← Chapters

အခန်း (၅၅၅)

Vol. 35 Ch. 555

အခန်း (၅၅၅)

Vol. 35 Ch. 555

အသက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် ငွေရောင်အလင်းတန်းအား တစ်ချက်သာ ကြည့်လိုက်ပြီး ပျင်းစရာကောင်းနေသကဲ့သို့ အရှေ့ကိုသာကြည့်လိုက်၏။ ထို့နောက်တွင်ကောင်းကင်ပေါ်တွင်ရှိနေသည့်လမင်းကြီးကို သူ၏စိတ်ထဲတွင် ၀မ်းနည်းစရာများစွာရှိနေသကဲ့သို့ ကြည့်လိုက်၏။

သူ၏ဘေးတွင်ရှိနေသည့် ချစ်စရာကောင်လေးသည် ဤလူပြောလိုက်သည့်အရာကို လုံး၀ပင် လျစ်လျူရှုလိုက်၏။

ကောင်လေးသည် လေထဲတွင်ရှိနေသည့် ၀ိုင်နှံ့ကိုရှူလိုက်ပြီး အသတ်လက်ပိုင်းအရွယ်ရှိသည့်လူ၏ လက်ထဲမှ ၀ိုင်အိတ်ကို ချစ်စဖွယ်မျက်လုံးများဖြင့်ကြည့်နေ၏။ သူသည် လောဘကြီးကာ ၀ိုင်အိတ်ကို ခိုးယူလိုနေသည့်ပုံရှိသော်လည်း တစ်စုံတစ်ခုသည် သူ့အား တားဆီးနေသည့်အတိုင်းပင်။

“ဟေး မင်းဘယ်လိုဖြစ်နေတာလဲ။ ငါမင်းကို ဘာပြောခဲ့လဲ။ မင်းက သောက်လို့မရဘူးလေ။ မင်း အရက်မူးတဲ့အချိန်တိုင်း ရူးသွားပြီးတော့ မင်းလုပ်သမျှအတွက် ငါပဲ အပြစ်တင်ခံနေရတာ။ အခုချိန်မှာဆို ငါအတော်လေးစိတ်တိနေတာ မင်းက င့ါကို နှစ်မသိမ့်ပဲ င့ါရဲ့၀ိုင်အိတ်ကိုတောင် ခိုးဖို့ကြံနေသေးတာ။ အတော်လူသားမဆန်တဲ့ကောင်ပဲ။ ငါမင်းကို ဘာလို့များဖန်တီးခဲ့မိတာပါလိမ့်။ င့ါရဲ့ဆုံဲးဖြတ်ချက်ကို အခုပဲ နောင်တရရမိနေပြီ။” အသတ်လတ်ပိုင်းအရွယ်ယောက်ျားသည် ကောင်လေးသူ၏ ၀ိုင်အိတ်ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ဒေါသဖြစ်သွား၏။

“အဖိုးကြီးလျှောက် ပြောမနေပါနဲ့။ ကျွန်တော်က လူသားမှ မဟုတ်တာ ဘယ်လိုလုပ်ပြီးတော့ လူသားဆန်မှာလဲ။” ကောင်လေးသည် သူ၏နှုတ်ခမ်းများကို ယက်ကာ မကျေနပ်စွာဖြင့်ပြန်ပြောလိုက်သည်။ “နောက်ပြီးတော့ ကျွန်တော်လဲခင်ဗျားကြောင့် အပြစ်တင်ခံခဲ့ရဖူးတာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ခင်ဗျားအရက်မူးပြီးတော့ အသန်မာဆုံးသူတော်စင်သူရဲကောင်းဆိုတဲ့လူကို သတ်ပစ်ခဲ့တာလေ။ နောက်ဆုံးကျ ကျွန်တော်ပဲ အပြစ်တင်ခံလိုက်ရတာ။ လွန်ခဲ့တဲ့ နှစ်၅၀တုန်းကလည် ခင်ဗျားက မာ့စ်အင်ပါယာကဘုရားကျောင်းက သူတော်စင်မ ရေချိုးတာကို သွားချောင်းကြည့်တာလေ။ ခင်ဗျားလူမိသွားတော့ အဲ့အင်ပါယာဘုရားကျောင်းက ဘုန်းတော်ကြီးကို သတ်ပစ်လိုက်တာလေ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကလည်း...”

