← Chapters

“အောက်လမ်းအစွမ်းက အားနည်းလွန်းနေတယ်”

Vol. 36 Ch. 562

“အောက်လမ်းအစွမ်းက အားနည်းလွန်းနေတယ်”

Vol. 36 Ch. 562

“ဟီးဟီး ရှင်ကအဲ့လိုပြောမှတော့ အဲ့လိုပဲနေမှာပေါ့...” စင်ဒီသည် သူမ၏ ဆံပင်ရှည်များကိုပြင်လိုက်ပြီး အချက်လက်တစ်စုံတစ်ရာကို ပြောကြားခြင်းမရှိပေ။

အသတ်လက်ပိုင်းအရွယ်လူသည် ရယ်မောကာပြောလိုက်သည်။ “ဟားဟား ကောင်မလေး။ နင်င့ါကို မပြောချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ငါလည်း အဲ့ကိစ္စတွေမှာ စိတ်မ၀င်စားဘူး။ ဒါပေမယ့် နင်က မှော်ပညာမှာ အတော်လေးပါရမီရှိတယ်ဆိုတာ နင့်ခန္ဓာကိုယ်တစ်၀ိုက်မှာရှိနေတဲ့မှော် ဓာတွေကို ကြည့်ရုံနဲ့ သိသာပါတယ်။နင်ရဲ့ခန္ဓာကိုယ်ကလည်း သဘာ၀အလျှောက်ဓာတ်ဂုဏ်သတ္တိတွေနဲ့ရင်းနှီးနေတာပဲ။ နင်င့ါတပည့်လုပ်မလား...”

“ဖွီးး...” အာသာသည် သူ၏ပါးစပ်ထဲတွင်၀ါးနေသည့်အသားစတစ်ခုကို ထွေးထုတ်ကာအော်ဟစ်လိုက်သည်။ “အဖိုးကြီး ခင်ဗျားတကယ်ပြောနေတာလား။ ခင်ဗျားတပည့်လက်မခံတာ နှစ်ပေါင်းရာချီနေပြီလေ။ ခင်ဗျားမေ့သွားပြီလား ခင်ဗျားရဲ့ ရွံစရာကောင်းတဲ့ တပည့်ကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော်တို့ဒီအခြေအနေမှာရောက်နေမှာမဟုတ်ဘူး...”

သို့သော် အသတ်လတ်ပိုင်းအရွယ်မှော်ဆရာသည် အာသာကို လျစ်လျူရှုကာ စင်ဒီ၏ တုန့်ပြန်မှုကိုသာ စိတ်ရှည်လက်ရှည်ဖြင့် စောင့်စားနေ၏။

“တော်ပြီ...” စင်ဒီသည် သူမ၏ခေါင်းကို ခါရမ်း၍ ငြင်းဆန်လိုက်သည်။ “ရိုင်းသလိုဖြစ်သွားရင်တော့ ခွင့်လွှတ်ပါ ကျွန်မမှာ ဆရာရှိပြီးသား...”

“ဒီလောက်မြန်မြန်ဆုံးဖြတ်ဖို့မလိုပါဘူး ကောင်မလေး။ နင်သေချာစဥ်းစားကြည့်သင့်တယ်။ င့ါတပည့်ဖြစ်ချင်တဲ့လူတွေ ဒီကမ္ဘာပေါ်မှာ အများကြီးနော်။ နင်သာ ဒီအခွင့်ရေးကို လက်လွှတ်ခံလိုက်မယ်ဆိုရင် နောက်တစ်ခါပြန်ပြီးတော့ ရနိုင်တော့မှာမဟုတ်ဘူး....” လူလတ်ပိုင်းအရွယ်မှော်ဆရာသည် ရိုးသားပွင့်လင်းစွာပင် ပြောလိုက်၏။

