← Chapters

အခန်း (၅၅၈)

Vol. 35 Ch. 558

အခန်း (၅၅၈)

Vol. 35 Ch. 558

ဒဏာရီများထဲတွင် နတ်ဘုရားများကချစ်ခင်သည့် သိုင်းဆရာများသာလျှင် သူတို့အဆင့်တစ်ခုသို့ရောက်သည့်အချိန်တွင် သူတို့၏နောက်တွင် ပုံရိပ်များထွက်ပေါ်လာတတ်ကြပြီး ထိုပုံရိပ်များကို မူမမှန်ခြင်းစစ်သည်လမ်းစဥ်ဟုခေါ်ကြသည်။ ဤကဲ့သို့ သိုင်းဆရာများသည် လျို့၀ှက်ဆန်းကျယ်သည့် အစွမ်းများကိုအသုံးပြုနိုင်ကြပြီး ထိုကဲ့သို့သော ပုံရိပ်များကိုပိုင်ဆိုင်ထားသည့်စစ်သည်များသည် လူအများကြားမှ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ အဆင့်တူညီသည့် သိုင်းဆရာများကို လွယ်ကူစွာပင်အနိုင်ယနိုင်ကြ၏။ လွန်ခဲ့သည့်နှစ်တစ်ထောင်ပတ်လုံးတွင် သိုင်းဆရာတစ်ချို့သာ မူမမှန်ခြင်စစ်သည်လမ်းစဥ်တို့ကို ပိုင်ဆိုင်ခဲ့ကြပြီး စစ်သည်တစ်သန်းတွင်တစ်ယောက်ပင် ပိုင်ဆိုင်ရန်မလွယ်ကူပင်။

“ငါက မူမမှန်ခြင်းစစ်သည်လမ်းစဥ်ပိုင်ဆိုင်ထားတဲ့ သိုင်းဆရာတစ်ယောက်နဲ့ရင်ဆိုင်နေရတာပဲ....” အနီရောင်၀တ်ရုံနှင့်လူသည် ထိတ်လန့်စွာဖြင့် တွေးလိုက်မိသည်။ သို့သော် ဘုရင်လေးသည် ထိုလမ်းစဥ်၏ စွမ်းအားများကို မည်ကဲ့သို့အသုံးပြုရမည်ကို သိရှိသည့်ပုံမပေါ်သောကြောင့် အနည်းငယ်စိတ်အေးသွား၏။

“ဒီလူငယ်မှာက အလားလာတွေအများကြီးရှိနေတယ်။ ငါတို့ကောင်တွေက ရန်သူတွေဖြစ်နေပြီးပြီဆိုတော့ ဒီအခွင့်ရေးကိုအသုံးချပြီးတော့ စောစောစီးစီးသတ်လိုက်တာအကောင်းဆုံးပဲ။ ဒီလိုလုပ်မှပဲ အနာဂတ်မှာ ဒုက္ခတွေလျှော့နည်းသွားတော့မယ်....” အနီရောင်၀တ်ရုံနှင့်လူသည် ဆုံးဖြတ်ချက်ချလိုက်၏။

နှင်းတောင်သိုင်းဆရာနှင့် သိပ်မ၀ေးသည့်နေရာတွင်ရပ်နေသည့်ဖှေးသည်လည်း သတ်ဖြတ်လိုသည့် ဆန္ဒကိုအာရုံခံလိုက်မိသည်။

သို့သော် ဖှေးသည် လွယ်ကူစွာဖြင့် အနိုင်ကျင့်ခံနိုင်ရသည့်လူတစ်ယောက်မဟုတ်တော့ပေ။ သူမြေကြီးပေါ်သို့ ခြေဖြင့်စောင့်လိုက်သည့်အချိန်တွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများထွက်ပေါ်လာ၏။ ချက်ချင်းလိုလိုပင် ဖှေးသည် ထိုလူ၏ အရှိန်၀ါကို ဖြတ်ကျော်ကာ သူ၏အရှေ့သို့ချက်ချင်းလိုလိုပင် ရောက်ရှိသွားတော့သည်။ အနီရောင်၀တ်ရုံနှင့်လူသည် ဖှေးအား အရှိန်၀ါတစ်ခုတည်းကိုသာအသုံးပြု၍ ဖိအားပေးထားနိုင်ခြင်းမရှိတော့ပေ။

“ပြိုင်ဘက်ကင်းအင်ပါယာလက်သီးကွ....”

