← Chapters

"သိုင်းပညာ ရုပ်တုများ"

Vol. 36 Ch. 575

"သိုင်းပညာ ရုပ်တုများ"

Vol. 36 Ch. 575

"ကျေးဇူးပါ အရှင်မင်းကြီး..." ဖှေးကယ်တင်ခဲ့သော ငယ်ရွယ်သည့် ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်သည် ဖှေးအား အလေးပြုကာကျေးဇူးတင်စကားပြောလိုက်သည်။ သူသည် ရေသူမကဲ့သို့သောသတ္တ၀ါများ၏ အရှင်လက်လက်စားသောက်တော့မည်ကို ခံရတော့မည့်အချိန်တွင် ဖှေး၏ ကယ်တင်ခြင်းကိုခံခဲ့ရသည်။ သူအော်ဟစ်လိုက်သည်။ "ကျွန်တော့နာမည်က လူ၀စ်ပါ။ စိန့်ဂျာမိန်းအင်ပါယာပါ တော်၀င်ကြယ်အဆင့်သိုင်းဆရာတစ်ယောက်ပါ။ အရှင်မင်းကြီး ကျေးဇူးကို ကျွန်တော်ဒီတစ်သက်မေ့ပါဘူး။ အရှင်မင်းကြီးတကယ်လို့ စိန့်ဂျာမိန်းအင်ပါယာကို ရောက်ဖြစ်ရင် ကျွန်တော်တက်နိုင်သလောက်ကူညီပေးပါ့မယ်..."

ဤလူငယ်သည် မှန်ကန်ဖြောင့်မက်ပုံရပြီး သူ၏ ရွှေရောင်ဆံပင်ရှည်များ၊ ခန့်ညားသည့်မျက်နှာနှင့် ဖြောင့်မက်သည့် ကိုယ်ကျင့်တရားတို့ကို ကြည့်ခြင်းအားဖြင့် သူတိုည် ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှသည်။ သူသည် အသက်၂၅နှစ်ခန့်သာရှိသေးသော်လည်း ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်ပင်ဖြစ်နေပြီဖြစ်သောကြောင့် တော်၀င်မျိုးနွယ်တစ်ယောက်လည်းဖြစ်နိုင်၏။

သို့သော် ကိုယ်ရံတော်များမပါပဲ ဤနေရာသို့ မည်သည့်အတွက်ကြောင့်တစ်ယောက်ထဲလာခဲ့သည်ကို မည်သူမှ မသိကြပေ။ သူသည် သားရဲကောင်များလက်ချက်ဖြင့်ပင် သေဆုံးခါနီးဖြစ်ခဲ့၏။

"ရပါတယ် မစ်စတာ လူး၀စ်..." ဖှေးပြုံးလိုက်ကာ ကျေးဇူးရှင်ဘွဲ့ကို မခံယူလိုပင်။ ဤအချက်ကြောင့်လူပေါင်းများစွာသည် သူ့အားချက်ချင်းပင်လေးစားမိသွား၏။

"ကျွန်တော်က မက်ရှယ်လီအင်ပါယာက မန်ဂိုပါ။ ကျွန်တော့အသက်ကို ကယ်တင်ခဲ့တာကို တစ်သက်လုံးမေ့မှာမဟုတ်ပါဘူး။ အရှင်မင်းကြီးသာ တစ်ခုခုလိုမယ်ဆိုရင် မက်ရှယ်လီအင်ပါယာ ဗန်စ်မြို့က မြို့တော်၀န်စံအိမ်ကို ဒီတံဆိပ်နဲ့သာ အကြောင်းကြားလိုက်ပါ။ ကျွန်တော်က အရှင့်အတွက် တိုက်ခိုက်ပေးနိုင်ပါတယ်..." နောက်ထပ်သန်မာသည့်လူတစ်ယောက်သည် ဖှေးအား အပြာရောင်တံဆိပ်တစ်ခုပေးလိုက်ရင်းဖြင့် ပြောလိုက်သည်။ ထို့နောက်တွင် တစ်ယောက်တည်းစူးစမ်းရှာဖွေရန်အတွက် ထွက်ခွာသွားတော့၏။

"ကျွန်တော်ကတော့ ခရီးလှည့်နေတဲ့စစ်သည်တစ်ယောက်ပါ။ ကျွန်တော့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါအရှင်မင်းကြီး။ ကျွန်တော် ဒီကာက အရှင့်အတွက် တိုက်ခိုက်ပေးဖို့ ဆန္ဒရှိပါတယ်...."

