အခန်း (၅၆၈)
Vol. 36 Ch. 568
အလံနှစ်စုံမြိုတော်အတွင်းရှိ ဘုရားကျောင်းအဆောက်ဦးတစ်ခုထဲတွင်ဖြစ်သည်။
“ဘာတွေဖြစ်ကုန်တာလဲ။ ငါအဲ့နတ်ဆိုးနှစ်ယောက်ရဲ့ တည်နေရာကို င့ါရဲ့နတ်မျက်လုံးနဲ့ ကြည့်လို့မရတော့ဘူး။” ၀တ်ရုံနီ၀တ်သူတော်စင်သည် သူ၏ ငွေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်ရင်းဖြင့် ပြောလိုက်သည်။ သူ၏ အဖြူရောင်တလင်းကျောက်စက်လုံးကို စားပွဲခုံပေါ်သို့ ပြန်တင်လိုက်ပြီး ဟေဇယ်-ဘန့်ခ်နှင့် အာသာတို့ကို ရှာဖွေကြည့်ပြီးသည့်အချန်တွင် မောပန်းနေသလိုပင်။
“ဆာ အဲ့နှစ်ကောင်က ကျွန်တော်တို့ရောက်နေတာကို သတိထားမိသွားလို့များ ထွက်ပြေးသွားတာလား...” သူရဲကောင်းတစ်ယောက်မှ မေးလိုက်သည်။
“မဖြစ်နိုင်ဘူး။ မင်းတို့ကောင်တွေက ဟေဇယ်-ဘန့်ခ်အကြောင်းကို ကောင်းကောင်းမသိသေးလို့ပါ။ အဲ့ကောင်က ဘယ်သူ့ကို မှကြောက်တဲ့ကောင်မဟုတ်ဘူး။ အဲ့တာအပြင်ကို ဒဏာရီလာ ဂိတ်တံခါးက သန်းဘက်ခါဆိုရင် ပွင့်တော့မယ်။ အဲ့အချိန်ကျရင် သူ့အစွမ်းတွေကို ပြန်ရအောင်လို့ သူက ဒဏာရီလာနန်းတော်ထဲကို ၀င်ပြီးတော့...” ပယ်ရီဂရီနီသည် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ “သီအိုရီအရဆိုရင် သူနဲ့ အဲ့နတ်ဆိုးနဂါးက လက်ရှိမှာ လသစ်အဆင့်ပဲရှိရဦးမှာ။ အဲ့တာကြောင့်မို့ ငါ့ရဲ့ တလင်းကျောက်နတ်မျက်လုံးကနေ ပုန်းနေနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါအခုသူတို့ကို ရှာကြည့်လို့မရတော့ဘူး။ မဟုတ်မှလွဲရော...မဖြစ်နိုင်ပါဘူး...” သူသည် ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားလိုက်မိပြီး ချက်ချင်းပင် ငြင်းဆန်လိုက်ပုံရသည်။
“ဆာ...ဘာကမဖြစ်နိုင်တာလဲ...” အဖွဲ့ထဲမှ အငယ်ဆုံးသူတော်စင်တစ်ယောက်သည် မေးလိုက်၏။ သူသည် အဖွဲ့ထဲတွင် အတွေ့ကြုံအနည်းဆုံးလူတစ်ယောက်ပင်။
သို့သော် ပယ်ရီဂရီနီသည် ထိုလူငယ်ကို ကြည့်ကာ မျက်နှာပျက်သွား၏။ ထို့နောက်တွင် သူ့အား လျစ်လျူရှုကာ အဆောက်ဦးအတွင်းမှ ထွက်သွားတော့သည်။
၀တ်ရုံနီ၀တ် သူတော်စင်သည် စိတ်ကျေနပ်ခြင်းမရှိသည်မှာ ထင်ရှားလှသည်။
ကျန်ရှိနေသည့်လူများသည်လည်း ဤလူငယ်ကို တစ်ချက်စိုက်ကြည့်လိုက်ကာ အဆောက်ဦးအတွင်းမှ ထွက်ခွသွားကြ၏။ သူတို့၏ သက်ဆိုင်ရာအခန်းများထံသို့ အနားယူရန်အတွက် ပြန်သွားကြခြင်းပင်။
“ဂျက်စီ မင်းကအတော်လေး အလိုက်မသိတဲ့ကောင်ပဲ...” အလန်ဟုအမည်ရသည့် အားအနည်းဆုံးမြင့်မြတ်သည့်သူရဲကောင်းတစ်ယောက်သည် ဂျက်စီထံသို့ လမ်းလျှောက်လာကာ သူ၏ပခုံးကို ပုတ်ရင်းဖြင့် ပြောလိုက်သည်။ ထို့နောက်တွင် သူရှင်းပြလိုက်၏။ “အဲ့အောက်လမ်းမှော်ဆရာရဲ့အစွမ်းက မစ်စတာ ပယ်လီဂရီနီထက်ပိုပြီးမြင့်မားနေတယ်ဆိုရင်ပေါ့။ အဲ့လိုဆိုရင် ငါတို့က အဲ့နတ်ဆိုးရဲ့ လှည့်စားခြင်းကိုခံလိုက်ရတာပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မစ်စတာ ပယ်လီဂရီနီက အရင်အဲ့နတ်ဆိုးကို အာရုံခံနိုင်ပြီးတော့ အခုမှ ဘာလို့မရတော့တာလဲ။ မင်းပါးနပ်ဖို့လိုသေးတယ်။ ဒီအကြောင်းကို လူတိုင်းသိတယ်လေ။ မင်းကမေးလိုက်တော့ အဲ့အကြောင်းကို ထုတ်မေးလိုက်သလိုဖြစ်ပြီး မစ်စတာ ပယ်လီဂရီနီကို သိက္ခာကျအောင်လုပ်နေသလိုဖြစ်တာပေါ့ကွ...”
