အခန်း (၅၆၀)
Vol. 35 Ch. 560
"အလံနှစ်စုံမြို့တော်ရဲ့ ခံတပ်နံရံတွေက ငါထင်ထးသလို ကြံ့ခိုင်နေတာပဲ။ အဲ့တာက နှင်းတောင်သိုင်းဆရာရဲ့ ဒေါသဖြစ်နေတဲ့ လက်ဖ၀ါးသိုင်းကွက်ကိုတောင် ကြံ့ကြံ့ခံနိုင်တယ်။ ဒါပေမယ့် အညိုရောင်မီးတောက်တွေနဲ့ တောက်ပလာတဲ့ မှော်သင်္ကေတတွေကတော့ အတော်လေး လျို့၀ှက်ဆန်းကျယ်ပြီးတော့စွမ်းအားမြင့်မားနေတယ်။" ဖှေးသည် မြိုတော်နှင့် ၂.၅ကီလိုမီတာခန့်၀ေးသည့် သဲတောင်ကုန်းတစ်ခုပေါ်တွင်ရပ်နေရင်းဖြင့် တွေးလိုက်မိသည်။
ဖှေးသည် မြို့တော်ထဲသို့ ပြန်သွားခဲ့ခြင်းမရှိပေ။ ထိုအစားသူသည် ဂျက်အင်ပါယာခံစစ်၏အပြင်ဘက်သို့သွားခဲ့သည်။
သူသည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်လာသည့်အချိန်တွင်များစွာပို၍ စွမ်းအားမြင့်မားလာခဲ့သော်လည်း နှင်းတောင်သိုင်းဆရာထက်များစွာပို၍ အားနည်းနေဆဲပင်။ အကယ်၍ တိုက်ပွဲသည် အချိန်ကြာမြင့်လာပါက ဖှေးသည် အရေးနိမ့်လာမည်ဖြစ်သည်။ ထို့အပြင် ဖှေးသည် အန်ဂျယ်လာနှ့င် အယ်လီနာတို့နှစ်ယောက်လုံးကို သတိမေ့သွားအောင်ပြုလုပ်ခဲ့သည့် ထိုလူကိုလည်းသတ်ဖြတ်ရန်စီစဥ်ထားခဲ့ခြင်းမရှီပေ။ ထိုအစားသူသည် မြေအောက်ပင်လယ်နှင့်ပတ်သက်သည့်အချက်လက်တစ်ချို့ကို ရရှိလိုခြင်းနှင့် သူ့အား လုံလောက်သည့်ဖိအားပေးနိုင်သည့် ပြိုင်ဘက်တစ်ယောက်နင့်တိုက်ခိုက်ကြည့်လိုသည့်အတွက် နှင်းတောင်သိုင်းဆရာကို သွားရောက်ရန်စတိုက်ခိုက်ခဲ့ခြင်းပင်။
ဂျက်အင်ပါယာမှ စစ်သည်များ၊ ခေါင်းဆောင်များ၏အရှေ့တွင် နှင်းတောင်သိုင်းဆရာ၏ ဖင်ကို ရိုက်နှက်ရန်မှာလည်း ဖှေး၏ ရည်ရွယ်ချက်များထဲမှတစ်ခုပင်။ သူ၏ရန်သူများ၏ စိတ်ဓာတ်ကို သူမျှော်လင့်ထားသလိုပင် ကျဆင်းသွားစေခဲ့သည်။
သိုင်းကွက်သုံးကွက်နှင့် ခနတာခန့်တိုက်ခိုက်ပြီးသည့်အချိန်တွင် သူလိုချင်သည့်အရာအားလုံးကို ရရှိသွားခဲ့သဖြင့် ဤမစ်ရှင်သည် သူ့အတွက် အောင်နိုင်ခြင်းတစ်ခုပင်။
ထို့နောက်တွင် ဖှေးသည် ရှေးမြို့ဟောင်းထံသို့ လျှင်မြန်စွာပြေးသွားလိုက်၏။
၀ံပုလွေစွယ်တပ်ဖွဲ့မှ စစ်သည်သုံးသောင်းနှင့် အစာရိက္ခာအများုသည် ထိုမြို့စဟောင်းထဲတွင်ရှိနေကြသည်။ မှော်မင်းသမီးစင်ဒီနှင့် ငွေရောင်ချပ်၀တ်ဓားသွားတို့သည် မြို့တော်အား စောင့်ကြပ်နေကြသည်ဆိုသော်လည်း ဖှေးသည် ကိုယ်တိုင်သွားကြည့်လိုသည့်အတွက်ပင်။ ဤမြို့တော်တွင် လူမနေထိုင်သည်မှာ နှစ်ပေါင်းရာနှင့်ချီပြီလဲဖြစ်သောကြောင့် ပုန်းအောင်းနေသည့် အန္တရာယ်များရှိလိမ့်မည်ကို စိုးရိမ်သည့်အတွက်ပင်။
