← Chapters

“ငါက လူသတ်တဲ့နေရာမှာတော်တယ်”

Vol. 37 Ch. 579

“ငါက လူသတ်တဲ့နေရာမှာတော်တယ်”

Vol. 37 Ch. 579

“မင်းအခုမှ သိတာလား...” ဖှေးသည် သေဆုံးခါနီးဖြစ်နေသည့် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်ကို ကြည့်ကာပြောလိုက်သည်။ “မင်းလို အမှိုက်သရိုက်က လုပ်ကြံသတ်ဖြတ်သူလို့ မခေါ်ထိုက်ဘူး။ မင်းက မိုက်မဲတယ်၊ မာနထောင်လွှားတယ် ဆင်ခြင်နိုင်စွမ်းမရှိဘူး...မင်းမှာ လုပ်ကြံသတ်ဖြတ်သူတွေမရှိသင့်တဲ့ အားနည်းချက်တွေအကုန်ရှိနေတာပဲ။ မင်းမှာငါနဲ့ပတ်သက်တဲ့အချက်လက်တွေတောင် အကုန်မရှိသေးပဲနဲ့င့ါကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတာက ကိုယ့်ကိုယ်ကိုယ်သတ်တာာနဲ့ဘာမှ ကွာမှာမဟုတ်ဘူး။ မင်းနဲ့အတူပေါင်းကြံတဲ့လူတွေရှိသေးတယ်မလား။ မင်းက သူတို့ မကျေနပ်စရာတစ်ခုခုလုပ်လိုက်မိလို့ထင်တယ်။ မင်းကို သေဖို့ ဒီကိုလွှတ်လိုက်တာပဲ။ နောက်ပြီးတော့ မင်းကိုအသုံးချပြီးတော့ ငါ့အစွမ်းကိုသိအောင်လုပ်နေကြတာ မင်းကောင်တွေက...”

“မင်းဘယ်လိုသိတာလဲ...” ဒီလန်ကိုသည် အလွန်ထိတ်လန့်သွားသဖြင့် မျက်လုံးအပြုးသားဖြစ်နေ၏။ ဖှေးစကားကြောင့် ခေါင်းဆောင်မိုဒိုသည် အဘယ်ကြောင့်သူ့အား တိုက်ခိုက်ခွင့်ပေးခဲ့သည်ကို သဘောပေါက်သွား၏။

“ငါချမ်းဘော့ဒ်ဘုရင်ကို သတ်နိုင်မှာမဟုတ်ဘူးဆိုတာကို သူတို့တွေအကုန်သိနေတာပဲ။ အရင်က တက်ခ်သေသွားတာ။ ငါက အသုံးချခံခဲ့ရတာပဲ...” သူနောက်တရစွာဖြင့် တွေးလိုက်မိ၏။

“မင်းကိုယ်တိုင်င့ါကို ပြောပြလိုက်တာပဲ...” ဖှေးသည် သူ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

“မင်း...မင်းက နတ်ဆိုးပဲ...မင်း...” ဒီလန်ကိုသည် ဖှေးအားကြောက်လန့်တကြားကြည့်ရင်းဖြင့် စကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေ၏။ သူ၏ ရိုးရှင်းသည့် တုန့်ပြန်မှုသည် ချမ်းဘော့ဒ်ဘုရင်အား သတင်းအချက်လက်များစွာပေးလိုက်သလို ဖြစ်သွားပြီး သူသည် ချမ်းဘော့ဒ်ဘုရင်၏မျက်လုံးထဲတွင် လူပျက်တစ်ယောက်လိုသာဖြစ်နေကြောင်းကို သိလိုက်ရ၏။ သူသည် ဤလူငယ်၏ ကစားခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ဒေါသဖြစ်ကာ ထိတ်လန့်သွားတော့သည်။ ထိုကြောင့် သူ၏အိပ်ထောင်ထဲမှ အမဲရောင်ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ရူးသွပ်စွာရယ်မောလိုက်သည်။ “အတူသေကြတာပေါ့ ဟားဟားဟား...”

“မင်းနောက်ကျလွန်းသွားပြီလို့ မထင်ဘူးလား။ မင်းက လုပ်ကြံသတ်ဖြတ်သူကောင်းတစ်ယောက်မဟုတ်ဘူး...” ဖှေးသည် ဒီလန်ကို၏အရှေ့သို့ ချက်ချင်းပင်ရောက်ရှိသွားသည်။ သူသည် အမဲရောင်ပုလင်းကို ချက်ချင်းပင်ခိုးယူလိုက်ပြီး မြေပြင်ပေါ်တွင် ကျနေသည့် ဒီလန်ကို၏ ဓားကိုလည်း စွမ်းအားသုံး၍ ယူလိုက်သည်။ ဓားကို ကိုင်ပြီးသည့်နောက်တွင် လုပ်ကြံသတ်ဖြတ်သူ၏ခေါင်းသို့ ထိုးစိုက်လိုက်တော့သည်။

“ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်က ဘယ်တော့မှ သူ့လက်နက်ကို လက်ကမလွှတ်ရဘူး။ ငါမင်းဓားကို ပြန်ပေးပါရစေ...” ဖှေးပြောလိုက်၏။

“ဘုန်း...”