"ကျွန်တော်တို့ ညီကိုသုံးယောက် ဘယ်တော့မှမမေ့ပါဘူး...."

"အရှင်မင်းကြီးရဲ့ အကြင်နာတရားကတော့ တစ်ခါမှမကြုံဖူးလောက်အောင်ပါပဲ။ ကျွန်တော်တို့နှစ်ယောက် ဒဏာရီလာနန်းတော်ကနေ အသက်ရှင်လျှက် ထွက်နိုင်မယ်ဆိုရင် အရှင်မင်းကြီးခိုင်းတဲ့ ဘယ်လိုအလုပ်ပဲဖြစ်ပါစေ သုံးခုကို ဆောက်ရွက်ပေးပါ့မယ်..."

ဖှေးလမ်းတစ်ယောက်တွင် သိုင်းဆရာအယောက်၃၀ခန့်ကို ကယ်တင်ခဲ့သည်။ ဤလူများသည် သားရဲကောင်များကြောင့် အငိုက်မိသွားခဲ့ကာ သေဆုံးခါနီးထိဖြစ်ခဲ့သော်လည်း သူတို့အားလုံးသည် ဒဏာရီလာနန်းတော်၏ အပြင်ဘက်တွင် အရှိန်၀ါကြီးမားကာ စွမ်းအားမြင့်မားသည့်လူများပင်။ တစ်ချို့သည် ဖှေးအားလိုအပ်လာပါက ပြန်လည်ကျေးဇူးဆပ်ပါ့မည်ဟု ကတိက၀တ်များပင် ပြုသွားကြ၏။

ဖှေးသည် မာနထောင်လွှားခြင်းမရှိပဲ သူတို့ကို ပြုံးပြလိုက်သည်။

လူတိုင်းသူ့အား ကျေးဇူးတင်ကြလိမ့်မည်မဟုတ်သည်ကို သိရှိသော်လည်း အနာဂတ်တွင်ဘာဖြစ်လာမည်ကို ဘယ်သူမှမသိပေ။ ဤကဲ့သို့ အကြင်နာတရားထားခြင်းကြောင့် အနာဂတ်တွင် ကြီးကြီးမားမားပြောင်းလဲသွားနိုင်၏။

အောက်လမ်းမှော်ဆရာ ဟေဇယ်-ဘန့်ခ်သည်လည်း ဖှေးလုပ်ခဲ့သည်ကို သဘောကျနှစ်သက်သည်။ သူသည် အရင်က စွမ်းအားကြီးမားကာ စိုးမိုးနိုင်ခဲ့သော်လည်း အချိန်တစ်ခုကြာခန့်နိမ့်ကျခဲ့ဖူးသည်။ ထို့ကြောင့် သူသည် တစ်ခြားစွမ်းအားကြီး သိုင်းဆရာကြီးများကဲ့သို့ မာနထောင်လွှားကာ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိပေ။ သူသည် မိတ်ဆွေများ၏ အရေးကြီးပုံကို နားလည်သဘောပေါက်၏။ ထို့ကြောင့် ဘုရင်လုပ်နေသည်ကို သဘောတူ ထောက်ခံနေလျှက်ရှိသည်။

သို့သော် လူတိုင်းကျေးဇူးသိတတ်ကြသည်မဟုတ်ပေ။

တစ်ချို့လူများသည် ကျေးဇူးဟုသာ ပြောပြီးထွက်သွားကြ၏။ တစ်ချို့ဆိုလျှင် ဖှေးအား သူတို့နာမည်ကိုပင် ပြောခဲ့ခြင်းမရှိပေ။ ပို၍ ဆိုး၀ါးသည့်လူများဆိုလျှင် ကျေးဇူးတင်ကြောင်းပင်မပြောပဲ ဒဏာရီလာနန်းတော်ထဲသို့ရောက်သည်နှင့်တပြိုင်နက် လောဘတက်နေသည့် မျက်လုံများဖြင့် ပတ်ပတ်လည်သို့ကြည့်ကာ ထွက်ခွာသွားကြ၏။ ထိုလူများသည် ယခင်က ဘယ်သူမှ ရှာတွေ့ခဲ့ခြင်းမရှိသည့် ရတနာများ၊ လျို့၀ှက်ချက်များကို အရင်ဦးအောင်ရှာဖွေလိုနေကြသည်။

ဖှေးသူ၏ခေါင်းကိုသာ ခါရမ်းလိုက်ပြီး ဘာမှပြောခြင်းမရှိပေ။

မကြာမှီတွင် ဖှေးကယ်တင်လာသည့်လူများသည် အသီးသီးထွက်ခွာသွားကြပြီး အ၀ါရောက်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့်လမ်းများထဲတွင်ပျောက်ကွယ်သွားကြတော့သည်။ သူတို့သည် ကွဲပြားသည့်ရည်ရွယ်ချက်များဖြင့် ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သောကြောင့် အတူအကွပူးပေါင်းရှာဖွေခြင်းမပြုပေ။

ဒဏာရီလာနန်းတော်သည် ကြီးမားပြီး အကန့်သက်မဲ့သလိုပင် ထင်ရပြီး သီးခြားကမ္ဘာတစ်ခုကဲ့သို့ပင်။

အပေါ်တွင်ရှိသည့် မမြင်နိုင်သည့်စွမ်းအင်အကာရံသည်အလင်းရောင်တစ်ချို့ပေးနေလျှက်ရှိသည်။ ထိုအလင်းရောင်သည် ဤနေရာအား ထွန်းလင်းနေသည့် လရောင်ကဲ့သို့ပင်။

ဤနေရာတွင်ရှိသည့် အဆောက်ဦးများသည် နတ်ဘုရားများ၏ နန်းတော်ကဲ့သို့ပင်။ သူတို့အားဆောက်လုပ်ထားသည့် ဗိသုကာများသည် အပြင်ကမ္ဘာမှ အဆောက်ဦးများဖြင့် တူညီခြင်းမရှိပဲ ရှေးကျသည့် အရိပ်ယောင်များရှိနေ၏။ ဤနေရာသို့ ၀င်ရောက်လာခဲ့ကြသည့် သိုင်းဆရာအရေတွက်မှာ လေးရာခန့်ရှိသော်လည်း ဒဏာရီလာနန်းတော်သည် အလွန်ကျယ်ပြန့်သည့်အတွက် လူဦးရေသိပ်သည်းနေခြင်းမရှိပေ။

"သွားရအောင်..."

ဖှေးသည် ဒဏာရီလာနန်းတော်၏ အလည်သို့လမ်းလျှောက်သွားပြီး ဟေဇယ်-ဘန့်ခ်သည်လည်း သူ၏အနောက်မှ တင်းကြပ်စွာလိုက်ပါလာနေလျှက်ရှိသည်။ ဤနေရာသည် တည်ငြိမ်ကာ လုံခြုံသည်ဟုထင်ရသော်လည်း မည်ကဲ့သို့သော အန္တရာယ်များစောင့်ကြိုနေသည်ကို မသိသောကြောင့် သူတို့နှစ်ယောက်လုံးသည် အထူးသတိထားနေကြသည်။

သူတို့နှစ်ယောက်သည် ရင်ပြင်၏အရှေ့ဘက်၅၀၀မီတာခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် လူသားမျက်နှာ၊ သားရဲခန္ဓာကိုယ်ရှိသည့် ရုပ်တုတစ်ခုကို မြင်လိုက်ရသည်။ ထိုရုပ်တုသည် မီတာ၄၀ခန့်မြင့်မား၏။ ဖှေးအာရုံစိုက်ကြည့်လိုက်သည့်အချိန်တွင် ထိုရုပ်တု၏ဘေးတွင်ရပ်နေသည့် လူတစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။ ထိုလူသည် ဖှေးကယ်တင်ခဲ့သည့်လူများထဲမှ ကျေးဇူးတင်စကားမပြောပဲထွက်ခွာသွားခဲ့သည့်လူတစ်ယောက်ပင်။ ယခုအချိန် သူ၏ ခန္ဓာကိုယ်ထဲတွင် အသက်၀ိဉာဥ်နည်းနည်းမှပင် မရှိတော့ချေ။ သူသည် သေဆုံးနေပြီဖြစ်၏။

ဖှေး ထိုလူအနီးသို့လမ်းလျှောက်သွားပြီး အခြေအနေကိုလေ့လာလိုက်သည်။

ဤလူ၏ အသက်၀ိဉာဥ်ကင်းမဲ့နေသောမျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသေးသည်ကို သတိထားလိုက်မိသည်။ သူ၏မျက်လုံးများသည် ပွင့်နေဆဲပင်။ သူ၏လက်သည် တစ်စုံတစ်ခုအား ယူရန်အတွက် လှမ်းနေလျှက်ရှိပြီး သူသည် ဤရုပ်တုအား ရတနာတစ်ခုကို ရှာတွေ့သကဲ့သို့ကြည့်နေသည်ကို တွေ့လိုက်ရဿည်။ သို့သော် သူ၏အတွင်းအားစွမ်းအင်နှင့် အသက်၀ိဉာဥ်တို့မှာမရှိတော့ပေ။

ဖှေး သူခန္ဓာကိုယ်ကို ညင်သာစွာထိကြည့်လိုက်သည့်အချိန်တွင် ဖုန်မုုန့်များအဖြစ်သို့ပြောင်းလဲဿွဦးတော့၏။ ထို့နောက်တွင် ဖုန်မှုန့်များထဲမှ ငွေရောင်အလင်းစက်များစွာထွက်ပေါ်လာပြီး ထိုအလင်းစက်များသည် ရုပ်တုအထဲသို့ ၀င်ရောက်သွားသည်။

"ဒီလူရဲ့စွမ်းအားကလုံလုံလောက်လောက်မရှိလို့ သူ့၀ိဉာဥ်ကို ဒီသိုင်းပညာရုပ်တုက စုပ်ယူသွားတာပဲ..." ဟေဇယ်-ဘန့်ခ်အနောက်မှပြောလိုက်သည်။

"သိုင်းပညာရုပ်တုဟုတ်လား..." ဖှေးမေးလိုက်သည်။

"ဟုတ်တယ် ကျွန်တော်တို့အရှေ့မှာ ရှိနေတာက သိုင်းပညာရုပ်တုတစ်ခုပဲ။ သိုင်းဆရာတစ်ယောက်က ကံကောင်းမယ်ဆိုရင် ၀ိဉာဥ်စွမ်းအားသုံးပြီးတော့ ဒီရုပ်တုနဲ့ဆက်သွယ်နိုင်လိမ့်မယ်။ ရုပ်တုတစ်ခုခြင်းစီတိုင်းမှာ လအဆင့်သိုင်းကွက်တစ်ခုစီပါတယ်လေ။ ရှေးကျတဲ့အချိန်တွေတုန်းက စွမ်းအားမြင့်သိုင်းဆရာတွေက ဒီရုပ်တုတွေကို ဖန်တီးခဲ့တယ်လို့ ပြောကြတယ်။ သူတို့ရဲ့ နောက်မျိုးဆက်တွေကို သိုင်းပညာအမွေပေးခဲ့ဖို့ပေါ့။ ဒါပေမယ့် ဒီမှာရှီတဲ့သိုင်းကွက်တွေက လအဆင့်သိုင်းဆရာတွေအတွက်ပဲ အသုံး၀င်တယ်။ ဒါကြောင့်မို့ နေအဆင့်သိုင်းဆရာတွေက ဒီနေရာကို စိတ်မ၀င်စားကြတာပဲ..."