ဤကောင်လေးသည် သူ၏ အတိတ်ကမကောင်းကြောင်းများကို ပြန်ပြောနေသည့်အတွက်ကြောင့် ခနတာကျက်သေသွားပြီးအော်ဟစ်လိုက်သည်။ “သေစမ်း ငါတနေ့တခြားဘာလို့ ပိုပိုပြီးတော့ တဏာရူးလာတာလဲတွေးနေတာ။မင်းက င့ါဘေးမှာ အမြဲရှိနေချင်တဲ့ တစ်ယောက်ထဲသောလူပဲ။ ဒါပေမယ့် မင်းက လူမဟုတ်ဘူးလေ။ အဲ့တာအတော်လေး အထီးကျန်စရာပဲ....”

သူထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် သူမအမူယာသည် ရုတ်တရက်လေးနက်သွားကာပြောလိုက်သည်။ “အဲ့တာတွေထားလိုက်ပါ အခုလေးတင်လအဆင့်ကိုရောက်သွားတဲ့လူက အတော်လေးစွမ်းအားမြင့်မားတယ်ပြောရမယ်။ သူ့ရဲ့အရှိန်၀ါထဲမှာ ထူးခြားတဲ့အရာတစ်ခုကို ငါအာရုံခံမိနေတယ်။ အဲ့တာကြောင့် ငါတို့တွေ ဂရုစိုက်မှရမယ်။ ငါတို့တွေရဲ့ အစွမ်းတွေကလည်း အခုဆိုရင် အတောာ်လေး နည်းသွားပြီလေ။ ပုရွတ်ဆိတ်လိုကောင်တွေလိုက်ဖမ်းတာတောင် ငါတို့တွေ ခွေးလို ထွက်ပြေးနေရတယ်....”

ကောင်လေးသည် ၀ိုင်နံ့ကို ပို၍ပင် ရှူရှိုက်ကာ မနှစ်သက်စွာဖြင့် ပြောလိုက်သည်။ “ကျွန်တော်တစ်ခါတည်းရှင်းအောင်ပြောလိုက်မယ်။ ခင်ဗျားတစ်ယောက်ပဲ ခွေးလိုပြေးနေရတာ။ ကျွန်တော်က ခင်ဗျားကို အဖော်လိုက်ပေးနေရုံပဲ။ ကျွန်တော်သာဆိုရင်တော့ အဲ့လူနဲ့သွားရှုပ်မှာမဟုတ်ဘူး။ သူ့ရဲ့စွမ်းအားနဲ့ဖြစ်နိုင်ချေအလားလာကို ကျွန်တော်လဲအာရုံခံနိုင်ပါတယ်။ ခင်ဗျား ပြောခဲ့တဲ့နည်းလမ်းတွေက အားနည်းတဲ့လူတွေကိုတိုက်ခိုက်၊ စွမ်းအားကြီးတဲ့လူတွေနဲ့တွေ့ရင် ထွက်ပြေား၊ အရှက်မရှိပဲ ခိုးကြောင်ခိုး၀ှက်လုပ်ဖို့လေ။ ကျွန်တော်တို့တွေ သူ့အတွက်သွားပြီးတော့ အလုပ်လုပ်ပေးမယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ သူက ကျွန်တော်တို့ကို ကာကွယ်ပေးချင်မှာပဲ....”

“အခုချိန်မှာဆိုရင် ငါတို့တွေလူအများစုက မုန်းတီးနေကြတာပဲ။ လူအများစုက ငါတို့ကိုတွေ့တာနဲ့ ထွက်ပြေးကြမှာ။ သူက ဘာလို့ငါတို့ကို ကူညီချင်မှာလဲ။ ငါတို့ကို သူ့စီသွားတာနဲ့ ငါတို့ကိုချက်ချင်းသတ်ရင်သတ်လိုက်မှာ...”

