← Chapters

အခန်း (၅၅၇)

Vol. 35 Ch. 557

အခန်း (၅၅၇)

Vol. 35 Ch. 557

“ဖုန်း...”

ဖှေးပုန်းအောင်းနေခြင်းမရှိပေ။

သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ငွေရောင်မီးတောက်များတောက်လောင်နေပြီး ဖျက်ဆီးခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဂျက်အင်ပါယာစခန်း၏ ဂိတ်တံခါး၀တွင်ဆင်းသက်လိုက်၏။ သူမြေပြင်ပေါ်သို့ရောက်ရှိလျှင်ရေက်ခြင်းပင် ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခုသည် မြေပြင်ပေါ်တွင် ထွက်ပေါ်လာ၏။ ထိုအက်ကွဲကြောင်းကြီးသည် တဖြည်းဖြည်းကြီးမားလာပြီး ကျန်ရှိနေသည့်နေရာများသို့ ပြန့်နှံ့သွားသည်။ မကြာမှီတွင် ဂျက်အင်ပါယာ၏ စခန်းများ ပြိုလဲသွားတော့၏။

ဆူညံသံများကြောင့် ချက်ချင်းပင်ဂျက်အင်ပါယာမှ စစ်သည်များအာရုံစိုက်လာကြတော့သည်။

အမိန့်ပေးသံများစွာနှင့် အချက်ပေးခရာသံများထွက်ပေါ်လာတော့သည်။ စခန်းထဲမှ ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်များစွာပြေးထွက်လာကြပြီးဖှေးအား ၀ိုင်းလိုက်ကြသည်။ ဤဂျက်အင်ပါယာမှစစ်သည်များသည်အတွေ့ကြုံရင့်သန်နေသည့် စစ်သည်များပင်။ ထို့ကြောင့် လျှင်မြန်စွာပင် စနစ်တကျဖွဲ့စည်းလိုက်ကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဓားများစွာသည် ဖှေးအား တောအုပ်ထဲမှသစ်ပင်များကဲ့သို့ပင် ချိန်ရွယ်လိုက်ပြီး စွမ်းအားမြင့်မှော်ဆရာအယောက်သုံးဆယ်သည်လည်း လေပေါ်တွင်ပျံ၀ဲကာ မှော်အစွမ်းပေါင်းမျိုးစုံဖြင့် ဖှေးအား ချိန်ရွယ်ထားလိုက်၏။

ဖှေးသည် ဤအရာများအားလုံးကို လျစ်လျှူရှုလိုက်သည်။ ထို့နောက်တွင် သူ၏ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၁၆လူရိုင်းဇာတ်ကောင်၏ အစွမ်းများကို ထုတ်လွှတ်လိုက်သည့်အချိန်တွင် မြေပြင်တစ်ခုလုံးပင် စတင်၍ တုန်ခါလာတော့၏။ သာမန်စစ်သည်များသည် ဖှေးအနီနားသို့ပင် ကပ်နိုင်ခြင်းမရှိတော့ပေ။

မကြာမှီတွင် ဂျက်အင်ပါယာမှစစ်သည်များသည် လမ်းဖယ်ပေးလိုက်ကြရ၏။ သန်မာသည့်လူတစ်ယောက်သည် ကိုယ်ရံတော်တစ်ရာ၊ စွမ်းအားမြင့်မားသည့် ခေါင်းဆောင်များစွာနှင့်အတူ လမ်းလျှောက်ထွက်လာသည် ထိုလူသည် မင်းသားဖာရင်တန်မှ လွဲ၍ တစ်ခြားလူမဟုတ်ပေ။

“အလတ်ဇန္ဒား...” ဖာရင်တန်သည် ဖှေးအားရှုပ်ထွေးသည့် ခံစားချက်များဖြင့်ကြည့်လိုက်သည်။

သူသည်လည်း ဖြစ်စဥ်ကို ကိုယ်တိုင်တွေ့မြင်ပြီးဖြစ်သောကြောင့် သူ၏ ပြိုင်ဘက်သည် လအဆင့်သို့ရောက်ရှိသွားသည်ကို သိရှိပြီးဖြစ်သည်။ သို့သော် သူ၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ရသည့်အချိန်တွင် စိတ်ကိုငြိမ်ငြိမ်မထားနိုင်ပေ။

