အခန်း (၅၆၆)
Vol. 36 Ch. 566
သို့သော် ဤအောက်လမ်းမှော်ဆရာသည် သူ၏ဦးခေါင်းကို မြဲမြံစွာပင်ခါရမ်းလိုက်သည်။
“အလတ်ဇန္ဒား ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းဘယ်လိုဖြစ်ပြီးတော့ ဇီးနစ်တိုင်းပြည်က အဖွဲ့၀င်တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာတယ်ဆိုတာကိုလည်း ငါမသိဘူး။ မင်းဘာတွေစီစဥ်နေတယ်ဆိုတာကိုလည်း ငါမသိဘူး။ ဒါပေမယ့် လတ်တလောမှာမင်းစောင့်ကြည့်ခံနေရတယ်ဆိုတာကိုတော့ ငါသတိပေးမှာရမယ်။ မဟာဘုရားကျောင်းက မင်းကို သတိထားစောင့်ကြည့်နေတယ်။ မင်းမှာ မရဏစွမ်းအင်ကို ပိုင်ဆိုင်ထားတယ် အဲ့တာက မဟာဘုရားကျောင်းလုံး၀ခွင့်မဠွှတ်တနိုင်တဲ့အရာပဲ။ သူတို့သာ ဒီအကြောင်းသိသွားပြီဆိုရင် မင်းပြာကျသွားလိမ့်မယ်။ မင်းရဲ့လက်ရှိစွမ်းအားနဲ့ မဟာဘုရားကျောင်းကို တိုက်ခိုက်ဖို့စီစဥ်နေတယ်ဆိုရင်လည်း မင်းကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေတာပဲ။ ငါမင်းအဖွဲ့ထဲ၀င်တယ်ဆိုရင်တောင် ငါဘာမှသိပ်ပြီးကူညီနိုင်မှာမဟုတ်ဘူး။ ငါ့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်က ပိုပြီးတော့တောင် မြန်မြန်ဆန်ဆန်ပျက်ဆီးသွားနိုင်တယ်။ မဟာဘုရားကျောင်းက င့ါကို ဖမ်းဆီးဖို့အတွက် သိုင်းဆရာတွေအများကြီးကိုတာ၀န်ပေးထားတယ်။ ရက်အနည်းငယ်မှာဆိုရင် ဒဏာရီလာ ဂိတ်တံခါးလည်းပွင့်တော့မယ်။ အဲ့အခါကျရင်တော့ င့ါအချိန်ပေါ့...”
ဖှေးတွင် မရဏစွမ်းအင်များရှိကြောင်းကို ဟေဇယ်-ဘန့်ခ်သိရှိသားပြီးသည်အချိန်တွင် သူသည် ဖှေးအား အတတ်နိုင်ဆုံးအကူညီပေးလိုခဲ့သည်။ သို့သော် ဤသည်မှာ အိမ်မက်တစ်ခုသာဖြစ်ကြောင်းကို သူသဘောပေါက်သွား၏။ လက်ရှိတွင် သူသည် ပြင်းထန်စွာဒဏ်ရာရရှိထားပြီး သူ၏စွမ်းအားများသည်လည်းများစွာလျှော့နည်းနေ၏။ အကယ်၍ မဟာဘုရားကျောင်းမှလူများ သူ့အား အသဲအသန်လိုက်ရှာနေကြသည့်အချိန်တွင် သူသည် ချမ်းဘော့ဒ်တိုင်းပြည်နှင့်ပူးပေါင်းလိုက်ပါက သူသည် ဤလူငယ်၏ အနာဂတ်ကို ဖျက်ဆီးပစ်သလိုပင် ဖြစ်နေမည်ဖြစ်သည်။ မဟာဘုရားကျောင်းသည်သာ မရဏစွမ်းအင်အကြောင်းကိုသိရှိသွားပါက ဘုရင်ငယ်အား သေချာပေါက်သတ်ဖြတ်ပစ်မည်ဖြစ်သောကြောင့်ပင်။