ယခုအချိန်တွင် လအဆင့်စစ်သည်တစ်ယောက်ဖြစ်နေသည့် ဖှေးသည်အလွန်ပင်မြန်ဆန်လှသည်။ သူသည် လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ပင်။ စက္ကန့်အနည်းငယ်ကြာသွားပြီးချိန်တွင် မြို့ဟောင်းကို မျက်လုံးထဲတွင် မြင်နေရပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကောင်ကြီးတစ်ကောင်ကဲ့သို့ပင် မြို့ပျက်ကြီးသည် တိတ်ဆိတ်နေသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။
မြို့ဟောင်းသို့ သွားရောက်နေသည့်လမ်းတွင် ဖှေးသည် အဆင့်တက်ပြီးတော့ သူ၏ခန္ဓာကိုယ်ထဲတွင်ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကို လေ့လာကြည့်နေလျှက်ရှိသည်။
သူ့အား ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူခါဆစ်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သည့်အတွက် အခြေခံအုတ်မြစ်ကောင်းကောင်းရှိကာ သူ၏အစွမ်းများကို နတ်ဘုဦးတစ်ပါးကဲ့သို့ပင် ပြည့်စုံစွာထိန်းချုပ်နိုင်သည်။ သိုင်းဆရာအများစုသည် လအဆင့်သို့ရောက်ခါစအချိန်တွင် သူတို့၏ စွမ်းအားများကို ထိန်းချုပ်နိုင်ရန်အတွက် ခက်ခဲသလိုခံစားရသည်။ သို့သော် ဤသည်မှာ ဖှေးအတွက် ပြသနာမဟုတ်လှပေ။ ဤကဲ့သို့ ကြီးမားလှသည့်စွမ်းအားများနှင့် လျှင်မြန်စွာပင် ကျင့်သားရလာ၏။
ဤအခိုက်တန့်တွင် မီတာ၂၀ခန့်ရှည်လျားသည့် ငွေရောင်အတောင်ပံတစ်စုံသည် ဖှေး၏ကြောပြင်ပေါ်တွင်ရှိနေလျှက်ရှိသည်။ ဖှေးသည် သူ၏ နောက်လိုက်များကို အပေါ်စီးမှ ကြည့်ရှုနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ အကယ်၍ တစ်စုံတစ်ယောက်သည်သာ ဤအတောင်ပံများကို သေချာကြည့်လိုက်ပါက အတောင်ပံများသည် အတွင်းအားများဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း အလွန်အသက်၀င်လှသည်ကို သတိထားလိုက်မိမည်ဖြစ်သည်။ ဖှေးသည် သူ၏ စွမ်းအားအသစ်များကိုကျွမ်းကျွမ်းကျင်ကျင်ထိန်းချုပ်နိုင်သည့်အတွက် စိတ်ကြိက် မြန်ဆန်နှေးကွေးစွာသွားလာလှုပ်ရှားနိုင်၏။
ဤသည်မှာ လအဆင့်သိုင်းဆရာတစ်ယောက်၏ လျို့၀ှက်သိုင်းကွက်များထဲမှ တစ်ခုပင်။
လအဆင့်စစ်သည်များသည် သူတို့၏ စွမ်းအင်များကို လိုသလိုထိန်းချုပ်နိုင်သွားသည့်အတွက် စွမ်းအင်များဖြင့် အတောင်ပံတစ်ခုဖန်တီးခြင်းသည် အသုံးပြုနည်းတစ်ခုပင်။ ထို့အပြင် အတွင်းအားစွမ်းအင်ကိုသာအသုံးပြု၍ လက်နက်များ၊ ချပ်၀တ်များကိုလည်း ဖန်တီးနိုင်ကြသည်။ အမြင့်ဆုံးအဆင့်လအဆင့်စစ်သည်များဆိုလျှင် နန်းတော်များ၊ မြို့ကြီးများကိုပင်အတွင်းအားစွမ်းအင်ကိုအသုံးပြု၍ ဖန်တီးနိုင်သည်ဟု ဆိုကြသည်။ အတွင်းအားစွမ်းအင်ကို အသုံးပြု၍ ဖန်တီးနိုင်ချေများမှာအကန့်သက်မဲ့လှသည်။