“တစ်လတောင်မကြာလိုက်ဘူး။ ဒီကောင်က င့ါထက်ငယ်ပြီး ကျင့်ကြံခြင်းနေရာမှာ င့ါထက်အ၀ေးကြီးပိုသာနေတယ်...” ဤအခိုက်တန့်တွင်ဖာရင်တန်သည် သူ၏ ဆရာပြောခဲ့သည့်အရာမှာ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ သိုင်းဆရာအစစ်မှန်များသား အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဆိုသည်ပင်။

ယခုအချိန်တွင် သူသည် ငယ်ရွယ်သည့် သာမန်ဘုရင်တစ်ပါး၏ အရှေ့တွင်စွမ်းအားကင်းမဲ့သလို ခံစားနေရသည်။

သိုင်းဆရာအစစ်မှန်တစ်ယောက်၏မျက်လုံးထဲတွင် စစ်သည်ခြောက်သောင်းဆိုသည်မှာ ဘာမှမဟုတ်လှပေ။

“အရှင့်သား ကျွန်တော်တို့တွေ့ကြပြန်ပြီ။ ကျွန်တော်လဲ ဒီလိုမဖြစ်ချင်ပါဘူး။ အဲ့တာကြောင့် ရှည်ရှည်၀ေး၀ေးတွေမပြောပဲနေကြရအောင်။ နှင်းတောင်သိုင်းဆရာဆိုတဲ့လူကို ခေါ်ပေးပါ။ ငါတို့ မနေ့တုန်းကဖြစ်ခဲ့တဲ့အရာကို အပြန်ရှင်းဖို့လိုနေပြီ...ငါ မစောင့်နိုင်တော့ဘူး...” ဖှေးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။ သူ၏အရှိန်၀ါသည် အလွန်ပင် ဖိနှိပ်အား ကြီးမားလွန်းလှသည်။ သူ၏လမ်းကြောင်းပေါ်တွင်ရှိနေသည့် ဂျက်အင်ပါယာမှစစ်သည်များသည်သွေးများအန်ထွက်လာပြီး အနောက်သို့ ဆုတ်ခွာပေးလိုက်ကြရ၏။

“မင်းကိုယ်မင်းဘာထင်နေလဲ။ မင်းကဘာကောင်မို့လို့င့ါ ဆရာကို စိန်ခေါ်နေတာလဲ။ မင်းသေချင်လို့လား...” အ၀ေးမှ စူးရှသည့် အသံတစ်ခုထွက်ပေါ်လာသည်။ ထိုလူသည် ဖှေးအား မနာလိုကာ မုန်းတီးနေလျှက်ရှိသည့် တိုနီပင်။ အနီးရောင်မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်များသည် သူ၏ဘေးတွင် တောက်လောင်နေ၏။ ဘေးတွင် မျက်နှာပေါ်၌စိုးရိမ်သည့်အမူယာတစ်ခုရှိနေသည့် မိုဒေါ့တ်ရှိနေ၏။

“မင်းက င့ါကို ရှုံးခဲ့တဲ့ကောင်ပဲ။ မင်းက အမှိုက်သရိုက်ပါကွာ မသေချင်ရင်ဘေးဖယ်နေလိုက်...” ဖှေးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ မြေပြင်တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာတော့သည်။

“မင်း...” ဖှေးပြောလိုက်သည့်အရာသည် တိုနီ၏ မိမိကိုယ်မိမိယုံကြည်ချက်ကို ထိခိုက်သွားစေ၏။ တိုနီသည် သူ၏ ပါးစပ်ကို ဖွင့်ကာ ကျိန်ဆဲရန်ပြင်လိုက်သည်။ သို့သော် ဖှေးသူ့အား တစ်ချက်စိုက်ကြည့်လိုက်သည့်အချိန်တွင် ဓာတ်လိုက်သွားသလိုခံလိုက်ရ၏။ ဓားသွားစွမ်းအင်တစ်ခုသည် သူ၏ နှလုံးသားကို ထိုးဖောက်သွားသလိုပင်။ သွေးများအန်ထွက်လာကာ သူ၏မျက်နှာသည်လည်း ချက်ချင်းပင် မှေးမှိန်သွားတော့၏။

လူတိုင်း ထိတ်လန့်သွားကြသည်။

ဖှေးသည် အကြည့်တစ်ချက်တည်းဖြင့်ပင် လအဆင့်စစ်သည်တစ်ယောက်အား ဒဏ်ရာရစေလိုက်ခြင်းပင်။

“ဘုရားရေ ဘယ်လိုခွန်အားမျိုးပါလိမ့်....”

