← Chapters

အခန်း (၅၅၉)

Vol. 35 Ch. 559

အခန်း (၅၅၉)

Vol. 35 Ch. 559

ဤတိုက်ပွဲတွင် သူသည် အချက်နှစ်ချက်ကို မမျှော်လင့်ထားခဲ့မိချေ။

ပထမတစ်ချက်မှာ ဖှေး ခန္ဓာကိုယ်၏ မာကြောမှုမှာ သူထင်ထားသည်ထက်များစွာကျော်လွန်နေခြင်းပင်။ သူသည် လယ်ဗယ်၅အလယ်လတ်အဆင့်လသစ်စစ်သည်တစ်ယောက်ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်အား ဤကမ္ဘာပေါ်တဇွင်ရှိနေသည့် ဓာတ်ဂုဏ်သတ္တိများမှ အချိန်ကြာမြင့်စွာ စွမ်းအင်ဖြည့်တင်းပေးထားသော်လည်း ဖှေးနှင့် ကြံ့ခိုင်မာကြောမှုတို့တွင် ယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။ အကယ်၍ သူ့ထံတွင်သာပို၍များပြားသောအတွင်းအားစွမ်းအင်များမရှိပဲ သူ၏အတွင်းအားစွမ်းအင်များသည် ကျစ်လစ်မာကြောခြင်းမရှိပါက သူသည် ယနေ့တွင်ချက်ချင်းပင် ဒဏ်ရာရရှိသွားမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဤဘုရင်ငယ်သည် တိုက်ပွဲကို ကောင်းမွန်စွာထိန်းချုပ်နိုင်လိမ့်မည်ဟုလည်းထင်မထားပ။ ဤဘုရင်သည် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးသည့် ပါရမီရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟုပင် ခံစားမိနေ၏။ သူသည် အရာအားလုံးးကို လျှင်မြန်စွာတွက်ဆနိုင်သောကြောင့်ပင်။ နှင်းတောင်တိုင်းဆရာသည် ဖှေးထက်များစွာပို၍ စွမ်းအားမြင့်မားသော်လည်း အစပိုင်းတွင် လွှဲမှားစွာ တွက်ဆခဲ့မိသည့်အတွက် ဖိအားပေးကာ လွှမ်းမိုးခြင်းကိုခံခဲ့ရသည်။ သူ့တွင်ရှိသည့် စွမ်းအားများကို ထုတ်သုံးနိုင်ခဲ့ခြင်းမရှိပေ။

အတော်လေး အန္တရာယ်ရှိတဲ့လူငယ်တစ်ယောက်ပဲ။ တိုက်ပွဲအတွေ့ကြုံနေရာမှာရော စွမ်းအားတွေ မြင့်မားတဲ့အမြန်နှုန်းနေရာမှာရော သူ့ကို မကောင်းဆိုး၀ါးတစ်ကောင်လို့ သတ်မှတ်လို့ရတယ်...”

နှင်းတောင်သိုင်းဆရာသည် ပတ်၀န်းကျင်သို့ လှည့်ပတ်ကာကြည့်ရှုလိုက်သည်။ သို့သော် သူ၏ရန်သူကိုမူ မည်သည့်နေရာတွင်မှ မြင်တွေ့နိုင်ခြင်းမရှိတော့ပေ။ ဤတိုက်ပွဲတွင် သူသည် အရှက်သာ ရခဲ့သည်မဟုတ်ပေ။ သူသည်ဖှေးကိုလည်း ထိတ်လန့်သွားခဲ့မိသည်။ သူသည် ချက်ချင်းပင် မြို့ထဲသို့ ပြေး၀င်ကာ ထိုလူငယ်ကို သတ်ဖြတ်လိုနေသည်။ သို့သော် ဤဘုရင်ငယ်သည် သူနှင့်သိကျွမ်းသည့် လျို့၀ှက်သော မှော်ဆရာနှင့် မဟာမိတ်ဖွဲ့ထားပါက သူအနိုင်ယူနိုင်မည်ဟုတ်ပေ။ ဒဏာရီလာ ဂိတ်တံခါးသည်လည်း နှစ်ရက်အတွင်းတွင် ပွင့်တော့မည်ဖြစ်သည်။ ထို့နောက်တွင် သိုင်းဆရာများစွာရောက်ရှိလာမည်ဖြစ်ပြီး ရတနာများကို လုယက်ခြင်းဖြင့် သွေးထွက်သံယိုတိုက်ပွဲများစွာဖြစ်လာမည်ဖြစ်သည်။ အကယ်၍ သူသည် ယနေ့တွင် စိတ်လိုလက်ရဖြင့် ကမူးရှူးထိုးလုပ်လိုက်မိပါက ဒဏ်ရာရရှိသွားလျှင် နောက်နှစ်ရက်တွင်လာမည့်တိုက်ပွဲတွင် အရေးမလှကာ သေဆုံးသွားနိုင်သည့်အတွက်ပင်။