ဤဘုရင်ငယ်သည်အောက်လမ်းဘုရားကျောင်း၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်ဟု ဟေဇယ်-ဘန့်ခ်ယုံကြည်သည်။ ထို့ကြောင့်သူ့အား အသက်နှင့်ရင်းကာပင်ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်သည်။
ထို့ကြောင့်သူသည် ချမ်းဘော့ဒ်ဘုရင်လက်အောက်သို့ ၀င်ရောက်ကာ အမှုထမ်းမည်မဟုတ်ပေ။ ထိုကဲ့သို့လုပ်ပါက ချမ်းဘော့ဒ်ဘုရင်အား အန္တရာယ်ယူဆောင်လာပေးသလိုဖြစ်နေမည့်အတွက်ပင်။
အငြင်းခံလိုက်ရသည့်အချိန်တွင် ဖှေးအနည်းငယ်စိတ်ပျက်သွားသည်။
သူသည် ဤလူနှစ်ယောက်၏ သရုပ်မှန်ကို ခန့်မှန်းမိပြီးသည့်အချိန်တွင် သူတို့အား ချမ်းဘော့ဒ်တိုင်းပြည်ထဲသို့၀င်အောင် စည်းရုန်းရန်ကြံစည်ထားခဲ့သည်။ လျို့၀ှက်ချက်တစ်ချို့ရှိနေသည့် လမ်းပါ့ဒ်မှလွဲ၍ ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် တိုးရိစ်တို့ကဲ့သို့သော ချမ်းဘော့ဒ်မှစစ်သည်များသည် စွမ်းအားများစွာမြင့်မားလာနိုင်ချေမှာ နည်းပါးလှသည်။
ထိုလူများသည် သစ္စာရှိကြသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်တွင်မွေးဖွားကြီးးပြင်းလာခဲ့ကြသူများသာဖြစ်သောကြောင့် သူတို့ပတ်၀န်းကျင်နှင့်ပတ်သက်၍ အမြင်ကျဥ်းမြောင်းလှ၏။
သို့သော် ဟေဇယ်-ဘန်ခ်တို့ကဲ့သို့သော လူမျိုးသည် မတူညီပေ။
သူသည် လွန်ခဲ့သည့်နှစ်၁၀၀ခန့်က နာမည်ကျော်ကြားခဲ့သည့် အောက်လမ်းမှော်ဆရာတစ်ယောက်ပင်။ သူသည် လက်ရှိတွင် ပြင်းထန်စွာဒဏ်ရာရရှိထားသော်လည်း သူသည် အတွေ့ကြုံရင့်သန်ကာ ဗဟုသုတများစွာရှိသည့်လူတစ်ယောက်ပင်။ သူသည် လမ်းလျှောက်နေသည့် စွယ်စုံကျမ်းတစ်ခုကဲ့သို့ပင်။ ဖှေးသည်သာ ထိုကဲ့သို့သောလူထံမှ အကူညီကိုရရှိနေပါက ကျားတစ်ကောင်ကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်ဖြစ်နေမည်ဖြစ်သည်။
အခိုက်တန့်တစ်ခုကြာခန့်ပြောဆိုဆက်ဆံပြီး ဟေဇယ်-ဘန့်ခ် ဇီးနစ်တိုင်းပြည်မှစစ်သည်များအား အေးအေးဆေးဆေးပင်ဆက်ဆံခဲ့ပုံကိုကြည့်ခြင်းအားဖြင့် ဟေဇယ်-ဘန့်ခ်သည် ကောလဟာလများထဲကသကဲ့သို့ လူဆိုးတစ်ယောက်မဟုတ်ကြောင်းကို ဖှေးသိရှိလိုက်သည်။ သူသည်အဆင့်တန်းရှိကာ ကြင်နာတတ်သည့်လူတစ်ယောက်ပင်။ ထို့အပြင် ဖှေးတွင်လည်း အောက်လမ်းဆရာဇာတ်ကောင်ရှိကာ အောက်လမ်းမှော်ပညာနှင့်ရင်းနှိးသည့်အတွက်ကြောင့် ဟေဇယ်-ဘန့်ခ်ကို သဘာ၀အလျှောက်မုန်းတီးမိခြင်းလဲမရှိပေ။ ထိုအစား ဤကမ္ဘာပေါ်မှ အောက်လမ်းဆရာများပေါ်တွင် သနားမိသည့် သူ၏ စိတ်ထားကြောင့် ဟေဇယ်-ဘန့်ခ်အပေါ်တွင် မသိစိတ်မှရင်းနှီးနေ၏။
အရာအားလုံးသည် အဆင်ပြေကိုက်ညီနေသည့်အတွက် ဖှေးသည် ငြင်းဆန်ခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သို့သော် ဤအောက်လမ်းဆရာ၏ အကြောင်းပြချက်ကို ကြားသည့်အချိန်တွင် ပြုံးလိုက်ကာ ဟေဇယ်-ဘန့်ခ်အား ပို၍သိမ်းသွင်းလိုစိတ်ပင်ပေါက်လာ၏။
ဟေဇယ်-ဘန့်ခ်ဤကဲ့သို့ ငြင်းဆန်ခြင်းမှာ သူသည် ဖှေးအတွက်စဥ်းစားပေးနေသည့်အတွက်ပင်။ ဟေဇယ်-ဘန့်ခ်သည် လက်ရှိဒုက္ခရောက်နေသည့်အချိန်မှာပင် ဤကဲ့သို့စဥ်စားပေးသည့်အတွက် သူထင်ထားသည်ထက်ပင်ပို၍အကျင့်စရိုက်ကောင်းသည်လူတစ်ယောက်ဖြစ်သည်ဟု ဖှေးခံစားလိုက်မိ၏။
“မစိုးရိမ်ပါနဲ့ ကျွန်တော့မှာ မဟာဘုရားကျောင်းနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေရှိပါတယ်။ သူတို့တွေ ဘာကိုမှသတိထားမိနိုင်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်ကတိပေးနိုင်ပါတယ်...” ဖှေးသည် သူ၏ရင်ဘက်ကို ပုတ်ကာ ကျိမ်ဆိုလိုက်သည်။
ဟေဇယ်-ဘန့်ခ်သည် သူ၏ခေါင်းကို ခါရမ်းကာ ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။ “လူငယ်လေး မင်းက မဟာဘုရားကျောင်း ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို ကိုယ်တိုင်မကြုံဖူးသေးလို့သာ ဒီလိုပြောနေတာပါ။ တစ်ချို့အဖွဲ့စည်းတွေ၊ အင်အားစုတွေက သူတို့ကို အရူးလုပ်နိုင်ခဲ့ပေမယ့် မင်းနဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကတော့ လုပ်နိုင်မှာမဟုတ်ဘူး။ ကောင်လေး မင်းကံကို ယုံပြီးတော့ ဆူးပုံမနင်းချင်ပါနဲ့ မင်းအကျိုးဆက်တွေကို ခံနိုင်မှာမဟုတ်ဘူး...”
ဖှေးရယ်မောကာ ပြန်ပြောလိုက်သည်။ “တကယ်လို့ ကျွန်တော်ခံနိုင်တယ်ဆိုရင်ရော။ ကျွန်တော်က မဟာဘုရားကျောင်းကို အရူးလုပ်နိုင်မယ်ဆိုရင်ရော ခင်ဗျားကျွန်တော်နဲ့ပူးပေါင်းမှာလား....”
