“ငါတို့ပူးပေါင်းမယ်...”
Vol. 36 Ch. 567
“ဒါက...မင်း ဘယ်လိုလုပ်လိုက်တာလဲ....” ဟေဇယ်-ဘန့်ခ်သည် အလွန်ထိတ်လန့်နေရင်းဖြင့် မေးလိုက်သည်။
မရဏစွမ်းအင်ကိုအသုံးပြုနိုင်သည့်လူများကို သေခြင်း၏အနှစ်သက်ဆုံးကလေးငယ်များဟုခေါ်ကြပြီး ရွှေရောင်မြင့်မြတ်သန့်စင်သည့်စွမ်းအင်များပိုင်ဆိုင်ထားသည့်လူကိုဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များဟု ခေါ်ကြသည်။ သို့သော် ယခုအချိန်တွင် လူတစ်ယောက်ထဲကပင် စွမ်းအားနှစ်မျိုးလုံးကို ပိုင်ဆိုင်ထား၏။ ဤအရာသည် တိုက်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့်အရာတစ်ခုပင်။
ဖှေးပြုံးကာ ပြောလိုက်၏။ “ဒါကတော့ ကျွန်တော့ရဲ့လျို့၀ှက်ချက်ပေါ့။ ဟီးဟီး ခင်ဗျားဆုံးဖြတ်ချက်ချနိုင်ပြီမလား...”
“ဒါက...” ဟေဇယ်-ဘန့်ခ်သည် ဆက်မပြောခင်ခနတာခန့်နားလိုက်သည်။ “ဟုတ်တယ်။ မင်းမှာက ရွှေရောင်မြင့်မြတ်သန့်စင်တဲ့စွမ်းအင်ကိုပိုင်ဆိုင်ထားတာပဲ။ အဲ့စွမ်းအင်ရှိတဲ့လူတွေကို ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်များလို့ ခေါ်ကြတယ်။ မင်းက ဘယ်အချိန်မှာမဆို မဟာဘုရားကျောင်းထဲ၀င်နိုင်ပြီးတော့ အထက်ပိုင်းကအရာရှိတစ်ယောက်ဖြစ်လာနိုင်တယ်။ မင်းက ပုပ်ရဟန်းမင်းကြီးတစ်ပါးဖြစ်လာနိုင်တဲ့အခွင့်ရေးတောင်ရှိတယ်လေ။ ဒီလိုစွမ်းအားနဲ့ဆိုရင် မင်းကိုဘယ်သူမှ လက်ညိုးထိုးနိုင်မှာမဟုတ်ဘူး။ အဲ့လိုလုပ်တဲ့လူတိုင်းက ဘုရားသခင်ကို အရှက်ရအောက်လုပ်တာနဲ့တူမှာပဲ။ မင်းက မရဏစွမ်းအင်နဲ့ မြင့်မြတ်သန့်စင်တဲ့စွမ်းအင်နှစ်ခုကို လိုသလိုကူးပြောင်းနိုင်တော့ မင်းသာ ဂရုစိုက်မယ်ဆိုရင် မဟာဘုရားကျောင်းကို လှည့်စားနိုင်တယ်...”
ထက်မံရပ်နားလိုက်ပြီးသည့်နောက်တွင် ဟေဇယ်-ဘန့်ခ်သည် မျက်မှောင်ကြုံ့ကာမေးလိုက်သည်။ “ဒါပေမယ့် မင်းက သေခြင်းရဲ့အနှစ်သက်ဆုံးကလေးငယ်လား ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်လား။ မဟာဘုရားကျောင်းနဲ့ အောက်လမ်းဘုရားကျောင်းတိုက်ခိုက်တဲ့တိုက်ပွဲမှာဆိုရင် မင်းဘယ်ဘက်က ပါမှာလဲ...”
