← Chapters

အခန်း (၅၇၇)

Vol. 37 Ch. 577

အခန်း (၅၇၇)

Vol. 37 Ch. 577

ပြန်ဖြေလိုက်သည့်အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း အလံနှစ်စုံမြို့တော်အတွင်းတွင်ရှိသည့်လူတိုင်းကို တူဖြင့် ထုလိုက်သလိုပင်။ ထိုလူသည် သူ၏ရန်လိုမှုကို ဖော်ပြပြီးချိန်တွင် မြို့တော်၀န်စံအိမ်ထဲတွင်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများ အရင်ဆုံးတုန့်ပြန်လိုက်၏။ လက်ရှိတွင် အလံနှစ်စုံမြို့တော်ထဲတွင် စွမ်းအားအမြင့်ဆုံးစစ်သည်ဖြစ်သည့် လမ်းပါ့ဒ်သည် ခေါင်မိုးပေါ်သို့ ခုန်တက်ကာ အန်ဂျယ်လာနှင့် အယ်လီနာတို့ကို ကာကွယ်ရန်အတွက် အသင့်ပြင်ထားလိုက်သည်။ ဤကောင်မလေးနှစ်ယောက်သည် ဖှေးအတွက် အရေးကြီးဆုံးဖြစ်သောကြောင့် သူ၏အသက်နှင့်လဲကာ ကာကွယ်ပေးရ၎ည်ဖြစ်သည်။

မဟူရာသဲဘုရင်သည် လေထဲတွင်နှာခေါင်းရှုံနေရင်းဖြင့် ကစဥ့်ကယားဖြစ်နေသည့် မြို့အားကြည့်နေ၏။ သူသည် တစ်ခြားလူများကို အနိုင်ကျင့်ရသည့်ခံစားချက်ကို နှစ်သက်သည်။ သူ့အား စိုးရိမ်စေသည့် တစ်ခုတည်းသောအရာသည် ဤမြို့တော်အား တည်ထောင်ခဲ့သူသည် အင်ပါယာအရှင်သခင်ယရှင်းဖြစ်နေခြင်းပင်။ အင်ပါယာအရှင်သခင်ယရှင်း၏ အမျက်ဒေါသအား ဟာသလုပ်၍မရပေ။ သို့သော် လက်တလောတွင်ပြန့်နှံ့နေသည့် ကောလဟာလများအကြောင်းကို ပြန်တွေးလိုက်ပြီးသည့်အချိန်တွင် သူအေးသွား၏။

"အင်ပါယာအရှင်သခင်ယရှင်းက သေတော့မှာပဲ။ သူင့ါကို ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး..." သူတွေးလိုက်မိသည်။

"ဟားဟား ရုန်းကန်ကြစမ်း။ မျှော်လင့်ချက်မဲ့ကြစမ်း။ မင်းတို့ကောင်တွေတစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မင်းတို့ရဲ့ဘုရင်အလတ်ဇန္ဒားကိုသာ အပြစ်တင်ကြတော့။ သူသာ င့ါကို ရန်မစခဲ့ဘူးဆိုရင် မင်းတို့ကောင်တွေ အိမ်ခြေမဲ့တဲ့ခွေးတွေလို အသက်ရှင်နေဦးမှာပေါ့ ဟားဟား..."

မဟူရာသဲဘုရင်သည် အရာအားလုံးကို ထိန်းချုပ်နိုင်သည်လူတစ်ယောက်လို ခံစားနေရကာ စိတ်ကျေနပ်နေလျှက်ရှိသည်။

ဤအခိုက်တန့်တွင် အသံတစ်ခုထွက်ပေါ်လာတော့သည်။ "ဟေး တြိဂံမျက်နှာ မင်းရဲ့သရုပ်ဆောင်တာပြီးသွားပြီလား။ စောက်ရူးတစ်ကောင်လို ရယ်နေရတာ ပျော်စရာကောင်းလို့လား..."

