← Chapters

အဆုံးမဲ့ မြို့တော်

Vol. 76 Ch. 1063

အဆုံးမဲ့ မြို့တော်

Vol. 76 Ch. 1063

“ရေစက်ကြိုးပါတဲ့လူ...”

ကောင်းကင်မျိုးနွယ်မှာ အံ့သြသွား၏။ ထိုအခါတွင်မှ ဝေ့ဝူယင်၏ လည်ပင်းတွင် လခြမ်း ကျောက်စိမ်းသော့ ရှိနေကြောင်း သူ သတိထားမိသွားသည်။ သို့သော်လည်း... သူ မျက်မှောင်ကြုတ် လိုက်မိ၏။ ရေစက်ကြိုးပါသည့် လူများက ဘယ်တော့မှ ရှေ့ဂိတ်ပေါက်မှ မလာကြချေ။ သူတို့မှာ အာကာသ ဝေဟင်ဂိုဏ်းမှ ဖန်တီးထားသည့် စစ်ဆေးမှုများစွာကို ဖြတ်ကျော်ရသည်။ ဂိုဏ်းချုပ် ပင်လျှင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကိုယ့်သဘောနှင့်ကို ခေါ်ဆောင်လာခြင်း မရှိခဲ့ဖူးချေ။

ဝေ့ဝူယင်တို့လို လူများကို ရေစက်ကြိုးပါသည့် ကျင့်ကြံသူများ အဖြစ် ရည်ညွှန်းရခြင်းမှာ အာကာသ ဝေဟင်ဂိုဏ်းမှာ ကောင်းကင် လခြမ်းသော့များကို တစ်ဦးတစ်ယောက်ထံ ရောက်ပါစေဟု ရည်ရွယ်ချက် မရှိပဲ ဖြန့်ကျက် ပစ်လိုက်သောကြောင့် ဖြစ်သည်။

ဤသို့နှင့် ရေစက်ပါသည့် ကျင့်ကြံသူများမှာ လခြမ်း ကျောက်စိမ်းသော့များကို ရရှိကြကာ အထဲ၌ ပါဝင်သည့် အကျိုးအမြတ် အချို့ကို ဆုပ်ကိုင်လာနိုင်ကြသည်။ အောင်မြင်မှု တစ်ချို့တစ်ဝက် ရရှိပြီးနောက်တွင် သူတို့မှာ အာကာသ ဝေဟင်ဂိုဏ်းမှ ဖန်တီးသည့် ဂိတ်တံခါးများကို ရှာဖွေ တွေ့ရှိသွားကြသည်။ ထိုမှအဆင့် သူတို့မှာ လေ့ကျင့်ရေး ကုန်းမြေများသို့ ဝင်ရောက်ကြသည်။

ကောင်းကင်မျိုးနွယ်မှာ အနည်းငယ် အကြပ်ရိုက် သွား၏။ ဝေ့ဝူယင်မှာ ငယ်ရွယ် ချောမောကာ ကောင်းကင် လခြမ်းသော့ကို ပိုင်ဆိုင်ထားသော်လည်း‌ အရှေ့ဂိတ်ပေါက်မှ တိုက်ရိုက် ခေါ်သွင်းခြင်းက အာကာသ ဝေဟင်ဂိုဏ်း၏ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည်။ လက်ထောက် ဂိုဏ်းချုပ်နှင့် ရင်ဆိုင် နေရသည့်တိုင်အောင် နောက်ဆုံး၌ တာဝန်က တာဝန်သာ ဖြစ်သည်။

“လက်ထောက်ဂိုဏ်းချုပ်... ကျုပ် ဒီလူကို အဆုံးမဲ့ မြို့တော်ထဲ ဝင်ခွင့် မပြုနိုင်ဘူး... လခြမ်း ကျောက်စိမ်းသော့ကို ပိုင်ဆိုင်ထားတာ မှန်ပေမဲ့ သူက ဝေဟင်သုံးပါး စမ်းသပ်မှုကိုမှ မဖြတ်ကျော်ရသေးတာ”

“...”