ဖှေးအော်ဟစ်လိုက်ပြီး လက်သီးဖြင့်ထိုးလိုက်သည်။ ငွေရောင်လက်သီးရာတစ်ခုသည် နှင်းတောင်သိုင်းဆရာ၏ မျက်နှာထံသို့ ပျံသန်းသွား၏။

ဤသည်မှာ ဖှေးလူရိုင်းဇာတ်ကောင်၏ ပြင်းထန်စွာရိုက်နှက်ခြင်းအစွမ်းနှင့်အပြင်ကမ္ဘာတွင်လေ့ကျင့်ခဲ့သည့် သိုင်းကွက်များကို ပေါင်းစပ်ကာ ဖန်တီားထးသည့်သိုင်းကွက်တစ်ခုပင်။ ဤသိုင်းကွက်သည် ဖှေး၏ ကြံ့ခိုင်သောခန္ဓာကိုယ်နှင့်လက်သီးရာများကို ပြီးပြည့်စုံစွာပင်အသုံးချထားသည်။ ဖှေးသည် လအဆင့်သိုင်းဆရာတစ်ယောက်၏ စွမ်းရည်များကို လုံး၀ပင်ပြသလိုက်ပြီး ရန်သူ၏မျက်နှာတည်တည့်အား ထိုးလိုက်တော့သည်။

“သေစမ်း...” သူ၏ ရန်သူသည် သူ့အား လုံး၀ပင်လေးစားမှုမရှိသည်ကို တွေ့လိုက်ရသဖြင့် နှင်းတောင်သိုင်းဆရာသည်အလွန်စိတ်ဆိုးသွား၏။ ထို့ကြောင့် သူသည်လည်း လက်သီးဖြင့် ထိုးလိုက်သည်။

“ဖုန်း....”

လက်သီးနှစ်လုံးသည် တစ်ခုနှင့်တစ်ခုလေထဲတွင် တွေ့ဆုံလိုက်ကြပြီး ထိုကဲ့သို့ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် ဆူညံသံများသည် မိုးချုန်းသံကဲ့သို့ပင် ကျယ်လောင်နေ၏။ ကြောက်မက်ဖွယ်အသံလှိုင်းများ ပြန့်နှံ့ကုန်ပြီး ကုန်းမြေများအက်ကွဲကုန်တော့သည်။ မမြင်နိုင်သည့်စွမ်းအားများသည်လည်း ပတ်၀န်းကျင်သို့ ပြန့်နှံ့ကုန်ပြီး တိုက်ပွဲနှင့်နီးကပ်သည့်နေရာတွင်ရှိနေသည့် ဂျက်အင်ပါယာမှစစ်သည်များသည် ဘောလုံးများကဲ့သို့ပင် ပေါက်ကွဲကုန်ကြသည်။ ပို၍ ၀ေးသည့်နေရာတွင်ရှိနေကြသည့်ခေါင်းဆောင်များပင် သတိလစ်မေ့မျောကုန်ကြသည်။ သွေးများသည် သူတို့၏မျက်လုံးများ၊ နှခေါင်းများထဲမှ စီးကျလာကြပြီး တစ်ချို့လူများဆိုလျှင် မျက်ကန်း၊ နားကန်းများဖြစ်သွားကြ၏။

“နောက်ဆုတ်ကျ အနည်းဆုံး မီတာတစ်ထောင်လောက်ဆုတ်နေ....”

