အခန်း (၅၆၄)
Vol. 36 Ch. 564
ဤမိုးခိုးရောင်မြူခိုးများသည် အသန့်စင်ဆုံးနှင့် စွမ်းအားအမြင့်ဆုံးမကောင်းဆိုး၀ါးစွမ်းအင်တစ်ခုဖြစ်သည့် မရဏစွမ်းအင်ဖြစ်သည့်အတွက်ပင်။
သေခြင်းတရားကိုလည်း စွမ်းအင်တစ်မျိုးအဖြစ်သက်မှတ်နိုင်ပြီး ထိုစွမ်းအင်ကို မရဏစွမ်းအင်ဟုခေါ်၏။
အောက်လမ်းပညာအဖွဲ့စည်း၏ သာလွန်သည့်ကျမ်းစာတစ်ခုဖြစ်သော် သေခြင်းကျမ်းစာစာအုပ်ထဲတွင် ဤမကောင်းဆိုး၀ါးစွမ်းအင်၏ နောက်ဆုံးအဆ့င်ဖြစ်သည့် မရဏစွမ်းအင်အကြောင်းကို ဖော်ပြထားသည်။ မကောင်းဆိုး၀ါးစွမ်းအင်သည် အထွတ်ထိပ်သို့ရောက်ရှိသွားပါက သန့်စင်သည့် မရဏစွမ်းအင်အဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုစွမ်းအင်သည် နတ်ဘုရားများကပင် အသိမှတ်ပြုသည့် စွမ်းအင်တစ်ခုပင်။ အလွန်သန့်စင်သည့်စွမ်းအင်တစ်ခုဖြစ်သည့်အတွက် စိတ်ကူးမယဥ်နိုင်လောက်သည့်စွမ်းအားများပါ၀င်နေ၏။ မဟာဘုရားကျောင်း၏ မြင့်မြတ်သန့်စင်သည့်စွမ်းအင်ကဲ့သို့ပင် ပြန်လည်ရှင်သန်နိုင်သည့်အာနိသင်များလည်း ပါ၀င်နေ၏။
ကံမကောင်းစွာပင် ၉၉ယောက်မြောက်အောက်လမ်းဆရာခေါင်းဆောင်ကြီး လျို့၀ှက်ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည့်အချိန်မှစပြီး မည်သူမှ ထိုအဆင့်သို့ရောက်ရှိကာ မရဏစွမ်းအင်များကို ထိန်းချုပ်နိုင်ခဲ့ကြခြင်းမရှိခဲ့ပေ။ အောက်လမ်းမှော်ဆရာခေါင်းဆောင်ကြီး လျို့၀ှက်စွာပျောက်ဆုံးသွားခဲ့ခြင်းသည် အောက်လမ်းမှော်ဆရာအဖွဲ့စည်း မဟာဘုရားကျောင်းနှင့်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုပင်။
ါ
တစ်ချို့လူများပြောကြသည်မှာ မရဏစွမ်းအင်သည် နတ်ဘုရားများကပင် ကြောက်လန့်သည့်စွမ်းအင်တစ်ခုဖြစ်သောကြောင့် ထိုစွမ်းအင်ပိုင်ဆိုင်သူကို နတ်ဘုရားများက ဤကမ္ဘာပေါ်မှပျောက်ကွယ်သွားအောင်လုပ်လိုက်သည်ဆိုသည်ပင်။
