အခန်း (၅၇၆)
Vol. 37 Ch. 576
ဤသည်မှာ ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုပင်။
“သေစမ်း...” ဖှေးသည် ကြုံး၀ါးလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ယုံကြည်ချက်ရှိစွာဖြင့် ထိုးလိုက်သည်။
“ဖုန်း...” သူ၏လက်သီးသည် ပို၍မြန်ဆန်စွာရွေ့လျားသွားပြီး သူ့ထံသို့ပျံသန်းလာနေသည့် လက်ဖ၀ါးနှင့် တွေ့ဆုံလိုက်သည်။
ပေါက်ကွဲသံများစွာနှင့်အတူ အရိုးကျိုးကြေသည့်အသံတစ်ချို့ထွကက်ပေါ်လာ၏။ ထို့နောက်တွင် ညင်သာသည့် အော်ဟစ်သံတစ်ချို့ထွက်ပေါ်လာကာ မြေပေါ်သို့ သွေးစက်အနည်းငယ်စီးကျလာ၏။
ထို့နောက်တွင် မည်သည့်နေေရာမှ ထွက်ပေါ်လာမှန်းမသိသည့် လက်တစ်ဖက်အား ထက်မံ၍ မြင်တွေ့ရခြင်းမရှိတော့ပေ။
တိုက်ခိုက်သူသည် ကောင်းမွန်သည့် ကိုယ်ဖျောက်ပညာတစ်ခုကို တက်ကျွမ်းထားးပုံရသည်။ သူသည် ဖှေးအနားသို့ ကပ်လာနိုင်ခဲ့သည်မှာ အံ့သြဖွယ်မရှိပေ။
သို့သော် ဖှေးသည် သူ၏၀ိဉာဥ်စွမ်းအားကို ဖြန့်ကျက်ထားပြီးဖြစ်သောကြောင့် သူနှင့်ပတ်ပတ်လည်၅၀၀မီတာတွင်ရှိနေသည့် လှုပ်ရှားမှုများအားလုံးကို ဖှေးအာရုံခံမိပြီးဖြစ်သည်။
ယခုအချိန်တွင် ထိုလုပ်ကြံသတ်ဖြတ်သူသည် သူ့အနားမှ ဖြေးဖြေးခြင်းဆုတ်ခွာလျှက်ရှိနေသည်ကို သူပြောနိုင်၏။
“ဟားဟား အခုမှ ထွက်ပြေးတော့မလို့လား။ နောက်ကျလွန်းသွားပြီ မင်းကင့ါကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်း တန်ရာတန်ကြေးတော့ပေးရမှာပေါ့...” တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့်ဖှေးသည် နှာခေါင်းရှုံ့ကာ အရပ်မျက်နှာတစ်ခုသို့ပြေး၀င်သွား၏။ ထို့နောက်တွင် သူ၏ လက်ကို ဖြန့်ကာ တစ်စုံတစ်ခုကို လေထဲတွင်အားဖြင့်ဆုပ်ကိုင်လိုက်သည်။
“၀ှစ်...”
