← Chapters

အခန်း (၅၇၁)

Vol. 36 Ch. 571

အခန်း (၅၇၁)

Vol. 36 Ch. 571

ဖှေးသည် ဤကဲ့သို့သော် တယ်လီပေါ့တ်မှော်အစီရင်များစွာကို မြင်တွေ့ဖူးခဲ့သော်လည်း ထူးခြားချက်တစ်ခုကိုမှ ခံစားခဲ့ဖူးခြင်းမရှိပေ။ ယခုအချိန်တွင် သူ၏အရှေ့တွင်ရှိနေသည့် တယ်လီပေါ့တ်မှော်အစီရင်သည် ထင်ရှားနေကာ အသက်၀င်နေသည့်အတိုင်းပင် တက်ကြွေနေလျှက်ရှီသည်။

သူ၏မျက်လုံးများကို မှိတ်ပြီး ဤတယ်လီပေါ့တ်မှော်အစီရင်ကို အာရုံခံကြည့်လိုက်သည့်အချိန်တွင် ဖှေးပို၍ပင် ထိတ်လန့်အံ့သြသွား၏။

သူရုတ်တရက်အကြံတစ်ခုရရှိသွားပြီး သူ၏ ၀ိဉာဥ်စွမ်းအင်များသည် ရေတံခွန်တစ်ခုလိုပင် စီးကျလာတော့သည်။ ထို့နောက်တွင် တယ်လီပေါ့တ်မှော်အစီရင်အတွင်းသို့ စတင်ကာ ထိုးဖောက်တော့၏။

ဖှေးသည် သာမန်ခက်ခဲမှုအဆင့်တွင်ဤကဲ့သို့ ပြုလုပ်ရန်အတွက် ကြိုးစားခဲ့ဖူးသော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ သို့သော် ယခုအချိန်တွင်မူ ကိစ္စတစ်ခုလုံးမှာ ချောချောမွေ့မွေ့ပင်။ ဖှေး၏ ၀ိဉာဥ်စွမ်းအင်များသည် မှော်အစီရင်၏အချက်ချာနေရာသို့ စီးဆင်း၀င်ရောက်သွားပြီး အလုပ်လုပ်ပုံနှင့်ပတ်သက်သည့် သီအိုရီများ၊ နိယာမများကို နားလည်တက်ကျွမ်းသွား၏။ တဖြည်းဖြည်းဖြင့် ဖှေးသည် တယ်လီပေါ့တ်ပေါ်တယ်တစ်ခု တည်ဆောက်ရန်အတွက် လိုအပ်သည်များကို နားလည်လာတော့သည်။

ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုသည် ဖှေးအား ယောက်များတိုင်းအား ငြင်းဆန်ခဲ့သည့် အေးစက်စက်နတ်သမီးတစ်ပါး သူ၏လက်အတွင်းသို့ ကျဆင်းလာသကဲ့သို့ပင် ခံစားရစေသည်။ ယခင်က မဖြစ်နိုင်ခဲ့သည့်အရာတစ်ခုသည် ယခုအချိန်တွင် အလွန်လွယ်ကူနေ၏။

“အော် ဒီလိုကိုး။ ဒါက တယ်လီပေါ့တ်ပေါ်တယ်တစ်ခု ဆောက်လုပ်ရာမှ လိုအပ်တဲ့ အဓိကသော့ချက်ပဲ။ ဟားဟား ဒီလိုဆိုရင်တော့ ဒီလို ခရီးရှည်တယ်လီပေါ့တ်ပေါ်တယ်မျိုးကို အပြင်ကမ္ဘာမှာလည်း ဖန်တီးနိုင်လောက်တယ်။ နတ်ဘုရားတွေက င့ါဘက်မှာ ရှိနေတာပဲ” ဖှေး အလွန်စိတ်လှုပ်ရှားသွား၏။ တယ်လီပေါ့တ်မှော်အစီရင်သည် ဗျူဟာကျလက်နက်တစ်ခုပင်။ ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် ခရီးရှည်အား ချက်ချင်းပင် တယ်လီပေါ့တ်ပြုလုပ်ကာ ရန်သူများကို တိုက်ခိုက်ပြီး ချက်ချင်းပင် ပြန်ဆုတ်ခွာလာနိုင်မည်ဖြစ်သည်။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဖှေးသည် တယ်လီပေါ့တ်မှော်အစီရင်တစ်ခု၏ အသေးစိတ်အချက်လက်များကို လေ့လာပြီးဖြစ်၏။