ဖာရင်တန်နှင့် မိုဒေါ့တ်တို့သည် ထိတ်လန့်အံ့သြသွားပြီး အလျင်မြန်ပင်အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်လုံးသည် လက်များကိုမြှောက်ကာ စစ်သည်များကို ယာယီအားဖြင့် ကာကွယ်ပေးထားရန်အတွက် ကြီးမားသည့် စွမ်းအင်အကာရံကြီးတစ်ခုကို ဖန်တီးလိုက်သည်။ လအဆင့်စစ်သည်များသည် သာမန်လူများထင်သည်ထက်ပင် ပို၍စွမ်းအားကြီးမားကာ သူတို့၏ စွမ်းအင်အနည်းငယ်ကပင် ကြယ်အဆင့်စစ်သည်များကို သေစေနိုင်သည့်အတွက်ပင်။

သူတို့၏ လက်သီးများတွေ့ဆုံသွားသည့်အချိန်တွင် နှင်းတောင်သိုင်းဆရာ၏မျက်နှာပေါ်တွင် အံံသြသည့်အမူယာတစ်ခုပေါ်လာ၏။

ထို့နောက်တွင် စွမ်းအင်များပေါက်ကွဲလာပြီး ဂျက်အင်ပါယာမှ စစ်သည်များ၏မျက်လုံးထဲတွင်ပြိုင်ဘက်ကင်းသည့် အနီရောင်၀တ်ရုံနှင့်လူသည် အနောက်သို့ အနည်းငယ်တွန်းဆုတ်ခြင်းကိုခံလိုက်ရ၏။ သူ၏ ခြေထောက်များသည် မြေပြင်ပေါ်တွင်သာ ရှိနေဆဲဖြစ်သော်လည်း သူသည် အနောက်သို့ မီတာအနည်းငယ်ခန့်တွန်းထုတ်ခြင်းခံလိုက်ရ၏။

“ဟားဟား ခင်ဗျားက ဒါကို ထင်မထားခဲ့ဘူးထင်တယ်။ ကျွန်တော့ရဲ့စွမ်းအားတွေက ခင်ဗျားကို ကြောက်သွားစေတယ်မလား...” ဖှေးသည် ရယ်မောကာ သူ၏အရှိန်၀ါသည်လည်းအပြင်သို့ ကျယ်ပြန့်လာသည်။ သူ၏အသံသည် ယုံကြည်ချက်များ၊ လွှမ်းမိုးနိုင်စွမ်းတို့ဖြင့် ပြည့်နှက်နေ၏။ ထို့နောက်တွင် သူပြောလိုက်သည်။ “ခင်ဗျားက အခုဆိုရင်ကျွန်တော့ရဲ့ပြိုင်ဘက်မဟုတ်တော့ဘူး။ ဟားဟား ဒါကို ကာနိုင်အောင်ကြိုးစားကြည့်လိုက်...”

သူစကားပြော၍မပြီးသေးခင်မှာပင် လေပေါ်သို့ ခုန်တက်သွားပြီးဖြစ်သည်။

လေထဲသို့ ဆုပ်ကိုင်လိုက်သည့်အချိန်တွင် သူ၏လက်များထဲတွင် ထူးဆန်းသည့်ပုံသဏာန်ရှိသည့် ဓားနှစ်လက်ပေါ်လာ၏။ ထိုဓားများသည် အလွန်ပင်တောက်ပနေသည့်အတွက်ကြောင့် ပြဒါးရည်များစီးဆင်းနေသကဲ့သို့ပင်။ ဖှေးသည် ဓားနှစ်လက်ကို ဆုပ်ကိုင်ကာ အနီရောင်၀တ်ရုံနှ့င်လူအား ရက်စက်စွာဖြင့်ခုတ်ပိုင်းချလိုက်သည်။ သူခုတ်ပိုင်းလိုက်သည့်အချိန်တွင် ငွေရောင်စွမ်းအင်တစ်ချို့သည် ဓားများအတွင်းသို့ စီး၀င်သွားပြီး ထိုဓားနှစ်လက်သည် ချက်ချင်းပင် မီတာ၁၀၀ရှည်လျားသည်အထိ ကြီးမားလာတော့၏။ ကောင်းကင်တစ်ခုလုံးကိုပင် နှစ်ခြမ်းပိုင်းတော့မည့်အတိုငး်ပင် ဓားနှစ်လက်သည် အောက်သို့ ခုတ်ပိုင်းလာကာ လေထဲတွင်ပုံရိပ်ယောင်များစွာကို ချန်ထားလိုက်သည်။

ဓားသွားစွမ်းအင်များစွာလေထဲတွင် ပျံနေသကဲ့သို့ ဤမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ်ပင်။

ကြီးမားသည့် ဓားကြီးတစ်လက်ခုက်ပိုင်းလိုက်သည့်အချိန်တွင် ဖော်ပြ၍မရနိုင်သည့် စီးချက်နှင့် အလှတရားတို့ကိုပါ သယ်ဆောင်လာ၏။

“ခုန်ကျော်တိုက်ခိုက်ခြင်း.....”