ဤကလေးသံသည် ရုတ်တရက်ထွက်ပေါ်လာသည့်အတွက်ကြောင့် မဟူရာသဲဘုရင်သည် လျှင်လျှင်မြန်မြန်ပင် တုန့်ပြန်နိုင်လိုက်ခြင်းမရှိပေ။ သူ၏ လူယုံတစ်ယောက်ဟုသာထင်လိုက်မိသည်။

"ဟားဟား ငါသူတို့ရဲ့အသက်တွေကို ထိန်းချုပ်ထားတာပဲ။ သူတို့တွေ ဒူးထောက်ပြီး အသနားခံကြောက်လန့်နေတာကို ကြည့်ရတာ အရသာရှိတာပဲ..." သူပြောလိုက်သည်။

ရုတ်တရက် သူသည် တစ်စုံတစ်ခုလွဲမှားနေသည်ကို သတိထားလိုက်မိသည်။ သူသည်တစ်ဖက်သို့လှည့်ကာ ရှည်လျားသည့် ရွှေရောင်ဆံပင်များနှင့် အမဲရောင်ချပ်၀တ်၊ ကြောင်တစ်ကောင်ကဲ့သိုသော မျက်နှာဖုံးတို့ကို ၀တ်ဆင်ထားသည့် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ပထမပိုင်းကြည့်ပါက ဤကောင်လေးသည် ကြောင်တစ်ကောင်ကဲ့သို့ပင် ရိုးသားအပြစ်ကင်းကာ ချစ်စရာကောင်းသည်ဟု ထင်ချင်စရာပင်။

"မင်းကိုး..." မဟူရာသဲဘုရင်သည် ဤကောင်လေးကို မြင်လိုက်သည့်အချိန်တွင် ကြောက်လန့်စွာဖြင့် တုန်သွား၏။

သူသည် ဤကောင်လေးကို သတိထားမိသည့်အတွက်ကြောင့်ပင်။ ဤကောင်လေးသည် ချမ်းဘော့ဒ်ဘုရင်ဘေးတွင်ရပ်နေသည့် လူနှစ်ယောက်ထဲမှတစ်ယော်ကပင်။ ဤကောင်လေးသည် တစ်ခြားသိုင်းဆရများထက်များစွာပို၍ သေးငယ်သည့်အတွက်ကြောင့် မှတ်မိရန်မှာ လွယ်ကူနေခြင်းပင်။

"ဒီကောင်းလေးက ချမ်းဘော့ဒ်ဘုရင်ဘေးမှာတောင်ရပ်နေဖို့အဆင့်မှီတာပဲ။ နောက်ပြီးတော့ သူက င့ါဘေးကိုတောင်အသံမထွက်ပဲရောက်လာတာ။ သူကစွမ်းအားမြင့်တယ်ဆိုတာအသေချာပဲ..." မဟူရာသဲဘုရင်တွေးလိုက်မိသည်။ သူသည်အတွေ့ကြုံရှိသည့်လူတစ်ယောက်ဖြစ်သည့်အတွက် အာသာကို အထင်မသေးရဲပေ။

"ဦးလေး ကျွန်တော့ကို သိလို့လား။ ကျွန်တော့အဖေနဲ့အမေကို ရှာမတွေ့လို့ပါ။ သူတို့ဘယ်မှာလဲဆိုတာကို ဦးလေးသိလား..." အာသာသည် သူ၏မျက်နှာပေါ်တွင် ကြီးမားသည့်အပြုံးတစ်ခုဖြင့် မဟူရာသဲဘုရင်ထံသို့ ပျံသန်းသွားလိုက်ရင်းဖြင့် ပြောလိုက်သည်။ သူ၏လက်များကို ဆန့်တန်းလိုက်ပြီး ချိုသာသည့်အသံဖြင့် ပြောလိုက်၏။ "ကျွန်တော့ကို ခေါ်ပါဦး ဦးလေး။ အာသာကြောက်လို့ပါ..."