ထိုကဲ့သို့ စဥ်းစားလိုက်ပြီးသည့်နောက်တွင် သူသည် စိတ်ကိုလျှော့လိုက်၏။

“ငါဒီလူငယ်ကို သတ်ဖို့ဆိုရင်ဘာမဆိုလုပ်မယ်...” နှင်းတောင်သိုင်းဆရာကြီးသည် အံကြိတ်ကာ အလံနှစ်စုံမြို့တော်၏ ခံတပ်နံရံကို သူ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် လက်ဖ၀ါးဖြင့် ရိုက်လိုက်သည်။ ကျယ်ပြန့်လှသည့်အနီရောင်အတွင်းအားစွမ်းအင်များသည်ခံတပ်နံရံထံသို့ ပျံသန်းသွားပြီး၏။ သူသည် ဖှေးအတွက် လက်ဆောင်အနေဖြင့် ဤခံတပ်နံရံကြီးကို ဖျက်ဆီးလိုသည့်အတွက်ပင်။

သို့သော်....

ထိုအတွင်းအားစွမ်းအင်များ ခံတပ်နံရံနှင့်ထိလိုက်သည့်အချိန်တွင် အညိုရောင်မီးတောက်များထွက်ပေါ်လာ၏။ ထို့နောက်တွင် ခံတပ်နံရံပေါ်တွင် မှော်သင်္ကေတများစွာသည် ပိုးစုန်းကြူးကောင်များကဲ့သို့ လင်းထိန်လာတော့သည်။ ထိုစွမ်းအင်သည် နှင်းတောင်သိုင်းဆရာ၏ လက်ဖ၀ါးသိုင်းကွက်တွင်ပါရှိသည့်အနီရောင်စွမ်းအင်များနှင့် တိုက်ခိုက်လိုက်ပြီး ကျယ်လောင်သည့်ဆူညံသံများနှင့် တောက်ပသည့်အရောင်များထွက်ပေါ်လာသည်။

ခနကြာပြီးသည့်အချိန်တွင် ဆူညံသံများမရှိတော့ပေ။ ပြုတ်ကျနေသည့်ဖုန်မှုန့်များမှ လွဲ၍ ခံတပ်နံရံသည်ဘာမှဖြစ်မသွားပေ။

နှင်းတောင်သိုင်းဆရာ၏ စွမ်းအားမြင့်မားသည့် လက်ဖ၀ါးသိုင်းကွက်သည် ခံတပ်နံရံအား ဖျက်ဆီးဖို့နေနေသာသာ အရာပင်ထင်မသွားစေခဲ့ပေ။

အနီရောင်၀တ်ရုံနှင့်လူသည် ထိတ်လန့်သွား၏။ မီတာ၂၀၀ကျော်ခန့်မြင့်မားသည့် ခံတပ်နံရံကြီးအား ကြည့်ပြီးသည့်အချိန်တွင် သူသည် တစ်စုံတစ်ခုကို စဥ်စားမိသွားပုံရပြီး ရှေ့သို့ ဆက်လက်တိုးရဲခြင်းမရှိတော့ပေ။ သူသည် ကြောက်မက်ဖွယ်တစ်စုံတစ်ရာကို စဥ်းစားမိသွားသည့်အတိုင်းပင် တစ်ဖက်သို့လှည့်ကာ အနောက်သို့တစ်ချက်ပင် ပြန်လှည့်မကြည့်ပဲ သူ၏ တဲအတွင်းသို့သာပြန်သွားတော့၏။

