← Chapters

အဆိုပြုခြင်း

Vol. 76 Ch. 1056

အဆိုပြုခြင်း

Vol. 76 Ch. 1056

“...”

မိန်းကလေး၏ ထူးဆန်းသော တုန့်ပြန်မှုကို ကြည့်ကာ ဝေ့ဝူယင် အနည်းငယ် မရေရာသလို ခံစားလိုက်ရ၏။ သို့သော်လည်း... လျှို့ဝှက် ကျိန်စာ အသက်ဝင်နေသော အချိန်တွင် လျူစုယင်ဘက်မှ စတင် တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူ မယုံကြည်ချေ။ အကယ်၍ သူမ တိုက်ခိုက်ပါကလည်း သူက ဝူယုနှင့် ကျန့်ကျန့်တို့ကို အချက်ပြလိုက်ရုံသာ ရှိပေသည်။

စက္ကန့် အနည်းငယ် ကြာသည် အထိ တုန့်ပြန်မလာသေးသည်ကို တွေ့မြင်ပြီးနောက် ဝေ့ဝူယင် ဝူယုနှင့် ကျန့်ကျန့်တို့ကို ထွက်ခွာဖို့ အကြောင်းကြားလိုက်သည်။ မြေကြီး ရှန့်ထို နှစ်ယောက်က မတုန့်မဆိုင်းပင် သူတို့၏ လျှို့ဝှက် အော်ရာများကို ထုတ်ဖော်လိုက်ကြ၏။ ထို့နောက်... သူတို့က အလွန် လျှင်မြန်သည့် အရှိန်များဖြင့် စတင် ပျံသန်းလိုက်ကြကာ တဒင်္ဂ အတွင်းမှာပင် ထာဝရ နယ်မြေ အဆုံးသတ်နားသို့ ရောက်ရှိသွားကြသည်။

လျူစုယင်မှာ မူလနေရာတွင်ပင် ဆက်လက် ရပ်နေဆဲ ဖြစ်သည်။ သူမက ဝေ့ဝူယင်တို့ ထွက်ခွာသွားမှု အပေါ် နည်းနည်းလေးမျှ စိတ်အနှောက်အယှက် မဖြစ်ပုံ ရလေသည်။ မကြာခင်မှာပင်... လျူစုယင် ပြောသည့် ငါးမိနစ် ဆိုသော အချိန် ပြည့်သွား၏။

မိုင်သန်းပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည့်တိုင် ဝေ့ဝူယင်မှာ လျူစုယင် လှုပ်ရှားလာပါက တုန့်ပြန်ရန် ဆက်စပ်မှု စစ်အလံကို အဆင်သင့် ပြင်ဆင်ထား၏။ ဝူယုနှင့် ကျန့်ကျန့်တို့ အပေါ် ယုံကြည်ချက် ရှိသော်လည်း ထိုအမျိုးသမီးနှင့် ပတ်သက်၍ တစ်ခုခုက မူမမှန်နေသလို သူ ခံစား၍ ရနေခဲ့၏။

ထင်မှတ်ထားသည့် အတိုင်းပင် သတ်မှတ်ချိန် ပြည့်သွားပြီးနောက် လျူစုယင်မှာ တုန့်ပြန်လာခဲ့လေတော့သည်။ သူက ဖြည်းညင်းစွာပင် လက်တစ်ဖက်ကို မြှောက်ကာ လခြမ်း လည်ဆွဲလေးကို ထိလိုက်၏။ ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ မျက်လုံးများက ပြူးကျယ်သွားကာ သူ့လည်ပင်းရှိ ဆွဲသီးမှာ ငွေရောင် အလင်းများဖြင့် တောက်ပ လာခဲ့တော့သည်။

တဒင်္ဂ အတွင်းမှာပင် ခံစားချက် တစ်ခုက သူ့နှလုံးသားနှင့် ညာဘက် လက်မောင်းထံ ပျံ့နှံ့လာ၏။ ခရာတိုက ခပ်အုပ်အုပ် ဟိန်းသံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအရာများ ဖော်ပြရသည်မှာ ကြာမြင့်သည့်တိုင် တကယ်တမ်းတွင် ဝေ့ဝူယင်၊ ဝူယုနှင့် ကျန့်ကျန့်တို့ပင် မတုန့်ပြန်နိုင်သည့် အလွန် သေးငယ်သော အချိန် အစိတ်အပိုင်းလေး အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဖောက်...