အချိန်အား တွက်ချက်ပြီးနောက်တွင် တစ်နာရီခန့်သာ ကျန်ရှိတော့ကြောင်းကို သူသိလိုက်သည်။ ဖှေးသည် မကောင်းဆိုး၀ါးများကို ဆက်လက်သတ်ဖြတ်ခြင်းမရှိတော့ပေ။ ထိုအစား လျို့၀ှက်သည့် ကျောက်တုံးအခန်းထဲသို့သွားကာ နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ကို လေ့လာနေသည့် အာကာရာနှင့် ကိန်းတို့ကိုလတွေးလိုက်၏။ သူတို့အား တယ်လီပေါ့တ်ပေါ်တယ်တစ်ခု ပြုလုပ်သည့် အချက်လက်များကို လျှင်မြန်စွာပင် ပြောလိုက်၏။

“ဘာ အဲ့လိုလား။ အံ့သြစရာမရှိတော့ပါဘူး။ “အာကာရာသည် ဖှေးပြောသည်ကို ကြားလိုက်သည့်အချိန်တွင် အံ့သြသွား၏။ သို့သော် ခနကြာသည့်အချိန်တွင် သူမ၏ခေါင်းကို ခါရမ်းလိုက်သည်။

“ဆရာမဘာတွေးနေတာလဲ...” ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

ကိန်းသည်လည်း အာကာရာကျန်ခဲ့သည့်နေရာကို ဆက်ပြောလိုက်သည်။ “ငါတို့တွေ အစီရင်ရဲ့အာကာသ တည်နေရာအချက်လက်တွေကို မစဥ်စားနိုင်ခဲ့တာ အံ့သြစရာမဟုတ်တော့ပါဘူး။ တကယ်တန်းကျ တယ်လီပေါ့တ် အစီရင်တွေက အာကာသတည်နေရာအချက်လက်တွေကို အသုံးမပြုဘူး။ ဟားဟား အဲ့တာကြောင့် ငါတို့တွေ တစ်ချိန်လုံးလွဲမှားနေခဲ့တာ။ အခုမင်းရှင်းပြလိုက်တော့ ငါတို့တွေ တယ်လီပေါ့တ်မှော်အစီရင်တစ်ခုကို ဖန်တီးနိုင်တော့မယ်ထင်တယ်...”

ဖှေး စိတ်လှုပ်ရှားသွား၏။

“ဘယ်လောက် သေချာလဲ...” သူမေးလိုက်သည်။

“ဘယ်လောက်သေချာလဲ ဟုတ်လား။ ၈၀ရာခိုင်နှုန်းလောက်သေချာတာပေါ့...” အာကာရသည် ဖှေးပြောသည့်အချက်လက်များကို ချရေးကာ မှတ်သားထားလိုက်ပြီး ပြောလိုက်သည်။ ထို့နောက်တွင် သူမသည် ကိန်းထံသို့ပြေးသွားပြီး သူတို့၏ လက်ရှိတယ်လီပေါ့တ်မှော်အစီရင်ဒီဇိုင်းကို ပြုပြင်မှုများ ပြုလုပ်နေတော့၏။ ကိန်းသည် ဒိုင်ယာဘလိုကမ္ဘာမှ မှော်အစီရင်များကို အပြင်ကမ္ဘာမှမှော်အစီရင်များအဖြစ်သို့ပြောင်းလဲနေ၏။ ဤသည်မှာ တယ်လီပေါ့တ်မှော်အစီရင်များအလုပ်လုပ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင်။

“၈၀ရာခိုင်နှုန်းသေချာတာပေါ့...” ဖှေးခေါင်းငြိမ့်လိုက်သည်။ ဤဖြစ်နိုင်ချေသည် အလွန်မြင့်မားသည့်အတွက် ကျေနပ်လောက်ဖွယ်ပင်။

