← Chapters

အခန်း (၅၇၄)

Vol. 36 Ch. 574

အခန်း (၅၇၄)

Vol. 36 Ch. 574

ရေသူမကဲ့သို့သော သတ္တ၀ါများ၏ ရက်စက်ကြမ်းကြုတ်မှုသည် ကြောက်မက်ဖွယ်ပင်။ သူတို့သည် ပင်ကိုယ်မသိစိတ်ကြောင့်သာ ဆောင်ရွတ်နေကြပုံရပြီး အသိဉာဏ်ရှိပုံမရပေ။ ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်ပြီး သေးငယ်သည့် သားရဲတစ်ကောင်ကို ငွေရောင်စက်လုံးအတွင်းသို့ ၀င်ခွင့်ပေးလိုက်သည်။ ယခုအချိန်တွင် သူထိုသားရဲကောင်ကို အသေချာကြည့်ရှုနိုင်ပြီဖြစ်သည်။

ဤသတ္တ၀ါသည် အလွန်ပင် အကျည်းထံလှသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည်ငါးတစ်ကောင်ကဲ့သို့ပင်။ သူ၏အကြေးခွံမျာပေါ်တွင် အမဲရောင်အရည်များပေကျံနေ၏။ ၄င်း၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဆူးတောင်များသည် ဓားများကဲ့သို့ပင် ချွန်ထက်နေပြီး အမြှီးသည်လည်း ဆူးချွန်များဖြင့် ပြည့်နှက်နေ၏။ ခန္ဓာကိုယ်အပေါ်ပိုင်းသည် လူသားတစ်ယောက်ကဲ့သို့ပင်ဖြစ်နေပြီး ရင်သားများ၊ ချက်များကို ၀ေ၀ေ၀ါး၀ါးမြင်တွေ့နေရသည်။ မျက်နှာသည်လည်း လူသားမျက်နှာနှင့် ၈၀ရာခိုင်နှုန်းခန့်တူညီပြီး မျက်လုံးများကိုမူ ပါးလွှာသည့်အဖြူရောင်အရေပြားတစ်ခုဖုံးလွှမ်းသွားပြီး ချွန်ထက်သည့် ဆူးအပ်ကဲ့သို့သောသွားများဖြင့် ပြည့်နှက်နေသည့် ပါးစပ်ပေါက်တစ်ခုပါရှိသည်။ ကြည့်ရသည်မှာ အတော်ပင်ကြောက်မက်ဖွယ်ပင်။

ဖှေး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် သတ္တ၀ါသည် ရုန်းကန်ကာ လွတ်မြောက်နိုင်ရန်အတွက် ကြိုးစားနေ၏။ သို့သော် ဖှေး၏ ကြီးမားလှသည့် ခွန်အားကိုယှဥ်နိုင်စွမ်းမရှိပေ။ သို့သော် ထိုသတ္တ၀ါသည် ဖမ်းဆီးခြင်းခံထားရသော်လည်း ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ကိုပင် သေစေနိုင်သည့်အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။

ဖှေးသည် ခနတာလေ့လာကြည့်ပြီးသည့်နောက်တွင် စိတ်ပျက်သွား၏။

ကန္တာရပုရွတ်ဆိတ်ကြီးများကဲ့သို့ပင် ရေသူမကဲ့သို့သော သတ္တ၀ါများသည်လည်း သတ်ဖြတ်ရန်ပင်ကိုယ်အသိစိတ်သာရှိကြသည်။ ယဥ်ပါးအောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။

ဖှေးသည် ပတ်၀န်းကျင်အား ဂရုတစိုက်လေ့လာလိုက်ပြီး ယခင်က သတိထားမိခြင်းမရှိသည့် အသေးစိတ်အချက်လက်တစ်ချို့ကိုတွေ့လိုက်ရသည်။

ရေသူမကဲ့သို့သော သတ္တ၀ါများသည် ဒဏာရီလာနန်းတော်၏ အမြင့်၂၀၀မီတာခန့်တွင်ရှိနေကြပြီး ထိုနေရာတွင်သာ ပိတ်မိနေကြပုံရသည်။

"ဒီလိုသတ္တ၀ါတွေ နှစ်ပေါင်းများစွာအသက်ရှင်နေနိုင်အောင်ဘယ်လိုအစာကိုများစားသုံးကြတာလဲ။ နောက်ပြီးသူတို့ကရော ဘာလို့ဒီမှာရှိနေရတာလဲ။ ဒီနေရာကိုရောက်တဲ့လူတွေတိုင်းကို ဒီကောင်တွေက ရက်ရက်စက်စက်လိုက်တိုက်ခိုက်နေတာပဲ...." ဖှေးတွေးလိုက်မိသည်။

