← Chapters

အခန်း (၅၇၃)

Vol. 36 Ch. 573

အခန်း (၅၇၃)

Vol. 36 Ch. 573

ဖှေး၏ စူးရှသည့်လ မျက်လုံးများကို မြင်လျှင်မြင်လိုက်ခြင်းပင် ထိုအဖိုးကြီးသည် ထိတ်လန့်တုန်လှုပ်သွား၏။ သူမည်ကဲ့သို့သော ပြသနာကို ရှာလိုက်မိသည်ကို သဘောပေါက်သွားလိုက်သည်။ သူသည် မိမိကိုယ်မိမိသတ်သေလိုက်မိသကဲ့သို့ပင် ခံစားလိုက်ရသည်။ သူ၏လုပ်ရပ်များကို နောင်တရရန်မှာ နောက်ကျသွားပြီဖြစ်ပြီး သူ၏ စိတ်ထဲတွင်လည်း အကြောက်တရားများဖြင့် ကြီးစိုးသွားတော့သည်။

“အမြန်ထွက်ပြေးတော့...”

ဤသည်မှာ မဟူရာသဲဘုရင်၏ ခေါင်းထဲသို့ ပထမဆုံး၀င်ရောက်လာသည့်အတွေးတစ်ခုပင်။ သူမည်သည့်အရာကိုမှ မစဥ်းစားနိုင်သေးခင်မှာပင်တစ်ဖက်သို့လှည့်ပြီး လျှင်မြန်စွာထွက်ပြေးလိုက်သည်။ သူသည် ဒဏာရီလာ ဂိတ်တံခါးထဲသို့လက်ရှိဒဏ်ရာဖြင့် ၀င်ရောက်နိုင်ခြင်းမရှိတော့သည်မှာ ထင်ရှားလှသည်။ သူသည် ရူးလောက်သည့် ရေဖိအားဒဏ်ကိုပင် မနည်းတောင့်ခံထားရ၏။ သူ့ကို မုန်းတီးနေသည့်လူများ လာရောက်သတ်ဖြတ်ပါကလည်း သေဆုံးသွားနိုင်သည့်အတွက်ပင်။

နေရာတစ်၀ိုက်တွင်ရှိနေသည့်သိုင်းဆရာများ ဤဖြစ်ရပ်ကို မျက်မြင်တွေ့လိုက်ရပြီး သူတို့၏ ကြောများပင် စိမ့်အေးသွားတော့သည်။

လယ်ဗယ်၈အနိမ့်ပိုင်းအဆင့်လသစ်စစ်သည်သည် ချမ်းဘော့ဒ်ဘုရင်၏ တိုက်ခိုက်မှုတစ်ချက်ပိုပင် ခံနိုင်ခြင်းမရှိသည်မှာ သူတို့အတွက် ထိတ်လန့်အံ့သြဖွယ်ကောင်းလှဿည်။

“ဒီဘုရင်ငယ်က ကောလဟာလတွေထဲကလိုပဲ ရက်စက်ကြမ်းကြုတ်တဲ့လူပဲ။ မဟူရာသဲဘုရင်က သူ့ကို မကောင်းတဲ့မျက်လုံးနဲ့တစ်ချက်ပဲသွားကြည့်လိုက်မိတာတောင် အရိုက်ခံလိုက်ရတယ်။” သိုင်းဆရာများအားလုံးတွေးလိုက်မိကြသည်။

သူတို့သည် ဖှေးသူတို့အားနောက်ထပ်ပစ်မှတ်ထားမည်ဆိုးသောကြောင့် ပို၍၀ေးသည့်နေရာသို့ပင် ရွေ့ပြောင်းသွားကြ၏။

ဖှေးသည် ပထမသိုင်းကွက်အောင်မြင်သွား၏ ဤအဆိပ်ပြင်း၏ မကောင်းသည့်အကြံရှိသည့် အဖိုးကြီးအား တွန့်ဆုတ်ခြင်းမရှိပဲ သတ်ဖြတ်တော့မည်ဖြစ်သည်။