ဝေ့ဝူယင် စိတ်ဝင်စား သွားခဲ့၏။ အဆုံးမဲ့ မြို့တော်... ဝေဟင်သုံးပါး စမ်းသပ်မှု...။ နောက်ပြီး လက်ထောက် ဂိုဏ်းချုပ် ပင်လျှင် အာကာသ ဝေဟင်ဂိုဏ်း အတွင်း လွတ်လပ်စွာ ဝင်ထွက်ခွင့် မရှိသည်လား။ မည်မျှ တင်းကြပ်လိုက်သနည်း။

လျူစုယင်ကတော့ အနည်းငယ်ပင် ကွဲပြားမှု မရှိသည့် အမူအရာကို ဆက်လက် ဖော်ဆောင်ထားဆဲ ဖြစ်သည်။ သူမက တည်ငြိမ်စွာပင် ပြောလိုက်၏။

“သူက အထူး ချွင်းချက်ပဲ... ငါ သူ့ကို ဝေဟင်သုံးပါး စမ်းသပ်ပွဲမှာ ပါဝင်ဖို့ ခေါ်သွားလိုက်မယ်...”

“အထူးချွင်းချက်...”

ကောင်းကင်မျိုးနွယ်၏ မျက်ခုံးများက အပေါ်သို့ မြင့်တက်သွားသည်။

“ဘယ်အပိုင်းနဲ့လဲ...”

သူ၏ လေသံက ပိုမို၍ ပြင်းထန်လာ၏။ အစောင့် တစ်ယောက်က လက်ထောက်ဂိုဏ်းချုပ်ကို ထိုကဲ့သို့ မေးခွန်းထုတ်ခွင့် ရှိသည်လား ဝေ့ဝူယင် တွေလိုက်မိသည်။ ထိုကိစ္စက အလွန် အရေကြီး၍လော။

သို့သော်လည်း... ဝေ့ဝူယင် မသိသည့် အရာကား ကောင်းကင် မျိုးနွယ်မှာ အာကာသ ဝေဟင်ဂိုဏ်း၏ တစ်ခုတည်းသော ဝေဟင် အပြင်ဂိတ်တံခါးမှ အစောင့် ဖြစ်နေခြင်း ဖြစ်လေသည်။ သူ လျူစုယင်ကို မေးခွန်းထုတ် နိုင်ခြင်းမှာ အစောင့် တစ်ယောက် အနေဖြင့် ဤနေရာတွင် အမြင့်ဆုံး သြဇာ အာဏာကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။

သူ တာဝန် ထမ်းဆောင်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း တမန်တော်များ ပြင်ပ ဂိတ်တံခါးကို ဖြတ်သန်း၍ ပြန်လာခြင်းမှာ အလွန် ရှားပါးသော ကိစ္စတစ်ခု ဖြစ်ပေသည်။

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ပုံမှန်အားဖြင့် သူ့ကို အတင်းအကြပ် စမ်းသပ်မှု တစ်ခု အတွင်း ထည့်သွင်းမည် ဆိုပါက ကျိန်းသေပင် ဒေါသထွက်မိလိမ့်မည် ဖြစ်သည်။ သို့သ်ေလည်း ကမ္မတန်ဖိုး ၃၀၀၀ ကျော် ဆိုသည့် အသိက သူ့စိတ်ကို အဆက်မပြတ် သတိပေးနေသည်။

လျူစုယင်မှာ တစ်ခဏမျှ ငြိမ်သက်သွား၏။ ထို့နောက် သူမက ကောင်းကင်မျိုးနွယ်ထံ ဝိညာဉ်အာရုံဖြင့် ဆက်သွယ်၍ စကားအချို့ ပြောလိုက်သည်။ ကောင်းကင် မျိုးနွယ်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲ သွားကာ ဝေ့ဝူယင်ကို အံ့သြတုန်လှုပ်စွာဖြင့် အကဲခတ်လိုက်၏။