အောက်လမ်းအဖွဲ့စည်း ကျရှုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာပြီဖြစ်သည်။ အစပိုင်းတွင် အောက်လမ်းဆရာခေါင်းဆောင်ကြီးအား ပြန်လည်ရှာဖွေကာ မကောင်းဆိုး၀ါးစွမ်းအင်ကို နောက်ဆုံးအဆင့်ထိရောက်အောက်ကျင့်ကြံလိုသည့် စိတ်အားထက်သန်သော အောက်လမ်းမှော်ဆရာများစွာရှိခဲ့ကြသည်။ တမူထူးခြားသည့် ကိစ္စများကိုပင် အောင်မြင်နိုင်ခဲ့သည့် ပါရမီရှင်များလည်းရှိခဲ့သည်။ ထို့သော် ထိုလူများအားလုံးသည် မဟာဘုရားကျောင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မြင့်မြတ်သောတောင်ထိပ်ဟုခေါ်ကြသည့် ၀ေလုတောင်ပေါ်တွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
အကြီးကဲတစ်ဦးအနေဖြင့် ဟေဇယ်-ဘန့်ခ်သည် အောက်လမ်းပညာအဖွဲ့စည်းကို ပြန်လည်တည်ထောင်ရန်အတွက် ကြိုးစားခဲ့ပြီးဖြစ်သည်။ သို့သော် ရက်စက်သည့်လက်တွေ့လောကသည် အရင်ကအရှိန်၀ါကြီးမားခဲ့သည့်သူ့အား ယခုအချိန်တွင် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ပင် ပြေးလွှားစေခဲ့သည်။ ထို့နောက်တွင် အောက်လမ်းဆရာများကို ဖိနှိပ်သည့် ခေတ်သို့ရောက်ရှိလာခဲ့သည့်အတွက် ဟေဇယ်-ဘန့်ခ်သည် စိတ်ဓာတ်ကျဆင်းကာ မျှော်လင့်ချက်မဲ့ခဲ့ရ၏။ ထို့ကြောင့် သူ၏ အောက်လမ်းပညာအဖွဲ့စည်းကို ပြန်လည်တည်ထောက်ရန်ဖြစ်သည့် မဖြစ်နိုင်သည့်အိမ်မက်ကို စွန့်လွှတ်ကာ အရက်သေစာကိုသာ သောက်စားနေခဲ့၏။
သူသည် မဟာဘုရားကျောင်းမှလူများ၏ တင်းကြပ်စွာလိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရသည့်အတွက် သူ၏အစွမ်းများသည်လည်း တနေ့တခြားကျဆင်းလာခဲ့ရသည်။ သူသည် တိုက်ပွဲများကို အနိုင်ရရှိနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် သူ၏ ဘ၀သည် ကြမ်းတမ်းခက်ခဲနေခဲ့၏။
လွန်ခဲ့သည့် လ၀က်ခန့်က သူသည် အလွန်လျို့၀ှက်သည့် သတင်းတစ်ခုကို ကြားခဲ့ရသည်။
လျို့၀ှက်ထူးဆန်းသည့် အောက်လမ်းမှော်ဆရာတစ်ယောက်သည် ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ် ကာကာကို ဇီးနစ်ပိုင်နက်အနီးတွင်တိုက်ခိုက်ခဲ့သည်ဆိုသည်ကိုပင်။ ကာကာ၏ ကိုယ်ရံတော်ဖြစ်သည့် လအဆင့်သူတော်စင်တစ်ယောက်ကိုပါ သတ်ဖြတ်သွားခဲ့သည်။ ထို့အပြင် မစ်စတာ ကာကာကိုတိုက်ခိုက်ခဲ့သည့် အောက်လမ်းမှော်ဆရာသည် ဘုရားသခင်တားမြစ်ထားသည့်အစွမ်းများကိုပါ အသုံးပြုနိုင်စွမ်းရှိသည်ဟုဆို၏။ မရဏစွမ်းအင်ကိုအသုံးပြုကာ အဆင့်မြင့် အောက်လမ်းမှေ်ာအစွမ်းမျာကိုအသုံးပြနိုင်စွမ်းရှိသည်။ အောက်လမ်းမှော်ပညာအဖွဲ့စည်းအား မဟာဘုရားကျောင်းသတ်ဖြတ်ခဲ့စဥ်က ကျန်ရှိခဲ့သူတစ်ယောက်ဖြစ်နိုင်သည်။