ဖာရင်တန်နှင့် မိုဒေါ့တ်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရာ ထိတ်လန့်ခြင်းများကို အပြန်လှန်မြင်တွေ့လိုက်ကြ၏။ သူတို့ခံစားနေရသည်ကို ဖော်ပြနိုင်ခြင်းပင်မရှိပေ။

ချမ်းဘော့ဒ်ဘုရင်သ စစ်သည်များကို ချည်းကပ်လာသည်နျင့်အမျှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်၀ါတစ်ခုကိုလည်း ယူဆောင်လာ၏။ အခိုက်တန့်တစ်ခုကြာခန့် စစ်သည်ခြောက်သောင်းနှင့် သိုင်းဆရာတစ်ထောင်တို့မှာ အနောက်သို့ ဆုတ်ပေးရုံမှတစ်ပါး ဘာမှမလုပ်နိုင်ကြပေ။

ဤအခိုက်တန့်တွင် လူတိုင်း၏အရှေ့သို့ အနီရောင်အလင်းတန်းတစ်ခုရောက်ရှိလာသည်။

ဤသည်မှာ ၀တ်ရုံအနီနှင့် နှင်းတောင်သိုင်းဆရာပင်။

သူရောက်ရှိလာလျှင် ရောက်ရှိခြင်းပင် ဂျက်အင်ပါယာမှစစ်သည်များ စိတ်အေးသွားကြ၏။ ဤလူသည် သူတို့၏ အရှေ့တွင်ရပ်နေသည့် တောင်ကြီးတစ်ခုကဲ့သို့ပင် ဖိအားများအားလုံးကို ပိတ်ဆို့တားဆီးလိုက်သည်။ စစ်သည်များအားလုံးသည် ယခုမှအသက်၀၀ရှူလိုက်ရပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လွတ်လွတ်လပ်လပ် ကြောက်ရွံ့ခွင့်ရသွား၏။

“ကောင်လေး မင်းက ဒီလောက်တောင်စိတ်မရှည်တော့ဘူးလား။ မင်းက လအဆင့်ကို အခုမှရောက်လာပြီး င့ါကို စိန်ခေါ်ချင်နေတာပေါ့။ ဟမ်း မင်းက မင်းကိုယ်မင်း အရှက်ခွဲချင်နေတာလား....”

နှင်းတောင် သိုင်းဆရာသည် နှာခေါင်းရှုံ့လိုက်ပြီး စွမ်းအင်အရှိန်၀ါများသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ထွက်ပေါ်လာတော့၏။ မီးပင်လယ်ကြီးတစ်ခုကဲ့သို့ပင် ဤစွမ်းအင်များသည် ဖှေးအား နစ်မွမ်းရန်အတွက် ကြိုးစားနေသည့်အတိုင်းပင်။

ဤလူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများရှိနေပြီး ဤလူသည် ဖှေးအား သတ်ဖြတ်ရန်အတွက် ကြိုးစားနေသည်မှာ ထင်ရှားလှ၏။

သို့သော် ဖှေးသည် ရှောင်ဖယ်ခြင်းမရှိပေ။ သူသည် အရှေ့သို့ တက်ကာ ရယ်မောလိုက်သည်။ “ဘာလဲ ခင်ဗျားက ကျွန်တော့ကို သတ်ချင်နေတာလား။ ခင်ဗျား မနေ့ မသတ်လိုက်နိုင်တာအတော်လေးကံဆိုးတာပဲ။ ဒီနေ့ကစပြီးတော့ ခင်ဗျားကျွန်တော့ကို ဘယ်တော့မှ သတ်နိုင်တော့မှာမဟုတ်တော့ဘူး။ ဟုတ်တယ် ကျွန်တော်ဒီနေ့ ခင်ဗျားကို အနိုင်ယူနိုင်ဦးမှာမဟုတ်ပေမယ့် ခင်ဗျားကိုရိုက်နှက်ပြီးတော့ ဒေါသတော့ ဖြေဖျောက်လို့ရတာပေါ့....”