ရုတ်တရက် ထူးဆန်းသည့် ဟင်းလင်းပြင် အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ငွေရောင် စက်ဝိုင်း တစ်ခုမှာ ဝူယု၊ ကျန့်ကျန့်နှင့် ဝေ့ဝူယင်တို့ကို လွှမ်းခြုံ၍ ဖြစ်ပေါ်လာ၏။ ထို့နောက် ၎င်းက တမုဟုတ်ချင်းပင် ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။

အမှောင် ဟင်းလင်းပြင်ကတော့ အသက်ဓာတ် ကင်းမဲ့လျှက် ကျန်ရစ် နေခဲ့တော့၏။

...

ဝေ့ဝူယင်၏ ရုတ်ချည်း ထွက်ခွာသွားမှုက မဟာစက်ဝန်း ရှန့်ထို ညီလာခံ အဓိက ခန်းမ တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့လေသည်။ သို့သော်လည်း... ထိုအရာက တဒင်္ဂမျှသာ ဖြစ်ကာ များမကြာမီမှာပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ မည်သို့ပင် ဆိုစေ... မဟာ စက်ဝန်း အဂ္ဂိရတ် တိုက်ပွဲကြီး၏ ရှင်းလင်းခြင်း အဆင့်မှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပေသည်။ ၎င်းအား လက်လွှတ်ခံလိုသူ မရှိပါချေ။

တုလင်နှင့် လော့နင်တို့မှာ ဝေ့ဝူယင် တည်ရှိခဲ့သည့် နေရာတွင် အတူတကွ ရပ်နေခဲ့ကြ၏။ လော့နင်၏ နှလုံးသားက အနည်းငယ် တုန်ရီနေသည်။ ဝေ့ဝူယင်မှာ သူ မထွက်ခွာခင် သူ၏ တာဝန်အားလုံးကို လော့နင် အပေါ် လွှဲအပ်သွားခဲ့သည်။ ထို့အပြင်... သူက သူ ဖြစ်စေချင်သည့် ရွေးချယ်ခံ အဆင့်အတန်းကိုလည်း သူမထံ ပြောပြသွားခဲ့၏။

ထိုအရာက ဝေ့ဝူယင် ညီလာခံကို ပြန်မလာတော့ဟု ဆိုလိုပေသည်။ ထို့အပြင်... သူက တုလင် အနိုင်ရရှိမည် ဖြစ်ကြောင်း ချွင်းချက် မရှိ ယုံကြည်ချက် ရှိနေကြောင်း ပေါ်လွင်ပေသည်။

အချိန်များက တဖြည်းဖြည်း ရွေ့လျားနေကာ လအနည်းငယ် အထိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ရွေးချယ်ခံ သူရဲကောင်း ၂၄၂ ယောက်ထဲမှ ၁၅ ယောက်ကိုလည်း ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ မြေကြီး ရှန့်ထိုများမှာ လက်ရွေးစင်များကို သူတို့၏ ပါရမီ၊ တိုက်ပွဲဝင် စွမ်းရည် စသည်တို့နှင့် မဆုံးဖြတ်ပဲ၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များက အဂ္ဂိရတ် ထုတ်ကုန်များဖြင့် မည်သို့မည်ပုံ ပျိုးထောင်ထားသည် ဆိုသည့် စံနှုန်းဖြင့် ဆုံးဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များကြောင့်ပင် ရှင်းလင်းခြင်း အဆင့်မှာ သုံးလ တိုင်တိုင် ကြာမြင့်ခဲ့ကာ မျှော်မှန်းထားသည်ထက် နှစ်လပင် ပိုမို ခဲ့ပေသည်။ အဂ္ဂိရတ် တိုက်ပွဲကြီး၏ နောက်ဆုံး အဆင့်က မကြာခင် စတင်မည် ဖြစ်သည်။

သို့သော်လည်း... မစတင်ခင်မှာပင် ထိုအဆင့်နှင့် ပတ်သက်၍ မည်ကဲ့သို့ ဆုံးဖြတ်မည်၊ မည်ကဲ့သို့ ရွေးချယ်မည် ဆိုသည့် ထင်မြင်ချက်များ၊ ငြင်းခုန်မှုများက အဓိက ခန်းမ အတွင်း ပျံ့နှံ့နေခဲ့သည်။ အဘယ်ကြောင့် ဆိုသော်... ထိုအဆင့်တွင် ကြယ်တာရာ အမြုတေ အဆင့် သုံးယောက်နှင့် ချီပျစ်ခဲခြင်း အဆင့် ဆယ့်ငါးယောက်တိတိ ပါဝင်နေသောကြောင့်ပင်။ ထိုကွဲပြားမှုများကို မည်ကဲ့သို့ ညှိမည်နည်း။