ဒီလန်ကို၏ အလောင်းသည် မြေပြင်ပေါ်သို့ ပစ်လဲသွားပြီး သူ၏သွေးအိုင်များထဲတွင် လဲလျောင်းနေတော့သည်။

ဖှေးသူ၏လက်များကို သန့်ရှင်းရေးလုပ်လိုက်ပြီး ထိုအမဲရောင်ပုလင်းအား သူ၏ ထားသိုရာအကန့်ထဲသို့ထည့်လိုက်သည်။ ရုတ်တရက်ခေါင်းထောင်လာပြီး ကျောက်တုံးဘုရားကျောင်းတစ်ခုရှိနေသည့် နေရာသို့ကြည့်ကာ “မင်းတို့ကောင်တွေအခုင့ါရဲ့စွမ်းအားကို သိပြီမလား။ မင်းတို့လေးယောက်မတိုက်ခိုက်ရဲဘူးလား...”

တိတ်ဆိတ်ခြင်းသည်သာ တစ်ခုတည်းသောတုန့်ပြန်မှုပင်။

“ထွက်မလာဘူးပေါ့။ မင်းတို့ကောင်တွေက င့ါနောက်ကျတော့ လိုက်နေပြီး ထွက်ကျမလာရဲဘူးပဲ။ ဘာလို့လဲ ငါတို့တွေ တူပုန်းတိုင်းကစားနေကြတာလား...” ဖှေးရယ်မောကာ သူ၏ပခုံးကို တွန့်လိုက်သည်။ “မင်းတို့ကောင်တွေ ထွက်မလာဘူးဆိုတော့ ငါသွားတော့မယ်...”

ပြောပြီးသည့်နောက်တွင် ဘုရင်သည် နောက်ထပ်ဒေသတစ်ခုရှိသည့်နေရာသို့ ကြည့်လိုက်ပြီးလမ်းလျှောက်ထွက်သွားတော့၏။

သို့သော် ဖှေးသည် ခြေသုံးလမ်းခန့်လှမ်းပြီးသည့်အချိန်တွင် ရုတ်တရက်အနောက်သို့ ပြန်လှည့်ကာ လက်သီးဖြင့် ထိုးလိုက်၏။

“ပြိုင်ဘက်ကင်းအင်ပါယာလက်သီး...”

မီတာ၀က်ခန့်ကြီးမားသည့် ငွေရောင်လက်သီးရာတစ်ခုသည် ထိုကျောက်တုံးဘုရားကျောင်းထံသို့ ဥက္ကာပျံတစ်ခုကဲ့သို့ပင် ပျံသန်းသွား၏။

“ဖုန်း...”

ထိုကျောက်တုံးဘုရားကျောင်းကြီးသည် ပြင်းထန်စွာလှုပ်ရှားလာတော့သည်။

ကြီးမားသည့် ကျောက်တုံးကြီးများပြုတ်ကျလာပြီး အနက်ရောင်၀တ်စုံနှင့် လူတစ်ချို့ပေါ်လာသည်။ သို့သော် သူတို့သည် ဖှေးအား တိုက်ခိုက်ခြင်းမရှိပေ။ ပေါ်လာသည်နှင့်တပြိုင်နက်ပြန်လည်ကာ ပျောက်ကွယ်သွားသည်။ သူတို့၏အရှိန်၀ါများကိုလည်း လျှင်မြင်စွာပင် ပြန်လည်ဖုံးကွယ်လိုက်ကြသည်။

“အမ် ပထမကြိုးစားမှုမအောင်မြင်တော့ ဆုတ်ခွာသွားတာပဲ။ ဒီကောင်တွေက ကျွမ်းကျင်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေပဲ...” ဖှေး တွေးလိုက်မိသည်။

သူသည် အကြောင်းပြချက်နှစ်ခုကြောင့် သူတို့အနောက်သို့ မလိုက်ခြင်းဖြစ်သည်။ ထိုလူများသည် လသစ်အဆင့်သိုင်းဆရာများဖြစ်သည့်အတွက် လိုက်ဖမ်းရသည်မှာ ခက်ခဲမည်ဖြစ်သည်။ ဒုတိယတစ်ချက်အနေဖြင့် ဖှေးတွင် အချိန်မရှိပေ။