ဤသတင်းသည် အသိုင်း၀ိုင်းတစ်ခုတွင်ပြန့်နှံ့နေပြီး ဤသတင်းကို ကြားလိုက်မိသည့် အဆင့်မြင့်သိုင်းဆရာတိုင်းထိတ်လန့်အံ့သြကုန်ကြသည်။
မဟာဘုရားကျောင်းမှ အဆင့်မြင့်အကြီးကဲများ ဒေါသဖြစ်နေကြပြီး ဤကိစ္စနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းနေကြ၏။ သိုင်းဆရာများစွာကိုလည်း ဤကိစ္စကို ဖော်ထုတ်ရန်ညွှန်ကြားထားပြီး သူတို့သည် ထိုအောက်လမ်းဆရာကို အသေလိုချင်နေကြသည်။
ပထမပိုင်းတွင် ဟေဇယ်ဘန့်ခ်သည် ဤသတင်းကို လစ်လျူရှုခဲ့၏။
သန့်စင်သည့် မကောင်းဆိုး၀ါးစွမ်းအင်ကိုအသုံးပြုနိုင်သည့်လူသည် ဤခေတ်တွင်မရှိနိုင်တော့ဟု သူထင်သည့်အတွက်ပင်။ သူ၏ စိတ်ထဲတွင် သူနှင့်အတူ လွတ်မြောက်ခဲ့သည့် မိတ်ဆွေတစ်ချို့သာလျှင် အဆင့်မြင့်အောက်လမ်းမှော်အစွမ်းများကိုအသုံးပြုနိုင်သောကြောင့်ပင်။
သို့သော် ဤသတင်းကိုကြားလိုက်ရသည့်အချိန်တွင်မူ သူ၏ခေါင်းထဲတွင် မျှော်လင့်ချက်တစ်ချို့ကိန်းအောင်းလာခဲ့သည်။ ထို့ကြောင့် ဤကိစ္စကို သူကိုယ်တိုင်လျို့၀ှက်စွာဖြင့် စုံစမ်းနေခဲ့ခြင်းပင်။
ဤကဲ့သို့သော ကိစ္စများကို စွမ်းဆောင်နိုင်သည့် အောက်လမ်းဆရာတစ်ယောက်ရှိနေသည်ကို သူယုံကြည်ခြင်းမရှိသော်လည်း ငယ်ရွယ်သည့် အောက်လမ်းမှော်ပညာပါရမီရှင်တစ်ယောက်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သူယုံကြည်သည့်အတွက်ပင်။ သူသည် ဤကဲ့သို့သော အောက်လမ်းမှော်ပညာ၏ အရည်ခြင်းရှိသည့်အမျိုးဆက်သစ်လူငယ်များကို ကာကွယ်ပေးကာ ကယ်တင်လိုသည့်အတွက်ပင်။ ထို့ကြောင့် ထိုလျို့၀ှက်ထူးဆန်းသည့် အောက်လမ်းမှော်ဆရာကိုရှာဖွေရန်အတွက် ဇီးနစ်အင်ပါယာအနီးသို့ရောက်လာခဲ့ခြင်းပင်။ သို့သော် သူရှာတွေခဲ့ခြင်းမရှိပဲ မဟာဘုရားကျောင်းမှလူများနှင့် တိုးကာ လိုက်လံသတ်ဖြတ်ခံနေရခြင်းပင်။ ရလဒ်အနေဖြင့် သူသည် ကန္တာရထဲသို့ အသက်ရှင်ရုံသာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
