← Chapters

အခန်း (၅၇၂)

Vol. 36 Ch. 572

အခန်း (၅၇၂)

Vol. 36 Ch. 572

အလံနှစ်စုံမြိုတော်နှင့် ၅ကီလိုမီတာခန့်ကွာ၀ေးသည့် သဲတောင်ကုန်းတစ်ခုပေါ်တွင်ဖြစ်သည်။

“သွားသင့်ပြီလား...” ဖှေးတစ်ဖက်သို့လှည့်လိုက်ပြီး အမဲရောင်ချပ်၀တ်များနှင့် ကြောင်တစ်ကောင်နှင့်တူသည့် မျက်နှာဖုံးများကို ၀တ်ဆင်ထားသည့် အောက်လမ်းမှော်ဆရာဟေဇယ်-ဘန့်ခ်နှင့် အရိုးနဂါး အာသာတို့ကို မေးလိုက်သည်။ သူတို့၀တ်ဆင်ထားသည့် ချပ်၀တ်များ၊ မျက်နှာဖုံးများကို ဒိုင်ယာဘလိုကမ္ဘာမှ ပန်းပဲဆရာမ ချယ်စီကိုယ်တိုင် နတ်ဆိုးအကြွင်းကျန်များ၊ မဟူရာသတ္တုများဖြင့် ပြုလုပ်ထားခြင်းပင်။

ဖှေးသည် မရယ်မိအောင်ကြိုးစားနေရ၏။

သူတို့သည် စတိုင်ကျနေကာ Men In Blackရုပ်ရှင်မှ လူများကဲ့သို့ပင်။ ဤအောက်လမ်းမှော်ဆရာတွင်သာ လူများ၏ မှတ်ဉာဏ်ကို ဖြောက်နိုင်သည့် မှောင်တောင်၀ှေးတစ်ခုရှိပါက ပို၍ပင်ကောင်းဦးမည်ဖြစ်သည်။

နတ်ဆိုးအကြွင်းကျန်များသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကသေဆုံးသွားခဲ့သည့် ရှေးကျသော သိုင်းဆရာများ၏ အရီုးများပင်။ ထို့ကြောင့် အတွင်းအားစွမ်းအင်အမျိုးမျိုးနှင့် ကိုက်ညီမှုရှိ၏။ အောက်လမ်းမှော်ဆရာတစ်ယောက်အတွက် ဤကဲ့သို့သော ချပ်၀တ်များသည် ရတနာများကဲ့သို့ပင်။ ဖှေးလွန်ခဲ့သည့် ဆယ်မိနစ်ခန့် ဤချပ်၀တ်များကို ထုတ်လိုက်စဥ်က ဟေဇယ်-ဘန်ခ့်နှင့်အာသာတို့ ကြိုက်လိမ့်မည်မဟုတ်ဟုထင်ထားခဲ့သည်။ သို့သော် ဤလူနှစ်ယောက်သည် ချက်ချင်းပင် ပြုလုပ်ထားသည့်ပစ္စည်းများကို သိရှိသွားပြီး ဖှေးထံမှ လုယူတော့မလိုပင်။

“၀ါး အော် ဒဏာရီလာဂိတ်တံခါးက ပွင့်တော့မှာပဲ သွားကြရအောင်...”

အာသာသည် သူ၏ခန္ဓာကိုယ်ပေါ်မှ ချပ်၀တ်ကို ပွတ်သက်လိုက်ပြီး မြေပြင်အား လက်သီးဖြင့် ထိုးလိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအင်အရှိန်၀ါတစ်ခုထွက်ပေါ်လာသော်လည်း ဤအရိုးနဂါးသည် စွမ်းအင်အားကောင်းစွာ ထိန်းချုပ်နိုင်၏။ စွမ်းအင်အနည်းငယ်ကိုပင် ဖြုန်းတီးလိုက်ခြင်းမရှိပေ။ စွမ်းအင်သည် မြေပြင်အား ထိုးစိုက်သွားပြီး ၂မီတာခန့်အချင်းရှိသည့် ကျင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

