← Chapters

အခန်း (၅၇၈)

Vol. 37 Ch. 578

အခန်း (၅၇၈)

Vol. 37 Ch. 578

ဖှေးသည် ပို၍လယ်ဗယ်မြင့်သည့် ဒေသသို့ရောက်ရှိသွားသည့်အချိန်တိုင်းတွင် လူသတ်ယန္ဒရားများ၊ မှော်ထောင်ချောက်များသည် ပို၍အန္တရာယ်များလာလေလေဖြစ်သည်။

လယ်ဗယ်၁ ဒေသတွင်ရှီနေသည့် မှော်ထောင်ခြောက်များသည် ကြယ်၇လုံးရှစ်လုံးအဆင့်စစ်သည်များအားသေစေနိုင်သော်လည်း လယ်ဗယ်၃ဒေသတွင်ရှိနေသည့် မှော်ထောင်ခြောက်များမှာမူ ကြယ်ကိုးလုံးအဆင့်စစ်သည်များနှင့် အဆင့်နိမ့်လသစ်စစ်သည်များကိုပင် သေစေနိုင်၏။

ကံကောင်းစွာပင် ဖှေးတွင် လျို့၀ှက်မြေပုံရှိနေသည့်အတွက် မှော်ထောင်ချောက်များကို အလွယ်တကူပင် ရှောင်ကွင်းသွားနိုင်၏။

......

“ချမ်းဘော့ဒ်ဘုရင်က ဒီလောက်မြန်မြန်နဲ့ လယ်ဗယ်၅ဒေကကို ရောက်လာတာပဲ လမ်းမှာ မှော်ထောက်ချောင်တွေကိုထိမိတာလဲမရှိဘူး။ သူ့မှာ မြေပုံတစ်ခုတော့ရှိနေလိမ့်မယ်...”

တစ်နာရီခန့်ကြည့်အချိန်တွင် ကိုယ်ကြပ်၀တ်စုံများ၀တ်ဆင်ထားသည့်လုပ်ကြံသတ်ဖြတ်သူများသည် နံပါတ်၅သိုင်းပညာရုပ်တု၏ဘေးတွင်ပေါ်လာ၏။

လူကောင်သေးသော်လည်း သတ်ဖြတ်လိုစိတ်ကြီးသည့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် သေးငယ်သည့် ဓားတစ်လက်ဖြင့်ဆော့ကစားနေ၏။ ထိုဓားသည် သူ၏လက်ချောင်များကြားထဲတွင် ကူးခတ်နေသည့် ငါးတစ်ကောင်ကဲ့သို့ပင်။ သူသည် အ၀ေးသို့ပျောက်ကွယ်သွားသည့် ဖှေးအားကြည့်ရင်းဖြင့်နှာခေါင်းရှုံ့ကာပြောလိုက်သည်။ “ဒဏာရီလာနန်းတော်ကို လူတွေက ခေတ်အဆက်ဆက်လေ့လာခဲ့ကြတာပဲ။ လယ်ဗယ် ၃၀ကနေ ၃၆ထိဒေသကလွဲလို့ ကျန်တဲ့နေရာတွေကို မြေပုံတွေရှိတယ်လေ။ ငါတို့မှာလဲ လယ်ဗယ်၁ကနေ ၂၀ထိ လုံခြုံတဲ့လမ်းကြောင်းကို ပြထားတဲ့ မြေပုံရှိတာပဲ။ ခေါင်းဆောင် မိုဒို ခင်ဗျား လေ့လာတာပြီးပြီလား။ ခင်ဗျားတို့ သူ့ကိုကြောက်နေကြပေမယ့် ကျွန်တော်ကတော့ လုံး၀မကြောက်ဘူး။ ခင်ဗျားတို့ကို ကြိုပြီးပြောထားရုံပါ။ နောက်တစ်ခါကျရင် သူ့ကို ကျွန်တော်ကိုယ်တိုင်လုပ်ကြံတော့မယ့်။ ကျွန်တော်သူ့ကို သတ်ပြီးရင်တော့ ခင်ဗျားတို့လည်း ဆရာကြီးရှေ့မှာ ခင်ဗျားတို့လည်းပါသလိုတော့မပြောကြနဲ့ပေါ့။ ဟီးဟီး နောက်ပြီးတော့ သူ့မှာပါလာတဲ့ ရတနာပစ္စည်းတွေကလည်း ကျွန်တော်အပိုင်ပဲ...”

