အခန်း (၅၅၄)
Vol. 35 Ch. 554
လေးနာရီခန့်ကြာပြီးသည့်နောက်တွင် ဖှေးသည် သူပုန်စခန်းမြေပုံတွင်ရှိသည့် ပထမဆုံးအလုပ်ငါးခုကို ပြီးမြောက်သွားပြီဖြစ်၏။ သူ၏ လူရိုင်းဇာတ်ကောင်သည် ယခုအချိန်၌ အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင် လယ်ဗယ်၁၆သို့ရောက်ရှိနေပြီဖြစ်သည်။
သူသည် လက်ရှိအချိန်တွင် ခွန်အားပိုင်းတွင် အမှတ်၁၁၀ခန့်အသုံးပြုထားပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ သာမန်ခက်ခဲမှုအဆင့်မှ လယ်ဗယ်၉၉လူရိုင်းဇာတ်ကောင်ထက် အနည်းဆုံးခြောက်ဆခန့်ပင် ပို၍သန်မာနေပြီဖြစ်၏။
ယခုအချိန်တွင် သူ၏ လူရိုင်းဇာတ်ကောင်သည် နောက်ဆုံးတွင် လအဆင့်သို့ပင်ရောက်ရှိသွားပြီဖြစ်သည်။ လယ်ဗယ်၆အနိမ့်တန်းအဆင့်လသစ် စစ်သည်တစ်ယောက်အဆင့်ပင်။
တစ်နေ့တာအတွက် ဂိမ်းကစားနိုင်သည့် အချိန်အကန့်သက်မှာ ပြည့်တော့မည်ကို တွေးလိုက်မိသည့်အချိန်တွင် ဖှေးသည် မကောင်းဆိုး၀ါးများကို သတ်ဖြတ်ခြင်းအား ရပ်တန့်လိုက်ပြီး သူပုန်စခန်းမြေပုံမှ နောက်ဆုံးခေါင်းဆောင်ကြီး အေဒရီရယ်နှင့် မတိုက်ခိုက်ရသေးပေ။ ထိုအစား သူသည် ပေါ်တယ်တစ်ခုဖွင့်ကာ အပြင်ကမ္ဘာသို့ ပြန်လာခဲ့လိုက်သည်။
......
နေမထွက်မှီအချိန်သည် အမှောင်မဲဆုံးအချိန်တစ်ခုပင်။ တိုးရီစ်သည် မျှော်စင်၏ ပင်မခန်းမဆောင်ထဲတွင် ဖှေးအား စောင့်ဆိုင်းနေ၏။
ပုံမှန်အားဖြင့်ဆိုပါက ဤဖှေး၏အယုံကြည်ရဆုံးလက်ထောက်သည် ယခုအချိန်တွင် လေ့ကျင့်နေလိမ့်မည်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် ဟော့ခ်ဆေးပုလင်း၏ ပြောင်းလဲခြင်းကို ခံလိုက်ရပြီးချိန်တွင် ကျန်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများကဲ့သို့ပင် ရှင်သန်နိုင်စွမ်းများစွာရှိလာခဲဒ့၏။ သူသည် တစ်ညလုံး လေ့ကျင့်ကာနေနိုင်ပြီး နောက်တစ်နေ့တွင် လန်းလန်းဆန်းဆန်းနေထိုင်နိုင်၏။
သို့သော် တိုးရိစ်သည် ယနေ့ညတွင်လေ့ကျင့်နေခြင်းမရှိပေ။
