← Chapters

မမျှတသည့် ပြိုင်ပွဲ

Vol. 76 Ch. 1051

မမျှတသည့် ပြိုင်ပွဲ

Vol. 76 Ch. 1051

ဟူး... ဟူး...

တုလင်၏ အော်ရာက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။သူ၏ ဝိညာဉ် ဆင်းတုနှင့် လောကနယ်မြေတို့မှာ ဖြည်းညင်းစွာပင် ပျောက်ကွယ်သွား၏။ အဆုံးသတ်၌ သူက နဖူးထက်ရှိ ချွေးများကို လက်ဖြင့် သပ်ချရင်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။

ထိုအရာက သူ လုပ်နိုင်သမျှ အကုန် ဖြစ်သည်။ ထိုကျင့်ကြံခြင်း အခြေခံဖြင့် ဆိုပါက အခြား ရွေးချယ်ခံ သူရဲကောင်းများနောက်ကို အများကြီး ပြတ်မကျန်လောက်ဟု သူ ခံစားရသည်။

“...”

လူအုပ်ကတော့ လုံးဝ ဆွံ့အ တိတ်ဆိတ် နေခဲ့၏။ အလွန်တရာ တိတ်ဆိတ်လွန်းရကား အပ်ကျသံ တစ်ချက်ကိုပင် မိုင်ပေါင်းများစွာ အကွာမှ ကြားရလိမ့်မည် ဖြစ်သည်။

ဖျောင်း... ဖျောင်း... ဖျောင်း...

ရုတ်တရက် ကလေးငယ်လေး တစ်ယောက်၏ လက်သေးလေးလေး နှစ်ဖက်ဖြင့် တီးလိုက်သလို လက်ခုပ်သံများ ထွက်ပေါ်လာ၏။

“ဖေကြီးကွ... အဲဒါ ငါ့ဖေကြီး...”

တုပင်းမှာ ပျော်ရွှင်စွာ အော်ဟစ် အောင်ပွဲခံ နေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်၌ သူ့ နှလုံးသား တစ်ခုလုံးမှာ အဆုံးစွန်သော ဂုဏ်ယူခြင်းများနှင့် ပြည့်နှက်နေ၏။ ဖခင်ဖြစ်သူ ဘယ်လောက် အစွမ်းထက်သလဲ မသေချာသည့်တိုင် သူ့ အတွက်တော့ ဖခင်သည်သာလျှင် တစ်လောကလုံး၌ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

“အလိမ်အညာတွေ... သောက် အဓိပ္ပာယ် မရှိ...”

အံ့အားသင့် စရာ မရှိစွာပင်... ‌ဒေါသတကြီးဖြင့် ပထမဆုံး တုန့်ပြန်လာခဲ့သူက အင်ပါယာ မျိုးနွယ်၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဟွမ်ရီကောင်းပင် ဖြစ်သည်။ သုံးနှစ်ခွဲ ဆိုသည့် ကာလတိုလေး အတွင်း ယန်ဖွံ့ဖြိုးခြင်း အဆင့် တစ်‌ယောက်က အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်သွားခြင်း... ၎င်းက အမှန်တရား တစ်ခုဆိုလျှင် ဖြစ်နိုင်ချေကလည်း တစ်ခုသာ ရှိသည်။ ၎င်းက အလိမ်အညာပင်။

ဝေ့ဝူယင် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။ ထာဝရ အစည်းအရုံး ပင်လျှင် ထိုခွေးအိုကြီးလောက် မဟောင်ဟု သူ တွေးလိုက်မိသည်။ သို့သော်လည်း... သူ ဖြေရှင်းချက် ပေးစရာ မလိုပါချေ။ ဝူယုက ကြားထဲမှ ဝင်၍...