ထိုလုပ်ကြံသတ်ဖြတ်သူပြောလိုက်သည့်စကားကြောင့် အဖွဲ့ထဲမှလူတော်တော်များများသည် မကျေနပ်ဖြစ်သွားသော်လည်း ခေါင်းဆောင်မိုဒိုမှာမူ ဒေါသဖြစ်ခြင်းမရှိပေ။ ခနတာစဥ်းစားကြည့်ပြီးသည့်အချိန်တွင် ခေါင်းငြိမ့်ကာပြောလိုက်သည်။ “ကောင်းပြီလေ ဒီလန်ကို။ ချမ်းဘော့ဒ်ဘုရင် နံပါတ်၆သိုင်းပညာရုပ်တုကိုရောက်ပြီး အဲ့ကသိုင်းကွက်ကို ယူနေတဲ့အချိန်မှာ မင်းသူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားကြည့်လို့ရတယ်။ မင်းအောင်မြင်တယ်ဆိုရင် မင်းလုပ်ဆောင်မှုကို ဘယ်သူ၀င်ပြီးနာမည်ခံမှာမဟုတ်ဘူး...”

“တကယ်လားဗျ...” ဒီလန်ကိုဟု အမည်ရသည့် လုပ်ကြံသတ်ဖြတ်သူသည် စိတ်လှုပ်ရှားသွား၏။ ထို့ကြောင့် ပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်ရှုကာ နှာခေါင်းရှုံ့လိုက်သည်။ “ခင်ဗျားသေချာတွေးပါ။ သူ့ကို လုပ်ကြံသတ်ဖြတ်ပြီးပြီဆိုရင် သူ့မှာရှိတဲ့ ရတနာတွေအကုန်လုံးက ကျွန်တော်အပိုင်ပဲနော်....”

“ဟားဟား ဒီအဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းကို အာမခံပါတယ်...” မိုဒိုမှ ကတိပြုလိုက်သည်။

“ဟားဟားကောင်းတယ်။ ကျွန်တော်အခုပဲသူ့ကို သွားသတ်လိုက်တော့မယ်။ ဆရာကြီးကိုလည်း ကျွန်တော်က အကောင်းဆုံးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဆိုတာကို သတ်သေပြရတာပေါ့ ဟီးဟီး...” ဒီလန်ကိုသည် အေးစက်စွာရယ်မောရင်းဖြင့် သူ၏ခန္ဓာကိုယ်သည်လည်း လေထုထဲတွင်ပျောက်ကွယ်သွားတော့သည်။

“ခေါင်းဆောင်...” ဒီလန်ကို ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် စိတ်ထိန်းနိုင်ခြင်းမရှိတော့ပဲ သူ၏အမြင်ကို ၀င်ပြောလိုက်သည်။

ခေါင်းဆောင်မိုဒိုသည် သူ၏လက်ကို၀ှေ့ရမ်းလိုက်ပြီး အေးစက်သည့်အရိပ်ယောင်တစ်ခုသည် သူ၏မျက်လုံးများထဲတွင်ပေါ်လာတော့သည်။

“မင်းဘာပြောချင်လဲဆိုတာကို ငါသိပါတယ်။ မစိုးရိမ်ပါနဲ့ ဒီလန်ကိုက ချမ်းဘော့ဒ်ဘုရင်ကို သတ်နိုင်မှာမဟုတ်ဘူး။ သူကသေချင်နေတာဆိုတော့ သူ့ကိုအသုံးချပြီးတော့ ချမ်းဘော့ဒ်ဘုရင် တကယ်ဘယ်လောက်အစွမ်းထက်လဲဆိုတာကို ကြည့်ကြတာပေါ့...”

......