“ဟားဟား အဖိုး ခေါင်းဆောင်စင်ဒီက ခင်ဗျားတပည့်မဖြစ်ချင်ဘူးတဲ့။ သူမကို ဆက်ပြီးတော့ ဖျောင်းဖျမနေပါနဲ့တော့...” ရယ်မောသံနှင့် ခြေသံများကို နန်းတော်၏ အပြင်ဘက်မှ ကြားလိုက်ရပြီး နန်းတော်အား စောင့်ရှောက်နေကြသည့် စစ်သည်များသည် လမ်းလျှောက်၀င်လာသည့် အပြာရောင်၀တ်ရုံနှင့်လူငယ်လေးတစ်ယောက်၏ ရှေ့တွင် ဒူးထောက်လိုက်ကြ၏။

“အရှင် ရောက်လာပြီလား မစ်စတာ အလတ်ဇန္ဒား....” စင်ဒီသည်ဖှေးအား ဤနေရာတွင် မြင်လိုက်ရသည့်အတွက် ပျော်ရွှင်သွား၏။ သူမသည် အံ့သြစွာဖြင့် မက်တပ်ထရပ်လိုက်ပြီး တစ်စုံတစ်ခုကို ပြောလိုနေသည့်ပုံပင်။ သို့သော် သူမသည် နောက်ဆုံးတွင်ပြောခဲ့ခြင်းမရှိပေ။

“အင်း ခေါင်းဆောင်စင်ဒီ။ နင့်အတွက်အတော်လေးခက်ခဲခဲ့မှာပဲ။ ပြန်ပြီးတော့ ရေမိုးချိုးအနားယူလိုက်ဦးလေ...” ဖှေးပြောလိုက်၏။

မင်းသမီးစင်ဒီသည် စွမ်းအားကြီးမားသော်လည်း မှော်ဆရာတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်မာခြင်းမရှိပေ။ သူမသည် ခရီးရှည်ကြာစွာထွက်လာခဲ့ရသည့်အတွက်ကြောင့် ပင်ပန်းနေလိမ့်မည်ဖြစ်သောကြောင့်ပင်။

စစ်မြေပြင်ခေါင်းဆောင်သည် သူမအတွက်စိုးရိမ်ပေးနေသည်ကိုတွေ့လိုက်ရသည့်အတွက် မှော်မင်းသမီးစင်ဒီပီတိဖြစ်သွား၏၊ သို့သော် နန်းတော်ထဲတွင်ရှိနေသည့် လျို့၀ှက်ဆန်းကျယ်သည့်လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။ “ဆာ ကျွန်မမသွားသင့်သေးဘူးထင်တယ်....”

“မစိုးရိမ်ပါနဲ့ ငါဘာလုပ်နေလဲဆိုတာသိပါတယ်။ နင်ထွက်သွားရင် စစ်သည်တွေကို အနောက်ကို မီတာ၅၀၀လောက်ဆုတ်ခွာပြီးတော့ နေရာတစ်ခုလုံးကို ဘယ်သူမ ၀င်မလာအောင်ကာကွယ်ပေးထားဖို့ပြောလိုက်...” ဖှေးသည် အပြုံးတစ်ခုနှင့်အတူပြောလိုက်၏။

ဖှေး၍ ယုံကြည်ချက်ရှိသည့်အမူယာကြောင့် စင်ဒီစိတ်အေးသွားသည်။ သူမထွက်မသွားခင်ပြောလိုက်၏။ “ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါ....”

“မင်းကအလတ်ဇန္ဒားလား။ မနေ့ညတုန်းက ဖြစ်စဥ်ကို မင်းဖန်တီးခဲ့တာမလား....” လူလတ်ပိုင်းအရွယ်မှော်ဆရာသည်ဖှေးအား ခြေဆုံးခေါင်းဆုံးကြည့်ကာ မေးလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေ၏။ သူသည် ဖှေး၏ စွမ်းအားအစစ်မှန်ကို အာရုံခံလိုက်မိပြီးသည့်တိုင်အောင် စိုးရိမ်ခြင်းမရှိသေးပေ။