ကံကြမ္မာသည် ဆန်းကျယ်သည့်အရာတစ်ခုပင်။
ဟေဇယ်-ဘန့်ခ်မျှော်လင့်ချက်များအားလုံးပျောက်ဆုံးတော့မည့်အချိန်မှာပင် မဖြစ်နိုင်သည့်အရာတစ်ခုသည် သူ၏အရှေ့တွင် အစစ်မှန်ဖြစ်လာခဲ့၏။
သူမြင်လိုက်ရသည့်အရာသည် သူ့အား မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ထိတ်လန့်သွားစေ၏။
“မင်း...မင်းက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ် ကာကာကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ အောက်လမ်းမှော်ဆရာပဲ....” ဟေဇယ်-ဘန့်ခ်သည် တုန်ယဥ်နေသည့်အသံတစ်ခုဖြင့် မေးလိုက်၏။ သူ၏ ဘ၀တွင်ထူးဆန်းသည့်အရာများစွာကြုံတွေ့ခဲ့ူးသော်လည်း သူသည် ထိတ်လန့်လာသည်။ သူ၏လည်ပင်းသည် ခြောက်သွေ့လာ၏။ သူမြင်နေရသည့်အရာသည် ထင်ယောင်ထင်မှားဖြစ်နေသည်သာဖြစ်မည်ကိုလည်း စိုးရိမ်လာ၏။
“ခင်ဗျားဘာပြောနေတယ်ဆိုတာကို ကျွန်တော်မသိဘူး...” ဖှေးသည် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပါက ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးအန္တရာယ်ကျရောက်လာကာ လူပေါင်းများစွာသေကြသွားနိုင်သောကြောင့်ပင်။
ဟေဇယ်-ဘန့်ခ်သည် အဖြေကြောက်အနည်းငယ်စိတ်ပျက်သွား၏။ သို့သော် မကြာမှီတွင် သူသည် ထက်မံ၍ စိတ်လှုပ်ရှားလာပြန်သည်။
“ဒီဘုရင်ငယ်က အဲ့အောက်လမ်းဆရာဟုတ်တာမဟုတ်တာက အရေးမကြီးဘူး။ သူက မရဏစွမ်းအင်ကိုအသုံးပြုလိုက်တာပဲ။ အဲ့စွမ်းအင်ကို သေခြင်းကျမ်းစာထဲမှာပဲ မှတ်တမ်းတင်ထားခဲ့တာ...” ဟေဇယ်-ဘန့်ခ်တွေးလိုက်မိသည်။ သူ၏မျက်လုံးထဲတွင် ဤစွမ်းအားကို ပိုင်ဆိုင်သည့်လူမည်သူမဆို အောက်လမ်းပညာရှင်များအားလုံး၏ ကယ်တင်သူတစ်ယောက်ဖြစ်သည့်အတွက် သူ၏အသက်ဖြင့်လဲကာ ကာကွယ်ပေးရမည်ဖြစ်သည်။
ဤအောက်လမ်းအဖွဲ့စည်း၏ အကြီးကဲသည် သူ၏စိတ်ကိုပြန်လည်တည်ငြိမ်အောက်ထိန်းချုပ်လိုက်၏။
“တိုက်ပွဲစပြီနော်....” ဖှေးသည် သူဖန်တီးထားသည့်အရိုးစုကို ထိန်းချုပ်ရင်းဖြင့်ပြောလိုက်သည်။ ထိုအရိုးစုစစ်သည်သည်တစ်ဖက်တွင် အရိုးဓားတစ်လက်နှင့် ကျန်လက်တစ်ဖက်တွင် အရိုးဒိုင်းကာတစ်လက်ကို ကိုင်ထားသည်။ ခံစားချက်မရှိပဲ အမဲရောင်အရိုးစုစစ်သည်များထံသို့ လမ်းလျှောက်သွား၏။