"အား ကယ်ပါဦး..." ကြယ်ကိုးလုံးအမြင့်ဆုံးအဆင့်စစ်သည်တစ်ယောက်သည် သတ္တ၀ါများ၏ ၀ိုင်း၀န်းတိုက်ခိုက်ခြင်းကိုခံလိုက်ရ၏။ သူ၏ စွမ်းအင်အကာရံကို သတ္တ၀ါများမှ စုတ်ဖြဲပစ်လိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် သူသည် အပိုင်းပိုင်ဖြစ်သည့်အထိ ၀ိုင်း၀န်းကိုက်ဖြတ်စားသောက်ခြင်းခံလိုက်ရတော့သည်။

ဤကဲ့သို့သော သွေထွက်သံယိုမြင်ကွင်းများသည် နေရာအနှံ့တွင်ဖြစ်ပွားနေလျှက်ရှိသည်။

စွမ်းအားနည်းနေသေးသော်လည်း ဒဏာရီလာနန်းတော်ထဲတွင် ကံလာစမ်းလိုသည့် သိုင်းဆရာများသည် တွေ့ကြုံလာနိုင်သည့် အန္တရာယ်များကို လျှော့တွက်ခဲ့မိကြသည့်ပုံပင်။ ဆယ်မိနှစ်ခန့်အတွင်းမှာပင် ကြယ်ကိုးလုံးအဆင့်စစ်သည်အယောက်၃၀ခန့်သည် ရေသူမကဲ့သို့သော သတ္တ၀ါများ၏ ရက်စက်စွာသတ်ဖြတ်စားသောက်ခြင်းကို ခံလိုက်ကြရ၏။ သွေးများနှင့် ခန္ဓာကိုယ်အစိတ်ပိုင်းများသည် ရေထဲတွင် လွှင့်မြောစီးဆင်းနေလျှက်ရှိသည်။ ထိုကဲ့သို့သော မြင်ကွင်းကြောင့် သတ္တ၀ါများသည်လည်း ပို၍ တက်ကြွလာနေလျှက်ရှိ၏။

သူ၏ဘေးတွင်ရက်စက်စွာ သတ်ဖြတ်စားသောက်ခံနေရသည့် သိုင်းဆရာများအတွက် ဖှေးစိတ်မကောင်းဖြစ်မိသည်။

ဘုရင်သည် သူ၏ ငွေရောင်အလင်းစက်လုံးကို ပူပေါင်းတစ်လုံးကဲ့သို့ပင် ကျယ်ပြန့်လိုက်၏။ သေခါနီးဖြစ်နေသည့် သိုင်းဆရာများအားလုံးသည် စက်လုံးအထဲသို့ရောက်ရှိသွားပြီး ကယ်တင်ခြင်းခံလိုက်ရတော့သည်။ ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ချို့သည် သူတို့၏ စွမ်းအင်အကာရံများ ပျက်ဆီးသွားပြီဖြစ်သောကြောင့် မျက်စိမှိတ်ကာ သေရတော့မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြ၏။ သို့သော် သူတို့မျှော်မှန်းထားသည့် ပြင်းထန့်လှသောနာကျင်မှုကို ခံစားရခြင်းမရှိပေ။ မျက်လုံများကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် သူတို့သည် ငွေရောင်အလင်းစက်လုံးတစ်ခုထဲတွင်ရောက်ရှိနေကြောင်းတွေ့လိုက်ရပြီး ရေသူမကဲ့သို့သတ္တ၀ါများသည် စက်လုံးထဲသို့၀င်ရောက်နိုင်ခြင်းမရှိပေ။

"ချမ်းဘော့ဒ်ဘုရင်ပဲ သူငါတို့ကို ကယ်တင်လိုက်တာပဲ..."