“အဂ္ဂိရတ် တိုက်ပွဲ မစတင်ခင် စည်းကမ်းတွေကို လိုက်နာပါမယ်လို့ မင်းတို့အားလုံး လျှို့ဝှက်ကျိန်စာ ကျိန်ဆို ထားရတယ် မလား... အခု ငါ့သခင်လေးက အဲဒီ လျှို့ဝှက် ကျိန်စာကို ဘာအကျိုးဆက်မှ မရှိပဲ ချိုးဖျက်နိုင်တယ်လို့ မင်းက ပြောချင်တာလား”

အဂ္ဂိရတ် တိုက်ပွဲ မစတင်ခင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များရော၊ လျှို့ဝှက် ကြယ်တာရာ အဆင့်များပါ လျှို့ဝှက် ကျိန်စာများ ကျိန်ဆိုခဲ့ရသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ကျိန်ဆိုခဲ့ရသည့် ကျိန်စာများထဲတွင် ချက်ချင်း လက်ငင်း ဖော်စပ်ထားသည့် ဆေးများကိုသာ အသုံးပြုရန်နှင့် ရွေးချယ်ခံ သူရဲကောင်း ရွေးချယ်ရာတွင် မသမာမှုများ မလုပ်ရန် ပါဝင်သည်။

လျှို့ဝှက် ကြယ်တာရာ အဆင့် လမ်းညွှန်သူများကိုတော့ ကျင့်ကြံခြင်း အခြေခံကို စတေးသည့် နည်းလမ်းများဖြင့် ရွေးချယ်ခံ သူရဲကောင်းများကို မကူညီစေဖို့ တစ်ခုသာ ကျိန်ဆိုစေခဲ့သည်။ ထာဝရ အစည်းအရုံးက သေမျိုး အဂ္ဂိရတ် အာဏာရှင်များကိုတော့ ထိုလျှို့ဝှက် ကျိန်စာဖြင့် မတင်းကြပ်ခဲ့ပါချေ။ အဘယ်ကြောင့် ဆိုသော်... မည်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်ကမှ ရွေးချယ်ခံ သူရဲကောင်းများကို ပျိုးထောင်ပေးဖို့ ကိုယ့်ကိုယ်ကို စတေးကြမှာ မဟုတ်သောကြောင့်ပင်။

မှန်၏။ လျှို့ဝှက် ကျိန်စာထဲ၌ ယိုပေါက်များစွာ ရှိပေသည်။ ဥပမာ အားဖြင့် လမ်းညွှန်သူများမှာ ရွေးချယ်ခံ သူရဲကောင်းများ အတွက် ဆေးမဖော်စပ်ရ ဆိုသည့် စည်းမျဉ်း မရှိချေ။ ထို့ကြောင့်ပင်... တုလင်မှာ လော့နင် ဖော်စပ်ပေးသည့် အဂ္ဂိရတ် ထုတ်ကုန်တိုင်းကို လျှို့ဝှက် ကျိန်စာအား ချိုးဖောက်ခြင်း မရှိပဲ စားနိုင်ခဲ့သည်။ အကယ်၍ ထိုအရာက ပြဿနာ တစ်ခု ဖြစ်လာခဲ့လျှင်လည်း ဝေ့ဝူယင် ငြင်းချက်ထုတ်ရန် ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

“အဲဒါက...”

ဟွမ်ရီကောင်းမှာ ဘာပြန်ပြောရမှန်း မသိပဲ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့၏။ သူ၏ မျက်လုံးများက ‌ရွေ့လျားသွားကာ ပြုံးစစဖြင့် သူ့ကို လှမ်းကြည့်နေသည့် ဝေ့ဝူယင်ထံ ရောက်ရှိသွားသည်။ ထိုလူငယ်၏ တလက်လက် တောက်ပနေသည့် ငွေရောင် မျက်ဝန်းများက သူ့ကို အရှက်ရစေရန် ဖိတ်ခေါ်နေသယောင် ထင်ရ၏။

ယွမ်ရီကောင်း အံကို တင်းတင်းကြိတ်ကာ တိတ်တဆိတ် နေရန်သာ ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူက လမ်းကြောင်း တစ်ခု ခင်းပေးပြီး ဖြစ်သည်။ ထာဝရ နတ်ဘုရား ဆက်လျှောက်ရန်သာ ကျန်ရှိပေသည်။