"သေစမ်း စောက်ကလေး။ လစ်စမ်းကွာ..." မဟူရာသဲဘုရင်သည် အရူးလုပ်ခံမည်မဟုတ်ပေ။ ချမ်းဘော့ဒ်ဘုရင်၏ဘေးတွင်ရပ်နေနိုင်သည့်လူတိုင်းသည် အားနည်းသည့်လူမဖြစ်နိုင်ပေ။ သို့သော် ချစ်စရာကောင်းသည့် ကလေးငယ်တစ်ယောက် သူ့ထံသို့ပြေးလာနေသည့်အတွက် သူသည် စွမ်းအားအကုန်သုံးကာ ရိုက်နက်လိုက်ခြင်းမရှိပေ။ အာသာသည် အလွန်ချစ်စရာကောင်းလှသဖြင့် မဟူရာသဲဘုရင်ပင် ကောင်းကောင်းမဆုံးဖြတ်နိုင်ပေ...."

"မဟုတ်ပါဘူး။ ဦးလေး ကျွန်တော့ကို ကယ်ပါဦး..." အာသာသည်လည်း မဟူရာသဲဘုရင်ထံသို့ ပြေး၀င်နေလျှက်ရှိသည်။

"မင်း သေချင်လို့လား...ဟမ်..."

ထိုစက္ကန့်၀က်အတွင်းမှာပင် အာသာသည် မဟူရာသဲဘုရင်အနီးသို့ရောက်ရှိလာသည်။ ဤလူသည် အာသာ၏ ရင်ဘက်အား အောင်မြင်စွာတိုက်ခိုက်နိုင်လိုက်သည်။ သို့သော် သူမျှော်မှန်းထားသလို အာသာ၏ ရင်ဘက်ပေါက်ကွဲသွားသည့် မြင်ကွင်းဖြစ်ပေါ်လာခြင်းမရှိပေ။ ထိုအစား သူ၏ လက်ဖ၀ါးသည် မှော်အစီရင်များဖြင့် သန်မာအောင်ပြုလုပ်ထားသည့် သံမဏိပြားတစ်ခုကို ရိုက်လိုက်မိသည့်အတိုင်းပင်။ သူ၏လက်ဖ၀ါးပင် အနည်းငယ်နာကျင်သွား၏။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခုထွက်ခွာသွားသလို သူ၏ရင်ဘက်တစ်ခုလုံးအေးစက်သွားသည်ကို ခံစားလိုက်ရသည်။

ထိတ်လန့်စွာဖြင့် ငုံ့ကြည့်လိုက်သည့်အချိန်တွင် ထိုကောင်လေး၏ နူးညံ့ကာ ပန်းရောင်သန်းနေသည့် လက်သန်းသည် သူ၏အတွင်းအားစွမ်းအင်များဖြင့် ကာရံထားသည့် ရင်ဘက်ထဲသို့ စိုက်၀င်နေသည်ကို တွေ့လိုက်ရသည်။ ခေါင်းကို တစ်ဖက်သို့လှည့်ကာ ကြည့်လိုက်သည့်အချိန်တွင် သူ၏ကြောမှ နှလုံးသားကိုထိုးဖောက်ကာ ထွက်ပေါ်နေသည့်အမဲရောင်အရိုးလက်သည်းကြီးများကို မြင်လိုက်ရ၏။ အရိုးလက်သည်းသုံးခုသည် ကြောက်မက်ဖွယ်အလင်းရောင်တစ်ခုကို ရောက်ပြန်ဟပ်နေလျှက်ရှိပြီး ဓားများကဲ့သို့ပင် ချွန်ထက်နေ၏။

"အဟွတ် ဟမ် မင်း...မင်းက လူမဟုတ်ဘူး။ မင်းက မကောင်းဆိုး၀ါး သတ္တ၀ါတစ်ကောင်ပဲ။ မင်း ချမ်းဘော့ဒ်ဘုရင်...ချမ်းဘော့ဒ်ဘုရင်က မကောင်းဆိုး၀ါးတွေနဲ့ ဆက်ဆံရဲတယ်ပေါ့...." သေရမည်ကို ထိတ်လန့်ခြင်းနှင့် ဆက်လက်နေထိုင်လိုသည့် ဆန္ဒသည် ဤလူ၏ စိတ်ကို သိမ်းပိုက်သွား၏။ သေရတော့မည်ဖြစ်သောကြောင့် သူသည် အာသာအား အန္တရာယ်ကင်းသည့်အပြုံးတစ်ခုနှင့်အတူကြည့်ကာ အသနားခံတော့သည်။ "မဟုတ်ပါနဲ့ ကျေးဇူးပြုပြီးတော့ ကျွန်တော့ကို ခွင့်လွှတ်ပေးပါ။ သက်ညှာပေးပါဦး..." လအဆင့်သိုင်းဆရာများသည် အသက်ပြင်းသော်လည်း သူတို့၏နှလုံးသား ပျက်စီးသွားပါက သေဆုံးသွားမည်ဖြစ်သည်။