“အဲ့ဆုံးဖြတ်ချက်က အရေးကြီးလို့လား...” ဖှေးသည် ဤအောက်လမ်းဆရာကို ထူးဆန်းသည့်အမူယာတစ်ခုဖြင့်ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော်က ဘာလို့ ဆုံးဖြတ်ချက်တစ်ခုချဖို့လိုတာလဲ။ လူတိုင်းက သူတို့ကျင့်ကြံလိုတဲ့စွမ်းအင်တွေ၊ အတွင်းအားတွေကို လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က အောက်လမ်းဘုရားကျောင်းဘက်က ရပ်တည်တယ်ဆိုရင် မဟာဘုရားဘုရားကျောင်းလူမှန်သမျှကို ရန်သူလို ဆက်ဆံမယ်လို့မဆိုလိုဘူး။ သူတို့တွေ တွေ့သမျှ အောက်လမ်းမှော်ဆရာတွေကို လိုက်ပြီး သတ်ဖြတ်ခဲ့သလိုပေ့ါ။ ကျွန်တော်တို့လည်း ထိပ်ပိုင်းကိုရောက်သွားတယ်ဆိုရင် မြင့်မြတ်သန့်စင်တဲ့စွမ်းအားလေ့ကျင့်တဲ့လူတွေအကုန်လုံးကို လိုက်သတ်ရမှာလား....”
ဖှေးသည် သူ၏ခေါင်းကို ခါရမ်းကာ ဆက်ပြောလိုက်သည်။ “ကျွန်တော်အဲ့လို လုပ်မှာမဟုတ်ဘူး။ အဲ့တာက နောက်ထပ်သံသယာစက်၀ိုင်းတစ်ခုပဲဖြစ်နေလိမ့်မယ်။ အဲ့လိုဆိုရင် အဓိပ္ပါယ်မရှိတော့ဘူး။ ခင်ဗျားရော အဲ့လိုဖြစ်စေချင်လား။ စွမ်းအားရှိတဲ့လူတွေက အမှားတွေကို ကျူးလွန်တတ်ကြတယ်။ ဒါပေမယ့် အောက်ခြေမှာရှိတဲ့လူတွေကပဲ ခံစားရတယ်လေ။ ကျွန်တော်သာ ဆုံးဖြတ်ချက်တစ်ခုကို ချရမယ်ဆိုရင် တစ်လာကလုံးမှာရှိတဲ့ စွမ်းအင်အမျိုးမျိုးကျင့်ကြံတဲ့လူတွေဘက်ကနေပဲ ရပ်တည်မယ်။ ကျင့်ကြံမှုလမ်းစဥ်မှာ မှန်တယ်မှားတယ်ဆိုတာမရှိဘူး။ ဆိုးတဲ့လူနဲ့ ကောင်းတဲ့လူဆိုတာပဲ ကွဲပြားသွားတာ....”
ဖှေးပြောသည်ကို ဟေဇယ်-ဘန့်ခ်ကြားသည့်အချိန်တွင် ခနတာခန့်တိတ်ဆိတ်သွား၏။
ဖှေးသည် ဤလူကို ပြောရင်းဖြင့် ဘာကိုမှနောင်တရခြင်းမရှိပေ။
သူသည် ဤလူအား အံ့သြအောက်လုပ်နေခဲ့ခြင်းမဟုတ်ပေ။ သို့သော် သူ၏အမြင်များ၊ ယုံကြည်ချက်များသည် ယခင်ဘ၀ကတည်းက ဤကဲ့သို့ဖြစ်ခဲ့သည့်အတွက်ပင်။ သူသည် မဟာဘုရားကျောင်းကို မနှစ်သက်သော်လည်း မဟာဘုရားကျောင်းမှလူမှန်သမျှကို သတ်ဖြတ်လိုခြင်းမရှိပေ။ တကယ်တန်းတွင် ဖှေးသည် တိုက်တစ်ခုလုံးကို လွှမ်းမိုးပြီး အင်ပါယာများကိုပင် သိမ်းပိုက်လိုစိတ်မရှိပေ။ သူ၏ စိတ်ထဲတွင် ထိုကဲ့သို့သော ကိစ္စများသည် အလွန်ပင်အလုပ်များလှသည်။ တစ်နေ့တွင် သူချစ်ရသည့်လူများကို တစ်လောကလုံးထံမှ ကာကွယ်ပေးနိုင်သည့်စွမ်းအားရှိလာပါက သူသည် မိတ်ဆွေများ၊ မိသားစုများဖြင့်သာ ခရီးထွက်ပျော်ပါးနေတော့မည်ဖြစ်သည်။