လေထဲတွင် လှိုင်းဂယက်များထွက်ပေါ်လာ၏။
ဖှေး၏ လက်သည် ဘေးပတ်ပတ်လည်တွင်ရှိသည့် အာကာသကို ကွဲအက်စေလိုက်သကဲ့သို့ပင် ခံစားလိုက်ရပြီး သူသည် အမဲရောင်၀တ်စုံနှင့်လူတစ်ယောက်ကို ဘယ်ကမှန်းမသိပဲဆွဲထုတ်လိုက်၏။ ဤလူသည် သေးငယ်ပြီး သူ၏မျက်လုံးများသည်လည်း သေးငယ်နေကာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကဲ့သို့ပင်။
“မင်း မဖြစ်နိုင်ဘူး...မင်းက ဘယ်လိုလုပ်ပြီးတော့ င့ါကို ရှာတွေ့သွားတာလဲ...” လုပ်ကြံသတ်ဖြတ်သူသည် ထိတ်လန့်အံ့သြသွဦးကာ မေးလိုက်၏။ သူသည် လက်ရှဖြစ်ပျက်နေသည်ကို ယုံနိုင်ခြင်းမရှိသေးပေ။ ဤအခိုက်တန့်တွင် သူသည် ကြက်တစ်ကောင်ကဲ့သို့ပင် လည်ပင်းမှ ဆွဲညှစ်ကာ ကိုင်ခံထားရ၏။ သူ၏ လယ်ဗယ်၄အဆင့်နိမ့်လသစ်သိုင်းဆရာအစွမ်းများသည် ဖှေး၏လွှမ်းမိုးခြင်းကို ခံထားရပြီး ရုန်းထွက်နိုင်ခြင်းမရှိတော့ပေ။
“မင်းက ဘယ်သူလဲ။ မင်းဘာလို့ င့ါကို တိုက်ခိုက်နေတာလဲ...” ဖှေးသည် လုပ်ကြံသတ်ဖြတ်သူကို စိုက်ကြည့်ကာ အေးစက်သည့်အသံဖြင့် မေးလိုက်သည်။
“ဟားဟား ငါမင်းကိုပြောမှာမဟုတ်ဘူး အလတ်ဇန္ဒား။ မင်းတော့သေပြီ။ မင်းင့ါကို သတ်လိုက်ရင်တောင် မင်းသေဦးမှာပဲ။ မင်းရဲ့လျို့၀ှက်ချက်တွေနောက်ကို လူဘယ်နှစ်ယောက်တောင်လိုက်နေတယ်ဆိုတာကို မင်းမသိပါဘူး။ ငါက လူယုံတစ်ယောက်ပဲရှိသေးတယ်။ မင်းင့ါကို လွတ်ပေးမယ်ဆိုရင် သူတို့ ဘယ်သူတွေလဲဆိုတာကို ငါပြောပြပေးမယ်....” လုပ်ကြံသတ်ဖြတ်သူသည် စိတ်ငြိမ်အောင်ထားလိုက်ပြီး ဖှေးအား ပြန်ဖြေလိုက်သည်။
“င့ါရဲ့လျို့၀ှက်ချက်တွေဟုတ်လား။ မင်းလိုချင်တယ်ဆိုရင် သေဖို့တော့ပြင်ထားရမှာပေါ့။ မင်းက င့ါကို ပြောမပြချင်ဘူးဆိုတော့ သေစမ်းကွာ...” ဖှေးသည် စိတ်ရှည်တတ်သည့် လူတစ်ယောက်မဟုတ်ပေ။
လုပ်ကြံသတ်ဖြတ်သူ၏ မျက်လုံးများထဲတွင်လည်း ကလိမ်ကျစ်အကြံစည်များဖြင့် ပြည့်နှက်နေသည့်အတွက် လှည့်စားရန်ကြံစည်နေခြင်းဖြစ်ကြောင်းကို ဖှေးသိရှိလိုက်သည်။
“ဖုန်း...”
ဖှေးသူ၏လက်ကို အသာယာညှစ်လိုက်သည့်အချိန်တွင် လုပ်ကြံသတ်ဖြတ်သူသည်လည်း ရယ်မောနိုင်ခြင်းမရှိတော့ပေ။ သူသည် ချက်ချင်းပင် သွေးမြူများအဖြစ်သို့ပြောင်းလဲသွားတော့သည်။ အနားပတ်၀န်းကျင်တွင်ရှိနေသည့် အဆောက်ဦးများသည်လည်း အနီရောင်သို့ ပြောင်းလဲသွား၏။
“ချွင်...”