တစ်ခဏကြာပြီးနောက် သူက ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ဝင်လို့ရပါပြီ... ဒါပေမဲ့ ဒီအကြောင်း ကျုပ် အစီရင်တော့ ခံရလိမ့်မယ်... လက်ထောက် ဂိုဏ်းချုပ်ဘက်ကလည်း သူ့ကို လေ့ကျင့်ရေး ကုန်းမြေဆီ မြန်မြန် ပို့ဖို့ လုပ်ပေးပါ”

ကောင်းကင်မျိုးနွယ်၏ အသံက လေးစားမှုများနှင့် နောက်တစ်ကြိမ် ပြည့်နှက်သွားကာ လျူစုယင်၏ ရှင်းပြမှုကို လက်ခံလိုက်ဟန် ရလေ၏။

လျူစုယင်က ခေါင်းညိတ်ကာ ဝေဟင် အပြင်ဂိတ်တံခါးထဲ လှမ်းဝင်လိုက်၏။ ဝေ့ဝူယင်က ကောင်းကင်မျိုးနွယ်ကို နောက်ဆုံး အနေဖြင့် တစ်ကြိမ် ကြည့်ကာ နောက်မှ လိုက်လံ ဝင်လာခဲ့သည်။ အာကာသ ဝေဟင်ဂိုဏ်း... ၎င်းက မည်ကဲ့သို့သော နေရာနည်း။

တစ်ခဏ အတွင်းမှာပင် ဝေ့ယင်တို့မှာ ဂိတ်တံခါး အတွင်းသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ အထက် ကောင်းကင်၌ အာကာသ သင်္ဘောများမှာ ဟိုမှသည် ရှုပ်ထွေးစွာ ပျံသန်း နေကြသော်လည်း ၎င်းတို့က ကျပန်း လမ်းကြောင်းများဖြင့် ပျံသန်း နေကြခြင်း မဟုတ်ချေ။

တစ်ချက် ကြည့်ရုံဖြင့်ပင် ကောင်းကင်၏ နေရာအနှံ့ အပြား၌ ရှိနေသည့် လမ်းပုံစံ အမှတ်အသားများနှင့် အမြန်နှုန်း ခွင့်ပြုချက် မိုင်တိုင်များကို ဝေ့ဝူယင် တွေ့မြင်နိုင်ပေသည်။

သူတို့ နှစ်ယောက်မှာ များလှစွာသော လမ်းမများထံ ဦးတည်နေသည့် လေးထောင့်ကွက် တစ်ခုထံ လမ်းလျှောက်ဝင် လာခဲ့ကြ၏။ ထိုနေရာ၌ လှုပ်ရှား သွားလာနေကြကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိပေသည်။ သူတို့က ကိုယ်စီ တာဝန်များနှင့် အလုပ်ရှုပ် နေကြဟန် ရကာ လက်ထောက် ဂိုဏ်းချုပ်ကို ရပ်တန့် နှုတ်ဆက်ခြင်းပင် မပြုကြပါချေ။

တစ်ခဏ ကြာပြီးနောက် လမ်းသွားလမ်းလာများမှာ လျူစုယင်ကို လက်ထောက် ဂိုဏ်းချုပ် ဖြစ်ကြောင်း သိရဲ့လား ဟူ၍ပင် ဝေ့ဝူယင် တွေးလိုက်မိသည်။ တကယ်တမ်းအားဖြင့် သူပင်လျှင် လျူစုယင်ထက် ပိုမို များပြားသည့် အကြည့်များကို လက်ခံ ရရှိခဲ့ပေသည်။ အထူးသဖြင့်... မိန်းကလေးများထံမှပင်။