"ဆောရီးပဲ မင်းကို မသနားဘူး..." အာသာသည် တောက်ပသည့်အပြုံးတစ်ခုနှင့်အတူပြောလိုက်သည်။ သို့သော် မဟူရာသဲဘုရင်အတွက် ထိုအပြုံးသည် သေမင်း၏အပြုံးကဲ့သို့ပင်။ ဤမကောင်းဆိုး၀ါးနဂါးသည် မဟူရာသဲဘုရင်၏ နှလုံးသားကို သူ၏လက်ဖ၀ါးများဖြင့် ခြေမွကာ သူ၏ခေါင်းကို ခါရမ်းပြီးပြောလိုက်သည်။ "မင်းပြောသလိုပဲ သနားစရာကောင်းတဲ့ ပိုးမွှားကောင်တွေ သူတို့အသက်အတွက် အသနားခံနေတာကိုကြည့်ရတာစိတ်၀င်စားစရာပဲဆို။ မင်းပြောတာ မှန်တယ်လို့ ငါထင်တယ်။ မင်းအသနားခံတာကို မြင်ရတာ အတော်စိတ်ကျေနပ်စရာပဲ...."

"ဖုန်း..."

အာသာသူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မဟူရာသဲဘုရင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲကာ သွေးမြူများအဖြစ်ပြောင်းလဲသွားတော့၏။

နောက်အခိုက်တန့်တွင် အာသာ၏ လက်သည်းများသည် ကလေးတစ်ယောက်၏ လက်သန်းအဖြစ်သို့ပြန်ပြောင်းသွားသည်။ အလံနှစ်စုံမြို့တော်ထဲတွင်ရှိသည့် မဟာဘုရားကျောင်းသည် သူ့အောက်တည့်တည့်တွင်ရှိနေသောကြောင့် အာသာသည် သူ၏ နဂါးလက်သည်းကိုသာအသုံးပြုခဲ့ခြင်းပင်။ သူ၏မကောင်းဆိုး၀ါးစွမ်းအင်များကိုပင် ထုတ်သုံးခဲ့ခြင်းမရှိပေ။

ကလေးတစ်ယောက်၏အသွင်သို့ပြန်ပြောင်းလိုက်ပြီးသည့်နောက်တွင် ဤကောင်လေးသည် လအဆ့င်သိုင်းဆရာတစ်ယောက်ကို သတ်ဖြတ်လိုက်သည်အား မည်သူမှပင် ယုံနိုင်လိမ့်မည်မဟုတ်ပေ။

အာသာသည် သူ၏နှုတ်ခမ်းများကို ဂုဏ်ယူ၀င်ကြွားစွာသပ်လိုက်ပြီး တစ်စုံတစ်ခုကိုစဥ်းစားလိုက်မိကာ ကြေငြာလိုက်သည်။ "ငါက ချမ်းဘော့ဒ်ဘုရင်ရဲ့အမိန့်တိုင်း ကျူးကျော်လာသူကို သတ်လိုက်တာပဲ။ ဘုရင်အလတ်ဇန္ဒားက ဒီမြို့တော်ကို ကာကွယ်ပေးနေတယ်။ အရှင်မင်းကြီးကို စိန်ခေါ်လာတဲ့လူမှန်သမျှအကျိုးဆက်ကို ခံစားရလိမ့်မယ်...."

