← Chapters

အခန်း (၅၆၃)

Vol. 36 Ch. 563

အခန်း (၅၆၃)

Vol. 36 Ch. 563

အသတ်လတ်ပိုင်းအရွယ်မှော်ဆရာသည် ဒေါသဖြစ်သွားခြင်းမရှိပေ။ သူရယ်လိုက်ပြီး ဘာမှပြန်မပြောပေ။

နောက်စက္ကန့်တွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်သွား၏။ အမဲရောင်မြူခိုးတိမ်တိုက်တစ်ခုသည် အရိုးမှုန်များအတွင်းမှ ထွက်ခွာသွားပြီး နောက်ထပ်အရိုးစုတစ်ခုထံသို့၀င်ရောာက်သွား၏။ ထို့နောက်တွင် နန်းတော်ဆောင်ထဲတွင် နောက်ထပ်အရိုးစုစစ်သည်တစ်ခုအသက်၀င်လာတော့၏။

“ဟမ် အောက်လမ်းစွမ်းအင်ကို မဖျက်ဆီးနိုင်သေးသ၍ အရိုးစုစစ်သည်တွေ ထပ်ပြီးတော့ဖြစ်လာနေဦးမှာပဲ....” ဖှေးသည် ချက်ချင်းပင် လျို့၀ှက်ချက်ကို သဘောပေါက်နားလည်သွား၏။ ထို့ကြောင့် သူ၏လက်ကို ဆုပ်လိုက်ပြီး ငွေရောင်စွမ်းအင်များဖြင့် ဖန်တီးထားသည့်လက်ဖ၀ါးကြီးတစ်ခုသည် အရိုးစုကို ဖမ်းဆုပ်လိုက်ပြီး အမဲရောင်မြူခိုးတိမ်တိုက်များနှင့်အတူ ဖျက်ဆီးပစ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ထိုစွမ်းအားကိုပါ ဖျက်ဆီးပစ်လိုက်ခြင်းပင်။

ထိုအမဲရောင်မြူခိုးမှာ မကောင်းဆိုး၀ါးစွမ်းအင်တစ်ခုပင်။ ထိုစွမ်းအင်သည် အတွင်းအားစွမ်းအင်၊ မှော်စွမ်းအင်ကဲ့သို့ပင် စွမ်းအင်တစ်မျိုးပင်။ ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် မကောင်းဆိုး၀ါးများနှင့် တိုက်ခိုက်နေကျဖြစ်သည့်တွက် လူပေါင်းများစွာကို ကြောက်လန့်စေနိုင်သည့် မကောင်းဆိုး၀ါးစွမ်းအင်သည် သူ၏မျက်လုံးထဲတွင် ဘာမှ မဟုတ်လှပေ။

တစ်ဖက်တွင် ဟေဇယ်-ဘန့်ခ်သည် ပို၍လေးနက်လာ၏။ ဤဘုရင်ငယ်သည် အောက်လမ်းမှော်ဆရာများစွာနှင့်တိုက်ခိုက်ဖူးသည့်အတွေ့ကြုံရှိသည်ဟု သူထင်မြင်မိသည့်အတွက်ပင်။

အေဇာရုတိုက်ပေါ်တွင် အောက်လမ်းဆရာများကို လူတိုင်းလိုလိုပင် မုန်းတီးကြသည်။ သူတို့အား ရှာဖွေ့တွေ့ရှိပါက တစ်ခြားလူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံကြရ၏။ သူ၏ရှေ့တွင်ရှိနေသည့်ဘုရင်ငယ်သည် မကောင်းဆိုး၀ါးစွမ်းအင်ကို ကောင်းမွန်စွာဖျက်ဆီးနိုင်ပြီး အသက်ရှင်လျှက်သာရှိနေသေးသည့်အတွက် သူ၏ လက်အောက်တွင်သေကြေခဲ့ရသည့်အောက်လမ်းမှော်ဆရာများစွာရှိလိမ့်မည်ဟု ဟေဇယ်-ဘန့်ခ်ထင်မြင်လိုက်မိသည်။