“အား ကျွန်တော်တော့ ခင်ဗျားနဲ့အတူရှိနေရတာ ကံဆိုးတာပဲ။ ခင်ဗျားသာ ကျွန်တော့အဖေမဟုတ်ဘူးဆိုရင် ခင်ဗျားကို အရင်ကတည်းက စွန့်ခွာသွားလောက်ပြီ...”

“ထွီမင်းက ဒီလိုဆိုတာ ငါသိသားပဲ။ ငါမင်းကို ဖန်တီးခဲ့မိတာမှားတာပ ဲ။ မင်းက ဒုက္ခတွေပဲလူလာပေးတယ်လေ။ မင်း မရှိခင်တုန်းကဆို ငါက ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာ။ မင်းလဲရောက်လာရော င့ါကို လူတကာမုန်းတီးကုန်ကြတော့တာပဲ...”

လရောင်အောက်တွင် ထိုနှစ်ယောက်သည် အမှန်တကယ်ပင်တစ်ယောက်နှင့်တစ်ယောက်စတင်၍ တိုက်ခိုက်ကြတော့သည်။

သို့သော် နောက်ဆုံးတွင် ကောင်လေးသည် အသတ်လတ်ပိုင်းအရွယ်လူထံမှ ၀ိုင်ကို သောက်လိုက်ရခြင်းမရှိပေ။

......

အလံနှစ်စုံမြို့တော်ထဲတွင် ခမ်းနားကြီးကျယ်သည့် ဖြစ်ရပ်ကြီးသည် လူတိုင်းကို အိပ်နေရာမှ နိုးသွားစေသည်။ မြို့နေလူများသည် ညမထွက်ရအမိန့်များကိုပင် လျစ်လျူရှုလိုက်ပြီး အပြင်သို့ ထွက်ကြည့်နေကြသည်။ ကင်းလှည့်နေကြသည့်စစ်သည်များသည်လည်း ထူထပ်သည့် ငွေရောင်အလင်းတန်းကြီးကို မြင်လိုက်ရသည့်အချိန်တွင် ထိတ်လန့်အံ့သြနေကြ၏။ မြိုထဲတွင်ရှိနေသည့် တိရိစ္ဆာန်များပင် မြေပြင်ပေါ်တွင် လဲလျောင်းကာ ကြောက်လန့်တုန်လှုပ်နေကြသည်။

“ဘုရားရေ အဲ့တာဘာကြီးလဲ။ ကောင်းကင်ဘုံကို တက်ရောက်နိုင်တဲ့တံတားလား။ ဘာတွေဖြစ်ကုန်တာလဲ။ နောက်ဆုံးနေ့ရက်ကိုရောက်လာတာလား...”

“ဒါက အနောက်ဘက်ဂိတ်တံခါးရှိတဲ့အရပ်ကပဲ ငါတို့ရဲ့စစ်ရေးခေါင်းဆောင်ကြီးအလတ်ဇန္ဒားကများ ဂျက်အင်ပါယာက ကျူးကျော်သူတွေကို သတ်ဖို့အတွက် နတ်ဘုရားလို သိုင်းကွက်တစ်ခုကိုအသုံးပြုနေတာလား။”

“ဒါက ထူးဆန်းတာပဲ။ စစ်ပွဲနတ်ဘုရားကိုယ်တိုင်ရောက်လာပြီး အလံနှစ်စုံမြို့တော်ကို ကာကွယ်ပေးနေတာပဲ။ ကျေးဇူးပါ အရှင်ဘုရား....”

မြို့သူမြို့သားများသည် ဒူးထောက်ကာ ဆုတောင်းနေကြ၏။ သူတို့သည် ငွေရောင်အလင်းတန်းများထံမှ ကြောက်မက်ဖွယ်စွမ်းအင်များကို အာရုံခံလိုက်မိပြီး စစ်ပွဲနတ်ဘုရားကို ကျေးဇူးတင်လိုက်မိကြသည်။

