အခန်း (၅၇၀)
Vol. 36 Ch. 570
“ဒီကမ္ဘာပေါ်က မကောင်းဆိုး၀ါးစွမ်းအင်က အတော်လေးမှောင်မိုက်တာပဲ။ သူ့ရဲ့အသွင်ပြင်က မြင့်မြတ်သန့်စင်တဲ့စွမ်းအင်ထက်ပိုပြီး နိမ့်ကျနေသလိုရှိတော့ ဒီကမ္ဘာပေါ်ကလူအများစုက အဲ့စွမ်းအင်ကို ငြင်းဆန်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် မကောင်းဆိုး၀ါးစွမ်းအင်က မှောင်မိုက်ပေမယ့် မကောင်းတဲ့စွမ်းအင်မဟုတ်ဘူးဆိုတာကို တကယ့်သိုင်းဆရာအစစ်မှန်တွေကပဲ ပြောနိုင်လိမ့်မယ်။ စွမ်းအားခြင်းယှဥ်မယ်ဆိုရင်လည်း မဟာဘုရားကျောင်းရဲ့ မြင့်မြတ်သန့်စင်တဲ့စွမ်းအင်ထက် နိမ့်ကျခြင်းမရှိဘူး...” ဖှေးတွေးလိုက်မိသည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ဟေဇယ်-ဘန့်ခ်၏ အစွမ်းများသည်လည်း ပြန်လည်ကာ မြင့်တက်လာတော့သည်။ အဆင့်မြင့်လသစ်အဆင့်သို့ရောက်သည့်အချိန်တွင် နှေးကျသွား၏။ သူသည် လ၀က်အဆင့်သို့ရောက်ရှိရန်အတွက် အဆင့်တစ်ခုသာလိုတော့၏။
“ဟားဟား ကောင်းတယ်။ အခုဆိုရင် ကျွန်တော်အစွမ်းက နည်းနည်းလောက်တော့ ပြန်ကောင်းလာပြီ ကျွန်တော်တို့ခရီးစဥ်ရဲ့လုံခြုံရေးက ပိုပြီးတော့ ကောင်းလာတာပေါ့။ နောက်ပြီးတော့ ကျွန်တော့အစွမ်းတွေကလည်း အချိန်နဲ့အမျှ ပိုပြီးတော့ မြင့်တက်လာလိမ့်မယ်...” ဟေဇယ်-ဘန့်ခ်၏ အသံသည် နန်းတော်ဆောင်ထါါဲတွင် ဟိန်းသွား၏။ သူ၏အခြေအနေသည် ပို၍ကောင်းမွန်လာနေပြီဖြစ်သည်။
မကြာမှီတွင် သူ၏ခန္ဓာကိုယ်တစ်၀ိုက်မှ စွမ်းအင်အရှိန်၀ါများသည် ငြိမ်ကျသွားတော့သည်။
ဤအခိုက်တန့်တွင် အကယ်၍ ဟေဇယ်-ဘန့်ခ်သည် သူ့အား တိုက်ခိုက်လိုပါက ဖှေး၏ အိမ်မက်ဆိုးခက်ခဲမှုအဆင့်လယ်ဗယ်၁၆လူရိုင်းဇာတ်ကောင်သည် ထွက်ပြေးရမည်ဖြစ်သည်။ နှင်းတောင်သိုင်းဆရာသည်လည်း ဟေဇယ်-ဘန့်ခ်၏ ရှေ့တွင် အကာကွယ်ကင်းမဲ့နေမည်ဖြစ်ပြီး လုံလုံခြုံခြုံပင် ထွက်ပြေးနိုင်မည်မဟုတ်ပေ။
ဖှေး ပါးစပ်အဟောင်းသားဖြင့် တွေးလိုက်မိသည်။ “သူက သူ့ရဲ့စွမ်းအားတွေနည်းနည်းပဲပြန်ရသေးတာတောင် ဒီလောက်စွမ်းအားကြီးမားနေပြီ။ တကယ်လို့ သူ့ရဲ့အစွမ်းတွေသာ နဂိုအတိုင်းပြန်ဖြစ်သွားမယ်ဆိုရင် သူက နေအဆင့်သခင်တစ်ယောက်ဖြစ်ဖို့အတွက် ခြေတစ်လှမ်းပဲလိုတော့တဲ့ လပြည့်နောက်ဆုံးအဆင့်စစ်သည်တစ်ယောက်များလား...”