၃၀မိနစ်ခန့်ကြာသည့်အချိန်တွင် ဖှေးသည် နံပါတ်၆သိုင်းပညာရုပ်တုအနီးသို့ရောက်ရှိသွားသည်။

သူသည် ယခင်ရုပ်တုငါးခုမှလည်း အသုံး၀င်သည့်သိုင်းကွက်များကိုရရှိခဲ့သည်။ ထိုသိုင်းကွက်များကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်ဆိုင်မှုသည်လည်း ကြယ်၀လာပြီဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှသိုင်းဆရာများလအဆင့်သို့ရောက်ရှိလာသည့်တနေ့တွင် ထိုသိုင်းကွက်များကို သင်ပေးရမည်ဖြစ်သည်။

“ဒီရုပ်တုမှာရော ဘယ်လိုသိုင်းကွက်တွေများပါပါလိမ့်...” ဖှေး စိတ်၀င်စားသွားသည်။ သူသည် ဒဏာရီလာနန်းတော်ထဲသို့ ပို၍နက်ရှိုင်းစွာ၀င်ရောက်လာလေလေ ပို၍ကောင်းမွန်သည့် သိုင်းကွက်များရရှိလာလေလေဖြစ်သည်။ အမှန်ပင် သိုင်းကွက်များကိုရရှိရန်လိုအပ်သည့် ၀ိဉာဥ္စ်စွမ်းအားနှင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများသည်လည်း ပို၍မြင့်တက်လာလေလေပင်ဖြစ်သည်။ အကယ်၍ သူ့တွင်သာ အုတ်မြစ်ခိုင်ခိုင်မာမာမရှိပါက သူ၏အတွင်းအားများ၊ ၀ိဉာဥ်စွမ်းအားများနှင့် အသက်ကိုပင် ဤရုပ်တုမှ စုပ်ယူသွားမည်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည်လည်း တွေ့ခဲ့ရသည့်လူကဲ့သို့ပင် ဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွားနိုင်၏။

သူ၏၀ိဉာဥ်စွမ်းအားသည် ရုပ်တုထဲသို့၀င်ရောက်သွားသည့်အချိန်တွင် ဖှေးမျက်မှောင်ကြုံ့လိုက်မိသည်။ ဤရုပ်တု၏ စုပ်အားသည် ယခင်ရုပ်တုများထက်များစွာပို၍ အားကောင်းနေသည့်အတွက်ပင်။ အကယ်၍ သူ့တွင်သာသန်မာသည့်၀ိဉာဥ်စွမ်းအားမရှိပါက ဖှေးပင် သေဆုံးသွားနိုင်၏။

“အမ် ကောင်းကင်ဆုတ်ဖြဲခြင်းဆိုပါလား။ လေးသိုင်းကွက်တစ်ခုပဲ။ ဟားဟား တိုးရိစ်တော့ကံကောင်းသွာပြီထင်တယ်....”

ဖှေးသည် ရရှိလိုက်သည့်သိုင်းကွက်ကြောင့် စိတ်ကျေနပ်သွားပြီး နောက်ထပ်ဒေသတစ်ခုသို့၀င်ရောက်တော့မည့်အချိန်တွင် တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီးမျက်မှောင်ကြုံ့ကာ အနောက်သို့လှည့်လိုက်သည်။ အ၀ေး၁၀မီတာခန့်တွင်ရှိသည့် နေရာလွတ်တစ်ခုသို့ကြည့်ကာ အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။ “ထွက်ခဲ့စမ်း င့ါနောက်ကိုတစ်နာရီလုံးလိုက်နေတာ ဘယ်ကောင်လဲကွ။ မင်းဘယ်လောက်တောင်ရုပ်ဆိုးလဲဆိုတာ ထွက်ပြစမ်း။ မင်းထွက်မလာရဲတော့ဘူးလား...”

