အခန်း (၅၅၆)
Vol. 35 Ch. 556
သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် စွမ်းအင်များသည် ပေါက်ကွဲထွက်တော့မည့်သကဲ့သို့ ဖှဗေးခံစားနေရပြီး ထိုစွမ်းအင်များကို မျှော်စင်၏ ခေါင်မိုးအား ဖြတ်ကျော်၍ အပေါ်သို့ လွှတ်လိုက်၏။
ကြီးမားသည့်အပေါက်ကြီးတစ်ခုဖြစ်သွားပြီး ငွေရောင်စွမ်းအင်များသည် လေဗွေတိမ်တိုက်ကြီးအား ထိမှန်သွားတော့သည်။
တစ်နည်းတစ်ဖုံဖြင့် ဖှေးသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသကဲ့သို့ခံစားလိုက်ရသည်။ သူသည် လောကနိယာများကို နားလည်သွားသကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံးသည် သူ၏ စိတ်ထဲတွင်ထင်ရှားပြတ်သားလာ၏။ ဤမြင်ကွင်းသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင်ဖြစ်ခဲ့သည့် မြင်ကွင်းနှင့် အလွန်ပင်တူညီလှ၏။
လအဆင့်စစ်သည်များနှင့် ကြယ်အဆင့်စစ်သည်တို့၏ ကွဲပြားခြားနားချက်မှာ လအဆင့်စစ်သည်များသည် လောကနိယာများကို သိမြင်နိုင်စွမ်းရှိပြီး အလိုရှိသလို အသုံးချနိုင်စွမ်းပင်။
ဤကဲ့သို့သော ခံစားချက်မျိုးဖြင့် ဤလောကကြီးသည် သူ့အား နောက်ဆုံးတွင်လက်ခံသွားသည်ကို ဖှေးသဘောပေါက်လိုက်သည်။ သူသည် ယခုအချိန်တွင် တရား၀င်လအဆင့်စစ်သည်တစ်ယောက်ဖြစ်သွားပြီဖြစ်သည်။
နောက်အခိုက်တန့်တွင် သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံနေသည့် ရူးလောက်ဖွယ်စွမ်းအင်များ ပျောက်ကွယ်သွား၏။ ငွေရောင်အလင်းတန်းကြီးသည်လည်း ပျောက်ကွယ်သွားတော့သည်။
မကြာမှီတွင် ကြီးမားသည့်လေဗွေကြီးသည်လည်း ထိုနည်းလည်းကောင်းပင် မည်သည့်နေရာတွင်မှ မြင်တွေ့နိုင်ခြင်းမရှိတော့ပေ။ တိမ်ညိုတိမ်တိုက်များပျောက်ကွယ်သွားသည့်အတွက် လရောင်သည်လည်း မြေပြင်ပေါ်သို့ ပြန်လည်ကာ တောက်ပလာ၏။ အလံနှစ်စုံမြို့တော်သည် ၀ေးလှံခေါင်ဖျားသော်လည်း မြင့်မြတ်သည့် မြို့တော်ကြီးတစ်ခုကဲ့သို့ပင်။
ထိုငွေရောင်အလင်းတန်းသည် ပျောက်ကွယ်သွားသော်လည်း အလင်းတန်းထဲတွင်ပါ၀င်နေသည့် စွမ်းအင်များသည် ပတ်၀န်းကျင်သို့ ပြန့်နှံသွားပြီး မီတာ၁၀၀၀ခန့်အမြင့်ရှိသည့် ရုပ်တုကြီးတစ်ခုအသွင်သို့ပြောင်းသွား၏။