ဖှေးသည် လူသားဆန်ခြင်းမရှိပဲ သတ်ဖြတ်ရသည်ကို သဘောကျသည့်လူတစ်ယောက်မဟုတ်ပေ။ သို့သော် မဟူရာသဲဘုရင်၏ မျက်နှာကို ကြည့်ရုံဖြင့်ပင် ထိုလူသည် စွမ်းအားမြင့်မားကာ ယုတ်မာသည့်လူတစ်ယောက်ဖြစ်သည်ကို သတိထားလိုက်မိသည်။ ဖှေးသည် သူ၏ ပစ်မှတ်တစ်ယောက်ဖြစ်နေပြီး သူ၏ရန်သူတစ်ယောက်လဲဖြစ်နေပြီဖြစ်သောကြောင့် ဖှေးသည် ဤအခွင့်ရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ ဤလူသည်သာ ချမ်းဘော့ဒ်တိုင်းပြည်အား နည်းလမ်းမျိုးစုံဖြင့် ယုတ်မာတိုက်ခိုက်လာပါက ချမ်းဘော့ဒ်သည် ဖြစ်ရပ်ဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်လာရမည်ဖြစ်သောကြောင့်ပင်။

ဖှေးဤရန်သူအား အနောက်မှလိုက်ပြီး ဖြစ်လာနိုင်သည့် ပြသနာများကို ကြိုတင်ရှင်းလင်းသုတ်သင်ထားရန်ပြင်နေသည့်အချိန်တွင် ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာ၏။ မမြင်နိုင်သည့် စွမ်းအင်အကာရံ၏ အောက်တွင် စွမ်းအင်အရှိန်၀ါများတောက်ပလာတော့သည်။ သိုင်းဆရာများအားလုံးလည်း စိတ်လှုပ်ရှားလာကြတော့၏။

ရုတ်တရက်ပင် မြေအောက်ပင်လယ်အောက်ခြေရှိ အဆောက်ဦးများထံမှ အလင်းစက်များပျံသန်းလာပြီး သိုင်းဆရာများကို လွှမ်းခြုံသွားတော့သည်။ အလင်းစက်များစွာရှိနေသည့်အတွက်ကြောင့် ညကောင်းကင်ရံမှ ကြယ်ပွင့်များကဲ့သို့ပင်။ ထို့နောက်တွင် ထိုအလင်းစက်များသည် စတင်၍ ရွေ့လျားလာပြီး ငွေရောင်ပုံရိပ်များဖြစ်ပေါ်လာတော့၏။

မမြင်နိုင်သည့် မင်တံတစ်ခုသည် ပင်လယ်ထဲတွင် ရေးဆွဲနေသည့်အတိုင်းပင်။ အလင်းရောင်များတောက်ပနေလျှက်ရှိသည့် ဂိတ်တံခါး ၂၀ခန့်သည့် စက္ကန့်သုံးဆယ်အတွင်းတွင်ပေါ်ပေါက်လာတော့သည်။

ထိုအလင်းဂိတ်တံခါးများပေါ်တွင် ငွေရောင်မှော်သင်္ကေတများစွာရေးထိုးထားပြီး အလွန်ပင်ရှေးကျကာ ရှုပ်ထွေးလှသည်။ အရာအားလုံးသည် ရှေးကျကာလှပနေ၏။

ထိုအလင်းဂိတ်တံခါးနှစ်ဆယ်သည် ဒဏာရီလာ ဂိတ်တံခါးများဖြစ်ကြသည်မှာ ထင်ရှားလှသည်။

“ပွင့်ပြီဟေ့...ဒဏာရီလာ ဂိတ်တံခါးတွေပေါ်လာပြီ...” လအဆင့်စစ်သည်တစ်ယောက်မှ အော်ဟစ်လိုက်သည်။

သူသည်အမြန်ဆုံးတုန့်ပြန်ကာ အနီးဆုံးနေရာတွင်ရှိသည့် အလင်းဂိတ်တံခါးတစ်ခုထံသို့ ပျံသန်းသွားလိုက်သည်။ ဂိတ်တံခါးမှ အဖြူရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီးသည့်နောက်တွင် သူပျောက်ကွယ်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် သူသည် စွမ်းအင်အကာရံ၏ အတွင်းပိုင်းတွင်ပြန်ပေါ်လာ၏။ သူရောက်ရှိလာခြင်းကို ရေသူမကဲ့သို့သော် သတ္တ၀ါများသတိထားမိသွားပြီး ထိုလူထံသို့ အော်ဟစ်ကာ ကူးခတ်လာကြတော့၏။ ထိုသတ္တ၀ါများသည် ဤသိုင်းဆရာကို တစ်စစီ စုတ်ဖြဲလိုနေသည်မှာ ထင်ရှားလှသည်။

တိုက်ပွဲသည် ချက်ချင်းပင်ဖြစ်ပွားလာာတော့သည်။ သိုင်းဆရာသည် သူ၏စွမ်းအားမြင့်သိုင်းကွက်များကို ထုတ်သုံးလိုက်ပြီး သူနှင့် သုံးမီတာပတ်လည်တွင်ရှိနေသည့် ရေသူမကဲ့သို့သော သတ္တ၀ါများသည် သွေးမြူများအဖြစ်ပြောင်းလဲသွားတော့၏။

ယခုအချိန်တွင် လူတိုင်းသည် အံ့သြနေရာမှ နိုးထလာကြပြီး သူတို့၏ အနီးတစ်၀ိုက်တွင်ရှိနေသည့် ဂိတ်တံခါးများထံသို့ ၀င်ရောက်သွားကြတော့သည်။

“အရှင်မင်းကြီး ဒဏာရီလာနန်းတော်ထဲမှာ လူသတ်ယန္ဒယားတွေ မှော်ထောင်ခြောက်တွင် အများကြီးရှိတယ်။ အချိန်တွေလဲကြာလာတော့ ပြောင်းလဲမှုတွေလဲ ရှိလာနိုင်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့တွေ ဒီလူတွေအခြေအနေကို ကြည့်ပြီးတော့ နောက်မှ၀င်တာကောင်းမယ်ထင်တယ်...” အောက်လမ်းမှော်ဆရာသည် ဖှေး၏ နားနားသို့ကပ်ကာပြောလိုက်သည်။

“အေးဟုတ်တယ် ခင်ဗျားပြောတာမှန်တယ်။ ငါတြိဂံမျက်နှာနဲ့အဖိုးကြီးကို အရင်သွားသတ်လိုက်ကီးမယ်။ သူက ငါတို့ကို ဒုက္ခပေးလာနိုင်တယ်လေ....” ဖှေး ပြန်ပြောလိုက်သည်။

“အာသာကိုရှင်းခိုင်းလိုက်ပါ။ ကျွန်တော်တို့က ဒီမှာပဲ စိတ်ရှည်လက်ရှည်နဲ့စောင့်ကြတာပေါ့....” ဟေဇယ်-ဘန့်ခ်သည် ကောင်လေးအား အချက်ပြလိုက်ရင်းဖြင့် ဖှေးကိုပြောလိုက်သည်။ အရိုးနဂါးကောင်လေးသည် ဆန္ဒရှိပုံမရပေ။ သို့သော် မကျေနပ်စွာဖြင့် ရေရွတ်လိုက်ပြီး ဖှေး၏ ငွေရောင်စက်လုံးအတွင်းမှ ထွက်ခွာကာ ပျောက်ကွယ်သွားတော့သည်။

နှစ်ရက်ကြာခန့်အနားယူပြီးသည့်နောက်တွင် ဤအရိုးနဂါး၏ စွမ်းအင်များသည် များစွာပို၍ ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ သူသည် ယခုအချိန်တွင် အနည်းဆုံး လယ်ဗယ်၁အဆင့်မြင့်လသစ်စစ်သည်တစ်ယောက်ပင်။ ထို့ကြောင့် ယုတ်မာသည့်အဖိုးကြီးအားရှင်းလင်ရမည်မှာ သူ့အတွက် လွယ်ကူနေမည်ဖြစ်သည်။

ပတ်၀န်းကျင်တွင်ရှိနေသည့် သိုင်းဆရာများသည် ဤအရာကိုမြင်လိုက်ကြပြီး ဖြစ်တော့မည့်အရာကို သဘောပေါက်လိုက်ကြသည်။

အမဲရောင်ချပ်၀တ်နှင့်ကောင်လေးအ၀ေးသို့ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် မဟူရာသဲဘုရင်အတွက် စိတ်မကောင်းဖြစ်လိုက်မိကြသည်။ သူတို့သည် ဤကောင်လေး၏ စွမ်းအားကို အာရုံခံမိသည့်အတွက်ပင်။ မဟူရာသဲဘုရင်သည် မကောင်းသည့်အရာများစွာကို ပြုလုပ်ခဲ့ပြီး အပြစ်ကင်းမဲ့သည့်လူများစွာကိုလည်း သတ်ဖြတ်ခဲ့သည်။ ယခုအချိန်တွင်မူ သူသည် ရန်မစသင့်သည့်တစ်စုံတစ်ယောက်အား သွားရောက်ကာ ရန်စလိုက်မိပြီဖြစ်သည်။ အရာအားလုံးသည် အကျိုးဆက်တစ်ခုရှိနေသည်သာ။

ဟေဇယ်-ဘန့်ခ်နှင့်အာသာတို့ သူနှင့်ပူးပေါင်းပြီးသည့်နောက်တွင် များစွာပို၍အဆင်ပြေလာသည်ကို ဖှေးသတိထားလိုက်မိသည်။ ဤနှစ်ယောက်သည် သူ့ထက်ပင် ပို၍စွမ်းအားကြီးမားသောကြောင့် ယခင်က သူတစ်ယောက်ထဲသာ ဆောက်ရွက်နိုင်သည့် ကိစ္စများကို ဤလူနှစ်ယောက်အား တာ၀န်ပေးနိုင်ပြီဖြစ်၏။