“ဟုတ်တယ်အဲ့တာ ကျွန်တော်ပဲ....” ဖှေးသည်လည်း မည်သည့်အရာကိုမှ လျို့၀ှက်ထားခြင်းမရှိပေ။ သူပြန်ဖြေလိုက်ပြီးသည့်နောက်တွင် သူ၏ ထားသိုရာအကန့်အတွင်းမှ ဓားငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး စင်ဒီပြင်ဆင်ထားသည့် အသားကင်ထံသို့ လမ်းလျှောက်သွားလိုက်ကာ စားသောက်တော့သည်။ အခိုက်တန့်တစ်ခုကြာသည့်အချိန်တွင် သူမေးလိုက်၏။ “ခင်ဗျားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တိုက်တစ်ခုလုံးကိုလွှမ်းမိုးခဲ့တဲ့ အောက်လမ်းဆရာ ဟေဇယ်-ဘန့်ခ်ဖြစ်မယ်ထင်တယ် ဟုတ်တယ်မလား...”

သူထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် နန်းတော်ထဲတွင်ရှိနေသည့်အခြေအနေသည် ချက်ချင်းပင်တင်းမာသွားတော့၏။

အလွန်တိတ်ဆိတ်နေလေရာ အပ်ကျသံကိုပင် ကြားနိုင်လောက်၏။

အသတ်လတ်ပိုင်းအရွယ်မှော်ဆရာ၏မျက်လုံးများထဲမှ အလင်းတန်းနှစ်ခုထွက်လာပြီး သူ၏အရှိန်၀ါသည်လည်းစတင်၍ ကျယ်ပြန့်လာတော့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် ဖှေး၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာနေသည့်တောင်ကြီးတစ်လုံးကဲ့သို့ပင် ခံစားလာရတော့သည်။ သူ၏ဘေးတွင်ရှိနေသည့် အာသာသည်လည်း အနည်းငယ်ပြောင်းလဲသွား၏။ အာသာ၏မျက်လုံးများသည် တွင်းနက်ကြီးတစ်ခုကဲ့သို့ပင် မဲနက်လာတော့၏။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့်အမှောင်ထုများသည် နန်းတော်ထဲတွင်ရှိနေသည့် မီးပုံကိုပင် မှောင်မဲသွားစေသည်။

သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြသည်။ ပွတ်တိုက်မှုများကြောင့် လေထုထဲတွင် မီးပွားစများဖြစ်ပေါ်လာတော့မည့်အတိုင်းပင်။ ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားတော့မည့်တိုင်းပင်။

သို့သော် ဖှေးသည် ဤအခြေအနေကိုလုံး၀ပင်လျစ်လျှူရှုလိုက်၏။

သူသည် အရသာရှိသည့် အသားကင်ကိုဆက်လက်စားသုံးနေလျှက်ရှိပြီး သူ၏ထားသိုရာအကန့်အတွင်းမှ ၀ိုင်ပုလင်းတစ်လုံးကို ထုတ်ယူကာ မော့သောက်လိုက်၏။ ၀ိုင်နံ့သည် ချက်ချင်းပင်နန်းတော်ဆောင်တစ်ခုလုံးတွင် ပြန့်နှံ့သွားတော့၏။

“ဟမ် ၀ိုင်ကောင်းတစ်လုံးပဲ....” လူလတ်ပိုင်းအရွယ်မှော်ဆရာသည် ချီးကျူးလိုက်မိ၏။

ဤလူသည် သူ၏ဘ၀တွင် ကောင်းမွန်သည့်၀ိုင်များစွာသောက်သုံးဖူးလေရာ ဖှေးသောက်သုံးနေသည့် ၀ိုင်သည်သူ့အတွက် အကောင်းဆုံးမဟုတ်သေးပေ။ သို့သော် သူသည် လက်ရှိအခြေတွင် ထွက်ပြေးနေခဲ့ရသည့်အတွက် ၀ိုင်ကောင်းကောင်းမသောက်ရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်၏။

အာသာသည်လည်း ပုံမှန်ပုံသဏာန်သို့ပြန်ပြောင်းသွားပြီး ၀ိုင်နံ့ကိုလောဘတကြီးလိုက်လံရှူရှိုက်နေ၏။

