← Chapters

အခန်း (၅၆၉)

Vol. 36 Ch. 569

အခန်း (၅၆၉)

Vol. 36 Ch. 569

“လက်ရှိမှာအရေးကြီးဆုံးအရာက ကျွန်တော်နဲ့ အာသာတို့ ကျွန်တော်တို့ရဲ့အစွမ်းတွေကို ပြန်ရအောင်လုပ်ဖို့ပဲ။ မဟာဘုရားကျောင်းက လူတွေသာ ကျွန်တော်တို့ကို ရှာတွေ့သွားမယ်ဆိုရင် ကျွန်တော်တို့ကို အသည်းသန်လိုက်ဖမ်းကြလိမ့်မယ်...” ဟေဇယ်-ဘန့်ခ်သည် တစ်ဖက်တွင်ထိုင်ရင်းဖြင့် ဖှေးကိုပြောလိုက်သည်။

နန်းတော်ဆောင်ထဲတွင် တင်းမာသည့်အခြေအနေမရှိတော့ပဲ ဤအောက်လမ်းဆရာနှင့် ဖှေးတို့သည် နောက်ထပ်ဆောင်ရွက်ရမည့်ခြေလှမ်းများအကြောင်းကို ဆွေးနွေးနေကြ၏။ ထိုအချိန်တွင် အာသာသည် ၀ိုင်ပုလင်းများကို တစ်လုံးပြီးတစ်လုံးမော့သောက်နေ၏။

“ကုသနိုင်မယ့် နည်းလမ်းရှိလား...” ဖှေးမေးလိုက်သည်။ ဟေဇယ်-ဘန့်ခ်ပြောသည်ကို ကြားသည့်အချိန်တွင် ဤအောက်လမ်းမှော်ဆရာနှင့် အရိုးနဂါးတို့သည် လက်ရှိတွင် သူတို့ရှိခဲ့သည့်စွမ်းအားများ၏ အစိတ်ပိုင်းအနည်းငယ်သာ ပိုင်ဆိုင်တော့ကြောင်းကို ခန့်မှန်းလိုက်မိသည်။ ယခုအချိန်တွင် သူတို့သည် လသစ်အလယ်လတ်အဆင့်စစ်သည်များပင်။ သူတို့သည် အချိန်မှီကုသနိုင်ခြင်းမရှိပါက သူတို့၏ စွမ်းအားများသည် ပို၍ပင် ကျဆင်းလာနိုင်၏။

“အဲ့တာကြောင့် ကျွန်တော်နဲ့ အာသာတို့ ဒီကိုရောက်နေကြတာပဲ။ နှစ်ငါးဆယ်မှာ တစ်ခါပဲပွင့်လေ့ရှိတဲ့ ဒဏာရီလာ ဂိတ်တံခါးက သန်းဘက်ခါဆိုရင် ပွင့်တော့မယ်။ ဒဏာရီလာနန်းတော်ထဲမှာ နေရာတွေအများကြီးရှိတယ်။ ကျွန်တော်တို့တွေ နည်းလမ်းတစ်ခုခုကို အဲ့ထဲမှာ ရှာနိုင်ကောင်း ရှာနိုင်လိမ့်မယ်...” ဟေဇယ်-ဘန့်ခ်ပြောလိုက်၏။

ဤအောက်လမ်းဆရာသည် သေချာခြင်းမရှိသော်လည်း သူ၏ဒဏ်ရာများကို ထိုနေရာတွင်ကုသနိုင်လိမ့်မည်ဟု မျှော်လင့်နေပုံရသည်။

သို့သော် ဖှေးသည် ဒဏာရီလာနန်းတော်နှင့် ပတ်သက်၍ အလွန်စိတ်၀င်စားနေခဲ့သည်။ “ဒဏာရီလာနန်းတော်ဟုတ်လား။ အဲ့တာက ဘယ်နေရာမှာရှိတာလဲ။ အတော်လေး လျို့၀ှက်ထူးဆန်းတာပဲ အဲ့တာက ဒဏာရီလာရှေးဟောင်းမြေတစ်ခုပဲလား....”