ဝေ့ဝူယင်မှာ လမ်းတစ်လျှောက်၌ မြို့တော်၏ အဆောက်အဦများကို ကြည့်ကာ အံ့သြ မှင်သက် နေရ၏။ အဆောက်အဦ အားလုံးမှာ ကျောက်တုံးနှင့် သတ္တုများကို ရောစပ်၍ ဆောက်လုပ်ထားကာ အလွန် ထူးခြားသည့် ဒီဇိုင်း သဏ္ဌာန်များ ဖော်ထားကြသည်။ အနန္တ ကုန်းမြေတိုက်ကြီးမှ မဟာစက်ဝန်း ကြယ်ကွင်းပြင် အထိ ဝေ့ဝူယင် တွေ့မြင်ခဲ့ရသည့် အခြေခံ အဆောက်အဦ အများစုက အုတ်ခဲနှင့် ကျောက်တုံးများကိုသာ အသုံးပြုကြခြင်း ဖြစ်သည်။

လမ်းမများထက်၌ သွားလာနေကြသူများကတော့ လူသားနှင့် ကောင်းကင် မျိုးနွယ်များ ဖြစ်ကြောင်း ဝေ့ဝူယင် ရှာဖွေ တွေ့ရှိခဲ့သည်။ တိုက်တန်မျိုးနွယ်ဝင်ကိုတော့ တစ်ယောက်မှ မတွေ့ရချေ။ သို့သော်လည်း အထက်ပါ မျိုးနွယ် နှစ်ခု ပေါင်းစပ်ထားသည့် မျိုးနွယ်ခွဲများကိုတော့ နေရာတိုင်းတွင် တွေ့နိုင်ပေသည်။

ဝေ့ဝူယင်နှင့် လျူစုယင်တို့မှာ နာရီပေါင်းများစွာ ကြာအောင် ဆက်လက် လျှောက်လာခဲ့၏။ သူတို့က မိုင်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ထိုနေရာ၌ ပျံသန်းမှုကို တားမြစ်ထားသည်မှာ ရှင်းလင်းလှပေသည်။

ဝေ့ဝူယင်ကတော့ ထိုအရာကို အခွင့်ကောင်း ယူကာ မြို့တော်၏ ယဉ်ကျေးမှုနှင့် လတ်ဆတ်မှုတို့ကို ခံစား နေခဲ့၏။ ဤနေရာမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် လုံးဝ ကွဲထွက်ကာ ကိုယ်ပိုင် သက်ရှိ လည်ပတ်မှု စနစ် တစ်ခုနှင့် အတူ သီးခြား နေရာတစ်ခု ဖြစ်ပုံ ရသည်။ စားသောက်ဆိုင်များကိုတော့ နေရာ အနှံ့တွင် ဝေ့ဝူယင် တွေ့မြင်ရ၏။ သူတို့က တူညီသည့် ငွေကြေး တစ်ခုကိုသာ အသုံးပြုကြသည်။

၎င်းက အမတေ ကျောက်တုံးများမှ တစ်ဆင့် သန့်စင်ထားသည့် အမတေ သလင်းကျောက်များပင် ဖြစ်သည်။ ၎င်းတို့က ရွန်းဗတ် ပုံသဏ္ဌာန်များ ရှိကြကာ မျက်နှာပြင်ထက်တွင် အမျိုးမျိုးသော သင်္ကေတလေးများ ပါဝင်ပေသည်။ ထိုအမတေ သလင်းကျောက်များကို ကျင့်ကြံခြင်းနှင့် အခြား ရည်ရွယ်ချက်များ အတွက်ပါ အသုံးပြုကြောင်း ဝေ့ဝူယင် ပြောနိုင်ပေသည်။

ဝေ့ဝူယင် အချို့သော စားသောက်ဆိုင်များ အတွင်းကို ဝိညာဉ်အာရုံ ဆန့်ထုတ် ကြည့်ရှုလိုက်သည်။ ထိုအခါ... စားသောက်စရာတိုင်းတွင် ဝိညာဉ်စွမ်းအင်များ ကိန်းအောင်း နေကြောင်း တွေ့လိုက်ရ၏။ ၎င်းတို့မှာ ချေဖျက်လိုက်သည်နှင့် တစ်ပြိုင်နက် လူတို့၏ ခန္ဓာကိုယ်ထဲ၌ သဘာဝ စွမ်းအင် ရင်းမြစ် အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။