အလန်သည် လက်ရှိမဟာဘုရားကျောင်းတပ်ဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်သည့်အတွက် သူ၏လူများသည် သူ့အား တန်ဖိုးမထားကြပေ။ ထို့ကြောင့် သူသည် လက်ရှိတွင် ဂျက်စီကဲ့သို့ပင် အပယ်ခံဘ၀သို့ကျရောက်နေ၏။ သို့သော် သူသည် လိမ်မ္မာ ပါးနပ်ကာ သိုသိုသိပ်သိပ်နေတတ်သည့်လူတစ်ယောက်ပင်။ သူသည် မကောင်းသည့်လူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ဂျက်စီတစ်ယောက်ရှက်စရာကောင်းသည့် အခြေအနေသို့ရောက်ရှိနေသည့်အချိန်တွင် ၀င်ရောက်ကာ ရှင်းပြနေခြင်းပင်။
အလန်သည် ဂျက်စီအား ရှင်းပြပြီးသည့်အချိန်တွင် အဆောက်ဦးအတွင်းမှ လမ်းလျှေက်ထွက်သွားတော့၏။
ဤငယ်ရွယ်သော် သူတော်စင်၏မျက်နှာပေါ်တွင်လည်း ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာပြီး လမ်းလျှောက်ထွက်သွားတော့၏။
လရောင်သည် မြေပြင်ပေါ်တွင် တောက်ပနေပြီး ခြေသံများစွာထွက်ပေါ်လာ၏။
ဂျက်စီသည် အသံထွက်ပေါ်လာရာနေရာသို့ကြည့်လိုက်ရာ မဟာဘုရားကျောင်းမှပညာသင်သူရဲကောင်းတစ်ချို့နှင့် သူတော်စင်တစ်ချို့သည် အဖြူရောင်၀တ်စုံများ၀တ်ဆင်ထားသည့် ကောင်မလေးတစ်ချို့ကို ခေါ်ဆောင်လာသည်ကိုတွေ့လိုက်ရသည်။ ကောင်မလေးအများစုမှာ အသက်၁၈နှစ်ခန့်သာရှိသေးပြီး မြင့်မြတ်သန့်စင်သည့်ပုံရှိသည်။ ကောင်မလေးတစ်ချို့သည် အံ့သြနေသည့်ပုံရပြီးတစ်ချို့သည် မျက်ရည်များ၀ဲနေကာ အကူညီကင်းမဲ့နေပုံရ၏။
“ဘာတွေလုပ်နေကြတာလဲ...” ဂျက်စီသည် သူတို့အား တားလိုက်ပြီးမေးလိုက်သည်။
ပညာသင်သူရဲကောင်းတစ်ယောက်သည်ပြေးလာပြီး သူ၏မျက်နှာတွင် မြှောက်ပင့်လိုသည့်အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “ဆာ သူတို့တွေက ဓမ္မတေးသံကျူးအဖွဲ့ထဲမှာရှိတဲ့ အပျိုစင်တွေပါ။ သူတို့က ကျွန်တော်တို့အဖွဲ့ထဲမှာရှိနေတဲ့ ဆရာ့လို လူကြီးပိုင်းတွေ ညမှာ အိပ်ပျော်အောင်ကူညီပေးဖို့ ရောက်လာတာပါ။ ဟီးဟီး သူတို့တွေအကုန်လုံး အပျိုစစ်တယ်ဆိုတာကို ဆရာ့ကို ကျွန်တော်အာမခံနိုင်ပါတယ်...”