“ဟားဟား....” ဖှေးသည် ၀ိုင်နှစ်လုံးကို ထက်မံ၍ ထုတ်ယူလိုက်ပြီး သူ၏လက်များကို ၀ှေ့ရမ်းကာ ထိုလူနှစ်ယောက်ထံသို့ ပစ်ပေးလိုက်၏။

“ဟားဟား ကျေးဇူးအများကြီးပါ....” လူလတ်ပိုင်းမှော်ဆရာသည် ၀ိုင်ပုလင်းကို ချက်ချင်းပင် လှမ်းယူကာ မော့သောက်လိုက်၏။ သူသည် ပုလင်းတစ်၀က်ခန့်သောက်ပြီးသည့်အချိန်မှသာ ရပ်တန့်လိုက်သည်။ ထို့နောက်တွင် သူ၏မုတ်ဆိတ်များကို သုတ်လိုက်ပြီး ပြန်ပြောလိုက်၏။ “ဟုတ်တယ် ငါက ဟေဇယ်-ဘန့်ခ်ပဲ။ ငါ့အနားမှာရှိနေတဲ့အရာမှန်သမျှကို မကောင်းဆိုး၀ါးတွေအဖြစ်ပြောင်းလဲနိုင်တဲ့ အောက်လမ်းဆရာပဲ...”

သူ၏ဘေးတွင် အာသာသည်လည်း ၀ိုင်ပုလင်းတစ်လုံးကို ကိုင်ကာ မော့သောက်နေ၏။ အင်္ကျီများကိုပင် ၀ိုင်တစ်ချို့စွန်းထင်းကုန်သည်။

ဤကဲ့သို့ရိုးသားပွင့်လင်းသည့်အပြုမူကြောင့် ဖှေးသူတို့နှစ်ယောက်ကို အနည်းငယ်သဘောကျမိသွားသည်။

“ဘာလို့လဲ ကျွန်တော်အဲ့ထဲမှာ အဆိပ်ခပ်ထားမှာကို ခင်ဗျားတို့မကြောက်ကြဘူးလား....” ဖှေးသည် သူ၏ပုလင်းကို ကိုင်မြှောက်ပြလိုက်ရင်းဖြင့် ရည်ရွယ်ချက်ရှီရှီမေးလိုက်သည်။

“ဟားဟား ငါက အောက်လမ်းဆရာ ဟေဇယ်-ဘန့်ခ်ဆိုတာကို မင်းသိတာပဲ။ အောက်လမ်းမှော်ဆရာတွေက အဆိပ်ကို ကြောက်လို့လား....” မာနထောင်လွှားသည့်အမူယာသည် ထိုလူ၏မျက်နှာပေါ်တွင်ပေါ်လာ၏။

“ခင်ဗျားပြောတာလဲဟုတ်ာပဲ။ အောက်လမ်းဆရာတွေက အဆိပ်မန္တန်တွေကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ကြတယ်။ အောက်လမ်းဆရာနဲ့ အဆိပ်ကို ခွဲခြမ်းလို့မရဘူး....” ဖှေးခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ဟမ် ဒါတွေကို မင်းသိတယ်ပေါ့...” ဟေဇယ်-ဘန့်ခ်သည် အနည်းငယ်အံ့သြသွား၏။

ဖှေး ပခုံးတွန့်ပြကာ ပြန်ဖြေလိုက်သည်။ “ဒီအကြောင်းကို လူတကာသိပါတယ်။ ခရီးသွားကဗျာဆရာတွေပြောတဲ့ ပုံပြင်တွေထဲမှာ အောက်လမ်းဆရာတွေက အဆိပ်ခပ်ပြီးတော့ လူတွေကို သတ်ဖြတ်လေ့ရှိတာမဟုတ်ဘူးလား....”