“ဟုတ်တယ် အဲ့တာက ဒဏာရီလာ ရှေးဟောင်းနယ်မြေတစ်ခုပဲ။ အဲ့တာက အလံနှစ်စုံမြိုတော်အောက်မှာရှိတဲ့ မြေအောက်ပင်လယ်ရဲ့အောက်ခြမှာရှိတယ်။ နတ်ဘုရားနဲ့ နတ်ဆိုးတွေစစ်ဖြစ်ခဲ့တုန်းက နတ်ဆိုးတွေဘက်ကနေ၀င်တိုက်ခိုက်ခဲ့တဲ့ ပင်လယ်မျိုးနွယ်က ပင်လယ်နတ်ဘုရားရဲ့ နန်းတော်လို့ ပြောတယ်။ စစ်ပွဲပြီးသွားတော့ ပင်လယ်က မြေအောက်ထဲကို နစ်၀င်သွားပြီး အပေါ်ကနေမြေသားတွေ၊ ကျောက်သားတွေ သဲတွေဖုံံးသွားတာပေါ့။ လွန်ခဲ့တဲ့နှစ်၅၀၀လောက်က ဒီနေရာကို သိုင်းဆရာတစ်ယောက်က အရင်ဦးဆုံးရှာတွေ့ခဲ့တာ။ တိုက်ပေါ်မှာရှိတဲ့ အရှိန်၀ါကြီးတဲ့လူတွေရဲ့ အာရုံစိုက်မှုတော်တော်များများကို ရခဲ့တယ်။ ဒါက လယ်ဗယ်၆ ဒဏာရီလာရှေးဟောင်းမြေတစ်ခုဖြစ်နိုင်တယ်လို့ လူတော်တော်များများက ယုံကြည်ကြတယ်။ အဲ့မှာရှိတဲ့ ရတနာပစ္စည်းတွေက လယ်ဗယ်၆အင်ပါယာတစ်ခုကို ကောင်းကောင်းတည်ထောင်နိုင်တာပေါ့။ ဒါပေမယ့် လူတွေလဲ ၀င်ရောက်ရှာဖွေကြရော ရတနာတွေ၊ သိုင်းကျင့်စဥ်စာလိပ်တွေက တစ်ခုမှမရှိတော့ဘူး။ ပင်လယ်မျိုးနွယ်တွေရဲ့မှော်ထောင်ချောက်တွင်၊ လူသတ်ယန္ဒယားတွေကတော့ အလုပ်လုပ်နေတုန်းပဲ။ နေအဆင့်သခင်တစ်ယောက်တောင် အဲ့ထဲမှာ သေဆုံးသွားနိုင်တယ်...”

ဖှေးသည် မြေအောက်ပင်လယ်ထဲတွင်ရှိသည့် အဆောက်ဦးများနှင့်ပတ်သက်၍ ရှင်းပြချက်တစ်ခုကိုနောက်ဆုံးတွင် ကြားသိရပြီဖြစ်သည်။

နှစ်ပေါင်းအတန်ကြာလေ့လာခဲ့ပြီးသည့်နောက်တွင် မည်သည့်အဖိုးတန်ပစ္စည်းကိုမှမတွေ့ရပဲ နေအဆင့်သိုင်းဆရာကြီးဆယ်ယောက်သည် ပူးပေါင်းကာ ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြသည်။ ဤဒဏာရီလာရှေးဟောင်းမြေထဲတွင် ရတနာတစ်ခုမှမရှိပဲ ပုန်းအောင်းနေသည့်အန္တရာယ်များကြောင့် မ၀င်ရောက်ကြသည်မှာ အကောင်းဆုံးဖြစ်သည်ဟူ၍ပင်။

သို့သော် မှော်ထောင်ခြောက်တစ်ချို့နှင့် လူသတ်ယန္ဒရားများသည် နတ်ဘုရားများခေတ်ကဖြစ်သည့်အတွက် လေ့လာလေ့ကျင့်ရန်အကောင်းဆုံးပင်။ ထို့ကြောင့် သိုင်းဆရာများ၊ မှော်ဆရာများသည် အဆင့်တက်ရန်အတွက် ဤထဲသို့ ၀င်ရောက် လေ့လာလေ့ရှိကြ၏။ တစ်ချို့မှော်ဆရာများ၊ လုပ်ကြံသတ်ဖြတ်သူများသည် မှော်ထောင်ချောက်များ၏ အလုပ်လုပ်ပုံကိုလည်း လာရောက်လေ့လာကြ၏။ ကံမကောင်းစွာပင် ထိုထောင်ခြောက်များအလုပ်လုပ်ပုံသည် အလွန်နက်ရှိုင်းသည့်အတွက် မည်သူမှ ကောင်းစွာနားလည်နိုင်ခဲ့ခြင်းမရှိကြတော့ပေ။ နတ်ဘုရားများနှင့် နတ်ဆိုးများစစ်ပွဲပြီးသည့်အချိန်တွင် လောကကြီးတစ်ခုလုံး၏ နိယာမများသည် ပြောင်းလဲသွားသည့်အတိုင်းပင်။