ကျောပေါ်တွင်အတောင်ပံတစ်စုံရှိနေသည့်အတွက် ဖှေးသည် ကောင်းကင်ပေါ်တွင်ပျံသန်းရင်းဖြင့် လွတ်လပ်မှုတို့ကို ခံစားနေရ၏။ သူသည် မြို့ဟောင်းအပြင်ဘက်မှ အနီရောင်သဲနွံအိုင်သို့ လျှင်မြန်စွာပင်ရောက်ရှိသွားတော့သည်။
ဘုရင်သည် အနီရောင်သဲနွံအိုင်ကိုကြည့်ရင်းဖြင့် တစ်စုံတစ်ခုကိုစဥ်းစားလိုက်မိသည်။ မကြာမှီတွင် သူ၏၀ိဉာဥ်စွမ်းအားများသည် အပြင်သို့ ပြန့်နှံ့လာကာ အနီရောင်သဲနွံအိုင်တွင်းသို့ ဆင်းသက်သွားတော့၏။
နောက်အခိုက်တန့်တွင် သူသည် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို သူ၏ ၀ိဉာဥ်စွမ်းအားဖြင့် မြင်တွေ့လိုက်ရသည်။
ဤသဲနွံအိုင်ထဲတွင် ရာနှင့်ချီနေသည့် ကန္တာရပုရွတ်စိတ်ကြီးများသွားလာနေသည့်အတွက်ပင်။ ပုရွတ်စိတ်အရေတွက်တစ်ခုတည်းကပင် ဖှေးအား ကျက်သီးထစေလျှက်ရှိသည်။ သာမန်ပုရွတ်စိတ်များပင် အရေတွက်လုံလုံလောက်လောက်ရှိပါက ဆင်တစ်ကောင်ကိုပင် အရှင်လတ်လတ်စားသုံးနိုင်ကြသည်။ ဤပုရွတ်ဆိတ်ကြီးများသည် သံမဏိသတ္တုကိုပါ ကိုက်ဖြတ်စားသောက်နိုင်သည့် ပုရွတ်ဆိတ်များပင်။ အကယ်၍ ဤပုရွတ်စိတ်များသာ သဲနွံအိုင်ထဲမှ ထွက်ခွာလာပြီး လူသားများကို လိုက်လံတိုက်ခိုက်ပါက မည်သည့်စစ်တပ်မှ သူတို့အား တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
"ဒီ ပုရွတ်ဆိတ်တွေက နတ်ဆိုးသားရဲတွေမဟုတ်တာရယ်၊ နတ်ဆိုးသားရဲတွေလို မြင့်မားတဲ့အသိဉာဏ်တွေမရှိတာရယ်က ကံကောင်းတယ်ပြောရမယ်။ ဒီကောင်တွေ သဲနွံအိုင်ထဲက မထွက်နိုင်တာကလည်း ကံကောင်းခြင်းတစ်မျိုးပဲ နို့မို့ဆိုရင် ဂျက်အင်ပါယာနဲ့ ဇီးနစ်အင်ပါယာကို ကောင်းကောင်းကြီး ဒုက္ခပေးလိမ့်မယ်...အန္တရာယ်ရှိတယ် ဒါက ဘာလဲ..."
ဖှေးသည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး ချက်ချင်းပင် ကောင်းကင်ပေါ်သို့ မြင့်မားစွာပျံတက်သွား၏။
သဲနွံအိုင်၏ တစ်ရာမီတာခန့်နက်ရှိုင်းသည့်နေရာတွင် ရန်လိုကာ ပင်လယ်ပြင်ကဲ့သို့ပင် ကျယ်ပြန့်သော နောက်ထပ်၀ိဉာဥ်စွမ်းအားတစ်ခုကိုအာရုံခံလိုက်မိသည့်အတွက်ပင်။ ထိုစွမ်းအင်သည်လည်း သတိထားမိသွားသည့်အတိုင်းပင် ဖှေး၏ ၀ိဉာဥ်စွမ်းအင်များကို ရက်စက်ကြမ်းကြုတ်စွာဖြင့် စတင်တိုက်ခိုက်တော့မသည်။ ဖှေး၏ ၀ိဉာဥ်စွမ်းအားများ အ၀ေးသို့လွှင့်ကာ ပျက်ဆီးဿွား၏။ ဖှေး၏ မျက်နှာသည်လည်း ချက်ချင်းပင်ဖြူဖက်ဖြူယောဖြစ်သွားသည်။ ထိုစက္ကန့်ပိုင်းမျှအချိန်ထဲတွင် ဖှေးမူး၀ေသွားကာ သဲနွံအိုင်ထဲသို့ ပြုတ်ကျတော့မလိုပင်ဖြစ်သွား၏။