သီးသန့် ဟင်းလင်းပြင် အတွင်း၌... ထာဝရ နတ်ဘုရားမှာ ရွှေရောင် အသက် နန်းတော်၏ မဟာ ပုရောဟိတ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း... အမျိုးသမီးကြီးမှာ လုံးဝ တိတ်ဆိတ် နေခဲ့ပေသည်။

ထာဝရ နတ်ဘုရား စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်မိ၏။ အိပ်မက်ဆိုးများက နောက်တစ်ကြိမ် ဝေ့လည် လာပြန်ပြီ ဖြစ်သည်။ ယခုလို လူလားမြောက် မလာခင် ထိုကလေးကို သူ အပြတ်ရှင်းဖို့ ကြိုးစားခဲ့ သေးသော်လည်း ကံဆိုးစွာပင် ထိုအစီအစဉ်က ကျရှုံးခဲ့သည်။

“ရှေ့ဆက်မယ်...”

ထိုအရာက သူ ပြောနိုင်သမျှ အကုန်အစင် ဖြစ်ပေသည်။ သို့သော်လည်း... ထိုစကားလုံးကို ကြားလိုက်ရသည့် လူတိုင်း၏ နှလုံးသးများကတော့ ဗုံတီးသလို တဒုန်းဒုန်း မြည်ဟီး သွားတော့၏။

ရှေ့ဆက်မည်...။ မည်ကဲ့သို့နည်း။ မဟုတ်သေး... ပိုကောင်းသည့် မေးခွန်းက အဘယ်ကြောင့်နည်း ဖြစ်ပေလိမ့်မည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံး၏ မျက်လုံးများက မသေချာ မရေရာမှုများ၊ ခါးသီးမှုများ၊ သံသယများဖြင့် ပြည့်နှက်နေ၏။ အကယ်၍ ထာဝရ နတ်ဘုရားက ဝေ့ဝူယင်၏ ရလဒ်ကို လက်ခံသည် ဆိုလျှင် အဘယ်ကြောင့် ရှေ့ဆက်တော့မည်နည်း။ သူတို့ အားလုံး မြင်နိုင်ပေသည်။

လေးဆယ့်နှစ်လ အတွင်းမှာပင် ဝေ့ဝူယင်မှာ တစ်နည်းနည်းဖြင့် ယန်ဖွံ့ဖြိုးခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် ဖြစ်အောင် ပြောင်းလဲ ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သူ့ ဝိညာဉ် ဆင်းတု၌ ကွင်းဆယ်ကွင်း ရှိသည်ကို အားလုံး မြင်နိုင်ခဲ့ပေသည်။

ထိုအရာ အားလုံးထက် ပိုမိုသည်က ထိုဝတုတ်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သောက်သုံးကာ အတုအယောင် နယ်မြေမျိုးစေ့ တစ်ခုကို ဖန်တီးထားနိုင်ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော်... သူက လောကနယ်မြေ တစ်ခုကို ပိုင်ဆိုင် နေခဲ့ပြီ ဖြစ်သည်။

တုလင် ရင်ဆိုင်ရမည့် အသန်မာဆုံး ပြိုင်ဘက်မှာ တုကုပေ့ရွှမ်း ဖြစ်သည်။ သူတို့ အကြား၌ တိုက်ခိုက်စရာ မလိုချေ။ အဖြေက ရှင်းလင်းပြီးသား ဖြစ်သည်။ လောကနယ်မြေ တစ်ခုတည်းဖြင့်ပင် သူက ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ပိုင်းနိုင်ပေသည်။

“ခင်ဗျား ဘယ်လို အောင်မြင်အောင် လုပ်လိုက်နိုင်တာလဲ”

မာ့မျိုးနွယ်၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် မာ့လဲ့ဟန်က ဝေ့ဝူယင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း မေးလိုက်လေ၏။