နန်းတော်ဆောင်ထဲတွင်ရှိနေသည့် လေထုသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
လူသားအဖြစ်သို့ပြန်လည်ပြောင်းလဲသွားပြီဖြစ်သည့် အာသာသည် ဟေဇယ်-ဘန့်ခ်၏အနောက်တွင် တိတ်ဆိတ်စွာရပ်နေပြီး ဖှေးအား ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ကြည့်နေလျှက်ရှိသည်။ သူသည် လွန်ခဲ့သည့်နှစ်၁၀၀က ဟေဇယ်-ဘန့်ခ်ဖန်တီးခဲ့သည့် အသိဉာဏ်မြင့်မားသောမကောင်းဆိုး၀ါးတစ်ကောင်ဖြစ်သည့်အတွက် သူသည် လောကတွင် အရာများစွာကို ကိုယ်တိုင်မြင့်တွေ့ဖူးပြီးဖြစ်သည်။ သူသည် မဟာဘုရားကျောင်းမှ သူရဲကောင်းများ၊ သူတော်စင်များကို မုန်းတီးကို အကုန်လုံးကို သတ်ပစ်လိုသော်လည်း ဖှေးပြောလိုက်သည့်အရာသည်ဖြစ်သင့်သည့်အရာတစ်ခုဖြစ်သည်ဟုခံစားမိနေခဲ့သည်။
တိတ်ဆိတ်မှုသည် အချိန်တစ်ခုကြာခန့်တည်ရှိနေ၏။
ဟေဇယ်-ဘန့်ခ်သည် သူ၏ခေါင်းကို ငုံ့ကာ ဂရုတစိုက်တွေးကြည့်နေသည်။ သူသည်မျက်မှောင်ကြုံ့လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ချွေးများဖြင့် စိုရွဲနေ၏။ တစ်စုံတစ်ယောက်လေးလေးနက်နက်စဥ်းစားနေသည့်အချိန်တွင်ဖြစ်တတ်သောအရာများပင်။
ဖှေး ဤအောက်လမ်းမှော်ဆရာ၏ ဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေ၏။
အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားသည်။
ရုတ်တရက်ဟေဇယ်-ဘန့်ခ်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် စိုးရိမ်သည့်အရိပ်ယောင်များမရှိတော့ပေ။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။ နန်းတော်ဆောက်ထဲတွင်ရှိနေသည့်အခြေအနေသည် ပေါ့ပါးရွှင်ပြလာတော့သည်။
“မင်းမှန်ပါတယ် ငါနဲ့အာသာတို့ ချမ်းဘော့ဒ်နဲ့ ပူးပေါင်းမယ်...” အောက်လမ်းဆရာပြောလိုက်၏။
ဖှေးလည်း ယခုအချိန်မှသက်ပြင်းချနိုင်လိုက်တော့သည်။
ဟေဇယ်-ဘန့်ခ်ချမ်းဘော့ဒ်တိုင်းပြည်နှင့် ပူးပေါင်းလိုက်ခြင်းသည် ကြီးမားသည့်အံ့သြစရာတစ်ခုပင်။ ဘုရင်သည် မကြာသေးမှီအချိန်ကမှ ဤကဲ့သို့ကြံစည်ခဲ့ခြင်းဖြစ်သော်လည်း သူသည် အန္တရာယ်တစ်ချို့ကို ရင်းထားရဆဲပင်။ သူတို့သည် သဘောထားတိုက်ဆိုင်မှုမရှိပဲ စတင်တိုက်ခိုက်ပါက ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေတစ်ခုဖြစ်လာနိုင်သည်။ ဟေဇယ်-ဘန့်ခ်နှင့် အာသာတို့သည် ဖှေးအားအန္တရာယ်ပေးနိုင်ခြင်းမရှိသော်လည်း