သူတို့၏ စိတ်ထဲတွင် အချိန်ကြာမြင့်စွာရှိနေသည့် မေးခွန်း၏ အဖြေကိုရရှိသွားပြီဖြစ်သောကြောင့် ရူးသွပ်သောသိပ္ပံပညာရှင်နှစ်ယောက်လုံးသည် စိတ်လှုပ်ရှားသည့်အခြေအနေတစ်ခုသို့ရောက်ရှိနေကြသည်။ သူတို့သည် ဆက်လက်ကာလေ့လာနေကြပြီး သူပုန်စခန်း၏ မဟာခေါင်းဆောင်ကြီးဖြစ်သူ ဘုရင်ကိုပင် လျစ်လျူရှုထားကြသည်။ ကံကောင်းစွာပင် ဘုရင်သည် ဤကဲ့သို့သော အခြေအနေနှင့် အသားကျနေပြီဖြစ်သည်။ သူသည် ပြန်ရန်ပြင်နေသည့်အချိန်တွင် ကိန်းသည် ရုတ်တရက်တစ်စုံတစ်ခုကို သတိရလိုက်သည်။ သူ၏ခေါင်းကို ကုတ်ခြစ်၍ အော်ကာ ဖှေးအား အမဲရောင်အ၀ိုင်းပြားလေးသုံးခုကို ပစ်ပေးလိုက်သည်။ ထိုအ၀ိုင်းပြားလေးများသည် ကလေးတစ်ယောက်၏ လက်ဖ၀ါးအရွယ်စားခန့်သာရှိသည်။ တံဆိပ်ပြားများကဲ့သို့ပင်။

“ငါမေ့တော့မလို့။ ငါတို့တွေ ဒီတံဆိပ်ပြားတွေကို နံရံတွေပေါ်မှာရှိတဲ့ အကျဥ်းချခြင်းနည်းပညာတွေကို လေ့လာနေတုန်းက မတော်တဆတီထွင်ခဲ့မိတယ်။ အဲ့ကောင်တွေက အပြင်ကမ္ဘာမှာ နေအဆင့်အောက်က သိုင်းဆရာတွေကို သူတို့ရဲ့စွမ်းအားတွေ ဖုံးကွယ်ထားနိုင်အောင်ကူညီပေးတယ်။ နတ်ဘုရားအဆင့်ပစ္စည်းတွေမဟုတ်ပေမယ့် အတော်လေးစိတ်၀င်စားစရာကောင်းတဲ့ပစ္စည်းတွေပါ။ မင်းအတွက် အသုံး၀င်လာနိုင်တယ်လေ။” ကိန်းအလုပ်လုပ်နေရင်းဖြင့် ဖှေးအားလက်၀ှေ့ရမ်းပြလိုက်သည်။ သူသည်ဘုရင်အား ထွက်သွားခိုင်းနေခြင်းပင်။

“ဟမ်...စိတ်၀င်စားစရာပဲ။ သူတို့ကို ဘယ်လိုခေါ်လဲ...” ဖှေးသည်တစ်ဖက်သို့လှည့်ကာ ပေါ်တယ်ထဲသို့ မ၀င်မှီမေးလိုက်သည်။

“ဟေ မရှိဘူး။ မင်းနာမည်တစ်ခုခုပေးလိုက်ပေါ့။ နောက်ပြီးတော့ မင်းပြန်တော့လေ။ ဒီနေရာကို သုံးရက်အတွင်းပြန်မလာသေးနဲ့...” အာကာသည် စိတ်မရှည်စွာဖြင့် သူ့အား ပြောလိုက်သည်။

ဖှေးပါးစပ်အဟောင်းသားဖြစ်သွား၏။

......

နှစ်ရက်ကြာပြီးနောက် မြေအောက်ပင်လယ်ထဲတွင်ဖြစ်သည်။

နေရာအနှံ့တွင် မှောင်မဲနေပြီး ဤနေရာတွင်ရှိသည့် တိတ်ဆိတ်မှုသည် ကြောက်မက်ဖွယ်ပင်။

မြေအောက်အနက်မီတာ၄၀၀ခန့်တွင်တည်ရှိသော်လည်း ပင်လယ်ပြင်သည် တည်ငြိမ်နေခြင်းမရှိပေ။ အမြန်နှုန်းအမျိုးမျိုးရှိသည့် ရေစီးကြောင်းများသည် မြေအောက်ပင်လယ်ထဲတွင်ရှိနေ၏။ မြန်ဆန်သည့် ရေစီးကြောင်းများသည် သံမဏိဓားသွားများကိုပင် ကြိုးပဲ့သွားစေနိုင်ပြီး နူးညံ့သည့် ရေစီးကြောင်းများမှာမူ လေညှင်းတစ်ခုကဲ့သို့ပင် ခံစားရ၏။