နန်းတော်သခင် မာ့ကျန်းထံမှ စူးရဲသည့် အကြည့်ကို သတိပြုမိသည့်တိုင် မာ့လဲ့ဟန်မှာ ဝေ့ဝူယင်ကိုသာ မျှော်လင့်တကြီးဖြင့် ကြည့်နေဆဲ ဖြစ်သည်။ ယနေ့ လူငယ်ထံမှ တိကျ သေချာသည့် ရှင်းပြချက်ကို မရှာဖွေ နိုင်ပါက... သူ့ကျင့်ကြံခြင်း နှလုံးသားက သွေဖီ သွားတော့မည် ဖြစ်သည်။

ထိုမေးခွန်း၏ အဖြေကို သိချင်နေသည်က သူ တစ်ယောက်တည်း မဟုတ်ပါချေ။ အဓိက ခန်းမ အတွင်း ရှိနေသည့် မြေကြီး ရှန့်ထိုတိုင်း၊ ဖန်တီးခြင်း ပညာရှင်တိုင်း၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်း၊ ပရိသတ်တိုင်း ဖြစ်သည်။ ထာဝရ နတ်ဘုရားနှင့် ဟွမ်ရီကောင်းတို့ပင် ချွင်းချက် မရှိချေ။

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်မိ၏။ နောက်ဆုံး၌ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အဂ္ဂိရတ် ထုတ်ကုန် ဖော်စပ်မှုနှုန်းနှင့် အောင်မြင်မှုနှုန်းတို့က မည်မျှ နိမ့်ပါးကြောင်း သူ သတိပြုမိခဲ့ပြီ ဖြစ်သည်။ ထိုအရာမှာ အဂ္ဂိရတ် ဝိညာဉ် ကင်းမဲ့မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။

လော့နင်တို့လို လျှို့ဝှက် ကြယ်တာရာ အဆင့် အချို့မှ တစ်ပါး... ပလ္လင်ထက်၌ ထိုင်နေကြသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်တိုင်းမှာ အစစ်အမှန် အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားခြင်း မရှိကြပါချေ။

“ဒီအတွက် ကျုပ် ဟွမ်ရီကောင်းကိုပဲ ကျေးဇူးတင်ရလိမ့်မယ် ထင်တယ်”

ဝေ့ဝူယင်က ဟွမ်ရီကောင်းကို လှမ်းကြည့်ရင်း ပြုံးပြလိုက်၏။ အားလုံး၏ အကြည့်များက ဟွမ်ရီကောင်း အပေါ်သို့ ကျရောက်သွား၏။

လူအိုကြီး၏ အမူအရာက အနည်းငယ် အကျည်းတန်သွားကာ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်သည်။

“အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြော မနေနဲ့... မင်းဘာသာမင်း ရှင်းပြလိုက်”

သူ ဝေ့ဝူယင်ကို တစ်နည်းနည်းဖြင့် ကူညီနေသည်ဟု အခြားလူများ ထင်သွားမှာ မလိုလားပါချေ။

“အဓိပ္ပာယ် မရှိတာ ဟုတ်လား...”

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။

“ခင်ဗျား အထင်လွဲနေပြီ... ကျုပ်က တကယ် ကျေးဇူးတင်နေတာ... ရိုးရိုးလေးပဲ တွေးကြည့်... ကျုပ်လို သေမျိုးတစ်‌ယောက်က ဒီလောက် များတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကို သုံးနှစ်ခွဲ ဆိုတဲ့ အချိန်တိုလေး အတွင်း ဘယ်လိုလုပ် ဖော်စပ်နိုင်မှာလဲ... အထူးသဖြင့် သေမျိုး အကန့်အသတ်ထဲမှာပဲ ရှိနေတဲ့ ကျုပ်ရဲ့ အသိဉာဏ်လေးနဲ့ပေါ့လေ... ကျုပ်က ခင်ဗျားတို့ထက် ပိုသာတယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”