ဟေဇယ်-ဘန့်ခ်သည် လူသတ်ကောင်တစ်ယောက်မဟုတ်သော်လည်း သူသည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် အောက်လမ်းမှော်ပညာအဖွဲ့စည်း၏ အကြီးကဲတစ်ဦးပင်။ ထို့ကြောင့် အကူညီကင်းမဲ့ခဲ့သည့် သူ၏နောက်လိုက်အောက်လမ်းမှော်ဆရာများကို စာနာမိသွားသည်။ သူကိုယ်တိုင်လည်း အောက်လမ်းဆရာတစ်ဦးဖြစ်သည့်အတွက် အောက်လမ်းပညာလေ့လာကြသူများသည် မဟာဘုရားကျောင်းဖြန့်ချီသည့် ၀ါဒများကဲ့သို့ မဆိုးသွမ်းကြောင်းကို သိရှိသည်။ တကယ်တန်းတွင် အောက်လမ်းဆရာအများစု၏ ဘ၀သည် ခက်ခဲကာ သနားစရာကောင်းလှသည်။ အေက်လမ်းမှော်ပညာကို လေ့လာခဲ့ကြသည့်လူအများစုမှာ ရိုးရိုးမှော်ပညာအားလေ့လာလိုက်စားရန်အတွက် ငွေကြေးမတတ်နိုင်ခဲ့ကြသည့်လူများပင်။ ကျင့်ကြံရသည်မှာလည်းမြန်ဆန်သည်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်သူများကို တော်လှန်ရန်အတွက် ထိရောက်မှုအရှိဆုံးလက်နက်တစ်ခုပင်။

သူသိရသလောက်တွင် အောက်လမ်းမှော်ပညာကို ကျင့်ကြံကြသည့်လူအများစုသည် ကြင်နာတတ်ကာ ခင်စရာကောင်းသည့်လူများပင်။ သို့သော်လည်း အောက်လမ်းမှော်ဆရာများမှာမူ နာမည်မကောင်းလှပေ။ သူတို့၏ အရှိန်၀ါသည်လည်း မှောင်မိုက်၏။ သူတို့၏ ပြိုင်ဘက်ဖြစ်သည့် မဟာဘုရားကျောင်းသည်လည်း သူတို့အား ဖိနိပ်ခဲ့သည်။ ယခင်က ဒေသတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သည့် ဟေဇယ်-ဘန့်ခ်ပင် ဆိုး၀ါးသည့်အခြေအနေတစ်ခုတွင်ကျရောက်နေလေရာ ကျန်ရှိနေသည့် အောက်လမ်းမှော်ဆရာများဆိုလျှင် ပြောစရာပင်မလိုချေ။

ထို့ကြောင့် ဖှေး၏ မကောင်းဆိုး၀ါးစွမ်းအင်ကို လွယ်ကူစွာဖျက်ဆီးပြလိုက်ခြင်းသည် သူ၏နောက်လိုက်များအတွက်သနားနေခဲ့သည့် ဟေဇယ်-ဘန့်ခ်ကို ဒေါသဖြစ်သွဦးစေသညည်။ ထို့ကြောင့်သူသည် ဤဘုရင်ငယ်အပေါ်တွင် ရန်လိုလာတော့၏။

ဟေဇယ်-ဘန့်ခ်သည် ဖြေးညှင်းစွာဖြင့် မက်တပ်ထရပ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ “မင်းက မကောင်းဆိုး၀ါးစွမ်းအင်ကို ကျွမ်းကျွမ်းကျင်ကျင်ဖျက်ဆီးနိုင်နေတဲ့ပုံပဲ။ ဒါပေမယ့် မင်းဒီလောက်နဲ့ငါ့ရှေ့မှာ လာပြီးတော့ မာနထောင်လွှားလို့ရမယ်ထင်လား...”

ဖှေး အနည်းငယ်အံ့သြသွားပြီး ဤအောက်လမ်းအဖွဲ့စည်း၏ အကြီးကဲသည် ရုတ်တရက်သူ့အပေါ်တွင် အေးစက်လာခဲ့ရသည့်အကြောင်းရင်းကို နားလည်သွား၏။ သို့သော် သူသည် ဖြေရှင်းချက်တစ်စုံတစ်ရာမပေးချေ။ သူခေါင်းငြိမ့်ကာ ပြောလိုက်၏။ “မကောင်းဆိုး၀ါးစွမ်းအင်အသုံးပြုနိုင်တဲ့လူတော်တော်များများကို ကျွန်တော်သတ်ဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့အပြုမူက မာထောင်လွှားနေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး....”

“ဟမ့်...” ဟေဇယ်-ဘန့်ခ်နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းတယ် အရှင်မင်းကြီးက အောက်လမ်းစွမ်းအင်ရဲ့စွမ်းအားအစစ်မှန်ကို မြင်ချင်နေတာဆိုတော့ အရှင့်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပေါ့.....”