ခနဲ့သည့် ရယ်သံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် ဖှေးကြည့်နေသည့်နေရာမှ သေးငယ်သည့်လူတစ်ယောက်သည် ဖြေးဖြေးခြင်းပေါ်လာတော့၏။ ထိုလူသည် လုပ်ကြံသတ်ဖြတ်သူ ဒီလန်ကိုပင်။

ဤအခိုက်တန့်တွင် သူသည် ဓားမြောင်ကို သူ၏လက်ချောင်းများကြားထဲတွင် ဆော့ကစားနေဆဲပင်။ ဤလူသည် အလွန်ယုံကြည်ချက်ရှိနေသည့်ပုံပင်။

“ချမ်းဘော့ဒ်ဘုရင် အခုချက်ချင်းမင်းကိုယ်မင်းသာ သတ်သေလိုက်ပါတော့...” ဒီလန်ကိုသည် သူ၏နှုတ်လမ်းများကို လျှာဖြင့်သပ်ရင်းဖြင့် ဖှေးအနီးသို့ချည်းကပ်လာကာ ပြောလိုက်သည်။

ဖှေး၏မျက်နှာပေါ်တွင် အေးစက်သည့်အပြုံးတစ်ခုပေါ်လာပြီး ပြန်ဖြေလိုက်သည်။ “ငါက ဘာလို့ င့ါကိုယ်ငါသတ်သေရမှာလဲ...”

“မင်းအတွက် သေရတာပိုပြီးတော့ သက်သာအောင်လို့ပေါ့။ ငါမင်းကို ကိုယ်တိုင်သတ်မယ်ဆိုရင် မင်းလည်ပင်းကို အရင်လှီးမယ်။ မင်းသတိမလစ်ခင်မှာ မင်းရဲ့ ဦးရေဖျားကို လှန်ပြီးတော့ ခေါင်းကနေခြေထိအရေခွံဆုတ်ပစ်မယ်...ဟားဟား မင်းက ဘ၀မှာအဆိုးဆုံးနာကျင်မှုကို ခံရမှာမပေါ့ကွာ။ မင်းနောင်တရလိမ့်မယ်ဆိုတာကို ငါအာမခံရဲတယ်။ အဲ့တာကြောက်စရာမကောင်းဘူးလား။ မင်းရဲ့ဆုံးဖြတ်ချက်က ဘာလဲ..” ဒီလန်ကိုသည် သူ၏ဓားမြောင်ဖြင့် ကစားနေသည်ကို ရပ်လိုက်ပြီး ဖှေးအားမေးလိုက်၏။

“မင်းကိုဘယ်သူလွှတ်လိုက်လို့ ဒီကိုရောက်နေတာလဲ...” ဖှေးမေးလိုက်သည်။ သူသည် ခံစားမှုတစ်စုံတစ်ရာကို ပြသခြင်းမရှိပေ။ သူ့အနောက်သို့လိုက်နေသည့် လုပ်ကြံသတ်ဖြတ်သူသည် စွမ်းအားမြင့်မားပြီး ယခင်လူကဲ့သို့ပင် တူညီသည့်အမဲရောင်၀တ်စုံကို ၀တ်ဆင်ထားသည့်အတွက် သူ့အားပူးပေါင်းကြံစည်နေသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ဖှေးသည်အချက်လက်တစ်ချို့ရရန်အတွက် ကြံစည်နေခြင်းပင်။

“ဟီးဟီး သေတော့မယ့်လူတစ်ယောက်က ဘာလို့ ဒီလောက်တောင်သိချင်နေရတာလဲ။ မင်းရဲ့စွမ်းအားတွေက အချိန်တိုအတွင်းမှာ ဘာလို့ ဒီလောက်မြန်မြန်တိုးလာရတယ်ဆိုတာ င့ါကို ပြေပြမယ်ဆိုရင် မင်းကိုငါလွယ်လွယ်ကူကူသေခွင့်ပေးလိုက်မယ်...” ဒီလန်ကိုပြောလိုက်သည်။

သူသည် မာနထောင်လွှားသည့်လူတစ်ယောက်ဖြစ်သော်လည်း ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ပင်။ ထို့ကြောင့် အရေးကြီးသည့်ချက်လက်များကို မပေါက်ကြားအောင်ထိန်းထား၏။