ထိုရုပ်တုပုံရိပ်သည် အမှန်တကယ်ပင် လူရိုင်းစစ်သည်တစ်ယောက်၏ ပုံရိပ်ပင်။ အလွန်ပင်အသက်၀င်လှသောကြောင့် တစ်စုံတစ်ယောက်သည် ဤရုပ်သွင်အား ကောင်းကင်ပေါ်တွင် ပန်းချီဆေးရေးထားသကဲ့သို့ပင်။ ထိုပုံရိပ်၏ ပတ်ပတ်လည်တွင် စွမ်းအင်အရှိန်၀ါများမရှိသော်လည်း ပြိုင်ဘက်ကင်းမဲ့နေသကဲ့သို့ လူပေါင်းများစွာကို ဖိအားများပေးနေလျှက်ရှိသည်။
ဤလူရိုင်းစစ်သည်၏ ပုံရိပ်သည် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားပြီး လက်ထဲတွင်လည်း ဓားနှစ်လက်ကို ကိုင်တွယ်ထားကာ သူသည် ဤကမ္ဘာပေါ်မှ နောက်လိုက်များကို ငုံ့ကြည့်နေသည့်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ၏မျက်နှာကို ကောင်းမွန်စွာမြင်တွေ့နိုင်ခြင်းမရှိသော်လည်း မျက်လုံးများထဲတွင် အမျက်ဒေါသ၊ ကြင်နာသနားခြင်း၊ ဂုဏ်သရေရှိခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း စသည့် ရှုပ်ထွေးသည့်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
အာကာရာနှင့် ကိန်းတို့သာ ဤနေရာတွင်ရှိနေပါက ထိတ်လန့်တကြားအော်ဟစ်မိကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤရုပ်တုကြီးသည် မသေမျိုးဘုရင် ဘူးလ်-ခရေးတို့စ်၏ ပုံရိပ်ဖြစ်နေသည့်အတွက်ပင်။ ထိုအပြင် ထိုပုံရိပ်သည် ဖှေးနှင့်လည်း အနည်းငယ်ဆင်တူနေသလိုပင်။
ခနကြာသည့်အချိန်တွင် ပုံရိပ်သည်လည်း ပျောက်ကွယ်သွား၏။
ခန္ဓာကိုယ်ထဲတွင် ကြီးမားသည့်စွမ်းအင်အသစ်များကို အာရုံခံမိနေသဖြင့် ဖှေးသူ၏ခံစားချက်များကို ထုတ်ဖော်ရန်ကြုံး၀ါးလိုက်မိသည်။ သို့သော် ထိုကြုံး၀ါးသံသည် အလွန်ပင်ကျယ်လောင်ကာ နက်ရှိုင်းသည့်အတွက် ဖှေးထင်ထားသည်ထက်ပင် ပြန့်နှံ့သွား၏။ လအဆင့်စစ်သည်တစ်ယောက်မွေးဖွားလာကြောင်းကို တိုက်ကြီးတစ်ခုလုံးအား အသိပေးလိုက်သလိုပင်။
အခန်းအပြင်မှ ခြေသံများစွာထွက်ပေါ်လာ၏။
“အရှင်မင်းကြီး အဆင်ပြေရဲ့လား...” တိုးရီစ်သည် အခန်းထဲသို့ ပြေး၀င်လာ၏။ သူ၏မျက်နှာပေါ်တွင်လည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။ လက်တလောဖြစ်ပျက်သွားသည့်ဖြစ်စဥ်များသည် ဤကောင်လေးကို အလွန်စိုးရိမ်သွားစေသည့်အတွက်ကြောင့်ပင်။
“ဟားဟားဟား ဖာနန်ဒို မစိုးရိမ်ပါနဲ့။ ငါက လအဆင့်ကို ရောက်သွားပြီကွ....” ဖှေးသည် ငွေရောင်အလင်းတန်းများလွှမ်းခြုံနေရင်းဖြင့် ပြုံးရွှင်ကာ ပြောလိုက်၏။