အချိန်များကုန်ဆုံးလာသည့်အနှင့်အမျှ ထိုရှေးဟောင်းမြေကို လူတော်တော်များများစိတ်၀င်စားခြင်းမရှိကြတော့ပေ။ ရတနာများလဲမရှိသည့်အတွက် မည်သည့်အဖွဲစည်းကမှ စိတ်၀င်စားခြင်းမရှိကြပေ။

အမှန်ပင် ဤအကြောင်းအရာများသည် အဆင့်မြင့်သိုင်းဆရာအသိုင်း၀ိုင်းတွင်သာ လည်ပတ်နေသည့်အကြောင်းရာများဖြစ်သည့်အတွက် သာမန်လူများသည် ဤဒဏာရီလာရှေးဟောင်းမြေတည်ရှိနေသည်ကိုပင် မသိကြပေ။

ဟေဇယ်-ဘန့်ခ်သည် ထိုဒဏာရီလာနန်းတော်အတွင်းသို့ သုံးကြိမ်တိုင်အောင်ပင်၀င်ဖူးသည်။ သို့သော် သူဘာမှရရှိခဲ့ခြင်းမရှိပေ။ သူသည် ဤတစ်ကြိမ်တွင်ထက်မံလာရောက်ခဲ့ခြင်းမှာ ကုသရန်တစ်ခြားနည်းလမ်းမရှိတော့သည့်အတွက် ကောက်ရိုးတမျှင်အား ဆွဲနေခြင်းပင်။ အဆိုးဆုံးအခြေအနေတစ်ခုမှာ သူသည် ထိုဲဒဏာရီလာနန်းတော်ထဲတွင်ရှိသည့် မှော်ထောင်ခြောက်များကြောင့်သေဆုံးသွားနိုင်သလို၊ အယူသည်းကြသည့် မဟာဘုရားကျောင်းမှလူများလက်ချင်ဖြင့်လည်း သေဆုံးသွားနိုင်၏။

ဖှေးသည် အရာအားလုံးကို သိရှိပြီးနောက်တွင် ဆွံ့အသွား၏။

“ဒါဆို ဒီမြေအောက်ပင်လယ်အကြောင်းကို လူတော်တော်များများသိနေတာပဲ...” ဖှေးတွေးလိုက်မိသည်။ သူသည် ဤရှေးဟောင်းမြေကို ရှာဖွေရင်းဖြင့် များစွာပို၍ ချမ်းသာလာရန်မျှော်လင့်နေခဲ့သော်လည်း နေအဆင့်သခင်များပင် ဘာမှရှာတွေ့ခဲ့ခြင်းမရှိသောကြောင့် သူ၏မျှော်လင့်ချက်များပျောက်ဆုံးသွားသည်။

“ခင်ဗျားက ဒီဒဏာရီလာ နန်းတော်ထဲကိုအရင်ကလည်းရောက်ဖူးတယ်ဆိုတော့ မီတာ တစ်ထောင်ကျော်လောက်ရှည်တဲ့နတ်စင်ကို အဲ့ထဲမှာထွေ့ဖူးလား...” ဖှေးနတ်စင်၏ ပုံပန်းသဏာန်ကို ပြောပြကာမေးလိုက်၏။ ဤနတ်စင်ကသာလျှင် ညစ်နွမ်းနေသည့် ကမ္ဘာကျောက်တုံးကို ပြန်လည်ကာ သန့်စင်နိုင်ပြီး ထိုကမ္ဘာကျောက်တုံးကသာလျှင် သတိလစ်မေ့မျောနေကြသည့် အယ်လီနာနှ့င် အန်ဂျယ်လာတို့ကို ကယ်တင်နိုင်သည့်အတွက်ပင်။

“မတွေ့ဖူးဘူး...” အောက်လမ်းမှော်ဆရာသည် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်၏။ ခနတာစဥ်းစားကြည့်ပြီးသည်နောက်တွင် “ကျွန်တော်အဲ့လိုဟာကို မတွေ့ဖူးခဲ့ဘူး....”