ဟေဇယ်-ဘန့်ခ်သည် ဤနေရာနှင့်ပတ်သက်၍ ကောင်းစွာသိသောကြောင့်ဖှေးအားစိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေလျှက်ရှိသည်။

"ဒီလိုကိုး..." ဖှေးတွေးလိုက်မိပြီး ၀ိဉာဥ်စွမ်းအားအသုံးပြုကာ ရုပ်တုနှင့် ဆက်သွယ်ရန်ကြိုးစားကြည့်လိုက်သည်။ သူသည် သေဆုံးသွားသည့် သိုင်းဆရာထက်များစွာပို၍စွမ်းအားမြင့်မားသောကြောင့် သူ၏အသက်၀ိဉာဥ်စုပ်ယူခံရမည်ကို ကြောက်စရာမလိုပေ။ သူ၏ ၀ိဉာဥ်စွမ်းအားသည် ဤရုပ်တုနှင့် ထိလိုက်သည်နှင့်တပြိုင်နက် သူသည် သန်မာသည့် စုပ်အားတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ စိတ်တစ်ခုလုံးသည် မီးခိုးရောင်အာကာသတစ်ခုထဲသို့ စုပ်ယူခံလိုက်ရသည့်အတိုင်းပင်။ သားရိုင်းလက်သီးဟုခေါ်သည့် သိုင်းကွက်တစ်ခုသည် သူ၏ခေါင်းထဲတွင်ပေါ်လာတော့၏။

ဖှေးကြည့်လိုက်ပြီး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ "ဒီသားရိုင်းလက်သီးလို့ခေါ်တဲ့သိုင်းကွက်က လူသားတွေကျင့်ကြံဖို့ မကိုက်ညီတာအတော်ဆိုးတာပဲ။ သူ့ရဲ့စွမ်းအားကလည်း သာမန်ပါပဲ။ င့ါရဲ့ ပြိုင်ဘက်ကင်းအင်ပါယာလက်သီးထက်အများကြီးပိုပြီး စွမ်းအာနိမ့်နေတယ်..." ဖှေးတွေးလိုက်မိသည်။

ဖှေး၏ သင်ယူနိုင်စွမ်းသည် ကောင်းမွန်သည့်အတွက်ကြောင့် သိုင်းကွက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။ ထိုသိုင်းကွက်သည် ဘီလူးများနှင့် ကိုက်ညီသည့် သိုင်းကွက်တစ်ခုသာဖြစ်သည်ကို နားလည်သွား၏။

လက်ရှိမျက်မှောက်ခေတွင် ဘီလူများသည် တိုက်ပေါ်မှ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သောကြော့် ဤသိုင်းကွက်သည် အသုံးမ၀င်တော့ဟုပင်ဆိုနိုင်၏။

"လူသားရုပ်တုတွေကပဲ လူသားတွေကျင့်ကြံနိုင်တဲ့သိုင်းကွက်တွေပါတယ်။ ကျန်တဲ့ရုပ်တုတွေမှာ ပါတဲ့သိုင်းကွက်တွေက လူသားတွေကျင့်ကြံဖို့မကိုက်ညီဘူး..." ဟေဇယ်-ဘန့်ခ်ရှင်းပြလိုက်သည်။ "နောက်ပြီးတော့ ရုပ်တုကြီးလေလေသိုင်းကွက်က ပိုပြီးတော့ စွမ်းအားမြင့်မားလေပဲ။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးကလဲ ပိုပြီးတော့ ကြောက်စရာကောင်းလာလိမ့်မယ်။ အရှင်မင်းကြီး စိတ်၀င်စားတယ်ဆိုရင် ကျွန်တော် အတော်လေးစိတ်၀င်စားစရာကောင်းတဲ့ သိုင်းပညာရုပ်တုတွေကို သိပါတယ်..."

"ထားလိုက်ပါ င့ါရဲ့ရည်မှန်းချက်က ဒဏာရီလာ နတ်စင်ကို ရှာဖို့ပဲ။ ဒဏာရီလာ ဂိတ်တံခါးက ဆယ်ရက်နေရင်ပိတ်တော့မှာဆိုတော့ ငါ့မှာ ဒီသိုင်းကွက်တွေကို လိုက်စုဆောင်းနေဖို့အချိန်ရှိမှာမဟုတ်ဘူး။ နောက်ပြီးတော့ ငါလက်ရှိသုံးနေတဲ့ အင်ပါယာအရှင်သခင်လက်သီးသိုင်းကွက်ကလည်း ဒီမှာ ရေးထားတဲ့သိုင်းကွက်တွေထက်ပိုပြီး နိမ့်ကျနေမှာမဟုတ်ပါဘူး...." ဖှေး သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ "လူခွဲပြီးတော့ ရှာကြတာပေါ့။ အဲ့လိုဆိုရင် ကျွန်တော်တို့ ပိုပြီးတော့ မြန်မြန်ရှာတွေ့နိုင်လောက်တယ်။ တကယ်လို့ ရှာတွေ့ပြီဆိုရင် ကြိုတင်စီစဥ်ထားတဲ့နည်းလမ်းသုံးပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ကြတာပေါ့..."

"ကောင်းပြီ ဂရုစိုက်ပါအရှင်မင်းကြီး။ ကျွန်တော်နတ်စင်ကို အနောက်ဘက်မှာ သွားရှာလိုက်ပါ့မယ်..." ဟေဇယ်-ဘန့်ခ်သည် ပျောက်ကွယ်မသွားမှီပြောလိုက်၏။ ဖှေးကိုယ်တိုင်ပင် ဟေဇယ်-ဘန့်ခ် မည်ကဲ့သို့ထွက်ခွာသွားသည်ကို အာရုံခံနိုင်ခြင်းမရှိပေ။ ဤအောက်လမ်းဆရာ၏ သိုင်းပညာအဆင့်သည် အလွန်ပင်မြင့်မားနေလျှက်ရှိ၏။

ဖှေးသည် မီတာ၄၀ကျော်ခန့်မြင့်မားသည့် ဘုရားကျောင်းတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး ပတ်၀န်းကျင်ကိုသေချာကြည့်လိုက်သည်။ ဤနေရာတစ်၀ိုက်တွင်ရှိနေသည့် အဆောက်ဦးများသည် အရွယ်စားအမျိုးမျိုးရှိနေသော်လည်း အလွန်မြင့်မားသည့် ဒဏာရီလာ နတ်စင်ကိုမူ ရှာတွေ့ခြင်းမရှိပေ။ သူသည် လမ်းပေါ်သို့ ပြန်လည်ကာ ခုန်ဆင်းလိုက်ပြီး သူ၏ ၀ိဉာဥ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ ဒဏာရီလာနန်းတော်၏ အလည်ပိုင်းကို အာရုံခံလိုက်မိပြီးသည့်နောက်တွင် ထိုနေရာသို့ ပြေးသွားတော့၏။

ဤနေရာတွင် အချိန်အနည်းငယ်ခန့်အသုံးပြုပြီးသည့်နောက်တွင် သူ့အား မန်နေဂျာအေဘရာ ငါးခုမြောက်သေတ္တာထဲတွင် လက်ဆောက်ပေးခဲ့သည့်မြေပုံသည် ဤနေရာ၏မြေပုံဖြစ်သည်ကို သဘောပေါက်လာ၏။ မြေပုံထဲတွင် ဖော်ပြထားသည့် အဆောက်ဦးများကိုလည်း အပြင်တွင်တွေ့မြင်နေရ၏။

ဖှေးသည် မြေပုံအား အလွတ်မှတ်သားပြီးပြီဖြစ်သည်။ အထူးသဖြင့် အစိမ်းရောင်ဖြင့် ပြထားသည့်လမ်းကြောင်းကိုပင်။ သူသည် လက်ရှိတွင် ထိုလမ်းကြောင်းအတွက် သွားနေသဖြင့် အန္တရာယ်တစ်စုံတစ်ရာကို ကြုံတွေ့ရခြင်းမရှိသေးပေ။ လမ်းတစ်လျှောက်တွင် သေးငယ်သည့် မှော်ထောင်ခြောက်တစ်ချို့ရှိနေသော်လည်း သူ၏ ၀ိဉာဥ်စွမ်းအားမှ ကြိုတင်ကာ အာရုံခံမိသဖြင့် သူသည် လွယ်ကူစွာပင် ရှောင်ရှားသွားနိုင်၏။