အောက်လမ်းမှော်ဆရာသည် ဖှေး၏မျက်နှာပေါ်မှ ခေါင်းမာသည့်အမူယာကိုကြည့်ရင်းဖြင့် သူ၏ခေါင်းကို ခါရမ်းလိုက်ပြန်သည်။ သူသည် ဘ၀အတွေ့ကြုံနည်းသောလူငယ်တစ်ယောက်သည် မိမိကိုယ်မိမိယုံကြည်ချက်လွန်ကဲနေခြင်းဖြစ်သည်ဟုသာ ထင်မြင်လိုက်မိသည်။ သို့သော်လည်း သူခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ “မင်းသာ မဟာဘုရားကျောင်းကို လှည့်စားနိုင်တယ်လို့ င့ါကို သက်သေပြနိုင်မယ်ဆိုရင် ငါချမ်းဘော့ဒ်နဲ့ပူးပေါင်းပြီးတော့ မင်းလက်အောက်မှာ အမှုထမ်းပါ့မယ်။ ဒါပေမယ့် မင်းသူတို့ကို လှည့်စားမယ့်နည်းလမ်းတွေကို ငါကိုယ်တိုင်အသိမှတ်ပြုတဲ့နည်းလမ်းတွေဖြစ်မှရမယ်...”
“ဟီးဟီး အရှုံးပေးလိုက်စမ်းပါ ကောင်လေးရာ။ ဒီအဖိုးကြီးက အတော်လေးခေါင်းမာတာနော်။ သူ့စိတ်က ကျောက်ဆောင်ကြီးတစ်ခုလိုပဲ လွယ်လွယ်ကူကူနဲ့ပြောင်းလဲတာမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်တစ်ရာလုံးမှာ သူ့ကို စည်းရုန်းနိုင်တဲ့လူတစ်ယောက်မှ ငါမတွေ့ဖူးသေးဘူး...” အာသာသည် လမ်းလျှောက်လာပြီး ဖှေး၏ပခုံးကို ပုတ်ရန်အတွက် ခုန်တက်လိုက်သည်။
ဤကောင်လေးသည် သာမန်ကလေးတစ်ယောက်မဟုတ်သည်ကို ဖှေးသိထားပြီးဖြစ်သော်လည်း သူ၏ လူကြီးကဲ့သို့စကားပြေနေခြင်းသည်ရယ်စရာကောင်းနေဆဲပင်။ ဤကောင်လေးသည် ကလေးလေးသာရှိနေသေးသော်လည်းဖှေး၏ အဖိုးကဲ့သို့ပင် စကားပြောနေခြင်းပင်။
သို့သော် ဖှေးသည် ဘာမှပြန်ပြောခြင်းမရှိပေ။ ဘုရင်သည် ရိုးရှင်းစွာပင် ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်၏။
လယ်ဗယ်၇၂ပါလာဒင်ဇာတ်ကောင်၏အစွမ်းများကို ထုတ်လွှတ်လိုက်ပြီး များပြားလှသည့် မြင့်မြတ်သောစွမ်းအင်အရှိန်၀ါများသည် ပတ်၀န်းကျင်သို့ပြန့်နှံ့သွား၏။ ယခင်က နန်းတော်ဆောင်ထဲတွင် ပြန့်နှံ့နေသည့် အေးစက်မှောက်မှိုက်သည့် စွမ်းအင်များသည် ချက်ချင်းလိုလိုပင် ပျောက်ကွယ်သွားပြီး ယခုအချိန်တွင် နန်းတော်ဆောင်ကြီးတစ်ခုလုံးသည် နွေးထွေးကာ တောက်ပနေတော့သည်။