သူသည် အသံသည်ကောင်းကင်တွင် ဟိန်းနေ၏။ အလံနှစ်စုံမြို့တော်ထဲတွင်ရှိနေသည့် လူတိုင်းထိုအသံကို ကြားလိုက်ရသည်။

စိုးရိမ်နေကြသည့်မြို့သူမြို့သားများ ပျော်ရွှင်စွာအော်ဟစ်အားပေးလိုက်ကြသည်။ သူတို့သည် ကျူးကျော်လာသည့် လအဆင့်သိုင်းဆရာမည်ကဲ့သို့ သေဆုံးသွားသည်ကို မသိသော်လည်း သူတို့သိသည်မှာ အန္တရာယ်မရှိတော့သည်ဆိုသည်ပင်။

"ဒီကောင်လေးက ဘုရင်အလတ်ဇန္ဒားရဲ့ လူပဲ..." လူတိုင်းတွေးလိုက်မိကြသည်။

ဤကိစ္စဖြစ်သွားပြီးသည့်အချိန်တွင် ဖှေး၏ ဂုဏ်သရေနှင့် အရှိန်၀ါသည်မြို့ထဲတွင်များစွာမြင့်တက်လာတော့၏။

"ဟီးဟီး အလတ်ဇန္ဒား ဒီတစ်ခါတော့ ကျေနပ်လောက်ပါတယ်။ သူက င့ါကို ဆုအနေနဲ့ ၀ိုင်ပုလင်းတစ်ချို့တောင် ပေးလောက်တယ်..." မြို့ထဲတွင်ရှိသည့် ထောင်နှင့်ချီသောလူများသုည် အလတ်ဇန္ဒား၏ နာမည်ကို အော်ဟစ်အားပေးနေကြဆဲတွင် ကလေးစိတ်မကုန်သေးသည့် ကောင်းဆိုး၀ါးနဂါးသည်လည်း ဖှေး၏ ၀ိုင်ပုလင်းများကို စိတ်ကူးယဥ်ရင်းဖြင့် ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားတော့၏။

......

......

ဒဏာရီလာနန်းတော်၏ လယ်ဗယ်၂ဒေသသို့စတင်၀င်ရောက်လာသည့်အချိန်တွင် ဖှေးဖိအားများလာသည်ကို ခံစားလိုက်ရသည်။ လေသည်ပို၍ သိပ်သည်းလာပြီးမြေဆွဲအားသည်လည်း ပို၍သန်မာလာနေသကဲ့သို့ပင်။ ဤနေရာတွင်လမ်းလျှောက်ရန်မှာ ခက်ခဲလှပြီး သာမန်ထက်ပင် နှစ်ဆခန့်အားစိုက်နေရ၏။

လူရိုင်းဇာတ်ကောင်ထံတွင် ရုပ်ပိုင်းဆိုင်ရဦခွန်အားများစွာရှိသည်မှာ ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ မြင့်တက်လာသည့် ဖိအားသည် ဖှေးအတွက် သိပ်ပြီးပြသနာမရှိလှပေ။ သူသည် ပတ်၀န်းကျင်နှင့်အသားကျလာသည့်အချိန်တွင် ပို၍လျှင်မြန်စွာလှုပ်ရှားတော့၏။ အချိန်များစွာမရှိပေ ဖှေးသည် ဒဏာရီလာနတ်စင်ကို ရှာဖွေပြီး စွန်းထင်းနေသည့် ကမ္ဘာကျောက်တုံးကို ပြန်လည်ကာ သန့်စင်ရဦးမည်ဖြစ်သည်။ သူ ထိုနတ်စင်ကို မြန်မြန်ရှာတွေ့ပါက ဤနေရာအားလေ့လာရန်လည်းအချိန်ပို၍သွားမည်ဖြစ်သည်။ အကယ်၍ သူသည် နတ်စင်ကို ရှာနိုင်ခြင်းမရှိပဲ အန်ဂျယ်လာနှင့် အယ်လီနာတို့ကို ကယ်တင်နိုင်ခြင်းမရှိပါက ဖှေးသူ့ကိုယ်သူ ခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်ပေ။