“ကျေးဇူးပါပြီး အရှင်မင်းကြီး။ ဒီနေ့ကစပြီး အရှင့်ရဲ့ဆန္ဒတွေက ကျွန်တော့ရဲ့တာ၀န်ပါပဲ...” အောက်လမ်းမှော်ဆရာသည် ဖှေးအားအရိုသေးပေးလိုက်ပြီး အောက်လမ်းမှော်ဆရာခေါင်းဆောင်ကြီးကို အလေးပြုသည့်ပုံစံအတိုင်းအလေးပြုလိုက်၏။ သူသည် ဖှေးအား အလုပ်ကျွေးပြုရန်ဆုံးဖြတ်ထားသည်မှာ ထင်ရှားလှသည်။
ဖှေးသည်သူ့အား ကုသပေးလိုက်ခြင်းအပြင် ဖှေးသည် သေခြင်းတရား၏ကလေးငယ်တစ်ယောက်ဖြစ်နေခြင်း၊ အောက်လမ်းဘုရားကျောင်း၏ ကယ်တင်ရှင်တစ်ယောက်ဖြစ်လာနိုင်ခြင်းတို့သည် ဤအောက်လမ်းဆရာကို မျှော်လင့်ချက်များစွာပေးခဲ့သည်။
ဖှေးသည် ဟေဇယ်-ဘန့်ခ်၏အပြုမူကြောင့်ပျော်ရွှင်နေလျှက်ရှိသည်။ သူ၏ဘေးတွင် စွမ်းအားမြင့်သည့် ဆရာတစ်ယောက်ရှိနေသည့်အတွက် အရာအားလုံးကို သူကိုယ်တိုင်ကိုင်တွယ်စရာလိုတော့မည်မဟုတ်ပေ။
“ဟေး ကောင်လေး ဒီကိုလာဦး င့ါကိုလည်း ကုပေးဦးလေ...” အာသာမှ အော်ဟစ်လိုက်သည်။ ဖှေး ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်အားကုသပေးလိုက်သည်ကို သူများစွာအားကျနေ၏။ သူ၏ဒဏ်ရာများသည်လည်း ဟေဇယ်-ဘန့်ခ်ကဲ့သို့ပင်ဖြစ်သောကြောင့် သူ့ကိုလည်း ကုသပေးစေလိုနေသည်။
ဖှေးသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “မင်းကိုတော့ ငါကုသပေးနိုင်မှာမဟုတ်ဘူး။ ငါက တိရစ္ဆာန်ဆရာ၀န်တစ်ယောက်မဟုတ်ဘူးလေ...”