အမဲရောက်အရိုးစုစစ်သည်များသည် အနောက်သို့ ဆုတ်သွားကာ စက်၀ိုင်းတစ်ခုအနေဖြင့် ၀ိုင်းလိုက်ကြသည်။ ဟေဇယ်-ဘန့်ခ်၏ အမိန့်အောက်တွင် အမဲရောင်အရိုးစုစစ်သည်တစ်ဦးသည် လမ်းလျှောက်ထွက်လာပြီး အဖြူရောင်အရိုးစုစစ်သည်အား တစ်ယောက်ခြင်းတိုက်ပွဲတွင်ရင်ဆိုင်လိုက်၏။
သို့သော် အရိုးစုနှစ်ခုသည် လေးမီတာခန့်နီးကပ်လာသည့်အချိန်တွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်သွား၏။ အမဲရောင်အရိုးစုစစ်သည်သည် ကြောက်တစ်ကောင်ကို မြင်လိုက်ရသည့် ကြွက်တစ်ကောက်ကဲ့သို့တုန်ခါလာတော့သည်။ သူ၏ မျက်လုံးထဲတွင် ရှိနေသည့် မီးတောက်များသည်လည်း လေတိုက်နေသည့်ဖယောက်တိုင်တစ်တိုင်ကဲ့သို့ လှုပ်ခါနေသည်။ အချိန်မရွေးပင် ငြိမ်းသက်သွားတော့မည့်အတိုင်းပင်။
သို့သော် ဖှေး၏အဖြူရောင်အရိုးစုစစ်သည်သည် အရှေ့သို့တည်ငြိမ်စွာဖြင့် လျှောက်လာကာ သူ၏ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။ အမဲရောင်အရိုးစုစစ်သည်မှာ အစိတ်စိတ်အမွာမွာဖြစ်သွားတော့သည်။
ဟေဇယ်-ဘန့်ခ် ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။ “ဒါကြောင့်ပဲ မရဏစွမ်းအင်ကို သာမန်မကောင်းဆိုး၀ါးစွမ်းအင်က မယှဥ်နိုင်ဘူးဆိုတာ အမှန်ပဲ။ သူက သာမန်မကောင်းဆိုးး၀ါးစွမ်းအင်တွေကို အုပ်ချုပ်တဲ့အင်ပါယာအရှင်သခင်တစ်ယောက်လိုပဲ။ ဒဏာရီတွေထဲမှာ ရေးထားတာမှန်တာပဲ...” သူတွေးလိုက်မိသည်။
ထို့နောက်တွင် သူသည် သူ၏အရိုးစုစစ်သည်လေးယောက်ကို ထက်မံ၍တိုက်ခိုက်ရန်အတွက် အမိန့်ပေးလိုက်သည်။
“ချွတ် ချွတ် ချွတ် ချွတ်...”
အံ့သြဖွယ်မရှိစွာပင် အရိုးပုံလေးခုသည် မြေပေါ်တွင်ပေါ်ပေါက်လာ၏။
ကြယ်လေးလုံးအဆင့်အစွမ်းရှိသောအမဲရောင်အရိုးစုလေးခုသည် ဖှေးဆင့်ခေါ်ထားသည့်အဖြူရောက်အရိုးစုရှေ့တွင် အလွန်အားနည်းနေ၏။ ထို့အပြင် အမဲရောင်အရိုးစုစစ်သည်များ သတ်ဖြတ်ခံလိုက်ရသည့်အချိန်တွင် အမဲရောင်မြူခိုးများသည်လည်း တစ်ခါတည်းပျောက်ဆုံးသွား၏။ တစ်ခြားအရိုးစုများထဲသို့ ဆက်လက်၀င်ရောက်နိုင်ခြင်းမရှိတော့ပေ။ ခုတ်ပိုင်ထားသည့်အရိုးများသည်လည်း အမဲရောင်မရှိတော့ပဲဖြစ်သွား၏။
