapters