အခန်း (၅၆၁)
Vol. 36 Ch. 561
"ခေါင်းဆောင် အရှင့်ရဲ့အရှိန်၀ါက..." ရီရဲသည် သူ၏မျက်လုံးများကိုပင် ယုံကြည်နိုင်ခြင်းမရှိပေ။ ဖှေးဖြစ်ကြောင်းကို သေချာအတည်ပြုလိုက်ပြီးသည့်နောက်တွင် သူထိတ်လန့်အံ့သြသွား၏။ စစ်မြေပြင်ခေါင်းဆောင်သည် တစ်ရက်အတွင်းမှာပင် စွမ်းအားများဤမျှမြင့်တက်သွားလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။ သူရရှိသည့်ခံစားချက်အရ ယခုအချိန်တွင် ဖှေးသည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်နေသည်ကို သိလိုက်၏။
ဤအချက်သည် သူ့အား ထိတ်လန့်အံ့သြသွားစေသလို စိတ်ဓာတ်လဲကျဆင်းသွားစေသည်။
ပြိုင်ပွဲတွင် ဓားတစ်လက်သူရဲကောင်းနှင့် ချမ်းဘော့ဒ်ဘုရင်တို့ကို အနိုင်ယူပြမည်ဟုဆိုခဲ့သည့် သူ၏ စကားသည် ယခုအချိန်တွင်ဟာသတစ်ခုကဲ့သို့ပင်။ ဓားတစ်လက်သူရဲကောင်းနှင့် ချမ်းဘော့ဒ်ဘုရင်တို့သည် တစ်ဦးနှင့်တစ်ဦးကြည့်မရသည့်အတွက် ဓားတစ်လက်သူရဲကောင်းသည်တစ်ခြားတပ်ဖွဲ့ထဲသို့၀င်ရောက်ခဲ့ပြီး အိုက်ဟိုဗင်အင်ပါယာသို့ ထွက်ခွာသွားခဲ့သည်။ တစ်ဖက်တွင် သူသည် ဖှေးအား စိတ်၀င်စားကာ လေးစားမိသဖြင့် ၀ံပုလွေစွယ်တပ်ဖွဲ့ထဲသို့၀င်ရောက်ခဲ့သည်။ သူသည်တစ်နေ့နေ့တွင် ဖှေးအား အမှီလိုက်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့ကြားထဲမှ ခြားနားချက်သည်တစ်နေ့တစ်ခြားပို၍ ကြီးမားလာနေသကဲ့သို့ပင်။
"ဟုတ်တယ် အခုဆိုရင် ငါက လအဆင့်စစ်သည်တစ်ယောက်ဖြစ်နေပြီ...." ဖှေးပြုံးကာ သူ၏ စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်ရင်းဖြင့် ပြောလိုက်၏။
ရီရဲသည် အနည်းငယ်မာနထောင်လွှားသော်လည်း မကောင်းသည့်လူတစ်ယောက်မဟုတ်ပေ။ သူသည် အတော်တန်ရိုးသားပွင့်လင်းသည့်လူတစ်ယောက်ပင်။
သူဓားတစ်လက်သူရဲကောင်းနှင့် တိုက်ခိုက်ခဲ့စဥ်ကအသုံးပြုခဲ့သည့် ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းဓားသွားသိုင်းကွက်သည် အဆင့်မြင့်သိုင်းကွက်တစ်ခုပင်။ ထိုသိုင်းကွက်သည် လူများ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ပြီး အတွင်းအားများစွာရှိသည့်လူတစ်ယောက်အသုံးပြုပါက များစွာပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဖြစ်သည်။ ဤသိုင်းကွက်အား နတ်ဘုရားအဆင့်သိုင်းကွက်ဟု ခေါ်နိုင်ခြင်းမရှိသော်လည်း အနည်းဆုံး ဒဏာရီလာသိုင်းကွက်တစ်ခုပင်။
ဖှေးသည် ရီရဲကဲ့သို့သော် အရည်ခြင်းရှိသည့်လူများကို တန်ဖိုးထား၏။ ထို့ကြောင့် ရီရဲ၏ မာနထောင်လွှားသည့် စိတ်ကိုအနည်းငယ်ပြုပြင်ရန်အတွက် သူ၏ စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်လိုက်ခြင်းပင်။ အခွင့်ရေးရပါက ဘုရင်သည် ဤလူငယ်အား ရှိဗ်ချန်ကိုကဲ့သို့ပင် သူ့အား သစ္စာခံလာအောင်စည်းရုံးလို၏။
ချမ်းဘော့ဒ်သည် ဤကဲ့သို့သော လောကထဲတွင် ရပ်တည်နိုင်ရန်မှာ ဖှေးတစ်ယောက်ထဲ၏ စွမ်းအားဖြင့် မရနိုင်သည့်အတွက်ပင်။
"ဒီမြို့ဟောင်းက အတော်လေးရှုပ်ထွေးတယ်။ ရှာဖွေမှုုရော အခြေအနေဘယ်လိုလဲ..." ဖှေးသည် ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ရာ ပိတ်စချပ်၀တ်များကိုသာ ၀တ်ဆင်ထားသည့်စစ်သည်များကို တွေ့လိုက်ရသည်။ ရီရဲကဲ့သို့သော က ကြယ်အဆင့်သိုင်းဆရာများသည် ဤမြို့ထဲတွင်ရှိနေသည့် သံလိုက်စက်ကွင်းကို ခံနိုင်သော်လည်း သာမန်စစ်သည်များသတ္တုချပ်၀တ်များကို၀တ်ဆင်ပါက မြေပြင်ပေါ်တွင်ကပ်နေတော့မည်ဖြစ်သည့်အတွက်ပင်။
မြို့ထဲတွင် မီးအလင်းရောင်တစ်ချို့ရှိနေ၏။
အိုဟောင်းနေသည့် သစ်သားအဆောက်ဦးတစ်ချို့အား ဖြိုချကာ ရရှိလာသည့်အသားများကို မီးစိုက်ရန်အတွက်အသုံးပြုနေကြသည်။ ဤသည်မှာ စစ်သည်များအတွက် ကန္တာရ၏ အအေးဓာတ်အား ရင်ဆိုင်နိုင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းပင်။
"မြို့ကိုတော့ အတော်များများသန့်ရှင်းရေးလုပ်ပြီးသွားပါပြီ။ အရိုးတွေကလွဲပြီးတော့ ဘာမှမတွေ့ရဘူး။ ဒီနေရာက သေခြင်းတရားရဲ့မြို့တော်ကြီးတစ်ခုပဲ...." ရီရဲသည် ဖှေးအားတင်ပြလိုက်သည်။
ရုတ်တရက်သူသည် တစ်စုံတစ်ခုအား သတိရလိုက်မိပြီး ထူးဆန်းသည့်အမူရာတစ်ခုနှင့်အတူ ဖှေးအားပြောလိုက်သည်။ "ဆာ လွန်ခဲ့တဲ့တစ်နာရီလောက်က အတော်လေးစွမ်းအားမြင့်မားတဲ့သိုင်းဆရာနှစ်ယောက်ရောက်လာခဲ့တယ်။ ကျွန်တော်တို့ သူတို့ကို အနိုင်မယူနိုင်ခဲ့ဘူး။ သူတို့ကလည်း ဘယ်သူ့ကိုမှ ဒဏ်ရာရအောင်မလုပ်ချင်တာကံကောင်းတယ်ပြောရမယ်။ သူတို့က လောလောဆယ်မှာတော့ ပင်မနန်းတော်ဆောင်မှာနေရာယူထားပြီးတော့ အဲ့မှာ အနားယူထားတယ်။ မစ် စင်ဒီကိုလည်း သူတို့အတွက် ထမင်းချက်ပေးဖို့တောင်းဆိုထားသေးတယ်...."
"ဘာ..." ဖှေး ထိတ်လန့်အံ့သြသွား၏။ မြို့ထဲသို့ လျို့၀ှက်တံခါးကိုပင်အသုံးပြုစရာမလိုပဲ ၀င်နိုင်သည့်လူများမှာ လအဆင့်စစ်သည်များသာဖြစ်သည့်အတွက်ပင်။ ထို့ကြောင့် လက်ရှိမြို့ပျက်ထဲတွင်ရှိနေသည့် လအဆင့်စစ်သည်များသည် သူတို့အား ရင်ဆိုင်နိုင်ကြလိမ့်မည်မဟုတ်ပေ။
သူလျှင်မြန်စွာမေးလိုက်သည်။ "သူတို့ကဘယ်သူတွေလဲ။ ဘယ်လိုပုံစံရှိကြလဲ...."
"သူတို့ထဲကတစ်ယောက်ကတော့ အိမ်ခြေမဲ့အသက်လတ်ပိုင်းအရွယ်မှော်ဆရာတစ်ယောက်နဲ့သူပဲ။ ကျန်တဲ့လူကတော့ ကလေးလေးတစ်ယောက်ပါ။ အဲ့ကလေးလေးက နတ်သားတစ်ပါးလို ချစ်စရာကောင်းတယ်။ ဒါပေမယ့် အတော်လေးစွမ်းအားကြီးမားတယ်လို့ ပြောရမယ်။ သူစိုက်ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော်တောင်လှုပ်လို့မရတော့ဘူး...." ရီရဲသည် တိတ်ဆိတ်စွာဖြင့် ပြောလိုက်သည်။ ငွေရောင်ချပ်၀တ်ဓားသွားသည် အဆိုပါကလေးငယ်နှင့် ရင်ဆိုင်ခဲ့သည့်အချိန်တွင် များစွာအရေးနိမ့်ခဲ့ပုံရ၏။ ခနတာရပ်နားပြီးသည့်အချိန်တွင် သူ၏လက်မောင်းများကို ပွတ်လိုက်ပြီး "ကျွန်တော်တို့လဲ အရှင့်ကို ချက်ချင်းဆက်သွယ်လို့မရတော့ အရှင်လာမည့်အချိန်ကိုစောင့်နေဖို့ပဲတတ်နိုင်တယ်လေ။ အရှင်မြန်မြန်ရောက်လာတာ ကံကောင်းတယ်ပြောရမယ်..."
"အေး အဲ့တာင့ါကြောင့်ပါ။ ငါမင်းတို့ကိုအရေးးကြီးတဲ့အချိန်ကျရင် ချက်ချင်းဆက်သွယ်နိုင်တဲ့နည်းလမ်းတစ်ခုစီစဥ်ပေးထားခဲ့သင့်တယ်..." ဖှေးသည် ခေါင်းငြိမ့်ကာ ပြောလိုက်၏။
ဤအခိုက်တန့်တွင် ရီရဲပြောနေသည့် အသတ်လတ်ပိုင်းအရွယ်လူနှင့် ကလေးသည် မနေ့က ရှိဗ်ချန်ကိုတို့တပ်ဖွဲ့ကြုံတွေ့ခဲ့ရသည့် လူနှစ်ယောက်ဖြစ်သည်ကို ဖှေးသေချာတွဥ်ဆမိလိုက်၏။ ဖှေးသည် သူတို့နှင့်ပတ်သက်၍ စိတ်၀င်စားနေခဲ့ရာ တိုက်ဆိုင်စွာပင် မြို့ဟောင်းအတွင်းသို့ သူတို့နှစ်ယောက်ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့သည် စစ်သည်များကိုလည်း ဒဏ်ရာရအောင်ပြုလုပ်ခဲ့ခြင်းမရှိသည့်အတွက် ဆိုးသွမ်းသည့်လူများဖြစ်လိမ့်မည်ဟုတ်ပေ။ ထို့ကြောင့် ဖှေးသည် သူတို့အား တွေ့ရန်အတွက် စိတ်အားထက်သန်နေ၏။
"င့ါကို သူတို့စီခေါ်သွားပေး...." ဖှေးပြောရင်းဖြင့် မြို့အတွင်းမှ နန်းတော်ဟောင်းထံသို့ လမ်းလျှောက်သွားလိုက်၏။
......
......
"အဖိုးကြီး ခင်ဗျားပြောတော့ ဒီထဲမှာ ဘယ်သူမှရှိနေမှာမဟုတ်ဘူးဆို။ အဲ့တာဆို ဒီလူသုံးသောင်းက ဘယ်ကရောက်လာနေတာလဲ။" ၀က်ခြေထောက်ကြီးတစ်ချောင်းကို ကိုင်ကာ စားသောက်နေသည့်ကောင်လေးတစ်ယောက်သည် နန်းတော်ဆောက်အတွင်းမှ ကျောက်ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေရင်းဖြင့် ပြောလိုက်သည်။
"ခွေးသားလေး မင်းပါးစပ်ကို သန့်သန့်ရှင်းရှင်းထားစမ်းပါ...." အသတ်လတ်လတ်ပိုင်းအရွယ်မှော်ဆရာသည် ၀ိုင်များကို မော့သောက်ကာ အသားကင်ကို ၀ါးစားရင်းဖြင့် ပြန်လည်ကာ ဆဲဆိလိုက်သည်။
ထို့နောက်တွင် သူ၏ဆီများပေပွနေသည့်လတ်များဖြင့် ရှုပ်ထွေးနေသည့် ဆံပင်များကို ပွတ်သပ်လိုက်သည်။
"ဒါကိုငါလည်းထင်မထားဘူး။ ဘယ်လိုဖြစ်ပြီး ဒီမြို့ထဲကို တပ်ဖွဲ့ကြီးတစ်ခုလုံးရောက်နေတာလဲ။ ဒါကနှစ်တစ်သောင်းလုံးမှာ ပထမဆုံးပဲ။ ကောင်မလေး နင်တို့ ကန္တာရပုရွတ်ဆိတ်တွေနဲ့ပြည့်နေတဲ့ကျုံးကို ဘယ်လိုကျော်လာပြီး ဒီထဲကို ၀င်လာနိုင်ခဲ့တယ်ဆိုတာကို အဖိုးကို ပြောပြစမ်း...."
"ရှင်တို့တောင် ဒီထဲကို၀င်နိုင်တယ်ဆိုမှတော့ ကျွန်မတို့လည်း ၀င်နိုင်တယ်လေ။ ဘာမှ ထူးခြားတာမရှိပါဘူး။ ကျွန်မတို့ရဲ့တပ်ဖွဲ့ခေါင်းဆောင် အလတ်ဇန္ဒားက ဘာမဆိုလုပ်နိုင်တယ်...." သူမသည် တည်တည်ငြိမ်ငြိမ်ပင်ပြန်ပြောလိုက်သည်။ သူမသည် ဤထူးဆန်းသည့်လူနှစ်ယောက်အတွင် စိတ်မပါပဲ ထမင်းဟင်းချက်ပေးနေရသော်လည်း သူမမှာ တည်ငြိမ်နေလျှက်ပင်။
ကျောက်ထိုင်ခုံတစ်လုံးပေါ်တွင် တည်တည်ငြိမ်ငြိမ်ထိုင်နေရင်းဖြင့် ၀က်ပေါက်တစ်ကောင်ကို ကင်နေလျှက်ရှိသည်။ ထို့အပြင် ပြုံးရွှင်နေသည့်မျက်နှာဖြင့် သီချင်းတစ်ပုဒ်ကိုပင် ငြီးနေသေး၏။ သူမသည် အလိုမပါပဲ ဖမ်းခံထားရသည့်တိုင် စိတ်ညစ်နေသည့်ပုံမရချေ။
ဤသည်ကို မြင်လိုက်ရသည့်အချိန်တွင် အာသာဟုအမည်ရသည့်ကောင်လေးသည် စိတ်လှုပ်ရှားစွာဖြင့် လေချွန်ကာ ရယ်မောလိုက်သည်။ "ဟီးဟီး ခွေးသားအဖိုးကြီး ခင်ဗျားတာကို မြင်လား။ အဲ့အမိုက်စားလေးက ခင်ဗျားကို ကြောက်တဲ့ပုံမပေါ်ဘူး...."
ထို့နောက်တွင် သူသည် စင်ဒီအား ကြည့်ကာပြောလိုက်၏။ "အမိုက်စားလေးမင်းကအတော်လေး ချစ်စရာကောင်းတာပဲ။ တကယ်တန်းပြောရမယ်ဆိုရင် မင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူတော်စင်မ ဂျန်းနီထက်တောင်ပိုပြီးတော့ လှပနေသေးတယ်။ မင်းနဲ့အတူ ဒီညအပေါ်ထပ်မှာ လရောင်ကို ရှုစားခွင့်ပေးပါလား..."
သူသည် တဏှာရူးတစ်ယောက်နှင့် တူနေ၏။
သို့သော် ဤကဲ့သို့အမူယာသည် အသက်ကိုးနှစ်ခန့်သာရှိသေးသည့် ကောင်လေးတစ်ယောက်၏မျက်နှာပေါ်တွင်ဖြစ်နေသောကြောင့် ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းလှသည်။ လူတကာကိုပင် ရယ်မောသွားစေနိုင်၏။
အသတ်လတ်ပိုင်းအရွယ်လူသည် အလွန်စိတ်ဆိုးသွားပြီး ထိုကောင်လေးကို အရိုးအစိတ်ပိုင်းတစ်ခုဖြင့် ပစ်ပေါက်လိုက်၏။ သို့သော် ထိုအရိုးသည်ကောင်လေး၏ ခေါင်းနှင့်ထိလိုက်သည့်အချိန်တွင် အရိုးမှုန်များအဖြစ်သို့ပြောင်းလဲသွား၏၊ တစ်ဖက်တွင် အာသာဟုအမည်ရသည့်ကောင်လေးသည် စင်ဒီအား သူ၏ ကြီးမားကာ ချစ်စရာကောင်းသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
"ဟဟ..." မှော်မင်းသမီးစင်ဒီသည် ရယ်မောလိုက်သည်။ ထို့နောက်တွင် သူမ၏ ပါးစပ်ကို လက်ဖြင့်ကာကာ ပြောလိုက်၏။ "ကလေးလေး မင်းကအတော်လေး သေးပါသေးတယ်...."
ဤသည်ကိုကြားသည့်အချိန်တွင် အာသာသည် ချက်ချင်းပင် စိတ်ပျက်သွားတော့သည်။ သူ၏အရှေ့တွင်ရှိနေသည့် အသားကင်ကို ကိုက်စားလိုက်ပြီး အသတ်လတ်ပိုင်းအရွယ်လူကို ဒေါသဖြစ်စွာဖြင့်ပြောလိုက်သည်။ "ခင်ဗျားကြောင့်ပဲ ခွေးသားကြီး ခင်ဗျးကအတော် ယုတ်မာတဲ့လူ ဘာလို့ ကျွန်တော့ကို ဒီလို ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေးခဲ့တာလဲ...."
"ခွေးသားလေး ငါမှတ်မိသလောက်ဆိုရင် မင်းက ဒီခန္ဓာကိုယ်ကိုအတော်လေးသဘောကျနေခဲ့တာလေ။ မင်းပါမင်း ပြန်စဥ်းစားကြည့် မင်းဒီလို ချစ်စရာကလေးတစ်ယောက်ပုံကို အသုံးချပြီးတော့ အမျိုးသမီးဘယ်လောက်ယောက်လောက်စီက အခွင့်ရေးယူခဲ့ရပြီးပြီလဲ။ အဲ့အမျိုးသမီးတွေက မင်းကိုချစ်စရာကောင်းတယ်ဆိုပြီး အမြဲဖက်နေကြတာလေ....." အသတ်လတ်ပိုင်းအရွယ်လူသည် ပြန်လည်တုန့်ပြန်ကာ ပြောကြားလိုက်၏။
"ထွီ အဲ့တာလဲ ခင်ဗျားအကြံရဲ့တစ်စိတ်တပိုင်းပဲ။ ဒီကလေးခန္ဓာကိုယ်နဲ့ မိန်းကလေးတွေကို ဘာလုပ်လို့ရမှာလဲ..." ကောင်လေးသည် ဒေါသဖြစ်စွာဖြင့် ပြန်ပြောလိုက်သည်။
မှော်မင်းသမီးစင်ဒီသည် သူမ၏ခေါင်းကိုခါရမ်းကာ ထိုလူနှစ်ယောက်ကို ပြုံးကြည့်နေ၏။ သူမသည် ယခင်ကလောက်ထိတ်လန့်ခြင်းမရှိတော့ပေ။ ဤလူနှစ်ယောက်သည် ထူးဆန်းကာစွမ်းအားမြင့်မားကြသော်လည်း မကောင်းသည့်လူများဖြစ်သည့်ပုံမပေါက်ချေ။ သူတို့သည်တစ်ယောက်နှင့်တစ်ယောက်အမြဲလိုလိုရန်ဖြစ်နေလျှက်ရှိကြသော်လည်း အတော်လေးခိုင်မြဲသည့် ဆက်ဆံရေးတစ်ခုရှိသည်ကို သူမအာရုံခံမိနေ၏။
သို့သော် အသတ်လတ်ပိုင်းအရွယ်မှော်ဆရာပြောလိုက်သည့်အရာသည် သူမအား ရှက်ရွံ့သွားစေ၏။
သူမသည် အာသာဟုအမည်ရသည့်ကောင်လေးကို စတင်တွေ့မိသည့်အချိန်က သူ့အား ဖက်ကာ ပါးများကိုဖျစ်ညှစ်လိုနေခဲ့သည်။ ထိုကောင်လေးသည် အလွန်ပင်ချစ်စရာကောင်းနေသည့်အတွက်ပင်။ ဤကောင်းလေ၏ ကြီးမားကာ တောက်ပသည့် မျက်လုံးလေးများသည် အပြစ်ကင်းစင်သည့်ပုံပေါက်နေသည့်အတွက်ကြောင့် ကလေးချစ်တတ်သည့် အမျိုးသမီးများခုခံနိုင်ရန်မှာခဲယဥ်းလွန်းလှသည်။
"ဒါပေမယ့် ဒီလိုချစ်စရာကောင်းတဲ့ မျက်နှာလေးရဲ့နောက်ကွယ်မှာ ညစ်ပတ်တဲ့အတွေးတွေရှိနေတာပဲ...." စင်ဒီတွေးလိုက်မိသည်။ သူမသည် ပါးစပ်အဟောင်းသားဖြစ်သွားရ၏။
သို့သော် ထိုလူနှစ်ယောက်သည် ရိုးသားပွင့်လင်းသည့်အတွက်ကြောင့် အတော်တန်အားကျလိုက်မိသည်။ သူတို့သနှဏ်ယောက်သည်ချမ်းဘော့ဒ်ဘုရင်ကဲ့သို့ပင် သူတို့၏ စိတ်ထဲတွင်ရှိနေသည့် အရာမှန်သမျှကို ပြောတတ်သည့်အတွက်ကြောင့်ပင်။ သို့သော် သူမကဲ့သို့သော တာ၀န်ပေါင်းများစွာကို ပခုံးပေါ်တွင် ထမ်းဆောင်ထားရသည့် မင်းသမီးတစ်ပါးသည် ဤကဲ့သို့ ရိုးသားပွင့်လင်းနိုင်လိမ့်မည်မဟုတ်ပေ။
"ဟီးဟီး ကောင်မလေး...နင်င့ါကို မပြောရင်တောင်မှ ဒီမြို့ထဲမှာ လျို့၀ှက်လမ်းကြောင်းတစ်ခုရှိနေမယ်ဆိုတာကို ငါရိပ်မိပြီးပါပြီ။ အဲ့လမ်းကနေ နင်တို့တွေဒီမြို့ထဲကို၀င်ရောက်နိုင်ခဲ့တာလဲ..." အသတ်လတ်ပိုင်းအရွယ်မှော်ဆရာသည် ရုတ်တရက်ပြုံးလိုက်ပြီး စင်ဒီအား ပြောလိုက်၏။ ဤအခိုက်တန့်တွင် မှော်ဆရာနှင့်ကောင်လေးတို့၏ စကားများရန်ဖြစ်နေခြင်းမှာ ရပ်တန့်သွားပြီဖြစ်သည်။
အမှန်ပင်ကျန်ရှိနေသည့် ဖြစ်နိုင်ချေတစ်ခုမှာ ဇီးနစ်အင်ပါယာမှစစ်သည်များသည် ဤနေရာသို့ တယ်လီပေါ့တ်မှော်ပညာဖြင့် ၀င်ရောက်လာခဲ့ကြခြင်းပင်။ သို့သော် အသတ်လတ်ပိုင်းအရွယ်မှော်ဆရာသည် မြို့ထဲတွင်မှော်စွမ်းအင်အရှိန်၀ါများကိုလည်း အာရုံခံနိုင်ခြင်းမရှိပေ။ တယ်လီပေါ့တ်ပြုလုပ်နိုင်သည့် အာကာသမှော်ပညာသည်လည်း ထူးခြားကာ တန်ဖိုးကြီးမှားလှသည်။ ဇီးနစ်ကဲ့သို့သော လယ်ဗယ်၁အင်ပါယာတစ်ခုပိုင်ဆိုင်ထားနိုင်သည့် မှော်ပညာမဟုတ်ပေ။