လက်ပတ်တစ်ခုကဲ့သိုသော ပစ္စည်းတစ်ခုသည် အောက်သို့ ပြုတ်ကျလာသည်။ ထိုပစ္စည်းမှာ အ၀ါရောင်အလင်းဖျော့ဖျော့တစ်ခုတောက်ပနေ၏။
ဖှေးထိုပစ္စည်းကို ကြည့်နေရင်းဖြင့် တစ်စုံတစ်ရာကို သဘောပေါက်သွား၏။
သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ထိုလက်ပတ်သည် သူ၏လက်ဖ၀ါးထဲသို့ ပျံသန်းလာ၏။
“အမ်...စိတ်၀င်စားစရာပဲ။ သူ့မှာ ကိုယ်ယောင်ဖျောက်သိုင်းကွက်တစ်ခုရှိတယ်လို့ ငါထင်နေတာ။ ဒါပေမယ့် သူက ကိုယ်ဖျောက်နိုင်ဖို့အတွက် ဒီပစ္စည်းကို အသုံးပြုထားတဲ့ပုံပဲ။ သိုင်းဆရာတွေရဲ့ ၀ိဉာဥ်စွမ်းအားကနေတော့ မပုန်းအောင်းနိုင်ပေမယ့်။ သာမန်သိုင်းဆရာတွေလက်ထဲကနေတော့ ပုန်းအောင်းနေလို့ရတာပဲ...” ဖှေးသုည် ဤအ၀ါရောင်လက်ပတ်အား ကြည့်ရင်းဖြင့် အပေါ်တွင်ရေထိုးထားသည့် မှော်အစီရင်များကို သတိထားလိုက်မိသည်။ ဤလက်ပတ်သည် ကောင်းမွန်သည့် မှော်ပစ္စည်းတစ်ခုဖြစ်ပြီး အသုံးပြုသူအား အချိန်အတိုင်းတာတစ်ခုကြာသည့်အထိ ကိုယ်ယောက်ဖျောက်ပေးထားမည်ဖြစ်သည်။
ကိုယ်ယောက်ဖျောက်ခြင်းသည်လည်း စိတ်၀င်စားစရာကောင်းသည့် စွမ်းရည်တစ်ခုပင်။
ဒိုင်ယာဘလိုကမ္ဘာထဲတွင်ရှိသည့် ဖှေး၏ဇာတ်ကောင်၇ကောင်ထဲတွင် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သာလျှင် ဤကဲ့သို့သောအစွမ်းနှင့်နီးစပ်သည့်အစွမ်းရှိ၏။ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သည် ပုန်းအောင်းခြင်း၊ သူ၏အရှိန်၀ါကို ဖုံးကွယ်ထားခြင်းတို့တွင် ကျွမ်းကျင်သော်လည်း ဖှေး၁၀၀ရာခိုင်နုန်းကိုယ်ဖျောက်နိုင်ခြင်းမရှိသေးပေ။
ခနတာစဥ်းစားကြည့်ပြီးသည့်အချိန်တွင် ဤလက်ပတ်ကို သူ၏ ထားသိုရာအကန့်ထဲသို့ ထည့်လိုက်၏။
“ငါ့ရဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကတော့ ဒီလက်ပတ်ပေါ်က မှော်အစီရင်တွေကို လေ့လာနိုင်လောက်တယ်။ အံ့သြစရာတစ်ချို့ရှိရင်ရှိနေမှာပေါ့...” ဖှေးတွေးလိုက်မိသည်။
ဖှေးပျောက်ကွယ်သွားပြီးသည့်နောက်တွင် အမဲရောင်ကိုယ်ကြပ်၀တ်စုံများကို ၀တ်ဆင်ထားသည့်လူငါးယောက်သည် နံပါတ်၁သိုင်းပညာရုပ်တုအနီးတွင်ရှိသည့် ဘုရားကျောင်းတစ်ခုပေါ်တွင်ပေါ်လာကြ၏။
“တက်ခ်တော့ သေသွားပြီဟ။ စောက်ရူးပဲ။ ချမ်းဘော့ဒ်ဘုရင်ကို နည်းနည်းလေးတောင်ဒဏ်ရာရအောင်လုပ်မသွားနိုင်ဘူး။ နောက်ပြီးတော့ ကိုယ်ဖျောက်လက်ပတ်ကိုလည်းအလကားလုပ်ပစ်လိုက်တာပဲ...” အမဲရောင်ကိုယ်ကျပ်၀တ်စုံ၀တ်ဆင်ထားသည့်လူတစ်ယောက်သည် မနီးမ၀ေးနေရာတစ်ခုတွင်ရှိသည့် သွေးအိုင်အားလှမ်းကြည့်ရင်းဖြင့် ရက်စက်ကြမ်းကြုတ်သည့် အမူယာတစ်ခုနှင့်အတူ ပြောလိုက်သည်။
“ဒါပေမယ့် အနည်းဆုံး သူကတစ်ခုကိုတော့ သက်သေပြသွားပါတယ်။ ကိုယ်ပျောက်လက်ပတ်တွေက ချမ်းဘော့ဒ်ဘုရင်ရဲ့မျက်စိရှေ့မှာ အလုပ်လုပ်မှာမဟုတ်ဘူးဆိုတာကိုပဲ။ နောက်တစ်ခါလှုပ်ရှားရင် ဒီလက်ပတ်တွေပေါ်မှာ အရမ်းမမှီခိုသင့်တော့ဘူး...” နောက်တစ်ယောက်မှ ခနတာတိတ်ဆိတ်ပြီးချိန်တွင် အကြံပြုလိုက်သည်။
“မင်းပြောတာမှန်တယ်။ ချမ်းဘော့ဒ်ဘုရင်က စက္ကန့်နဲ့အမျှပိုပြီးတော့ အစွမ်းထက်လာနေတာပဲ။ ငါတို့ရဲ့ဆရာကတော့ သူ့ရဲ့ကျင့်ကြံခြင်းလျို့၀ှက်ချက်ကို စိတ်မ၀င်စားဘူးဆိုရင် ငါတော့အဲ့လိုလူတစ်ယောက်ကို သွားပြီးတော့ ရန်စဖို့ကြိုးစားမှာမဟုတ်ဘူး...” အဖွဲ့၏အရှေ့တွင်ရပ်နေသည့်လူမှ ရေရွတ်လိုက်သည်။
“ဟီးဟီး ဘာများလဲ။ နာမည်ကြီးတဲ့ နတ်ဆိုးလရောင်လုပ်ကြံသတ်ဖြတ်သူ ခက်စ်က ကြောက်နေတာလား။ ချမ်းဘော့ဒ်ဘုရင်ကိုလေ။ သူက ဇီးနစ်အင်ပါယာအပြင်ကို တောင်မရောက်ဖူးသေးတဲ့ တောသားလေးပါကွာ။ ဒီကောင်က ပါရမီရှင်ဆိုရင်တောင် မရင့်ကျက်သေးတဲ့သားလောင်းလေးပဲရှိသေးတယ်။ ဟီးဟီး သားလောင်းလေးတစ်ကောင်ကို သတ်ရတာမလွယ်ဘူးလား...” အရင်ဆုံးစတင်စကားပြောသည့် အမဲရောင်၀တ်စုံနှင့်လူမှ ခနဲ့လိုက်သည်။
“အဲ့လောက်မရိုးရှင်းဘူး။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအင်တစ်ခုကို လျို့၀ှက်ထားနေသလိုပဲ။ ငါတို့အားလုံး ဂရုစိုက်ကြတာပေါ့။ ငါတို့ကောင်တွေ အောင်မြင်သွားရင်တောင် ခြေရာလက်ရာကျန်ခဲ့လိုမဖြစ်ဘူး။ လက်ရှမှာ သူ့ကို ယရှင်းက စောင့်ရှောက်ထားတယ်။ ငါတို့တွေ အဲ့အင်ပါယာအရှင်သခင်ကိုတော့ သွားပြီးရန်စချင်မှာမဟုတ်ဘူး။ ချမ်းဘော့ဒ်ဘုရင်က လက်ရှိမှာ ဒဏာရီလာနန်းတော်ရဲ့ လယ်ဗယ်၂ဒေသမှာရှိနေတယ်။ သူ့နောက်ကနေ ကပ်လိုက်နေကြပြီးတော့ အခွင့်ကောင်းကြုံတာနဲ့ လုပ်ကြံလိုက်ကြတာာပေါ့။ မလို့အပ်ပဲတော့ သူ့ကို မတိုက်ခိုက်သေးနဲ့ အဲ့လိုဆိုရင် သူက ပိုပြီးတော့ သတိထားလာတာပဲရှိလိမ့်မယ်....” အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရသည့်လူသည် ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် ဘုရားကျောင်းပေါ်မှ ခုန်ဆင်းကာ ဖှေး၏အနောက်မှ လိုက်သွားတော့သည်။
......
“ဗွမ်း...”