လယ်ဗယ်၂ ဒေသသည် ပို၍အန္တရာယ်များလှသည်။ ဖှေးသည် ရံဖန်ရံခါတွင် အော်ဟစ်သံများ၊ ပေါက်ကွဲသံများကို ကြားရမည်ဖြစ်သည်။ သိုင်းဆရာများသည် ထိတ်လန့်ဖွယ်အရာတစ်ခုကို ကြုံတွေ့နေရသည့်အတိုင်းပင် အ၀ေးမှခံစားနေရသည့် စွမ်းအင်အရှိန်၀ါများသည် ဖှေးအား အနည်းငယ်ပင် ကြောက်လန့်စေလျှက်ရှိသည်။

မိနစ်သုံးဆယ်ခန့်ကြသည့်အချိန်တွင် ဖှေးသည် နောက်ထပ်သိုင်းပညာရုပ်တုတစ်ခုကိုတွေ့လိုက်ရ၏။ ဤရုပ်တုသည် ဒိုင်းနှင့် ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး ရန်သူများနှင့် တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေသည့် စစ်သည်တစ်ယောက်ကဲ့သို့ပင်။

ဤရုတ်တု၏အရှိန်၀ါကပင် ဖှေးအား ဖိအားအနည်းငယ်ပို၍ ပေးနေသယောက်ပင်။

"ဒီရုပ်တုကျော်ရင် လယ်ဗယ်၃ဒေသကိုရောက်မှာပဲ။ ဒီရုပ်တုထဲမှာရော ဘာသိုင်းကွက်တွေ ပါမလဲမသိဘူး..."

ဖှေးစဥ်စကားကာ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ၀ိဉာဥ်စွမ်းအင်များကို အသုံးပြုလိုက်သည်။

တစ်မိနစ်ခန့်ကြာသည့်အချိန်တွင် ဖှေးသူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

"သေမင်းလက်သည်း...အတော်လေးထူးဆန်းတဲ့ နာမည်ပဲ။ ဒါပေမယ့် ဒါက အတော်ကောင်းတဲ့သိုင်းကွက်တစ်ခုပဲ။ အိုလတ်ဂ်နဲ့ ကိုက်မယ်ထင်တယ်။ ါဒီသိုင်းကွက်ကို သူ့ကို ပေးလိုက်တာပေါ့..." ဖှေးပြုံးကာတွေးလိုက်မိသည်။ လက်ရှိအချိန်ထိ သူသည် ဆုလာဘ်ကောင်းများကိုရရှိနေခဲ့သည်။ ဖှေးသည် နတ်ဘုရားပေးသည့်အစွမ်းဖြစ်သော သင်ယူခြင်းအစွမ်းကိုရရှိထားသဖြင့် ကျင့်ကြံခြင်းလမ်းစဥ်များ၊ တိုက်ပွဲများ၊ သိုင်းကွက်များအပေါ်တွင် သူ၏နားလည်တက်ကျွမ်းသည့် အခြေအနေမှာ နေုာက်ထပ်အဆင့်တစ်ခုသို့ပင်ရောက်ရှိနေပြီဖြစ်သည်။ သူသည် သိုင်းပညာရုပ်တုများကို သူ၏မျက်လုံးဖြင့် အချိန်ခနတာခန့်ကြည့်ရုံဖြင့်ပင် သိုင်းကွက်များကို သင်ယူနိုင်သည်။

သိုင်းကွက်ကို လေ့လာသဘောပေါက်ပြီးသည်နှင့် တပြိုင်နက် သူသည် လယ်ဗယ်၃ဒေသထဲသို့ ၀င်ရောက်လာခဲ့တော့သည်။

ဖှေးထင်ထားသလိုပင် လယ်ဗယ်၃ဒေသတွင် ဖိအားနှင့် မြေဆွဲအားတို့သည် ပို၍အားကောင်းလာ၏။ သာမန်လူတစ်ယောက် ဤနေရာသို့ ၀င်ရောက်လာပါက သူ၏အရိုးများကြေမွသွားမည်ဖြစ်ပြီး သွေးကြောများ ပေါက်ထွက်သွားမည်ဖြစ်သည်။ ဤနေရာသို့ စွမ်းအားမြင့်သိုင်းဆရာများသာလျှင် ၀င်ရောက်နိုင်၏။

All Chapters