“သွားရအောင်...” အာသာသည် တွင်းထဲသို့ခုန်ဆင်းသွားပြီး သူသည်အောက်သို့ လက်သီးဖြင့်အဆက်မပြတ်ထိုးနေလျှဥ်၇ှိသည်။ သူသည် သံမဏိကဲ့သို့ပင် မာကြောသည့်မြေပြင်အား တိုဟူးတစ်ခုကဲ့သို့ပင် လက်သီးဖြင့် ထိုးကာခွဲခြမ်းနေလျှက်ရှိသည်။

ဟေဇယ်-ဘန့်ခ်နှင့် ဖှေးတို့လည်း အာသာအနောက်မှ လိုက်ကာ တွင်းထဲသို့ ခုန်ဆင်းသွား၏။

ဟေဇယ်-ဘန်ခ့်နှင့်အာသာတို့အပြင် ဖှေးဘယ်သူ့ကိုမှ ခေါ်ခဲ့ခြင်းမရှိပေ။ ဤမစ်ရှင်သည် အလွန်အန္တရာယ်များသည့်အတွက်ကြောင့်ပင် ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်ပင် လအဆင့်သိုင်းဆရာများ၏ အကာကွယ်မရှိပါက သေဆုံးသွားနိုင်ချေရှိသည့်အတွက်ပင်။ ချမ်းဘော့ဒ်မှ သိုင်းဆရာများသည် အားနည်းနေသေးသောကြောင့် ဤကဲ့သို့သော အခြေအနေကို ကိုင်တွယ်နိုင်ဦးမည်မဟုတ်ပေ။

အာသာသည် မြေပြင်အား လွန်သွားတစ်ခုကဲ့သို့ပင် ရှေ့မှ တူးဆွနေလျှက်ရှိသည်။

သူ၏စွမ်းအား၏ ၉၀ရာခိုင်းနှုန်းခန့်သည် သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှလာခြင်းဖြစ်သည်။ နဂါးအစစ်မှန်တစ်ကောင်၏ အရိုးများသည် သာမန်လအဆင့်သိုင်းဆရာတစ်ယောက်၏ အရိုးများထက်များစွာပို၍ အကြမ်းခံ၏။ နတ်ဘုရားအဆင့်လက်နက်များဖြင့်ပင် နှိုင်းယှဥ်နိုင်၏။ တကယ်တန်းတွင် အာသာ၏ ခန္ဓာကိုယ်သည် ဖှေး၏ခန္ဓာကိုယ်ထက်ပင် ပို၍ သန်မာသည်ဟုဆိုနိုင်သည်။ ဤကောင်လေး၏ မြေပြင်အားတူးဖော်သည့်နှုန်းမှာ အလွန်ပင်မြန်ဆန်သည့်အတွက် ၄၀၀မီတာခန့်နက်ရှိုင်းသည့်မြေပြင်ကို စက္ကန့်အနည်းငယ်ခန့်မျှဖြင့်ပင် ဖြတ်ကျော်ကာ မြေအောက်ပင်လယ်ထဲသို့ ရောက်ရှိသွားကြတော့သည်။

“ဒဏာရီလာ ဂိတ်တံခါးကပွင့်တော့မှာ ငါတို့တွေ မဟာဘုရားကျောင်းက သိုင်းဆရာတွေနဲ့လဲ ကြုံတွေ့လာနိုင်တယ်။ မင်းတို့နှစ်ယောက်လုံးမလှုပ်ရှားကြသေးနဲ့ အဲ့တာမှ ငါတို့ရဲ့အစီစဥ်မပျက်မှာ။ ဘာပဲဖြစ်လာဖြစ်လာ သူတို့ကို ငါပဲကိုင်တွယ်လိုက်မယ်...”