ဤအချိန်တွင် သာမန်အဆောက်ဦးတစ်ခုထဲတွင်ရှိနေသည့် လူတစ်ယောက်သည် မိမိကိုယ်မိမိ တီတိုးပြောလိုက်၏။ “ဒါက ထင်မထားစရာပဲ။ ကျရှုံးသွားတဲ့ ဇီးနစ်အင်ပါယာက လူတွေထဲမှာ လဆင့်ကိုရောက်သွားတဲ့အချိန် ဒီလိုဖြစ်စဥ်ကို ဖြစ်လာစေနိုင်တဲ့ ပါရမီရှင်တစ်ယောက်ရှိနေသေးတာပဲ....နှစ်ပေါင်းနှစ်ဆယ်တောင်ကြာသွားခဲ့ပြီ....ဒါပေမယ့် အဲ့လူက အရည်ချင်းရှိတဲ့လူတွေကို ရှာဖွေပြီးတော့ မှန်မှန်ကန်ကန်အသုံးချနိုင်တဲ့နေရာမှာ တော်နေတုန်းပဲ....”

ဤလူသည် ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းဖြစ်ပြီး လက်များကို နောက်ပစ်ကာ အနောက်ဘက်ဂိတ်တံခါးတည်ရှိရာ အရပ်ထံသို့ ငေးကြည့်နေ၏။

သူသည် အရပ်မရှည်သလို ချောမောလှပသည့် လူတစ်ယောက်လဲမဟုတ်ပေ။ သို့သော် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်ရှိနေသည့် အရှိန်၀ါသည် ထူးခြား၏။ သူ၏အနောက်တွင်ရပ်နေသည့်လူတိုင်းသူ့အား ဒူးထောက်ကာကိုးကွယ်ချင်လာမည်ဖြစ်သည်။ ဤသည်မှ မွေးကတည်းကပင် ပါလာခဲ့သည့်အရှိန်၀ါတစ်ခုပင်။ တစ်ခြားလူများမည်မျှပင် ကြိုးစားစေကာမူ လိုက်လံတုပနိုင်မည်မဟုတ်ပေ။

သူ၏အနောက်တွင် အစေခံဟုယူဆရသည့် ယောက်ျားနှစ်ယောက်သည် တိတ်ဆိတ်စွာဖြင့် ရပ်နေကြသည်။

ထိူလူနှစ်ယောက်သည်လည်း ထူးခြားသည့်အရှိန်၀ါများရှိနေကြသည်။ သူတို့၏ သတ်ဖြတ်လိုသည့် ဆန္ဒများသည် စစ်သည်များဖြစ်ကြောင်းဖော်ပြနေပြီး အရှေ့တွင်ရှိနေသည့်လူကို ရူးသွပ်စွာဖြင့် ကြည့်နေကြသည်။ သူတို့သည် ထိုလူအတွက်ဆိုပါက အသက်ပင် ပေးဆပ်နိုင်သည်မှာထင်ရှားလှသည်။

တစ်ချိန်တည်းမှာပင် လက်များကို နောက်ပစ်ကာ ရပ်နေသည့် အရပ်ရှည်ရှည်လူတစ်ယောက်လဲရှိနေသေးသည်။ သူသည် အမဲရောက်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားပြီး ထို၀တ်ရုံသည် သူ၏ မျက်နှာတစ်၀က်ကျော်ခန့်ကို ဖုံးကွယ်ထားသည်။ သူ၏နှာခေါင်းနှင့် နှုတ်ခမ်းတို့ကိုသာ မြင်နိုင်ပြီး ထိုအရာများကိုကြည့်ချင်းဖြင့်ပင် သူသည် အလွန်ခန့်ညားသည့်လူတစ်ယောက်ဖြစ်သည်ကို လူတိုင်းပြောနိုင်၏။ ငွေရောင်အလင်းတန်းများ အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်မှ ဖြာထွက်လာသည့်အချိန်တွင် ထိုအလင်းတန်းများသည် သူ၏ခန္ဓာကိုယ်အနီးသို့ရောက်ရှိလာနိုင်ခဲ့ခြင်းမရှိပေ။ သူ့အားမမြင်နိင်သည့်စွမ်းအားတစ်မျိုးမှ ကာကွယ်ပေးထားသလိုပင်။

သူ၏အနောက်တွင် ရွှေရောင်ပြိုးပြိုးပျက်ပျက်အ၀တ်စားများ၀တ်ကာ ကျောက်စားပွဲတစ်ခုပေါ်တွင် ထိုင်သောက်နေသည့်အသတ်လတ်ပိုင်းအရွယ်လူတစ်ယောက်လဲရှိနေ၏။

သို့သော် သူ၏ မျက်လုံးများကို ကျဥ်းမြောင်းကာအ၀ေးတွင်ရှိနေသည့်အလင်းတန်းများကို ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများထဲတွင် စိုးရိမ်မှုတစ်ချို့ထွက်ပေါ်လာ၏။

......