ထာဝရ နတ်ဘုရား အဆိုပြုထားသည့် အတိုင်းဆိုပါက နောက်ဆုံး အဆင့်ဖြစ်သည့် ရွေးချယ်ခံ အဆင့်မှာ ရွေးချယ်ခံ သူရဲကောင်းများကို ထိပ်သီး အင်အားစုများ၏ ရွေးချယ်ခံများနှင့် စံထား ဆုံးဖြတ်စေမည့် အဆင့် ဖြစ်သည်။ သို့သော်လည်း... သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အကြားတွင် ပျိုးထောင်ခွင့် အချိန်ကို ထပ်မံ တိုးမြှင့်ပေးဖို့ ဆွေးနွေးမှုများ မြင့်တက်လာခဲ့သည်။ လေးဆယ့် နှစ်လ ဆိုသည့် အချိန်မှာ ကျင့်ကြံသူ တစ်ယောက်၏ အလားအလာကို ထုဆစ်ဖို့ အလွန် တိုတောင်းသည့် အချိန် ဖြစ်ပေသည်။

ဆိုလိုသည်က... ဒုတိယမြောက် ရှင်းလင်းခြင်း အဆင့်နှင့် တတိယမြောက် ရွေးချယ်ခြင်း အဆင့်ကြားတွင် နောက်ထပ် ဖွံ့ဖြိုးခြင်း အဆင့် တစ်ခု ထပ်ပေါင်းထည့်ရန် ဖြစ်ပေသည်။

“ဘယ်လိုလုပ်ပြီး မျှတမှာလဲ... သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့မှ ဒီနေရာမှာ မရှိတော့တာ”

မာ့ကျန်းက ထိုခေါင်းစဉ်နှင့် ပတ်သက်၍ သူ့အမြင်ကို ပြောလိုက်၏။ ဝေ့ဝူယင် မပါဝင်နိုင်တော့သည့် အခြေအနေတွင် ဖွံ့ဖြိုးခြင်း အဆင့်ကို နောက်တစ်ကြိမ် ထပ်ပေါင်းထည့်ဖို့ ဆုံးဖြတ်ခြင်းက မမျှတဟု သူ ခံစားရသည်။

“မျှတဖို့ ဟုတ်လား... ဘယ်သူက သူ့ကို ဒီခန်းမထဲကနေ အကြောင်းပြချက် တစ်ခုတောင် မပေးပဲ ထွက်သွားခိုင်းလို့လဲ”

ဟွမ်ရီကောင်းက အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင် အများစုမှာ ကြိတ်ကာ သ‌ဘောတူ လိုက်ကြ၏။ လူအိုကြီးမှာ အင်ပါယာ မျိုးနွယ်မှ ဖြစ်သည့် အပြင် အဂ္ဂိရတ် နယ်ပယ်တွင် သြဇာ ကြီးမားသည့် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်လည်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူ့စကားလုံးများက သက်ရောက်မှု ကြီးမားပေသည်။

ထို့အပြင်... ဤအတိုင်းသာ ရွေးချယ်ခြင်း အဆင့်ကို ဆက်သွားမည် ဆိုပါက ဝေ့ဝူယင်၏ ရွေးချယ်ခံ သူရဲကောင်းမှာ အားလုံးကို အလွယ်တကူ အနိုင်ယူ သွားလိမ့်မည် ဖြစ်သည်။ တုလင် ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်က ကြောက်ဖို့ ကောင်းလွန်းလှသည်။

ကွင်းဆယ်ကွင်း ဝိညာဉ် ဆင်းတု...

ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်လှိုင်းများ အရဆိုလျှင် အာကာသ ပဲ့တင်သံလှိုင်းမှာလည်း ကိုးခု အထိ ရှိနိုင်သည်။

ထို့အပြင် သူက အတုအယောင် လောကနယ်မြေ တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ တုလင်၏ တစ်ခုတည်းသော အားနည်းချက်က... သင့်တင့် လျှောက်ပတ်သည့် လမ်းညွှန်သူ ကင်းမဲ့မှုကြောင့် အစီအရင်များ၊ ကျင့်စဉ်များ အပေါ် နားလည်မှု ဖြစ်နိုင်ပေသည်။

မည်သို့ပင် ဆိုစေ... ကြောက်မက်ဖွယ် ကောင်းသည့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ တုလင်မှာ အားလုံးကို အနိုင်ယူ သွားလိမ့်ဦးမည်သာ ဖြစ်သည်။ ထပ်ပေါင်း ဖွံ့ဖြိုးခြင်း အဆင့်ကသာလျှင် အခြားလူများ အတွက် တစ်ခုတည်းသော မျှော်လင့်စရာ ဖြစ်ပေသည်။

“သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့က ပထမ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အတိုင်းပဲ လုပ်မယ် ထင်လို့ နေမှာပေါ့... အလယ်လောက်ရောက်မှ လိုသလို ပြောင်းလို့ ဘယ်ရမလဲ...”

ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်က ဆွေးနွေးမှု အတွင်း ပါဝင်လာကာ ကန့်ကွက်လိုက်၏။ တကယ်တော့... သူ၏ ရွေးချယ်ခံ သူရဲကောင်းက ရှင်းလင်းခြင်း အဆင့်တွင်ကပင် ရှုံးနိမ့်သွားခဲ့ပြီး ဖြစ်သည်။ ဖွံ့ဖြိုးခြင်း အဆင့်ကို နောက်တစ်ကြိမ် ပေါင်းထည့်ခြင်းအားဖြင့် အခြားလူများ အကျိုးအမြတ် ဖြစ်ထွန်းသွားမည်ကို သူ မမြင်လိုချေ။

“သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့က အရင်အတိုင်း ထင်လို့ ဟုတ်လား... ရှင်က ဘယ်လိုသိလဲ... စိတ်ဖတ်တတ်တာလား”

ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်က နှာခေါင်းရှုံ့လိုက်၏။ သူမ၏ ရွေးချယ်ခံ သူရဲကောင်းမှာ ဆယ့်ရှစ်ဦး အဆင့်ကို ဝင်ရောက်နိုင်ခဲ့လေရာ ဒုတိယမြောက် ဖွံ့ဖြိုးခြင်း အဆင့်ကို သူမကတော့ ကြိုဆိုပေသည်။

“အဂ္ဂိရတ် အာဏာရှင်ဖူ ပြောတာ မှန်တယ်... အဂ္ဂိရတ် တိုက်ပွဲက တသမတ်တည်း သွားရမယ်လို့ ဘယ်တုန်းကမှ သတ်မှတ်ထားတာ မဟုတ်ဘူး... အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲသင့်ရင် ပြောင်းလဲ ရမှာပဲ... နောက်ပြီး ဒီအဆင့်က လချီပြီး ကြာဦးမှာလေ... ဒီအတောအတွင်း အဂ္ဂိရတ် အာဏာရှင်ဝေ့ဆီ သတင်းပို့ပြီး ပြန်လာခိုင်းလို့ ရတာပဲ... မဟုတ်ဘူးလား”

မြင့်မြတ်သောနေ ကြယ်တာရာ နယ်မြေ၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်က ဝင်ပြောလိုက်၏။ သူသည်လည်းပဲ ထိပ်သီး ဆယ့်ရှစ်ယောက် စာရင်းဝင်ပင် ဖြစ်လေသည်။

"ဟမ့်... မင်းတို့ရဲ့ ပါးစပ်တွေကိုတော့ လေးစားပါရဲ့... သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့သာ ဒီနေရာမှာ ရှိနေရင်ရော အဲဒီလို အကြံပြုရဲမလား ဆိုတာ ငါသိချင်သေးတယ်”

ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်က ရယ်မောရင်း ဆိုလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ မည်သူမှ မတုန့်ပြန်ပဲ တိတ်ဆိတ် သွားကြသည်။

သူ၏ စကားက အမှန်တရားပင် ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ဆက်လက် ရှိနေပါက ထပ်ပေါင်း ဖွံဖြိုးခြင်း အဆင့်တစ်ခုကို မည်သူမှ လိုလားလိမ့်မည် မဟုတ်ပါချေ။ လေးဆယ့် နှစ်လ ပျိုးထောင်ရုံဖြင့်ပင် တုလင်၏ လက်ရှိ အဆင့်မှာ အလွန် မြင့်မား နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ နောက်ထပ် လချီ ဆက်လက် ပျိုးထောင်ခွင့် ရမည် ဆိုပါက ကျားကို အတောင်ပံ ထပ်တပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုအခါကျလျှင် အခွင့်အရေးက ပိုမို အလှမ်းဝေးသွားပေလိမ့်မည်။