ရေထဲသို့ရောက်လျှင်ရောက်ခြင်းပင် ဖှေးသည် ကြီးမားသည့်ငွေရောင်စက်လုံးကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ရေများကို ကာရံလိုက်သည်။ ထို့နောက်တွင် သူတို့သည် မြေအောက်ပင်လယ်၏အောက်ခြေသို့လျှင်မြန်စွာပင် ဆင်းသက်သွားကြတော့သည်။

လက်ရှိတွင် ဖှေးသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၂၄လူရိုင်းဇာတ်ကောင်ပင်။ သူသည် ဂုဏ်သတ္တိဆိုင်ရာအမှတ်၁၀၀ခန့်ကို ခွန်အားမြှင့်တင်ရန်အတွက် အသုံးပြုခဲ့သည်။ ထို့ကြောင့် သူသည် လက်ရှိတွင် လယ်ဗယ်၄အလယ်လတ်အဆင့်လသစ်သိုင်းဆရာတစ်ဦးနှင့် ညီမျှ၏။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်နှင့် နှိုင်းယှဥ်ကြည့်ပါက သူသည် လက်ရှိတွင်များစွာပို၍ စွမ်းအားမြင့်မားနေသည်။ ထို့ကြောင့်သူသည် လူနှစ်ယောက်ကိုပါ ခေါ်ဆောင်လာသော်လည်း ရေဖိအားဒဏ်ကိုကောင်းမွန်စွာရင်ဆိုင်နိုင်နေဆဲပင်။

မကြာမှီတွင် သူတို့သည် အောက်ခြေနှင့်နီးကပ်လာ၏။ ပင်လယ်အောက်ခြေတွင်ရှိသည့် အဆောက်ဦးများကို ကောင်းမွန်စွာပင်မြင်နိုင်နေပြီဖြစ်သည်။ အဖြူရောင်အလင်းတန်းတစ်ခုသည် ထို့အဆောက်ဦးများပေါ်တွင် ထွန်းလင်းလျှက်ရှိပြီး မှောင်မိုက်သည့် ပင်လယ်ပြင်ကို ထွန်းလင်းနေစေလျှက်ရှိသည်။ အောက်ခြေမှ မီတာ၂၀၀ခန့်မြင့်မားသည့်ရေပြင်ထဲတွင် ရေသူမကဲ့သို့သော သတ္တ၀ါများရှိနေ၏။ ထိုသတ္တ၀ါများသည် လေးမီတာခန့် ရှည်လျားပြီးမြားများကဲ့သို့ပင် လျှင်မြန်စွာကူးခတ်နေကြသည်။

ဖှေးနှင့် လူနှစ်ယောက်သည် အောက်ခြေနှင့် မီတာ၃၀၀ခန့်၀ေးသည့်နေရာတွင် ရပ်လိုက်၏။

ဤသည်မှာ သူတို့သွားနိုင်သည့်အနီးဆုံးနေရာပင်။ မမြင်နိုင်သည့်စွမ်းအင်တစ်ခုသည် ကာရံနေသည့်အတွက်ကြောင့် မည်သူမှ ပို၍နက်ရှိုင်းစွာဆင်းသက်နိုင်ခြင်းမရှိပေ။

ဤအခိုက်တန့်တွင် သိုင်းဆရာများစွာကို တွေ့နေရ၏။ များပြားလှဿသည့် သိုင်းဆရာအရေတွက်သည် ဖှေးအားအံ့သြသွဦးစေသည်။ သိုင်းဆရာပေါင်းများစွာသည် ကံစမ်းရန်အတွက် ဤနေရာသို့ရောက်ရှိနေကြခြင်းပင်။ ဤလူများသည် လွန်ခဲ့သည့်ရက်များတွင် အလံနှစ်စုံမြို့ပတ်လည်တွင်ပုန်းအောင်းနေကြသည်မှာ အံ့သြဖွယ်ပင်။ ကီလိုမီတာ၅သောင်းခန့်ကွာ၀ေးသည့်နေရာမှ သိုင်းဆရာများပါရောက်ရှိနေကြသည့်ပုံပင်။