အလံနှစ်စုံမြို့တော်ထဲရှိရေတွင်းတစ်ခုမှ ရေများပန်းထွက်လာ၏။
လူတစ်ယောက်သည် ထိုရေတွင်းထဲမှ ခုန်တက်လာကာ မြေပေါ်တွင်ဆင်းသက်လိုက်သည်။ သူသည် ရေများဖြင့် စိုရွဲနေ၏။ သူ၏မျက်နှာသည် ဖြူဖက်ဖြူယောက်ဖြစ်နေကာ သူ၏လက်တစ်ဖက်သည်လည်း ပြတ်နေကာ အဖြူရောင်အရိုးများကိုပင်မြင်နေရ၏။ သူသည် ဖှေးကြောက်ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည့် မဟူရာသဲဘုရင်ပင်။
သူသည် ဒဏ်ရာပြင်းထန်နေသည့်အတွက် ၄၀၀မီတာခန့်ထူထပ်သည့် မြေပြင်ကို ထိုးဖောက်နိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် ရေထဲထွင် လှည့်ပတ်နေကာ ရေတွင်းတစ်ခုကို မရမကရှာပြီးမှ ကုန်းမြေပေါ်သို့ ပြန်တက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသည်သာ ရေတွင်းကို အချိန်မှီရှာတွေ့ခဲ့ခြင်းမရှိပါက သမိုင်းတစ်လျှောက်တွင် ပထမဆုံးရေနစ်ကာ သေဆုံးခဲ့သည့် လအဆင့်သိုင်းဆရာတစ်ယောက်ပင်ဖြစ်လာနိုင်၏။ မဟူရာသဲဘုရင်သည် ရေတွင်းဘေးတွင်အားနည်းစွာထိုင်နေရင်းဖြင့် အသက်ကိုကြိုးစားပန်းစားရှူရှိုက်နေရ၏။ နေမင်းကြီးကို မော့ကြည့်ကာ ကြောက်လန့်သလိုပင်ခံစားနေရသည်။
အချိန်ကြာမြင့်စွာ သူသည် ဒေသတစ်ခုတွင်အစိုးမိုးနိုင်ဆုံးလူတစ်ယောက်ဖြစ်ခဲ့ပြီး ဤကဲ့သို့အရှက်ရဖူးခြင်းမရှိပေ။ သူသည်သာ တစ်ခြားလူများကို အနိုင်ကျင့်ခဲ့သည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူသည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် တစ်ချိန်တည်းမှာပင် ကြောက်ရွံ့တုန်လှုပ်ကာ ဒေါသဖြစ်နေလျှက်ရှိသည်။
“ငါအချိန်မှီထွက်ပြေးလာနိုင်ခဲ့တာ ကံကောင်းတယ်ပြောရမယ်။ အဲ့လိုမှမဟုတ်ဘူးဆို ငါအခုချိန်သေနေလောက်ပြီ...” မဟူရာသဲဘုရင်တွေးလိုက်မိသည်။ စိတ်တည်ငြိမ်သွားသည့်အချိန်တွင် သူ၏အတွင်းအားစွမ်းအင်များကိုအသုံးပြု၍ ဒဏ်ရာများကို ထိန်းချုပ်လိုက်သည်။ သူသည် နေရထိုင်ရ ပိုကောင်းလာပြီး အလံနှစ်စုံမြို့တော်အပေါ်ဘက်ကောင်းကင်ပေါ်သို့ ချက်ချင်းပင် ပျံသန်းသွားတော့သည်။
သူ၏အောက်တွင်ရှိသည့် မြို့တော်အား ငုံ့ကြည့်ရင်းဖြင့် သူ၏စိတ်ထဲတွင် ရက်စက်သည့်အတွေးတစ်ခုပေါ်လာတော့သည်။ ဒေါသဖြစ်နေရင်းဖြင် ရေရွတ်လိုက်၏။ “ချမ်းဘော့ဒ်ဘုရင်က ဒီမြို့တော်ကို ကာကွယ်နေရတယ်လို့ကြားတယ်။ ဟီးဟီး ငါက သူကာကွယ်နေတဲ့မြို့တော်ကို ဖျက်ဆီးခဲ့ပြီးတော့ သူ့မျက်နှာကိုရိုက်လိုက်တာပေါ့ကွာ။ နောက်ပြီးမှ ငါပြန်သက်သာလာတာနဲ့ ရတဲ့နည်းလမ်းကိုသုံးပြီးတော့ သူ့ကိုသတ်ပြီး င့ါဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ရမယ်....”