“မင်းက ဆင်ခြင်တုံတရားမဲ့တဲ့ကောင်ကလွဲပြီးတော့ ဘာမှမဟုတ်ဘူး....” နှင်းတောင်သိုင်းဆရာသည် သူ၏အတွင်းအားစွမ်းအင်များဖြင့် ဖှေးအား ဆက်လက်ဖိအားပေးရင်းဖြင့် ပြောလိုက်သည်။

တောင်ကြီးတစ်လုံးကဲ့သို့ပင် ထိုစွမ်းအင်များသည် ဖှေး၏ခန္ဓာကိုယ်ကို ထိရောက်ခြင်းမရှိပေ။ သူ၏ စွမ်းအင်အရှိန်၀ါများကို ဓားကဲ့သို့သောသဏာန်ပြုလုပ်ထားကာ ရန်သူ၏အတွင်းအားစွမ်းအင်မှ ပေးနေသည့်ဖိအားများကို ကြံ့ကြံ့ခံနေခြင်းပင်။ ဤသည်မှာ တိုနီအား ဒဏ်ရာရအောင်ပြုလုပ်ခဲ့သည့် နည်းပညာနှင့်အတူတူပင်။၊ “ရူးသွပ်ေတဲ့လူတစ်ယောက်စိတ်ဆိုးပြီဆိုရင် သူ့ရဲ့ရန်သူတွေ သေကုန်လိမ့်မယ်။ ခင်ဗျားဒီကို ဘာလို့ရောက်လာလဲဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော်က မြို့ထဲမှာရှိနေတဲ့ မှော်ဆရာနဲ့လည်း မဟာမိတ်ဖွဲ့ပြီးသွားပြီ။ ခင်ဗျားပြန်နိုင်တုန်း နှင်းတောင်ကိုသာ ပြန်လိုက်ပါတော့ဗျာ ဟားဟားဟား....”

နှင်းတောင်သိုင်းဆရာ၏မျက်နှာအမူယာသည် ပြောင်းလဲသွားသည်။ သို့သော် သူသည် ကျယ်လောင်စွာရယ်မောလိုက်၏။ “ဒဏာရီလာဂိတ်တံခါးက နှစ်ရက်လောက်နေရင် ပွင့်တော့မှာ။ သိုင်းဆရာတွေအများကြီးရောက်လာကြမှာပဲ။ မင်းတို့နှစ်ယောက်တည်းနဲ့တင် နဂါးနန်းတော်ကို အပိုင်သိမ်းထားဖို့ဆိုတာမဖြစ်နိုင်ဘူး။ ငါမင်းကို ဒီနေသတ်ပြီးတော့ မင်းဘယ်လောက်မှားနေလဲဆိုတာကို သက်သေပြပေးရသေးတာပေါ့....”

“ဒဏာရီလာဂိတ်တံခါး နှစ်ရက်နေရင်ပွင့်မယ်ဟုတ်လား...” ဖှေးသည် ဤကိစ္စကိုကြားလိုက်ရသည့်အတွက်ပျော်ရွှင်သွား၏။

“ငါ့ရဲ့ သီအိုရီက မှန်နေတာပဲ။ မြေအောက်ပင်လယ်အောက်ခြေက စွမ်းအင်အကာရံက နှစ်ရက်နေရင် အားနည်းလာမယ် ဒါမှမဟုတ်ရင်ပျောက်ကွယ်သွားတော့မယ်။ နောက်ပြီးကျရင် သိုင်းဆရာတွေအများကြီး၀င်နိုင်ကြတော့မှာပဲ....နေပါဦးနှင်းတောင်သိုင်းဆရာက ဒီအကြောင်းကို ဘယ်လိုလုပ်ပြီးသိနေခဲ့တာလဲ။ သူက ဒီလိုအချိန်ကို အတော်ကြာကြာစောင့်နေခဲ့တဲ့ပုံပဲ....” ဖှေးတွေးလိုက်မိသည်။

သို့သော် ဖှေး ဤမေးခွန်းများ၏ အဖြေကို သိပ်ဂရုမစိုက်ပေ။ သူ၏ စိုးရိမ်မှုများသည် ပျောက်ကွယ်သွားပြီဖြစ်၏။ ထို့ကြောင့် သူ၏ စွမ်းအင်များကိုချက်ချင်းပင် ထုတ်လွှတ်လိုက်သည်။

မီတာတစ်ရာကျော်ခန့်အမြင့်ရှိသည့် လူရိုင်းပုံရိပ်ကြီးသည် ဖှေး၏နောက်ကြောတွင်ပေါ်လာ၏။ ထိုပုံရိပ်ထဲတွင် ခမ်းနားကြွယ်၀မှုများနှင့် ရှေးကျမှုများစီး၀င်နေသည်။

အနီရောင် ၀တ်ရုံနှင့်လူသည် ထက်မံ၍ ထိတ်လန့်အံ့သြသွားရသည်။ “ဒါက ...[မူမမှန်ခြင်း စစ်သည်လမ်းစဥ်]ပဲ။ သူက ဘယ်လိုလုပ်ပြီး ဒါကို ပိုင်ဆိုင်ထားတာလဲ....”

All Chapters