“ဟေဇယ်-ဘန့်ခ်ခန့်မှန်းထားတဲ့ပုံအရဆိုရင် ဒဏာရီလာနတ်စင်က ရှိမယ်ဆိုရင် အလည်ခေါင်နဲ့နီးတဲ့နေရာမှာပဲရှိလိမ့်မယ်။ အဲ့နေရာကို သွားဖို့ကအတော်လေးခက်ခဲတယ်ပြောကြတယ်။ နေအဆင့်သခင်တွေတောင် လမ်းမှာသေဆုံးသွားနိုင်တယ်။ င့ါမှာရှိတဲ့ တစ်ခုတည်းသောမျှော်လင့်ချက်က ဒီမြေပုံပဲ။ ဒီမြေပုံမှာ ပြထားတဲ့အစိမ်းရောင်လမ်းကြောင်းက ၁၀၀ရာခိုင်းနှုန်းလုံခြံပါစေလို့ဆုတောင်းရမှာပဲ...” သူတွေးလိုက်မိသည်။ “ဒါပေမယ့် ဒီကြွက်လိုကောင်တွေ အနောက်က လိုက်နေတာ စိတ်ရှုပ်စရာပဲ။ ငါသူတို့ကိုရှင်းမှ ရမယ်။ ဟမ် အာသာကိစ္စပြီးလောက်ပြီထင်တယ်။ သူက ပြသနာကို လွယ်လွယ်ကူကူဖြေရှင်းနိုင်မှာပါ...”

ဖှေးတွေးကြည့်ပြီးသည့်အချိန်တွင် လက်မခန့်အထူရှိကာ ၁၀စင်တီမီတာခန့်အမြင့်ရှိသည့် ငွေရောင်စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုစာလိပ်ထဲသို့ စွမ်းအင်တစ်ချို့ထည့်လိုက်ပြီး ဖွင့်လိုက်၏။ ခနာတာတုန်ခါပြီးသည့်အချိန်တွင် သေးငယ်သည့် ပေါ်တယ်တစ်ခုထွက်ပေါ်လာ၏။ မြို့ကူးစာလိပ်ဖြင့် ဖန်တီးနိုင်သည့် ပေါ်တယ်နှင့် နှိုင်းယှဥ်ကြည့်ပါက လက်ရှိပေါ်တယ်၏ အရွယ်စားသည်တစ်၀က်ခန့်သာရှိသည်။ ပေါ်တယ်၏ အရောင်သည်လည်း အပြာရောင်မဟုတ်ပဲ ငွေရောင်ပင်။

ဤအရာသည် အာကာရာနှင် ကိန်းတို့ ဖန်တီးထားသည့် ခရီးတိုပေါ်တယ်ပင်။ ဤပေါ်တယ်၏ အကန့်သက်များမှာ ပေါ်တယ်အတွင်းမှ သက်ရှိများဖြတ်သန်းသွားလာနိုင်ခြင်းမရှိပဲ အများဆုံးတယ်လီပေါ့တ်နိုင်သည့်အကွာ၀ေးသည် ၅ကီလိုမီတာဖြစ်နေခြင်းပင်။ ဤကဲ့သို့သော အကန့်သက်များကြောင့် ဤစာလိပ်များသည် သိပ်ပြီးအသုံးမ၀င်လှပေ။ ထို့ကြောင့်ဖှေးသည် အနည်းငယ်ကိုသာ ဆောင်ထားလေ့ရှိသည်။

ပေါ်တယ်အတွင်းမှ သေးငယ်သည့် ခြေထောက်တစ်ဖက်အရင်ထွက်လာသည်။ ထို့နောက်တွင် ကောင်လေးတစ်ယောက်ထွက်လာတော့သည်။ ထိုကောင်လေးသည် မကောင်းဆိုး၀ါး အရိုးနဂါး အာသာပင်။

အာသာသည် သက်ရှိလူသားတစ်ယောက်မဟုတ်ပဲ။ အသွေးများအသားများမရှိသည့် မကောင်းဆိုး၀ါးတစ်ကောင်သာဖြစ်သည့်အတွက် ဤကဲ့သိုသော ပေါ်တယ်ကိုအသုံးပြုနိုင်ခြင်းပင်။

“သေစမ်း။ ငါပေါ်တယ်ထဲကနေဖြတ်လာရတဲ့ ခံစားချက်ကို သဘောမကျဘူး။” အာသာသည် သူ၏ရွှေရောင်ဆံပင်များကို ခါရမ်းကာပြောလိုက်သည်။ “ဘာလို့ င့ါကို ဆင့်ခေါ်တာလဲအလတ်ဇန္ဒား...”