သူထိုကဲ့သို့တွေးနေရင်းဖြင့် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ ကျယ်ပြန်သည့် စွမ်းအင်အရှိန်၀ါများထွက်ပေါ်လာတော့သည်။
သူသည် လက်ရှိတွင် ပြင်းထန်စွာဒဏ်ရာရရှိနေသော်လည်း လအဆင့်သိုင်းဆရာတစ်ယောက်သည်များစွာစွမ်းအားကြီးမားနေဆဲပင်။ လအဆင့်သိုင်းဆရာတစ်ယောက်သည် ဤလောကကြီး၏ နိယာများကို တနည်းအားဖြင့် မြင်နိုင်သည့်အတွက် လေထဲတွင်ရှိနေသည့် ဓာတ်ဂုဏ်သတ္တိများ၊ စွမ်းအင်များကိုလည်း ထိန်းချုပ်နိုင်၏။ မဟူရာသဲဘုရင်သည် ဖှေးအားသေလောက်သည်အထိမုန်းတီးသည့်အတွက် သူသည် ဒေါသကို ဖြေဖျောက်သည့်အနေဖြင့် အလံနှစ်စုံမြို့တော်ကို ဖျက်ဆီးချင်နေသည်။
ကောင်းကင်ပေါ်မှ စွမ်းအားအရှိန်၀ါများတောက်ပနေခြင်းကြောင်း မြို့ထဲတွင်ရှိနေသည့် သိုင်းဆရာများ၊ စစ်သည်များအာရုံစိုက်လာကြ၏။
“ဘယ်သူလဲ...”
“အတော်စွမ်းအားကြီးတာပဲ...ဘယ်သူက အလံနှစ်စုံမြို့တော်ကို တိုက်ခိုက်ရဲတာလဲ...”
“အမြန်လုပ် ဘုရင်အလတ်ဇန္ဒားကို တင်းပို့လိုက်တော့။ ဒီလူက လေပေါ်မှ ပျံနိုင်တယ်ဆိုတော့ လအဆင့်စစ်သည်တစ်ယောက်ပဲဖြစ်လိမ့်မယ်။ အရှင်မင်းကြီးတစ်ယောက်ပဲ သူ့ကိုယှဥ်နိုင်လိမ့်မယ်....”
လေပေါ်တွင်ပျံသန်းနေသည့် စွမ်းအားကြီးသည့်လူထံမှ ရန်လိုမှုကို အာရုံခံလိုက်မိပြီးသည့်အချိန်တွင် အလံနှစ်စုံမြို့ထဲတွင်ရှိသည့် ခေါင်းဆောင်များအားလုံး ထိတ်လန့်အံ့သြသွားကြသည်။ မြို့ထဲတွင်ရှိသည့် ခေါင်းဆောင်တစ်ချို့သာလျှင် လက်ရှိတွင် ဖှေးမရှိကြောင်းကို သိရှိကြ၏။
“ဒါက တိုက်ဆိုင်မှုတစ်ခုများလား။ အရှင်မင်းကြီးမရှိတော့တာနဲ့ လအဆင့်သိုင်းဆရာတစ်ယောက်ရောက်လာတာပဲ။ ဒါက အတော်လေး အန္တရာယ်များတယ်။ တစ်ခုခုသာမှားသွားရင်တော့ မြို့တော်တစ်ခုလုံး ပျက်ဆီးသွားလိမ့်မယ်။ မြို့သူမြို့သားတွေလဲ အကုန်သေကုန်လိမ့်မယ်...” သူတို့တွေးလိုက်မိကြသည်။
“ခင်ဗျားဘယ်သူလဲ။ ခင်ဗျား ဘာလို့ အလံနှစ်စုံမြို့တော်ထဲကိုရောက်နေတာလဲ။ ချက်ချင်းထွက်သွားစမ်း...” ရစ်ဘရီသည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် ခံတပ်မျှော်စင်မှတစ်ဆင့် သူ၏အတွင်းအားကိုအသုံးပြုကာ အော်ဟစ်လိုက်သည်။
“ပိုးမွှားကောင်တွေ သေစမ်း...” သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည့် အေးစက်စက်အသံတစ်ခုထွက်ပေါ်လာတော့သည်။