သူပြောပြီးပြီးခြင်းတွင် သူ၏လက်ဖ၀ါးများကိုဖွင့်လိုက်သည်။ သို့သော် မန္တန်တစ်စုံတစ်ရာကို ရွတ်ဆိုခြင်းမရှိပေ။ အမဲရောင်မြူခိုးများသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး အရိုးစုများစွာထံသို့၀င်ရောက်သွား၏။ အရိုးကျိုးကြေသည့်အသံများထွက်ပေါ်လာပြီး ထိုအရိုးစုများသည် မီးတောက်နေသည့်မျက်လုံးများဖြင့် မက်တပ်ထရပ်လာကြတော့၏။ သူတို့၏ခန္ဓာကိုယ်ထဲတွင် အမဲရောင်မြူခိုးများပြည့်နှက်နေသည့်အတွက်ကြောင့် ထိုအရိုးစုများသည် အဖြူရောင်မှ အမဲရောင်အဖြစ်သို့ပြောင်းလဲသွား၏။ သူတို့၏ အရိုးဓားများကို ၀ှေ့ရမ်းကာ ဖှေးထံသို့ ဖြည်းဖြည်းခြင်းလမ်းလျှောက်လာတော့သည်။ မကြာမှီတွင် ထိုအရိုးစုများသည်ဖှေးတို့သုံးယောက်အား အလည်တွင်ထားကာ ၀ိုင်းရံလိုက်ကြတော့သည်။

ဖှေးခေါင်းငြိမ့်လိုက်သည်။ ဟေဇယ်-ဘန့်ခ်သည် ပို၍စွမ်းအားမြင့်မားသည့် စွမ်းအားတစ်ခုကို အသုံးပြုနေကြောင်းကို ဖှေးပြောနိုင်၏။ အရိုးစုများ၏ အရိုးများသည် သတ္တုကဲ့သို့ပင် တောက်ပနေအပြီး သံမဏိကဲ့သို့ပင် မာကြောသည်မှာထင်ရှားလှသည်။ သူတို့၏ခန္ဓာကိုယ်တစ်၀ိုက်တွင် မကောင်းဆိုး၀ါးစွမ်းအင်များလွှမ်းမိုးနေပြီး အရိုးစုတစ်ခုခြင်းစီသည် ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်နှင့် ညီမျှနေ၏။

ဤသည်မှာ အောက်လမ်းစွမ်းအား အစစ်မှန်တစ်ခုပင်။

သာမန်စစ်သည်တစ်ယောက်ပင် ရင်ဆိုင်နိုင်သည့် အားနည်းသည့်အရိုးစုစစ်သည်နှင့်နှိုင်းယှဥ်ပါက လက်ရှိတွင် ဟေဇယ်-ဘန့်ခ်ဖန်တီးထားသည့်အရိုးစုစစ်သည်အယောက်၅၀သည် သူတို့၏ ကြောက်မက်ဖွယ်စွမ်းအင်များကို ပြသနေလျှက်ရှိသည်။ ဟေဇယ်-ဘန့်ခ်နှင့် စစ်သည်တပ်ဖွဲ့တစ်ခုနှင့်ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက ရလဒ်ကို ကြိုတင်ကာ ခန့်မှန်းနိုင်၏။ အမဲရောင်မြူခိုးများသည် စစ်သည်များ၏ရုပ်အလောင်းများထဲသို့ ၀င်နိုင်ပါက စစ်မြေပြင်တစ်ခုတွင် အောက်လမ်းဆရာတစ်ယောက်အတွက် လူသေစစ်သည်များကို အကန့်သက်မဲ့နီးပါးပင်ရရှိစေမည်ဖြစ်သည်။

ကြောက်မက်ဖွယ်ပင်။

ဤအတွက်ကြောင့် အောက်လမ်းမှော်ဆရာတစ်ယောက်သည် သာမန်လူတစ်ယောက်၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းနေခြင်းပင်။