ဆယ်မိနစ်အတွင်းမှာပင် ဖှေးသည် ၃ကီလိုမီတာခန့်ခရီးဆက်ပြီးပြီဖြစ်သည်။ လမ်းတစ်ယောက်တွင် သိုင်းပညာရုပ်တုများရှေ့တွင်ရပ်ကာ သိုင်းကွက်များရရှိရန်အတွက် ကြိုးစားနေကြသည့် သိုင်းဆရာတစ်ချို့ကိုလည်း တွေ့ခဲ့ရသည့်။ သူတို့ကိုယ်သူတို့ ဖိအားပေးရန်အတွက် အန္တရာယ်ရှိသည့် မှော်ထောင်ခြောက်များထဲသို့ သေခြ၀င်ရောက်ပြီး အဆင့်တက်ရန်စွမ်းအားကျင့်ကြံနေကြသည့် သိုင်းဆရာတစ်ချို့ကိုလည်းတွေ့နေရသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည့် သွေးအလိမ်းလိမ်းဖြင့် အလောင်းများကိုလည်းတွေ့နေရ၏။

ဤသည်မှာ အစစ်မှန်ပင် အန္တရာယ်များသည့်နေရာတစ်ခုပင်။

ဒဏာရီလာနန်းတော်၏ အလည်သို့ ပြေးသွားနေသည့် ဖှေးကိုတွေ့သည့်အချိန်တွင် သိုင်းဆရာတော်တော်များများအံ့သြသွားကြ၏။ ဤနေရာသည် အန္တရာယ်များဖြင့်ပြည့်နှက်နေသည့်အတွက် လပြည့်သိုင်းဆရာများပင် လေပေါ်ပျံသန်းပြီးသွားနိုင်ခြင်းမရှိပေ။ ဖြေးညှင်းစွာပင် အန္တရာယ်ကို သတိထားကာသွားလာရဲကြ၏။

"အဲ့တာ ချမ်းဘော့ဒ်ဘုရင်လား။ အတော်မြန်တာပဲ ဒီနေရာက အန္တရာယ်များတယ်ဆိုတာ သူမသိဘူးလား..."

"ဟမ် အလည်ကိုရောက်လေလေပိုပြီးတော့ အန္တရာယ်များလာလေလေပဲ။ မှောင်ထောင်ချောက်တွေမှော်အစီရင်တွေအများကြီးပါ။ နေအဆင့်သခင်တွေတောင် ဂရုစိုက်သွားရတာ ချမ်းဘော့ဒ်ဘုရင်က အတော်လေး ဖင်ယားနေတာပဲ သူသေချင်နေတာများလား...."

"ဟီးဟီး သေသွားလဲကောင်းတာပဲ။ သူသေသွားရင် သူ့အလောင်းကိုရှာကြတာပေါ့ အတော်ကောင်းတဲ့ရတနာတွေရှိနေမှာက အသေချာပဲ..."

နေရာတစ်၀ိုက်တွင်ရှိနေသည့် သိုင်းဆရာများသည် ဖှေးလျှင်မြန်စွာပြေးသွားသည်ကို တွေ့လိုက်ရပြီး မတူညီစွာပင် တုန့်ပြန်နေကြသည်။ တစ်ချို့လူများသည် ဖှေးအား အော်ဟစ်ကာ သတိပေးလိုက်ကြသည်။ တစ်ချို့လူများသည် မနာလိုစွာဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။ တစ်ချို့လူများသည် ဖှေးဒုက္ခရောက်သည်ကို မြင်လိုနေကြ၏။ သူတို့ကိုယ်တိုင်လည်းအကြံစည်များရှိနေသေးသောကြောင့် ဖှေးဖြတ်သန်းသွားပြီးသည့်အချိန်တွင် သူတို့လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေကြ၏။