“အား မင်း...နာတယ်...” ဖှေး၏ပခုံးပေါ်သို့ လက်တင်ထားသည့်အာသာသည် အချိန်မီတုန့်ပြန်နိုင်လိုက်ခြင်းမရှိပဲ ရွှေရောင်မြင့်မြတ်သန့်စင်သည့်စွမ်းအင်များသည် သူ၏လက်သန်းကို လောင်မြိုက်သွားစေ၏။ စူးရှသည့်အနံ့တစ်ခုထွက်ပေါ်လာပြီး အာသာသည် ကြောက်မက်ဖွယ်တစ်စုံတစ်ခုနှင့် တွေ့လိုက်ရသကဲ့သို့ အနောက်သို့ ချက်ချင်းပင် ခုန်ကာ ဆုတ်ခွာသွား၏။
“ဒါ...ဒါက မဖြစ်နိုင်ဘူး...” ဟေဇယ်-ဘန့်ခ် အလွန်ပင် ထိတ်လန့်သွားသည်။
ခမ်းနားလှသည့် မြင့်မြတ်သန့်စင်သည် စွမ်းအားများဖှေး၏ ခန္ဓာကိုယ်အတွင်းမှ စီးထွက်လာသည့်အချိန်တွင် နန်းတော်ဆောင်တစ်ခုလုံးပင် လင်းထိန်သွားသည်။ ဤမြင့်မြတ်သန့်စင်သည့်စွမ်းအင်များသည် နန်းတော်ဆောင်တစ်ခုလုံးကို သန့်စင်တော့မည့်အတိုင်းပင် နေရာတိုင်းသို့ရောက်ရှိသွား၏။ မြင့်မြတ်သည့်စွမ်းအားအရှိန်၀ါများသည် လူတိုင်းကို ဒူးထောက်ကာ ကိုးကွယ်လိုသည့် ခံစားချက်များကိုပင် ပေးနေလျှက်ရှိသည်။
ဤသည်မှာ အသန့်စင်ဆုံးမြင့်မြတ်သည့်စွမ်းအင်များပင်။ ကံအကောင်းဆုံးနှင့် ဘုရားသခင်အား ယုံကြည်မှုအရှိဆုံးလူများသာလျှင် ဤကဲ့သို့သော စွမ်းအင်များကို ရရှိလေ့ရှိကြ၏။
“သာလွန်တဲ့ မရဏစွမ်းအင်ကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့်အောက်လမ်းအစွမ်းတွေကို အသုံးပြုနိုင်တဲ့လူက ဘယ်လို ဖြစ်ပြီးတော့ မြင့်မြတ်တဲ့စွမ်းအင်ကိုပါအသုံးပြနိုင်တာလဲ။ ဒါက မဖြစ်နိုင်တဲ့အရာပဲ။ မီးခိုးရောက် မရဏစွမ်းအင်နဲ့ ရွှေရောင်မြင့်မြတ်သောစွမ်းအင်ဆိုတာက ရေနဲ့မီးလိုပဲ အတူယှဥ်တွဲနေဖို့မဖြစ်နိုင်ဘူး။ ဒါက နှစ်ပေါင်းထောက်နဲ့ချီပြီးတော့ ရှိခဲ့တဲ့ နိယာမတစ်ခုပဲ။ ဒါပေမယ့် ဒီနိယာမကို ဘုရင်ငယ်က ဒီလိုပဲ လွယ်လွယ်ကူကူနဲ့ ချိုးဖောက်ပစ်လိုက်တာလား....” ဟေဇယ်-ဘန့်ခ်တွေးလိုက်မိသည်။
ရွှေရောင်မြင့်မြတ်သန့်စင်သည့်စွမ်းအင်များသည် နန်းတော်ဆောင်ထဲတွင် တောက်ပနေသည့်အချိန်၌ ဟေဇယ်-ဘန့်ခ်ဆင့်ခေါ်ထားသည့် အနက်ရောက်အရိုးစုစစ်သည်များသည် နေရောင်အောက်မှ နှင်းပွင့်များကဲ့သို့ပင် စတင်၍ အရည်ပျော်ကျလာတော့သည်။ အရိုးစုစစ်သည်များအတွင်းမှ အမဲရောင်အခိုးငွေ့များထွက်ပေါ်လာပြီး အရိုးစုများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကျိုးကြေကုန်တော့သည်။