ထိုအထဲတွင် အားအနည်းဆုံးသိုင်းဆရာများသည် ကြယ်၇လုံးအဆင့်ရှိသည်။ သို့သော် သူတို့သည် အထူးပြုလုပ်ထားသည့် မှော်ပစ္စည်းများ၏အကူညီဖြင့် ရေနက်ပိုင်းသို့ဆင်းသက်လာနိုင်ကြခြင်းပင်။ ထို့အပြင် အန္တရာယ်များသည့်အရှိန်၀ါများရှိနေသည့် သိုင်းဆရာတစ်ချို့လည်းရှိနေသည်။ ဖှေးကိုယ်တိုင်ပင် သူတို့၏စွမ်းအားအစစ်မှန်ကို အာရုံခံနိုင်ခြင်းမရှိပေ။ ထို့ကြောင့် မည်သူမှ သူတို့နှင့် မီတာ၁၀၀ပတ်၀န်းကျင်တွင်နေရဲခြင်းမရှိကြပေ။

ဒဏာရီလာဂိတ်တံခါးမပွင့်သေးသောကြောင့် လူတိုင်းသည် စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေကြ၏။

ဖှေး၏ စိုးမိုးနိုင်သည့်အရှိန်၀ါသည် လူတိုင်း၏အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိစေလျှက်ရှိသည်။ ငွေရောင်စက်လုံး၏ အရိုင်းဆန်ကာ ကြောက်မက်ဖွယ်စွမ်းအင်အရှိန်၀ါကို အာရုံခံလိုက်မိသည်နှင့်တပြိုင်နက်လူတိုင်းသည် သူဘယ်သူဖြစ်သည်ကို သိရှိလိုက်ကြ၏။ ရလဒ်အနေဖြင့် သူ၏ဘေးတွင်ရှိနေသည့်လူများသည် အ၀ေးသို့ထွက်ခွာသွားလိုက်ကြ၏။

ဘုရင်၏ နာမည်နှင့် နောက်ခံသမိုင်းကို ထိုလူများသိရှိနေကြသည့်အတွက် သူတို့သည် သူ့အား အနည်းငယ်ကြောက်လန့်နေကြသည်။

“ချမ်းဘော့ဒ်ဘုရင်ပဲဟ ဂရုစိုက်ကြနော် သူနဲ့ခပ်၀ေး၀ေးမှာနေ ပြောကြတာကတော့ ဒီလူကအတော်လေးရက်စက်ကြမ်းကြုတ်တယ်တဲ့...”

“ချမ်းဘော့ဒ်ဘုရင်လား ဘုရားရေသူ့ရဲ့စွမ်းအားတွေက ထပ်ပြီးတော့ မြင့်တက်လာပြန်ပြီပဲ။ သူကအခုဆို ဘယ်အဆင့်တောင်ရောက်နေပြီလဲ။ ငါသူ့ကိုတောင်မမြင်နိုင်ဘူး။ သူက ဘယ်လိုလုပ်ဒီအဆင့်ထိရောက်လာနိုင်တာလဲ။ နတ်ဘုရားတစ်ပါးများလူ၀င်စားတာလား...”

“သူ့ရဲ့ဘေးက လူနှစ်ယောက်ကရော ဘယ်သူတွေလဲ။ သူတို့အကြောင်းမကြားဖူးပါဘူး။ ထူးဆန်းတဲ့ ၀တ်စုံတွေပဲ။ သူတို့က ချမ်းဘော့ဒ်က သူတော်စင်စစ်သည်တွေလဲမဟုတ်ဘူး။ ချမ်းဘော့ဒ်ဘုရင်အသစ်စုဆောင်းထားတဲ့လူတွေများလား။ ငါသူတို့ရဲ့အရှိန်၀ါကိုလည်း အာရုံခံလို့မရဘူး။ ချမ်းဘော့ဒ်ဘုရင်က တစ်နေ့တစ်ခြားပိုပြီးစွမ်းအားကြီးမားလာနေတာပဲ အင်ပါယာအရှင်သခင်ယရှင်းသာသေသွားရင် ချမ်းဘော့ဒ်ဘုရင်ကို ဇီးနစ်မှာ ဘယ်သူကတားဆီးနိုင်တော့မှာလဲ...”