ဤသည်မှာ ဖှေး၏ သိုင်းကွက်များထဲတွင် ဒုတိယစွမ်းအားအမြင့်ဆုံးသိုင်းကွက်တစ်ခုပင်။ ရှေးမျိုးနွယ်ခေါလစ်ထံမှ ဖှေးအမွေဆက်ခံခဲ့သည့်သိုင်းကွက်တစ်ခုပင်။

ဂျက်အင်ပါယာမှစစ်သည်များနှင့် သူ၏တပည့်များရှေ့တွင် လအဆင့်သို့ရောက်ရှိလာခါစသိုင်းဆရာတစ်ယောက်၏ အနောက်သို့ တွန်းထုတ်လိုက်ခြင်းကို ခံလိုက်ရသည့်အတွက် နှင်းတောင်သိုင်းဆရာကြီးသည် ရူးတော့မည့်အတိုင်းပင်။ တိုက်ပွဲ၏ ထိန်းချုပ်မှုသည် ရန်သူ၏ လက်ထဲတွင်ရောက်ရှိနေသောကြောင့် သူသည် ဤအရှက်ရမှုကို သည်းခံနိုင်ခြင်းမရှိပေ။ အနီရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်လာပြီးအနောက်သို့ ရွှေ့လျားနေခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက်တွင် သူ၏အရှေ့တွင်ရှိနေသည့်ဓားနှစ်လက်ကို သတ်ဖြတ်လိုသည့် အရှိန်၀ါများဖြင့် ရက်စက်ကြမ်းကြုတ်စွာ လက်သီးဖြင့် ထိုးလိုက်၏။

အနီရောင်၀တ်ရုံနှင့်လူသည် ဖှေး၏ ဓားနှစ်လက်ကို သူ၏လက်သီးဖြင့်သာ ရင်ဆိုင်ရန်အတွက်စဥ်စားနေခြင်းပင်။

“ဖုန်း....”

ကြီးမားသည့် ဆူညံသံကြီးတစ်ခုထွက်ပေါ်လာ၏။

မြေပြင်အက်ကွဲသွားကြီး တန်တစ်ထောင်ခန့်အလေးချိန်ရှိသည့်မြေစိုင်ခဲကြီးတစ်ခုပင် လေပေါ်သို့ မြောက်တက်သွားသည်။ မီတာ၁၀၀ခန့်နက်ရှိုင်းသည့် ကြီးမားသည့်တွင်းကြီးတစ်ခုပေါ်ပေါက်လာ၏။ အကယ်၍ ဤတွင်းကြီးသာ နောက်ထပ် မီတာအနည်းငယ်နက်ရှိုင်းသွားပါက မြေအောက်ပင်လယ်ထဲတွင်ရှိနေသည့်ရေများပင် ပန်းထွက်လာနိုင်သည်။

ဖုန်မှုန့်များသည် လေထဲတွင် လွှင့်ပျံကုန်ကြပြီး လူတစ်ယောက်သည် လေပေါ်တွင် ပျံ၀ဲကာ အနောက်သို့ စွမ်းအားကင်းမဲ့စွာဖြင့် လွှင့်ထွက်သွား၏။

ထိုလူမှာ နှင်းတောင်သိုင်းဆရာပင်...

သူသည် ဒဏ်ရာရရှိခြင်းမရှိပဲ သူ၏အရှိန်၀ါသည် ယခင်အတိုင်းသာရှိနေဆဲဖြစ်သော်လည်း သူ၏ အ၀တ်စားတစ်ချို့သည်ကောင်းကင်ပေါ်မှ ပြုတ်ကျလာနေ၏။ ရန်သူ၏ ဓားချက်များသည် သူ၏အ၀တ်စားများကို ပိုင်းဖြတ်သွားခြင်းပင်။ ဤသည်မှာ ကြီးမားစွာဖြင့် အစော်ကားခံလိုက်ရခြင်းပင်။ အနီရောင်၀တ်ရုံနှင့်လူ၏ တည်ငြိမ်သည့်အမူယာမှာ လုံး၀ပင်ပျောက်ကွယ်သွား၏။ သူ၏မျက်နှာအား ဖုံးကွယ်ထားသည့် မြူခိုးများသည်လည်းပျောက်ကွယ်သွားတော့သည်။