မြေကြီး ရှန့်ထိုများနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အပါအဝင် လူတိုင်းမှာ တိတ်တဆိတ် နားထောင် နေကြ၏။ ဝေ့ဝူယင် ပြောချင်သည့် ဆိုလိုရင်းကို သူတို့ ယခုတိုင် နားမလည်ကြသေးချေ။ သို့သော်လည်း... လက်ရှိ အထိ သူ ပြောသွားခဲ့သည်ကတော့ အမှန်သာ ဖြစ်သည်။ သူက လောကသခင် အဆင့်တွင်သာ ရှိသည်။ သေမျိုးတာအို၏ အထွတ်အထိပ်ကိုပင် ရောက်ရှိခြင်း မရှိသေးချေ။ ထို့အပြင် သူ့အသက်က တစ်ရာပင် မပြည့်သေးချေ။ လူငယ် ဘယ်လောက်ပင် ပါရမီ မြင့်မားစေကာမူ နှစ်ပေါင်းထောင်ချီ၊ သောင်းချီ ကျင့်ကြံထားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်သေးချေ။

“ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ပဲ ခင်ဗျားက ကျုပ်ကို ဒီလို လမ်းညွှန်သူမျိုးနဲ့ တွေ့ဆုံခွင့် ပေးခဲ့တယ်လေ...”

ဝေ့ဝူယင်က လော့နင်ကို ညွှန်ပြလိုက်၏။ အဘွားအိုမှာ ဝေ့ဝူယင်၏ ပွဲထူတ်မှုကြောင့် အံ့သြ သွားခဲ့သော်လည်း... တစ်ချိန်တည်း၌ သူမ၏ မျက်လုံးများက ဂုဏ်ယူမှု၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့သည်။ သူမက ရှေ့သို့ အနည်းငယ် လျှောက်လာကာ ဝေ့ဝူယင် ဘေးတွင် ရပ်လိုက်သည်။

“လော့နင်လား...”

ဟွမ်ရီကောင်းက ဇဝေဇဝါဖြင့် မေးလိုက်၏။ ယခုအချိန်အထိ ပဟေဠိ အပိုင်းအစများကို သူ မဆက်စပ်နိုင်သေးပါချေ။

သို့သော်လည်း... လူတိုင်းမှာ ဟွမ်ရီကောင်းလို တုံးသည်တော့ မဟုတ်ချေ။ စန်းလော့ယန်၏ မျက်လုံးများက လော့နင်ကို ကြည့်ကာ နားလည်သဘောပေါက်မှုများနှင့် တဖျပ်ဖျပ် တောက်ပသွား၏။ သို့သော်လည်း... သူက ဘာတစ်ခွန်းမှ ဝင်မပြောပါချေ။

ဧကရီ ရှောင်ချန်းကသာလျှင် ပြောလိုက်၏။

“ကံကြမ္မာပဲ... အဂ္ဂိရတ် တာအို ပေါင်းစည်းခြင်း... ဆန်းကြယ်ပါတယ်... တကယ် ဆန်းကြယ်လွန်းပါတယ်”

သူမ၏ လေသံက ရွှင်မြူးခြင်း အငွေ့အသက်များနှင့် ပြည့်နှက် နေကာ လူတစ်ဦး တစ်ယောက်ချင်းစီတိုင်း၏ အာရုံများကို ဖမ်းစား သွားသည်။

တစ်ချိန်တည်း၌...လူအချို့၏ မျက်ဝန်းများကတော့ နားလည် သဘောပေါက်ခြင်းများနှင့် ပြည့်နှက် သွား၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ မျက်ဝန်းများကတော့ တစ်ခုခု အခိုးခံလိုက်ရသလို ရှုံ့မဲ့မဲ့ အမူအရာများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း... သူတို့ကိုယ်သူတို့ အပြစ်ပုံချရန်သာ ရှိပေသည်။