ခနတာကျက်သေသေသွားပြီးသည့်နောက်တွင် အလွန်ပျော်ရွှင်သွားသည့်အမူယာသည် တိုးရိစ်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ ဒါက....” တိုးရိစ်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ဘာပြောရမည်ကိုပင် မသိဖြစ်နေ၏။ ထိုပျော်ရွှင်မှုသည် သူ၏ နှလုံးသားထဲမှ အစစ်မှန်ပင် စီးဆင်းလာခဲ့ခြင်းပင်။ အခိုက်တန့်တစ်ခုကြာခန့် တိုးရိစ်၏ ပျော်ရွှင်မှုကြောင့် ဖှေးပင် ပီတိဖြစ်သွားလိုက်မိသည်။
“ဒီနေ့ကစပြီးတော့ ငါကလည်း စွမ်းအားမြင့်တဲ့သိုင်းဆရာတစ်ယောက်လို့ ပြောလို့ရနေပြီ....” ဘုရင်သည် တွေးလိုက်မိကာ သူ၏နှလုံးခုန်သံများပင် မြန်ဆန်သွား၏။
သူ၏ ကံကြမ္မာသည် တဖြည်းဖြည်းခြင်းဖြင့် သူ၏ လက်ထဲသို့ ပြန်လည်ကာရောက်ရှိလာနေပြီဖြစ်သည်။
ဤကဲ့သို့နိုင်ရာစားလောကထဲတွင် ဘုရင်နှင့် ချမ်းဘော့ဒ်တိုင်းပြည်သည် ပို၍ လုံခြုံလာနေပြီဖြစ်၏။ ယနေ့မှစ၍ ဘုရင်သည် မနေ့ကလိုအဖြစ်ပျက်မျိုးအား ထက်မံ၍ ခံစားရတော့မည်မဟုတ်ပေ။ ဖှေးသည် နှင်းတောင်သိုင်းဆရာဟုခေါ်သည့်အနီရောင်၀တ်စုံနှင့်လူအား ထက်မံရင်ဆိုင်ရစေကာမူ ယခင်ကလောက် မျှော်လင့်ချက်မဲ့တော့မည်မဟုတ်ပေ။
မကြာမှီ ခံတပ်မျှော်စင်၏ အပြင်ဘက်တွင် ခြေသံများစွာကို ထက်မံ၍ကြားလိုက်ရသည်။
ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ရှိဗ်ချန်ကို၊ လမ်းပါ့ဒ်တို့ကဲ့သို့သော လူများသည် မျှော်စင်ထဲသို့ ပြေး၀င်လာကြခြင်းပင်။ သူတို့သည် ပထမပိုင်းတွင် ဖှေး တစ်ခုခုဖြစ်မည်ကိုစိုးရိမ်သောကြောင့် ပြေးလာကြခြင်းဖြစ်သော်လည်း မကြာမှီတွင်အဖြစ်မှန်ကိုသိရှိသွား၏။ ဖှေးတစ်နေ့နေ့တွင် လအဆင့်စစ်သည်တစ်ယောက်ဖြစ်လာမည်ကို သူတို့အားလုံးထင်ထားပြီးဖြစ်သော်လည်း သူတို့သည်အားလုံးပျော်ရွှင်စွာဖြင့် အော်ဟစ်မိနေကြဆဲပင်။
စစ်မြေပြင်ခေါင်းဆောင်သည် ဤအချိန်တွင် လအဆ့င်သို့ရောက်ရှိသွားခြင်းသည် သူတို့အား မျှော်လင့်ချက်များစွာကို ပြန်လည်ရှင်သန်စေပြီး များစွာစိတ်အေးသွားစေသည်။
အလံနှစ်စုံမြို့တော်ရင်ဆိုင်နေရသည့် ခက်ခဲ့သည့်အခြေအနေကြီးသည် ပို၍လွယ်ကူသွားသလိုပင်။
နေမထွက်မှီအချိန်ဖြစ်သောကြောင့် မနက်ခင်းလေပြေမှာ အလွန်ပင် အေးစိမ့်နေ၏။
ဖှေးလအဆင့်စစ်သည်တစ်ယောက်ဖြစ်ပြီး ပထမဆုံးပြုလုပ်ခဲ့သည့်အရာမှာ မြေအောက်ပင်လယ်၏ အောက်ခြေသို့ ရောက်ရှိရန်အတွက် ထက်မံကြိုးစားကြည်ခြင်းပင်။ သူသည် ဒဏာရီလာနတ်စင်အား ချက်ချင်းပင်သွားရောက်ရှာဖွေလိုပြီး ညစ်နွမ်နေသည့် ကမ္ဘာကျောက်တုံးကို သန့်စင်ကာ အန်ဂျယ်လာနှင့် အယ်လီနာတို့ကို ကုသပေးလိုသည့်အတွက်ပင်။