အာသာဘာပြန်ပြောရမလဲမသိချေ။ သူသည် ဖှေးအား သူ၏ကြီးမားသည့်မျက်လုံးကြီးများဖြင့်ကြည့်ကာ ၀မ်းနည်းသည့်အမူယာသည် သူ၏မျက်နှာပေါ်တွင် ပေါ်လာ၏။
“ဟားဟား ငါနောက်နေတာပါ။ ဒါပေမယ့် ငါမင်းကို လောလောဆယ်တော့ ကုပေးနိုင်ဦးမှာမဟုတ်ဘူး။ ငါကနဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ မကျွမ်း၀င်သေးလို့လေ။ မင်းကို နဂါးတစ်ကောင်ရဲ့အရိုးစုကနေ ဖန်တီးထားတာဆိုတော့ အခုနေငါမင်းကို ကုသလိုက်မယ်ဆိုရင် တခုခုလွဲမှားသွားနိုင်တယ်။ ငါ့မှာဆေးပုလင်းတစ်ခုတော့ရှိတယ်။ အဲ့ဆေးပုလင်းက လောလောဆယ်မင်းကိုတော့ ဒဏ်ရာတစ်ချို့ပျောက်အောင်လုပ်ပေးပါလိမ့်မယ်...” ဖှေးသည် ခရမ်းရောင်ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာပြောလိုက်၏။
“အရှင်မင်းကြီးပြောတာမှန်တယ်။ မင်းရဲ့ခန္ဓာကိုယ်က လူသားခန္ဓာကိုယ်နဲ့မတူဘူး။ အဲ့တာကြောင့် မင်းကို ကုသနိုင်တဲ့နည်းကို ငါကိုယ်တိုင်ကြံစည်မှရလိမ့်မယ်...” အာသာအားဖန်တီးခဲ့သူဖြစ်သည့် ဟေဇယ်-ဘန့်ခ်မှ ပြောလိုက်သည်။ သူသည် အာသာအား အကောင်းဆုံးသိသည့်လူတစ်ယောက်ဖြစ်သည့်အတွက် ဖှေးပြောသည်နှင့် သဘောတူလက်ခံ၏။
ဖှေးသည် အလံနှစ်စုံမြို့တော်သို့ နေမထွက်ခင်ပြန်သွားလိုက်သည်။
ဆက်တိုက်အနိုင်ရရှိမှုသည် မြို့နေပြည်သူများကို မျှော်လင့်ချက်များစွာရရှိစေပြီး စစ်သည်များစိတ်အားထက်သန်နေကြသည်။ အလံနှစ်စုံမြို့မှ လူများသည် စစ်ပွဲမဖြစ်နေသကဲ့သို့ပင် သာမန်အတိုင်းပြုမူနေထိုင်နေကြပြီဖြစ်သည်။ အရာအားလုံးသည် စနစ်တကျပင် ရှေ့ဆက်နေ၏။ ဖှေးသည် အဖိုးကြီးအာရန်း၊ ရစ်ဘရီနှင့် ပီတာတို့ကဲ့သို့သော လူများထံမှ အကူညီရရှိထားသည့်အတွက်ကြောင့် အားလပ်သည့်လူတစ်ယောက်ဖြစ်နေ၏။
ရေတွင်းများအတွင်းမှ ရေးများအဆက်မပြက်ပန်းထွက်နေသည့်အတွက် ဖှေးသည် ဤနေရာကို လော့ခ်ဒေါင်းချထားရန်စစ်သည်များကို ညွှန်ကြားထားပြီး မည်သူမဆိုဤနေရာသို့ လာရောက်ခွင့်ကို ပိတ်ပိင်ထားသည်။ အလံနှစ်စုံမြို့တော်မှ မြို့နေများသည် ရေတွင်းများနှင့် ဆက်စက်ထားသည့်ရေကန်တစ်ခုမှ လိုအပ်သည့် ရေကို ခပ်ယူနိုင်ကြ၏။
ဒဏာရီလာဂိတ်တံခါးသည် ပွင့်တော့မည်ဖြစ်သောကြောင့် ဖှေးသည် မုန်တိုင်းမတိုင်မှီငြိမ်သက်မှုတစ်ခုကို ခံစားနေရသည်။
သာမန်လူများသည် ဘာမှသတိထားမိခြင်းမရှိသော်လည်း ဖှေးသည် လေထုထဲတွင်ရှိသည့် တင်းမာမှုတို့ကို ခံစားနေရ၏။ စွမ်းအားမြင့်သည့် ခံစားချက်များစွာသည် အလံနှစ်စုံမြို့တော်တစ်၀ိုက်မှ ထွက်ပေါ်နေသည့်အတွက်ပင်။
ထိုခံစားချက်များထဲတွင် အားအနည်းဆုံးမှာ ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်ပင်။ သို့သော် ထိုလူသည် စစ်သည်များ၏ သတိထားမိခြင်းမရှိပဲ အလံနှစ်စုံမြို့တော်ထဲသို့ ၀င်ရောက်နိုင်ခဲ့သည်။
ဖှေးသည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်နေကာ သူ၏ စွမ်းအားမြင့်မားသည့် အရှိန်၀ါကို ဖုံးကွယ်ထားခြင်းမရှိပဲ ထုတ်လွှတ်လိုက်သည်။ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၁၆လူရိုင်းဇာတ်ကောင်၏ အရှိန်၀ါသည် အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။
ဤသည်မှာ အလံနှစ်စုံမြို့တော်ထဲတွင် ပုန်းအောင်းနေကြသည့် ကျန်ရှိနေသော သိုင်းဆရာများကို သတိပေးလိုက်ခြင်းပင်။ သူတို့အား ပြသနာမရှာကြရန်ပြောနေ၏။
ဤသတိပေးချက်သည် ထိရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ နေ့တစ်နေ့သည် ငြိမ်းချမ်းစွာပင် ကုန်ဆုံးသွား၏။ ထိုသိုင်းဆရာများသည် ကြောင်တစ်ကောင်ကို မြင်လိုက်မိသည့် ကြွက်များကဲ့သို့ပင် ရေးထိုးထားခြင်းမရှိသည့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာနေကြရသည်။
ဖှေးသည် မြို့တော်၀န်စံအိမ်ထဲသို့သွားရောက်လိုက်ပြီး သတိလစ်မေ့မြောနေဆဲဖြစ်သည့် အန်ဂျယ်လာ၊ အယ်လီနာတို့နှင့် အချိန်ခနတာခန့် အတူရှိနေလိုက်သည်။ အန်မာနှင့်စကားပြောပြီး သူမအား နှစ်သိမ့်ပေးပြီးသည့်နောက်တွင် အဆောက်ဦးတစ်ခုထဲသို့သွားကာ ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်ရောက်ခဲ့တော့သည်။
......
......
“အား ဘေးလ်က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး...”
တာမိုးကုန်းမြေမြင့်ပေါ်တွင် ရှိသည့် ဘုန်းကြီးကျောင်းတစ်ခုထဲတွင်ဖြစ်သည့် ယခင်က သူပုန်ပန်းဖြစ်ခဲ့သည့် အေဒရီရယ်သည် အော်ဟစ်ကာ သူမ၏ သွေးအိုင်ထဲတွင်ပင် သေဆုံးသွား၏။
သူသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့ အိမ်မက်ဆိုးခက်ခဲမှုအဆင့်အနေဖြင့် ၀င်ရောက်ခဲ့ပြီး ဖှေးသည် မကောင်းဆိုး၀ါးများစွာကို သတ်ဖြတ်ကာ သူပုန်စခန်း၏နောက်ဆုံးအလုပ်ကို ပြီးမြောက်သွားပြီဖြစ်သည်။
အေဒရီရယ်သည် ဘ၀တွင်ဖြစ်ရပ်ဆိုးများစွာဖြင့် ကြုံတွေ့ခဲ့ဖူးသည့် အမျိုးသမီးတစ်ယောက်ပင်။ သူသည် ငရဲပြည်မှနတ်ဆိုးများ၏ ဆွဲဆောက်မှုကြောင့် အမှောင်ဘက်ခြမ်းသို့ကျရောက်ခဲ့ပြီး ဒိုင်ယာဘလိုနှင့် ချစ်ကြိုက်မိခဲ့သည်။
ယခုအချိန်တွင် သူမသည် ဖှေး၏လက်ထဲတွင် ရှစ်ကြိမ်တိုင်သေဆုံးခဲ့၏။
အကြောင်းပြချက်တစ်ချို့ကြောင့် ဖှေးသည် အေဒရီရယ်ကို မြင်သည့်အချိန်တိုင်းတွင် အယ်လီနာအား သတိရမိနေ၏။ ကောင်မလေးနှစ်ယောက်လုံးသည် သူပုန်ပန်းဟုတင်စားခြင်းခံရပြီး သူတို့၏ ကံကြမ္မာများသည် တူညီခြင်းမရှိသော်လည်း သူမတို့နှစ်ယောက်လုံးသည် အချစ်အတွက်ဆိုအရာရာပေးဆပ်မည့်လူများပင်။
အေဒရီရယ်အား သတ်ဖြတ်ပြီးနောက်တွင် ပစ္စည်းများစွာရရှိလိုက်သည်။
အိမ်မက်ဆိုးခက်ခဲမှုအဆင့် သူပုန်စခန်းမြေပုံ၏ နောက်ဆုံးခေါင်းဆောင်ဖြစ်သည့်အတွက် ရရှိသည့် ဆုလာဘ်များသည် အဆင့်မြင့်ပစ္စည်းများပင်။ ထိုပစ္စည်းများထဲမှ တစ်ခုသည် လယ်ဗယ်၆ခါးပတ်တစ်ခုပင်။ ငွေရောင်ဖြစ်ပြီး ၃၀စင်တီမီတာခန့်ကျယ်၀န်းသည်။ ခါးပတ်ပေါ်တွင် အလှဆင်ထားသည့် ကနုတ်များစွာပါရှိနေပြီး ထားသိုနိုင်သည့် အကန့်၂၀ပါရှိ၏။ ဖှေးလက်ရှိတွင် အသုံးပြုနေသည့် ခါးပတ်မှာ ထားသိုနိုင်သည့် အကန့်၁၂ခုသာ ပါရှိသည်။ ထို့ကြောင့် ဖှေးအသစ်ရရှိလာသည့်ခါးပတ်ကို ချက်ချင်းပင် တပ်ဆင်အသုံးပြုလိုက်သည်။
ဤအခိုက်တန့်တွင် အိမ်မက်ဆိုးခက်ခဲမှုအဆင့်သူ၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၂၀သို့ရောက်ရှိသွားပြီဖြစ်သည်။ ဤသည်မှာ အပြင်ကမ္ဘာတွင် လယ်ဗယ်၁အလယ်လတ်အဆင့် လသစ်စစ်သည်တစ်ယောက်နှင့် ညီမျှသည်။
တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးသည့်နောက်တွင် ဖှေးသည် တွေ၀ေနေခြင်းမရှိပဲ သူပုန်စခန်းသို့ မြို့ကူးစာလိပ်ဖြင့် ပြန်သွားလိုက်သည်။ သူပုန်စခန်းမှ ဆုလာဘ်များကို လက်ခံရယူပြီးသည့်နောက်တွင် မလိုအပ်သည့်ပစ္စည်းတစ်ချို့ကိုရောက်ချလိုက်ပြီး ၀ါးရစ်၏ အကူညီနှင့်အတူ လူ့တ်ဂိုလိမ်မြို့တော်ထံသို့ သွားရောက်လိုက်၏။
အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင် ကန္တာရထဲမှ ပုလဲဟုတင်စားခေါ်သည့် လူ့တ်ဂိုလိမ်မြို့တော်ကြီးသည် ခြောက်ကပ်နေဆဲပင်။ ဤကြီးမားသည့်မြို့တော်ကြီးထဲတွင် ကွန်ပျူတာဇာတ်ကောင်အနည်းငယ်သာရှိနေပြီး သဲများသည် နေရာအနှံ့ပင်။
ကွဲပြားသည့်တစ်ခုတည်းသောအရာမှာ ဖှေး ဤမြို့တော်ထဲသို့ ခြေချလိုက်သည်နှင့်တပြိုင်နက် စွမ်းအားမြင့်မားသည့် နတ်ဆိုးအရှိန်၀ါများကို ခံစားလိုက်ရခြင်းပင်။
ဤမြေပုံတွင်ရှိသည့် မကောင်းဆိုး၀ါးများသည် သာမန်ခက်ခဲမှုအဆင့်ထက်များစွာပို၍ စွမ်းအားမြင့်မားသည်မှာ ထင်ရှားလှသည်။
ဖှေးသည် ပထမဆုံးအလုပ်ကို လက်ခံရန်အတွက် ကွန်ပျူတာဇာတ်ကောင်ထံသို့ သွားရောက်တော့မည့်အချိန်တွင် သူ၏နားထဲတွင် အေးစက်ကာ လျို့၀ှက်ထူဆးန်သည့် အသံကြီးကို ရုတ်တရက်ကြားလိုက်ရ၏။ “ဟားဟား ဂုဏ်ယူပါတယ်ကောင်လေး။ မင်းက အဆင့်တက်ပြီးတော ဒီကမ္ဘာပေါ်က လျို့၀ှက်ချက်တွေကို ပိုပြီးတော့ လေ့လာနိုင်တော့မယ်။ ဟားဟား ဆက်သွားပါ အံ့သြစရာတွေအများကြီးက မင်းကို စောင့်ကြိုနေပါတယ် ဟားဟားဟား...”