“ဘာ...မတွေ့ဖူးဘူးဟုတ်လား...ဘယ်လိုဖြစ်လို့...” ဖှေးသည် ဤအဖြေကြောင့် အလွန်ပင် စိတ်ပျက်သွားရ၏။ ထို့ကြော့င် အခိုက်တန့်တစ်ခုကြာခန့်ကောင်းမွန်စွာတွေးခေါ်နိုင်ခြင်းမရှိတော့ပေ....”

ဟေဇယ်-ဘန့်ခ်သည် ဖှေးအားကြည့်လိုက်ပြီး ဤအဆောက်ဦးသည် ဘုရင်အတွက် အလွန်အရေးကြီးကြောင်းကို သဘောပေါက်သွားသည့်ပုံရသည်။ ထက်မံ၍ စဥ်းစားကြည့်ပြီးသည့်အချိန်တွင် သူပြောလိုက်၏။ “အရှင်မင်းကြီး ကျွန်တော်က အဲ့ထဲကို သုံးခါတောင်ရောက်ဖူးတယ်ဆိုပေမယ့် နေရာစုံမရောက်ဖူးသေးပါဘူး။ ၂၀ရာခိုင်နှုန်းတောင် ကျွန်တော်မရောက်ဖူးသေးဘူး။ အရှင်ပြောနေတဲ့ နတ်စင်က တစ်ခြားနေရာတွေမှာ ရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အရှင်ပြောတဲ့ ပုံစံက ဒဏာရီလာနန်းတော်ထဲမှာရှိတဲ့အဆောက်ဦးတော်တော်များများရဲ့ တည်ဆောက်ပုံနဲ့ဆင်တူနေလို့ပါ...”

“အော် အဲ့လိုလား....” ဖှေး၏ စိတ်ထဲတွင် မျှော်လင့်ချက်အလင်းရောင်များ ပြန်လည်တောက်ပလာပြီးပြောလိုက်သည်။ “ခင်ဗျားက ဒဏာရီလာနန်းတော်တစ်ခုလုံးကို မရောက်ဖူးသေးဘူးပေါ့...”

အောက်လမ်းမှော်ဆရာသည် ရယ်မောကာ ပြန်ဖြေလိုက်သည်။ “ဟုတ်တာပေါ့။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာက ပူးပေါင်းခဲ့ကြတဲ့ နေအဆင့်သခင်တွေတောင်နေရာအစုံကို မသွားခဲ့နိုင်လောက်ကြဘူး။ နေအဆင့်အောက်ကလူ ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူးလေ။ အဲ့ထဲမှာက အတော်လေးအန္တရာယ်များတယ်။ လပြည့်အဆင့်သိုင်းဆရာတွေတောင်အဲ့ထဲမှာ သေဖူးတယ်...”

ဖှေးခေါင်းငြိမ့်လိုက်ကာ ဒဏာရီလာနန်းတော်ထဲတွင်ရှိသည့် ပုန်းအောင်းနေသည့်အန္တရာယ်များကိုနားလည်လိုက်သည်။

သို့သော် ဖှေးသည် ကြောက်လန့်ခြင်းမရှိပေ။ မည်ကဲ့သို့ပင် ဆိုစေကာမူ သူသည် ဒဏာရီလာနတ်စင်ကိုရအောင်ရှာဖွေရမည်ဖြစ်သည်။ ထိုအရာကသာ အယ်လီနာနှင့် အန်ဂျယ်လာတို့ကို ကယ်တင်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည့်အတွက်ပင်။ ဆိုရိုကုန်သွယ်ရေးအဖွဲ့ထံမှ ရရှိခဲ့သည့် လျို့၀ှက်သည့် မြေပုံသည် သူ့အား အကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်ဖြစ်၏။

“ဒီလိုဆိုရင်တော့ ငါလည်းမင်းတို့နဲ့ ပူးပေါင်းပြီးတော့ နောက်နှစ်ရက်နေရင် ဒဏာရီလာနန်းတော်ထဲကို၀င်ရောက်ရှာဖထွေတာပေါ့...” ဖှေးဆုံးဖြတ်ကာ သူ၏ရည်ရွယ်ချကို လျို့၀ှက်ထားခြင်းမရှိပေ။ “ငါက အဲ့နတ်စင်ကို လိုက်ရှာနေတာ။ ငါ့အတွက် အတော်အရေးကြီးတယ်...”