ဤအရာများအားလုံးသည် ဖှေးအတွက် ရုတ်တရက်ဖြစ်နေ၏။

ဖှေး အပြင်ကမ္ဘာသို့ ပေါ်တယ်မှတဆင့်ပြန်လာခဲ့သည့်အချိန်တွင် ငြင်းဆန်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ဤကမ္ဘာသည် သူ့အတွက် အလွန်ထူးဆန်းနေသည့်အတွက်ပင်။ ကောင်းကင်ကြီးသည် မိုးချုန်းသကဲ့သို့ မြည်ဟည်းကာ မမြင်နိုင်သည့်စွမ်းအားတစ်ခုသည် သ့အပေါ်သို့ ကောင်းကင်ပေါ်မှ ကဆင်းလာသည့်အတွက်ပင်။ ထိုစွမ်းအင်သည် ဖှေးအား အနိုင်ယူလိုနေသည့်အတိုင်းပင်။

အခိုက်တန့်တစ်ခုခန့် အံ့သြသွားပြီးသည့်နော်ကတွင် ဖှေး စိတ်လှုပ်ရှားသွား၏။

ဤသည်မှာ ကြယ်အဆင့်စစ်သည်တစ်ယောက် လအဆင့်သို့ ပထမဆုံးစတင်ရောက်ရှိသွားသည့်အချိန်တွင် တွေ့ကြုံရလေ့ရှိသည့် ဖြစ်စဥ်တစ်ခုဖြစ်ကြောင်းကို သူသိသည့်အတွက်ပင်။ ဤကမ္ဘာပေါ်တွင်ရှိနေသည့် ဓာတ်များသည် သူ့အား တားဆီးရန် ကြိုးစားနေသည့်အတွက်ပင်။

ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် စာအုပ်ပေါင်းများစွာတွင်ဖော်ပြထားသည်မှာ သိုင်းဆရာတစ်ယောက်သည် ပို၍အစွမ်းထက်လေလေ ဤဖြစ်စဥ်သည်ပို၍ ကြမ်းတမ်းတတ်လေလေဖြစ်သည်။ သိုင်းဆရာသည် လအဆင့်သို့ရောက်ရှိသွားသည့်အချိန်တွင် လောကနိယာများကို ချိုးဖောက်နိုင်တော့မည်ဖြစ်သောကြောင့် လောကကြီးသည် သဘာ၀အလျှောက်ထိုသိုင်းဆရာကို တားဆီးရန်အတွက် ကြိုးစားနေခြင်းပင်။

ဤဖြစ်စဥ်သည် အလွန်ပင် အန္တရာယ်များကာ စိန်ခေါ်မှုပြင်းထန်လှ၏။

ကြယ်အဆင့်စစ်သည်များစွာသည် အတွင်းအားစွမ်းအင်လုံလုံလောက်လောက်မရှိသေးပဲ လအဆင့်သို့ အမြန်ရောက်ရှိရန်အတွက် ဖြတ်လမ်းနည်းများအသုံးပြုကာလေ့ကျင့်ခဲ့ဖူးကြသည်။ သို့သော် ကမ္ဘာပေါ်တွင်ရှိသည့် ဓာတ်အင်အားများမှ သူတို့အား ရပ်တန့်သည့်အချိန်တွင် သူတို့သည် စွမ်းအားများကင်းမဲ့သွားခြင်း၊ သို့မဟုတ်အသက်သေဆုံးသွားခြင်းတို့ဖြင့် ကြံတွေ့ခဲ့ရ၏။