သို့သော် ဤအရိုးစုစစ်သည်အယေက်၅၀သည် ဖှေးအား ရပ်တန့်နိုင်မည်မဟုတ်ပေ။ သို့သော် ဟေဇယ်-ဘန့်ခ်၏ မျက်နှာပေါ်တွင်ရှိနေသည့် ယုံကြည်ချက်ရှိသောအပြုံးကို ကြည့်ရုံဖြင့်ပင် သူသည်လည်း ဤအချက်ကို သိပြီးဖြစ်ကြောင်းဖှေးနားလည်၏။ သူ့တွင် တစ်ခြား၀ှက်ဖဲများရှိနေဦးမည်ဖြစ်သည်။ တစ်ဖက်တွင် အာသာဟုအမည်ရသည့် ကောင်လေးသည်လည်း စိုးရိမ်သည့်အမူယာတစ်ခုနှင့်အတူ တံခါးပေါက်ထံသို့ ပြေးသွားသည်၏။ သူသည် ထွက်ပြေးရန်ကြိုးစားနေသည့်ပုံပေါ်သော်လည်း ဖှေးပြုံးလိုက်သည်။ ဤကောင်လေးသည် ဉာဏ်များပြီး သူ့အား ထွက်ပြေးနိုင်ခြင်းမရှိစေရန်အတွက် တံခါးပေါက်ကို ပိတ်ထားရန်ကြိုးစားနေခြင်းပင်။

“အတော်လေးစိတ်၀င်စားစရာကောင်းတဲ့လူနစ်ယောက်ပဲ....” ဖှေးတွေးလိုက်မိသည်။

သို့သော် သူသည် လှုပ်ရှားခြင်းမရှိသေးပေ။ သူ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုနှင့် ပြောလိုက်၏။ “ဒီလှည့်ကွက်တွေက ကျွန်တော့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူးဆိုတာကို ခင်ဗျားသိတယ်မလား....”

ဟေဇယ်-ဘန့်ခ်သည် သူ၏နှာခေါင်းရှုံ့ကာပြောလိုက်သည်။ “ခနနေကျရင်သိပါလိမ့်မယ်။ ငါမင်းကို မသတ်နိုင်ဘူးဆိုရင်တောင် မင်းရဲ့စစ်သည်သုံးသောင်းကို င့ါရဲ့လူသေစစ်သည်တွေအဖြစ်ပြောင်းပစ်လို့ရတယ်....”

“အဲ့လို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဆက်ဆံရေးထိခိုက်သွားမှာပေါ့....” ဖှေးသည် မျက်နှာပေါ်တွင် လျို့၀ှက်သည့်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။ “နောက်ထပ်နည်းလမ်းတစ်ခု ပြောင်းပြီးတော့ တိုက်ခိုက်ရအောင်...”

“ဘယ်နည်းလမ်းလဲ...” ဟေဇယ်-ဘန့်ခ်သည် ဤဘုရင်ငယ်ကို အနိုင်ယူနိုင်သည်ဟု ယုံကြည်ချက်ရှီသော်လည်း သူ့အား အထင်သေးရဲခြင်းမရှိပေ။ မြို့ဟောင်းနှင့်အလံနှစ်စုံမြို့တော်တို့သည် အလွန်နီးကပ်နေသည့်အတွက် ဤနေရာတွင် အောက်လမ်းစွမ်းအင်များစွာထုတ်သုံးပါက အလံနှစ်စုံမြို့ထဲတွင်ရှိနေသည့် မဟာဘုရားကျောင်းမှလူများသတိထားမိသွားနိုင်သည့်အတွက်ပင်။ ထိုကဲ့သို့ဖြစ်ပါက သူ၏ တစ်ခြားအစီစဥ်များကို နှောင့်နှေးသွားစေနိုင်သောကြောင့်ပင်။

ဖှေးရယ်မောကာ ပြန်ဖြေလိုက်သည်။ “ကျွန်တော်ခင်ဗျားရဲ့လူတွေနဲ့ တိုက်ခိုက်ဖို့ ကျွန်တော့လူတွေကိုလည်း ဆင့်ခေါ်လိုက်မယ်ဆိုရင်ရော....”

သူစကားပြော၍မပြီးသေးခင်မှာပင် အောက်လမ်းဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူ၏မီးခိုးရောင်မရဏစွမ်းအင်များကို ဖြန့်ကျက်လိုက်၏။ သူသည် အရိုးစုဆင့်ခေါ်ခြင်းအစွမ်းကိုအသုံးပြုကာ အရိုးမှုန်များကို လက်ညိုးထိုးလိုက်သည်။ ထိုအရိုးမှုန်များသည် မှော်ဆန်စွာပင် အရိုးစုတစ်ခုအဖြစ်သို့ပြန်လည်စုစည်းသွားတော့၏။

ဟေဇယ်-ဘန့်ခ်သည် အလွန်ထိတ်လန့်အံ့သြသွားသည့်အတွက် မျက်လုံးများပင် ကျွတ်ထွက်တော့မလိုပင်။