ဤအသံကြောင့် ဖှေးစက္ကန့်အနည်းငယ်ခန့် ရပ်နားလိုက်မိသည်။
သူသည် ပထမမြေပုံမှ အလုပ်များအားလုံးပြီမြောက်သည့်အတွက် ဆုလာဘ်တစ်ခုမှမရရှီသည့်အကြောင်းကို စဥ်စားနေခဲ့သည်။ သို့သော် ထိုလျို့၀ှက်သည့်အေးစက်စက်အသံကြီးပေါ်လာကာ သူ၏စိတ်ထဲတွင်ရှိသည့် မေးခွန်းကို ဖြေပေးလိုက်သည်။ သူသည် တစ်စုံတစ်ခုကို ရရှိလိုက်ပုံပင်။ သို့သော် ထိုအရာကို အာရုံခံနိုင်ခြင်းမရှိသေးပေ။
ခနတာရပ်နားပြီးသည့်နောက်တွင် ဒုတီယမြေပုံရှိမကောင်းဆိုး၀ါးများကို သတ်ဖြတ်ကာ လယ်ဗယ်မြှင့်တင်ရန်အတွက် ကြိုးစားတော့သည်။
ဒဏာရီလာ ဂိတ်တံခါးပွင့်တော့မည်ဖြစ်သောကြောင့် သူ၏စွမ်းအားများကို အမြန်ဆုံးမြှင့်တင်ထားရမည်ဖြစ်သည်။ ဤသည်မှာ ဒဏာရီလာနတ်စင်ကို ရှာတွေ့နိုင်ချေအားအမြင့်ဆုံးထိမြှင့်တင်နိုင်သည့် နည်းလမ်းတစ်ခုပင်။
နှစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဖှေးသည် ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး သွေးများသည် သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းထား၏။ ဒုတိယမြေပုံမှ မကောင်းဆိုး၀ါးများသည် ပို၍ သန်မာပြီး ဖှေးအတွက် များစွာပို၍ အန္တရာယ်ရှိ၏။ သို့သော် သူကြိုးစားရုန်းကန်ပြီးသည့်အချိန်တွင် လူ့တ်ဂိုလိမ်မြို့တော်မှ ပထမဆုံးအလုပ်နှစ်ခုကိုပြီးမြောက်သွားပြီး သူ၏ လူရိုင်းဇာတ်ကောင်သည်လည်း အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၂၄သို့ရောက်ရှိသွားပြီဖြစ်သည်။
ဤအခိုက်တန့်တွင် လျို့၀ှက်ထူးဆန်းသည့် အေးစက်စက်အသံပြောသည့် အံ့သြစရာများဟူသည့် အဓိပ္ပါယ်ကို သူနားလည်လိုက်၏။ သူသည် [ခြောက်သွေ့သောတောင်တန်းများ]တွင်ရှိသည့် ပေါ်တယ်သို့ရောက်သည့်အချိန်တွင် ထိုပေါ်တယ်မှ မှော်စွမ်းအင်အရှိန်၀ါများစွာကို အာရုံခံလိုက်မိ၏။