ဖှေး ၉၀မီတာခန့်မြင့်မားပြီး လူသားစစ်သည်တစ်ယောက်ပုံသဏာန်သိုင်းပညာရုပ်တုတစ်ခု၏အရှေ့သို့ရောက်သည့်အချိန်တွင် ရပ်လိုက်သည်။

"ဒါက မြေပုံပေါ်မှာပြထားတဲ့ နံပါတ်၁ သိုင်းပညာရုပ်တုပဲ။ ဒီမှာစုစုပေါင်းသိုင်းပညာရုပ်တု ၃၆ခုရှိတယ်လို့ လျို့၀ှက်မြေပုံမှာဖော်ပြထားတယ်။ ရုပ်တုတစ်ခုက ဒေသတစ်ခုကို ကိုယ်စားပြုပြီးတော့ ဒေသနံပါတ်တွေပိုမြင့်လာတာနဲ့ ပိုပြီးတော့လည်း အန္တရာယ်များလာတာပဲ...."

"ဒီရုပ်တုမှာ ဘယ်လိုသိုင်းကွက်များပါပါလိမ့်..." ဖှေးတွေးလိုက်မိပြီး သူ၏၀ိဉာဥ်စွမ်းအားဖြင့် ဤကြီးမားထည်၀ါသည့် ရုပ်တုကြီးကိုလေ့လာကြည့်လိုက်သည်။ သူ၏မျက်လုံးများကို မှိတ်ကာ ခနတာခန့်လေ့လာကြည့်ပြီးသည့်နောက်တွင် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး စိတ်ကျေနပ်စွာဖြင်င့်ရေရွတ်လိုက်သည်။ "ဒါက လျှပ်စစ်လက်သီး သိုင်းကွက်ပဲ။ လသစ်အဆင့်သိုင်းကွက်တစ်ခုပါလား။ ငါဒီသိုင်းကွက်ကို ဦးလေးလမ်းပါ့ဒ်ကို ပြန်သင်ပေးလို့ရတာပဲ။ လျှပ်စစ်ဂုဏ်သတ္တိသိုင်းကွက်ပဲလေ..."

ဖှေးသည် ခရမ်းရောင်စာအုပ်အတွင်းမှ ၀ိဉာဥ်စွမ်းအားကျင့်စဥ်များကို ပုံမှန်ကျင့်ကြံနေခဲ့သည့်အတွက်ကြောင့် သူ၏ ၀ိဉာဥ်စွမ်းအားများသည် ယခုအချိန်တွင် အလွန်အစွမ်းထက်နေလျှက်ရှိသည်။ ရုပ်တုတစ်ခုမှသိုင်းကွက်တစ်ခုကိုရရှိရန်အတွက် နေ့တစ်၀က်ခန့်အသုံးပြုရသည့် တစ်ခြားသိုင်းဆရာများနှင့် နှိုင်းယှဥ်ပါက ဖှေးသည် ဆယ်စက္ကန့်ခန့်သာ လိုအပ်၏။ ဤသည်မှာ တစ်ခါမှမကြားစဖူးပင်။

ဖှေးသည် နံပါတ်၁သိုင်းပညာရုပ်တုမှ သိုင်းကွက်ကို နားလည်ပြီးသည့်နောက်တွင် ရှေ့သို့ ခရီးဆက်ရန်ပြင်လိုက်သည့်အချိန်တွင် အေးစက်သည့် ရယ်မောသံတစ်ခုထွက်ပေါ်လာ၏။ တစ္ဆေတစ်ကောင်ကဲ့သို့ပင် ရက်စက်သည့်စွမ်းအင်တစ်ခုသည် ဖှေး၏နှလုံးသားသို့ ချိန်ရွယ်ကာ အနောက်မှ အသံပင် ထွက်ပေါ်လာခြင်းမရှိပဲ ပျံသန်းလာ၏။

All Chapters