ဖှေးနှင့် ဟေဇယ်-ဘန့်ခ်တို့သည် တူညီသည့်မကောင်းဆိုး၀ါးစွမ်းအင်များကိုအသုံးပြုထားခြင်းဖြစ်သော်လည်း သူတို့၏ စွမ်းအင်အရည်သွေးကွာခြားနေသည့်အတွက်ပင်။
“တစ်ခြားဟာတစ်ခုလုပ်ကြည့်ရအောက်....” ဖှေးရယ်မောကာ သူ၏ မရဏစွမ်းအင်များကို အဖြူရောင်အရိုးစုထံမှပြန်လည်ကာ သိမ်းယူလိုက်သည်။ ထို့နောက်တွင်အရိုးစုမှော်ဆရာအစွမ်းကိုအသုံးပြုလိုက်ရာ အရိုးစုသည်ပြန်လည်ကာ အသက်၀င်လာတော့သည်၊။ ယခင်ကနှင့်မတူသည်မှာ ယခင်အရိုးစုကဲ့သို့ ဓားနှင့် ဒိုင်းကာတို့ကို ကိုင်ထားခြင်းမရှိပဲ သူ၏လက်ထဲတွင် လျှပ်စီးအလင်းတန်းများတောက်ပနေခြင်းပင်။
“လျှပ်စစ်ဂုဏ်သတ္တိမှော်ဆရာအရိုးစုကို ဖန်တီးလိုက်တာပဲ။ သူက ဒီအရိုးစုကို မန္တန်တောင်မရွတ်ပဲနဲ့ ဆင့်ခေါ်လိုက်တာလား...” ဟေဇယ်-ဘန့်ခ်သည် ထက်မံ၍ အံ့သြသွားရပြန်သည်။ သူလည်း အရိုးစုမှော်ဆရာများကို ဆင့်ခေါ်နိုင်စွမ်းရှိသော်လည်း အရိုးစုစစ်သည်များကို ဆင့်ခေါ်ရသလို လွယ်ကူခြင်းမရှိလှပေ။ အရိုးစုစစ်သည်များသည် သာမန်လက်နက်များကိုသာ အသုံးပြုပြီး အရိုးစုမှော်ဆရာများသည် လောကထဲတွင်ရှိသည့် ဓာတ်ဂုဏ်သတ္တိစွမ်းအင်များကိုအသုံးပြုသည့်အတွက်ပင်။ အရိုးစုမှော်ဆရာတစ်ခုသည် အရိုးစုစစ်သည်တစ်ခုထက်ပို၍အားနည်းနိုင်သော်လည်း ဆင့်ခေါ်ရသည်မှာ အင်မတန်ပင်ရှုပ်ထွေးလှ၏။ အရိုးစုမှော်ဆရာတစ်ယောက်ကို ဆင့်ခေါ်ရသည်မှာ တိရိစ္ဆန်တစ်ကောက်ကို လူစကားပြောရန်အတွက် သင်ပေးနေသကဲ့သို့ပင်။ အလွန်ကျွမ်းကျင်သည့် ပညာရှင်များကသာလျှင် သူတို့အား လိုအပ်သည့်အသိဉာဏ်များကို ပေးနိုင်စွမ်းရှိကြ၏။
ဟေဇယ်-ဘန့်ခ်အတွက် ပို၍အံ့သြစရာကောင်းသည်မှာ ဤအရိုးစုစစ်သည်သည် လျှပ်စစ်စွမ်းအင်များကိုအသုံးပြုနေသည့်အတွဥ်ပင်။
မကောင်းဆိုးစွမ်းနှင့် အဆိပ်တို့သည် နီးစပ်သည့်အတွက် အောက်လမ်းမှော်ဆရာများဆင့်ခေါ်သည့် အရိုးစုမှော်ဆရာများသည် အဆိပ်စွမ်းအင်ကိုသာအသုံးပြုနိုင်ကြသည်။ သို့သော် သူ၏အရှေ့တွင်ရှိနေသည့် အရိုးစုမှော်ဆရာသည် အောက်လမ်းပညာ၏ အကန့်သက်များကို ချိုးဖောက်နေသကဲ့သို့ပင်။