ကယ်တင်ခံလိုက်ရသည့် သိုင်းဆရာများသည် အခြေအနေအား လျှင်မြန်စွာပင် သဘောပေါက်လိုက်၏။ သူတို့သည် သေရမည့်အခြေအနေအား ကြုံတွေ့ခဲ့ရသဖြင့် လက်ရှိတွင် အလွန်ကြောက်လန့်နေကြသည်။ ဤသည်မှာ သဘာ၀ဖြစ်စဥ်တစ်ခုပင်။ သို့သော် သူတို့ဖှေးအားကြည့်လိုက်သည့်အချိန်တွင် စွမ်းအားကြီးစပြုလာသည့်ဤဘုရင်သည် ရက်စက်ကြမ်းကြုတ်သည့်လူတစ်ယောက်မဟုတ်သည်ကို သဘောပေါက်လိုက်၏။ ဖှေးအား လေးစားသည့်မျက်လုံများဖြင့်ကြည့်ရင်းဖြင့် သူတို့၏ ရင်ထဲတွင်တစ်ခါမှမကြုံဖူးသေးသည့် လုံခြုံမှုမျိုးကို ခံစားလိုက်ရ၏။

မကြာမှီဖှေး၏ အလင်းစွမ်းအင်အကာရံစက်လုံးသည် အချင်း၂၀မီတာခန့်ထိကြီးမားလာသော်လည်း ဖှေးသည် သက်တောင့်သက်သာရှိနေဆဲပင်။

Thae Thae, [7/31/2024 10:10 PM]

နောက်ဆုံးတွင် သူသည် ပတ်၀န်းကျင်သို့သွားရောက်လေ့လာကြည့်ရန်ဆုံးဖြတ်လိုက်ပြီး လမ်းတွင်တွေ့သမျှ ဒုက္ခရောက်နေသည့် သိုင်းဆရာများကိုလည်း ကယ်တင်ခဲ့လိုက်သည်။ ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် ဖှေး၏ စွမ်းအင်အကာရံထဲ၌ သိုင်းဆရာအယောက်၃၀ခန့်ပင်ရှိနေပြီဖြစ်သည်။ ဖှေး၏ ငွေရောင်စွမ်းအင်အကာရံထဲသို့ ရေသူမကဲ့သို့သော သတ္တ၀ါများလုံး၀ပင် ၀င်ရောက်လာနိုင်ခြင်းမရှိပေ။

ရုတ်တရက်ပင် ဖှေးနောက်ထပ်စွမ်းအင်အကာရံတစ်ခုကို အာရုံခံလိုက်မိသည်။ ထိုစွမ်းအင်အာရံသည် ရေအောက်တွင်ရှိသည့် အဆောက်ဦးများကို ကာရံထားခြင်းပင်ဖြစ်ပြီး အလင်းဂိတ်တံခါး၂၀ခန့်ကိုလည်း ထက်မံ၍ တွေ့လိုက်ရသည်။

ဖှေးတစ်စုံတစ်ခုကို နားလည်သွား၏။ ရေသူမကဲ့သို့သော သတ္တ၀ါများသည် မမြင်နိုင်သည့်စွမ်းအင်အကာရံနှစ်ခု၏ ကြားထဲတွင် ညပ်နေကြပုံရသည်။ သူတို့သည် အပေါ်ကိုလည်း သွားနိုင်ခြင်းမရှိ၊ အောက်ကိုလည်း သွားနိုင်ခြင်းမရှိကြပေ။ ၁၀၀မီတာခန့်နက်ရှိုင်းသည့် စွမ်းအင်အကာရံနှစ်ခုကြားထဲတွင် ငါးကန်ထဲမှ ငါးများကဲ့သို့ရှိနေကြခြင်းဖြစ်သည်။ သူတို့သည် အပေါ်အောက်အနေဖြင့် ၁၀၀မီတာခန့်သာနေရာရှိသော်လည်း ဘေးနှစ်ဖက်မှာ အဆုံးအားမမြင်နိုင်လောက်သည်အထိပင် နေရာအကန့်သက်ရှည်လျားနေ၏။ ထို့ကြောင့် ဤမျှများပြားလှသည့် ကြောက်မက်ဖွယ်သတ္တ၀ါများသည် ဤနေရာတွင်လုံလုံလောက်လောက်နေထိုင်နိုင်ကြခြင်းပင်။ 

နောက်ထပ်ဂိတ်တံခါးတစ်ခုကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ဖှေး၏အရှေ့တွင်ရှိသည့် မြင်ကွင်းသည်လည်းပြောင်းလဲသွား၏။ ရေဖိအားနှင့် ရေသူမကဲ့သို့သော သတ္တ၀ါများလည်းမရှိတော့ပေ။ သူ၏ပါးစပ်များကိုဖွင့်ပြီးလက်ဆက်သည့်လေကိုလည်းရှုရှိုက်နိုင်ပြီဖြစ်သည်။ သူသည် ကုန်းမြေပေါ်သို့ ပြန်ရောက်လာသကဲ့သို့ပင်။

ဖှေးပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်ရှုလိုက်သည့်အချိန်တွင် အဆုံမရှိသည့် ရှေးကျသောအဆောက်ဦးများကိုသာ မြင်လိုက်ရသည်။ ကျောက်တုံးများ၏ အ၀ါဖျော့ဖျော့အရောင်များသည် သူတို့၏ သက်တမ်းကို ဖော်ပြနေကြသည်။ မျက်နှာပြင်များသည် ကြမ်းတမ်းနေ၏။

ဖှေးနှင့် သူ၏အဖွဲ့သည် ပတ်ပတ်လည်တွင် ၅၀မီတာခန့်မြင့်မားသည့် ဘုရားကျောင်းအဆောက်ဦးများရှိနေသည့် ရင်ပြင်တစ်ခုပေါ်တွင်ရောက်နေကြပုံရသည်။

နောက်ထပ်မမြင်နိုင်သည့်စွမ်းအင်အကာရံတစ်ခုသည် မြေအောက်ပင်လယ်မှ ရေများ၀င်မလာနိုင်အောင်ကာရံထားသည့်အတွက် ဤနေရာတွင် ရေများမရှိပေ။ အဆောက်ဦးများပေါ်တွင် ငွေရောင်အလင်းတန်းများတောက်ပနေပြီး သူတို့နှင့် ပတ်ပတ်လည်ဆယ်မီတာတွင်ရှိသည့် အရာတိုင်းကို ထွန်းလင်းနေစေလျှက်ရှိသည်။

အဆောက်ဦးများ၏ ဗိသုကာပညာမှာ အလွန်ပင် စနစ်ကျလှသဖြင့် နတ်ဘုရားများပင် ဤကဲ့သို့သော အဆောက်ဦးများကို ဖန်တီးနိုင်သကဲ့သို့ပင်။

"ပင်လယ်ပြင်ကြီးတစ်ခုလုံးကို အပေါ်မှာထိန်းထားနိုင်ဖို့ ဘယ်လောက်တောင်စွမ်းအားတွေလိုအပ်မလဲ...ဒါက ရူးချင်စရာပဲ..." ဖှေးတွေးလိုက်မိသည်။

ရင်ပြင်၏ အစွန်းဘက်တွင် ကြီးမားသည့် ကျောက်တိုင်ကြီးများသည် ဘုရားကျောင်းခေါင်မိုးများကို မထားပေး၏။ ဘုရားကျောင်း၀င်ပေါက်များသည် မှောင်မဲနေပြီး ထို၀င်ပေါက်တစ်ခုချင်းစီတိုင်းသည် နတ်ဆိုးသားရဲကောင်ကြီးများပါးစပ်ဟထားသကဲ့သို့ပင်။ သိပ်မ၀ေးသည့်နေရာတွင် ကျောက်တုံးရုပ်တုကြီးများများစွာရှိနေ၏။

ထိုရုပ်တုကြီးများသည် မျိုးနွယ်တိုင်းလိုလိုပင် ထုလုပ်ထားခြင်းပင်။ ကျောပေါ်တွင် အတောက်ပံခြောက်စုံပါသည့် သားရဲကောင်ကြီးများလည်းရှိသည်၊ လူတစ်ပိုင်းမြွေတစ်ပိုင်းသတ္တ၀ါကြီးများလည်းရှိသည်။ လက်ခြောက်ဖက်တွင် ဓားခြောက်လက်ကို ကိုင်ထားသည့် ပင်လယ်သတ္တ၀ါရုပ်တုများလည်းရှိသည်။ ခေါင်းပေါ်တွင်ဦးချိုပါသည့် လူရုပ်တုများ စသည်ဖြင့် ရုပ်တုမျိုးစုံရှိနေ၏။

ဤရုပ်တုများအားလုံးသည် အလွန်ပင်အသက်၀င်နေပြီး ၄င်းတို့ထဲတွင် စွမ်းအားမြင့်မားသည့် စွမ်းအင်များကိန်းအောင်းနေသည့်အတိုင်းပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုရုပ်တုများအား တစ်ချက်သာကြည့်လိုက်မိပါက သက်ရှိသတ္တ၀ါများဟုပင် ထင်မိသွားနိုင်၏။

ဤသည်မှာ လျို့၀ှက်ဆန်းကျယ်သည့်နေရာတစ်ခုပင်။

အန္တရာယ်များအခွင့်ရေးများဖြင့် ပြည့်နှက်နေသည့် ဒဏာရီလာနန်းတော်ကြီးပင်။

All Chapters