သူတို့နှစ်ယောက်သည် ဇီးနစ်စစ်သည်သုံးသောင်းနှင့်အတူ ရှေးဟောင်းမြို့တော်ကိုလည်း ဖျက်ဆီးပစ်နိုင်သည့်အတွက်ပင်။ အမှန်ပင် ဖှေးသည် အလျင်စလိုဖြင့် ဆုံးဖြတ်ချက်ချခဲ့သည်လည်းမဟုတ်ပေ။ သူ၏ ပါလာဒင်ဇာတ်ကောင်နှင့် အောက်လမ်းဆရာဇာတ်ကောင်တို့ရှိနေသည့်အတွက်ကြောင့်သာ အောင်မြင်ခဲ့ခြင်းဖြစ်၏။
“ခင်ဗျားလို လူကြီးပိုင်းတစ်ယောက်ကျွန်တော်တို့ အဖွဲ့ထဲကို၀င်လာတာ ဂုဏ်ယူစရာပါ။ ခင်ဗျားရဲ့ဆုံးဖြတ်ချက်မှန်တယ်ဆိုတာကို အချိန်ကပဲသက်သေပြသွားပါလိမ့်မယ်...” ဖှေးသည် ၀ိုင်တစ်လုံးထုတ်ယူကာ ဟေဇယ်-ဘန့်ခ်အာ လေးစားစွာပေးလိုက်ရင်းဖြင့် ပြောလိုက်သည်။
“ဟေး ကောင်လေး။ ဒီခွေးသားကြီးက သဘောတူတယ်ဆိုပေမယ့် ငါသဘောမတူသေးဘူးလေ။ မင်းမှာဘယ်လိုရတနာတွေရှိလဲ။ ရွှေတွေလား လက်နက်တွေလား..အဲ့တာတွေင့ါကို ထုတ်ပြစမ်း... အာသာသည် ဖှေးထံသို့ ပြေးသွားကာ ခါးထောက်ပြီး အမိန့်ပေးလိုက်၏။ သူသည် ဖှေးအား ဓားပြတိုက်တော့မည့်အတိုင်းပင်။
“ဒီကလေးကတော့...” ဖှေးသည် အသာသာ၏ခေါင်းကို ရိုက်လိုက်ပြီး နောက်ထပ်၀ိုင်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
“မင်း...” အာသာသည် အရိုက်ခံလိုက်ရသည့်အတွက် စိတ်ဆိုးသွားသည်။ သို့သော် သူသည် ၀ိုင်ကို လွန်ဆန်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူသည် ၀ိုင်ပုလင်းကို လျှင်မြန်စွာပင်ဆွဲယူလိုက်၏။
ဤအရိုးနဂါးသည် ပုံပြင်များထဲတွင် အလွန်ဆိုးသွမ်းပြီးရက်စက်ကာ နှစ်ပေါင်းတစ်ရာကျော်ခန့် နေထိုင်ခဲ့သော်လည်း အမှန်တကယ်ပင် ကလေးတစ်ယောက်ကဲ့သို့ပင် ပြုမူခဲ့၏။ ဤအောက်လမ်းဆရာနှင့် အချိန်အတော်ကြာရှိခဲ့သည့်အတွက် အနည်းငယ်လောဘကြီးကာ အနည်းငယ်လည်း ညစ်ပတ်လာခဲ့သည်။ အရက်သောက်တတ်သည့် ပြသနာအနည်းငယ်လဲရှိ၏။ ထို့ပြင် သူသည် နဂါးအစစ်တစ်ကောင်၏ အရိုးများမှတဆင့်အောက်လမ်းပညာဖြင့် ဖန်တီးထားခြင်းဖြစ်သည့်အတွက် နဂါးများ၏ သဘာ၀အတိုင်းရတနာများကိုလည်း နှစ်သက်သည်။ ထို့ကြောင့် နှစ်ရာပေါင်းများစွာရှင်သန်လာပြီးသည့်အချိန်တွင် ဤကောင်လေးသည် အမှန်တကယ်ပင် နတ်ဆိုးကောငဖြစ်လာပြီဖြစ်သည်။
သို့သော် ကောင်းသည်တစ်ချက်မှာ အာသာကဲ့သို့သောကလေးများနှင့် ဆက်ဆံရသည်မှာ လွယ်ကူနေခြင်းပင်။ မွှေးကြိုင်သည့် ၀ိုင်ပုလင်းတစ်လုံးသာလိုအပ်၏။