နေ့ခင်းတွင်ဖြစ်ခဲ့သည့်အရာသည် ဇီးနစ်တိုင်းပြည်မှ စစ်သည်များခေါင်းဆောင်များအတွက် စိတ်ဓာတ်ကျဖွယ်ပင်။ အထူးသဖြင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ဖိဖုရားလောင်း အန်ဂျယ်လာဒဏ်ရာရကာ သတိလစ်မေ့မျောသွားစဥ်ကတည်းက ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များသည် ရန်သူများထံသို့ ပြေး၀င်ကာ သတ်ဖြတ်လိုနေကြသည်။ သို့သော် သူတို့သည် ထိုအခိုက်တန့်တွင် ဘာမှမလုပ်နိုင်ခဲ့ကြသဖြင့် အရှက်ရနေကြ၏။
တိုးရိစ်သည်လည်း သူတို့ထဲမှတစ်ယောက်ပင်။
သူသည် ဘုရင်နှင့်အတူရှိခဲ့သည်မှာကြာပြီဖြစ်သောကြောင့် ဖှေး၏ စိတ်ကိုကောင်းစွာနားလည်၏။ ဖှေး သူ၏ဒေါသများကို မည်မျှ ထိန်းချုပ်ထားရသည်ကိုလည်း နားလည်သည်။
“သေစမ်း။ ငါဘာလို့ ဒီလိုအခြေအနေမှာ အရှင်မင်းကြီးကို ဘာမှ မကူညီနိုင်ရတာလဲ...” တိုးရီစ်သည် သူ့ကိုယ်သူဒေါသဖြစ်မိနေ၏။ သူသည် ဘုရင်အား ကူညီနိုင်ရန်အတွက် အလွန်အားနည်းနေခဲ့သည်ကိုလည်း သဘောပေါက်သည်။ သို့သော် လက်ရှိအချိန်တွင် စိတ်မတည်မငြိမ်ဖြစ်နေသောကြောင့် လေ့ကျင့်နိုင်ခြင်းမရှိသေးပေ။
ညအချိန်တွင် မှောင်မဲနေပြီး မြို့ထဲနှင့် မြို့အပြင်မှ မီးအလင်းရောင်များသည် ဤအမှောင်ထုကို ချယ်သနေ၏။
လေတိုက်နေသည့်အသံမှ လွဲ၍ ဆူညံသံတစ်စုံတစ်ရာကို ကြားရခြင်းမရှိပေ။
ခနကြာသည့်အချိန်တွင် တိုးရီစ်သည်သက်ပြင်းချလိုက်ပြီး လက်ရှိအခြေအနေတွင် အလွန်စွမ်းအားနည်းနေသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် စိတ်အာရုံများကို စုစည်းကာ လေ့ကျင့်ရန်အတွက်ပြင်လိုက်သည့်အချိန်တွင် တစ်စုံတစ်ရာကို ရုတ်တရက်အာရုံခံလိုက်မိပြီး အနောက်သို့ လှည့်ကြည့်လိုက်မိသည်။
စွမ်းအားမြင့်သည့် ခံစားချက်တစ်ခုသည်အနောက်ဘက်မှ ထွက်ပေါ်လာနေသည့်အတွက်ပင်။
ထိုစွမ်းအင်အရှိန်၀ါသည် အလွန်ပင် ခမ်းနားလှသဖြင့် တိုးရိစ်ဒူးထောက်ကာ ကိုးကွယ်လိုစိတ်ပင်ပေါက်လာ၏။ သူမျက်လုံးအပြုူးသာဖြင့် ရေရွတ်လိုက်မိသည်။ “အတော်စွမ်းအားမြင့်မားတာပဲ...ခုခံလို့ရမှာမဟုတ်ဘူး။ ဒီခံစားချက်က ရင်းနှီးပေမယ့် ထူးဆန်းနေတယ်။ အရှင်မင်းကြီးစီက အရှိန်၀ါနဲ့တူသလိုပဲ ဒါပေမယ့်ကွဲပြားခြားနားနေတယ်သူက ဘယ်သူလဲ ဘာတွေဖြစ်ကုန်တာလဲ....”