ဟေဇယ်-ဘန့်ခ်သည် အနည်းငယ်အံ့သြသွား၏။ ထို့နောက်တွင် ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းတယ်အခုဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံး ဗိုက်၀သွားပြီဆိုတော့ ခင်ဗျားဘာတွေစွမ်းလဲဆိုတာကို ကြည့်ရအောင်....” ဖှေးသည် သူ၏ပါးစပ်တွင် ပေကျံနေသည့် ဆီများကို သုတ်ကာ ရယ်မောလိုက်သည်။

“ဘာ...” လူလတ်ပိုင်းမှော်ဆရာနှင့် ကောင်လေးတို့ ကျက်သေသေသွားကြသည်။

“ခင်ဗျာက အရင်ကရှိခဲ့တဲ့ အောက်လမ်းမှော်ပညာအဖွဲ့စည်းရဲ့ စီနီယာအကြီးပိုင်းတစ်ယောက်လို့ ကြားတယ်။ ခင်ဗျားက အဆင့်မြင့်အောက်လမ်းပညာအစွမ်းတွေကို တက်ထားမှာပေါ့။ ကျွန်တော်အဲ့အစွမ်းတစ်ချို့ကို မြင်ချင်လို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့ကို ပြနိုင်မလား...” ဖှေးပြုံးကာပြောလိုက်၏။

“မင်းသေချာလို့လား ကောင်လေး။ အောက်လမ်းစွမ်းအင်ဆိုတာ ဒီကမ္ဘာပေါ်မှာ တားမြစ်ထားတဲ့ အစွမ်းတစ်ခုပဲ။ မင်းမြင်လိုက်ရပြီဆိုရင် မင်းတောင်ဆိုခဲ့မိတာအတွက် နောင်တရလိမ့်မယ်။ ဒါပေမယ့် မင်းက ငါတို့ကို ၀ိုင်တိုက်ထားတဲ့အတွက်ကြောင့် မင်းဆုံးဖြတ်ချက်ကို ပြန်ပြင်ခွင့်ပေးလိုက်မယ်....” ဟေဇယ်-ဘန့်ခ်သည် ဖှေးအား အတည်ကြည်ဆုံးအမူယာတစ်ခုဖြင့် ပြောလိုက်သည်။

ဤအခိုက်တန့်တွင် အာသာသည် ၀ိုင်တစ်လုံးကို ကုန်သည်အထိသောက်သုံးပြီးဖြစ်ရာ ၀ိုင်ဖုံးကိုပင် လျှာဖြင့် လိုက်ယက်နေ၏။ သူသည် တစ်စုံတစ်ခုအကြောင်းကိုတွေးနေသည့်အတိုင်းပင် လက်ရှိအခြေအနေကို လျစ်လျူရှုထားလိုက်သည်။

ဖှေးပြုံးလိုက်ပြီး သူ၏ခေါင်းကိုသာ ခါရမ်းပြလိုက်သည်။၊

“ကောင်းပြီလေ ငါမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်...” ဟေဇယ်-ဘန့်ခ်၏ အမူယာသည် ပြောင်းးလဲသွားပြီး သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ သူ၏လက်ချောင်းများအတွင်းမှ အမဲရောင်မြူခိုးတိမ်တိုက်များစီးထွက်လာ၏၊။ ထို့နောက်တွင် သူတိုးညှင်းသည့်အသံဖြင့် ရွတ်ဆိုလိုက်သည်။ “ငရဲပြည်က နတ်ဆိုးတို့ သင်တို့ရဲ့အစွယ်တွေကိုထုတ်ပြီးတော့ ဒီညစ်ပတ်တဲ့ကမ္ဘာမြေကြီးပေါ်မှာ သင်တို့ရဲ့ ဒေါသကို ပြသလိုက်ပါ...”

“၀ူး...”