“ဒါဆိုတစ်ယောက်ယောက်က ငါ့ရဲ့ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့လျို့၀ှက်ချက်ကို သိချင်နေတာပဲ...” ဖှေးနားလည်သွားသည်။ “ငါ မြန်မြန်ဆန်ဆန်နဲ့အဆင့်တက်လာတာကို တစ်စုံတစ်ယောက်က စိတ်၀င်စားနေပုံရတယ်။ အဲ့လူကဘယ်သူလဲ။ ဘာလို့ အဲ့လူက လအဆင့်စစ်သည်တွေကို င့ါကို လုပ်ကြံသတ်ဖြတ်ဖို့အမိန့်ပေးနိုင်နေတာလဲ။ ဒီလူက အင်ပါယာအရှင်သခင်တွေထက်တောင် ပိုပြီးအရှိန်၀ါကြီးနေနိုင်တယ် သေစမ်း...”

“မင်းက င့ါစီကနေ သတင်းနှိုက်ချင်နေတာပေါ့။ မင်းသေသွားပြီးရင်သိရပါလိမ့်မယ် ဟားဟား...” ဒီလန်ကိုသည် သူ၏သားကောင်အနီးသို့ချည်းကပ်လာရင်းဖြင့် ပြောလိုက်သည်။ သူသည် ဖှေးနှင့် လေးမီတာခန့်နီးကပ်လာသည့်အချိန်တွင် သူ၏အေးစက်ကာ ရက်စက်ကြမ်းကြုတ်သည့်အရှိန်၀ါများကို ထုတ်လွှတ်လိုက်တော့သည်။

“ဒီလိုဆိုရင်တော့ မင်းသိသမျှကို င့ါကို ပြောပြလိုက်။ ဒီလိုဆိုရင် မင်းကို သက်သက်သာသာသေခွင့်ပေးလိုက်မယ်...” ဖှေးရယ်မောလိုက်သည်။

ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ခက်ခဲသည့်အခြေအနေနှင့်တိုက်ပွဲများစွာကို ကျော်ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ၏စိတ်ဓာတ်မှာ သာမန်လူများထင်ထားသည်ထက်ပင် ပို၍မာကြောနေ၏။ ဤလုပ်ကြံသတ်ဖြတ်သူ၏ သတ်ဖြတ်လိုသော ဆန္ဒများ ရက်စက်ကြမ်းကြုတ်သည့်အရှိန်၀ါများသည် ဖှေး၏မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

ဖှေး ထို လုပ်ကြံသတ်ဖြတ်သူအား ရန်စပြီးသည့်အချိန်တွင် အရှေ့သို့တက်ကာ သူ၏ အရှိန်၀ါကိုလည်း ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် နေရာတစ်၀ိုက်တွင်ရှိသည့် အလင်းရောင်များမှေးမှိန်သွား၏။ ဖျော့တော့တော့အနီရောင်အရှိန်၀ါတစ်ခုသည်လည်း ပတ်၀န်းကျင်သို့ ပြန့်နှံ့သွားတော့သည်။ ဤသည်မှာ အသက်ရှူမှားလောက်ဖွယ်ပင်။ ဤလုပ်ကြံသတ်ဖြတ်သူသည်လည်း ထိုအရာ၏လွှမ်းခြုံခြင်းကို ခံလိုက်ရတော့သည်။

“မင်မှာ ဘာလို့ ဒီလောက်သန်မာတဲ့ သတ်ဖြတ်ခြင်းအရှိန်၀ါတွေရှိနေရတာလဲ...” ဒီလန်ကို၏ ခန္ဓာကိုယ်သည်အေးစက်ကာ ကြောက်လန့်သွားရင်းဖြင့် မေးလိုက်သည်။ သူသည် အန္တရာယ်ကို စတင်ကာ အာရုံခံမိနေပြီဖြစ်သည်။ သူ၏မျက်လုံးများပြူးကျယ်နေပြီး တစ်စုံတစ်ခုအား မှားယွန်းတွက်ဆမိခဲ့သလိုခံစားနေရ၏။