သိုင်းဆရာနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်သိုင်းကွက်သုံးကွက်ခန့်သာအသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် အချင်း၅၀၀မီတာရှိသည့်နေရာကြီးတစ်ခုလုံးသည် အပျက်ဆီးပုံကြီးဖြစ်သွားတော့၏။ ကုန်းမြေအစိတ်ပိုင်းတစ်ခုသည် လုံး၀ပင် ရွှေ့လျားသွားပြီး အောက်ခြေတွင်ရှိနေသည့် ကျောက်သားများကိုပင်မြင်နေရ၏။

ခနတာစဥ်းစားလိုက်ပြီးသည့်နောက်တွင် ဖာရင်တန်သည် စစ်သည်များကို စခန်းများသို့ ပြန်ရန်အမိန့်ပေးလိုက်သည်။

အကြိမ်ပေါင်းများစွာကျရှုံးပြီးသည့်အချိန်တွင် စစ်သည်များ၏ စိတ်ဓာတ်များသည်လည်း အောက်ဆုံးသို့ရောက်သည်အထိပင် ကျဆင်းနေ၏။ ဖာရင်တန်သည် ယခုအချိန်တွင် ပို၍ပင် စိုးရိမ်နေ၏။ အစာရိက္ခာများ မီးရှို့ခံရသည့်သတင်းအား စစ်သည်တော်တော်များများမသိကြသေးပေ။ သို့သော် အစာရိက္ခာများသည် မနက်ဖြန်ညအထိရောက်ရှိလာခြင်းမရှိပါက စစ်သည်များသည် သူတို့၏ မြင်းများကိုသာ ပြန်သတ်၍ ချက်စားရတော့မည်ဖြစ်သည်။

ဖာရင်တန်သည် မိုဒေါ့တ်အား နှုတ်ဆက်ခဲ့ပြီးသည့်နောက်တွင် စခန်းအလည်တွင်ရှိသောသူ၏တဲအတွင်းသို့ ပြန်သွားလိုက်သည်။ သူ၏ချပ်၀တ်ကို ချွတ်ရန်ပြင်နေသည့်အချိန်မှာပင် စားပွဲခုံရှိသည့်နေရာသို့ ကြည့်လိုက်မိပြီး သူ၏မျက်နှာအမူယာသည် ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။ သူ၏မျက်နှာသည် ချက်ချင်းပင် ဖြူဖက်ဖြူယော်ဖြစ်သွားပြီး သူ၏ အမူယာသည် စိတ်လှုပ်ရှားမှု၊ လေးစားမှုနှင့် အရှက်ရမှုတို့ကို ပြသနေလျှက်ရှိသည်။ နောက်ဆုံးတွင် သူရိုးရှင်းစွာပင် ဒူးထောက်လိုက်မိ၏။

တစ်နည်းအားဖြင့် နောက်ထပ်လူတစ်ယောက်သည် ဤစခန်းအလည်တွင်ရှိသည့်တဲအတွင်းတွင် ရပ်နေလျှက်ရှိသည်။ ထိုလူသည် အရပ်ရှည်ခြင်းမရှိပေ။ သို့သော် အလွန်သန်မာလှသည်။ သူ၏ ကောက်ကွေးနေသည့် အမဲရောင်ဆံပင်များသည် သူသည် ဂျက်အင်ပါယာမျိုးနွယ်တစ်ယောက်ဖြစ်သည်ကို ပြသနေလျှက်ရှိသည်။ ရွှေကွင်းများစွာသည် သူ၏ဆံပင်ကို ကျစ်ဆံမြှီးများစွာခွဲ၍ ကျစ်ထားလျှက်ရှိပြီး ၀တ်ဆင်ထားသည့် အ၀ါရင့်ရောင်အနုစိတ်သည့် ၀တ်ရုံသည် သူ၏ နန်းဆန်မှုနှင့် ကြီးမြတ်သည့် အရှိန်၀ါတို့ကို ဆက်လက်ကာ ပေါင်းထည့်ပေးထားလျှက်ရှိသည်။