သို့သော် သူထက်မံ၍ ကျရှုံးသွားပြန်သည်။
အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၁၆လူရိုင်းဇာတ်ကောင်၏ အစွမ်းများသည် လယ်ဗယ်၆လသစ်အဆင့်စစ်သည်တစ်ယောက်၏ စွမ်းအားနှင့် ညီမျှ၏။
သူ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် ငွေရောင်စွမ်းအင်စက်လုံးတစ်ခုကို ဖန်တီးကာ ဖှေးသည် မြေအောက်ပင်လယ်အောက်ခြေအနီးနားသို့ပင်ရောက်ရှိလာနိုင်ခဲ့သည်။ သို့သော် သူသည် ရေသူမကဲ့သို့သော သတ္တ၀ါများနှင့် နီးကပ်လာသည့်အချိန်တွင် ထူထပ်ကာစွမ်းအားမြင့်မားသည့် စွမ်းအင်အကာရံတစ်ခုရှိနေသည်ကို သတိထားလိုက်မိသည့်အတွက်ကြောင့်ပင်။
ဖှေးယခင်က ဤစွမ်းအင်အကာရံရှိနေကြောင်းကို မသိခဲ့ပေ။ မမြင်နိုင်သည့်စွမ်းအင်တစ်မျိုးမှ ရေသူမကဲ့သို့သော သတ္တ၀ါများကို အပေါ်သို့ တက်မလာနိုင်အောင် ထိန်းချုပ်ထားသည်ဟုသာ ထင်ခဲ့သည်။ သို့သော် ဤစွမ်းအင်အကာရံသည် ရေသူမများကို မထွက်နိုင်အောင်သာမက အပြင်လူကိုလည်း အထဲသို့ မ၀င်နိုင်အောင်ထားဆီးထားခြင်းပင်။
စွမ်းအင်အကာရံနှင့် ထူထဲမှုနှင့် ခိုင်မာမှုတို့မှာ ဖှေးထင်ထားသည်ထက်ပင် ကျော်လွန်နေ၏။
ဖှေးသည် သူ၏ စွမ်းအားအမြင့်ဆုံး သိုင်းကွက်များကို အသုံးပြုခဲ့သော်လည်း စွမ်းအင်အကာရံကို ထိုးဖောက်သွားနိုင်ခြင်းမရှိခဲ့ပေ။ ထိုအစားသူသည် ပြန်ကန်လာသည့်အားကြောင့်အနောက်သို့ မီတာ၁၀၀ခန့်လွှင့်ထွက်သွားခဲ့သည်။
မြေအောက်ပင်လယ်အောက်ခြေတွင်ရှိသည့် အဆောက်ဦးများထံသို့ ၀င်ရောက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဖှေးအလွန်ပင် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။
“ဒီစွမ်းအင်အကာရံကို ဘယ်သူကများဖန်တီးခဲ့တာလဲ။ နေအဆင့်သခင်တွေတောင် ချိုးဖျက်နိုင်မှာမဟုတ်ဘူး....” သူတွေးလိုက်မိသည်။
သူ၏စွမ်းအားများသည် လျှင်မြန်စွာပင်မြင့်တက်လာနေသော်လည်း မည်သည့်အချိန်သို့ရောက်မှ ဤစွမ်းအင်အကာရံကို ချိုးဖောက်နိုင်မည်ကို သူသေချာမသိပေ။ သေချာသည်မှာ သုံးလထက်ပို၍ ကြာမြင့်နိုင်သည်ပင်။
“ဘာလို့ ဒီလိုဖြစ်နေတာလဲ။ ငါဘာလုပ်သင့်လဲ။ ဖှေး စိုးရိမ်နေ၏။ နောက်ဆုံးတွင် သူချစ်ရသည့်လူများကို ကယ်တင်နိုင်ပြီဟုထင်နေခဲ့သော်လည်း လက်တွေ့အဖြစ်မှန်သည် သူ၏မျှော်လင့်ချက်များကို ရိုက်ချိုးပစ်လိုက်သည့်အတွက်ကြောင့်ပင်....”