“ငါက မင်းလိုကောင်တွေအများကြီး သတ်ခဲ့ဖူးလို့ပေါ့ကွ။ များလွန်းလို့ ဘယ်နှစ်ယောက်လဲဆိုတာကိုတောင် မမှတ်မိတော့ဘူး...” ဖှေးပြန်ဖြေလိုက်သည်။

သူ၏ရန်သူမတုန့်ပြန်နိုင်သေးခင်မှာပင် အရှေ့သို့တက်ကာ ဤလုပ်ကြံသတ်ဖြတ်သူထံသို့ ရွေ့သွားပြီး ငွေရောင်မီးတောက်များလွှမ်းခြုံနေသည့်လက်သီးဖြင့် ထိုးလိုက်၏။

ပြိုင်ဘက်ကင်းအင်ပါယာအရှင်သခင် လက်သီးပင်။

ဒီလန်ကိုသည် ဤသိုင်းကွက်ကြောင့် ထိတ်လန့်အံ့သြသွားပြီး သူ၏လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကို ထုတ်လွှတ်လိုက်တော့သည်။ ချက်ချင်းပင် စွမ်းအားများကိုအမြင့်ဆုံးတင်လိုက်ပြီး သူ၏လက်မောင်းများကို မြှင့်တင်ကာ တိုက်ခိုက်မှုကို ကာကွယ်ရန်ကြိုးစားလိုက်ပြီး အနောက်သို့ ဆုတ်ခွာရန်လည်းအသင့်ပြင်ထားလိုက်သည်။

“ချွတ်...”

သူခံစားလိုက်ရသည့် နာကျင်မှုသည် သူ့အား ကျက်သေသေသွားစေသည်။ သူ၏လက်မောင်းများကို ချမ်းဘော့ဒ်ဘုရင် အလွယ်တကူဖြင့် ဖျက်ဆီးလိုက်သည်မှာမယုံနိုင်စရာပင်။

“ချွတ်...”

အညှာတာကင်းမဲ့သည့်လက်သီးသည် ဒီလန်ကို၏လက်မောင်းများကို ဖျက်ဆီးပြီးသည့်အချိန်တွင် ထိုနေရာ၌သာရပ်တန့်သွားခြင်းမရှိပဲ သူ၏ရင်ဘက်ကို တိုက်ခိုက်လိုက်၏။ ယခင်ကလိုပင်။ ဒီလန်ကို၏ အတွင်းအားစွမ်းအင်များသည် ဖှေး၏လက်သီးကို ကာကွယ်နိုင်ခြင်းမရှိပေ။ ရလဒ်အနေဖြင့် ဤလုပ်ကြံသတ်ဖြတ်သူ၏ရင်လဘက်မှာ ချိုင့်၀င်သွားပြီး မကြာမှီတွင် ထုတ်ခြင်းပေါက်သွားတော့၏။

“မဟုတ်ဘူး။ မင်းက လယ်ဗယ်၁အဆင့်နိမ့်လသစ်စစ်သည်တစ်ယောက်မဟုတ်ဘူး။ မင်းက အလယ်လတ်လသစ်စစ်သည်တစ်ယောက်တောင်ဖြစ်နေပြီ...” ဒီလန်ကိုသည် အနောက်သို့ ဆုတ်ခွာသွားကာ ပါးစပ်အတွင်းမှ သွေးများပန်းထွက်လာရင်းဖြင့် အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူကျူးလွန်ခဲ့မိသည့်အမှားကို သဘောပေါက်သွားပြီဖြစ်သည်။

“ဒါပေမယ့် လွန်ခဲ့တဲ့သုံးရက်လောက်ကမှ လသစ်အဆင့်ကိုရောက်လာခဲ့တဲ့ သိုင်းဆရာတစ်ယောက်က အခု အလယ်လတ်အဆင့်လသစ်သိုင်းဆရာတစ်ယောက်ဘာလို့ဖြစ်နေရတာလဲ...” ဤလုပ်ကြံသတ်ဖြတ်သူတွေးလိုက်မိသည်။

သို့သော် သူသိရှိနိုင်တော့မည်မဟုတ်ပေ။

All Chapters