ကျန်ရှိနေသည့် ပညာသင်သူရဲကောင်းများနှင့် သူတော်စင်များသည်လည်း မြှောက်ပင့်ကာ ပြုံးနေကြ၏။ ဤငယ်ရွယ်သည့် သူတော်စင်ဂျက်စီသည် ယခုအဖွဲ့ထဲတွင်ရာထူးနည်းနေသေးသော်လည်း ဤကဲ့သို့ ပညာသင်လူများထက်များစွာပို၍ ရာထူးမြင့်သည့် သူတော်စင်တစ်ယောက်ပင်။
“ဓမ္မတေးသံကျူးအဖွဲ့က အပျိုစင်တွေက ငါတို့နဲ့အိပ်မယ်ဟုတ်လား...” ဂျက်စီသည် သူ၏နားကိုပင် ယုံနိုင်ခြင်းမရှိပေ။
မဟာဘုရားကျောင်းမှ အရှိန်၀ါကြးသည့်လူများသည် ဓမ္မသေးသံကျူးအဖွဲ့မှ အပျိုစင်များကို ခေါ်ယူဖျက်ဆီးနေကြောင်း ကြားဖူးသော်လည်း မဟာဘုရားကျောင်း၏ ရန်သူများမှ ဖြန့်သည့် ကောလဟာလုများသာဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော် သူသည် ယခုအချိန်တွင် ဤကဲ့သို့သော ကိစ္စကို ကိုယ်တိုင်မြင့်တွေ့လိုက်ရ၏။
“မဟာဘုရားကျောင်းမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုကိစ္စမျိုးပေါ်လာရတာလဲ။ ဓမ္မတေးသံကျူးအဖွဲ့က အပျိုစင်တွေက ဘုရားသခင်ကို အလုပ်ကျွေးပြုရမယ့် သူတော်စင်မတစ်ယောက်ဖြစ်လာရမယ့်လူတွေပဲ။ သာမန်လူသားတွေက သူတို့ကို ဖျက်ဆီးလို့မရဘူး...” ဂျက်စီသည် ယုံကြည်နိုင်ခြင်းမရှိပေ။
“မင်းကများ...” ကြီးမားသည့် စွမ်းအင်အရှိန်၀ါတစ်ခုသည် ဤသူတော်စင်လူငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အော်ဟစ်လိုက်သည်။ “ဘယ်သူလဲ။ ဘယ်သူက ဓမ္မတေးသံကျူးအဖွဲ့ထဲက အပျိုစင်တွေကို အတူအိပ်ဖို့ခေါ်ထားတာလဲ။ မင်းတို့ကောင်တွေက ဘုရားသခင်ကို အရှက်ရအောင်လုပ်နေကြတာပဲ။ သွားကြစမ်းကွာ။ မင်းတို့ကောင်တွေ ကြိုးပေးခံချင်နေတာလား....”
ပညာသင်သူရဲကောင်းများနှင့် သူတော်စင်များသည် အလွန်ကြောက်လန့်သွားကြ၏။ သူတို့သည် မြင့်မြတ်သောတောင်ထပ်မှလူများကို မြှောက်ပင့်ဖားယားလိုသော်လည်း သူတို့သည် မကောင်းသည့်အရာတစ်ခုကို လုပ်မိသွားသည့်ပုံပင်။
ဂျက်စီသည် လက်ရှိတွင် အလွန်ဒေါသဖြစ်နေသလို အကူညီကင်းမဲ့သလိုလဲခံစားနေရ၏။
ဓမ္မတေးသံကျူးအဖွဲ့မှ အမျိုးသမီးတစ်ချို့သည်လည်း သူ၏အမိန့်ကြောင့် စိတ်ပျက်သွားကြသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ သူတို့သည် သူ့အား မကျေနပ်သည့်မျက်လုံးများဖြင့် ကြည့်ကာ ထွက်သွားကြ၏။ ဤငယ်ရွယ်သည့် သူတော်စင်သည် သူတို့၏ အခွင့်လမ်းများကို ဖျက်ဆီးလိုက်သလိုပင် မြင်နေကြ၏။
“ဒီလိုအမျိုးသမီးတွေက ပြည့်တန်ဆာတွေထက်ပိုပြီးဆိုးတယ်။ သူတို့က ဘယ်လိုလုပ်ပြီး သန့်စင်တဲ့ဓမ္မတေးသံကျူးအဖွဲ့ထဲကိုရောက်နေကြတာလဲ။ ဘုရားရေ ကျွန်တော်တို့ မဟာဘုရားကျောင်းက ဒီလောက်တောင်ပျက်ဆီးနေပြီလား။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ဘုရားသခင်ကို စော်ကားနေသလိုပဲ။ ဘုရားခသင် ကျေးဇူးပြုပြီး ဒီလို အတုယောင်ကိုးကွယ်သူတွေကို အပြစ်ပေးပေးပါ...” ငယ်ရွယ်သည့် သူတာ်စင်မှ ဆုတောင်းလိုက်၏။
သူတို့၏အဖွဲ့ထဲတွင်ရှိနေသည့် တစ်စုံတစ်ယောက်သည် ယခုဘုရားကျောင်းမှလူများကို ဤကဲ့သို့ ပြုလုပ်ရန်အတွက် အမိန့်ပေးခဲ့သည်ကိုလည်း သူရိပ်မိသည်။ သို့မဟုတ်ပါက ဤဘုရားကျောင်းတွင်ရှိသည့်လူများသည် ဤမျှရဲတင်းလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရီနီသည်လည်း ဤကိစ္စကိုမျက်ကွယ်ပြုကာ ခွင့်ပြုထားသည့်ပုံပင်။ ဤအချက်သည် ဂျက်စီကို ပို၍ပင် ဒေါသဖြစ်စေ၏။