“ထပါ မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့။ င့ါအမြင်မှာဆိုရင် မင်းလုပ်ခဲ့တာအတော်လေးကောင်းပါတယ်...” ထိုလူသည် ဖာရင်တန်အား တစ်ချက်ပင”ကျွန်တော်် လှည့်မကြည့်ပဲပြောလိုက်သည်။ သို့သော် သူ၏ အသံအား မည်သူမှလွန်ဆန်နိုင်ခြင်းမရှိပေ။

“ဒါပေမယ့်...” ဖာရင်တန်သည် ထိုစကားကိုကြားသည့်အချိန်တွင် ပို၍ပင်အရှက်ရသွားသည့်ပုံပေါက်ကာ ပြောလိုက်သည်။ “ကျွန်တော်အလံနှစ်စုံမြို့တော်ကို မသိမ်းပိုက်နိုင်ခဲ့ဘူး။ ကျွန်တော်တို့လူတွေက ဒီနေရာမှာတင်ရပ်နေခဲ့တာလည်းအတော်ကြာပြီ။ အဲ့တာတွေအပြင် ကျွန်တော်တို့ရဲ့အစာရိက္ခာတွေလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လေ...”

အလံနှစ်စုံမြို့တော်ကို သိမ်းပိုက်မယ်ဟုတ်လား....” ထိုလူသည် ရယ်မောကာ ပြောလိုက်သည်။ “အဲ့တာက ခက်ခဲလွန်းပါတယ်။ မင်းက ဇီးနစ်ကို အထင်သေးလွန်းနေတာပဲ ငါကိုယ်တိုင်စစ်သည်တွေကို ဦးဆောင်ပြီး ဒီကိုစစ်ချီလာခဲ့မယ်ဆိုရင်တောင် ငါ့အတွက်လဲ ခက်ခဲနေလိမ့်မယ်။ ယရှင်းက ဒီမြို့ကို တည်ထောင်ဖို့ ဘယ်လောက်ခက်ခက်ခဲခဲအားထုတ်ခဲ့ရလဲဆိုတာမင်းသိလား၊။ ယရှင်းဆိုတာ ဘာမှမဟုတ်ပဲ နာမည်ကြီးခဲ့တာမဟုတ်ဘူးလေ။ သူကိုယ်တိုင် ဒီဇိုင်းဆွဲပြီးတော့ တည်ထောင်ထားတဲ့ မြို့တော်က လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ်ပြီးတော့ သိမ်းပိုက်လို့ရမှာလား။ ငါမင်းကို ဒီကိုသွားခိုင်းခဲ့တာက စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်ကို ရစေချင်လို့မဟုတ်ဘူး။ မင်းအရင်က မသိခဲ့တဲ့အရာတွေကို သိစေချင်လို့ပဲ။ အဲ့တာတွေအပြင် အလတ်ဇန္ဒားလို ပါရမီရှင်တစ်ယောက် ဇီးနစ်မှာ ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ဘူး။ ယရှင်းရဲ့ဦးနှောက်ကို အခုချိန်ထိတောင် ချီးမွမ်းလို့ရနေတုန်းပဲ။ သူကလည်း အဲ့ကောင်လေးကို အတော်လေး တန်ဖိုးထားတဲ့ပုံပဲ....”