ဖှေးပျော်ရွှင်သွားသည်။ သို့သော် သူရုပ်တည်တည်ဖြင့်သာဆက်နေနေ၏။ သူသည် အောက်လမ်းမှော်ဆရာနှင့်အတူရပ်နေရင်းဖြင့် သူတို့ဘေးပတ်ပတ်လည်တွင်ရှိနေသည့် သိုင်းဆရာများအလင်းဂိတ်တံခါးထဲသို့၀င်ရောက်တော့မည့်အချိန်ကို စိတ်ရှည်လက်ရှည်ဖြင့်စောင့်ဆိုင်းနေ၏။ သူတို့သည် အချိန်ကောင်းတစ်ခုကို စောင့်နေကြခြင်းပင်။

ရုတ်တရက်မြင့်မြတ်သန့်စင်သည့်စွမ်းအင်များကိုခံစားလိုက်မိသည်။ ငွေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်မီးတောက်များလွှမ်းခြုံထားသည့် လူနှစ်ဆယ်ကျော်ရောက်ရှိလာပြီး ဖှေးနှင့်တစ်ရာမီတာခန့်၀ေးလှံသည့်အလင်းဂိတ်တံခါးထဲသို့၀င်သွားကြတော့သည်။

ထိုလူများသည် မဟာဘုရားကျောင်းမှ သိုင်းဆရာများပင်။

ဖှေး သူ၏ဘေးတွင်တိတ်ဆိတ်နေသည့် ဟေဇယ်-ဘန့်ခ်ကို ကြည့်ကာ ရယ်မောလိုက်မိသည်။ “ဒီပစ္စည်းတွေက ကောင်းကောင်မွန်မွန်အလုပ်လုပ်တဲ့ပုံပဲ။ အောက်လမ်းမှော်ဆရာတစ်ယောက်လုံးအနီးမှာရပ်နေတာကို အဲ့ကောင်တွေသတိမထားလိုက်မိကြဘူး ဟားဟား စိတ်၀င်စားစရာပဲဟေ့...”

“မဟာဘုရားကျောင်းက ခွေးတွေက မကောင်းဆိုး၀ါးစွမ်းအင်ကို ကောင်းကောင်းအာရုံခံနိုင်တယ်တယ်။ အရှင်မင်းကြီး ဖန်တီးထားတဲ့ နတ်ဘုရားလှည့်စားခြင်းတံဆိပ်တွေက အတော်လေးမှော်ဆန်တာပဲ။ ဒီတံဆိပ်တွေနဲ့ ဆိုရင်ကျွန်တော်နဲ့ အာသာတို့ ပိုပြီးတော့ ကိစ္စတွေကို လွယ်လွယ်ကူကူဆက်လုပ်လို့ရတာပေါ့။ အရှင်မင်းကြီးက ပါရမီရှင်တစ်ယောက်ပဲ...” ဟေဇယ်-ဘန့်ခ်မှ ဖှေးကို ချီးကျူးလိုက်သည်။ သူသည် လေးနက်ကာ အနေတည်သည့်လူတစ်ယောက်မဟုတ်ပဲ။ တက်ကြွကာ စွန့်စားလိုစိတ်ရှိသည့် လူတစ်ယောက်ပင်။ ထို့ကြောင့် ဖှေးနှင့် အချိန်အနည်းငယ်ကြာအတူရှိပြီးသည့်နောက်တွင် အလိုလျှောက်ပင် ရင်းနှီးကျွမ်း၀င်လာတော့၏။

ဖှေး သူ၏ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။ “ဒီတံဆိပ်တွေကို ကျွန်တော်ဖန်တီးခဲ့တာမဟုတ်ဘူး။ ရူးသွပ်တဲ့သိပ္ပံပညာရှင်နှစ်ယောက်ဖန်တီးထားတာ။ အခွင့်ရေးရရင် ခင်ဗျားကို သူတို့နဲ့ မိတ်ဆက်ပေးပါ့မယ်။ ဟမ် နောက်ထပ်လူတွေရောက်လာပြန်ပြီလား...”