“ကောင်းပါပြီ အရှင်မင်းကြီးက အဲ့ထဲကို သွားချင်တယ်ဆိုတော့ ကျွန်တော်က အရှင့်ရဲ့လမ်းပြလုပ်ပါမယ်...” ဟေဇယ်-ဘန့်ခ်ပြောလိုက်သည်။ သူသည် ဖှေး၏ လုံခြုံရေးကို အရာအားလုံးထက်ဦးစားပေးနေသည့်အတိုင်းပင်။

ရိုးရိုးသားသားပင်ပြောရပါက သူသည် ဖှေးအား ထိုနေရာသို့ မသွားစေလိုပေ။ အလွန်အန္တရာယ်များကာ နေအဆင့်သခင်များပင် သေဆုံးနိုင်သည့်နေရာဖြစ်သည့်အတွက်ပင်။

သို့သော် ဖှေး၏မျက်နှာပေါ်မှ ဆုံးဖြတ်ထားသည့်အမူယာကို တွေ့သည့်အချိန်တွင် သူသည် ဖှေးအား တားဆီးနိုင်မည်မဟုတ်ကြောင်းကို သိရှိလိုက်သည်။ ထက်မံစဥ်စားကြည့်ပါက လှိုင်းထန်သည့်ပင်လယ်ပြင်ကသာလျှင် သင်္ဘောသားကောင်းများကို မွေးထုတ်ပေးသည်ဖြစ်၏။ ထို့ကြောင့် ဤဘုရင်ငယ်သည် မဟာဘုရားကျောင်းကိုပင် ရင်ဆိုင်ရန်ဆုံးဖြတ်ထားပါက အန္တရာယ်များနှင့် အသားကျနေရမည်ဖြစ်သည်။ ထို့ကြော့င် ဤကဲ့သို့သောအတွေ့ကြုံများသည်လည်း မဖြစ်မနေလိုအပ်သည့်အရာတစ်ခုပင်...”

သို့သော် ဤအောက်လမ်းမှော်ဆရာမသိသည်မှာ ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရသည်ကိုပင်။ ဤလူငယ်သည် ဓားများပေါ်တွင် တစ် ချိန်လုံးကခုန်နေရသကဲ့သို့ပင်။ အကယ်၍ ဒိုင်ယာဘလိုကမ္ဘာထဲတွင် ရရှိခဲ့သည့်ဒဏ်ရာများသည်လည်း အပြင်ကမ္ဘာသို့ပါလာပါက ဖှေး၏ခန္ဓာကိုယ်တစ်ခုလုံးသည် အမာရွတ်များဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။

“ကောင်းတယ်။ ဆုံးဖြတ်ပြီးပြီဆိုတော့ ခင်ဗျားရဲ့ဒဏ်ရာတွေကို ကျွန်တော်ကြည့်ပေးပါရစေ။ ကျွန်တော်ကူညီနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်...” ဖှေးသည် အောက်လမ်းဆရာဇာတ်ကောင်အဖြစ်သို့ပြန်ပြောင်းလိုက်သည်။ ကျင့်ကြံသူတစ်ယောက်သည် တစ်ခြားတစ်ယောက်၏ စွမ်းအင်များကို သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စီး၀င်ခွင့်မပြုသင့်သော်လည်း ဟေဇယ်-ဘန်ခ်သည် ဖှေးအားအလွန်ယုံကြည်သောကြောင့် မရဏစွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်ခွင့်ပြုလိုက်သည်။

မြွေကဲ့သို့သော မရဏစွမ်းအင်များသည် ဖှေး၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်သွားပြီး ဖှေးသည် မကြာမှီတွင်တစ်စုံတစ်ရာကိုတွေ့ရှိသွား၏။

“ဟမ် ငါထင်ထားသလိုပဲ...”

မရဏစွမ်းအင်သည် ဟေဇယ်-ဘန့်ခ်ခန္ဓာကိုယ်ထဲတွင်ရှိသည့်အတွင်းအား စီးကြောင်းများထဲတွင် လှည့်ပတ်ကာ စီးဆင်းနေရင်းဖြင့် ဖှေးသည် ဤအောက်လမ်းဆရာ၏ ဆိုး၀ါးသောအခြေအနေကို သတိထားမိလိုက်သည်။