ရုတ်တရက်ကြီးမားသည့် ဆူညံသံကြီးတစ်ခုထွက်ပေါ်လာ၏။

ပင်လယ်ပြင်၏ အပေါ်တွင်ရှိနေသည့် မာကြောသည့် ကျောက်သားပြင်သည်ပေါက်ကွဲသွားပြီး လူလေးယောက်သည် မြေပြင်အား ဖောက်ထွင်းကာ ပင်လယ်ပြင်ထဲသို့ ခုန်ဆင်းလာ၏။ ရောင်စုံအတွင်းအားစွမ်းအင်မီးတောက်များသည် သူတို့၏ခန္ဓာကိုယ်တစ်၀ိုက်တွင် တောက်ပနေပြီး ရေပူပေါင်းများစွာကို ဖန်တီးနေလျှက်ရှိသည်။ သူတို့၏ခန္ဓာကိုယ်တစ်၀ိုက်တွင် စွမ်းအင်မီးတောက်များတောက်ပနေရင်းဖြင့် ရေအောက်သို့ အလျှင်မြန်ပင် ဆင်းသက်နေ၏။

ထိုလူလေးယောက်သည် အားနည်းသည့်လူများမဟုတ်ကြပေ။ သူတို့ထဲမှ နှစ်ယောက်သည် ကြယ်ကိုးလုံးအဆင့်သိုင်းဆရာများဖြစ်ပြီး လအဆင့်သို့ရောက်ရှိရန်အတွက် ခြေတစ်လှမ်းသာလိုတော့သည့်လူများပင်။ ကျန်ရှိနေသည့် လူနှစ်ယောက်မှာ လအဆင့်သို့ရောက်ရှိနေနှင့်ပြီး စစ်သည်များပင်။ သူတို့၏စွမ်းအားများကို ချွေတာသုံးဆွဲနေကြသည်။ သူတို့သည် ဒဏာရီလာဂိတ်တံခါးအတွက်လာရောက်ကြသည်မှာ ထင်ရှားလှသည်။

သူတို့ရောက်ရှိလာခြင်းသည် ငြိမ်သက်နေသည့်ပင်လယ်ပြင်ကို ဖျက်ဆီးပစ်လိုက်၏။

သူတို့သည် မုန်တိုင်းတစ်ခုထဲမှ မိုးစက်များကဲ့သို့ပင် ကျန်ရှိနေသည့်သိုင်းဆရာများသည်လည်း မြေပြင်အားထိုးဖောက်ပြီး အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များတောက်ပလျှက် ပင်လယ်ထဲသို့ ခုန်ဆင်းလာကြ၏။ ချက်ချင်းလိုလိုပင် မှောင်မိုက်နေသည့် မြေအောက်ပင်လယ်ပြင်ကြီးတစ်ခုလုံးလင်းထိန်သွားပြီး မီးရှူးမီးပန်းများတောက်ပနေသည့်အတိုင်းပင် လှပသော်လည်း ထူးဆန်းလှ၏။

ဤသိုင်းဆရာများအားလုံးသည် ပတ်၀န်းကျင်ကို သတိထားနေကြ၏။ သူတို့နှင့်အတူလာသည့်လူများမှလွဲ၍ ကျန်ရှိနေသည့်အဖွဲ့များနှင့် အကွာ၀ေးတစ်ခုထားကာ ပင်လယ်အောက်သို့ ဆင်းသက်နေလျှက်ရှိကြသည်။