နှင်းတောင်သိုင်းဆရာ၏ လက်ရွေးစင်တပည့်များဖြစ်ကြသည့် ဖာရင်တန်နှင့် မိုဒေါ့တ်တို့နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ သူတို့၏ ပြိုင်ဘက်ကင်းသည့်ဆရာသည်အနောက်သို့ လွှင့်ထွက်သွားလိမ့်မည်ဟု မည်သည့်အချိန်ကမှပင် မတွေးခဲ့ဖူးသောကြောု့်ပင်။ တိုနီပင် အလွန်ထိတ်လန့်နေ၏။ သူသည်ဖှေးအား အာခံနိုင်သည့် သတ္တိရှိတော့မည်မဟုတ်ပေ။

“ဟားဟား ခင်ဗျားကျွန်တော့်ကို မနိုင်နိုင်ပါဘူးလို့ ပြောသားပဲ။ ဒါတောင်ခင်ဗျားက ပြန်ချဖို့ ကြိုးစားနေတုန်းပဲလား....”

နောက်တစ်ယောက်သည် ရယ်မောရင်းဖြင့် ဖုန်မှုန့်များထဲမှ ပျံသန်းကာထွက်ပေါ်လာသည်။ သူ၏လက်ထဲတွင်ရှိသည့် ဓားနှဏ်လက်ကို ၀ှေ့ရမ်းလိုက်ရာ ငွေရောင်ဓားသွားစွမ်းအင်များစွာသည် လေထဲတွင်ဖြစ်ပေါ်လာ၏။ မကြာမှီတွင် ထိုဓားသွားစွမ်းအင်များသည် ဓားသွားများအဖြစ်သို့ သိပ်သည်းသွားပြီး အတူစုပေါင်းကာ ငွေရောင်နဂါးကြီးတစ်ကောင်၏ အသွင်ကိုယူလိုက်ပြီးအနောက်သို့ လွှင့်ထွက်နေသည့် နှင်းတောင်သိုင်းဆရာထံသို့ ပျံသန်းသွားလိုက်သည်။ ဤသိုင်းကွက်ကြောင့် ထွက်ပေါ်လာသည့် ဆူညံသံများသည် နဂါးတစ်ကောင်ဟိန်းဟောက်နေသကဲ့သို့ပင်။

ဤသည်မှာ လူရိုင်းမျိုးနွယ်၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်တစ်ခုပင်။ ဖှေးသည် ဤသိုင်းကွက်ကို ရှေးမျိုးနွယ်တောလစ်ထံမှ အမွေဆက်ခံထားခြင်းပင်။

ဤသည်မှာ ဖှေး၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်တစ်ခုလည်းဖြစ်၏။

“မင်းကတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ...” အနောက်သို့ နှစ်ကြိမ်လွှင့်ထွက်သွားပြီးသည့်နောက်တွင် နှင်းတောင်သိုင်းဆရာ၏ ဒေါသများသည် အထိပ်ထိတ်သို့ရောက်ရှိသွား၏။ ဤဒေါသများသည် သူ၏ စဥ်းစားချင့်ချိန်နိုင်စွမ်းကို ဖုံးလွှမ်းသွားသည်။

သူသည်အချိန်ကြာမြင့်သည်အထိ ဤမျှ ဖိအားပေးခြင်းကို ခံခဲ့ရခြင်းမရှိသည့်အတွက်ပင်ဖြစ်ပြီး သူ့အား ဤကဲ့သို့ ဖိအားပေးနေသည့်လူမှာလည်း လအဆ့င်သို့ရောက်ခါက ဂျူနီယာတစ်ယောက်သာဖြစ်နေသည့်အတွက်ပင်။