လူများစွာထပ်မံရောက်ရှိလာပြီး အလင်းဂိတ်တံခါးထံသို့ ပျံသန်းသွားလိုက်၏။ နှင်းတောင်သိုင်းဆရာနှင့် သူ၏ တပည့်များဖြစ်ကြသည့် မိုဒေါ့တ်၊ တိုနီ၊ ဖာရင်တန်နှင့် ကျန်ရှိနေသည့် ကြယ်ကိုးလုံးအဆင့်စစ်သည်မျးပင်။ နှင်းတောင်သိုင်းဆရာ၏မီးစွမ်းအင်မျးဖြင့် ကာကွယ်ပေးထားသည့်အတွက် သူတို့သည် လျှင်မြန်စွာပင် အလင်းဂိတ်တံခါးတစ်ခုထဲသို့ ၀င်ရောက်ဖြတ်ကျော်သွား၏။

ဂိတ်တံခါးထဲသို့ မ၀င်ခင်တစ်စုံတစ်ခုအား အာရုံခံလိုက်မိသည့်အတိုင်းပင် နှင်တောင်းသိုင်းဆရာသည် ဖှေးရှိနေရာအရပ်သို့ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် ဖှေးသူ့အား ပြုံးပြလိုက်သည်။ နှင်းတောင်သိုင်းဆရာသည်သာလျှင် ထိုအပြုံး၏နောက်ကွယ်တွင်ရှိသော အဓိပ္ပါယ်ကို နားလည်နိုင်၏။

“အရှင်မင်းကြီး...သူက ဒီကိစ္စတွေအကုန်လုံးကို လုပ်ခဲ့တဲ့လူလား။ ဒဏာရီလာနန်းတော်ထဲကို ရောက်တာနဲ့ သူ့ကို ကျွန်တော်သတ်လိုက်ရမလား...” ဖှေး၏ တုန့်ပြန်မှုကို မြင်သည့်အချိန်တွင် ဟေဇယ်-ဘန့်ခ်ပြောလိုက်သည်။

“ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်ကိုင်တွယ်လိုက်ပါ့မယ်။ အချိန်ရောက်ပြီထင်တယ်။ အာသာကိုစောင့်မနေနဲ့တော့ ကျွန်တော်တို့ ၀င်လိုက်ကြရအောင်ဗျာ...”

သူတို့ဘေးတွင်ရှိသည့် သိုင်းဆရာတော်တော်များများ ဂိတ်တံခါးထဲသို့၀င်ရောက်သွားကြသည်ကို တွေ့လိုက်ရသဖြင့် သူတို့လည်း ဂိတ်တံခါးတစ်ခုကို ရွေးကာ၀င်ရောက်လိုက်ကြသည်။

ဒဏာရီလာဂိတ်တံခါးဆိုသည်မှာ ခရီးတိုတယ်လီပေါ့တ်မှော်အစီရင်များပင်။ သူတို့သည် စွမ်းအင်အကာရံ၏ အပြင်ပိုင်းမှတဆင့် အတွင်းပိုင်းသို့ လူများကိုပို့ဆောင်ေးခြင်းပင်။ ဖှေးသည် ပေါ်တယ်တစ်ခုအား ဖြတ်ကျော်နေရသလိုခံစားလိုက်ရပြီး တစ်စက္ကန့်ခန့်ကြာသည့်အချိန်တွင်တစ်ခြားတစ်ဖက်သို့ရောက်ရှိသွားပြီဖြစ်သည်။

ရေသူမကဲ့သို့သော သတ္တ၀ါများကြားသို့ရောက်ရှိသွားသည်နှင့်တပြိုင်နက် ဖှေးချက်ချင်းပင် သူ၏ငွေရောင်စွမ်းအင်စက်လုံးကို ဖွင့်လိုက်သည်။ ထိုသားရဲကောင်များသည် စက်လုံးကို ထိုးဖောက်ကာ၀င်ရောက်နိုင်ခြင်းမရှိသော်လည်း သူတို့၏ခန္ဓာကိုယ်နှင့်ဆက်တိုက်၀င်တိုက်နေလျှက်ရှိသည်။

“ဒီသတ္တ၀ါတွေမှာ အသိဉာဏ်ရှိတဲ့ပုံမရဘူး။ သူတို့ကို နတ်ဆိုးသားရဲတွေလို့ ခေါ်နိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့စိတ်ထဲမှာ သတ်ဖြတ်လိုတဲ့ဆန္ဒတစ်ခုပဲရှိနေတယ်...” ဖှေးသည် သူ၏ ငွေရောင်စွမ်းအင်စက်လုံးအကာရံအား ၀င်တိုက်ကာ သေဆုံးသွားကြသည့် ရေသူမကဲ့သို့သာ သတ္တ၀ါများကို ကြည့်ရင်းဖြင့် မျက်မှောင်ကြုံ့လိုက်မိသည်။

All Chapters