“ဒန်နီရယ် ဘာလို့ငါတို့က အလံနှစ်စုံမြို့က ရေတွင်းထဲကနေ မြေအောက်ပင်လယ်ထဲကို မဆင်းတာလဲ။ ငါတို့ရဲ့အတွင်းအားစွမ်းအင်တွေကို ဘာလို့မြေကြီးကို ထိုးဖောက်သို့ သုံးနေရတာလဲ။ အဲ့တာက မှန်ကန်တဲ့အပြုမူမဟုတ်ဘူးထင်တယ်...” မြေအောက်ပင်လယ်ထဲသို့ ဆင်းလာကြသည့် လူလေးယောက်ထဲတွင် မျက်နှာတွင်အမာရွတ်တစ်ခုနှင့် ကြယ်ကိုးလုံးအမြင့်ဆုံးအဆင့်စစ်သည်တစ်ယောက်မှပြောလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်းပါ...” သူ၏ဘေးတွင်ရှိသည့် လယ်ဗယ်၃အဆင့်နိမ့်လသစ်စစ်သည်တစ်ယောက်မှ တိုးညှင်းသည့်အသံဖြင့် ပြောလိုက်သည်။ “မင်းဘာသိလို့လဲ ချမ်းဘော့ဒ်ဘုရင် လအဆင့်သို့ရောက်သွားတုန်းက ပေါ်လာတဲ့ဖြစ်စဥ်က ရူးလောက်တယ်ကွ။ ငါတို့တွေ သူ့လို လူတစ်ယောက်ကိုသွားပြီးတော့ ရန်မစသင့်ဘူး။ သူက မြို့ထဲက ရေတွင်းတွေကို တားမြစ်နယ်မြေလုပ်ထားတာ။ ငါတို့တွေခွ့င်ပြုချက်မရပဲ၀င်မယ်ဆိုရင် သူ့ကိုရန်စသလိုဖြစ်သွားပြီးတော့ ဒဏာရီလာဂိတ်တံခါးထဲကိုတောင်မ၀င်နိုင်ဖြစ်သွားလိမ့်မယ်။ ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက် ဘယ်သူက ရေတွင်းထဲကနေဆင်းလာလို့လဲ။ ချမ်းဘော့ဒ်ဘုရင်ကို ရန်စရဲတဲ့လူ သိပ်မရှိဘူး။ ငါတို့ထက်စွမ်းအားပိုကြီးတဲ့ သိုင်းဆရာတွေတောင်ဘေးမှာအများကြီးပဲ။ မင်းစကားပြောမှားရင်တော့ ငါတို့မင်းကို မကယ်တင်နိုင်တာကို အဆိုးမဆိုပါနဲ့...”

ဤလူသည် အဖွဲ့ထဲတွင်ရာထူးမြင့်သူတစ်ဦးဖြစ်နိုင်သော်လည်း အဆူခံလိုက်ရသည့်လူသည် မကျေနပ်ပဲအနည်းငယ် ဒေါသဖြစ်နေသလိုပင်။ သူ၏ခေါင်းကို ငုံ့ထားကာ ဘာမှပြန်မပြောရဲပေ။

ဤအခိုက်တန့်တွင် ပေါက်ကွဲသံများထွက်ပေါ်လာ၏။

သူတို့နှင့် သိပ်မ၀ေးသည့်နေရာတွင် လူသုံးယောက်သည် မြေအောက်ပင်လယ်ထဲသို့ စိုးမိုးနိုင်သည့်အရှိန်၀ါဖြင့် ဆင်းသက်လာ၏။ သူတို့ ပင်လယ်အောက်သို့ဆင်းသက်နေသည့်နှုန်းမှာလည်း အလွန်မြန်ဆန်လှသည်။

သူတို့၏ခန္ဓာကိုယ်တစ်၀ိုက်တွင်အတွင်းအားစွမ်းအင်မီးတောက်များ တောက်ပနေခြင်းမရှိသော်လည်း အေးစက်သည့်ရေများသည် သူတို့၏ခန္ဓာကိုယ်နှစ်မီတာတစ်၀ိုက်သို့ ၀င်ရောက်နိုင်ခြင်းမရှိပေ။

“သူတို့ကရေတွင်းထဲကနေဆင်းလာကြတာပဲ။ အတော်လေးစွမ်းအားကြီးတာ သူတို့တွေ ချမ်းဘော့ဒ်ဘုရင်ကိုမကြောက်ကြတာမဆန်းပါဘူး။ ပတ်၀န်းကျင်တွင်ရှိနေသည့် သိုင်းဆရာများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့သည် ဤလူများအား အဆိပ်ပြင်းသည့် မြွေများကဲ့သို့ပင် ရှောင်ရှားပေးလိုက်ကြ၏။ သူတို့နှင့် အငြင်းပွားလိုခြင်းမရှိပေ။ ဤလူများသည် သိုင်းဆရာအစစ်မှန်များဖြစ်ကြပြီး ဒဏာရီလာနန်းတော်ထဲရှိ စူးစမ်းရှာဖွေမှုတွင် အဓိကဇာတ်လိုက်များကဲ့သို့ပင်။

ဒဏာရီလာ ဂိတ်တံခါးမပွင့်ခင် မိနစ်၃၀ခန့်သာ လိုတော့သည်ဖြစ်၏။

All Chapters