ဟေဇယ်-ဘန့်ခ်သည် မကောင်းဆိုး၀ါးစွမ်းအင်ကျင့်ကြံသည့်လူတစ်ယောက်ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် မြင့်မြတ်သည့် စွမ်းအင်များစွာစိမ့်၀င်နေခြင်းပင်။ တိုက်စားနိုင်သည့်အဆိပ်တစ်ခုကဲ့သိုပင် ထိုစွမ်းအင်များသည် ဟေဇယ်-ဘန့်ခ်၏ စွမ်းအင်များ ကြွက်သားများကို စားသုံးနေ၏။ ဤမြင့်မြတ်သန့်စင်သောစွမ်းအင်များသည် သူနှင့်တိုက်ခိုက်ခဲ့ဖူးသည့် မဟာဘုရားကျောင်းမှလူများ၏ စွမ်းအင်များပင်။ ထိုစွမ်းအင်များသည် သူ့အား ဖုံးလွှမ်းခါနီးအခြေအနေသို့ပင်ရောက်နေ၏။

မကောင်းဆိုး၀ါးစွမ်းအင်နှင့် မြင့်မြတ်သန့်စင်သောစွမ်းအင်များသည် ဖှေး၏ခန္ဓာကိုယ်ထဲတွင် ကြမ်းတမ်းစွာတိုက်ခိုက်နေကြ၏။ ထိုတိုက်ခိုက်နေခြင်းသည် ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်ကို ဆက်တိုက်ဖျက်ဆီးနေလျှက်ရှိသည်။

ဤသည်မှာ ဟေဇယ်-ဘန့်ခ်၏ စွမ်းအားများကျဆင်းလာခဲ့ရခြင်း၏ အဓိကအကြောင်းရင်းပင်။

ဤကဲ့သို့ ဆက်လက်ဖြစ်ပွားနေပါက ဟေဇယ်-ဘန့်ခ်၏ စွမ်းအားများသည် သိသိသာသာပင် ဆက်လက်ကျဆင်းနေမည်ဖြစ်ပြီး သူ၏ အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်၏။

“ဒီလိုဆိုရင်တော့ ဒါက လွယ်ပါတယ်။ ဟီးဟီး ပျောက်စေဗျာ...” ဖှေးသည် အခြေအနေအား သိရှိသွားပြီး အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ မီးခိုးရောင်မြူခိုးများထွက်ပေါ်လာပြီး မရဏစွမ်းအင်များသည် ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်ထဲတွင် စိမ့်၀င်နေသည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များကို လိုက်လံကာ ၀ါးမြိုတော့သည်။

မရဏစွမ်းအင်သည် ဤကမ္ဘာပေါ်တွင်ရှိသည့်စွမ်းအားအမြင့်မားဆုံးစွမ်းအင်များထဲမှ တစ်ခုပင်။ ထိုစွမ်းအင်မှာ မြင့်မြတ်သန့်စင်သည့် စွမ်းအင်အား အနိုင်ယူနိုင်သည့် ဆန့်ကျင်ဘက်စွမ်းအင်တစ်ခုပင်။ ထို့ကြောင့်သာ ဖှေးသည် လအဆင့်သူတော်စင်တစ်ယောက်ဖြစ်သည့် သူတော်စင်ဘေးလ်အားကြယ်ခြောက်လုံးအဆင့်အောက်လမ်းဆရာဇာတ်ကောင်ဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းပင်။ ထို့ကြောင့် ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်ထဲတွင်ကျန်ရှိနေသည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များသည် စွမ်းအားမြင့်မားသော်လည်း သိုင်းဆရာတစ်ယောက်မှ ထိန်းချုပ်ထားခြင်းမဟုတ်သည့်အတွက် ဖှေး၏ မရဏစွမ်းအင်အောက်တွင် အကူညီကင်းမဲ့နေ၏။

ဖှေးသည် ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်ကိုလည်း ထိခိုက်မှုမရှိစေရန်အတွက် အကောင်းဆုံးကြိုးစားနေခဲ့သည်။ သူသည် ဂရုတစိုက်ဖြင့် ဖြေးဖြေးခြင်းလှုပ်ရှားနေခဲ့သော်လည်း ဟေဇယ်-ဘန့်ခ်အား နှစ်ပေါင်းရာနှင့်ချီကာ ဒုက္ခပေးနေခဲ့သည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များသည် ၁၅မိနစ်အတွင်းမှာပင် ပျောက်ကွယ်သွား၏။