နောက်ဆုံးတွင် သူသည် လအဆင့်စစ်သည်တစ်ယောက်၏ တည်ငြိမ်ရင့်ကျက်မှုတို့ကို စွန့်လွှတ်လိုက်ပြီး သူ၏ စွမ်းအားများကိုအဆုံးထိထုတ်လွှတ်လိုက်သည်။ အနောက်သို့လွှင့်ပျံနေသည့်အချိန်တွင် သူ၏အတွင်းအားစွမ်းအင်များကြောင့် ပြန်လည်ကာ ဒဏ်ရာရရှိနိုင်သည်ကိုပင် မမှုတော့ပဲ သူ၏ ခန္ဓာကိုယ်အား အတင်းပင်ရပ်တန့််လိုက်သည်။ သူ၏ မျက်နှာသည်လည်း ဖြူဖျက်ဖြူယော်ဖြစ်သွားတော့၏။ လက်ဟန်များစွာကို လျှင်မြန်စွာဖြင့် ပြုလုပ်ပြီးသည့်အချိန်တွင် အနီရောင်မီးစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် လှံရှည်များစွာသည် ဒေါင်းတစ်ကောင်အတောင်ဖြန့်လိုက်သကဲ့သို့ပေါ်ထွက်လာတော့သည်။ ထိုလှံရှည်များသည် ထိုလူ၏အနောက်တွင် အချင်း၀က်၃၀မီတာာခန့်ရှိသည့် စက်၀ိုင်းခြမ်းတစ်ခုအသွင်ကို ယူထားသဖြင့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။

“ဒါကိုယူလိုက်....နှင်းတောင်..နဂါး...လှံရှည်သိုင်းကွက်....”

နှင်းတောင်သိုင်းဆရာသည် အလွန်ပင် ဒေါသဖြစ်နေသောကြောင့် သိုင်းကွက်၏နာမည်ကို တစ်လုံးခြင်းရေရွတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် တစ်စက္ကန့်ကြာခန့်ရပ်တန့်သွားပြီးသည့်အချိန်တွင် ဒေါင်းမွှေးကဲ့သို့သော လှံရှည်များသည် ငွေရောင်နဂါးကြီးထံသို့ ပျံသန်းသွားတော့၏။

“ဖုန်း...”

“ဖုန်း ဖုန်း...”

“ဖုန်း ဖုန်း ဖုန်း...”

ပျံသန်းလာသည့် လှံရှည်များသည် ဖှေး၏ ငွေရောင်ဓားသွားစွမ်းအင်နဂါးများနှင့်တစ်ခုပြီးတစ်ခု၀င်တိုက်ကုန်ကြ၏။

မီးစွမ်းအင်လှံရှည်တစ်ခု ဓားသွားစွမ်းအင်များဖြင့် ပြုလုပ်ထားသည့်ငွေရောင်နဂါးကြီးကို ၀င်တိုက်လိုက်သည့်အချိန်တိုင်းတွင် ဓားသွားစွမ်းအင်တစ်ချို့သည် ပေါက်ကွဲကာ ပျက်ဆီးကုန်ကြ၏။ အ၀ေးမှကြည့်ပါက နဂါးကြီး၏ ကြေးခွံများ ကျွတ်ကျကုန်သကဲ့သို့ပင်။ ကြည့်ရသည်မှာ အလွန်ပင် ခမ်းနားထည်၀ါလှပြီး ဒဏာရီလာသခင်များ၏ တိုက်ပွဲတစ်ခုကဲ့သို့ပင်။

အနီရောင်လှံရှည်များသည် နဂါးကြီးကို ဆက်လက်ကာ တိုက်ခိုက်နေလျှက်ရှိပြီး နှင်းတောင်သိုင်းဆရာ၏ ခန္ဓာကိုယ်သည်လည်း လေပေါ်တွင် ၀ဲပျံနေ၏။ သူ၏ စွမ်းအားများသည် အကန့်သက်မရှိသလိုပင်ဖြစ်ပြီး နဂါးလှံရှည်များသည် သူ၏အနောက်မှ တစ်ချောင်းပြီးတစ်ချောင်းထွက်ပေါ်လာနေလျှက်ရှိသည်။

“ဖုန်း ဖုန်း ဖုန်း...”