“ကျားတစ်ကောင်နဲ့ သိမ်းငှက်တစ်ကောင်ပေါင်းစပ်ထားသလိုပဲ။ ဒီလူငယ်က မရိုးရှင်းဘူး ယရှင်းလိုမျိုးပါရမီရှင်တစ်ယောက်ပဲဖြစ်လိမ့်မယ်။ နှစ်ပေါင်းအနည်း၍ယ်ကြာရင် သူ့ကို ဘယ်သူမှတိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး။ အုပ်ချုပ်သူအသစ်တစ်ယေက်မွေးဖွားလာပြီပဲ...”

“ဟီးဟီးချမ်းဘော့ဒ်ဘုရင်ဆိုတာ သူလားကွ။ သူ့မှာ ရတနာပစ္စည်းတော်တော်များများရှိတယ်ကြားတယ်။ ငါတို့တွေ ဒဏာရီလာနန်းတော်ထဲကိုရောက်တယ်ဆိုရင် သူ့ကို သတ်ပြီးတော့ ရတနာတွေသိမ်းလိုက်ရအောင် လူငယ်တစ်ယောက်ကို မင်းတို့တွေ ဘာလို့ ဒီလောက်ကြောက်လန့်နေကြတာလဲ...”

“သူက အရင်က ဉာဏ်ရည်မမှီတဲ့လူတစ်ယောက်လို့ကြားတယ်။ သူက လအဆင့်ကိုအချိန်တိုအတွင်းမှာရောက်သွားတာပဲ။ သူ့မှာ ကြီးမားတဲ့လျို့၀ှက်ချက်တစ်ခုရှိနေရမယ်။ သူ့မှာ ဒဏာရီလာပညာရပ်တစ်ခုများရှိနေတာလား။ သူ့ကို ဖမ်းပြီးမေးရမယ့်ပုံပဲ။ သူ့ရဲ့လျို့၀ှက်ချက်ကိုသာသိပြီး လပြည့်သိုင်းဆရာတစ်ယောက်ဖြစ်လာပြီဆိုရင် နေအဆင့်သခင်တစ်ယောက်ဖြစ်လာဖို့က မဖြစ်နိုင်မှာမဟုတ်တော့ဘူး ဟားဟား...”

ဖှေး ပတ်ပတ်လည်တွင်ရှိနေသည့် သိုင်းဆရာတော်တော်များများသည် ဖှေးအားကြည့်ရဲခြင်းမရှိတော့ပေ။ တစ်ချို့သိုင်းဆရာများသည် သူတို့၏အဖွဲ့သားများကို ဖှေးနှင့် သွားမရှုပ်ကြရန်ပြောနေ၏။ တစ်ချို့မှာ တည်ငြိမ်နေသည့်ပုံရသော်လည်း မကောင်းသည့်အကြံစည်များကို ကြံစည်နေကြသည်။ တစ်ချို့မှာ သတ်ဖြတ်လိုသည့်အရှိန်၀ါများဖြင့် ဖှေးအားတစ်ချက်ကြည့်လိုက်ကြသည်။

“ဟမ်..မင်းသေချင်းလို့လား...”

အမဲရောင်၀တ်ရုံတစ်ခု၀တ်ဆင်ထားသည့်တြိဂံပုံမျက်နှာနှင့် အဖိုးကြီးတစ်ယောက်သည်သူ့အားနှာခေါင်းရှုံ့နေသည်ကိုတွေ့လိုက်ရသဖြင့် ဖှေးသည် ရုတ်တရက်လက်သီးဖြင့် ထိုးလိုက်၏။ မီတာ၀က်ခန့်အရွယ်စားရှိသည့် ငွေရောင်လက်သီးရာတစ်ခုသည် ရေပြင်အား ဖြတ်ကျော်ကာ ဤအဖိုးကြီး၏ အရှေ့သို့ရောက်ရှိသွား၏။

“သေစမ်း ဆင်ခြင်တုန်တရားနည်းတဲ့ခွေးသားလေးပဲ။ တစ်ခြားကောင်တွေက မင်းကိုကြောက်ချင်ကြောက်မယ်။ ငါကတော့ မကြောက်ဘူးကွ။ ငါမင်းကို ဖမ်းပြီးတော့ စစ်ဆေးဖို့ကြံနေတာ မင်းကအရင် မဟူရာသဲဘုရင်င့ါကို လာပြီး တိုက်ခိုက်ရဲတယ်ပေါ့။ ဟားဟား ကောင်းတယ် ငါမင်းကို အခုချက်ချင်းအရှင်ဖမ်းမယ်။ ဒဏာရီလာနန်းတော်ထဲရောက်မှ မင်းရဲ့လျို့၀ှက်ချက်တွေကို စစ်မေးရတာပေါ့...”