ဖှေးဆင့်ခေါ်ထားသည့် သတ္တ၀ါများမှာမူ အောက်လမ်းဆရာဇာတ်ကောင်မှ ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည့််အချိန်တွင် အလိုလျှောက်ပျောက်ကွယ်သွားကြ၏။
ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်သည် ရွှေရောင့်မြင့်မြတ်သန့်စင်သည့်စွမ်းအင်များကြောင့် နာကျင်နေသော်လည်း သူသည် အလွန်အံ့သြနေသည့်အတွက် ပြန်လည်တုန့်ပြန်ခြင်းမရှိပေ။ သူ၏ ဘ၀တစ်လျှောက်လုံးတွင် ဤအရာသည်ဖြစ်နိုင်သည်ဟုသူမထင်ခဲ့သည့်အတွက်ပင်။ ထို့ကြောင့် သူသည် ပါးစပ်အဟောင်းသားဖြင့် အသက်ရှူရန်ပင် မေ့နေ၏။ သူ၏ စိတ်ထဲတွင်ဘာမမရှိတော့ပေ။
ဟေဇယ်-ဘန့်ခ်၏အနောက်တွင်ရှိနေသည့် အာသာမှာမူ သိသိသာသာပင်ပြောင်းလဲလာတော့သည်။
သူ၏ကြည်လင်တောက်ပနေသည့် ကလေးမျက်လုံးလေးများသည် ယခုအချိန်တွင် မဲနက်နေ၏။ နေအလင်းရောင်ကိုပင် ၀ါးမျိုနိုင်သကဲ့သို့ပင်။ ထိုမျက်လုံးများသည် လူမျက်လုံးများမဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ဖှေး၏မြင့်မြတ်သန့်စင်သည့်စွမ်းအင်များကြောင့် လောက်ကျွမ်းသွားခဲ့သည့် သူ၏လက်သည်လည်း ပုံသဏန်ပြောင်းလဲသွားသည်။ ပန်းရောင်အရေပြားသည် လောက်လွှမ်းသွားပြီးအရေပြားအောက်တွင်ရှိနေသည်မှာ အမဲရောက်လက်လည်းကြီးတစ်ခုပင်။ ကြောက်မက်ဖွယ်ကောင်းလှ၏။
ထိုလက်သည်းသည် လူလက်သည်းမဟုတ်ပဲ နတ်ဆိုးသားရဲကောင်၏ လက်သည်းဖြစ်၏။
ဖှေးရုတ်တရက်ပင် ကောလဟာလတစ်ခုကို သတိရလိုက်သည်။ နတ်ဆိုးအောက်လမ်းဆရာ ဟေဇယ်-ဘန့်ခ်သည် တစ်ချိန်က စွမ်းအားကြီးသည့် မကောင်းဆိုး၀ါး အရိုးနဂါးတစ်ကောင်ကို ဖန်တီးခဲ့သည်ဆိုသည်ကိုပင်။ ထိုအရိုးနဂါးသည် အလွန်ပင် အဖျက်စွမ်းအားကြီးမားပြီး ဟေဇယ်-ဘန့်ခ်နှင့် တစ်အမြဲအတူရှိနေကာ အောင်ပွဲများစွာရရှိခဲ့သည်ဟုဆိုကြသည်။ အချုပ်အားဖြင့်ဆိုရပါက ပြိုင်ဘက်ကင်းလုနီးနီးပင်....
“အဲ့ကောင်လေးက စွမ်းအားမြင့်တဲ့အရိုးနဂါးများလား။ ဒါက အတော်လေးအံ့သြစရာကောင်းတာပဲ...”