အခြားတစ်ဖက်၌... ယခုထက်ထက်ထိတိုင် သဘောမပေါက်သေးသည့် လူများ ရှိနေကြဆဲ ဖြစ်သည်။ သူတို့မှာ အမှန်တရားကို ရောက်ရှိရန် အလှမ်းကွာဝေး နေကြဆဲ ဖြစ်၏။ ထိုလူများအတွက် ရည်ရွယ်၍ ဧကရီ ရှောင်ချန်းက ရှင်းပြလိုက်လေသည်။

“အဂ္ဂိရတ် ကြယ်တာရာ ပေါင်းစည်းခြင်းက ဒီလူအိုကြီးတွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို ရရှိဖို့ မင်းကို အခွင့်အရေး ပေးလိုက်တယ်... မင်း ပြောတာ မှန်တယ်... အသက်တစ်ရာတောင် မပြည့်သေးတဲ့ သေမျိုးလေး တစ်ယောက်က ဒီလူအိုကြီးတွေရဲ့ နည်းလမ်းတွေကို ယှဉ်နိုင်မှာလဲ... ဘယ်လိုလုပ်ပြီး ဒီလောက် ကြီးမားတဲ့ ကွာခြားချက်တွေကို ဖန်တီးနိုင်မှာလဲ...”

“ဒါပေမဲ့ ဟွမ်ရီကောင်းက အဂ္ဂိရတ် တာအိုမှာ အခြေခံ ခိုင်မာထားတဲ့ သက်တမ်းရင့် အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင် တစ်ယောက် မင်းကို ပေးလိုက်တယ်... မင်းက မင်းရထားတဲ့ အရာ မှန်သမျှကို ပြန်လွှဲပြောင်းပေးပြီး မြင်းအိုကြီးကို အတောင်ပံ တပ်ပေးလိုက်တယ်... ငါ ပြောတာ မှန်ရဲ့လား... အဂ္ဂိရတ် အာဏာရှင်ဝေ့”

ခက်ခဲသည့် ပ‌ဟေဠိ တစ်ခုအား အဖြေရှာလိုက်နိုင်ခြင်းက အကြီးမားဆုံးသော ပျော်ရွှင်မှု တစ်ခုလို ဧကရီ ရှောင်ချန်း၏ နှုတ်ခမ်းများက ပြုံးယောင်သမ်း နေ၏။ သူမကား အမှန်တကယ် လှပလွန်းလှပေသည်။

“ဧကရီဆီကနေ ဘာကိုမှ ဖုံးကွယ်လို့ မပါလား...”

ဝေ့ဝူယင်က လက်လျှော့လိုက်ဟန်ဖြင့် ဖြူရော်စွာ ပြုံးရင်း ပြောလိုက်သည်။ သူ ဘာမှ ထပ်ပြောစရာ မလိုတော့ချေ။ သူ ပြောချင်သည့် အရာ မှန်သမျှကို ဧကရီ ရှောင်ချန်းက ပြောသွားခဲ့ပြီး ဖြစ်သည်။

နောက်ဆုံး၌... အဓိက ခန်းမ တစ်ခုလုံး ဉာဏ်အလင်း ရရှိသွားခဲ့ပြီ ဖြစ်သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ခေါင်းငိုက်စိုက်ချလိုက်မိကြ၏။

သူတို့ ရှုံးသွားခဲ့ပြီ ဖြစ်သည်။ သံသယ ရှိစရာ မလိုလောက်အောင် သူတို့ ရှုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သူတို့ ရှုံးနိမ့်ခဲ့ကြသည်က ဝေ့ဝူယင် မဟုတ်ချေ။ သူတို့ကိုယ် သူတို့သာ ဖြစ်သည်။

ဝေ့ဝူယင်က သူတို့၏ ကိုယ်ပိုင် ဉာဏ်အလင်းများကို အသုံးချကာ လော့နင်ကို လက်နက် အဖြစ် သုံး၍ သူတို့ကို ပြန်လည် အနိုင်ယူ သွားခဲ့ခြင်းဖြစ်ပေသည်။

***

All Chapters