သို့သော် သိုင်းဆရာတစ်ယောက်သည် ဤကဲ့သို့ဖြစ်စဥ်အား ကြံ့ကြံ့ခံနိုင်ခဲ့ပါက သတို့၏ စွမ်းအင်တည်ဆောက်ပုံသည်လည်း လုံး၀ပင်ပျောင်းလဲသွားလိမ့်မည်ဖြစ်သည်။

သိုင်းဆရာသို့မဟုတ် မှော်ဆရာတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်ကြယ်ပုံသဏာန်အတွင်းအား အချက်ချာကိုးခုတို့သည် လသစ်ပုံသဏာန်အဖြစ်သို့စုပေါင်းသွားမည်ဖြစ်၏။ သိုင်းဆရာသည် အတွင်းအားစွမ်းအင်များကို ဆက်လက်လေ့ကျင့်ခြင်းဖြင့် ထိုလသစ်ပုံသဏာန်မှ လခြမ်းပုံသဏာန်အဖြစ်သို့ရောက်ရှိသွားမည်ဖြစ်သည်။ လအဆင့်၏ အမြင့်ဆုံးအဆင့်သို့ရောက်ရှိသည့်အချိန်တွင် လပြည့်ပုံသဏာန်အတွင်းအားအချက်ချာနေရာတစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်။

ထိုကဲ့သို့ပြောင်းလဲသွားသည့်အချိန်တွင် အန္တရာယ်များပြားလှသော်လည်း အကျိုးကျေးဇူးများစွာလည်း ရှိနေ၏။

ထိုအကျိုးကျေးဇူးများထဲမှ တစ်ခုမှာ အတွင်းအားစွမ်းအင်သည် အငွေ့အဖြစ်မှအရည်အဖြစ်သို့ပြောင်းလဲသွားခြင်းပင်။ ထို့အပြင် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည်လည်း ပို၍ကြံ့ခိုင်သန်စွမ်းလာ၏။ သူတို့၏ ခန္ဓာကိုယ်ကြွက်သားများတည်ဆောက်ပုံသည် ပို၍မာကြောလာသည်။ ထို့ကြောင့် လအဆင့်သိုင်းဆရာတစ်ယောက်သည် သူများသတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားခြင်းမရှိပါက နှစ်ပေါင်းသုံးရာကျော်ခန့်ပင် အသက်ရှင်နေထိုင်နိုင်၏။

သို့သော် ဤဖြစ်စဥ်မှာ ဖှေးအတွက် အန္တရာယ်များခြင်းမရှိပေ။

ဖှေးသည် ဤကဲ့သို့သောဖြစ်စဥ်ကို ဒိုင်ယာဘလိုကမ္ဘာထဲတွင် ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ သူ၏ စွမ်းအားများသည်လည်း ဒိုင်ယာဘလိုကမ္ဘာကသာလျှင် ထွက်ပေါ်လာခဲ့ခြင်းပင်။ အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များစုဆောင်းရန်လိုအပ်သည့် ဤကမ္ဘာပေါ်မှ သိုင်ဆရာများ၊ မှော်ဆရာများနှင့်မတူပဲ ဖှေး၏ လူရိုင်းဇာတ်ကောင်တွင် ရုပ်ပိုင်းဆိုင်ရာခွန်အားများကိုသာပိုင်ဆိုင်ထား၏။ ထို့ကြောင့် ဤကမ္ဘာပေါ်မှ ဓာတ်ဂုဏ်သတ္တိများ၏ စိန်ခေါ်မှြငဘ် ဖှေးအတွက်ဘာမှမဟုတ်ပေ။ သိုင်းဆရာများစွာသည် ထို ဓာတ်ဂုဏ်သတ္တိများ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခိုင်ကာ ရင်ဆိုင်ခဲ့ရသော်လည်း ဖှေးသည် သူ၏ ကြီးမားလှသည့် ရုပ်ပိုင်းဆိုင်ရာခွန်အားများကို အသုံးပြု၍ ထိုဓာတ်ဂုဏ်သတ္တိများကို သူ့အား နာခံစေရန်အတွက် ဆောင်ရွက်လိုက်၏။

All Chapters