“စိတ်ကိုငြိမ်ငြိမ်ထား။ ငါစိတ်ကို ငြိမ်ငြိမ်ထားမှဖြစ်မယ်...” ဖှေးသည် အားတင်းကာ စိတ်ကိုငြိမ်အောင်ထားလိုက်၏။ ထို့နောက်တွင် အကြောင်းရာများကို ဆက်စက်ကာ စဥ်းစားကြည့်လိုက်သည်။
ဤနေရာတစ်၀ိုက်တွင်စွမ်းအားမြင့်သိုင်းဆရာများစွာရောက်ရှိနေသည့် အကြောင်းကို စဥ်းစားလိုက်မိသည့်အချိန်တွင် သူတစ်စုံတစ်ခုကို ရိပ်မိသွား၏။
“တစ်ခုခုတော့ဖြစ်မှာပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီစွမ်းအားမြင့်သိုင်းဆရာတွေက ဒီလို ၀ေးလှံခေါင်ဖျားတဲ့နေရာကို လာကြမှာမဟုတ်ဘူး။ သူတို့က ဒီနေရာကို စစ်ဆေးနေတာလဲအတော်ကြာပြီ။ မြေအောက်ပင်လယ်ကို စောင့်ကြည့်နေကြတာပဲဖြစ်ရမယ်။ သူတို့တွေ ဘာကိုစောင့်နေကြတာလဲ။ သူတို့က ဒီစွမ်းအင်အကာရံကြီး အားနည်းသွားမယ့်အချိန် ဒါမမဟုတ် အလိုလို ပျက်ဆီးသွားမယ့်အချိန်ကို စောင့်နေကြတာလား....”
ဤသည်မှာ သီအိုရီတစ်ခုသာဖြစ်သော်လည်း အမှန်တရားနှင့် သိပ်မကွာဟုဖှေးခံစားနေရသည်။
ထိုကဲ့သို့စဥ်စားကြည့်ပြီးသည့်နောက်တွင် ဖှေးသည် အားသုံးကာ ၀င်ရောက်ရန်အတွက် မကြိုးစားတော့ပဲ အလံနှစ်စုံမြို့တော်သို့သာ ပြန်လာခဲ့၏။
ဖှေးရေတွင်းအပေါ်သို့ ပြန်ရောက်လျှင် ရောက်ခြင်းပင် ရပ်နားခြင်းမရှိပဲမြို့ပြင်သို့ ထွက်ခွာသွားလိုက်သည်။ အဆင့်တက်ပြီးသည့်နောက်တွင် ဖှေးသည် ဤကမ္ဘာ၏ လောကနိယာမများကို မြင်နိုင်နေပြီဖြစ်ပြီး စွမ်းအားများကို အသုံးပြု၍ နိယာများကို လိုသလိုထိန်းချုပ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ယခုအချိန်တွင် စွမ်းအားများ သိုင်းကွက်များသုံးစရာမလိုပဲ လေပေါ်တွင် ပျံ၀ဲနိုင်နေပြီဖြစ်သည်။
“ဒါက....” ကင်းလှည့်နေကြသည့် ဇီးနစ်အင်ပါယာမှစစ်သည်များသည် အပေါ်သို့ မော့ကြည့်ကာ ဂျက်အင်ပါယာစခန်းများထံသို့ ပျံသန်းသွာနေသည့်ငွေရောင်အလင်းတန်းတစ်ခုကို တွေ့လိုက်မိသည်။
ချက်ချင်းလိုလိုပင် ထိုငွေရောင်အလင်းတန်းသည် အလံနှစ်စုံမြို့တော်မှ ထွက်ခွာကာ ဂျက်အင်ပါယာစခန်းများထံသို့ ချည်းကပ်သွားတော့၏။
ဖှေးသည် သူ၏ သီအိုရီကို သက်သေပြရန်အတွက် ထိုအနီရောင်၀တ်ရုံနှင့်လူကို ရှာရန်အတွက်ကြိုးစားနေခြင်းပင်။
ထို့အပြင် သူ၏ ဒေါသကိုလည်း ဖြေဖျောက်လိုနေခြင်းပင်။