ဤအမဲရောင်မြူခိုးကြီးသည် နန်းတော်ထဲတွင်ရှိနေသည့် အရိုးစုတစ်ခုထဲသို့ စီး၀င်သွား၏။

ဟေဇယ်-ဘန့်နှင့် အာသာတို့သည် နန်းတော်ထဲတွင်နေရာယူထားသည့်အတွက် ဇီးနစ်မှစစ်သည်များသည် ဤနန်းတော်ကို သန့်ရှင်းရေးမလုပ်ရသေးပေ။ ထို့ကြောင့် အရိုးစုများစွာသည် နန်းတော်၏ ဒေါင့်တစ်နေရာတွင် စုပုံနေ၏။ ထိုအရိုးစုများသည် အောက်လမ်းမှော်ပညာအတွက် အကောင်းဆုံးလက်နက်များပင်။

အမဲရောင်မြူခိုးသည် အရိုးစုထဲသို့၀င်ရောက်သွားသည့်အချိန်တွင် မြေပြင်ပေါ်တွင် အစိတ်စိတ်အမွာမွာဖြစ်နေသည့်အရိုးများစုပေါင်းသွားကာ အရိုးစုသည် မက်တပ်ရပ်လာတော့၏။

မျက်ပေါ်နေရာမှ မီးတောက်နှစ်ခုတောက်လောင်လာပြီး ထိုအရိုးစုသည် လမ်းလျှောက်လာတော့၏။

အရိုးစုမှော်မန္တန်တစ်ခုပင်။

ဖှေးသည် ဟေဇယ်-ဘန့်ခ်သူ၏ စွမ်းအားများကို ထုတ်သုံးလိုက်သည့်အချိန်တွင် နန်းတော်ထဲတွင် အေးစက်သွားသည်ကို ထင်ထင်ရှားရှားပင်ခံစားလိုက်ရသည်။ ဤအရိုးစုစစ်သည်သည် ကြယ်တစ်လုံးအဆင့်ခန့်ရှိပြီး သူ၏လက်ထဲတွင်ကိုင်ထားသည့်အရိုးချောင်းမှာ ဓားတစ်ချောင်းကဲ့သို့ပင် ချွန်မြနေ၏။

သို့သော် ဤအရိုးစုစစ်သည်၏ စွမ်းအားသည် ဖှေးထင်ထားသည်ထက်များစွာနိမ့်ကျနေ၏။

“ဟေဇယ်-ဘန့်ခ်သည် လွန်ခဲ့သည့်နှစ်တစ်ရာခန့်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် အောက်လမ်းဆရာတစ်ယောက်ဖြစ်ပြီး သူ၏စွမ်းအားများသည် လူများစွာကို ထိတ်လန့်စေခဲ့သည်။ မဟာဘုရားကျောင်းမှ အောက်လမ်းအဖွဲ့စဥ်းကို ၀င်ရောက်သိမ်းပိုက်ခဲ့စဥ်ကပင် ဟေဇယ်-ဘန့်သည် အောင်မြင်စွာ ထွက်ပြေးခဲ့နိုင်သည်။ ဤသည်မှာ သူသည် မည်မျှအစွမ်းကြီးသည့်လူတစ်ယောက်ဖြစ်သည်ကို ဖော်ပြနေခြင်းပင်။

ရလဒ်အနေဖြင့် ဖှေးသည် ဤအသတ်လတ်ပိုင်းအရွယ်လူထံမှ များစွာမျှော်လင့်ခဲ့မိသည်။ သို့သော် လက်ရှိအချိန်ထိမူ စိတ်ပျက်ဖွယ်ပင်။

“၀ှစ်....”

ဖှေးသူ၏လက်ချောင်းကို လှုပ်ရှားလိုက်သည့်အချိန်တွင် ဓားသွားစွမ်းအင်တစ်ခုထွက်ခွာသွားပြီး အရိုးစုစစ်သည်ကို အရိုးမှုန်များအဖြစ်ပြောင်းလဲပေးလိုက်၏။

“ဒါက တိုက်ကြီးတစ်ခုလုံးကို အကြောက်တရားနဲ့ တုန်လှုပ်စေခဲ့တဲ့ အောက်လမ်းပညာလား။ ဒီအောက်လမ်းပညာက အတော်လေး အားနည်းနေလွန်းသေးတယ်...” ဖှေးသူ၏ခေါင်းကို ခါရမ်းလိုက်၏။

All Chapters