သူမက်တပ်ရပ်ကာ အနောက်ဘက်အခန်းထဲသို့ သွားရောက်ကြည့်ရှုရန်ပြင်လိုက်သည်။
အနောက်ဘက်အခန်းထဲတွင်ဘုရင်တစ်ယောက်သာရှိနေသည်။ သို့သော်လည်း ဤအရှိန်၀ါသည် ဘုရင်၏အရှိန်၀ါနှင့်မတူညီပဲ ကွဲပြားနေသည့်အတွက်ပင်။
သိုသော်တိုးရိစ်သည် အနောက်ဘက်အခန်းထဲသို့၀င်ရောက်နိုင်ခြင်းမရှိပေ။ ငွေရောင်စွမ်းအင်လှိုင်းများသည် အခန်းအတွင်းမှ မုန်တိုင်းတစ်ခုကဲ့သို့ပင် ပြန့်နှံ့ကာထွက်ပေါ်လာနေသည့်အတွက်ပင်။ ထို့ကြောင့် သူသည် ကြယ်ခြောက်လုံးအဆင့်သာ ရှိသေးသောကြောင့် ထိုစွမ်းအင်လှိုင်းများကို လွန်ဆန်၍ အရှေ့သို့ ဆက်တိုးနိုင်ခြင်းမရှိပဲဖြစ်နေ၏။
အရိုင်းဆန်ကာ စွမ်းအားမြင့်မားသည့်ခံစားချက်သည် အနောက်ဘက်ခံတပ်မျှော်စင်မှတဆင့် ပတ်၀န်းကျင်သို့ ပြန့်နှံ့သွား၏။
နောက်အခိုက်တန့်တွင် ဖြစ်စဥ်များစွာထက်မံ၍ ဖြစ်ပေါ်လာ၏။
အနောက်ဘက်အခန်းထဲတွင်ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကို ပြန်လည်တုန့်ပြန်လိုက်သည့်အတိုင်းပင်။ ကြီးမားသည့် တိမ်တိုက်လေဗွေကြီးတစ်ခုသည် မျှော်စင်ထိပ်တတွင်ပေါ်လာပြီး လျှင်မြန်စွာလည်ပတ်နေတော့သည်။
ထိုလေဗွေကြီးသည် ၀တ္တုပစ္စည်းများကို နေရာရွေ့နေသည့် နတ်ဘုရားလက်နှစ်ဖက်ကဲ့သို့ပင် ရင်သပ်ရှုမောဖွယ်ပင်။
ထို့နောက်တွင် မျှော်စင်ထဲမှ ငွေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ညကောင်းကင်ရံကို လင်းထိန်သွားစေသည်။
ဤဖြစ်စဥ်ကို မြင်တွေ့လိုက်ရသည့်လူတိုင်းစိတ်မသက်မသာဖြစ်နေသည့်အချိန်တွင် ရုတ်တရက်ပြောင်းလဲခြင်းတစ်ခုဖြစ်ပေါ်လာ၏။ ထူထဲသည့် ငွေရောင်အလင်းတန်းကြီးတစ်ခုသည် ခံတပ်မျှော်စင်၏ မျက်နှာကျက်ကို ထိုးဖောက်ကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွား၏။ ထိုအလင်းတန်းကြီးသည် အလွန်တောက်ပလွန်းသဖြင့် မည်သူမှ တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းမရှိပေ။ ထိုအလင်းတန်းကြီးနှင့် လေဗွေ၏ ဗဟိုချက်တို့ ထိတွေ့လိုက်မိသည့်အချိန်တွင် လက်ရှိပတ်၀န်းကျင်တွင် ငွေရောင်အလင်းတန်းများကိုသာ မြင်တွေ့နိုင်တော့၏။