အဖိုးကြီးသည် အစပိုင်းတွင်ဒေါသဖြစ်သွား၏။ သို့သော် ခနကြာသည့်အချိန်တွင် ပျော်ရွှင်သွားတော့သည်။ သူသည် ချမ်းဘော့ဒ်ဘုရင်ကို ဖမ်းဆီးရန်အတွက် အကြောင်းပြချက်တစ်ခုကို ရှာနေခြင်းဖြစ်သည်။ သို့သော် ချမ်းဘော့ဒ်ဘုရင်သည် သူ့အား အရင်ဦးစွာတိုက်ခိုက်လိုက်၏။

ဤအချက်သည် သူ့အား ပြည့်စုံသည့်အကြောင်းပြချက်တစ်ခုကိုပေးလိုက်ခြင်းပင်။ ထို့ကြောင့် သူ၏လက်ဖ၀ါးကို ဖြန့်လိုက်ပြီး ငွေရောင်လက်သီးရာကို ဖမ်းဆုပ်ရန်ကြိုးစားလိုက်၏။

ဤတြိဂံမျက်နှာနှင့် အဖိုးကြီးသည် ကီလိုမီတာ၂၅၀၀၀၀၀ခန့်၀ေးသည့် လယ်ဗယ်၂အင်ပါယာတစ်ခုမှ သိုင်းဆရာတစ်ယောက်ပင်။ သူ၏နာမည်ပြောင်သည် မဟူရာသဲဘုရင်ပင်။ သူသည် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူသည်တစ်ခြားလူများကို သတ်ဖြတ်ရသည်အား နှစ်သက်ပြီး လယ်ဗယ်၈အဆင့်နိမ့်လသစ်စစ်သည်တစ်ယောက်ဖြစ်နေသည်မှာ ဆယ်နှစ်ပင်ကြာနေပြီဖြစ်သည်။

သူ၏အတွင်းအား ၉၀ရာခိုင်းနှုန်းခန့်ကို လက်ဖ၀ါးထဲထည့်ကာ အားနည်းသည့်ပုံရသည့် ငွေရောင်လက်သီးရာကို အလွန်တကူဖမ်းနိုင်လိမ့်မည်ဟုထင်နေခဲ့သည်။ သို့သော် ထိလိုက်မိသည့်အချိန်တွင် တစ်ခါမှမကြုံဖူးသည့်စွမ်းအင်တစ်ခုသည် သူ၏လက်မောင်းအတွင်းသို့ စီး၀င်သွားသည်ကို ခံစားလိုက်ရ၏။

“အား...” မဟူရာသဲဘုရင်၏မျက်နာသည် အရောင်ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ မကြာမှီတွင် ထိုအော်ဟစ်သံသည် နာကြင်စွာငိုကြွေးသံတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။

နောက်အခိုက်တန့်တွင် သူ့အား တူတစ်ချောင်းဖြင့်ရိုက်လိုက်သကဲ့သို့ပင် အနောက်သို့ မီတာ၄၀ခန့်လွှင့်ထွက်သွားပြီး သွေးများသည် သူ၏ပါးစပ်အတွင်းမှ ပန်းထွက်လာတော့သည်။ သူ၏ လက်တစ်၀က်ခန့်သည် သွေးမြူများ၊ အရိုးမှုန်များအဖြစ်သို့ပြောင်းလဲသွားတော့၏။ သူ၏အ၀ါရောင်မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်ကာ ဖြစ်ပျက်နေသည်ကို ယုံကြည်နိုင်ခြင်းမရှိသေးပေ။

All Chapters