လက်ထဲတွင် ၀ိုင်ပုလင်းတစ်လုံးဖြင့် အခြေအနေကို အကဲခတ်နေခဲ့သည့်အာသာပင် ကျက်သေသေသွားသည်။ ဟေဇယ်-ဘန့်ခ်သည်သူ့အား ဖန်တီးခဲ့သူဖြစ်သောကြောင့် သူသည် ဟေဇယ်-ဘန့်ခ်၏ အခြေအနေကိုလည်း ကောင်းစွာအာရုံခံနိုင်စွမ်းရှိသည်။ ဟေဇယ်-ဘန့်ခ်အား နှစ်ပေါင်း၁၀၀ကျော်ဒုက္ခပေးနေသည့်စွမ်းအင်များကို ဖှေးသန့်စင်နေသည်ကို တွေ့လိုက်ရသဖြင့် အာသာသည် သူ၏ ဘ၀အတွေ့ကြုံ၁၃၅နှစ်လုံးတွင် ကြုံတွေ့ခဲ့ရသည့် အရာအားလုံးကပင်သူ့အား ဤမျှ ထိတ်လန့်စေခြင်းမရှိခဲ့ပေ။ ဤဘုရင်သည် ကမ္ဘာပေါ်တွင်ရှိသည့် ပြသနာများအားလုံးကိုပင် ဖြေရှင်းနိုင်သလိုခံစားနေရ၏။

“ဟားဟား ကျွန်တော်ခင်ဗျားကို ဒီအထိတောင်ကူညီပေးပြီးပြီဆိုတော့ ပိုပြီးကောင်းအောင်လုပ်ပေးလိုက်မယ်...”

ဖှေးသည် ရယ်မောကာ မန်နာဆေးပုလင်းတစ်လုံးကို မော့သောက်လိုက်သည်။ အောက်လမ်းဆရာဇာတ်ကောင်၏ စွမ်းအင်များပြန်လည်ကာ ပြည့်၀လာပြီး စွမ်းအင်အကုန်လုံးကို အသုံးချကာ ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်ကို စွမ်းအားပြည့်လာအောင်လုပ်လိုက်၏။

ဖှေး၏ မရဏစွမ်းအင်များသည် ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်အတွင်းသို့ စီး၀င်သွားပြီး ပျက်ဆီးနေသည့်စွမ်းအားစီးကြောင်းများကို စတင်၍ ကုသပေးတော့သည်။ မကောင်းဆိုး၀ါးစွမ်းအင်ကို ကျင့်ကြံသည့် ဟေဇယ်-ဘန့်ခ်အတွက် ဖှေး၏မရဏစွမ်းအင်များသည် ကုသခြင်းအနေဖြင့် အသုံးပြုပါက အကောင်းဆုံးအားဆေးတစ်ခုလိုပင်။ ဤစွမ်းအင်၏ အကူညီဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများအားလုံးသည် လျှင်မြန်စွာပင် ပျောက်ကင်းလာနေတော့၏။

မြင့်မြတ်သန့်စင်သည့်စွမ်းအားများကို ဖယ်ထုတ်ခြင်းနှ့င်နှိုင်းယှဥ်ပါက ဤအဆင့်သည် ပို၍အနုစိတ်ကာ ခက်ခဲလှသည်။ ဖှေးသည်များစွာအာရုံစိုက်ပြီး ၀ိဉာဥ်စွမ်းအားများစွာကိုပါ အသုံးပြုနေရသည်။ မကြာမှီတွင် သူ၏ခန္ဓာကိုယ်မှ ချွေးများအပြိုင်းပြိုင်းကျလာတော့၏။ သို့သော် ၀ိဉာဥ်စွမ်းအားကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများကို လက်ရှိတွင် ခံစားနေရ၏။ သူ၏မရဏစွမ်းအင်များကို ကျွမ်းကျင်စွာထိန်းချုပ်ထားပြီး ဟေဇယ်-ဘန့်ခ်ကို ဂရုတစိုက်ဖြင့် ကုသပေးနေလျှက်ရှိသည်။

ကြည်ရသည်မှာ လွယ်ကူသော်လည်း ဤသည်မှာ အန္တရာယ်များသည့် ကုသခြင်းနည်းလမ်းဖြစ်သည်ကို ဖှေးတစ်ယောက်သာလျှင်သိရှိ၏။

တစ်နာရီခန့်ကြာသည့်အချိန်တွင် ဖှေးကုသနေခြင်းကို ရပ်တန့်လိုက်၏။ သူ၏မျက်လုံးများကို ဖွင့်ကာအသက်ရှူထုတ်လိုက်သည်။ သူသည် မောပန်းနေသော်လည်း သူ၏မူယာသည် ပျော်ရွှင်နေသလိုပင်။ သူသည် ရယ်မောကာ ပြောလိုက်၏။ “ဟားဟား ပြီးပြီ...”