ငွေရောင်အလင်းတန်းကဲ့သို့ လှိုင်းများထံမှလည်း စွမ်းအင်အရှိန်၀ါများသည် ပတ်၀န်းကျင်သို့ ပြန့်နှံ့နေလျှက်ရှိသည်။
ဤမြင်ကွင်းသည် ကြီးကျယ်ခမ်းနားလှသဖြင့် မည်သူမှ ဟာသလုပ်နိုင်မည်မဟုတ်ပေ။
ဂျက်အင်ပါယာစခန်းထဲတွင်ဖြစ်သည်။
တဲထဲတွင် တရားထိုင်ကာ လေ့ကျင့်နေသည့်နှင်းတောင်သိုင်းဆရာကြီးသည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်ကာ ကျက်သေသေသွား၏။
သူ၏ မျက်လုံးများမှ မီးကဲ့သို့သော အနီရောင်စွမ်းအင်အလင်းတန်းနှစ်ခုထွက်ပေါ်လာကာ ရွက်ဖျင်တဲနံရံများကို ထိုးဖောက်လိုက်ပြီး အလံနှစ်စုံမြို့တော်တည်ရှိရာအရပ်ထံသို့ အာရုံစိုက်လိုက်သည်။
“ဒီ...ဒီဖြစ်စဥ်က လူတစ်ယောက်က လအဆင့်ကို ရောက်သွားတာလား။ အတော်လေး ဆန်းကျယ်တဲ့ဖြစ်စဥ်ပဲ။ ဘယ်သူများပါလိမ့် လအဆင့်ကိုရောက်သွားတဲ့ ဖြစ်စဥ်က အတော်လေးအထင်ကြီးစရာပဲ။ လက်ရှိနေအဆင့်သခင်ကြီးတွေတောင် သူတို့လအဆင့်ကို ပထမဆုံးရောက်တုန်းက ဒီလိုဖြစ်စဥ်မျိုးဖြစ်ပေါ်လာမှာမဟုတ်ဘူး။ ဒါက ဘုရင်အလတ်ဇန္ဒားများလား....” သူ ချက်ချင်းပင် ထိုနာမည်ကို တွေးလိုက်မိသည်။
“သူပဲဖြစ်ရမယ် သူကလွဲပြီးတော့ ဘယ်သူမှမဖြစ်နိုင်ဘူး။ သူကအတော်လေးအရှိန်ရနေပြီပဲ။ သူက ကြယ်အဆင့်စစ်သည်တစ်ယောက်အနေနဲ့တောင် လအဆင့်စစ်သည်တွေနဲ့ ယှဥ်ပြိုင်ပြီးတော့ တိုက်ခိုက်နိုင်ခဲ့တာ။ အဲ့တာက အတော်လေးထိတ်လန့်စရာပဲ။ အခုဆို သူက လအဆင့်ကိုရောက်သွားပြီ ဘယ်လောက်တောင်စွမ်းအားမြင့်မားနေတော့မလဲ။ အတော်ကြောက်ဏရာကောင်းတဲ့ လူငယ်ပဲကွာ...အခုချိန်ငါတို့ကြားထဲမှာ ရန်ညိုးရန်စတွေရှိနေခဲ့တာ အတော်လေးဆိုးတာပဲ။ ပြသနာတော့တက်ပြီထင်တယ်...”
နှင်းတောင်သိုင်းဆရာကြီးသည် အလံနှစ်စုံမြို့တော်ဘက်သို့ ကြည့်နေခြင်းကိုရပ်တန့်လိုက်သည်။ သူ၏မျက်လုံးများသည်လည်း ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည်။ သို့သော် မျက်လုံးများထဲတွင် ခံစားချက်မျိုးစုံထင်ဟပ်နေပြီး သူဘာတွေးနေသည်ကို မည်သူမှ သိရှိနိုင်ခြင်းမရှိပေ။
......
“ဟမ် ဒီခံစားချက်က ဟားဟားဟား ဟိုကလေးက နောက်ဆုံးတော့ လအဆင့်ကိုရောက်သွားပြီပဲ...”