"အတော်လေးကြောက်စရာကောင်းတဲ့ ၀ိဉာဥ်စွမ်းအားပဲ။ ဒီသဲနွံအိုင်ရဲ့ နက်ရှိုင်းတဲ့နေရာမှာ ပိုပြီးတော့တောင်ကြီးမားတဲ့ လျို့၀ှက်ချက်တစ်ခုရှိနေတာလား။"
ဖှေးသည် ဘယ်တုန်းကမှ ဤမျှ ထိတ်လန့်ခဲ့ဖူးခြင်းမရှိပေ။
သူဘယ်တုန်းအမှ ဤကဲ့သို့အားကောင်းသည့် ၀ိဉာဥ်စွမ်းအားကိုလည်း အာရုံခံခဲ့ခူးခြင်းမရှိပေ။ နှင်းတောင်သိုင်းဆရာကဲ့သို့သော သိုင်းဆရာများကပင် ၀ိဉာဥ်စွမ်းအားကျင့်စဥ်ကို အာရုံစိုက်ကျင့်ကြံလေ့မရှိသည့်အတွက် ဖှေး၏မျက်လုံးထဲတွင် အားနည်းနေ၏။ သို့သော် ဖှေးသည် ခရမ်းရောင်စာအုပ်ထဲတွင်ပါရှိသည့် ၀ိဉာဥ်စွမ်းအားကျင့်စဥ်များကိုအသုံးပြုကာ ထိထိရောက်ရောက်ကျင့်ကြံနိုင်ခဲ့သည်။ ဤအချိန်ထိ ၀ိဉာဥ်စွမ်းအားသည် ဖှေးအတွက် ၀ှက်ဖဲတစ်ခုပင်။
သို့သော် သူသည် ယနေ့တွင် သူ့ထက်အဆင့်များစွာပို၍ မြင့်မားနေသည့်၀ိဉာဥ်စွမ်းအားတစ်ခုကို အာရုံခံလိုက်မိခြင်းပင်။ ဖှေး၏ ၀ိဉာဥ်စွမ်းအားသည် ထိုစွမ်းအားနှင့် ထိတွေ့လိုက်မိသည့်အချိန်တွင် ပင်လယ်ပြင်ကဲ့သို့ပင် ကျယ်ပြန့်သည်ကိုသတိထားလိုက်မိ၏။ သူ၏ ၀ိဉာဥ်စွမ်းအားသည် သဲမှုန်လေးတစ်မှုန်ကဲ့သို့ပင်ဖြစ်သွား၏။ သူ၏ ၀ိဉာဥ်စွမ်းအားကို အချိန်မှီအမြန်ပြန်လည်၍ ရုတ်သိမ်းလိုက်သည်မှာ ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက ပြင်းထန်စွာပင် ဒဏ်ရာရရှိသွားနိုင်သည်။
ဖှေး၏ ၀ိဉာဥ်စွမ်းအားသည် ထိုစွမ်းအင်နှင့် ဆယ်မိနစ်ခန့်သာ ထိတွေ့လိုက်ရသော်လည်း လယ်ဗယ်ဆယ်ခုလျှော့ကျသွား၏။
"အဲ့ ၀ိဉာဥ်စွမ်းအားက တစ်ခြား၀ိဉာဥ်စွမ်းအားတွေကို ၀ါးမျိုစားသောက်နိုင်တာပဲ...."
ဖှေးသည် အရှိန်မြင့်ကာ အနီရောင်သဲနွံအိုင်ပေါ်မှ ဖြတ်ကျော်ပျံသန်းရင်းဖြင့် စဥ်စားလိုက်မိသည်။ သူသည် သဲနွံအိုင်၏ အောက်တွင်ရှိနေသည့် အရာကို ဆက်လက်၍ စုံစမ်းရဲခြင်းမရှိတော့ပေ။
"ဘယ်သူလဲကွ နေရာမှာတင်ရပ်လိုက်...." ခံတပ်နံရံပေါ်မှ အော်ဟစ်သံတစ်ချို့ထွက်ပေါ်လာပြီး စစ်သည်တပ်ဖွဲ့တစ်ခုသည် ဖှေးထံသို့ လျှင်မြန်စွာပင် ပြေးလာသည်။ ဤတပ်ဖွဲ့ကို ဦးဆောင်သည့်စစ်သည်သည် သားနားသည့်ငွေရောင်ချပ်၀တ်တစ်စုံကို၀တ်ဆင်ထားကာ အတော်တန်ခန့်ညားသည့်လူတစ်ယောက်ပင်။ ထိုလူသည် ငွေရောင်ချပ်၀တ်ဓားသွား ရီရဲမှလွဲ၍ တစ်ခြားလူမဖြစ်နိုင်ပေ။
"မစိုးရိမ်ပါနဲ့ ငါပါကွ..." ဖှေး သူ၏ငွေရောင်အတောင်ပံများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ခံတပ်နံရံပေါ်တွင်ဆင်းသက်လိုက်၏။