ငွေရောင်နဂါးကြီးသည် တဖြည်းဖြည်းဖြင့် ထိန်းချုပ်ခံလာရပြီး သူ၏အမြန်နှုန်းနှင့် စွမ်းအားများသည်လည်း သိသိသာသာပင်လျှော့ကျလာတော့သည်။ နောက်ဆုံးတွင် ပြိုလဲသွားပြီး ဓားသွားစွမ်းအင်များစွာသည် ကောင်းကင်ပေါ်မှ အောက်သို့ ကျဆင်းလာတော့သည်။

“၀ှစ် ၀ှစ် ၀ှစ်....”

အနီရောင်လှံရှည်တစ်ချို့သည် ဓားသွားစွမ်းအင်များကို ဖြတ်ကျော်ကာအနောက်တွင်ရှိနေသည့် ဖှေးထံသို့ ပျံသန်းသွဦးသည်။

နှင်းတောင်သိုင်းရာသည် ဖှေးအား အသေသတ်လိုနေပြီး ညှာတာပေးခြင်းမရှိပေ။ သူ၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်တစ်ခုဖြစ်သည့် နှင်းတောင်နဂါးလှံရှည်သိုင်းကွကကိုလည်း အပြည့်၀ပင်ထုတ်သုံးထားပြီး သူသည် လေပေါ်တွင် ၀ဲပျံနေကာနဂါးလှံရှည်များသည် ဖှေးထံသို့ ဥက္ကာခဲများကဲ့သို့ပင် ပျံသန်းသွားကြ၏။

သို့သော်...

“ဟားဟား ဒါက ခင်ဗျားစီက ကျွန်တော်ရစရာရှိတဲ့အကြွေးအတွက် အတိုးပဲ။ ဒီအ၀တ်စတွေကို ကျွန်တော်လဲမလိုချင်ဘူး။ အဲ့တာကြောင့် ခင်ဗျားပြန်ယူထားလိုက်ပါ။ နောက်ပြီးတော့ အနာဂတ်မှာ ကျွန်တော်တို့အကြားက အသေကြေတိုက်ပွဲတစ်ခုဖြစ်လာဦးမှာကိုလည်း သတိရနေပေါ့ဗျာ...”

ထိုရယ်သံသည့် အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာနေခြင်းပင်ဖြစ်ပြီး ချမ်းဘော့ဒ်ဘုရင်အား မည်သည့်နေရာတွင်မှ တွေ့ရခြင်းမရှိတော့ပေ။ နှင်းတောင်သိုင်းဆရာ၏ လှံရှည်များသည်လည်း မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျကာ ကွဲအက်ကုန်၏။ သို့သော် ဖှေးအား ဒဏ်ရာရအောင်ပြုလုပ်နိုင်လိုက်ခြင်းမရှိပေ။

“ချွင် ချွင် ချွင်...”

ဤလူ၏ အနောက်တွင်ရှိနေသည့် ဒေါင်းမှီးကဲ့သို့သော လှံရှည်များသည်လည်းတစ်ခုတည်းအဖြစ်သို့ ပြန်လည်ကာ စုပေါင်းသွားကြသည်။ ထို့နောက်တွင် ထိုလှံရှည်သည် နှင်းတောင်သိုင်းဆရာ၏ ခန္ဓာကိုယ်အတွင်းသို့၀င်ရောက်ကာ ပျောက်ကွယ်သွားတော့၏။ မကျေနပ်သည့်မျက်နှာဖြင့် နှင်းတောင်သိုင်းဆရာသည် အ၀ေးတွင်ရှိနေသည့် အလံနှစ်စုံမြို့တော်ကိုကြည့်လိုက်ပြီး သူလက်များကို ၀ှေ့ရမ်းကာ ဖှေးပစ်ပေးလိုက်သည့်အနီရောင်အ၀တ်စများကို ဖမ်းလိုက်သည်။

ဤအ၀တ်စများသည် ယခင်က သူ၏အ၀တ်စားမှ ပြတ်ထွက်လာခဲ့ခြင်းပင်။ ဖှေး၏ ခုန်ပျံတိုက်ခိုက်ခြင်းသိုင်းကွက်ကြောင့် ပြတ်ထွက်သွားခဲ့ခြင်းပင်။

နှင်းတောင်သိုင်းဆရာအတွက် ဤသည်မှာ ကြီးမားသည့် အရှက်ရဖွယ်တစ်ခုပင်။

All Chapters