လမ်းဘေး မီတာတစ်ရာခန့်ပင် မြင့်မားသည့် သာမန်မှော်မျှော်စင်တစ်ခုပေါ်၌ အမှောင်ထဲတွင် တရားထိုင်နေသည့် လူတစ်ယောက်သည် သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် လျို့၀ှက်သည့် အပြုံးတစ်ခုရှိနေ၏။
အနောက်ဘက် ဂိတ်တံခါးပေါ်ရှိ မျှော်စင်မှ ထွက်ပေါ်လာနေသည့်ငွေရောင်အလင်းတန်းများကြောင့် ထိုလူ၏ ပုံရိပ်ကို ၀ေ၀ေ၀ါး၀ါးမြင်တွေ့နေရသည်။ သူ၏ ရှည်လျားသည့် မျက်ခုံးများ၊ လျှော့ရဲနေသည့်အသားရေများကြောင့် အလွန်အိုမင်းနေသည့်လူတစ်ယောက်ပင်။ သူ၏ဘေးတွင် တံမျက်စည်းနှင့် ဂေါ်ပြားတစ်လက်လဲရှိနေသည်။ ဤအဖိုးကြီးသည် အိုဟောင်းကာ ညစ်ပတ်နေသည့် မှော်ဆရာ၀တ်ရုံတစ်ခုကိုလည်း ၀တ်ဆင်ထား၏။ အချိန်အတန်ကြာ မလျှော်ဖွတ်ထားသည့်ပုံပင်။
အမြင့်ဖြင့်သာ သုံးသပ်ပါက ဤအဖိုးကြီးသည် မှော်မျှော်စင်အား သန့်ရှင်းရေးလာလုပ်နေသည့် အောက်ခြေမှော်ပညာသင်တစ်ယောက်ကဲ့သို့ပင်။ သို့သော် အဖြစ်မှန်မှ ဤလောက်မရိုးရှင်းလှပေ။
သူ၏ အရှိန်၀ါကို မီတာ၀က်ခန့်အနီးတွင်ရှိနေသည့်လူများသာအာရုံခံနိုင်၏၊ သူ၏အနီးတွင်ရှိနေသည့် မှော်စွမ်းအင်များသည် သိပ်သည်းနေကြသည်။
“ဟားဟား သေစမ်း။ ဘုရင်အလတ်ဇန္ဒား ငါမင်းကို သုံးသပ်တာမမှားခဲ့ဘူးပဲ။ မင်းက ဒီလောက်မြန်မြန်နဲ့ အဆင့်တက်လာနိုင်တာ။ ကောင်းတယ် ကောင်းတယ်။ အခုဆိုရင် င့ါရဲ့အစီစဥ်က ပိုပြီးတော့တောင်အလုပ်ဖြစ်လာနိုင်တော့မယ်...”
ဤအဖိုးကြီး၏ မျက်နှာပေါ်တွင် အံသြသည့်အမူယာတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် သူ၏မျက်လုံးများကို ပြန်မှိတ်ကာ ဆက်လက်တရားထိုင်လိုက်၏။
သူ၏ ဘေးပတ်ပတ်လည်တွင် မှုန်ပြပြအ၀ါရောင်အလင်းတန်းများတောက်ပနေကြသည်။ သို့သော် ထိုအလင်းတန်းများသည် သူနှင့် မီတာ၀က်ပတ်လည်တွင်သာရှိနေကြပြီး ပြင်ပမှအာရုံခံနိုင်ခြင်းမရှိပေ။ ဤအဖိုးကြီး၏ ထိန်းချုပ်နိုင်မှုစွမ်းရည်သည် နောက်ထပ်လယ်ဗယ်တစ်ခုတွင်ရောက်ရှိနေ၏။
......
ကန္တာရထဲတွင်အသံတစ်ခုထွက်ပေါ်လာ၏။
“ဟားဟား မင်းရော ဒီငွေရောင်အလင်းတန်းကို ကြည့်နေတာလားအာသာ။ အတော်လေးကြီးမားတဲ့စွမ်းအားပဲကွ။ ငါတို့လို နတ်ဆိုးတွေကို သတ်နိုင်တဲ့စစ်သည်နောက်တစ်ယောက် ဒီကမ္ဘာပေါ်မှာ မွေးဖွားလာတဲ့ပုံပဲ...”
အလံနှစ်စုံမြို့တော်နှင့် ၁.၅ကီလိုမီတာခန့်၀ေးကွာသည့် သဲတောင်ကုန်းတစ်ခုပေါ်တွင် စူးရှသည့် မျက်ခုံးများကို ပိုင်ဆိုင်ထားသည့်လူလတ်ပိုင်းယောက်ျားတစ်ယောက်သည် သူ၏ ၀ိုင်အိတ်ကိုမော့သောက်ရင်းဖြင်ပြောလိုက်၏။ သူမူးနေသည့်အတိုင်းပင် ၀ိုင်များသည် ဘေးသို့ ဖိတ်စင်ကုန်၏။ ၀ိုင်နံ့များသည် ပတ်၀န်းကျင်သို့ပြန့်နှံ့သွား၏။ အနံ့တစ်ခုတည်းဖြင့်ပင် ဤသည်မှာ အရည်သွေးမြင့်သည့် ၀ိုင်ကောင်းတစ်ခုဖြစ်သည်ကို လူတိုင်းပြောနိုင်၏။