“အခြေအနေဘယ်လိုလဲ...”

“ဟမ် မင်းပြောတဲ့ တြိဂံမျက်နှာနဲ့စောက်ပိန်းလား...” အသက်ရွယ်နှင့် မလိုက်အောင် ဉာဏ်များသည့်အမူယာတစ်ခုသည် ဤကောင်လေး၏မျက်နှာပေါ်တွင်ပေါ်လာ၏။ သူရယ်မောလိုက်သည်။ “ဟုတ်တာပေါ့ အဲ့ကောင်သေသွားပြီလေ။ ငါက သူ့ရဲ့ နှလုံးသားကို ဖျက်ဆီးပစ်လိုက်တာ ဖုန်းဆိုပြီး...သူ သွေးမြူအဝွေအဖြစ်ပြောင်းသွားတော့တာပဲ။ ဟားဟား မင်းဘယ်လိုထင်လဲ အဲ့တာလှတယ်မလား။ ငါမင်းကို ပြောပါတယ်။ ငါက လူသတ်တဲ့နေရာမှာ တော်ပါတယ်ဆို...” မကောင်းဆိုး၀ါးနဂါသည် ဖှေးအား မဟူရာသဲဘုရင်ကို မည်ကဲ့သို့သတ်ဖြတ်ခဲ့သည်အား အသေးစိတ်ပြောနေရင်းဖြင် စိတ်လှုပ်ရှားနေလျှက်ရှိသည်။

“အဲ့ဘိုးတော်က ဒေါသကို ဖြေဖျောက်တဲ့အနေနဲ့ အလံနှစ်စုံမြို့တော်ထဲက အပြစ်မဲ့တဲ့လူတွေကို သတ်ချင်နေတာလား။ သေစမ်း အဲ့ကောင် သေသင့်ပါတယ်...” ဖှေးသူ၏ခေါင်းကို ခါရမ်းလိုက်သည်။ သူ၏ စိတ်ထဲတွင် သံသယတစ်စုံတစ်ရာမရှိတော့ပေ။ ထို့နောက်တွင် သူသည် အာသာ၏ခေါင်းကို ရိုက်ကာ ပြောလိုက်သည်။ “မင်းသူ့ကို သတ်လိုက်တာကောင်းပါတယ်။ မင်းကို ငါလွှတ်လိုက်တာလို့ ဘာလို့လူတိုင်းကို ကြေငြာလိုက်တာလဲ။ င့ါရဲ့၀ှက်ဖဲတွေကို လျို့၀ှက်ထားရမယ်လေ။ လူမသိသူမသိနေကွ လူမသိသူမသိနေ...”

သို့သော် မကောင်းဆိုး၀ါးနဂါးသည် အရာအားလုံးကို ထိုးဖောက်မြင်နိုင်ကာပြောလိုက်သည်။ “မးင်းက ဟန်ဆောင်နေတာပဲ။ မင်းလည်းကြွားရတာကို နှစ်သက်တယ်ဆိုတာငါသိပါတယ်။ ငါလုပ်ခဲ့တာကို မင်းစိတ်ထဲမှာ ကျေနပ်နေတယ်မဟုတ်ဘူးလား။ အမြန်လုပ်ပါ င့ါကို ၀ိုင်တစ်လုံးနှစ်လုံးလောက်ပေးပါဦး ရေဆာနေပြီ...”

ဖှေးမည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိချေ။

ခနတာရပ်တန့်ပြီးသည့်နောက်တွင် သူသည် ၀ိုင်ပုလင်းတစ်ချို့ကို ထုတ်ယူကာ အာသာအားပေးလိုက်သည်။ ထို့နေုာက်တွင် သူ၏ခေါင်းကို ငုံ့ကာ အရိုးနဂါး၏ နားနားသို့ကပ်ပြောလိုက်သည်။

ဖှေး၏စကားကိုကြားသည့်အချိန်တွင် အာသာရယ်မောလိုက်သည်။ “ဟားဟားဟား လူထပ်သတ်ရဦးမာလား။ ကောင်းတယ်။ ငါသဘောကျတယ်။ ငါ့ကို ယုံလိုက်ပါ သူတို့ရဲ့အလောင်းကိုတောင် တွေ့ရမှာမဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက်အတွက် မင်းင့ါကို ၀ိုင်တစ်လုံးပေးရမယ်...”

“သဘောတူတယ်...” ဖှေးခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

All Chapters