အာသာသည်လည်း ထို့နည်းလည်းကောင်းပင် သူမြင်နေရသည့်အရာကို ယုံကြည်နိုင်ခြင်းမရှိပေ။ သူသည် အာရုံများနေသည့်အတွက်ကြောင့် ပြေးနေရင်းဖြင့် ရုပ်တုတစ်ခုကိုပင် ၀င်တိုက်မိသွား၏။

ရယ်စရာကောင်းသည်မှာ ဟေဇယ်-ဘန့်ခ်ဆင့်ခေါ်ထားသည့်အရိုးစုစစ်သည် ငါးဆယ်၏ ပါးစပ်မေးရိုးများပင် အံ့သြနေသည့်တိုင်းအောက်သို့ တွဲကျနေခြင်းပင်။

“မင်း မင်း မင်း....” ဟေဇယ်-ဘန့်ခ်သည် တိုက်တစ်ခုလုံးတွင် ခရီးဆက်လာခဲ့ပြီး အရာများစွာမြင်တွေ့ဖူးသော်လည်း သူ၏ဦးနှောက်သည် လက်ရှိဖြစ်သည့်အရာများကို လိုက်မှီနိုင်ခြင်းမရှိပေ။ သူ၏အသွင်ပြင်ကပင် သူ၏ခံစားချက်ကို ဖော်ပြနိုင်ခြင်းမရှိပဲဖြစ်နေ၏။

သူသည် ဖှေး အရိုးစုစစ်သည်တစ်ယောက်ကိုဆင့်ခေါ်နိုင်လိုက်သည့်အတွက် အံ့သြနေခြင်းမဟုတ်ပေ။

တကယ်တန်းတွင် သူသည် အရိုးစုစစ်သည်များဆင့်ခေါ်နိုင်သည့်လူပေါင်းများစွာကိုမြင်တွေ့ဖူးပြီးဖြစ်သည်။ လူသားများသည် လောဘကြီးကြ၏။ တစ်ချို့ဆွေကြီးမျိုးကြီးများနှင့် အရှိန်၀ါကြီးသည့်လူများပင် သူတို့၏ စွမ်းအားများကို မြင့်တင်လိုသည့်အတွက် အောက်လမ်းမှော်ပညာကို လိုက်စားခဲ့ကြပြီး ကောင်းမွန်စွာလျို့၀ှက်ထားခဲ့ကြသည်။ တစ်ချို့ဆိုလျှင် ဟေဇယ်-ဘန့်ခ်ကိုပင် ဆက်သွယ်ကာ စည်းရုံးလာခဲ့ဖူးသည်။

သို့သော် ထိုကဲ့သို့လူအများစုသည် အောက်လမ်းမှော်ပညာ၏ အဓိပ္ပါယ်အမှန်ကိုမသိသည့်လူများပင်။ သူတို့သည် မကောင်းဆိုး၀ါးများကို ဖန်တီးနိုင်ရန်အတွက် လူများကို ရက်စက်သည့်နည်းလမ်းများအသုံးပြုကာ သတ်ဖြတ်ခဲ့ကြသည်။ ထိုကဲ့သို့လူများပေါ်လာသည့်အတွက်ကြောင့် အောက်လမ်းမှော်ပညာ၏ ပုံရိပ်သည်ပို၍ပင် ဆိုး၀ါးလာခဲ့၏။ ထို့ကြောင့် ဟေဇယ်-ဘန့်ခ်သည် ထိုကဲ့သို့အောက်လမ်းဆရာများကို တွေ့မိသည်နှင့်တပြိုင်နက်ချက်ချင်းပင် သတ်ဖြတ်ခဲ့ခြင်းပင်။

သူထိတ်လန့်အံ့သြသွားရသည့်အကြောင်းရင်းမှာ အလွန်ပြီးပြည့်စုံသလောက်သန့်စင်သည့် မကောင်းဆိုး၀ါးစွမ်းအင်တစ်ခုကို အာရုံခံလိုက်မိသည့်အတွက်ကြောင့်ပင်။ မီးခိုးရောင်မြူခိုးများသည်သူ့အား အမြင့်ဆုံးထိတ်လန့်အံ့သြသွားစေသည်။ အောက်လမ်းမှော်ပညာအား နက်နက်ရှိုင်းရှိုင်းလေ့လာလိုက်စားခဲ့ဖူးသည့်လူများသာလျှင် မီးခိုးရောင်မြူခိုးများ၏ အဓိပ္ပါယ်ကို သိရှိသည့်အတွက်ပင်။

All Chapters