သို့သော်လည်း... လွန်ခဲ့သည့် သုံးလ အတွင်း၌ ဝေ့ဝူယင် သတင်းကို တစ်စွန်းတစ်စမျှ သူတို့ မကြားခဲ့ရချေ။ ဗြုန်းစားကြီး ထွက်ခွာသွားခြင်း အပါအဝင် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်ရပါက... လူငယ်ထံတွင် အခြား အရေးကြီး အကြောင်းအရာများ ရှိနေကြောင်း ထင်ရှားလှသည်။ သူက ညီလာခံကို ချက်ချင်း လက်ငင်း ပြန်လာလိမ့်ဦးမည် မဟုတ်ပါချေ။

“ညီလာခံကို တက်ရောက်လာတဲ့ အထဲမှာ လူငယ် ကျင့်ကြံသူလေးတွေ၊ လမ်းစဉ်ကို ရှာဖွေနေတဲ့ ပါရမီရှင်တွေ အများကြီး ပါတယ်... နှစ်အနည်းငယ် ဆိုတဲ့ အချိန်က မပြောပလောက်ပေမဲ့ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ အနာဂတ် ကျင့်ကြံခြင်း အပေါ် အများကြီး သက်ရောက်နိုင်တယ်... ငါတို့သာ ညီလာခံကို ထပ်ပြီး ဆွဲဆန့်နေမယ် ဆိုရင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်”

ရုတ်တရက် စကားသံတစ်ခု ထွက်ပေါ်လာကာ အားလုံး၏ အာရုံများကို ဖမ်းစား သွား၏။ အသံပိုင်ရှင်က သက်တံ့လောက ကြယ်တာရာ နယ်မြေ၏ မြေကြီး ရှန့်ထိုပင် ဖြစ်လေသည်။

သက်တံ့လောက ကြယ်တာရာ နယ်မြေမှာ မြေကြီး ရှန့်ထို တစ်ယောက်တည်းကိုသာ ပိုင်ဆိုင်ထားသည့်တိုင် ပဉ္စမမြောက် အင်အား အကြီးဆုံး ကြယ်တာရာ နယ်မြေ ဖြစ်နေဆဲ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် သက်တံ့လောက မဟာမိတ် အဖွဲ့၏ အင်အားကို အထင်သေးဝံ့သူ မရှိပါချေ။

သက်တံ့လောက၏ အရှင်သခင်မှာ အသက် ဆယ့်ခြောက်နှစ်လောက် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း ပလ္လင်များထက်၌ ထိုင်နေကြသည့် မည်သည့် မြေကြီး ရှန့်ထိုကမှ သူမကို မလေးမစား ဆက်ဆံဝံ့ခြင်း မရှိပါချေ။ သူမ စကားပြောသည်နှင့် လူတိုင်း ငြိမ်သက်စွာ နားထောင်ရပေသည်။

အဓိက ခန်းမ အတွင်း စရောက်ခဲ့စဉ်တုန်းက ဝေ့ဝူယင်မှာ အပြစ်သား သွေးမျိုးဆက်မှ တစ်ဆင့် သူမကို ကောင်းချီးခံ တစ်ယောက် ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။ ထိုအမျိုးသမီးက လုံးဝ မရိုးရှင်းလှချေ။ ထို့အပြင်... သူမ၏ အသက်ကို ရုပ်ရည်သွင်ပြင်နှင့် ခန့်မှန်းလျှင် လုံးဝ မှားယွင်း သွားလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူမက မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် မြေကြီး ရှန့်ထို အဆင့်ကို ဒုတိယမြောက် တက်လှမ်းခဲ့သည့် ကျင့်ကြံသူ ဖြစ်နေသောကြောင့်ပင်။

“အမှန်ပဲ... ညီလာခံကို အဆက်မပြတ် ဆက်ပြီး တိုးချဲ့နေမယ် ဆိုရင် ကြည့်နေတဲ့ လူတွေကို ထိခိုက်လိမ့်မယ်”

သက်တံ့လောက ကြယ်တာရာ နယ်မြေ မြေကြီး ရှန့်ထို၏ ဘေးနားတွင် ထိုင်နေသည့် မီးခိုးရောင် ဝတ် အကြီးအကဲ တစ်ဦးက ဆိုလိုက်သည်။ သူက မဟာ ပျက်သုဉ်းခြင်း ကြယ်တာရာ နယ်မြေ ခေါင်းဆောင် မဟာ ပျက်သုဉ်း ခမ်းခြောက်မှု ဧကရာဇ်ပင် ဖြစ်လေသည်။

***

All Chapters