ချက်ချင်းပင် ဟေဇယ်-ဘန့်ခ်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားပျော်ရွှင်သည့်အမူယာတစ်ခုထွက်ပေါ်လာသည်။

နောက်အခိုက်တန့်တွင် ရှေးမြို့ဟောင်းတစ်၀ိုက်တွင်ရှိနေသည့် တိမ်တိုက်များသည် မမြင်နိုင်သည့် လက်တစ်စုံ၏ ထိန်းချုပ်ခြင်းကို ခံနေရသကဲ့သို့စတင်၍ ရွေ့လျားလာတော့သည်။ ထိုတိမ်တိုက်များသည် ရှေးဟောင်းမြို့ပျက်ထံသို့ ပျံသန်းလာကြပြီး လမ်းများ၊ အဆောက်ဦးများ၊ တံတိုင်းများထံမှ စိမ့်ထွက်လာသည့် အမဲရောင်မြူခိုးများစွာသည် နန်းတော်ဆောင်ထဲသို့ ၀င်ရောက်လာကြ၏။ ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်သည် ထိုအမဲရောင်မြူခိုးများအားလုံးကို စုပ်ယူလိုက်ပြီး သူ၏စွမ်းအားများသည်လည်း စတင်၍ မြင့်မားလာတော့သည်။

ဤကဲ့သို့ မျှော်လင့်မထားသည့်ဖြစ်ရပ်သည် ဇီးနစ်အင်ပါယာမှ စစ်သည်များကို အံ့သြသွားစေသည်။

အနားယူနေသည့်မှော်မင်းသမီးစင်ဒီနှင့် ကင်းလှည့်နေသည့် ငွေရောင်ချပ်၀တ်ဓားသွားတို့သည် သူတို့၏ ကြယ်အဆင့်စစ်သည်များနှင့်အတူ နန်းတော်ဆောင်ထံသို့ ပြေးလာကြသည်။ ဖှေးသူတို့ရောက်ရှိလာသည်ကို အာရုံခံလိုက်မိသည့်အတွက် အရှေ့သို့ ပြေးထွက်ကာ သူတို့၀င်မလာအောင်တားဆီးလိုက်သည်။ လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး နန်းတော်ဆောင်တစ်ခုလုံးကို သူ၏ငွေရောင်စွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်၏။ ထို့နောက်တွင် သူ၏လူများကို အရာအားလုံးအဆင်ပြေကြောင်းအချက်ပြလိုက်၏။

စစ်သည်များကြားထဲတွင် တစ်ခြားအဖွဲ့စည်းများမှ စပိုင်များ၊ သူလျိုများရှိနေနိုင်သည့်အတွက်ပင်။ ထို့ကြောင့် သူသည် ဟေဇယ်-ဘန့်ခ်အား တစ်ခြားလူများမြင်စေလိုခြင်းမရှိသေးပေ။ တစ်စုံတစ်ယောက်သည် ဤအချက်ကို သူ့အား မကောင်းကြံရန်အတွက် အသုံးချပါက ဆိုး၀ါးသည့်အခြေအနေတစ်ခုဖြစ်လာနိုင်သည့်အတွက်ပင်။

ဖှေးအချက်ပြသည်ကို မြင်သည့်အချိန်တွင် လူတိုင်းသည် မတူညီသည့်အမူယာများဖြင့် အနောက်သို့ ဆုတ်သွားကြတော့၏။

ထို့နောက်တွင် ဖှေးသည် တစ်ဖက်သို့လှည့်ကာ နန်းတော်ဆောက်ထဲတွင်ရှိသည့်စွမ်းအင်အရှိန်၀ါများကို အာရုံခံလိုက်မိသည်။ ဟေဇယ်-ဘန့်ခ်၏အတွင်းဒဏ်ရာများပျောက်ကင်းသွားသည့်အချိန်တွင် ဤအောက်လမ်းမှော်ဆရာ၏အစွမ်းများသည် ရူးလောက်သည့်မြန်နှုန်းဖြင့် ပြန်လည်ကာ မြင့်တက်လာနေလျှက်ရှိသည်။ ဟေဇယ်-ဘန့်ခ်ပြန်လည်ပိုင်ဆိုင်လာသည့်စွမ်းအင်များသည် အလွန်စွမ်းအားမြင့်မားလှသဖြင့် ဖှေး၏ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၁၆လူရိုင်းဇာတ်ကောင်ပင် သေးငယ်သွားသလို ခံစားနေရ၏။

All Chapters