ဖှေးခန့်မှန်းထားသကဲ့သို့ပင် မြင့်မြတ်သန့်စင်သောစွမ်းအင်များပို၍ တောက်ပလာသည့်အချိန်တွင် နာကျင်သည့်အမူယာတစ်ခုသည် အာသာ၏မျက်နှာပေါ်တွင် ပို၍ပေါ်လွင်လာ၏။ မကြာမှီတွင် သူ၏ သေးငယ်သောခန္ဓာကိုယ်သည် စတင်၍ကြီးမားလာတော့သည်။ ယခင်က အရပ်၁.၂မီတာခန့်သာမြင့်မားသည့် ကောင်လေးသည် ယခုအချိန်တွင် လေးမီတာခန့်ထိရှည်လျားလာ၏။ သူ၏ခန္ဓာကိုယ်တစ်၀က်ခန့်သည် ကောင်လေးတစ်ယောက်ပုံရှိနေဆဲပင်။ သို့သော် ကျန်တစ်၀က်သည် ကြီးမားသည့်အရိုးစုသတ္တ၀ါကြီးပုံဖြစ်နေပြီး ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလှ၏။
အာသာ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အရိုးများသည် ကြီးမားလှပြီး ထိုအရိုးများသည် ထင်ရှားစွာပင် နဂါးတစ်ကောင်၏ အရိုးများပင်။
သို့သော် ယခင်က အလွန်စွမ်းအားကြီးမားကာ ကြောက်မက်ဖွယ်ကောင်းခဲ့သည့်အရိုးနဂါးကြီးသည် ယခုအချိန်တွင် အလွန်အားနည်းသွား၏။ သူသည် လက်ရှိတွင် လသစ်အလယ်လတ်အဆင့်သာရှိတော့ပြီး နှင်းတောင်သိုင်းဆရာထက်အနည်းငယ်ပို၍ပင် အားနည်းနေသေးသည်။
မဟာရန်သူတစ်ယောက်နှင့် တွေ့လိုက်သကဲ့သို့ပင် အာသာ၏ခန္ဓာကိုယ်အတွင်းမှ အမဲရောင်မြူခိုးများထွက်ပေါ်လာသည်။ သူ၏မျက်နှာသည် ကောင်လေးတစ်ယောက်နှင့်တူနေသေးသော်လည်း သူသည် ဟိန်းဟောက်ကာ အသံလှိုင်းများစွာဖန်တီးလိုက်သည်။
ဟိန်းဟောက်သံကို ကြားလိုက်သည့်အချိန်တွင် ကျက်သေသေနေသည့် ဟေဇယ်-ဘန့်ခ်သည် ပြန်လည်ကာ နိုးထလာပြီး မန္တာန်တစ်ခုရွတ်ဆိုကာ အမဲရောင်မြူခိုးများစွာကို အာသာ၏ ခန္ဓာကိုယ်ထဲသို့ ပစ်သွင်းလိုက်သည်။ ထိုမှသာ အရိုးနဂါးသည် တဖြည်းဖြည်းတည်ငြိမ်လာပြီး ခန္ဓာကိုယ်သည်လည်း ကလေးတစ်ယောက်အဖြစ်သို့ပြန်ပြောင်းလာတော့သည်။
ဤအချိန်တွင် ဖှေးသည် ပါလာဒင်ဇာတ်ကောင်၏ အရှိန်၀ါများကိုပြန်လည်ကာ ရုတ်သိမ်းလိုက်ပြီး နန်းတော်ဆောင်ထဲတွင်ရှိနေသည့် ရွှေရောင်မီးတောက်များသည်လည်း ပျောက်ကွယ်သွားတော့၏။
“ခင်ဗျားကျွန်တော်ရဲ့ သက်သေကို ဘယ်လိုမြင်လဲ။ မဟာဘုရားကျောင်းကိုလှည့်စားဖို့အတွက် လုံလောက်တယ်မလား...” ဖှေးသူ၏မျက်နှာပေါ်တွင် ကြီးမားသည့်အပြုံးတစ်ခုဖြင့် မေးလိုက်၏။