ထိုလူသည် ခနတာခန့်ရပ်နားလိုက်ပြီး အကြောင်းရာပြောင်းလိုက်သည်။ “အမ် မင်းစစ်ဘက်ဆိုင်ရာဌာနချုပ်ကို ပေးလိုက်တဲ့အစီရင်ခံစာကို ငါဖတ်ပြီးသွားပြီ။ အဲ့တာအတော်လေးကောင်းတယ်ပြောရမယ်။ မင်းက မှန်ကန်တဲ့အရာကိုလုပ်ခဲ့တာပဲ။ ဒီဘုရင်အလတ်ဇန္ဒားရဲ့ နောက်ခံသမိုင်းကြောင်းကလည်း အတော်လေး ထူးခြားတယ်လို့ပြောရမယ်။ မင်းတို့နှစ်ယောက် အဆင့်တစ်ခုရှိတဲ့ ရင်းနှီးမှုတစ်ခုရယူနိုင်ခဲ့တာလည်း အတော်ကောင်းပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ မင်းသူ့အကြောင်းပိုသိဖို့လိုသေးတယ်။ တစ်နေ့ကျရင် သူက ငါတို့အတွက် အလုပ်လုပ်ပေးရင် လုပ်ပေးလာနိုင်မှာပေါ့....”

“ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါတယ်...” ဖာရင်တန်ပြန်ဖြေလိုက်သည်။ သူသည် ဤလူအား သူ၏ဆရာဖြစ်သည့် နှင်းတောင်သိုင်းဆရာထက်ပင် ပို၍ လေးစားနေသည့်အတိုင်းပင်။ သူမက်တပ်ရပ်လိုက်ကာ ခနတာစဥ်းစားပြီးသည့်အချိန်တွင် မေးလိုက်၏။ “ကျွန်တော်တို့ရဲ့ ရိက္ခာတွေကရော....”

ထိုလူသည် တစ်ဖက်သို့လှည့်ကာ သူ၏လက်ကို ၀ှေ့ရမ်းလိုက်ပြီး ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့ ငါအဲ့အကြောင်းကြားပြီပါပြီ။ ငါအဲ့တာကြောင့် ဒီညပဲရောက်လာခဲ့တာ။ နောက်ပြီးတော့ ဒေးဗစ်ကိုလည်း နောက်ထပ်အစာရိက္ခာတွေပို့ပေးဖို့ အမိန့်ပေးခဲ့လိုက်ပြီ။ မနက်ဖြန်လောက်ရောက်လိမ့်မယ် မင်းတို့တွေ အချိန်အတော်ကြာတောင့်ခံထားလို့ရမှာပါ....”

“ခေါင်းဆောင် ဒေးဗစ်ရောလာနေပြီလား အဲ့တာအတော်လေးကောင်းတာပဲ...” ဖာရင်တန်ပျော်ရွှင်သွား၏။

ဒေးဗစ်သည် ဂျက်အင်ပါယာ၏ အဆင့်မြင့်ခေါင်းဆောင်အနည်းစုထဲမှတစ်ယောက်ပင်။ သူသည် အရင်မင်းဆက်ကတည်းက ကျန်ရှိခဲ့သည့် အရှိန်၀ါကြီးမားသူတစ်ယောက်လည်းဖြစ်သည်။ သူသည် အင်ပါယာအရှင်သခင်ယရှင်း ဂျက်အင်ပါယာ၏ မြို့တော် အမ်စတာဒန်ကို ၀င်ရောက်သိမ်းပိုက်ခဲ့စဥ်က ယရှင်းအား မြို့ပြင်ဘက်တွင်ထားကာ ဆယ်ရက်ကြာခန့်ခုခံထားနိုင်ခဲ့သည်။ ထိုစဥ်က ဂျက်အင်ပါယာ၏ ဆွေကြီးမျိုးကြီးမားသည် အကျင့်ပျက်ခြစားနေခဲ့ပြီး ဤခေါင်းဆောင်အားချောင်ထိုးမထားခဲ့ပါက အင်ပါယာအရှင်သခင် ယရှင်းကိုယ်တိုင်ပင်မြို့တော်ကိုလွန်ခဲ့သည့် နှစ်ဆယ့်ခြောက်နှစ်က သိမ်းပိုက်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

All Chapters