သက်ရောက်မှုကတော့ အဆင့်ဆင့် ကွဲပြားကာ အဆင့်တစ်မှ အဆင့်ကိုးထိ အဂ္ဂိရတ် ထုတ်ကုန်များကို စားသုံးခြင်းနှင့်ပင် ညီမျှ ပေလိမ့်မည်။

ဥပမာအားဖြင့်... ခေါက်ဆွဲ တစ်ပန်းကန် ဆိုလျှင် အဆင့်ငါး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုနှင့် အာဟာရ တန်ဖိုးချင်း ညီမျှလိမ့်မည် ဖြစ်ည်။

ထို့အပြင် မြို့သူမြို့သားများ၏ ပျမ်းမျှ ကျင့်ကြံခြင်း အခြေခံများကို ကြည့်ကာ ဝေ့ဝူယင် အံ့အားသင့် နေခဲ့မိသည်။ သူတို့ အားလုံး နီးပါးက ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိ နေကြသည့် အပြင် အသက်အရွယ် အားဖြင့်လည်း အလွန် ငယ်ရွယ်ကြပေသည်။

နောက်ဆုံး၌ ဝေ့ဝူယင်တို့ စုံတွဲမှာ ထွက်ခွာရန် ပြင်ဆင်နေသည့် ခရီးသည်တင် ကောင်းကင် သင်္ဘောတစ်စင်းနှင့် တွေ့ကြုံလိုက်ကာ ဇိမ်ရှိသည့် ခရီးစဉ်ကို စတင်လိုက်နိုင်လေသည်။

ကောင်းကင် သင်္ဘောထက်ရှိ ထိုင်ခုံများမှာ အလွန် ဇိမ်ရှိလှသည်။ လေထုက ကောင်းမွန်သလို အလင်းရောင်ကလည်း မျှတပေသည်။ သူတို့မှာ သီးသန့် ဇိမ်ယူခန်းလေးများထဲ ရောက်နေသလိုပင် ခံစား နေရသည်။

ထို့အပြင် ခရီးသည်များ အတွက် တည်ခင်းထားသည့် စားသောက်ဖွယ်ရာ များလည်း ရှိပေသေးသည်။ ၎င်းတို့က သစ်သီး၊ ပေါင်မုန့်၊ အသား၊ ရေ စသည်ဖြင့် အမျိုးအမည် စုံလင်လှသည်။

ဝေ့ဝူယင် ခံတွင်းခြောက်လာသလို ခံစားလိုက်ရရာ ရေဗူးကို ယူ၍ တစ်ငုံ့ မော့သောက်လိုက်၏။ ချက်ချင်းပင် ထိုရေမှာ သူ့ဘဝ တစ်လျှောက် သောက်သုံးဖူးသမျှ အကြည်လင်ဆုံး၊ အသန့်စင်ဆုံး၊ အနူးညံ့ဆုံးသော ရေပင် ဖြစ်ကြောင်း မှတ်ချက် ချလိုက်နိုင်သည်။

လျူစုယင်ကတော့ အစားအသောက်များကို စိတ်မဝင်စားဟန်ဖြင့် မျက်လုံးကို မှိတ်ကာ အနားယူ နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ပြတင်း ပေါက်မှ ဖြတ်သန်းကာ ပြင်ပ လောကကို ကြည့်လိုက်၏။ မြင်မြင်နိုင်သမျှက ပျံသန်းနေသည့် ရောင်စုံ ကောင်းကင် သင်္ဘောများသာ ဖြစ်ပေသည်။

ဝေ့ဝူယင်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားသည့် ‌အငွေ့အသက်များနှင့် တောက်ပလာခဲ့၏။

အဆုံးမဲ့ မြို့တော်…

‌၎င်းက မည်ကဲ့သို့သော နေရာနည်း။

***

All Chapters